← Chapters

အခန်း (၄၄၀)

Vol. 44 Ch. 440

အခန်း (၄၄၀)

Vol. 44 Ch. 440

လုမေ့ဟယ်၏အမေသည် ချင်မိသားစုအား အချိန်ကြာမြင့်စွာ အလုပ်ကျွေးပြုပြီးနောက်တွင် လက်ထပ်ဝင်ခဲ့ပြီး သူမသည် သခင်မလေးတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရခြင်းသည် သူ့အား စိတ် မလုံခြုံစေကာ အထိခိုက်လွယ်စေသည် သူသည် အပြင်လူတစ်ဦးဖြစ်သည်ဟု အမြဲခံစားရသည်။ သူ့မိခင်သည်လည်း သူ့အား ရောင့်ရဲတတ်ရန်၊ ကျေးဇူးသိတတ်ရန်၊ ကိုယ်နေရာကိုယ်သိရန် အမြဲသတိပေးသည်။

လုမေ့ဟယ်သည် ငယ်ရွယ်သေးပြီး စည်းအကန့်အသတ်များအကြောင်း အပြည့်အဝနားမလည်သေးကာ ချင်မိသားစုတွင် သူ့အတွက်နေရာမရှိသလို ခံစားရလေ့ရှိသည်။ မိုးသည်းသောည တစ်ညတွင် သူ အိမ်ဟောင်းအနီးရှိ သစ်တောထဲလမ်းပျောက်သွားခဲ့သည်။ အကူအညီတောင်းရန် ကြောက်ရွံ့သော ကြောင့် ချင်မိသားစုအား ဒုက္ခမပေးဘဲ မိမိကိုယ်ပိုင် လမ်းရှာကာ ထွက်သွားရန်ကြိုးစားခဲ့သည်။ တဖြည်းဖြည်းကြောက် ရွံ့လာကာ နောက်ဆုံးတွင် တိတ်လန့်တကြီးငိုကျွေးရတော့သည်။

သူ စိတ်အားအငယ်ဆုံးဖြစ်ခဲ့သည်အချိန်တွင် ပါးပါးချင်သည် ဓာတ်မီးနှင့် ထီးတစ်လက်ဖြင့်ရောက်ရှိလာကာ သူ့အားအိမ်သို့ ပြန်ပို့ပေးခဲ့သည်။

ထိုအခိုက်အတန့်တွင် မိန်းမငယ်လေးတစ်ယောက်သည် သူမအားကယ်တင်ခဲ့သူအား အရူးအမူးစွဲလမ်းသွားစေခဲ့သည်။ ထို့နောက် သူသည် ချင်မိသားစုထဲသို့ ချိုးဖောက်ဝင်ရောက် လာကာ တဖြည်းဖြည်းနှင့် သူသည် တစ်အိမ်လုံး၏အချစ်ဆုံး "အငယ်ဆုံးသမီးလေး" ဖြစ်လာခဲ့သည်။

သို့သော် သူ့အကြည့်များနှင့် နှလုံးသားသည် ပါးပါးချင်ထံသာ အမြဲရှိခဲ့သည်။

သူအရွယ်ရောက်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ မိသားစုထဲရှိအခြားသော ညီအစ်ကိုများသည် သူ့အပေါ် ခံစားချက်များစရှိလာကြသည်။ အဖွားလုသည် ဤအရာကိုသတိထားမိကာ လုမေ့ဟယ်အား စည်းထားရန် ထပ်ခါတလဲလဲသတိပေးခဲ့သည်။ သူ့စကားလုံးများသည် သိမ်မွေ့ဟန်ပေါ်သော်လည်း လုမေ့ဟယ်သည်တော့နားလည်ခဲ့သည်။အဖွား လုတွင် အောက်ကျို့တတ်သည့် စိတ်ထားရှိနေသေးကာ သူ့သမီးသည် သခင်လေးများနှင့် မထိုက်တန်ဟုယုံကြည်နေဆဲဖြစ်သည်။ အဖွားလုသည် သခင်လေးများသည် ၎င်းတို့နှင့် အ ဆင့်တန်းတူသည့် အမျိုးသမီးများနှင့်သာ လက်ထပ်ကြလိမ့် မည်ဟုတွေးခဲ့သည်။ သူသည် လုမေ့ဟယ်အား စည်းမကျော်ရန်နှင့် ကျေးဇူးမသိတတ်သူ မဖြစ်စေရန်သတိပေးခဲ့သည်။

ထိုအချိန်တွင် လုမေ့ဟယ်သည် တစ်ဖက်သတ်ချစ်နေကာ ဘာလုပ်ရမည်မှန်း မသိဖြစ်နေခဲ့သည်။ ပါးပါးချင်အပေါ် သူမ၏ လျှို့ဝှက်ချစ်ခြင်းမေတ္တာသည် မဖြစ်နိုင်မှန်း ပိုလို့ပင်သဘော ပေါက်လာခဲ့သည်။

သို့သော် နှလုံးသားအား မည်သူကထိန်းချုပ်နိုင်မည်နည်း။ သူ ဝန်ခံရန် သတ္တိမွေးနေချိန်မှာပင် ပါးပါးချင်သည် မားမားချင်နှင့် တွေ့ဆုံခဲ့သည်။ ကြံရာမရဖြစ်သွားသည့် လုမေ့ဟယ်သည် သူ့၏ခံစားချက်များအား အမြန်ဖွင့်ပြောခဲ့သော်လည်း ပါးပါးချင်၏မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် မယုံကြည်မှုများကိုသာတွေ့ခဲ့ရသည်။ သူ့အတွက်တော့ အသက်အရွယ်ကွာဟမှုနှင့် မိသားစုများဖြစ်နေသော်ကြောင့် ထိုကဲ့သို့သော ခံစားချက်မျိုးအား တစ်ခါမျှပင်မတွေးတောခဲ့မိပေ။

ထိုအကြည့်ကြောင့် ရှက်ရွံ့သွားရကာ သူ့တည်ငြိမ်မှုသည်ပြို ပျက်သွားရာ သူ ဖိနှိပ်ထားခဲ့သည့် စိတ်မလုံခြုံမှုများသည် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူ့ထံ တစ်ခုခုမှားယွင်းနေ သလားဟု မိမိကိုယ့်ကိုယ် မေးခွန်းထုတ်မိတော့သည်။

သူ့အား မျက်နှာချင်းမဆိုင်နိုင်စွာ ရှောင်နေသည့် ပါးပါးချင်ကြောင့်ပေလား သို့မဟုတ် အိမ်သို့အလည်လာခဲ့သည့် လှပကာ ကျက်သရေရှိသည့် မားမားချင့်ကြောင့်ပေလား မသိသော် လည်း သူ့ကိုယ် သူ လူရွှင်တော်တစ်ယောက်လိုခံစားခဲ့ရသည်။ သူ အာရုံလွှဲရန် အင်တာနက်သုံးခဲ့ပြီး ကိုယ့်ထက် အသက်အများကြီးကြီးသူအား အထူးသဖြင့် အစ်ကိုတစ် ယောက်လိုဖြစ်သည့် တစ်စုံတစ်ယောက်အားသဘောကျသည့် အကြောင်းအားရှာဖွေခဲ့ကာ ထိုအရာသည်နေမကောင်းဖြစ်သည့်လက္ခဏာ ဖြစ်သည်ကိုသိခဲ့ရသည်။ တစ်ချိန်က သူ့အား စိတ်ဝင်စာပုံပြခဲ့ကြသည့် ညီအစ်ကိုများသည်လည်း အခုချိန်တွင် သူ့အား ညီမလေးတစ်ယောက် သက်သက်သာဆက်ဆံနေကြကြောင်းကိုလည်း သူ သတိထားမိလိုက်သည်။ သူသည်သာ ပြဿနာရှိနေသူဟု သူ ယုံကြည်သွားသည်။

သူ researchလုပ်နေစဥ်တွင် ယွီဟုန်ရှန့်နှင့်တွေ့ဆုံခဲ့သည်။ သူ၏ အရှက်ရမှုများအား ပြန်ပြင်နိုင်မည့် အခွင့်အရေးအား တွေ့ခဲ့ရပြီး ချင်ပါးပါးအား သူ့ထံ အွန်လိုင်းချစ်သူရှိနေပြီဖြစ်ပြီး သူ့ ခံစားချက်များသည်လည်း “အစ်ကို တစ်ယောက်အပေါ် စွဲလမ်းမှု” ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ဤနည်းဖြင့် သူသည် ပါးပါးချင်၏မျက်လုံးထဲတွင် ညီမအဖြစ်ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူ့အား စိတ်ပညာစိတ်ဝင်စားသော မိန်းကလေးတစ်ယောက်ဟုထင်မှတ်နေသည့် ယွီဟုန်ရှန့်သည် သူမနှင့် စိတ်ပညာအ ကြောင်း ဆွေးနွေးရသည်အားနှစ်သက်ခဲ့သည်။ သူသည် စာအုပ်များအား ညွှန်းပေးခဲ့ရာပိုအဆင့်မြင့်သည့် အကြောင်း အရာများဖြစ်သည့် စိတ်ပိုင်းဆိုင်ရာအကြံပြုချက် (psychological suggestion)၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု (mental manipulation)နှင့် အိပ်မွေ့ချခြင်း (hypnosis) စသည်တို့ကို မိတ်ဆက်ပေးခဲ့သည်။

သူ မသိလိုက်သည်မှာ သူ့ဆွေးနွေးမှုများသည် အန္တရာယ်ရှိသည့် မျိုးစေ့အားစိုက်ပျိုးခဲ့ခြင်းဖြစ်သည်ကိုပင်။ သူ ရရှိခဲ့သည် အသိပညာများဖြင့် ဖြေရှင်းချက်တစ်ခုအားရှာခဲ့ကာ ချင်ပါးပါးအပေါ် သူ့ခံစားချက်အားဖိနှိပ်ရန် ကိုယ့်ကိုယ့်ကိုအိပ်မွေ့ချခဲ့သည်။ ဤသို့လုပ်ခြင်းဖြင့် သာမာန်ဘဝတစ်ခုတွင်နေလို့ရမည်ဟု ထင်ခဲ့သည်။

နောက်ပိုင်း ပါးပါးချင်အိမ်ထောင်ပြုပြီး ကလေးများမွေးဖွားလာသည့်အချိန်တွင်လည်း လုမေ့ဟယ်သည် မားမားချင်အား ပြုံးကာကောင်းချီးပေးနိုင်ခဲ့သည်။ သူ့ လျှို့ဝှက်ချက်အား မည်သူမှ သတိမထားမိခဲ့ပေ။

သို့သော် သိမ့်မွေ့လှသည့်ဟန်ချက်သည် ချင်ရှန့် ၊ ပါးပါးချင်၏ ထူးချွန်ထက်မြက်သည့် ဒုတိယသားမွေးလာချိန်တွင်ပြိုပျက်သွားတော့သည်။

အစပိုင်းတွင် ပါးပါးချင်အားချစ်သောကြောင့် ချင်ရှန့်အပေါ်လည်း အမှန်တကယ်ဂရုတစိုက်ခဲ့သည်။ ချင်မိသားစုသည် ချင်ရှန့်မှာ အလွန်ထူးချွန်သောကြောင့် ပါးပါးချင်၏ အကြီးမားဆုံး ဂုဏ်ယူစရာဖြစ်လိမ့်မည်ဟုအမြဲပြောဆိုကြသည်။ ချင်ပါးပါးသည် သူ့ကလေးများ အားလုံးကိုမျှမျှတတဆက်ဆံသော်လည်း အပြင်လူများမှာမူ ချင်ရှန့်အောင်မြင်မှုသည် မိသားစုအတွက် အကျိုးကျေးဇူးများစွာ ယူဆောင်လာပေးလိမ့်မည်ဟုယုံကြည်ကြသည်။ လုမေ့ဟယ်သည် သူအား မကြာမကြာကူညီပေးခဲ့ကာ ဂိုက်ဆရာလည်းလုပ်ပေးခဲ့သော ကြောင့် ချင်မိသားစုရှိ သူ့ နေရာမှာခိုင်မာလာခဲ့သည်။

သို့သော် စကားတစ်ခွန်းသည် အရာအားလုံးကိုပြောင်းလဲသွားစေခဲ့သည်။

"ခင်ဗျား ကျွန်တော့် အဖေ့ကိုကြိုက်တာလား ? ကျွန်တော့် အဖေက အမေ့ကိုပဲအမြဲချစ်မှာ။ ခင်ဗျားကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။"

ဤစကားလုံးများအား လူမှုရေး အတိမ်အနက်အားနားမလည်သေးသော်လည်း သူ့ အတွင်းစိတ်အားဖောက်ထွင်းမြင်နိုင်ခဲ့သည့် ချင်ရှန့်မှပြောဆိုခဲ့ခြင်းဖြစ်သည်။ ဤစကားများသည် သူဖိနှိပ်ထားသော ခံစားချက်များအားသော့ဖွင့်ပစ်လိုက်သကဲ့ သို့ဖြစ်သွားစေခဲ့သည်။

ထိုအချိန်မှစ၍ လုမေ့ဟယ်သည် ချင်ရှန့်အားဘယ်သောအခါမှ မမုန်းဘူးသည် အမုန်းမျိုးဖြင့်မုန်းတီးလာခဲ့သည်။ သူ ကိုယ် တိုင် လိမ်ညာထားခဲ့သောဘဝတွင် နေဖို့ဆန္ဒရှိခဲ့ပြီး သူ့နာကျင်မှုကိုပင် မေ့ခဲ့သော်လည်း ချင်ရှန့်သည် သူမ၏အနာကျင်ဆုံး အနက်ရှိုင်းဆုံး လျို့ဝှက်ချက်အားဖော်ထုတ်လိုက်သည်။

သူ ဘာလို့ သိသွားတာလဲ ? သူ ထုတ်ပြောမှ ဖြစ်မှာလား? အနာ ဟောင်းကို ဆွရတာ ပျော်စရာကောင်းလား ? သူက ဉာဏ်ကြီး ရှင် ဖြစ်နေရုံသက်သက်လား?

သို့သော် ချင်ရှန့် ပြောသည်မှာမှန်သည်။ ပါးပါးချင်သည် သူအား ဘယ်တော့မှ ချစ်မည်မဟုတ်ပေ။ ဤအတွေးများကြောင့် သူ့ ဒေါသအား မထိန်းချုပ်နိုင်တော့ပေ။ သူ ပါးပါးချင်၏ဂုဏ်အယူရဆုံးဖြစ်သည့် ချင်ရှန့်အား ဖျက်ဆီးပစ်ရန်ဆုံးဖြတ်ခဲ့သည်။

ကြင်နာသောအဒေါ်တစ်ယောက် ဟန်ဆောင်လျက်၊ လုမေ့ဟယ်သည် ချင်ရှန့်အား သုံးနှစ်ကြာစိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့သည်။ သူ ဆက်တိုက်ပင် သူ၏အောင် မြင်မှုများအား သိမ်ငယ်စေသည်၊ ပျက်ရယ်ပြုသည်၊ အနှောက်အယှက်ပေးခဲ့သည်။ သူ၏အိမ်မွေးတိရစ္ဆာန်များကိုလည်း ဖြည်းဖြည်းချင်းသတ်ဖြတ်ခဲ့သည်။ နောက်ဆုံးလတွင် မိသားစုသည် ချင်ရှန့်အား နိုင်ငံခြားရှိနွေရာသီစခန်းတွင် အချိန်ကုန်ခဲ့သည်ဟု ထင်ခဲ့ကြသော်လည်း သူ့အား လုံးဝအ ဆက်အသွယ်ဖြတ်ကာ သီးခြားတစ်ယောက်ထဲထားခဲ့ခြင်းဖြစ်သည်။ ချင်ရှန့် အမှောင်ခန်းထဲတွင် တစ်ယောက်တည်း အသံမရှိ၊ လူသားများနှင့် ထိတွေ့မှုမရှိဘဲ ရေနှင့်အစာသာရှိခဲ့သည်။ ရက်သုံးဆယ်ကြာခဲ့ပြီး လူငယ်လေးသည် စားသည်၊အိပ်သည်၊ ကျင်ကြီးကျင်ငယ်စွန့်သည်မှလွဲ၍ ဘာမှမလုပ်ခဲ့ရချေ။

ထိုအဖြစ်အား ချင်မိသားစုတစ်ခုလုံးမသိခဲ့ကြပေ၊ လုမေ့ဟယ်သည် ချင်ရှန့်အတွက် အကောင်းဆုံးလုပ်ပေးနေသည်ဟုသာ ယုံကြည်ခဲ့ကြသည်။

ယွီဟုန်ရှန့်သည် လုမေ့ဟယ်၏မေးခွန်းများအားမှာ အမှန်တကယ်ဖြစ်ရပ်များနှင့် လွန်စွာဆင်တူနေသည်ကို သတိထားမိလာကာ သံသယဝင်လာခဲ့သည်။ ထို့နောက်တွင် အမှန်တရားမှာစတင်ပေါ်ထွက်လာခဲ့သည်။ အဖိုးချင်၏ အကူအညီတောင်း ခံမှုကြောင့် ယွီဟုန်ရှန့်သည် ချင်မိသားစုထံသို့သွားရောက်ပြီးနောက် လုမေ့ဟယ်နှင့် ပြင်းထန်သည့် autism ရောဂါဖြစ်နေသော ချင်ရှန့်တို့အားတွေ့ခဲ့ရသည်။ လုမေ့ဟယ်သည်လည်း ပြင်းထန်သော စိတ်ရောဂါရှိနေကြောင်းကို သဘောပေါက်လိုက်သည်။

သို့သော် ယွီဟုန်ရှန့်သည် သူ့အားမစွန့်ပစ်နိုင်ခဲ့ပေ။ သူသည် သူမအား ချစ်သောကြောင့် သူမ၏အပြစ်များအား ဖုံးပေးရန် ရွေးချယ်ခဲ့သည်။ ကုသပြီးနောက်တွင် ချင်ရှန့်သည် သူခံစားခဲ့ရသော ညှင်းပန်းနှိပ်စက်မှုများအားမေ့သွားခဲ့သည်။ ထို့ပြင် သူ့မှတ်ဉာဏ်များသည်လည်း အစိတ်စိတ်အမွှာမွှာကွဲထွက်သွားခဲ့သည်။ Trauma ကြောင့်ဖြစ်ခဲ့သည့် autism အား ယွီဟုန်ရှန့်မကုနိုင်ခဲ့ပေ။ ထိုကြောင့် ချင်ရှန့်မိဘများနှင့် သူ့ ပါရမီပေါ်တွင် အပြစ်တင်နိုင်ခဲ့သည်။

အခြားစိတ်ပညာရှင်များလည်း ဤအမှန်တရားအားထုတ် ဖော်နိုင်မည်မဟုတ်ဟု ယွီဟုန်ရှန့် ယုံကြည်ခဲ့သည်။ အဘယ် ကြောင့်ဆိုသော် သူနှင့်သူ့ဆရာသာ အိပ်မွေ့ချပညာအား ဤအဆင့်အထိ အသုံးပြုနိုင်သောကြောင့်ပင်။ ချင်ရှန့် မေ့သွားစေရန်အိပ်မွေ့ချထားသည်ကို ဘယ်သောအခါမှသိကြလိမ့်မည်မဟုတ်ပေ။

ဤအရာအား အသုံးချကာ လုမေ့ဟယ်အား သူနှင့်လက်ထပ်ရန်ဖိအားပေးခဲ့ပြီး သူမအား အိပ်မွေ့ချရန်ခေါ်သွားခဲ့သည်။ သူသည် သူမအား ပုံမှန်ဘဝလေးနှင့် နေနိုင်ရန်မျှော်လင့်ခဲ့သည်။

[ သူတို့ ဘယ်လိုတောင် လုပ်ရဲကြတာလဲ! ချင်ရှန့်တောင် ပြန်မသက်သာသေးတာ ဘယ်လိုလုပ်ပြီး အဲ့လိုမကောင်းဆိုးရွားမျိုးကသာမာန်ဘဝနဲ့ နေနိုင်ရမှာလဲ……ငါ အဲဒီနှစ်ယောက်ကို သတ်ပစ်မယ်!]

ကျီဖေးစိတ်အတွင်းရှိအသံသည် မျက်ရည်များနှင့် ဆို့နှင့်နေသည့် အတိုင်းပင်။

ထိုအတောအတွင်း ချင်မိသားစုသည်လည်း ဖရိုဖရဲဖြစ်နေကြသည်။ ချင်ရန်နှင့် ချင်ရုန်တို့သည် မထိန်းချုပ်နိုင်စွာငိုကျွေးနေကြပြီး ချင်ကျောက်သည် မရပ်မနားကျိန်ဆဲနေသည်။ ပါးပါးချင်သည် နောင်တများဖြင့် ဒူးထောက်ကျသွားပြီး လူအများရှေ့ပင် မျက်ရည်သုတ်နေခဲ့သည်။

"ပါးပါးချင် သန်မာနေမှရမယ်။ ဒါ ရှင့်အပြစ်မဟုတ်ဘူ။ ရှင့် အပြစ်မဟုတ်ဘူး!” မားမားချင် အမြန်ပြောလိုက်သည်။

“အဲဒါ သူတို့အမှားပဲ။ သူတို့ ချင်ရှန့်ကို နာကျင်စေခဲ့တာ! ငါတို့ဒါကို ကျီဖေးတစ်ယောက်တည်း ရင်ဆိုင်ရအောင်လွှတ်မထားသင့်ဘူး! ငါတို့ သွားမှရမယ်! အခြားဟာတွေကို မေ့ထား! ငါတို့သားအတွက် လက်စားချေရမယ်!”

"ဒါနဲ့ အာ့ကော၊ အာ့ကော ပျောက်နေတယ်။ သူ တစ်ခုခုဖြစ်နေတာလား မသိဘူး?”

ချင်ကျောက် ချက်ချင်းအော်ဟစ်လိုက်သည်၊ "ငါ့ အာ့ကောနဲ့ သူ့ဇနီးကို တစ်ယောက်ယောက်တွေ့မိလိုက်ကြသေးလား?"

သတင်းကြားပြီး ရောက်လာသူများသည် ချင်မိသားစုတစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်ကိုသာတွေ့လိုက်ရသည်။

တစ်စုံတစ်ယောက်သည် မေးခွန်း မေးရန် ချဉ်းကပ်လာသော် လည်း ချင်ကျောက်သည် ဒေါသဖြင့် အော်ဟစ်လိုက်သည်။

နောက်ဆုံးတွင် တစ်ယောက်ပြီးတစ်ယောက် သူတို့မြင်ခဲ့ရသည်များကို မျှဝေလာကြသည်။

သူတို့သည် ချင်ရှန့်နှင့် ကျီဖေးတို့ အပေါ်ထပ်သို့ တက်သည်ကိုသာမြင်ခဲ့ကြပြီး ဘယ်သွားသည်ကိုတော့မသိလိုက်ကြပေ။

All Chapters