← Chapters

အခန်း (၄၄၁)

Vol. 44 Ch. 441

အခန်း (၄၄၁)

Vol. 44 Ch. 441

ချင်ရှန့် သူ့ ကလေးဘဝတွင် ခံစားခဲ့ရသည်များအား သိရှိသွားသည့် ကျီဖေး၏နှလုံးသားမှာ နာကျင်မှုကြောင့်သွေးများထွက် သွားတော့မလို ခံစားနေရသည်။ သူမ ဒေါသကြောင့် ဘာကိုမှ မတွေးနိုင်တော့ပါချေ။

[ဒီလူတွေ ချင်ရှန့်ရှေ့ကို လာရဲသေးတယ်ပေါ။ သူတို့သမီးက သူ့ကို ကြိုက်ရဲသေးတယ်…]

ဒေါသပုန်နေသည့် ကျီဖေးသည် သူတို့နောက်သို့လိုက်ကာအ ပေါ်ထပ်သို့တက်ခဲ့သည်။ ထို့နောက် ရုတ်တရက် ယွီဟုန်ရှန့်သည် အပေါ်မှာရပ်နေကာ သူခြေရင်းတွင် ယွီလု မေ့လဲနေ သည်ကိုတွေ့လိုက်ရသည်။

"လုလု!" ယွီဟုန်ရှန့်သည် ထိတ်လန့်စွာအော်ဟစ်လိုက်သည်။

ခေတ်ဟောင်းဖုန်းတစ်လုံးမှ ဖုန်းမြည်သံအား ကြားလိုက်ရပြီးနောက် ကျီဖေးအေးခဲသွားသည်။ သူ့ ခေါင်းအားလှည့်ကြည့်လိုက်ရာ ထပ်ခိုးတံခါးသည် တစ်ဝက်လောက်ပွင့်နေကာ အသံသည် ထိုနေရာမှထွက်လာခြင်းဖြစ်သည်။

သူ့နှလုံးသည် တင်းကျပ်နေပြီး မမြင်နိုင်သည့် လက်တစ်ဖက်မှ ဆုပ်ကိုင်ထားသကဲ့သို့ပင်။

အတွင်းဘက်သည် မှိန်ဖျော့ဖျော့အလင်းရှိကာ အသက်မဲ့နေ သည်…..

[ဒီနေရာက ချင်ရှန့် ကလေးတုန်းက အကျဥ်းကျခံခဲ့ရတဲ့နေရာ…….]

ထိုနောက်ဆုံးလတွင် လူတိုင်းသည် ချင်ရှန့်အားနွေရာသီစခန်းသို့ ပို့လိုက်သည်ဟု ထင်ခဲ့ကြသော်လည်း လက်တွေ့တွင် လုမေ့ဟယ်သည် သူ့အား လမ်းခုလတ်တွင်ဖြတ်ခေါ်သွားကာ ခရီးဆောင်အိတ်ထဲသို့ထည့်ပြီး အိမ်ဟောင်းသို့ ခိုးသွင်းလျှက် ထပ်ခိုးတွင်သော့ခတ်ထားခဲ့သည်။ ထိုနေရာသည် အိမ်နှင့် အနီးဆုံးနေရာဖြစ်သော်လည်း သူသည် ထိုနေရာတွင် တစ်လလုံး ပိတ်မိနေခဲ့ကာ တစ်ဦးတည်း ခွဲထုတ်ခံရကာ နှိပ်စက်ခံခဲ့ရသည်။ လုမေ့ဟယ် သူ့အားပြန်ခေါ်ထုတ်ခဲ့သည့်အချိန်တွင် ချင်ရှန့်ဟာ မည်သူနဲ့မှ ပုံမှန်အတိုင်းဆက်သွယ်၍ မရတော့ကာ သူ့ကိုယ်သူ လုံးဝပိတ်ထားခဲ့သည်။ တက်သစ်စ ကြယ်တစ်ပွင့်ဟာ အမှောင်ထဲသို့ ရက်စက်စွာဆွဲခေါ်ခံလိုက်ရတော့သည်။

ကျီဖေးတံခါးအား တွန်းဖွင့်လိုက်သည်နှင့် သူ့ သူငယ်အိမ်များသည် ထိတ်လန့်ခြင်းဖြင့်တုန်လှုပ်သွားသည်။

သစ်သားပြတင်းပေါက်အိုကြီး အနားရှိနံရံတွင် မှီကာ ချင်ရှန့်ထိုင်နေခဲ့သည်။ သူ၏ဗလာကျင်းနေသော မျက်လုံးများသည် အပြင်ဘက်သို့ ငေးကြောင်ကြောင် စိုက်ကြည့်နေပြီး သူ့လက်နှစ်ဖက်သည် ဒူးကိုဖက်ထားသည်။ ယခုအချိန်တွင် အရပ်ရှည်ပြီးအရွယ်ရောက်နေသည့် ယောကျ်ားတစ်ယောက်ဖြစ်နေပြီ ဖြစ်သော်လည်း သူပုံစံမှာ ပျောက်ကွယ်သွားတော့မည့် ခိုးကိုးရာမဲ့ကလေးတစ်ယောက်အလားပင်။

"ချင်ရှန့်..." ကျီဖေး၏ အသံသည် တုန်ယင်သွားကာ သူ့ဆီ အပြေးသွားလိုက်သည်။

ချင်ရှန့် တုန်လှုပ်သွားသည်။ သူသည် အနက်ရောင်ခြယ် ရေခဲရေကန်အတွင်းတွင် နစ်မြုပ်နေသည့်အတိုင်းပင်၊ အလွန်အေးခဲနေသည်၊ အလွန် အသက်ရှူကျပ်သည်၊ ကမ္ဘာပေါ်ရှိအရာအား လုံးသည် သူ့ထံမှ အဝေးသို့ လွင့်မျောသွားသကဲ့သို့ပင်။

သို့သော် ဤခံစားချက်သည် ….. ဤခံစားချက်အားလုံးသည် အလွန် ရင်းနှီးလှသည်။

သူ့နားထဲတွင် အဆုံးမရှိ ပဲ့တင်ထပ်နေသည်:

["မင်းက ပါရမီရှင်တစ်ယောက်ဆို ? ဒါလေးတောင် မလုပ်တတ်ဘူးလား ?"]

["ဒါကို ဆက်ထိန်းထားရမယ်နော် မဟုတ်ရင် မင်း မိဘတွေ အရမ်းစိတ်ပျက်လိမ့်မယ်။"]

["မင်းမိဘတွေ မင်းကိုစွန့်ပစ်သွားတာ မအံ့သြတော့ပါဘူး။"]

["မင်း ငါပြောတာမကြားဘူးလား ? ဘာပဲဖြစ်ဖြစ် ငါပြောတာ အကုန်အမှန်တွေချည်းပဲ”]

["ငါက မင်းကောင်းဖို့ လုပ်ပေးနေတာ။ မင်းက….သနားစရာလေးမို့လို့လေ။”]

["မင်းက........လူတိုင်း အထင်အမြင်သေးစက်ဆုပ်ကြတဲ့ ငကြောင်တစ်ကောင်ပဲ”]

["စကားမပြောနဲ့၊ လူတိုင်း နင့်ကိုမုန်းတယ်။ သူတို့က နင့်ကိုပျောက်ကွယ်သွားစေချင်ကြတာ။"]

အသံမှာ ဆက်လက်ထွက်ပေါ်နေခဲ့သည်………..

အကယ်၍ သူသာ နှုတ်ဆိတ်နေပြီး ဘယ်သူနှင့်မှ မဆက်ဆံပဲ သူ့နှလုံးသားအား ချိတ်ပိတ်ထားပါက …..ဖြစ်နိုင်သည်မှာ မည် သူမှ သူ့အား မုန်းတီးတော့မည်မဟုတ်ပေ။

သူ့ပတ်ဝန်းကျင်မှ လူများသည် အမြဲငိုကြွေးနေကြပြီး သူတို့ မျက်လုံးရှိ ဝမ်းနည်းမှုများသည် အားလုံး သူအမှားကြောင့်သာဖြစ်သည်။ သူ လုံးဝ တည်ရှိမနေသင့်ပါ။

……

["ကောကောက အရမ်းချောတာပဲ ချင်ရှန့် ?"]

["ချင်ရှန့်… ချင်ရှန့်… ချင်ရှန့်… ငါ ချင်ရှန့်ကိုပဲ ကြိုက်တယ်… ချင်ရှန့်နဲ့ပဲ အမြဲတမ်းနေချင်တယ်…”]

……

"ချင်ရှန့်! ချင်ရှန့်! ကျမပါ ထပါတော့!”

ချင်ရှန့်၏မျက်တောင်များသည် တဖျပ်ဖျပ်ခတ်သွားကာ သူ့သူငယ်အိမ်ထဲ အလင်းတစ်ချက်လက်သွားပြီး ကျီးဖေးမျက်နှာသည် ရုပ်လုံးထင်လာသည်။

[ချင်ရှန့်က ဘာလို့ဒီလိုဖြစ်နေတာလဲ ? လုမေ့ဟယ် လုပ်တာဖြစ်ရမယ်။ သူ အခုဘယ်မှာလဲ ?]

ကျီဖေး အတွေးမှာ အကယ်၍ လုမေ့ဟယ်လုပ်ခဲ့သည်သာဖြစ်လျှင် သူ့အားအိပ်မွေ့ချထားသည်မှာ ပျယ်သွားပြီဖြစ်လိမ့် မည်။ သူမ သူ့အခြေအနေအား စစ်ဆေးကြည့်နိုင်သည်။

သို့သော်ငြား နောက်စက္ကန့်မှာပင် ကျီဖေး မြင်လိုက်ရသည်မှာ အကုန်လုံးသည် ဗလာဖြစ်နေသည်။ ယခင်က အချက်အလက်များပင် ပျောက်ကွယ်သွားရသည်။

သူ လုံးဝ ရူးသွားတာများလား ?

ကျီဖေး၏ဗီဇသည် အန္တရာယ်ရှိနေသည်ဟု ပြင်းပြင်းထန်ထန် သတိပေးလာကာ သူ ခေါင်းလှည့်ကြည့်လိုက်သည်။

လုမေ့ဟယ်သည် ရေပုံးကြီးတစ်ပုံးအား ကိုင်ဆွဲလျက် သူမအား ဆီလာသည်ကိုတွေ့လိုက်ရသည်။

"နင် သေရင် ချင်ရှန့်က ငါ့သမီးဟာဖြစ်သွားလိမ့်မယ်၊ ငါ့ဆန္ဒ မပြည့်ခဲ့လည်း ငါ့သမီးဆန္ဒကတော့ ပြည့်ရမယ်။”

[နင် ရူးနေတဲ့ ခွေးမ!]

ကျီဖေးသည် ကျိန်ဆဲရင် ရှေ့ကိုပြေးသွားရန် ကြံလိုက်သည် သူ ဤအရူးမအား အနိုင်ယူနိုင်မည်ဟု ယုံသည်။

သို့သော် သူ မလှုပ်ရှားမီမှာပင် လုမေ့ဟယ်သည် လက်ကောက် ဝတ်ကို လိမ်လိုက်ကာ ပုံးထဲရှိသောအရာများနှင့် ပက်လိုက်သည်။

ကျီဖေးပေါ်သို့ အရည်များစီးကျလာပြီး စူးစူးရှရှ အနံ့အသက်ဆိုးများသည် လေထဲသို့အပြည့်ပျံနှံသွားသည်။

[ဓာတ်ဆီ!]

ခေါင်းမှ ခြေဖျားအထိရွှဲရွှဲစိုနေသော ကျီဖေးသည် လုမေ့ဟယ်အား မယုံကြည်နိုင်စွာစိုက်ကြည့်နေမိသည်။

[သူ ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား!]

သေချာပေါက်ပင်၊ လုမေ့ဟယ်သည် မီးခြစ်တစ်လုံးအား ထုတ်လိုက်ကာ —*ကလစ်*—— ထို့နောက်တွင် မီးတောက်တစ်ခု ထတောက်လာခဲ့သည်။

ကျီဖေး၏ သွေးများအေးစက်သွားသည်။ ဓာတ်ဆီများသည် သူ့အား ရွှဲရွှဲစိုနေသည်မဟုတ် ကြမ်းပြင်တစ်ယောက် ပျံနှံ့နေပြီး စနက်တံအတိုင်းပင်။ ဤကျဉ်းမြောင်းလှသည် ထပ်ခိုးတွင် လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့နောက် အရိပ်တစ်ခု သူ့ ရှေ့သို့တဟုန်တိုးပြေးဝင်လာသည်။

ကျီဖေးမျက်လုံးမှ မျက်ရည်များ တလဟော စီးကျလာသည်။

ချင်ရှန့်ပဲ၊ သူပြန် သတိရလာပြီ။

"ဒါဆို နင် ပြန်ကောင်းသွားပြီပေါ့? ငါ အဲဒီ့တုန်းက နင့် စိတ်ကို လုံးဝ ဖျက်စီးပစ်ခဲ့ပြီးပြီလို့ထင်နေတာ။ ဘယ်လောက် ဇွဲကြီးလိုက်လဲ။ ငါ့အိပ်မွေ့ချထားတာကနေ လွယ်လွယ်လေးလွတ်သွားတယ်ပေါ့။ “ လုမေ့ဟယ် နှာခေါင်းရှုံလိုက်သည်။

"ငါ့ရဲ့ကယ်တင်ရှင်ကို ငါ တွေ့ခဲ့ရလို့လေ။"

ချင်ရှန့်၏အသံသည် တုန်လှုပ်နေသော်လည်း သူ့နှလုံးသားထဲတွင်တော့ နောင်တများနှင့်သွေးထွက်နေသည်။ သူ အမှန်ပင် သက်သာသွားပါက သူ့အားနည်းချက်ကို ထပ်ညှို့ပြီး သူ့အား ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ကျီဖေးသည်လည်း ယခုချိန်တွင် အန္တရာယ်ရှိနေမည်မဟုတ်ပေ။

"ဖေးဖေး ကိုယ် တောင်းပန်ပါတယ်။ ကိုယ် မင်းကို ဒီထဲဆွဲသွင်းခဲ့မိတယ်။"

ကျီဖေး သူ့ရင်ခွင်ထဲသို့ ပြေးဝင်လိုက်ချင်သော်လည်း သူမသည် ဓါတ်ဆီများဖြင့် ဖုံးလွှမ်းထားသည့်အတွက် သူမ တုံ့ဆိုင်းသွားမိသည်။

"ခင်ဗျား ကျနော့်ကိုမုန်းရင် ကျနော့်အပေါ်ပဲပုံချလိုက်။ တခြားသူကို မထိခိုက်နဲ့။"

ချင်ရှန့်၏မျက်လုံးများသည် လုမေ့ဟယ်လက်ထဲရှိ မီးတောက် ပေါ်သို့ ရောက်နေကာ ဒီအမျိုးသမီးသည်း ရူးသွပ်နေပြီး ဘာမဆိုလုပ်နိုင်သည်ကို သူ သိသည်။

ချင်ရှန့်သည် သူ့အား အနိုင်ယူနိုင်သည့် ခွန်အားရှိသော်လည်း အမှားသေးသေးလေးသည်ပင် လုမေ့ဟယ် မီးခြစ်အားပစ်ချလိုက်သည်နှင့်ပင် ကျီဖေး ကိုယ်ရှိဓာတ်ဆီများအား လောင် ကျွမ်းသွားစေနိုင်သည်။ သူ မစွန့်စားဝံ့ပေ။

ကျီဖေး ဘေးကင်းစေရန်အတွက် သူ ဒူးထောက်တောင်းပန်ပြီး သူအသက်နှင့်ပါလဲလှယ်ရဲသည်။

လုမေ့ဟယ် ဆုပ်ကိုင်ထားသည့် မီးသည် သူတို့အားလှောင် ပြောင်နေသည့်အတိုင်းပင် ယိမ့်နွဲ့နေသည်။

"ဒီနှစ်တစ်လျှောက်လုံး ငါ အရိပ်ထဲမှာနေခဲ့ရတယ်။ နင်က တော့ အောင်မြင်တဲ့အလုပ်၊ ပျော်ရွှင်တဲ့မိသားစု၊ မင်းစိတ်ကိုတောင် ကုသနိုင်ခဲ့သေးတယ်။ *ဘာလို့လဲ ?* ငါ နင့်ကို ဖျက်စီးပစ်ခဲ့တာလေ! နင်က ဘယ်လိုလုပ် ဒီလောက်ကောင်းကောင်းနေ နေရတာလဲ?!”

လုမေ့ဟယ် နားမလည်နိုင်တော့ပေ။ တစ်ချို့အရာများသည် ယုတ္တိမရှိတော့ပေ။

အိပ်မွေ့ချသည်မှာ ကျိုးပျက်သွားလျှင် ချင်ရှန့် အရာအားလုံးကိုသတိရသွားလိမ့်မည်။ သုံးနှစ်တိုင် စိတ်ပိုင်းဆိုင်ရာညှဉ်း ပန်းမှုသည် ကျီဖေး၏အနွေးဓာတ်ဖြင့် သုံးရက်နှင့်ပင် သူ့အခွံထဲမှထွက်လာနိုင်ခဲ့သည်လား ? သူမသာ မရှိခဲ့လျှင် သူဘဝသည်ပျက်သွားသည်မှာ ကြာလှပီပင်။

အခြားသူများသည် သူ့အားကျိုးပဲ့လွယ်သည့် ဖန်ခွက်ကဲ့သို့ ဆက်ဆံနေချိန်တွင် ကျီဖေးသည်—တောက်ပ၊ ရဲရင့်ကာ အ ကြောက်အရွံ့ကင်းမဲ့သူသည်—နေရောင်ခြည်ကဲ့သို့ သူ့ကမ္ဘာထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ သူ့အားအချစ်များ၊ချီးမွမ်းမှုအားဖြင့် လွှမ်းခြုံပေးခဲ့သည်။ သူတင်းတင်းကြပ်ကြပ် ပိတ်ထားသည့် တံခါးများအား သူမ တွန်းဖွင့်လာဝင်လာခဲ့သည်။

ကံကြမ္မာလှည့်ကွက်ပင်၊ ကံကောင်းခြင်းတစ်ခုပင်။

ယခုချိန်တွင် လုမေ့ဟယ်၏ရိုင်းစိုင်းသည့် စကားလုံးများအား ကြားသော် ကျီဖေး၏သွေးများ ပွက်ပွက်ဆူလာသည်။ ဒီလို အန္တရာယ်များသည့် အခြေအနေမှာပင် သူ သည်းမခံနိုင်တော့ပေ။

"နင်-! ဒါတွေအားလုံးက နင်ရဲ့ ရွံစရာကောင်းတဲ့ စွဲလမ်းမှုကို ချင်ရှန့်က ဖော်ထုတ်လိုက်လို့မဟုတ်လား? နင်က သောက်ကျိုးနည်း စိတ္တဇအရူးမပဲ။”

သူ မည်မျှထုတ်ပြောနေမိသည်ကိုပင် ဂရုမစိုက်ပေ။ လုမေ့ဟယ်ကိုသာ ဒေါသတကြီးစိုက်ကြည့်နေသည်။ နင်ကလှည့်စား တတ်တဲ့ ရွံ့စရာ မကောင်းဆိုးရွားပဲ။”

သူမအား ဆွချင်းသည် ဉာဏ်မရှိသောလုပ်ရပ်ပင်။ သို့သော် ချင်ရှန့်မည်ကဲ့သို့ခံစားခဲ့ရသည်ကို သိသဖြင့် ကျီဖေးနှုတ်ဆိတ်မနေနိုင်ပေ။ သူ့ ရင်ဘတ်အားညှစ်ထားသည့် ဒေါသအား ဖယ်ရှားပစ်ရန် သူ အော်ဟစ်၊ ကျိန်ဆဲပစ်ရန် လိုအပ်သည်။

ချင်ရှန့် ချက်ချင်း တင်းမာသွားကာ သူနောက်ရှိတစ်စုံတစ် ယောက်အား ကာကွယ်ပေးရန် လက်အားနောက်သို့ ပို့လိုက်ချိန်တွင် သူကာကွယ်ပေးရမည့်သူမှာ ရှိမနေကြောင်းကို သိလိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူ နားလည်သွားသည်- ကျီဖေးသည် သူ့အား ဆွဲချမိမှာကိုကြောက်နေသည်ဆိုတာပင်……

"ဟားဟား ဟုတ်သားပဲ၊ *ငါ*က ယုတ်မာတဲ့ စိတ္တဇ အရူးပဲ။ ငါ့အစ်ကိုကို ရူးသွပ်တဲ့အထိကို စွဲလမ်းခဲ့တာ။ ဒါပေမယ့် ငါ ကောင်းကောင်း ဝှက်ထားခဲ့တယ်၊ ငါ အဒေါ်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်။* သူ *က ဖျက်ဆီးပစ်လိုက်တယ်။ သူက ငါ့ကို လှောင်ပြောင်ပြီး ငါ့မျက်နှာဖုံးကို ဆုတ်ဖြဲပစ်ပြီး ငါကို နတ်ဆိုးပြန်ဖြစ်စေခဲ့တာ။ ဒါ့ကြောင့် ငါသူ့ကို ဖျက်ဆီးပစ် လိုက်တာလေ။ အဲဒါက မမျှတဘူးလား ?”

လုမေ့ဟယ် တုန်လှုပ်သွားပြီး သူ့မျက်နှာသည် ဒေါသဖြင့်တွန့် လိမ်နေသည်။

“အဲဒီတုန်းက ကျနော် ပြောခဲ့တာတွေ… ခင်ဗျားထင်သလို မဟုတ်ဘူး” ချင်ရှန့် တည်ငြိမ်၊အေးချမ်းသည့် အသံနှင်ပြော ဆိုနိုင်ရန် ကြိုးစားလိုက်သည်။

"ကျနော် အရမ်းငယ်သေးလို့ ဘာမှန်း နားမလည်ခဲ့ဘူး။ ကျနော် မြင်ခဲ့တာက…..ခင်ဗျားနာကျင်နေတာကိုပဲ။ ကျနော် ခင်ဗျားကိုပြောချင်ခဲ့တာက ကျနော့်အဖေအတွက် မင်းကိုယ်မင်း မနှိပ်စက်ဖို့ပဲ။ ဘယ်တော့မှ မရနိုင်တဲ့အရာကို စွန့်လွှတ်ပြီး ပျော်ရွှင်မှုကိုရှာဖို့။"

ကလေးတစ်ယောက်အနေနှင့် အန်တီလုသည် သူ့အားပြုစုစောင့်ရှောက်ပေးခဲ့ပြီး ချင်ရှန့်သည် သူ့အပေါ် မကောင်းသည့် အငြိုးစိတ်များမရှိခဲ့ပေ။ သူ့ရည်ရွယ်ချက်များသည် ဖြူစင်ခဲ့သည်—သို့သော် နက်မှောင်နေသည့် နှလုံးသားသည် အလင်းကိုပင် အရိပ်အဖြစ်ပြောင်းလဲပစ်တတ်တယ်။ သူမသည် ချိန်း ကြိုးများထဲမှလွတ်မြောက်နိုင်ရန် အကြောင်းပြချက်အား ရှာဖွေနေခြင်းဖြစ်ကာ သူ့စကားများသည် သူ့အတွက်အ ကြောင်းပြချက်ဖြစ်သွားစေခဲ့သည်။

လုမေ့ဟယ်သည် သူမ၏ဖျက်စီးခြင်းလမ်းကြောင်းအား ခိုင်မာစွာဆက်လျှောက်ခဲ့သည်။ ခိုကိုးရာမဲ့ ချင်ရှန့်အပေါ် သူ၏ နာကြည်းမှုနှင့် မကျေနပ်ချက်များအားလွှတ်ချကာ သူ့ကိုယ်သူ ဖြေသိမ့်ခဲ့သည်။

ယခု ချင်ရှန့်သည် အမှန်အတိုင်းပြောနေသော်လည်း လုမေ့ဟယ်သည် ခေါင်းယမ်းကာရယ်မောနေသည်။

"အဲဒါကို ယုံမယ်များထင်နေလား? မယုံဘူး! နင် ငါ့ကိုဖျက်စီးခဲ့တာ၊ အခု နင် ပြန်ပေးဆပ်ရမယ်။ ငါ့သမီးက နင့်ကိုလိုချင်တယ်—ဒါ့ကြောင့် နက်က * သူ့ဟာ * ဖြစ်သွားစေရမယ်။” နငါချစ်တဲ့သူကိုတော့..." သူ့နှုတ်ခမ်းများသည် အေးစက်စက် အပြုံးဖြင့် တွန့်ကွေးသွားသည်။

"ဘယ်လိုဖြစ်သွားမလဲဆိုတာ နင် သိပါတယ်။ နင် မြတ်နိုးဖူးသမျှ သက်ရှိတွေလိုမျိုးပေါ့။ ရွှေငါး၊ ကြက်တူရွေး၊ ယုန်၊ ကြောင်—ငါ သူတို့ သေချာပေါက် သေသွားအောင်လုပ်ခဲ့တာ။ အခု *ဒီတစ်ကောင်*လည်း~။”

"ခင်ဗျား ကျနော့်ကိုမုန်းရင် ကျနော့်ကိုသတ်ပစ်လိုက်။" ချင်ရှန့် အလောတကြီး ပြောဆိုလိုက်သည်။

"နင့်ကို သတ်ရမယ်။ ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ။ ငါက နင့်ကို ငါလို ခံစားစေချင်တာလေ။ အဲဒါကမှ တကယ့် ပြစ်ဒဏ်ပဲ။"

ရုတ်တရတ် သစ်သားမှတကျွိကျွိမည်သံသည် လုမေ့ဟယ်၏ အာရုံကိုဖမ်းစားသွားသည်။ သူ့ကျောအား ထောက်ကန်တိုင်နှင့်က်လိုက်ကာ မီးခြစ်အားဖွင့်လိုက်ပြီး နှစ်ယောက်လုံးအား သတိအနေအထားနှင့်ကြည့်လိုက်သည်။ တစ်ချက်မှားသည်နှင့် သူ မဆိုင်းမတွပင် မီးတောက်အားပစ်ချလိုက်မည်။

“မိန်းမ…… ကျေးဇူးပြုပြီး။ ဒီလုပ်လိုက်ရင် နောက်ပြန်လှည့်လို့ရတော့မှာ မဟုတ်ဘူး။”

ယွီဟုန်ရှန့် တောင်းပန်လိုက်ကာ သူ့အသံသည်လည်း တုန်ယင်နေသည်။ အတိတ်တုန်းက သူ့ ရာဇ၀တ်မှုများအားလုံးအား ဖုံးကွယ်ပေးခဲ့သည်။ သို့သော်လည်း လူသတ်မှုသည်တော့ ? ဤသည်မှာ သူ မဖျက်ဆီးနိုင်သည့် စည်းပင်။

“နင်—!”

လုမေ့ဟယ်သည် သူ့အား လှည့်ကြည့်လိုက်ကာ မျက်လုံးများ သည် ဟုန်းခနဲတောက်လောင်သွားသည်။

"နင် ငါ့ကို အိပ်မွေ့ချခဲ့တာ၊ နင် ငါ့ကို မုဒိမ်းကျင့်ခဲ့တာ။ ငါ နင့်ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး၊ ဘယ်တော့မှလည်း ချစ်လာမှာ မဟုတ်ဘူး။ နင်က သားရဲတိရစ္ဆာန်ကလွဲပြီး ဘာမှမဟုတ်တဲ့ကောင်။”

ယွီဟုန်ရှန့် လန့်သွားသည်။

"ဒီနှစ်တွေတစ်လျှောက်လုံး…... မင်းအတွက် ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူးလား။ မင်း ကိုယ့်ကိုကိုယ် ခံစားခွင့်ပြုလိုက်ပါကွာ၊ ဖြစ်နေနိုင်တာပဲ…….။”

လုမေ့ဟယ်၏လှောင်ရယ်သံသည် သူ့စကားများအားဖြတ်တောက်သွားကာ သူ၏ အေးခဲလွန်းလှသည့်အကြည့်များသည် သူ့အား ဒူးထောက်ကျသွားလုမတတ်ပင်။

နှောင့်နှေးမှုများစွာဖြစ်ခဲ့ပြီးနောက် သူမ မီးခြစ်အားမြှောက်လိုက်သည်။

"ချင်ရှန့်၊ နောက်ဆုတ်နော်။ ငါ နင့်ကို အမာရွတ်တွေဖြစ်သွားအောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ။ အန်တီက မင်းကို ဂရုစိုက်တုန်းပါပဲ၊ မင်း သိတယ်မလား။”

"ရပ်လိုက်စမ်း!"

ကြမ်းတမ်းလှသည့် အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လုမေ့ဟယ် အေးခဲသွားသည်။

"မေ့ဟယ်၊ ကျေးဇူးပြုပြီး—သူတို့ကို မထိခိုက်ပါနဲ့ မင်းအစ်ကိုတစ်ယောက်အနေနဲ့ ငါ တောင်းပန်ပါတယ်။"

ချင်ရှန့်နှင့် ကျီဖေးတို့သည် တံခါးဝတွင် ဒူးထောက်လျက် ပါးပါးချင်အားလှည့်ကြည့်လိုက်ကြသည်။ သူ၏ ညှို့နွမ်းနေသည့် မျက်နှာထက်တွင် မျက်ရည်များစီးကျနေသည်။

လုမေ့ဟယ် တုန်လှုပ်သွားသော်လည်း မယိမ်းယိုင်ပင် မီးခြစ်အားဆုပ်ကိုင်ထားမှုဆဲပင်။

“ဘယ်သူမှ မလှုပ်နဲ့!*” သူ အော်ဟစ်လိုက်သည်။

" ခြေတစ်လှမ်းတိုးတာနဲ့ အဲ့ကောင်မလေး သေပြီသာမှတ်!"

တံခါးဝရှိ လူများတောင့်တင်းသွားသည်။ ပါးပါးချင်ပင်လျှင် နေရာမှ မလှုပ်ရဲခဲ့ပေ။

"မေ့ဟယ်၊ မင်း လက်တုံ့ပြန်ချင်ရင် ငါ့ကို လုပ်ပါ။” သူရေရွတ်လိုက်သည်။

"ငါက သူတို့အဖေပါ၊ ငါ ဒါကို ခံပါရစေ။”

"အဲတာက ဘယ်တော့မှ ရှင့်အပြစ်မဟုတ်ခဲ့ပါဘူး။ ကျွန်မ ရှင့်ကိုမချစ်တော့ဘူး။ ဒါ့ပေမယ့်……. ပြန်ပြင်လို့မရတော့ဘူး။ "

သူ့ အသံသည် တည်ငြိမ် အေးဆေးနေသော်လည်း သူ့ မျက် လုံးများသည် ရူးသွပ်နေတုန်းပင်။ ယနေ့ သွေးချောင်းစီးလျှင်ပင် သူမ တစ်ယောက်ယောက်ကိုတော့ ပြန်ပေးဆပ်နေရမည်။

ရူးသွပ်မှုသည် သူမ၏ဆင်ခြင်တွေးခေါ်နိုင်စွမ်းအား ပျက်စီးစေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ပါးပါးချင်သည် မားမားချင်အားမရွေးချယ်ခဲ့ပါက သူ အခွင့်အရေးရနိုင်လိမ့်မည်။ ယခုလည်း ကျီဖေးသာမရှိတော့ပါက သူ့သမီးသည် ချင်ရှန့်အား ရနိုင်သည်။ သူ့အား ညှဉ်းပန်းနှိပ်စက်ရန် သို့မဟုတ် သူ့ကလေးအတွက် လူသတ်သမားဖြစ်ရန် သူ ဘယ်တော့မှစိတ်မရှိခဲ့ပေ။

အမှန်တရားသည် အရေးမပါပေ၊ သူ၏ယုတ်မာသည့် လောဘသည်သာ အရေးပါသည်။

ချင်ရှန့် စကားလုံးများ အသုံးမဝင်ကြောင်းသိလိုက်သည်။ သူတို့သည် အစီအစဉ်တစ်ခုချရန်လိုအပ်သည်။ အမှားတစ်ခုသည် အရာအားလုံးအားလောင်ကျွမ်းသွားစေနိုင်သည် ။

[ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့ကိုယ် ငါတို့ ကယ်တင်ရမယ်… ။အနည်းဆုံးတော့ အခြားသူတွေကို ထိခိုက်ခွင့်မပြုနိုင်ဘူး။ ငါချင်ရှန့် ထွက်သွားအောင် လုပ်ရမယ်။”]

ချင်ရှန့်၏မျက်လုံးများ တစ်ဖျတ်ဖျတ်လက်သွားကာ “ငါ မင်းကို ထားမသွားဘူး။” သူ ရေရွတ်လိုက်သည်။

“ဘယ်တော့မှပဲ။”

ကျီဖေး လန့်သွားသည်။

“ငါတို့ ဒါကို အတူတူ အဖြေရှာကြမယ်။” သူ ဆက်ပြောသည်။

"မင်းက ကိုယ့်ကို ဆွဲချနေတာ မဟုတ်ပါဘူး။ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကိုယ် မင်းနဲ့ အတူရှိမယ်။ ဒါ့ကြောင့် ကိုယ့်ကို တွန်းထုတ်မနေနဲ့တော့။”

ကျီဖေး အံသြသွားသည်။

[သူ...ငါ့စိတ်ကိုများ ဖတ်နေတာလား ?]

ချင်ရှန့် ပြုံးလုမတတ်ဖြစ်သွားသည်။

"အဲဒါကို ပင်ကိုယ်သိစိတ်လို့ခေါ်တာ။ တစ်မိသားစုလုံးမှာ ရှိတယ်။ ဒါ့ကြောင့် ဖေးဖေးစဥ်းစာကြည့်။ မင်း စဥ်းစားနိုင်သ လောက် အစွမ်းကုန်စဥ်းစားကြည့်။”

ကျီဖေးက ဘာမှ မလုပ်ဆောင်နိုင်မီမှာပင် လုမေ့ဟယ်သည် လှောင်ပြောင်လိုက်သည်။

"သနားစရာကောင်းတဲ့ နောက်ဆုံးစကားလေးပဲ။ ချင်ရှန့် ဖယ်စမ်း။ နင့်ရဲ့မျက်နှာလှလှလေးကို အရည်မပျော်စေချင်ရင်ပေါ့ ငါ့သမီးမှာ စံနှုန်းတွေရှိတယ်လေ။"

ယင်းအစား ချင်ရှန့်သည် နောက်ဆုတ်ကာ ကျီဖေးအားတင်း တင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူ့အဝတ်အစားထဲသို့ ဓာတ်ဆီများ စိမ့်ဝင်လာသည်။

"အာ့!"

ကျီဖေး ပင့်သက်ရှိုက်လိုက်သော်လည်း သူ့နှင့် အကြည့်ချင်းစုံသွားသည်။ တည်ငြိမ်ပြီး မတုန်လှုပ်ပေ။ သူမ ခေါင်းညိတ်ပြလိုက်သည်။

"မင်းက အတူတူသေချင်တာလား။"

လုမေ့ဟယ် ဒေါသထွက်သွားသည်။

[သူတို့သာ ငါပြောတာကိုတကယ်ကြားနိုင်ရင်… အကောင်းဆုံးကြိုးစားမှုက မီးသတ်ဆေးဘူးပဲ]

ကျီဖေး တံခါးဝမှာရှိနေသည့် ချင်ရုန်နဲ့ ချင်ရန်တို့အား တွေ့လိုက်ရပြီး နှစ်ယောက်လုံး မီးသတ်းဆေးဘူးအားကိုင်ထားကြသည်။ ဝေးလွန်ကာ သူတို့ မီးသတ်ဆေးဖြန်းသော်လည်း မီးသည် သူတို့အားလောင်နေလောက်ပြီပင်။

“အရမ်း နှေးလွန်းတယ်” ချင်ရှန့် ပြတ်ပြတ်သားသားပြော သည်။

"ဘာပြောတယ်။" လုမေ့ဟယ် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ကျီဖေး နားလည်လိုက်သည်။ သူ့အကြည့်နောက် လိုက်ကြည်လိုက်ချိန်တွင် သူမ ပြတင်းပေါက်အားကြည့်နေ သည်ကိုမြင်လိုက်ရသည်။ ဟောင်းနွမ်း၊ ကြွပ်ဆတ်ကာ ယဲ့ယဲ့လေးသာရှိနေသည်။

[မီးမလောင်ခင် ခုန်ချမလား ? ဒါပေမယ့် မလုံခြုံလောက်ဘူး။ ဒါမှမဟုတ် လုံခြုံရေးပိုက်ကွန်ရော။ ကစားကွင်းက ခုန်လို့ရတဲ့ ပျော့အိအိလိုဟာမျိုးရော။”

ချင်ရှန့် ခေါင်းညိတ်လိုက်သည်။

[တစ်ယောက်ယောက် လုပ်ဖို့လိုတယ် − မြန်မြန်လေး။]

ကျီဖေးသည် အောက်ထပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ချင်ကျောက်၏ဒေါသတကြီးအော်သံကိုလည်း ကြားလိုက်ရသလိုပင်။ သူ့နှလုံးသည် ဒရမ်လိုပင်ခုန်နေသည်။ အကယ်၍ မအောင်မြင်လျှင်…

ချင်ရှန့်သည် ဖြစ်နိုင်ချေရှိသည့် အစီအစဉ်တိုင်းအားထည့် သွင်းစဉ်းစားခဲ့ကြောင်း သူမ သိသည်။ သူသည် သူအဖေ့အား တစ်ချက်ကြည့်ခဲ့သည်။ လုမေ့ဟယ်အား ထိန်းရန်ဖြစ်နိုင်သလို မီးသတ်ဆေးဘူးအားအသုံးပြုရန်လည်းဖြစ်နိုင်သည်။ မတတ် သာသည့်အဆုံး ပြတင်းပေါက်မှခုန်ချရမည်။ အရာအားလုံးသည် ထိုအခိုက်အတန့်ပေါ်တွင် မူတည်သည်။

ထို့နောက် ရုတ်တရက် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"သမီး ဘာလုပ်နေတာလဲ? အဲဒါကို ရပ်လိုက်! သခင်လေးရဲ့ ကလေးတွေကို ဘယ်လိုလုပ်ဒုက္ခပေးနိုင်တာလဲ။"

အဖွားလု၏ ထိတ်လန့်တကြား အော်ဟစ်သံက

လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။

လုမေ့ဟယ်၏မျက်လုံးများသည် ချက်ချင်းမှိန်ကျသွားသည်။ မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် မီးခြစ်အားမြေပြင်ပေါ်သို့လွှင့် ပစ်လိုက်သည်။

အချိန်သည် နှလုံးခုန်သံတစ်ချက်ချင်းအလိုက်နှေးသွားပုံပေါ် သည်။

ပါးပါးချင်သည် မီးခြစ်အားဆုပ်ကိုင်ရန် အပြေးသွားလိုက်သော်လည်း မမှီလိုက်ပေ။ မီးသတ်ဆေးဘူးအား ဖြန်းလိုက်သည်မှာ နောက်ကျသွားသောကြောင့် ကြမ်းပြင်တစ်လျှောက် လောင်ကျွမ်းနေသည့် မီးတောက်အားမငြှိမ်းသက်နိုင်ခဲ့ပါချေ။

မီးသည် ကျီဖေး၏ခြေထောက်ဆီသို့ ပြေးလာသည်နှင့်အမျှ *ခရက်* ဆိုသည် အသံသည် ပဲ့တင်ထပ်သွားသည်။

ချင်ရှန့်သည် ကျီဖေးအား ဆုပ်ကိုင်လျှက်ခုန်ချလိုက်ပြီး ပြတင်းပေါက်အားပြိုကျသွားစေကာ အောက်သို့ပြုတ်ကျသွားသည်။

ကျီဖေးမျက်နှာပေါ်တွင် မျက်ရည်များစီးကျလာပြီး ကျီဖေး သည် လေထုအလယ် လွင့်မောနေသလိုပင်။ သူသည် သူ့လက်မောင်များဖြင့်သည် သူမအား အပြည့်အဝကာကွယ်ထား သည်။ သူမအား ကာကွယ်ပေးဟန်ဖြင့် ဖက်ထားသည့်အမျိုး သားအား သူမလက်များဖြင့်တင်းတင်းကြပ်ကြပ်ပြန်ဖက်လိုက်သည်။

သူတို့ တကယ်ပဲ ကြားခဲ့ကြတာလား ? အောက်မှာ ကူရှင်တွေရှိတာလား ? အားလုံးအဆင်သင့်ဖြစ်ပြီလား ?

သူမ နှလုံးသားထံမှတောင်းပန်လိုက်သည်။

[စနစ်၊ အို မြေအောက်ကမ္ဘာရဲ့အရှင်သခင်၊ ဘုံအားလုံးရှိဝိညာဥ်များအားလုံး၊ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့ကို မထိ ခိုက်ပါစေနဲ့။ ကျေးဇူးပြုပြီး၊ အသက်ရှင်ခွင့်ပြုပါ၊ ချင်ရှန့်နဲ့ အသက်တွေကြီးလာတဲ့အထိ နေခွင့်ပြုပါ။]

သူမ အလေးချိန်ကင်းမဲ့သွားသည်။ ထို့နောက်….သူမ ရင်ဘတ်ထဲပူလောင်လာပြီး သူ့ဦးခေါင်းသည်လည်း ထိုးကိုက်လာပြီးနောက်မှတ်ဉာဏ်များသည် သူမ စိတ်အတွင်းသို့တိုးဝင်လာခဲ့ကြသည်။

All Chapters