အခန်း (၄၄၂)
Vol. 44 Ch. 442
ကျီဖေး ကိစ္စတွေ အများကြီးသတိပြန်ရလာခဲ့သည်။ ဘဝ နှစ်ကအတိုင်းပင်။
သူမ့အားချစ်သည့် မိဘများရှိသည်။ တစ်ချိန်က သူမသည်လည်း ကျီမိသားစု၏ချစ်စဖွယ် မင်းသမီးလေးဖြစ်ခဲ့သည်။ သူသည် ချင်ရှန့်နှင့် ယခင်ကတွေ့ခဲ့ဖူးသော်လည်း ထိုအချိန် သူမသည် ငယ်လွန်းသဖြင့် နောက်ပိုင်း သူ့အားမေ့သွားခဲ့သည်။
ဘဝဟာ အသက်ဆယ့်ငါးနှစ်အထိ သာယာလှပသော်လည်း သူ့မိဘများသည် ကားမတော်တဆမှုဖြစ်ခဲ့ကာ သူ တစ် ယောက်တည်းသာကျန်ခဲ့သည်။
ထိုနေ့တွင် သူလည်း သေလုနီးပါးဖြစ်ခဲ့သည်။ ထိုအချိန်၌ သူမသည် မြေအောက်လောက်ကရှိတမန်တော်နှင့်တွေ့ဆုံခဲ့သည်။
တမန်တော်သည် သူ့အားပြန်သွားခိုင်းခဲ့သည်။ သူ့မိဘများအား အော်ခေါ်ရန် အသဲအသန် ကြိုးစားခဲ့သော်လည်း ၎င်းတို့အားအဝေးသို့ ခေါ်ထုတ်သွားသည်ကို ကြည့်နေခဲ့ရသည်။
ထို့နောက် အဆင့်မြင့်ပုံပေါ်သည့် အရာရှိတစ်ဦးပေါ်လာခဲ့သည်။ သူသည် စုတ်တံတစ်ချောင်းနှင့် စာရင်းစာအုပ်တစ်အုပ်အား ကိုင်ထားခဲ့ကာရေရွတ်လာသည်။
"မင်းအသက်ရှင်ခဲ့တာက မင်းရဲ့ကံကြမ္မာကြောင့်ပဲ။ မင်းက နောင်မှာ ဒီကမ္ဘာမှာရှိတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ကံကြမ္မာရှိသူတစ်ယောက်နဲ့ လက်ထပ်ရလိမ့်မယ်။ မင်းက သူနဲ့ သူ့ပတ်ဝန်း ကျင်က လူတွေကိုကူညီပြီး အဲ့ဒီလူတွေရဲ့ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှုကို အကြီးအကျယ်သက်ရောက်စေလိမ့်မယ်။ ဒါကြောင့် မင်း အသက်ပြန်ရှင်လာခဲ့တာပဲ။”
"ကျမ မိဘတွေကကော။"
“သူတို့ရဲ့ အပြစ်တွေကကြီးလေးတယ်။ သူတို့နောက်ဘဝထိအောင် သူတို့အပြစ်ကြွေးကိုဆပ်ရမယ်။”
"မဖြစ်နိုင်ဘူး! ငါ့မိဘတွေက လူကောင်းတွေ"
"သူတို့က လူကောင်းတွေပါ။ ဒါပေမယ့် တစ်ယောက်က အရက်မူးပြီး ကားမောင်းခဲ့တယ်။ နောက်တစ်ယောက်က ယာဉ်မောင်းကို မီးနီကိုဖြတ်မောင်းခိုင်းခဲ့လို့ ဒီမတော်တဆမှုဖြစ်ခဲ့တာ။ ဒီဆက်တိုက်ကားချင်းတိုက်မှုမှာ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရလဲ မင်းသိလား? မိသားစုဘယ်နှခုတောင်ပြိုကွဲခဲ့ရလဲ? သူတို့ဘဝမှာ အလှူအတန်းတွေလုပ်ခဲ့တာကြောင့်သာမဟုတ်ရင် ဝဋ်ကြွေးက သူတို့တစ်ဘဝနဲ့တင် မလုံလောက်ဘူး သုံးဘဝကြာအောင်ဆပ်ရလိမ့်မယ်။”
"ကျမ တောင်းပန်ပါတယ်... ဒါတွေအကုန်လုံး ကျမ အမှားတွေပါ။ ကျမ ရုတ်တရက် နေမကောင်းဖြစ်သွားပြီး ကယောင်ကခြားဖြစ်နေလို့ ကျမ မိဘတွေက….။ အဲဒီ့အစား ကျမကို အပြစ် ပေးပါ သူတို့ကို လွတ်ပေးပါ!”
တမန်တော်သည် သက်ပြင်းချလိုက်သည်။
"နောက်တစ်နည်းလမ်းရှိပါသေးတယ်။ အခြားကမ္ဘာက သီလကြွယ်ဝတဲ့ ဇနီးမောင်နှံနှစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့သေ ဆုံးသွားတဲ့ သူတို့ သမီးဖြစ်သူရဲ့ကံကြမ္မာကို ဖလှယ်ချင်နေကြတယ်။ မင်းရဲ့အထောက်အထားကို စွန့်လွှတ်ပြီး အဲဒီကမ္ဘာမှာ အထီးကျန်တဲ့ဘဝကို ကြံ့ကြံ့ခံပြီးခံနိုင်ရည်ရှိအောင်နေနိုင်မယ်ဆိုရင် မင်းမိဘတွေအပြစ်ကင်းပြီး သာမန်မိသားစုမှာပြန်မွေးဖွားနိုင်မယ်။"
ကျီဖေး တုံ့ဆိုင်းမနေပါချေ။ သူ ချက်ချင်းသဘောတူပြီး စာချုပ်အား လက်မှတ်ထိုးခဲ့သည်။
ထို့ကြောင့် အစပိုင်တွင် သူ့ကိုယ်သူ မိဘမဲ့ဟုထင်ခဲ့သည်။
သို့သော် ဤဘဝသည် ထိုသို့အဆုံးမသတ်ခဲ့ပေ။
ခွင့်ပြုချက်မရှိ ကံကြမ္မာဖလှယ်မှုသည် ဤကမ္ဘာရှိချိန်ခွင်လျှာအား ဝင်ရောက်နှောင့်ယှက်ခဲ့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ထိုအမျိုးသားသည် ကြီးမြတ်သောကံကြမ္မာအားအမွေဆက်ခံရမည့် −ချင်ရှန့်− သူသည် ဘယ်သောအခါမှ အစားထိုးအားမနှစ်သက်ခဲ့ပါချေ။
သတ်မှတ်ထားပြီးဖြစ်သည့် ကျီဖေး၏ကံကြမ္မာအား သတိပြုမိသည့် အစားထိုးသည် ချင်ရှန့်မှ သူ့အားချစ်လာရန် မဆုတ်မ နစ် ကြိုးစားခဲ့သော်လည်း သူ့အား အဝေးသို့တွန်းပို့ခဲ့သလိုသာဖြစ်ခဲ့သည်။ သူမသည် ကမ္ဘာအား လွှမ်းမိုးချုပ်မည့်အခြားသူ များနှင့် ချိတ်ဆက်ရန်ကြိုးစားခဲ့သော်လည်းကျရှုံးခဲ့သည်။
တဖြည်းဖြည်းဖြင့် ကျီဖေး၏နေရာတွင် လုပ်ဆောင်ရမည်များအား အပြည့်အဝမလုပ်ဆောင်နိုင်ခဲ့ပေ။ သူမ ချင်ရှန့်အားမကယ်တင်ခဲ့သလို သူ ပြောင်းလဲရမည့်ကံကြမ္မာကိုလည်းမပြောင်းလဲခဲ့ပေ။ ထိုအခိုက်အတန့်တွင်အထက်အာဏာပိုင်များ သည် မျှချေမညီမျှမှာ ဆိုရွားလာသည်အား သတိပြုမိသော အခါတွင် ကျီဖေးအစစ်အားအမြန်ပြန်ခေါ်ခဲ့ကြသည်။
အတင်းအဖျင်းစနစ်ဟုခေါ်သည့် စိတ်ဖတ်စွမ်းရည်မှာ အမှန်တကယ်တော့် သူတို့ ရည်ရွယ်ထားသည့်အချိန်အား သူမအမှီလိုက်နိုင်ရန် မြေအောက်ကမ္ဘာမှ တမန်တော်များမှထောက်ပံ့ပေးသောကိရိယာများပင်။
ယခုအချိန်တွင် အရာအားလုံးချိန်ညှိနိုင်ပြီဖြစ်ပြီး ကမ္ဘာကြီးသည်လည်း တည်ငြိမ်သွားပြီဖြစ်သည်။
စနစ်နှင့် စိတ်ဖတ်စွမ်းရည်တို့သည် နောက်ဆုံးစွမ်းအားလှိုင်း ကြီးတစ်ခု၊ မဟုတ်ပေ *နှစ်ခု*အဖြစ်ပြောင်းလဲသွားကာ ကျီဖေးအတွက် အဖိုးတန်သည့်အရာအားကာကွယ်ပေးရန်ဖြစ်သည်။
……
တိတ်ဆိတ်သောဆေးရုံခန်းထဲတွင် ကုလားကာများသည် လေ ပြေလေညှင်းကြောင့် တဖျပ်ဖျပ်လွင့်နေကာအေးမြသည့်လေပြေသည် ကျီဖေး၏မျက်တောင်များအား လှုပ်ခတ်သွားစေသလို့ပင်။ သူ့အား တိတ်တဆိတ် စူးစိုက်ကြည့်နေသော အမျိုးသားသည် နှလုံးခုန်သံတဖျတ်ဖျတ် မြန်သွားကာ မျှော် လင့်ချက်များ တဟုန်ထိုးထိုးတက်သွားသော်လည်း သူမ မျက်တောင်များတည်ငြိမ်နေသေးသည်ကို တွေ့လိုက်ရချိန်တွင် တဖန်နာကျင်သွားရပြန်သည်။
"ဖေးဖေး... မင်း ဘယ်တော့ နိုးမှာလဲကွာ ? ကိုယ်….."
တံခါး ပွင့်လာခဲ့သည်။
ပါးပါးချင်နဲ့ မားမားချင်ဝင်လာပြီးနောက်မှာတော့ ချင်ရန်၊ ချင်ကျောက်နဲ့ ချင်ရုန်တို့သည် လိုအပ်သည်များအား သယ်လျှက် နောက်ကပါလာခဲ့ကြသည်။ ချင်ရှန့် ကုတင်ဘေးတွင် နိုးနိုး ကြားကြားရှိနေဆဲဖြစ်သည်အား တွေ့လိုက်ရသောအခါ သူတို့ ၏အမူအရာများသည် သနားစိတ်ဖြင့် ပျော့ပျောင်းသွားကြသည်။
ဆောင်းဦးရာသီပြီးနောက် တစ်လကျော်ကြသွားပြီဖြစ်သည်။ ခုန်ပေါက်နိုင်သည့် ရဲတိုက်သည် သူတို့ဆင်းသက်ခြင်းအားခုခံပေးခဲ့ကာ မီးတောက်ဘေးမှကယ်တင်ခဲ့သော်လည်း ကျီဖေး သည် နားမလည်နိုင်စွာပင် ကိုမာဝင်သွားခဲ့သည်။
ချင်ရှန့်သည် အခြားအရာအားလုံးအားစွန့်လွှတ်ခဲ့ကာ သူမ၏ အိပ်ရာဘေးတွင် နေ့ရောညပါ သူ့ကိုယ်သူ လုံးလုံးလျားလျား မြှုပ်နှံထားခဲ့သည်။
"ကော နေ့လည်စာစားချိန်ရောက်ပြီ၊ နားလိုက်ဦး၊ ညီမတို့ အာ့စောင်နဲ့နေလိုက်မယ်။" ချင်ရုန် ညင်သာစွာတိုက်တွန်းလိုက်သည်။
ချင်ကျောက်သည် လေတိုက်နေသည့် ပြတင်းပေါက်အား ပိတ်ရန်သွားကာ ချင်ရန်သည် ဘေးစားပွဲပေါ်ရှိ အစားအစာများအားဖြည်နေသည်။
ပါးပါးချင်သည် မျက်တွင်းများချောင်ကျနေခဲ့သည်။ မားမားချင်သည် သူ့အားထိုင်ခိုင်းကာ သူမ ကျီဖေးနှင့် ချင်ရှန့်တို့အား ညင်သာစွာစကားစမြည်ခဲ့သည်။
“ငါတို့ အခုလေးတင်ကြားခဲ့တာ− လုမေ့ဟယ် ဆုံးပါးသွားပြီတဲ့။ အဖွားလုကကြေကွဲနေပြီး ယွီလုကိုခေါ်သွားတယ်တဲ့။ အဲဒီ့ သနားစရာကောင်းတဲ့ ကောင်မလေးစိတ်ဒဏ်ရာရသွားပြီး သူ့စိတ်ဖိအားများနေတယ်ဆိုပဲ။ မင်း အဖိုးကလည်း သူတို့ကိုမတားခဲ့ဘူး…။”
ချင်ရှန့် မည်သည့် တုံ့ပြန်မှုမှမပြပေ။
ထိုနေ့ သူတို့ခုန်ချပြီးနောက်၊ လုမေ့ဟယ်သည် မယုံကြည်နိုင်စွာဖြင့် ရှေ့သို့ တိုးလိုက်ရာ မီးတောက်ထဲသို့တိုးဝင်သွားခဲ့သလို ဖြစ်သွားခဲ့သည်။ သူ ချက်ချင်းမသေခဲ့ပေ။ မီးလောင်ဒဏ်ရာကြောင့် တစ်လကြာဝေဒနာခံစားခဲ့ရသည်။ ယွီဟုန်ရှန့်အတွက်ကတော့ ချင်ရှန့်သည် သူ့အား စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်သည်။ သူ့အဖွဲ့သည် သူ၏ကျင့်ဝတ်နှင့် မကိုက်ညီသည့် အိပ်မွေ့ချခဲ့သည့် လုပ်ရပ်များ၏သက်သေများအားဖော်ထုတ်ခဲ့သည်။ ထိုကိစ္စ ဖြစ်ပွားပြီးနောက်တွင် အဆိုပါစွဲချက်များဖြင့် ယွီဟုန်ရှန့်အားထောင်ထဲသို့ပို့ခဲ့သည်။
ထူးဆန်းသည်မှာ၊ ချင်ရှန့်သည် လုမေ့ဟယ်အား အသက်ရှင်နေစေရန်လုပ်ပေးခဲ့သော်လည်း သူသည် သူမအားအသက်ရှင်စေချင်လား သေစေချင်သည်လားဆိုသည်ကိုတော့ မည်သူမျှမပြောနိုင်ပေ။ မှတ်တမ်းအားလုံးအရ သူမ၏ဒဏ်ရာများသည် သေလောက်သည်ထိပြင်းထန်သော်လည်း သူ သူမအား ထိုညှင်းပန်းမှုအားတစ်လပြည့်သည်ထိ ခံစားရရန်တွန်းအားပေးခဲ့ခြင်းဖြစ်သည်။
ဤကိစ္စသည် ပြေလည်သွားပြီဖြစ်သော်လည်း ချင်ရှန့်သည် ဘာမှမခံစားရပါချေ။ သူသည် ကျီဖေးလက်ကိုသာ ရိုးရှင်းစွာ ဆုပ်ကိုင်ထားပြီး သူမလက်ချောင်းများအား သူ့မုတ်ဆိတ်မွေး ငုတ်တိုများနှင့်ပွတ်သပ်နေခဲ့သည်….
ထို့နောက် ညည်းသံ တိုးတိုးလေးထွက်လာသည်။
"အဲ့ဒါ ယားတယ်…..”
အခန်းသည် အေးခဲသွားရသည်။
ချင်ရှန့် တောင့်တင်းသွားသည်။ နောက်တစ်ကြိမ် သူမ မျက် တောင်ခတ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် မမှားယွင်းခဲ့ပေ။ သူ့ မျက်လုံးများအား ဖြည်းညှင်းစွာဖွင့်လာပြီးနောက် သူနှင့် အကြည့်ချင်းစုံလာခဲ့သည်။
"ရှင့်ရဲ့ မုတ်ဆိတ်မွေးတွေက…... လက်ကို ခြစ်နေတယ်။”
အခန်းသည် ပင့်သက်ရှိုက်သံများနှင့်ပြည့်သွားသည်။
"ဖေးဖေး!"
"အာ့စောင်!"
ရွှင်မြူးစွာဖြင့် မယုံကြည်နိုင်သည့် အသံများထွက်လာခဲ့ကာ အသံများပဲ့တင်ထပ်နေသည်။
သို့သော် ချင်ရှန့် စကားမပြောနိုင်ခဲ့ပေ။ သူ ငိုရှိုက်နေရင်း မျက် ရည်များသည် သူ့အမြင်အာရုံကိုဝေဝါးသွားစေခဲ့သည်။
ထို့နောက် ဆုပ်ကိုင်ထားသည့် လက်မှာတဆတ်ဆတ်တုန်ယင်လာသည်။
ချက်ချင်းပင် သူ့နဖူးနှင့် သူမနဖူးအား ဖိကပ်လိုက်သည်။
ကျီဖေး၏အသံသည် အက်ရှနေသော်လည်း စွမ်းအင်များဖြင့် တောက်ပနေသည်။
"အခုမှသတိရတယ်။ ရှင်က ကျမရဲ့ ချင်ရှန့်ပဲ။ ရှင့် ကျမကိုလက်ထပ်ဖို့ကတိပေးထားတယ်နော်။ ကျမ အိပ်ရာထတာ အရမ်းနောက်ကျသွားလား ? ကျမတို့ရဲ့မင်္ဂလာဆောင်ရက်ကရော အဆင်ပြေရဲ့လား?”
ချင်ရှန့်သည် မျက်ရည်များဖြင့် ရယ်မောကာ နူးညံ့စွာဖြင့် နမ်းရှိုက်လိုက်သည်။
"ဖေးဖေး... ကျေးဇူးတင်ပါတယ်။ ကိုယ့်ဆီ ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်၊ နောက်ဘယ်တော့မှ ထပ်မသွားတော့ဘူးလို့ ကတိပေးပါကွာ။"
"ဒါဆို အရင် မုတ်ဆိတ်ရိတ်ရမယ်နော်၊ ကျမက ချောတဲ့ ကောင်လေးတွေကိုကြိုက်တာ။”သူ ရွှတ်နောက်နောက်ဖြင့် ကျီစားလိုက်သည်။
တစ်ခန်းလုံး ရယ်မောသံများထွက်ပေါ်လာသည်။
ကျီဖေး တခြားသူများအား လှည့်ကြည့်လိုက်သည်။
"မား၊ ပါး၊ ချင်ရန်ကျဲ ၊ ချင်ကျောက်၊ ချင်ရုန် ကျေးဇူးတင်ပါတယ်နော်။"
သူ ဤမိသားစုအား ကျေးဇူးတင်သည်။ သူတို့သည် သူမအား အိမ်အသစ်တစ်လုံးပေးခဲ့ခြင်းဖြစ်သည်။
"ရူးလိုက်တဲ့ ကလေး။" မားမားချင်သည် ကျီဖေး၏နောက်လက်တစ်ဖက်အားဆုပ်ကိုင်ကာ နှာတရှုပ်ရှုပ်ဖြစ်နေသည်။
ပါးပါးချင်၏ အသံသည်အက်ကွဲနေသည်။
"တောင်းပန်ပါတယ်...ဒါတွေ အားလုံး ငါ့အပြစ်တွေပါ။"
"အဲ့လိုမပြောပါနဲ့၊ ပါးမှာ ဘယ်တုန်းကမှ အပြစ်မရှိခဲ့ပါဘူး။" ကျီဖေး အခိုင်အမာပြောလိုက်သည်။
ထို့နောက် သူမသည် အဆုံးမဲ့ချစ်ခြင်းမေတ္တာများနှင့်ပြည့်နှက်နေသည့် ချင်ရှန့် မျက်လုံးများအား စိုက်ကြည့်လိုက်မိသည်။
"အိုး- တစ်ခုခုဖြစ်ခဲ့လို့များလား ? နေစမ်းပါဦး။ နှစ်ခု ?"
၎င်းတို့ သူ့မအတွေးများအားမကြားနိုင်တော့သည်ကို သူ သိသောကြောင့် သူမ အသံထွက်ကာ မေးလိုက်သည်။
လူတိုင်းသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျီဖေး မျက်တောင်ခတ်လိုက်သည်။
"ဟင့်အင်း ? စနစ်က သူ ထွက်မသွားခင်မှာ ကျမကိုပြောသွားခဲ့တာ"
ခေတ္တရပ်သွာကြပြီးနောက် တစ်ယောက်သည် မရေရာစွာဖြင့် အရဲစွန့်ပြောလိုက်သည်။
"မဟုတ်မှလွဲရော... အဲဒါ...?"
ချင်ရှန့်မျက်နှာသည် ချက်ချင်းနီရဲသွားကာ ကျီဖေး၏ နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
"ကောင်းပြီ၊ ကိုယ်တို့ရဲ့မင်္ဂလာပွဲကို နောက်နည်းနည်းလေးရွှေ့ရမယ်။ မင်း အပြည့်အဝပြန်ကောင်းလာမှ ကိုယ်တို့ ဆေးရုံက ဆင်းကြမယ်။”
"ဟမ်၊ ဒါပေမယ့် ကျမ နေကောင်းပါတယ်- ဒီအတိုင်း နည်းနည်းလေး ဗိုက်ဆာနေရုံပဲ။"
"ဒါပေမယ့်... မင်း ကိုယ်ဝန်ရှိနေပြီ"
ကျီဖေး…
"ဘာကြီး ?"
"မင်း ကိုယ်ဝန်ရှိနေပြီ...၊ ပြီးတော့ အမွှာလေးတွေ။"
ကျီဖေး: အားးးးးးးး!
"ဒါက ဘယ်လိုဖြစ်သွားတာလဲ။ ငါ့ ဘဝသစ်ကိုတောင် ပျော်ပျော်ကြီးတောင် မစရသေးဘူး! ငါ့ယောကျ်ားနဲ့ ချစ်ကြည်နူးတာတွေ အကုန်မလုပ်ရသေးဘူး။ ငါ မလုပ်ရ…….ဒါတွေအ ကုန် ရှင့်အမှားတွေချည်းပဲ! ရှင့်ကို ဘယ်သူက…….အား! ရှင် လူဆိုးကောင်!"
ချင်ရှန့်သည် သူ့ဇနီး၏ပေါက်ကွဲမှုအားခံရတော့သည်။ ဤအ ရာမှာ တကယ်ပင် သူ့အမှားဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူလည်း ဤကဲ့သို့ဖြစ်ရန်ကြံစည်ခဲ့ခြင်း မဟုတ်ပါချေ။ သူသည် ကျီဖေးနှင့် အတူရှိခဲ့ချင်ရုံသာဖြစ်သည်။
ထိုအချိန် ချင်မိသားစုသည် အပြုံးမရပ်နိုင်တော့ချေ။ ကလေးများလည်းအန္တရာယ်ရှိသော အခြေအနေများကြားမှာ အသက်ရှင်ခဲ့ပြီး ၎င်းတို့၏အခြေအနေမှာတည်ငြိမ်ခဲ့သည်။ တစ်ခုတည်းသောစိုးရိမ်မှုမှာ ကျီဖေးသည် ပင်ပန်းနွမ်းနယ်မှုကြောင့် သတိမေ့မြောနေခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား ယခု သူလည်း နိုးလာပြီဖြစ်ကာ ဘာမှ စိတ်ပူစရာမလိုတော့ပေ။
တစ်လအကြာတွင် ကျီဖေး ဆေးရုံမှဆင်းခဲ့သည်။
သူတို့၏သူငယ်ချင်းများသည် မင်္ဂလာဝတ်စုံ ပြောင်းလဲခြင်း၊ နေရာအား ကြိုတင်စာရင်းသွင်းခြင်းနှင့် အခမ်းအနားစီစဉ်ခြင်းတို့အား ချက်ချင်းလုပ်ဆောင်ပေးခဲ့ကြသည်။
ဤကဲ့သို့သော အဖြစ်ဆိုးမျိုးကြုံခဲ့ရပြီးနောက် မင်္ဂလာပွဲသည် ပျော်ရွှင်မှုနှင့် ပိုလို့ပင်ထိုက်တန်ခဲ့သည်။
ချစ်ရသူများဖြင့် ဝိုင်းရံလျှက်၊ ချင်ရှန့်သည်လွန်ခဲ့သည့်နှစ်များမှကတိပေးသည့်အတိုင်း သူ့မင်းသမီးလေး၏လက်အားဆုပ် ကိုင်ကာ လက်ထပ်နိုင်ခဲ့ပြီဖြစ်သည်။
ကျီဖေးအတွက်ကတော့ ဤမျှအလှည့်အပြောင်းများအားလုံး ကြုံရပြီးနောက်တွင် သူမအား ဘုရားကျောင်းသို့ခေါ်ဆောင် သွားမည့်သူမှာ တိတ်ဆိတ်ကာ၊ ချောမောသည့် သူမ ကလေး ဘဝမှကောင်လေးဖြစ်လိမ့်မည်ဟု ဘယ်သောအခါမျှမစဥ်းစားကြည့်ခဲ့ဘူးပါချေ။
နေရောင်ခြည်သည် ကြင်စဦးဇနီးမောင်နှံ၏ခေါင်းပေါ်တွင် လွှမ်းခြုံထားခဲ့သည်။
သူတို့ပျော်ရွှင်ကြရမှာပါ။
အားလုံးလည်း ကိုယ့်ရဲ့ပျော်ရွှင်မှုကို ရှာတွေ့နိုင်ကြပါစေ!