← Chapters

ငွေမရှိခြင်း

Vol. 79 Ch. 1171

ငွေမရှိခြင်း

Vol. 79 Ch. 1171

အန်းရှို့ရှို့သည် ချူးယွင်ဖန်းကို စိတ်မသက်မသာ ကြည့်နေသည်။ ဤသို့‌နောက်ကျသောအချိန်မှ မွေးနေ့ပွဲသို့ သူ့အားဖိတ်ကြားခြင်းသည် အနည်းငယ်ရိုင်းလှသည်။ သို့သော် ထိုမတိုင်မီက သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် မသိခဲ့ကြပေ။ စီတုမြောင်ယီင်ယီသည် ချူးယွင်ဖန်းမည်သူဖြစ်သည်ကိုပင် မသိသောကြောင့် သူမသည် လူများစွာကို ဖိတ်ကြားထားသော်လည်း ချူးယွင်ဖန်းကို ဖိတ်ကြားရန် ခက်ခဲလိမ့်မည်။

သို့သော် ယနေ့နောက်ပိုင်းတွင်၊ ချူးယွင်ဖန်းသည် ကောလဟာလများပြောထားသလောက် မရိုးရှင်းကြောင်း စီတုမြောင်ယီက သဘာဝကျကျနားလည်လာခဲ့ရာ အမှိုက်မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအချိန်၌ စီတုမြောင်ယီသည် ချူးယွင်ဖန်းကို ဖိတ်ကြားလိုစိတ်ပေါ်လာသည်။ ပထမတွင် အန်းရှို့ရှို့သည် ယင်းကို စိတ်ထဲမထားလှဘဲ သတင်းပါးပေးရုံမျှသာ သဘောထားခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် များပြားလှသော စွမ်းရည်များကို မြင်ခဲ့ပြီးနောက် သူ့အပေါ် သူမ၏ အထင်ကြီးမှုက ပိုမိုလေးနက်လာခဲ့သည်။

ချူးယွင်ဖန်းသည် သူအသုံးပြုနေသော ကျင့်ကြံနည်းစနစ်ကို မည်သို့မြင်နိုင်သည်ကို သူမ မသိနိုင်သေးပေ။ ဤသည်မှာ အံ့သြဖွယ်ရာ အကောင်းဆုံးအရာဖြစ်သည်။ ထို့ကြောင့် ဤသို့အခြေအနေမျိုးတွင် သူ့ရှေ့၌ ဂုဏ်ယူဝံ့ကြွားမနေရဲပေ။

"ကောင်းပြီ၊ ကိစ္စမရှိပါဘူး” ချူးယွင်ဖန်းက ခေတ္တတွေးကြည့်လိုက်ပြီးနောက်မှ သဘောတူလိုက်သည်။

“ကောင်းလိုက်တာ။ ဒါဆို ငါ သူ့ကို ပြန်သွားပြီးပြောလိုက်ဦးမယ်။ မနက်ဖြန်မနက်ကျ ဒီကို အချိန်မီပြန်လာခဲ့မယ်နော်” အန်းရှို့ရှို့က အလျင်အမြန်ပြောလိုက်သည်။

ထို့နောက် အန်းရှို့ရှို့အမြန်ထွက်သွားသည်။

ချူးယွင်ဖန်းက ချူးဟုန်ချိုင်ဘက်သို့လှည့်ကာပြောလိုက်သည်။

“ဟုန်ချိုင် ပြန်သွားပြီး လေ့ကျင့်ချေ။ မင်းရဲ့ကျင့်ကြံရေးအဆင့်ကိုခိုင်မာအောင်လုပ်။ နောက်တစ်လအတွင်း ငါမင်းကို အထူးလေ့ကျင့်ပေးမယ်။ မင်းသာ ကြိုးစားရင် ပြဿနာမရှိဘဲ နတ်အဆင့်ကို တက်နိုင်မှာပါ”

“ဟုတ် အစ်ကိုဖန်း ကျွန်တော ဒါဆို ပြန်တော့မယ်” ချူးဟုန်ချိုင်က ခေါင်းညိတ်လိုက်သည်။

၎င်းတို့နှစ်ယောက်ကိုပြန်ခိုင်းပြီးနောက် ချူးယွင်န်းသည် ခြံအပြင်ဘက်တွင်ရပ်လျက် လေညှင်းခံနေလိုက်သည်။ ယနေ့ အဖြစ်အပျက်များစွာဖြစ်ပျက်သွားသော်လည်း သူဆက်သွားမည့်လမ်းက သူ့အတွက် အလွန်ရှင်းလင်းလှသည်။ ယခု သူသည် အခြေခံအားဖြင့် ဒုက္ခိတတစ်ဝက်ဖြစ်နေပြီဖြစ်ရာ သူ၏

ရုပ်ခန္ဓာသည် ပြန်လည်ကောင်းမွန်လာသော်လည်း ကျင့်ကြံရေးအဆင့် ပြန်လည်ကောင်းမွန်လာရန် အချိန်လိုသေးသည်။ ထို့ကြောင့် အချိန်နည်းနည်းထပ်ရလျှင် သူ အနည်းငယ် ပြန်ကောင်းလာရန် လုံလောက်ပေလိမ့်မည်။

သို့သော် သူအပြည့်အဝပြန်လည်ကောင်းမွန်လိုပါက သို့မဟုတ် နောက်ထပ်တစ်လှမ်းတက်လိုပါက ပြန်လည်နာလန်ထူရန် ဆေးပညာကို အားကိုးရမည်ဖြစ်သည်။ ထို့အပြင် ယင်းက ငွေအမြောက်အမြားလိုအပ်သည်။ ထို့အပြင် ချူးဟုန်ချိုင်သည်လည်း နတ်အဆင့်သို့ ဖြတ်ကျော်စေချင်ခြင်းဖြစ်သည်။ မှန်သည်။ တစ်လတာအတွင်းတွင် အောင်မြင်စွာအဆင့်ဖြတ်ကျော်နိုင်ရန် မဖြစ်နိုင်ပေ။ ဤသည်က ချူးယွင်ဖန်းပင် မလုပ်နိုင်သောအရာဖြစ်သောကြောင့် ချူးဟုန်ချိုင်ကိုလည်း လုပ်ခွင့်မပေးခြင်းမှာ သဘာဝကျသည်။

သူသည် တစ်လအတွင်း အခြေအနေကိုပြောင်းပြန်ဖြစ်စေရန် အံ့ဖွယ်ကိစ္စများဖြစ်လာစေရန်အတွက် ဆေးအမြောက်အမြားလိုအပ်သည်။ ချူးယွင်ဖန်း၏ အမြင်အာရုံနှင့် ဆိုလိုချက်များက အတန်ငယ်အလျင်စလိုဖြစ်လှသော်လည်း နောက်ဆက်တွဲဆိုးကျိုးများကို သဘာဝအတိုင်း ပြေလျော့စေနိုင်သည်။ သူသည် တစ်လအတွင်း ဖြတ်ကျော်ရမည်ဖြစ်သော်လည်း၊ ချဲ့ကားသော အဆင့်တက်မှုမျိုးသည်မူ ဝေးကွာလွန်းသည်။

နတ်အဆင့် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့သော တန်စီယု၏ ကျင့်ကြံရေးအဆင့်ထက်ပင် ပို၍ ဆိုးဝါးသည်။ သူ သတိထားနေသရွေ့ ယင်းက ပြဿနာဖြစ်လိမ့်မည်မဟုတ်ပေ။

ယခုပင် အန်းရှို့ရှို့က စီတုမြောင်ယီ၏ မွေးနေ့ပွဲသို့ ဖိတ်ကြားခဲ့သည်။ သူ ပါတီကို သွားမည်ဖြစ်သဖြင့် မွေးနေ့လက်ဆောင် ပါရမည်မှာလည်း သဘာဝပင်ဖြစ်ရာ ချူးယွင်ဖန်းက သူမကို မည်သည့်လက်ဆောင်ပေးရမည်ကိုတွေးထားပြီးသာဖြစ်သည်။ သူသည် သူမကို နတ်စွမ်းအင်ဖြည့်တင်းဆေးပေးလိမ့်မည်ဖြစ်သည်။

စီတုမြောင်ယီက မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူမ နတ်အဆင့်သို့ ဖြတ်ကျော်နိုင်ရန် ဤဆေးလုံးထက် ပို၍ ကောင်းမွန်သည့်လက်ဆောင်က မည်သည့်နေရာတွင်ရှိမည်နည်း။

နတ်စွမ်းအင်ဖြည့်တင်းဆေးကို လက်ဆောင်ပေးခြင်းသည် နတ်အဆင့်တွင် အခြေခံအားဖြင့် အနာဂတ်ကို လက်ဆောင်ပေးခြင်းဖြစ်သည်။ ယင်းထက်ပိုတန်ဖိုးရှိသောအရာရှိနိုင်မည်မဟုတ်ပေ။

သို့သော် သူ၏ ဒဏ်ရာကိုကုသရန် ဆေးလုံးလုပ်ရန်သို့မဟုတ် နတ်စွမ်းအင်ဖြည့်တင်းဆေးနှစ်လုံးကိုပြုလုပ်ရန် ငွေအမြောက်အမြားလိုအပ်မည်ဖြစ်သည်။ တကယ်တမ်းတွင်အန်းရှို့ရှို့ပေးခဲ့သော အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးတစ်သိန်းသည် ယာယီဖြေရှင်းချက်တစ်ခုမျှသာဖြစ်၍ တကယ်တမ်းတွင် မည်သည့်အရာကိုမျှ လုပ်၍ မရသည့်အလားပင်ဖြစ်သည်။ အထူးသဖြင့် ဤအဆင့်ရှိသော ဆေးလုံးများအတွက် ၎င်းတို့သည် အဆင့်နိမ့်ကျောက်တုံးများဖြင့် ဝယ်ယူနိုင်သော သာမန် ဆေးလုံးများမဟုတ်ပေ။

ပါဝင်ပစ္စည်းတိုင်းက အလွန် စျေးကြီးသည်။ ဆိုလိုသည်မှာ ချူးယွင်ဖန်းသည် ငွေရှာရန် နည်းလမ်းရှာရမည်ဖြစ်ကာ အတတ်နိုင်ဆုံးအ ချိန်တိုအတွင်း ငွေရှာရမည်ဖြစ်သည်။ ချူးယွင်ဖန်းတွေး

နိုင်သည့် တစ်ခုတည်းသောအရာမှာ ဆေးလုံးများထုတ်လုပ်ရန်ဖြစ်သည်။ သူသည် ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ၎င်းနှင့် သဘာဝအတိုင်းအလွန်ရင်းနှီးသည်။

သို့သော် ငွေရှာရန် ဆေးပညာကို အားကိုးလိုပါက ယုံကြည်စိတ်ချမှုရလိုလျှင် ဆေးပညာအစည်းအရုံး၏ အကဲဖြတ်ချက်ကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ဝေ့နိုင်ငံတော်တွင် ပြညထောင်စုကဲ့သို့ ဆေးပညာရှင်အဖွဲ့လည်းရှိသည်။ အခြေခံအားဖြင့် မဟာဝေ့နိုင်ငံတော်ရှိ ဆေးပညာရှင်များအားလုံးသည် ယင်းအသင်းဝင်များဖြစ်ကြသည်။

ငွေရှာရန် ဆေးပညာကို အားကိုးလိုပါက၊ ဆေးပညာအစည်းအရုံး၏ ခွင့်ပြုချက်ကို ဦးစွာရယူရပေမည်။ အရည်အချင်းအကဲဖြတ်ခြင်း အောင်မြင်ပြီးသမျှကာလပတ်လုံး အောင်လက်မှတ်ရနိုင်မည်ဖြစ်ကာ မဟာဝေ့နိုင်ငံတော်တွင် ယုံကြည်ကိုးစားခြင်းကိုခံရနိုင်သည်။ ချူးယွင်ဖန်းသည် သူ့ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သည်ဖြစ်စေ အခြားသူများကို ဆေးထုတ်ရာတွင်ကူညီပေးချင်သည်ဖြစ်စေ၊ ယင်းကိုထောက်ပံ့ရန် ငွေ အမြောက်အမြားလိုအပ်ပေလိမ့်မည်။ ဆုံးဖြတ်ချက်ချပြီးနောက် ချူးယွင်ဖန်းက အချိန်မဖြုန်းတော့ဘဲ သေးငယ်သော ဝင်းအတွင်း၌ တင်ပျဥ်ခွေထိုင်ကာ သူ၏ မရီဒျန်များကို ပြုပြင်ရန်အတွက် နတ်ဘုရားစိတ်ဝိဉာဥ်ကို အတင်းအကျပ် စုရုံးလိုက်သည်။

နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း ဖြစ်စဉ်နှစ်ရပ်ကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများမှာ ပေါက်နေဆဲဖြစ်သည်။ ဤအဖြစ်အပျက်နှစ်ခုမှတစ်ဆင့် လူများစွာသည် အများအားဖြင့် နိမ့်ကျသော သခင်လေးဖန်းသည် အခြားသူများထင်ထားသကဲ့သို့ ပျော့ညံ့သူမဟုတ်ကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။ သူသည် ချုးယန်ဟွေ့အား တစ်ချက်တည်းဖြင့် ကန်ချခဲ့သည်။

ဤအဖြစ်အပျက်ကြောင့် ချူးယွင်ဖန်းသည် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း လူများစွာက သိရှိလာခဲ့သ်ည။ သူ၏ တိုက်ခိုက်ရေးစွမ်းအာက နတ်အဆင့်သို့ရောက်နေပြီဟုပြော၍မရနိုင်သော်လည်း သူသည် မွေးဖွားခြင်းနယ်မြေအဆင့်မှ ထူးချွန်သူတစ်ဦးဖြစ်နိုင်သေးသည်။ ထို့အပြင် ယင်းက လုံလောက်နေပြီဖြစ်သည်။ အိမ်ရှေ့မင်းသားနေရာအတွက် လျှောက်ထားသူအများအပြားတွင် ချူးဟောက်ယွီနှင့် ချူးရှို့ကျဲတို့သာလျှင် နတ်အဆင့်သို့တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ရာ အထူးသဖြင့် ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို ချူးရှို့ကျဲအား တစ်လအတွင်းစိန်ခေါ်ရန် ခိုင်းစေခဲ့သည့် ကြေညာချက်သည် အိမ်တော်တစ်ခုလုံးသို့ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။

ဤသည်မှာအိမ်ရှေ့မင်းသားရာထူးအတွက် တိုက်ပွဲ၏ တဖြည်းဖြည်း တည်ငြိမ်သော အခြေအနေတွင် ပေါ်ပေါက်လာခဲ့သည့် လှိုင်းသစ်တစ်ခုဖြစ်သည်။ ယနေ့ဖြစ်ရပ်နှစ်ခု၌ ချူးရှို့ကျဲသည် ချူးယွင်ဖန်းအား မျက်နှာပျက်စေခဲ့ကာ ချူးယွင်ဖန်း၏ အမည်က ပထမဆုံးအကြိမ်အဖြစ် ပို၍ အရေးကြီးလာခဲ့သည်။

မှန်သည်။ ဤသည်က မြို့စားကျုံးရှင်၏ အိမ်တော်၌သာ ဖြစ်၍ ပြင်ပလူများအတတွက် သေးငယ်သော လှိုင်းလုံးများပင် သက်ရောက်မည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ ပြင်းထန်သော လှုပ်ရှားမှုကြောင့် ချူးရှို့ကျဲနှင့် ချူးဟောက်ယွီတို့ အဖွဲ့နှစ်ဖွဲ့သည် ရုတ်တရက် နိုးကြားလာခဲ့သည်။

မြို့စားကျုံးရှင်၏ နေအိမ်တွင် ချူးရှို့ကျဲနှင့် အခြားသူများအားလုံး အတူတကွစုရုံးနေကြရာ လေထုက အလွန်အမင်းလေးနက်လျက်ရှိသည်။

"ဒီနေ့ကိစ္စကို ဒီအတိုင်းလွှတ်ထားလို့ရမလား"

ချူးယန်ဟွေ့ကို ထူထဲသော ပိတ်ပါးလွှာဖြင့် ပတ်တီးရိုက်ထားသည်။ စကားပြောရပ်သည့်အခါ ရင်ဘတ်မှကျိုးနေသော နံရိုးများကို အနည်းငယ်ဖိချလိုက်ရသည်။ နာကျင်မှုက ပြင်းထန်လွန်းလှသဖြင့် အံကြိတ်ထားရ၏။

“ဒါပေါ့ ငါတို့ ဒီကိစ္စကို ဒီတိုင်းလွှတ်ထားလို့မရဘူး။ ငါတို့ သူနဲ့ မကြာခင် စာရင်းရှင်းရမယ်” ချူးရှို့ကျဲက ညစ်‌ထေးစွာပြုံး၍ပြောသည်။

“မြို့စားကျုံးရှင်နဲ့ သခင်မကြီးတို့ ပြန်မလာသေးတာကို အခွင့်ကောင်းယူပြီး သူ့ကို ဘယ်သူမှ မသိလိုက်ခင် သတ်ပစ်လိုက်ကြမလား”

ဤအခိုက်အတန့်တွင် လူတစ်ယောက်က ယုတ်ညံ့သော သဘောဖြင့် အကြံပြုလိုက်သည်။

All Chapters