ချူးယွင်ဖန်းမသိတာ လောကမှာရှိသေးလား
Vol. 79 Ch. 1172
“ဒါက ရူးနှမ်းတဲ့ အကြံပြုချက်ပဲ။ ငါ ဘယ်လိုလုပ်ရမှာလဲကွ” ချူးရှို့ကျဲက အပြစ်တင်လိုက်သည်။
သူ့မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ သန်းသွားသော်လည်း မကြာမီ၌ပင် မဖြစ်နိုင်ကြောင်းသဘောပေါက်နားလည်သွားသည်။ ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်တို့၏ ပုံမှန်လှုပ်ရှားမှုများသည်မူ မြို့စားကျုံးရှင်၏နေအိမ်အတွင်းဖြစ်သည်။ အများဆုံးအနေဖြင့် ၎င်းတို့သည် ခုန်းလုံမြို့တွင်သာ လှုပ်ရှားကြသည်။ ၎င်းတို့နှစ်ဦးကိုသုတ်သင်ရန် လူငှားရမ်းချင်ကြသော်လည်း တင်းကျပ်သော လုံခြုံရေးအရ ခုန်းလုံမြို့နှင့် မြို့စားကျုံးရှင်း၏ နေအိမ်တွင် မည်သို့သော ထူးချွန်သော ကျွမ်းကျင်သူကို ငှားရမ်းနိုင်လိမ့်မည်နည်း။ မွေးဖွားခြင်းနယ်မြေအဆင့်ကိုမူ ထည့်သွင်းစဥ်းစားရန်ပင်မလိုဘဲ အနည်းဆုံး နတ်အဆင့်တွင်ရှိမှရပေမည်ဖြစ်သည်။
ထို့အပြင် စျေးနှုန်းသည် ပုံမှန်ထက် များစွာမြင့်မားပေလိမ့်မည်ဖြစ်သည်။ ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသော တန်ကြေးကိုတွေးမိသောအခါ သူ၏ သွားများနာကျင်လာသည်။ ခုန်းလုံမြို့တွင် လူသတ်ရန် နတ်အဆင့်လူသတ်သမားများကို ငှားရမ်းခြင်းသည် သူ့ကိုဒေဝါလီခံစေလိမ့်မည်ဖြစ်သည်။ ထိုပမာဏကို မတတ်နိုင်သဖြင့် ကိုယ်တိုင်လုပ်ရန်သာကျန်တော့သည်။
ဤသည်မှာ မဖြစ်နိုင်ကြောင်း သူသိသည်။
“အဲ့လို ပညာရှင်ကို ဖိတ်နိုင်မဖိတ်နိုင်ဘူးလားဆိုတာနဲ့ပတ်သက်ပြီး မပြောကြနဲ့တော့ အရင်မင်းသားတွေအကုန်သေသွားတာကို အားလုံးမေ့နေကြပြီလား။ ဦးလေးနဲ့ ဘွားဘွားက ဒီလိုကိစ္စမျိုးကို မုန်းတယ်။ ရူးနေလား မင်း” ချူးရှို့ကျဲက ချက်ချင်းပင် ဒေါသတကြီးအော်ဟစ်လိုက်သည်။
အခြားသူများက စဥ်းစား၍ သဘောတူလိုက်ကြသည်။ ယခင်မင်းသားများအားလုံးက လုပ်ကြံသတ်ဖြတ်သူများ၏ လက်ထဲတွင် သေကုန်ကြပြီဖြစ်သည်။ မြို့စားကျုံးရှင်တို့ တစ်အိမ်သားလုံးသည် ဤကိစ္စတွင် အလွန်အကဲဆတ်ကြသည်။ ဤကဲ့သို ထပ်မံဖြစ်ပျက်ပါက ၎င်းတို့ မည်မျှ သန့်သန့်ရှင်းရှင်းလုပ်ခဲ့သည်ဆိုသည်က အရေးမကြီးတော့ပေ။ ၎င်းတို့ သံသယဖြစ်ခံရသရွေ့ အိမ်ရှေ့စံဖြစ်ရန် အရည်အချင်းရှိစေကာမူ ဖြုတ်ချခြင်းခံရမည်ဖြစ်သည်။
ထို့ကြောင့် မြို့စားကျုံးရှင်က မည်မျှ ဒေါသဖြစ်မည်ကို အလွယ်တကူ တွေးကြည့်နိုင်သည်။ ချူးယွင်ဖန်း၏ ကန်ချက်က ချူးယန်ဟွေ့အပေါ် အလွန် ရက်စက်လှသော်လည်း သူ့တွင် စစ်မှန်သော စွမ်းအင် သို့မဟုတ် နတ်စွမ်းအင်မရှိသည့် အချက်က သိသာလှသည်။ ထို့ကြောင့် သူသည် နတ်အဆင့်တွင်မရှိနေနိုင်ပေ။ သူက နတ်အဆင့်တွင် မရှိနေသရွေ့ ဤကိစ္စက သူ့အပေါ် ထိရန် မဖြစ်နိုင်ပေ။
“သူ့သေတွင်းသူတူးမိမယ့်အချိန်ကို ငါစောင့်နိုင်တယ်။ ချူးဟုန်ချိုင်က ငါ့ကို တစ်လအတွင်းစိန်ခေါ်လိမ့်မယ်လို့ သူပြောခဲ့တာမလား။ တကယ်လို့ ကွင်းထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကို အပြစ်တင်လို့မရဘူး”
“သခင်လေးက တကယ်ပညာရှိပါပေတယ် သခင်လေးကျဲ” လူတိုင်းက တညီတညွတ်တည်းပြောကြသည်။
နောက်နေ့မနက်တွင် နေက အရှေ့အရပ်မှ ထွက်လာကာ အနောက်အရပ်မှ ပြန်ထွက်သွားသည်။
ခြံဝင်းအတွင်းတွင် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသော ချူးယွင်ဖန်း၏ တစ်ကိုယ်လုံးသည် နံနံခင်း၏ မြူနှင်းရည်များဖြင့် ဖုံးလွှမ်းနေသည်။ ရုတ်တရက် သူ အနည်းငယ်လှုပ်ယမ်းလိုက်ရာ အရေပြားပေါ်မှ နှင်းရည်များအားလုံး ချက်ချင်း လျင်မြန်စွာပျောက်ကွယ်သွားသည်။
ထို့နောက် ချူးယွင်ဖန်းက မတ်တပ်ရပ်လိုက်သည်။ တစ်ညတာ ကျင့်ကြံပြီးနောက်၊ သူသည် သူ၏ နတ်စွမ်းအင်အချို့ကို ပြန်လည်ရရှိခဲ့သည်။ ယင်းက အလွန်နညးလှသဖြင့် တောင်မြစ်ပန်းချီကားကို ဖွင့်ရန်မလုံလောက်သော်လည်း နေရာလွတ်အိတ်ထောင်များကိုမူ ဖွင့်ရန် လုံလောက်သည်။ အရေးအကြီးဆုံးမှာ ဤအခြေခံအုတ်မြစ်ဖြင့် သူ၏ ပြန်လည်နာလန်ထူမှုအချိန်သည် မတည်မငြိမ်ဖြစ်နေသော်လည်း ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
နံနက်စာ အနည်းငယ်စားပြီးနောက် သူက ချူးဟုန်ချိုင်ထံသို့ သတင်းပို့လိုက်သည်။ တစ်ညတာကျင့်ကြံပြီးသည့်နောက်တွင် သူ၏ ကျင့်ကြံရေးအခြေကို တည်မြဲခိုင်ခံစေနိုင်ရန် ထိန်းထားသော်လည်း သူ၏ စိတ်က ပြန်လည် ကောင်းမွန်လာခြင်းမရှိခဲ့ပေ။
“အစ်ကိုဖန်း ကျွန်တော် ကျင့်ကြံရေးအခြေကို ခိုင်ခံ့အောင်လုပ်ပြီးပြီ။ ချူးဟုန်ချိုင်က ပြောသည်။
“အင်း မဆိုးပါဘူး။ ဒါပေမယ့် မလုံလောက်သေးဘူး။ ငါနဲ့လိုက်ခဲ့ချေ” ချူးယွင်ဖန်းက ခြံဝန်းထဲသို့ ရောက်ရှိလာပြီးနောက် ၎င်း၏ အိတ်ကိုဖွင့်ကာ ဘေးပတ်ပတ်လည်၌ အဆင့်နိမ့်ဝိဉာဥ်ကျောက်များကို စီ၍ ချလိုက်သည်။
နောက်ဆုံးတစ်လုံးကို ထည့်လိုက်သောအခါ အခင်းအကျင်းတစ်ခုလုံး စတင်လည်ပတ်လာသည်။ ချူးဟုန်ချိုင်က ပတ်ဝန်းကျင်ရှိ ဝိဉာဥ်စွမ်းအင်ကို ချက်ချင်းခံစားလိုက်ရသည်။
ဝိဉာဥ်နယ်မြေရှိ ဝိဉာဥ်စွမ်းအင်သည် အလွန်သိပ်သည်းလွန်းလှသည်။ မြို့စားကျုံးရှင်၏ နေအိမ်ကို ဖုန်းရွှေနှင့်အညီတည်ဆောက်ထားခြင်းဖြစ်၍ ဤနေရာရှိ ဝိဉာဥ်စွမ်းအင်သည် အပြင်ဘက်ထက် ဆယ်ဆပိုမိုပြင်းထန်သည်။ သို့သော် ချူးယွင်ဖန်းက အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးများစွာကို အသုံးပြုပြီးနောက် ထိုဒေသရှိ ဝိဉာဥ်စွမ်းအင်သည် မြို့စားကျုံးရှင်၏ နယ်မြေထက် အဆများစွာပို၍ ပြင်းထန်ခဲ့သည်။ ထို့ကြောင့် သေးငယ်သော အထွတ်အမြတ်နယ်မြေတစ်ခုနှင့် နှိုင်းယှဥ်၍ ရလုနီးနီးပင်ဖြစ်သည်။ သို့သော် အခြားမင်္ဂလာရှိသော ကောင်းကင်ဘုံနယ်မြေများသည်
ကြွယ်ဝသောဝိညာဉ်စွမ်းအင်ကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်သည့် ဝိညာဉ်သွေးပြန်ကြောများဖြင့် စတင်ဖြစ်ပေါ်လာခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်းတည်ထောင်ထားသည့် အခင်းအကျင်းသည် သေးငယ်သော စွမ်းအင်အချို့သာရှိကာ ကောင်းကင်နေရာတစ်ခု၏ အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်သော်လည်း ၎င်းကိုထိန်းသိမ်းရန်အတွက် ဝိဉာဥ်စွမ်းအင်သုံးစွဲရန် လိုအပ်သည်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ အခင်းအကျင်းလဲ” ချူးဟုန်ချိုင်က ထိတ်လန့်တကြားပြောကာ အကိုဖန်းက သူထင်ထားသည်ထက် ပို၍ပင်ဆန်းကြယ်သည်ဟု ခံစားနေရသည်။
‘သူမသိတာ ရှိရော ရှိသေးရဲ့လား’
“နောင်ကျ မင်းဒီမှာ လေ့ကျင့်ရမယ်။ ဒီမှာ လေ့ကျင့်တဲ့အရှိန်က အပြင်မှာထက်ပိုမြန်လိမ့်မယ်။ ဒါက အခြေခံအုတ်မြစ်ပဲ။ ချူးရှို့ကျဲကို တစ်လအတွင်းအနိုင်ယူဖို့ကတော့ လုံလောက်တာထက်ပိုတယ်” ချူးယွင်ဖန်းကပြောသည်။ ချူးယွင်ဖန်းသည် အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံးများတွင်ပါဝင်သော ဝိဉာဥ်စွမ်းအင်ကို တိုက်ရိုက် ဝါးမြိုရန် ပိုမိုရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခုရှိသဖြင့် ဤသို့ ရှုပ်ထွေးသော အခင်းအကျင်းများကို ပြုလုပ်လေ့မရှိပေ။ ပုံမှန်အားဖြင့် သူသည် စွမ်းအင်ကို တိုက်ရိုက်ဝါးမြိုချခြင်းဖြစ်ရာ ဤနည်းက အခင်းအကျင်းတစ်ခု အဖြစ်ဖွဲ့စည်း၍ စုပ်ယူသောနည်းထက် များစွာထိရောက်သည်။ သို့သော်လည်း ကျင့်ကြံသူအတွက် အလွန်မြင့်မားသော
လိုအပ်ချက်များလည်း ရှိသည်။ ချူးဟုန်ချိုင်သည် ချူးယွင်ဖန်း၏ ဝိဉာဥ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူသောလမ်းစဥ်အတိုင်းလိုက်လုပ်ပါက တစ်ခုတည်းသောရလဒ်မှာ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသေဆုံးသွားခြင်းသာဖြစ်သည်။
“ ဒီဝိဉာဥ်ကျောက်တုံးတွေချထားတဲ့နေရာကို မှတ်ထား။ ငါမရှိတုန်း ကျောက်တုံးထဲက ဝိဉာဥ်စွမ်းအင်တွေကုန်သွားရင် မင်းကိုယ်တိုင်ယူပြီးသုံးလို့ရတယ်” ချူးယွင်ဖန်းက ပြောသည်။
“နားလည်ပါပြီ” ချူးဟုန်ချိုင်က ခေါင်းညိတ်လိုက်သည်။
မကြာခင်၌ပင် အနီရောင်ဝတ်ထားသော အန်းရှို့ရှို့က ခြံဝင်းအပြင်ဘက်တွင်ပေါ်လာသည်။ ခြံဝင်းဘေးသို့
လှမ်းဝင်လိုက်သည့်အခိုက်တွင် နေရာတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များ အလွန်သိပ်သည်းနေသဖြင့် လွင့်စင်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်နေသည်။ သူမသည် ဝိဉာဥ်စွမ်းအင်ထဲ၌ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ အခင်းအကျင်းလဲ” အန်းရှို့ရှို့က အံ့သြတကြီးပြောလိုက်သည်။
ချူးဟုန်ချိုင်နှင့် နှိုင်းစာလျှင် ချူးယွင်ဖန်း၏ အခင်းအကျင်းက မည်မျှ ပိုမို အံ့သြဖွယ်ကောင်းသည်ကို သူမပိုသိသည်။ မြို့စားကျုံးရှင်၏ နေအိမ်သည် ကောင်းမွန်သော ဖုန်းရွှေနေရာ၌ရှိရာ ဤနေရာ၌ ချူးယွင်ဖန်းသည် ၎င်းထဲမှ ရုန်းထွက်ရန်နှင့် မြို့တော်ကျုံးရှင်၏ ဝိဉာဥ်စွမ်းအင်ကို ဆွဲဆောင်နိုင်သော နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။
“ဒီလိုနေရာမျိုးမှာ လေ့ကျင့်တာ အားထုတ်မှုတစ်ဝက်နဲ့ရလဒ်နှစ်ဆပဲ”
အန်းရှို့ရှို့သည် ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်စွမ်းအင်၏ အရေးကြီးပုံကို သဘာဝကျကျ နားလည်ထားသည်။ ချူးယွင်ဖန်းတွင် ဖုံးကွယ်ထားသော အရည်အချင်းမည်မျှရှိသည်ကို သူမ အနည်းငယ်သိချင်သည်။ အထူးသဖြင့် မြို့စားကျံးရှင်၏ နေအိမ်ရှိ ဖုန်းရွှေမှ ဝိဉာဥ်စွမ်းအင်များကိုခွဲထုတ်၍ အခင်းအကျင်းတည်ဆောက်ရန် မလွယ်ကူပေ။ ဥဥရန် ကြက်ငှားရန်အတွက် လူတစ်ယောက်သည် အခင်းအကျင်းနှင့်ပတ်သက်၍ အလွန်အမင်း အဆင့်မြင့်သောအသိဉာဏ်ရမည်ဖြစ်သည်။