မျိုးဆက်ရဲ့ကျွမ်းကျင်သူ ချူးယွင်ဖန်း
Vol. 79 Ch. 1173
သူမ ပိုနားလည်လာလေလေ ချူးယွင်ဖန်းကို သူမ တကယ်နားမလည်ကြောင်း အန်းရှို့ရှို့ သဘောပေါက်လာလေလေပင်ဖြစ်သည်။ သူမ ချူးယွင်ဖန်းကို လုံးဝနားမလည်ခဲ့ပေ။ သူသည် သူ၏ အံ့သြဖွယ်ကောင်းသော ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားရုံသာမက နတ်အဆင့်တစ်ပါးကိုပင် သတ်ပစ်နိုင်သည့်အပြင် ချူးဟုန်ချိုင်ကိုလည်း မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ဖြတ်ကျော်စေ၍ သူမ၏ ရှေ့တွင် အံ့ဖွယ် အခင်းအကျင်းတစ်ခုကိုလည်း ပြုလုပ်ထားသည်။
ချူးယွင်ဖန်းက လျှပ်တပြတ်တည်ထောင်ခဲ့သော အခင်းအကျင်းသည် ကျွမ်းကျင်သူအဆင့်ပင်ဖြစ်သည်။ သူသည် မြို့စားကျုံးရှင်၏ နေအိမ်ရှိ ဖုန်းရွှေမှစွမ်းအားကို အလွယ်တကူ ချေးယူနိုင်ခဲ့သည်။ ၎င်းသည် ဖုန်းရွှေ၏ အလုံးစုံအခြေအနေကို မပျက်စီးစေရန်နှင့် အသုံးပြုသူကိုယ်တိုင်အပေါ်သို့ တန်ပြန်မှုကို မထိခိုက်စေရန်အတွက် ဤအခင်းအကျင်းများကို အံ့သြဖွယ်နားလည်ရန်လိုအပ်သည်။ သို့သော် အန်းရှို့ရှို့သည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကိုအမွေဆက်ခံခဲ့သော ချူးယွင်ဖန်းအတွက်မူ ဤသို့သာမန်အခင်းအကျင်းမျိုးဖွဲ့စည်းခြင်းက မည်သည့်အခက်အခဲမျှမရှိကြောင်းမသိခဲ့ပေ။
ဆေး ဧကရာဇ်သည် ဆေးပညာကို ကောင်းစွာ တတ်မြောက်သော်လည်း အခင်းအကျင်းများဖွဲ့စည်းရာတွင် မကောင်းလှပေ။ သို့သော် သူသည် အခင်းအကျင်းတွင် ထိပ်တန်းတစ်ပါးဖြစ်သော အခင်းအကျင်းဧကရာဇ်နှင့် သူ့ကိုယ်သူနှိုင်းယှဥ်နိုင်သည့် အတိုင်းအတာအထိ ရောက်ခဲ့သေးသည်။ ဆေးဧကရာဇ်ရောက်ရှိခဲ့သောအ ဆင့်သည် သူသင်ယူခဲ့သမျှ အရာအားလုံးကို မြင့်မားသော ရှု့ထောင့်မှကြည့်နိုင်ကာ အရာအားလုံးကို သူနားလည်စေရန် ဖန်တီးထားခြင်းဖြစ်သည်။ ဤနယ်မြေတါင် သူကောင်းကောင်းမတတ်နိုင်ခဲ့လျှင်ပင် ယခုခေတ် လူသားများ၏ အတွေးကို ကျော်လွန်သွားပြီဖြစ်သည်။
၎င်းတို့၏ စံနှုန်းများအရ ချူးယွင်ဖန်းသည် အမှန်ပင် မဟာကျွမ်းကျင်သူကြီးဖြစ်သည်။ ချူးယွင်ဖန်းအတွက် ဥစားရန် ဤချေးငှားထားသော ကြက်မျိုးသည် လက်ညှိုးမြှောက်သကဲ့သို့လွယ်ကူသောအရာဖြစ်သည်။ ထို့ကြောင့် အားစိုက်ထုတ်မှုအနည်းငယ်ဖြင့် ပြုလုပ်နိုင်သည်။
“မင်းမနေ့ညက ခါးနာသေးလား” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးမေးသည်။
“မနာတော့ဘူး” အန်းရှို့ရှို့က အခင်းအကျင်းကိုမြင်ရပြီးနောက် နောက်ဆုံးတွင် ထိတ်လန့်နေရာမှ ပြန်လည်သတိဝင်လာကာ လျင်မြန်စွာပြောလိုက်သည်။ သူမ ပြန်သွားပြီးနောက် ချူးယွင်ဖန်း ပြုပြင်ပေးထားသော ကျင့်ကြံနည်းအတိုင်း ကျင့်ကြံရန် ကြိုးစားခဲ့သည်။ ညသန်းခေါင်သို့ရောက်သောအခါ နာကျင်မှုက ပျောက်သွား၏။
ထို့ကြောင့် အန်းရှို့ရှို့ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ခဲ့သည်။ သူမသည် ခန္ဓာကိုယ်ထဲမှ ဤလျှို့ဝှက်ပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရန် ကြိုးစားနေခဲ့သည်။ ယခု ချူးယွင်ဖန်း၏
အကူအညီဖြင့် နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့သည်။
"ကောင်းပြီ၊ မင်းရဲ့ပြဿနာက မင်းရဲ့ကျင့်ကြံနည်းမှာ ရှိတယ်။ အဲဒါက လုံးဝမပျောက်သေးဘူး။ မင်းကျင့်ကြံတာကြာနေပြီ။ မင်းရဲ့ခန္ဓာကိုယ်ရဲ့အဲ့အပိုင်းက အမြဲပျက်ဆီးနေခဲ့တာ။ မင်းရဲ့ကျင့်ကြံရေးအဆင့်က အရင်ကလောက် မလေးနက်လို့ တုံ့ပြန်မှုကလည်း မပြင်းထန်ဘူး။ နောက်ပြီး မင်းရဲ့ ကိုယ်ခန္ဓာလေ့ကျင့်မှုက တော်တော်လေး ကောင်းနေပြီ။ ပြဿနာက အခုမှဖြစ်တာ” ချူးယွင်ဖန်းက ပြောသည်။
“နောက်မှ ဆေးစာပေးမယ်။ ဆေးညွှန်းအတိုင်း ဆေးကိုယူပြီး ခုနှစ်ရက်အတွင်း မင်းခန္ဓာကိုယ်က ပြဿနာ ပျောက်မှာပါ”
“ကျေးဇူးတင်ပါတယ် သခင်လေးချူး” အန်းရှို့ရှို့က အမြန်ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး ဒါက ငါတို့ သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းပဲမလား။ ဒီကလေးကို သင်ပေးဖို့ ကူညီမယ်ဆို မင်းရောဂါကို ငါကုပေးမှာပါ” ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
အန်းရှို့ရှို့က မည်သည့်စကားမျှ မပြောခဲ့သော်လည်း ကွာခြားချကို သူမသိသည်။ ၎င်းတို့သည် တူညီသော အဆင့်တွင်ရှိနေခြင်းမဟုတ်ကြပေ။ ချူးယွင်ဖန်းက သူ့အားတစ်စုံတစ်ယောက်ကို သင်ခိုင်းရုံမျှသာ ဖြစ်သော်လည်း တစ်ဖက်တွင် ချူးယွင်ဖန်းမှတပါး မည်သူမျှ သူမကို ကုသပေးနိုင်မည့်ပုံမပေါ်ပေ။
“ကောင်းပြီ မင်းတို့နှစ်ယောက် ရှေ့ကသွားကြ။ ငါလုပ်စရာလေးတွေရှိလို့ အရင်သွားနှင့်မယ်” ချူးယွင်ဖန်းက ပြောသည်။
“မင်းသူ့ကို မသတ်သရွေ့ ငါ အဆင်ပြေတယ်”
ချူးယွင်ဖန်း၏ စကားကြောင့် ချူးဟုန်ချိုင်၏ မျက်နှာက ချက်ချင်းတုန်လှုပ်သွားသည်။
‘အန်းရှို့ရှို့ကို ငါ့ကို ရိုက်သတ်ခိုင်းနေတာမဟုတ်ဘူးလား’
“ပြဿနာမရှိပါဘူး” အန်းရှို့ရှို့က ရယ်မောလျက် ချူးဟုန်ချိုင်ကို ဆိုးသွမ်းသောအပြုံးဖြင့်ပြုံးပြလိုက်သည်။
ချူးယွင်ဖန်းက မြို့စားကျုံးရှင်၏ နေအိမ်မှ အမြန်ထွက်ခွာသွားခဲ့သည်။ ဆေးပညာအစည်းအရုံးသည် မဟာဝေ့နိုင်ငံတော်ရှိ လူသိများသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ဆေးပညာရှင်များ၏ အထူးပါဝင်မှုကြောင့် ပညာရှင်အများအပြားက နှစ်သက်ကြသည်။ ဤသို့ဖြင့် ဤဆေးပညာအစည်းအရုံးသည် လှုံ့ဆော်၍ မရနိုင်သော အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
အထူးသဖြင့် ဆေးပညာရှင်များက အလွန်ချမ်းသာကြရာ ငွေကြေးနှင့် စွမ်းအားများရှိသည့်အပြင် ကျင့်ကြံရေးအဆင့်မှာလည်း မဆိုးလှပေ။ ယင်းကြောင့် လူများစွာသည် ဆေးပညာရှင်များကို မထီမဲ့မြင်မပြုဝံ့ကြပေ။ ချူးယွင်ဖန်းဆေးပညာအစည်းအရုံးသို့ရောက်သောအခါတွင် လူများဖြင့် ပြည့်နေပြီဖြစ်သည်။ သူသည် လူစုလူဝေးနောက်သို့ တည့်တည့်ဝင်ကာ ဧည့်ကြိုကောင်တာတွင် ဧည့်လမ်းညွှန်နှင့်တွေ့၏။
လမ်းညွှန်က အသက်နှစ်ဆယ်ကျော် မိန်းကလေးချောလေးတစ်ဦးဖြစ်ရာ ချူးယွင်ဖန်း လမ်းလျှောက်လာသည်ကိုမြင်သောအခါ ချက်ချင်ပင်း ဖော်ရွေစွာမေး၏။
“ဘာအကူအညီများလိုပါသလဲရှင့်”
“ကျွန်တော် ဆေးပညာအကဲဖြတ်ခံချင်လို့ပါ” ချူးယွင်ဖန်းကပြောသည်။
“ဘယ်အဆင့် ဆေးပညာကိုစမ်းသပ်ခံချင်တာလဲရှင့်” မိန်းကလေးက ဆက်မေးသည်။
“ကျွန်တော် ကျွမ်းကျင်အဆင့်အကဲဖြတ်ခံချင်ပါတယ်” ချူးယွင်ဖန်းကပြော၏။
မဟာဝေ့နိုင်ငံတော်သည် ပြည်ထောင်စုနှင့် ဆင်တူကြောင်း သူနားလည်လာသည်။ ၎င်းကို ဆေးပညာရှင်များ ဆေးသင်တန်းသားများနှင့် ဆေးကျွမ်းကျင်များဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားရာ ပြည်ထောင်စု၏ ဆေးဘုရင်ကဲ့သို့ ဤအဆင့်များသည် အမည်ပြောင်များသာဖြစ်၍ လူမှုအဆင့်အတန်းခွဲခြားရာတွင် အသုံးမပြုနိုင်ပေ။ ပိုမိုတိကျစွာပြောရလျှင် ပြည်ထောင်စု၏ ဆေးပညာခွဲဝေမှုသည် ရှေးဟောင်းလူသားကာလမှ ဆင်းသက်လာခဲ့ရာ ဝိဉာဥ်နယ်မြေသည်မူ ရှေးဟောင်းလူသားကာလ၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်စလုံး၏ စနစ်များက အတူတူပင်ဖြစ်သည်။
ချူးယွင်ဖန်း၏စကားကိုကြားသောအခါ လှပသောမိန်းကလေးသည် ချက်ချင်းပင် မျက်လုံးများကို လှလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်မနဲ့လာမရှုပ်ပါနဲ့"
ယဲ့ချောင်ရှင်းသည် အနက်ရောင် တရုတ်ဝတ်လုံကို ၀တ်ဆင်ထားသည့် သူ့ရှေ့မှ သခင်လေးကိုကြည့်ကာ ထိုသခင်လေးက မည်သို့ဖြစ်နေသည်ကို တွေးမိသည်။ ၎င်းတို့တွင် အခြားလုပ်စရာ မရှိသလော။
ထိုသူသည် ဆေးအကဲဖြတ်ခြင်း၏ ဂုဏ်သတင်းကို သူမနှင့် ရင်းနှီးစေရန်အတွက် အသုံးပြုနေသည်။
ဤကာလတစ်လျှောက် ဧည့်ကြိုအဖြစ် စတင်လုပ်ကိုင်ကတည်းက ဖြစ်ရိုးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။ ယဲ့ချောင်ရှင်းသည်
လှပသဖြင့် သဘာဝအတိုင်း ပျားများနှင့် လိပ်ပြာများကို ဆွဲဆောင်နိုင်ကြောင်း သိထားသည်။
သို့သော် ဤသခင်လေးများက သူမထံချဉ်းကပ်ပုံမှာ အတူတူပင်ဖြစ်ရာ ၎င်းတို့အားလုံးသည် ဆေးပညာအဆင့် စမ်းသပ်ခံရန် ဤနေရာသို့ ရောက်လာကြသည်။
သို့သော် ဤသခင်လေးများက ဆေးကျွမ်းကျင် အကဲဖြတ်မှု မည်မျှခက်ခဲသည်ကို နားမလည်ခဲ့ကြပေ။ သာမာန်ဆေးအလုပ်သင်အဆင့်သည် အလွန်မရှားပါးလှသော်လည်း တရားဝင်ဆေးပညာရှင်ဖြစ်လာသောအခါတွင် သာမန်ဂုဏ်သရေရှိများကပင် ဧည့်သည်များအဖြစ် သဘောထားကြသည်။
ဝေ့နိုင်ငံတော် တစ်ခုလုံးရှိ ဆေးပညာရှင် အရေအတွက်ကို လက်ဖြင့် ရေတွက်နိုင်သည်။ ဤလူများက ဧကရာဇ်ကို ဦးညွတ်ရန်ပင်မလိုပေ။ ၎င်းတို့သည် အဆင့်မြင့်ကာ . အားကောင်းသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ အဆင့်အတန်းသည် ရွှေအမတေအဆင့် နှင့် နီးပါးတူညီသည်။
၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အဆက်အသွယ်များရှိကြရာ မရေမတွက်နိုင်အောင်များပြားသော အင်အားစုကြီးများက ၎င်းတို့၏ နှစ်သက်မှုကို လိုလားကြသည်။ ၎င်းတို့သည် လူများစွာကို ကြောက်ရွံ့တုန်လှုပ်စေမည့် ဖြစ်တည်များဖြစ်သည်။
ဤသခင်လေးသည် ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်မှုကို အမှန်တကယ် မသိဘဲ ဆေးကျွမ်းကျင် အကဲဖြတ်မှုကို ခံယူလိုခဲ့သည်။ မသိနားမလည်သူများနှင့် ရဲရင့်သောလူများကို သူမမြင်ဖူးသော်လည်း ချူးယွင်ဖန်းသည် အသိစိတ်မရှိဆုံးနှင့် အရဲရင့်ဆုံးလည်းဖြစ်သည်။
ယဲ့ချောင်ရှင်းက မတတ်နိုင်ဘဲ မျက်လုံးများကို လှန်တင်လိုက်မိသည်။
ချူးယွင်ဖန်းက ယဲ့ချောင်ရှင်း မည်သို့တွေးနေသည်ကို မသိပေ။ ဤသို့ပြောပြီးနောက် မိန်းကလေး၏ သဘောထားက ရုတ်တရက် အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။ သူမကို သူမည်သို့စော်ကားခဲ့မိသည်ကိုပင်မသိပေ။
"ငါမင်းနဲ့မရှုပ်ပါဘူး။ ဆေးကျွမ်းကျင် အကဲဖြတ်မှုခံယူဖို့ ငါဒီကိုရောက်နေတာပါ" ချူးယွင်ဖန်းက ထပ်မံပြောခဲ့သည်။
ချူးယွင်ဖန်းက မျက်နှာလုပ်နေသေးသည်ကိုမြင်သောအခါ ယဲ့ချောင်ရှင်းသည် ပို၍ပင် စိတ်တိုလာသည်။
" ဝေ့နိုင်ငံတော် တစ်မြို့လုံးမှာ ဆေးပညာအဓိကဌာနခွဲကပဲ ဆေးကျွမ်းကျင်သူကို အသိအမှတ်ပြုဖို့ စစ်ဆေးမှုကို ဖြေဆိုနိုင်တယ်။ ရှင်က ဒီမှာလာပြီး စမ်းသပ်ခံချင်တာဆိုတော့ ဒါက ကျွန်မနဲ့လာရှုပ်နေတာမဟုတ်ရင် ဘာလဲ”