← Chapters

လူတိုင်းကို ထိတ်လန့်သွားစေတဲ့ စစ်ဆေးချက်

Vol. 79 Ch. 1174

လူတိုင်းကို ထိတ်လန့်သွားစေတဲ့ စစ်ဆေးချက်

Vol. 79 Ch. 1174

ချူးယွင်ဖန်းရုတ်တရက် ရှက်ရွံ့သွားသည့်အလား ခံစားလိုက်ရသည်။ ဆေးပညာကျွမ်းကျင်သူ အောင်လက်မှတ်သည် မြို့တော်တွင်သာ လုပ်နိုင်သည်ကို သူအမှန်ပင် မသိခဲ့ပေ။ သူသည် လက်မှတ်အားလုံးကို တစ်ကြိမ်တည်းဖြင့် ရရှိလိုခြင်းဖြစ်ရာ ဆေးပညာရှင်တစ်ဦး၏ အထောက်အထားဖြင့် သဘာဝအတိုင်း ငွေအမြောက်အမြားရနိုင်မည်ဖြစ်သည်။ ယခုကြားလိုက်ရသောအခါ အမှန်ပင် ခေါင်းကိုက်သွားရသည်။

ခုန်းလုံမြို့နှင့် အင်ပါရာမြို့တော်အကြားအကွာအဝေးသည် အလွန်ကြီးမားလှသောကြောင့် သူ့တွင် စွမ်းအားရှိသေးလျှင် အဆင်ပြေသော်လည်း ယခု လမ်းသာလျှောက်နိုင်တော့သည်ဖြစ်၍ သူအောင်မြင်နိုင်သည့် အရှိန်က ဝေးကွာသွားပြီဖြစ်သည်။ ယဲ့ချောင်ရှင်းက ချူးယွင်ဖန်းကို တစ်ချက်ကြည့်၍ တွေးလိုက်သည်။

‘ဒီဆန်ကုန်မြေလေး သူဌေးသားလေးက အခြေခံအချက်ကိုတောင်မသိဘဲ ငါ့ကို လာကြောင်ဖို့ ကြိုးစားနေတယ်ပေါ့။ တကယ်ရူးနှမ်းတာပဲ’

မကြာသေးမီက သူမသည် ဤကဲ့သို့ မိုက်မဲသော သူဌေးသားလေး အမြောက်အမြားကို တွေ့ခဲ့ရကာ သူမ၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည်လည်း အနည်းငဘ်မျှ ခြားနားခြင်းမရှိပေ။

“ကောင်းပြီ” ချူးယွင်ဖန်းက အတန်ငယ်စဥ်းစားပြီးနောက်မှ ဆက်ပြော၏။

“ဒါဆို ကျွန်တော် ပညာရှင်စမ်းသပ်ချက်ကို ယူလိုက်မယ်နော်”

ယဲ့ချောင်ရှင်းက ထိုစကားကိုကြားသောအခါ သူ အမှန်တကယ်ပင် ဆန်ကုန်မြေလေး သူဌေးတစ်ဦး၏ သားဟုထင်လိုက်သည်။

“ဒီမှာ စည်းကမ်းတွေအရ ရှင် အကြီးတန်းဆေးပညာရှင် စမ်းသပ်ချက်ကို ဖြေချင်ရင် အွန်လိုင်းက ဖြေရပါမယ်။ အခု ဘယ်အဆင့်ကို ရောက်ပြီလဲဆိုတာ သိလို့ရမလားရှင့်”

ဤသည်ကိုကြားသောအခါ ချူးယွင်ဖန်း သဘောပေါက်နားလည်သွားသည်။

“ကျွန်တော် စာမေးပွဲတစ်ခုမှ မဖြေရ‌သေးပါဘူး”

ယဲ့ချောင်ရှင်းက စိတ်ထဲမှတွေးလိုက်သည်။

‘ဒီလူက တကယ့်ကို ချမ်းသာတဲ့ကလေးတစ်ယောက်ပဲ။ ဆေးပညာအကြောင်း ဘာမှမသိတဲ့ ချမ်းသာတဲ့ကလေးတစ်ယောက်က အကြီးတန်းဆေးပညာရှင်စမ်းသပ်ချက်စာမေးပွဲကို ဖြေချင်နေတယ်ပေါ့’

‘ဒါ သာမန်လူတွေ မော့ကြည့်လို့တောင်မရတဲ့အဆင့်မှာရှိတယ်။ သူက ဘာမှမဖြေဖူးပဲနဲ့’

‘ဒီလူတွေအားလုံးက သက်ဆိုင်ရာနေရာမှာ အဆင့်မြင့်ပြီး ထိပ်တန်းပုဂ္ဂိုလ်တွေဟာကို ဒီကောင်က ဘာမှမသိဘူး’

ချူးယွင်ဖန်းကို အစကတည်းက အထင်လွဲနေခဲ့သော ယဲ့ချောင်ရှင်းသည် သူ့အပေါ် အထင်မကြီးလှပေ။ သူမအကြောင်းကို ပိုတွေးလေလေ ချူးယွင်ဖန်းက သူမနှင့် ဆော့ကစားရန် ရောက်လာသော သခင်လေးတစ်ယောက်မျှသာဟု သူမ ပိုခံစားရလေလေဖြစ်နေသည်။ ဤသို့ဖြင့် သူ ပို၍ ထိုသို့ ပြုမူလေလေ ယဲ့ချောင်ရှင်းသည် ချူးယွင်ဖန်းကို အမြင်မကြည်လေလေဖြစ်နေသည်။

“ဒီလိုဆိုရင်တော့ လုပ်စရာလမ်းမရှိဘူးရှင့်” ယဲ့ချောင်ရှင်းက ထပ်မံ၍ မျက်စံများကို လှန်လိုက်ပြန်သည်။

“အဲ့တာဆို ကျွန်တော် အငယ်တန်းဆေးအလုပ်သင် အကဲဖြတ်မှုကစပြီး အကြီးတန်း ဆေးပညာရှင် အကဲဖြတ်မှုအထိ တစ်ဆက်တည်းလုပ်သွားမယ်”

ချူးယွင်ဖန်းက တခဏမျှ စဥ်းစားပြီးမှပြောသည်။ ကိစ္စများက သူမျှော်လင့်ထားသည်ထက် ပိုမိုရှုပ်ထွေးလျက်ရှိသည်။ သို့သော်လည်း တစ်ကြိမ်တည်းတွင် မည်သူမျှ အကြီးတန်းဆေးပညာရှင်ဖြစ်ချင်သူမရှိခဲ့ပေ။

ယဲ့ချောင်ရှင်း၏မှတ်ဉာဏ်ထဲမှ ဆေးဘုရင်ပင်လျှင် ထိပ်ဆုံးသို့ရောက်ရန် အဆင့်ဆင့် စမ်းသပ်လေ့ကျင့်ရသည်။ ယေဘူယျအားဖြင့် ချူးယွင်ဖန်းကဲ့သို့ မည်သူမျှမရှိသောကြောင့် ယဲ့ချောင်ရှင်းသည် ဤလူက မိမိကိုနှောက်ယှဥ်ရန် ရောက်လာသည်ဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းက ပို၍ပင် ပုံကြီးချဲ့ကာ ဆေးကျွမ်းကျင်အကဲဖြတ်မှုကို ခံယူလိုသည်ဟု ဦးစွာပြောခဲ့သေး၏။

“ဒါဆို အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးတစ်သောင်းကို လွှဲပေးပါ” ယဲ့ချောင်ရှင်းက ပြောသည်။

"ဒီလောက်စျေးကြီးတယ်လား” ချူးယွင်ဖန်း အလွန် အံ့သြသင့်သွားရသည်။

ဝိဉာဥ်နယ်မြေတွင် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးများ၏ စျေးနှုန်းသည် ခွန်းလွန်နယ်မြေကကဲ့သို့ စျေးမကြီးလှသော်လည်း အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးတစ်သောင်းက အကဲဖြတ်မှုအတွက် အလွန်တရာ ဈေးကြီးနေသေးသည်။

"မင်း ငါ့ကို လိမ်နေတာမလား”

ချူးယွင်ဖန်းက ဤသို့ပြောလာသည်ကိုကြားလိုက်ရသဖြင့် ယဲ့ချောင်ရှင်း ချက်ချင်း‌ဒေါသထွက်သွားသော်လည်း မကြာမီပင် သူမ၏ စိတ်က ပိုကောင်းလာသည်။

‘အထာကျချင်ယောင်ဘယ်သူက ဟန်ဆောင်ခိုင်းလို့လဲ။ အခကြေးငွေကိုကြားပြီးတော့ ချက်ချင်း ကြောက်နေပြီပေါ့ ရီစရာကြီး’

ချမ်းသာ၍ အာဏာကြီးသော မိသားစုမှ သာမန်သားတစ်ဦးအတွက်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသည် သူ၏ နှစ်စဉ် သို့မဟုတ် နှစ်ပေါင်းများစွာ ကုန်ကျစရိတ် ဖြစ်နိုင်သည်။ သို့သော် ဤနေရာသည် သာမန်လူများ အချိန်ကုန်ခံနိုင်သောနေရာမဟုတ်ပေ။

ယဲ့ချောင်ရှင်းက အံကြိတ်လိုက်သည်။

“ရှင်နောက်နေတာဖြစ်မယ်။ ကျွန်မတို့ ဒီမှာ စျေးနှုန်းကို ရှင်းရှင်းလင်းလင်းကပ်ထားတယ်။ ရှင်ကိုယ်တိုင်ကြည့်လေ”

ယဲ့ချင်ရှောင်းက ဤသို့ပြောလျက် စျေးနှုန်းစာရင်းကို ထုတ်လိုက်သည်။ အခြေခံအလုပ်သင်မှသည် အကြီးတန်း ဆေးပညာရှင်အကဲဖြတ်ခြင်းအထိ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သောင်း အမှန်တကယ်ပင် ကုန်ကျမည်ဖြစ်သည်။ စျေးအကြီးဆုံးမှာ အကြီးတန်း ဆေးပညာရှင် အကဲဖြတ်ချက်ဖြစ်၍ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင် ကုန်ကျသည်။ အခြားအကဲဖြတ်မှုများတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်များ စုစုပေါင်း ငါးထောင်သာကုန်ကျသည်။

သို့သော် အကြီးတန်း ဆေးပညာစစ်ဆေးချက်ကို ဖြေဆိုနိုင်သူများသည် ယေဘုယျအားဖြင့် အလွန်ချမ်းသာကြကာ ငွေကြေးမချို့တဲ့ကြပေ။

ချူးယွင်ဖန်းသည် ထိုကဲ့သို့ ရုတ်ချည်း ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရခြင်းကြောင့်သာ မဟုတ်ပါက သူ ဤမျှ တွေးနေရမည်မဟုတ်ပေ။

သူ ခဏမျှ စဉ်းစားလိုက်သည်။ တကယ်တမ်းတွင် ဈေးမကြီးသော်လည်း အကြိမ်အနည်းငယ် အကဲဖြတ်ခံရာတွင်မူ ဈေးနှုန်းက အလွန်မြင့်မားသည်။ ဆေးပညာအစည်းအရုံး၏ ငွေရှာနည်းများသည် နေရာတိုင်းတွင် အမှန်ပင်ဆင်တူပေသည်။

"ကောင်းပြီ၊ ကျွန်တော့်ကို စာရင်းသွင်းဖို့ ကူညီပါ" ချူးယွင်ဖန်းက ပြော၏။

"အခကြေးငွေကို ဘယ်မှာ ပေးရမှာလဲ"

ယဲ့ချောင်ရှင်းသည် မူလက ချူးယွင်ဖန်းသည် မိမိကိုယ်မိမိ အရူးလုပ်မိသည်ကာ သူ့တွင် ပိုက်ဆံမရှိသောကြောင့် အရှက်ကွဲသွားခဲ့သည်ကိုမြင်လိုခဲ့သည်။ ချူးယွင်ဖန်းတကယ်သဘောတူလိမ့်မည်ဟု မည်သူသိမည်နည်း။

"ရှင်သေချာစဉ်းစားကြည့်။ ရှင်မအောင်ရင် ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ အလကားဖြစ်သွားမှာနော်" ယဲ့ချောင်ရှင်းက နောက်ဆုံးတွင် ပြောလိုက်သည်။

ဤချမ်းသာသော လူငယ်လေးသည် စိတ်အနှောက်အယှက်ဖြစ်ပုံရသော်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်သောင်းသည် သာမန်လူများ၏ ဘဝတစ်လျှောက်လုံး မရှာနိုင်မည့် စည်းစိမ်တစ်ခုပင်ဖြစ်သည်။

"ကျွန်တော် သေချာစဉ်းစားပြီးပြီ၊ ကျွန်တော်ပြောနေတာက ယုံကြည်မှုရှိလို့။"

ချူးယွင်ဖန်းသည် သူမအပေါ် လေးစားမှုအဆင့်အသစ်တစ်ခုရှိသည်။

ယဲ့ချောင်ရှင်းသည် အစပိုင်းတွင် အဘယ်ကြောင့် သူ့အား ရန်ငြိုးထားရကြောင်းကို သူမသိသော်လည်း အဆုံးတွင် သူမသည် အမှန်တကယ်ပင် သတိပေးခဲ့သည်။ ဤသည်မှာ ဤကောင်မလေးက သူ့အပေါ် အမြင်မဆိုးလှဟုဆိုလိုခြင်းဖြစ်သည်။

ချူးယွင်ဖန်း၏ ‘စိတ်အနှောက်အယှက်အဖြစ်မခံပါနဲ့’ဟူသော အကြည့်ကိုမြင်သောအခါ ယဲ့ချောင်ရှင်းက သူမ၏ စေတနာကို အလေးအနက်မထားဟု ခံစားလိုက်ရသည်။

‘ရှင်လုပ်ချင်တာလုပ်ပေါ့။ ဝိဉာဥ်ကျောက်တစ်သောင်း အလကားဖြစ်သွားမှာ ရှင်ကျရှုံးတော့မှ မငိုချေနဲ့’

အရှုပ်အထွေးတွေကို ဘယ်လိုရှင်းရမလဲ ကြည့်ရအောင်။'

“ဒါဆို ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ” ယဲ့ချောင်ရှင်းက ဆက်ပြောပြီးနောက် ချူးယွင်ဖန်းကိုပင်လှည့်မကြည့်ဘဲထွက်သွားသည်။

ချူးယွင်ဖန်းက ယဲ့ချောင်ရှင်းနောက်သို့ လိုက်သွားကာ အခကြေးငွေပေးဆောင်ပြီးနောက် စစ်ဆေးချက်ခံယူသည့်နေရာသို့ ဦးတည်လာခဲ့သည်။ အလုပ်သင် ဆေးပညာရှင်အကဲဖြတ်သောနေရာ၌ လူအများအပြားရှိသည်။ အစကတည်းက အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ဟုထင်ရသည့် လူလတ်ပိုင်းအရွယ်များနှင့် ဆယ့်တစ် သို့မဟုတ် ဆယ့်နှစ် ဆယ့်သုံးမျှသာရှိမည်ထင်ရသော လူငယ်များလည်းရှိသည်။ လူမျိုးစုံရှိသည်။

ချူးယွင်ဖန်းက အံ့သြတကြီးဖြင့် လျှာကိုက်လိုက်မိသည်။ လူများစွာသည် ငယ်စဉ်ကတည်းက အလုပ်သင် ဆေးပညာရှင်အတွက် စာမေးပွဲကို ဖြေဆိုခဲ့ကြသော်လည်း လူလတ်ပိုင်းအရွယ်တွင် အလုပ်သင် ဆေးပညာရှင်အတွက် စာမေးပွဲကို ဖြေဆိုနေကြဆဲဖြစ်သည်။ လူတိုင်းက မပေါ်လွင်နိုင်ပေ။ ၎င်းတို့ အခြားသူများကဲ့သို့ အလုပ်ကြိုးစားလျှင် သို့မဟုတ် သာမန်လူများအတွက် ကြိုးစားလျှင်ပင် မအောင်မြင်နိုင်သေးပေ။

“ဒါက ဆေးပညာရှင် အကဲဖြတ်ချက်ပဲ။ ဒါက စမ်းသပ်တဲ့စက်ပါ။ ရှင် ဒီဦးထုပ်စောင်းပြီးရင် အလိုအလျောက်စမ်းသပ်နိုင်မှာပါ။ အဲ့ထဲက ညွှန်ကြားချက်တွေကိုလိုက်နာရုံနဲ့အဆင်ပြေမှာပါ” ယဲ့ချောင်ရှင်းက စမ်းသပ်ချက်ကို ညွှန်ပြ၍ ပြောသည်။

သူမက ချူးယွင်ဖန်းကို စိတ်ထဲတွင် အလွန် အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ ဤချမ်းသာသော လူပွေလူရှုပ်သည် စမ်းသပ်စက်ကို တစ်ခါမျှ မမြင်ဖူးခဲ့သင့်ပေ။ သူက ယင်းအကြောင်း လုံးဝမသိသော်လည်း အချိန်လာဖြုံးနေသေး၏။ သူမ တွေးလေလေ ဒေါသပိုထွက်လေလေဖြစ်သည်။ ဝိညာဉ်ကျောက်တုံးတစ်သောင်းရရှိရန် သူမအတွက် နှစ်မည်မျှကြာမည်နည်း။ ဤလူသည်မူ မျက်တောင်တောင်မခတ်ဘဲ သုံးနေသဖြင့် ရိုးရှင်းစွာပင် အလွန်မုန်းတီးမိသည်။

သို့သော် ချူးယွင်ဖန်းသည် ယင်းအကြောင်းကောင်းစွာသိ၍ သက်ပြင်းအနည်းငယ်သာချကာ စမ်းသပ်စက်ဘေးရှိ ဦးထုပ်ကို တိုက်ရိုက်ကောက်ကိုင်ပြီးနောက် စက်ဖွင့်၍ ဝတ်လိုက်သည်။ ဤစမ်းသပ်စက်ကို အကြိမ်ပေါင်း မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သကဲ့သို့ ရင်းနှီးမှု မရှိခြင်း သို့မဟုတ် နှေးကွေးမှု အနည်းအကျဥ်းမျှမရှိဘဲ သူ၏ လှုပ်ရှားမှုများသည် ချောမွေ့နေသည်။

All Chapters