မကြုံစဖူးသော အောင်မြင်မှု
Vol. 79 Ch. 1177
ဤသည်မှာ အမှတ်ပြည့်ဖြင့် ဆေးပညာစမ်းသပ်ချက်စာမေးပွဲအားလုံးကို ပထမဆုံးအကြိမ် အောင်မြင်ဖူးခြင်းဖြစ်သည်။
ယဲ့ချောင်ရှင်းသည် ယခင်က ထိုသို့သောလူရှိခြင်းရှိမရှိ မသိသော်လည်း ရှိလျှင်ပင် ချူးယွင်ဖန်းလောက် ထိတ်လန့်ဖွယ်ကောင်းမည်မဟုတ်ကြောင်း ကောင်းစွာသိသည်။ ထို့ကြောင့် ဤမှတ်တမ်းသည် အခြားသူများထံ ရောက်ရန် မမျှော်လင့်နိုင်သော စစ်မှန်သော အထွတ်အထိပ်ဖြစ်ဖွယ်ရှိသည်။
ထို့နောက် တစ်ချိန်တည်း၌ပင် အကဲဖြတ်ခြင်း သို့မဟုတ် ဖြေဆိုသူများအား လမ်းပြရန် တာဝန်ရှိသော လူအများအပြားသည် ချူးယွင်ဖန်းနှင့် ယဲ့ချောင်ရှင်းတို့ဆီ ဝိုင်းရံလာကြသည်။
ချူးယွင်ဖန်းသည် ဂရင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ အကဲဖြတ်မှုအစတွင် လူတိုင်းသည် ၎င်းတို့၏ကိုယ်ပိုင်အကဲဖြတ်မှုနှင့် အလုပ်ရှုပ်နေသောကြောင့် အာရုံစိုက်မခံရခဲ့ရပေ။ သို့သော် မကြာမီတွင် ချူးယွင်ဖန်း၏ အခြေအနေသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
အမှတ်ပြည့်။
အမှတ်ပြည့်ရပြန်ပြီ။
သုံးခုလုံးအမှတ်ပြည့်။
အခြားသော ဆေးပညာရှင်များက ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာဖြင့်ကြည့်နေကြသည်။ မည်သူမဆို အကဲဖြတ်မှု သုံးခုကို ဆက်တိုက် မည်သို့ကျော်ဖြတ်နိုင်မည်နည်း။ ၎င်းတို့သည်လည်း ဖြေဆိုသူများဖြစ်ကြသဖြင့် မည်မျှ ခက်ခဲကြောင်း ကောင်းစွာသိကြသည်။ ဤသည်ကရိုးရှင်းစွာပင် မဖြစ်နိုင်သော အံ့ဖွယ်တစ်ခုဖြစ်သည်။
အကြိမ်တိုင်းတွင် အမှတ်ပြည့်ရသည်ပင်မဆိုနှင့် သုံးခုလုံးကို တစ်ကြိမ်တည်းတွင် ဖြေဆိုခြင်းကပင် အလွန်အမင်းလွန်ကဲနေပြီဖြစ်သည်။ ၎င်းတို့သည် စမ်းသပ်စက်နှင့်အလွန်ရင်းနှီးကြသည်။ ဤသည်က အကဲဖြတ်ခံသူအများအပြားအတွက် ပထမဆုံးအကြိမ်မဟုတ်ကြပေ။
သို့သော် အမှန်တကယ် အံ့အားသင့်စရာမှာ ဆေးထုတ်လုပ်သည့်အပိုင်းဖြစ်သည်။ မေးခွန်းအားလုံးကို မှန်ကန်စွာဖြေခဲ့လျှင် ၎င်းသည် သူ၏မှတ်ဉာဏ်ကောင်းမှုကြောင့်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် သူ၏ ဆေးဖော်စပ်မှုတွင် ပြဿနာမရှိခြင်းက အမှန်ပင် ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။
ဆေးပညာရှင်၏ လုပ်ဆောင်ချက်အားလုံးအတွက် စံလုပ်ထုံးလုပ်နည်းတစ်ခုရှိသော်လည်း၊ လူသားများသည် စက်များမဟုတ်ပေ။ ဆေးဖက်ဝင်အပင်များထည့်သည့်အခါ မည်သည့်အပူက အသင့်တော်ဆုံးဖြစ်မည်နည်းကိုသိရန် အတွေ့အကြုံကသာ အဆုံးအဖြတ်ပေးပေလိမ့်မည်။
ချူးယွင်ဖန်းသည် ပြဿနာ လုံးဝမရှိခဲ့ပေ။
စမ်းသပ်စက်က မမှားနိုင်ကြောင်းသာ ၎င်းတို့မသိပါက စက်က အမှားလုပ်သည်သု ထင်ကြလိမ့်မည်။ ဤသို့မျှမဟုတ်ပါက ဤကဲ့သို့ ရယ်စဖွယ်ကောင်းသော ရလဒ်မျိုး မည်သို့ဖြစ်လာနိုင်မည်နည်း။
ယခုအခါ အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် ချူးယွင်ဖန်းသည် ၎င်းတို့၏ မျက်လုံးထဲတွင် မြူခိုးများဖုံးလွှမ်းနေသကဲ့သို့ထင်ရသည်။
"လူတစ်ယောက်က အမှတ်ပြည့် ဘယ်လိုရနိုင်မှာလဲ အမှတ်ပြည့်တဲ့"
"တစ်ကြိမ် အမှတ်ပြည့်ရဖို့ကတင် မလွယ်ဘူး။ သူက ဆက်တိုက် အမှတ်ပြည့်အောင် ဘယ်လိုလုပ်တာလဲ”
“ဒါ နတ်ဆိုးတစ်ကောင်လား။ သူ တကယ် ဘာအမှားမှ မလုပ်ခဲ့ဘူးပေါ့”
"သူ့မှာ ဘာအမွေရှိတာလဲ ငါဘာလို့အရင်က မကြားဖူးတာလဲ"
လူတိုင်း စတင်ဆွေးနွေးကြသည်။ သို့သော် ချူးယွင်ဖန်းသည် သုံးကြိမ်ဆက်တိုက် အောင်မြင်ပြီး ၃ ကြိမ်ဆက်တိုက် အမှတ်ပြည့်ရရှိခဲ့ကာ အတိုဆုံးအကဲဖြတ်ချိန်စံချိန်ကို ချိုးဖျက်လိုက်သည့်သတင်းသည် ဤ ဆေးပညာအစည်းအရုံး၏ဌာနခွဲတစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။
ချူးယွင်ဖန်းသည် အာရုံစူးစိုက်မှု၏ဗဟိုဖြစ်နေပြီဖြစ်သော်လည်း သူဂရုမစိုက်ပေ။
သူက ယဲ့ချောင်ရှင်းကို ဘာသိဘာသာပြောလိုက်သည်။
“နောက်တစ်ခု၊ ကျွန်တော် တရားဝင် ဆေးပညာရှင် အကဲဖြတ်မှုကို ခံယူချင်တယ်၊ ကျွန်တော့်ကို အဲ့ဆီခေါ်သွားပါ"
ဤစမ်းသပ်စက်ကို အလုပ်သင် ဆေးပညာရှင် အကဲဖြတ်ရန်သာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သူသိသည်။ စစ်မှန်သော ဆေးပညာရှင်များကို အကဲဖြတ်ရန် ပိုမိုအဆင့်မြင့်သော စက်များ ရှိသင့်သည်။
ချူးယွင်ဖန်းသည် ဟိုဟိုဒီဒီ ကြည့်လိုက်သည်နှင့် ထိုကဲ့သို့သော အဆင့်မြင့် စမ်းသပ်စက်ကို မတွေ့လိုက်ရပေ။ ထို့ကြောင့် စစ်မှန်သော အကဲဖြတ်သည့်နေရာ မရှိကြောင်း သူသိသည်။
"အိုး၊ ဟုတ်”
ယဲ့ချောင်ရှင်းသည် နောက်ဆုံးတွင် အသိပြန်ဝင်လာသည်။
ချူးယွင်ဖန်းသည် အမှတ်ပြည့် သုံးကြိမ်ဆက်တိုက်ရရှိနေသော အချက်အပေါ် စိတ်နစ်မြုပ်နေဆဲဖြစ်သည်။ ဤသည်က မယုံကြည်နိုင်ဖွယ်ဖြစ်နေဆဲဖြစ်သည်။
ချူးယွင်ဖန်းမည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို သူမ မသိသော်လည်း သူမ၏ ကနဦး ဝေဖန်မှုက ကြီးမားသော အမှားဖြစ်မည်မှာ ထင်ရှားသည်။
သူမဆီ မျက်နှာသာရရန် ပိုက်ဆံ ဖြုန်းတီးခဲ့သည့် သူဌေးသားတစ်ယောက်မဟုတ်ကြောင်း သေချာပေသည်။ သူသည် ဆေးပညာရှင် အကဲဖြတ်မှုကို အမှန်တကယ် ခံယူချင်ခြင်းထြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အဆင့်သည် သူမဆုံးဖြတ်နိုင်သော အရာမဟုတ်ပေ။
သို့သော်၊ ပြီးပြည့်စုံသောရမှတ် သုံးခုသည် အရာအားလုံးကို ရှင်းပြရန် လုံလောက်ကြောင်း ရှင်းရှင်းလင်းလင်းသိရသည်။ ကံကောင်ရရုံဖြင့် အကြီးတန်း ဆေးအလုပ်သင် အကဲဖြတ်မှုကို ကျော်ဖြတ်ရန် မဖြစ်နိုင်ကြောင်း လူတိုင်းသိကြသည်။ ၎င်းနောက်တွင် ကျယ်ပြန့်သော ကဏ္ဍစုံကို လွှမ်းခြုံထားသော မေးခွန်းဘဏ်ပေါင်း ရာနှင့်ချီရှိသည်။ ၎င်းသည် ဆေးပညာ၏ အခြေခံဗဟုသုတအားလုံးကို လွှမ်းခြုံထားသည်။ ကန့်သတ်ချက်များကို နားမလည်ပါက အမှတ်ပြည့်နှင့် အောင်မြင်ရန် မဖြစ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ယဲ့ချောင်ရှင်းသည် ချူးယွင်ဖန်း၏ စစချင်းပြောလာသည့်စကားကို ပြန်တွေးမိသည်။ သူသည် ဆေးပညာ ကျွမ်းကျင်သူ အကဲဖြတ်မှုကို ခံယူလိုခြင်းဖြစ်သည်။ ထိုအချိန်တွင် သူသည် မာနကြီးပုံဖြင့် ကောင်းကင်နှင့်မြေကြီး၏ ကြီးမားမှုကို မသိဟန်တူသည်။
သို့သော်လည်း ယခု စံချိန်ချိုးနိုင်ခဲ့သဖြင့် ချူးယွင်ဖန်း၏ စကားများသည် ပို၍ ယုံကြည်လောက်ဖွယ် ကောင်းလာသည်။ အနည်းဆုံးအနေဖြင့် ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်မှုကို မသိဟု မည်သူမျှ မပြောနိုင်တော့ပေ။
သူ တကယ်ပဲ ဆေးပညာရှင် ဖြစ်လာနိုင်သလား။
ယဲ့ချောင်ရှင်းက ဤသို့ တွေးနေသော်လည်း သူမ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ကာ ထိုအတွေးကို စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ဆေးကျွမ်းကျင်ပညာရှင်ဆိုတာ ဝေ့နိုင်ငံတော်ရဲ့ ရှားပါးတဲ့ တည်ရှိမှုတစ်ခုလေ။
၎င်းတို့သည် ဧကရာဇ်မင်းအား ဦးညွှတ်ရန် မလိုအပ်သော ရှားရှားပါးပါး ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ပြော၍ရနိုင်သည်။ ဂုဏ်သရေရှိ ဧည့်သည်တော်များအားလုံးကို လေးစားစွာ ဆက်ဆံရမည်။ ၎င်းတို့ထဲတွင် အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်အတွင်း မပါသူ မည်သူရှိသနည်း။
ချူးယွင်ဖန်း၏အသက်ကိုကြည့်လျှင် မဖြစ်နိုင်ပေ။
ဤသို့တွေး၍ ယဲ့ချောင်ရှင်းက ပိုမို စိတ်သက်သာရာရသွားသည်။ မဟုတ်ပါက ဆေးပညာရှင်တစ်ဦးသည် သူမ၏ ဧည့်ဝတ်ကျေပွန်မှုအောက်တွင် အမှန်တကယ်ပေါ်လာပါက သူမ၏နှလုံးပေါက်ကွဲမည်ဟု ခံစားရပေလိမ့်မည်။
"ဘာလဲဟ။ သူကတရားဝင်ဆေးပညာရှင်တစ်ယောက်ဖြစ်လာဖို့စီစဉ်ထားတာလား”
ချူးယွင်ဖန်းနှင့် ယဲ့ချောင်ရှင်းထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ လူအများက အိုးတစ်လုံးပေါက်ကွဲသွားသည့်အလား တုံ့ပြန်ခဲ့ကြသည်။ အားလုံးက မယုံကြည်နိုင်စွာဖြင့် အံ့ဩတကြီးဖြစ်နေကြသည်။
“မဖြစ်နိုင်ဘူး သူက အလုပ်သင် ဆေးပညာရှင် အကဲဖြတ်မှုကို တစ်ကြိမ်တည်းနဲ့ အောင်မြင်ပြီးသွားပြီ။ ဒါက တစ်ခါမှ မဖြစ်ဖူးဘူး၊ နောက်နှစ်တစ်ထောင်မှာ သူ့စံချိန်ကို ဘယ်သူမှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး” လူတစ်ယောက်က အော်ပြောသည်။
ယခုအချိန်တွင် ချူးယွင်ဖန်း၏ အကဲဖြတ်မှုစံချိန်သည် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ လူများစွာသည် ထိုအချိန်ကာလတွင် အကဲဖြတ်မှုတစ်ခုပင် မပြီးဆုံးနိုင်သော်လည်း ချူးယွင်ဖန်းသည် သုံးခုကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။ ယခုလည်း သူသည် တရားဝင် ဆေးပညာရှင် အကဲဖြတ်မှုကို ဆက်လက်ခံယူတော့မည်ဖြစ်ရာ အကယ်၍ သူသည် အကဲဖြတ်မှု အောင်မြင်ပါက နောင်တွင် မည်သူမျှ မယှဉ်နိုင်သော မှတ်တမ်းတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။
"သွားကြစို့၊ သွားကြရအောင်။ ငါတို့ စောင့်ကြည့်ရမယ်။ သူရိုးသားရင် စံချိန်သစ်တစ်ခု ဖြစ်နိုင်တယ်"
"သူလုပ်နိုင်မယ်လို့ ငါမယုံဘူး။ ဆေးပညာရှင် အကဲဖြတ်မှုရဲ့ အခက်အခဲကို လျှော့တွက်ရင် ဒဏ်ရာအပြင်းအထန်ရလိမ့်မယ်” တစ်စုံတစ်ယောက်က ရုတ်တရက် တစ်ခုခုကို တွေး၍ အော်လိုက်သည်။
"မင်း မေ့သွားပြီလား။ နံပါတ်တစ် ဆေးပညာပါရမီရှင်ဆိုတဲ့ ပိုင်ရှန့်ကျူလည်း ဒီကို ရောက်နေပြီ။ ငါတို့ရဲ့ ခုန်းလုံမြို့က နံပါတ်တစ် ဆေးပညာပါရမီရှင် ကျန်းလန်အာနဲ့ သူပြိုင်တော့မှာမလား။ ဒီနေ့က ပြိုင်ပွဲနေ့ထင်တယ်”