နောက်ထပ် အမှတ်ပြည့်
Vol. 79 Ch. 1181
ရလဒ်ကို စောင့်နေသည့် ကုန်းပုယီပင်လျှင် လှည့်ကြည့်လိုက်သည်။
နှစ်နာရီပဲကြာသေးတာ ချူးယွင်ဖန်းက တစ်ခုလုံးဖြေပြီးပြီလား။
အံ့အားသင့်ဖွယ် အရှိန်ဖြင့် ဆေးပညာ အလုပ်သင် အကဲဖြတ်ခြင်းကို ပြီးမြောက်ခဲ့သကဲ့သို့ပင်ဖြစ်သည်။
မှန်သည်။ မကြာခင်၌ပင် အဆင့်မြင့် စမ်းသပ်စက်၌ မျက်နှာပြင်တစ်ခု ပေါ်လာကာ ချူးယွင်ဖန်း၏ ရလဒ်များကို ပြသခဲ့သည်။
အမှတ်ပြည့်။ ဤသည်က နောက်ထပ် အမှတ်ပြည့်ပင်ဖြစ်သည်။ ချက်ချင်းပင် နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အမှတ်ပြည့်။ အမှတ်ပြည့်ရပြန်ပြီ။
ဤနေရာမှ ချူးယွင်ဖန်း၏နောက်သို့ လိုက်လာသူများပင်လျှင် အငယ်တန်း ဆေးပညာရှင်အကဲဖြတ်ခြင်းကို အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပြီးမြောက်ရန် မမျှော်လင့်ခဲ့ကြပေ။ ထို့အပြင် အမှတ်ပြည့်ဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြန်သည်။
"သူတကယ်အမှားမလုပ်ခဲ့တာလား"
"အဆင့်မြင့် စမ်းသပ်စက် ပျက်နေတာလား"
"သူတို့ သုံးယောက်ထဲမှာ၊ ဒီလူက အရင်ပြီးသွားတယ်ပေါ့"
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။
ပိုင်ရှန့်ကျူနှင့် ကျန်းလန်အာတို့သည် တကယ်တမ်းတွင် ချူးယွင်ဖန်းနှင့် မယှဉ်သာပေ။ ၎င်းတို့ လုံးလုံး ရှုံးသွားပြီဖြစ်သည်။
အောင်နိုင်သူကို ဆုံးဖြတ်ပြီးဖြစ်သည်။
‘နှစ်ယောက်လုံး အမှတ်ပြည့်ရရင်ရော ဘာဖြစ်လဲ။ အမြန်နှုန်းတစ်ခုတည်းအရဆိုရင်တောင် သူတို့က ချူးယွင်ဖန်းထက် အဆင့်နိမ့်တယ်’
လူတိုင်းရှေ့တွင် ဤသို့ဖြစ်ခဲ့ခြင်းဖြစ်သောကြောင့် လှည့်စားရန် မဖြစ်နိုင်ပေ။
ဤတစ်ကြိမ်တွင် ကုန်းပုယီနှင့် အကြီးအကဲရွှီပင် အံ့အားသင့်သွားခဲ့သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် အမှတ်ပြည့်ရပြန်သည်။
၎င်းတို့၏ ယခင်ခန့်မှန်းချက်များသည် လုံးဝမှားယွင်းနေသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခြင်းဖြစ်သည်။
ကုန်းပုယီက သူ့တပည့်အကြောင်း နားလည်ထားသူပီပီ အကဲဖြတ်ချက်ကို မြန်မြန်ပြီးအောင်လုပ်ရန် သူမအတွက် သေချာပေါက် မဖြစ်နိုင်ကြောင်းသိသည်။ ဤအောင်ပွဲသည် သေးငယ်သော အတိုင်းအတာဖြင့်သာ မဟုတ်ပေ။
အကယ်၍ ယခင်ကဆိုလျှင် ကုန်းပုယီသည် အဆင့်မြင့် စမ်းသပ်စက် ပျက်သွားသည်ဟု သံသယဖြစ်မိလိမ့်မည်။ သို့သော် ယခု သူ သံသယ မရှိတော့ပေ။
အကယ်၍ ဤအဆင့်မြင့် စမ်းသပ်စက် ပျက်သွားပါက ယခင်စက်များကပါ ပျက်သွားခြင်း ဖြစ်နိုင်ပါသလား။
တစ်ခုတည်းသောဖြစ်နိုင်ချေက ချူးယွင်ဖန်းတွင် အမှန်ပင် ထိုသို့ လုပ်နိုင်စွမ်းရှိနေခြင်းဖြစ်သည်။
"ဒီ ချူးယွင်ဖန်းက ဘယ်သူလဲဆိုတာ ရှာကြည့်လိုက်ပါ။ အခု”
ကုန်းပုယီသည် ချူးယွင်ဖန်း၏ လုပ်နိုင်စွမ်းက ဤအရာတွင် အကန့်အသတ်မရှိဟု ခံစားလာရသည်။ အစောပိုင်းက သူရရှိခဲ့သည့်သတင်းများအပြင် ချူးယွင်ဖန်းသည် ယနေ့တွင် အကြီးတန်းဆေးပညာရှင်ဖြစ်လာရန် အမှန်တကယ်လျှောက်ထားခဲ့သည်။ ယခုမူ ယင်းက မဖြစ်နိုင်ခြင်းမဟုတ်ဟု ထင်ရသည်။
ချူးယွင်ဖန်းသာ တကယ်လုပ်နိုင်ခဲ့မည်ဆိုလျှင် သူနှင့် တန်းတူညီနေမည်မဟုတ်လော။
ဤသည်ကိုတွေး၍ ကုန်းပုယီက ချူးယွင်ဖန်းနှင့် သူ့နောက်က အင်အားစုအကြောင်း သိလိုစိတ်ပြင်းပြလာခဲ့သည်။
"ဟုတ်ကဲ့ပါ ဥက္ကဠ" အကြီးအကဲရွီသည် အမိန့်ကို အမြန်လက်ခံလိုက်သည်။
ချူးယွင်ဖန်းသည် ဖန်သားပြင်ပေါ်ရှိ ရလဒ်များကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ထက် အဆင့်မြင့် စမ်းသပ်စက်အကြောင်း ပိုသိသူမရှိသည်မှာ သဘာဝကျလှသည်။
ထို့နောက် ချက်ချင်းပင် လက်ကိုဆန့်ကာ ပြောလိုက်၏။
"အကဲဖြတ်ခြင်းပြီးသွားပါပြီ၊ အလယ်အလတ် ဆေးပညာရှင် စမ်းသပ်ချက်အတွက် ဆက်လုပ်လို့ရမလား”
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြပြန်သည်။ ချူးယွင်ဖန်းက အကြီးတန်း ဆေးပညာရှင် စမ်းသပ်ချက်ကိုခံယူရန် စီစဉ်နေသည်လော။ တစ်ရက်အတွင်း သူသည် ဆေးအလုပ်သင် အကဲဖြတ်မှုအားလုံးကို ခံယူခဲ့ကာ ယခုအခါ အလယ်အလတ် ဆေးပညာရှင် အကဲဖြတ်ချက်ကို ခံယူရတော့မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းတွင် ထိုကဲ့သို့ ခွန်အားမရှိဟု မည်သူမျှ အတိအကျ မပြောဝံ့ပေ။ လူများစွာက အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
"အရင်က အကဲဖြတ်ချက်အားလုံးကို စမ်းသပ်စက်မှာ အပြီးသတ်နိုင်ပေမယ့် အလယ်အလတ်ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ဆို တကယ် ဆေးလုပ်ဖို့ လိုတယ်။ အဲ့ကျ သူ ဆေးကိုဘယ်လိုလုပ်ပြီး လုပ်ငန်းစဉ်ကို ဘယ်လိုမြန်မြန်အပြီးသတ်မလဲဆိုတာ ကျုပ်တို့ တွေ့နိုင်တယ်”
"မှန်တယ်။ အဲ့တာဆို သူ့ရဲ့ ဇာတိရုပ်ကို မြင်နိုင်မှာ"
"အံ့ဖွယ်ကိစ္စတစ်ခုကို ငါတို့တွေ့မြင်ရလိမ့်မယ်"
ချူးယွင်ဖန်း၏ တောင်းဆိုမှုကိုကြားသောအခါ ကုန်းပုယီက ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့၊ အလယ်အလတ်ဆေးပညာရှင်အကဲဖြတ်ချက်က လက်တွေ့လောကမှာ ဆေးဖော်စပ်ဖို့လိုတယ်။ အကဲဖြတ်ဖို့အတွက် လိုအပ်တဲ့နေရာအပြင် ဆေးဖက်ဝင်အပင်တွေကိုပါ ပြင်ဆင်ပေးဖို့ တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းပေးပါမယ်။ အချိန်နည်းနည်းတော့ ကြာပါလိမ့်မယ်။"
"ကောင်းပါပြီ" ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။
ကုန်းပုယီက ရှေ့တစ်လှမ်းတိုးကာ ပြော၏။
"အလယ်အလတ် ဆေးပညာရှင် အကဲဖြတ်မှုက ရေးဖြေမျိုးမဟုတ်ဘဲ ဆေးဖော်စပ်နိုင်စွမ်းပေါ်မူတည်တဲ့ အကဲဖြတ်မှုတစ်ခုပါ။ ပထမအကြိမ် စမ်းသပ်ပြီးရင် ဒီအခြေခံမေးခွန်းတွေက အဓိပ္ပါယ်မရှိတော့ပါဘူး။ စစ်မှန်တဲ့ စမ်းသပ်မှုက မင်းရဲ့ ဆေးလုံး ဖန်တီးနိုင်မှုပါ။ အချိန်ရောက်ရင် ဆေးအမျိုးအစားတွေထဲက တစ်မျိုးကို ကျပန်းရွေးပြီး ဖော်စပ်ရမယ်။ မင်းအောင်မြင်သွားရင် မင်း အလယ်အလတ် ဆေးပညာရှင် တစ်ယောက်ဖြစ်လာလိမ့်မယ်။"
"ကျွန်တော်နားလည်ပါတယ်" ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။
ဤအကဲဖြတ်မှုသည် ဆေးပညာရှင်၏ နေရာကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်ရာ ဆေးအမျိုးအစားတိုင်းကို မည်သူမျှ မမြင်ဖူးသည့်အပင် အမျိုးအစားတိုင်းကိုလည်း မထုတ်လုပ်ဖူးပေ။ ဤအကဲဖြတ်မှုသည် အခြေခံအရည်အချင်းများအကြောင်းဖြစ်သည်။
" ခွင့်ပြုပါ မိတ်ဆွေ မင်းဘယ်ကလာလဲဆိုတာ ကျုပ် သိနိုင်မလား၊ ကျုပ် ကုန်းပုယီမှာ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေရှိတယ်။ မင်းရဲ့ဆရာကို ကျုပ်သိလောက်ပါတယ်" ကုန်းပုယီက တိုက်ရိုက်မေးသည်။
ချူးယွင်ဖန်း မည်သည့်နေရာက လာကြောင်း သူသိချင်သည်။ သို့သော် ချူးယွင်ဖန်း၏ စွမ်းဆောင်မှုကို သုံးသပ်ကြည့်လျှင် ချူးယွင်ဖန်းသည် အနာဂတ်တွင် သူနှင့် ပုခုံးချင်းယှဉ်မည် သို့မဟုတ် သူ့ထက်သာလွန်မည်မှာ သေချာသည်။
ထို့ကြောင့် ချူးယွင်ဖန်းကို ဂျူနီယာအဖြစ် မဆက်ဆံဝံ့ပေ။
"ကျွန်တော်က ဘယ်ဂိုဏ်းနဲ့မှ မသက်ဆိုင်ပါဘူး။ ကိုယ်တိုင်လေ့လာဖို့ အားကိုးပါတယ်" ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။
ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ ကုန်းပုယီက ကျိန်ဆဲလိုစိတ်ပေါက်သွားသည်။
ဂိုဏ်းမရှိဘူးလား။ ကိုယ်တိုင် သင်ကြားနိုင်တဲ့ အရည်အချင်းရှိတယ်ပေါ့ ဟုတ်လား။ ဘယ်သူက လိမ်ဖို့ကြိုးစားနေတာလဲ။
ဆေးပညာရှင်များသည် သာမန်သိုင်းပညာရှင်ထက် ကြွယ်ဝချမ်းသာမှုကို ပိုမိုအားကိုးကြသည်။ ဤအသက်အရွယ်တွင် ဤကဲ့သို့ အောင်မြင်မှုများ ရနေခြင်းမှာ ကိုယ့်အားကိုယ်ကိုးခြင်းဟုဆိုလျှင် သူလိမ်နေခြင်းဖြစ်ကြောင်း သေချာသည်။
သို့သော် ချူးယွင်ဖန်းသည် မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိသဖြင့် ကုန်းပုယီသည် ဤကိစ္စကို လက်လျှော့ရန်သာ တတ်နိုင်ထဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ နောက်ခံအကြောင်းကို သူရှာဖွေရမည်ဟု ယခု ပို၍ပင် သေချာလာခဲ့သည်။
နောက်ထပ်တစ်နာရီကြာပြီးနောက် ကျန်းလန်အာသည် စမ်းသပ်မှုအားလုံးကို ပြီးမြောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပိုင်ရှန့်ကျူလည်း ပြီးသွားသည်။ နှစ်ယောက်သား ဦးထုပ်ကို တစ်ချိန်တည်း ချွတ်လိုက်သည်။ သို့သော် စမ်းသပ်မှုပြီးသွားသော ချူးယွင်ဖန်းကိုတွေ့သောအခါတွင် သူတို့၏အမူအရာများ ပြောင်းလဲသွားသည်။
အဆုံးသတ်တွင် ၎င်းတို့သည် အရှိန်အဟုန်အားဖြင့် ရှုံးနိမ့်ခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ရလဒ်များကို မြင်သောအခါ နှစ်ယောက်လုံး အမှတ်ကောင်းကောင်း ရခဲ့ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ၎င်းတို့၏ မျက်နှာများတွင် ကျေနပ်သည့် အပြုံးများ ပေါ်လာသည်။ ဤအဆင့်သည် ရှေးက ဆေးပညာရှင်များထက် များစွာပို၍ အားကောင်းနေကာ ၎င်းသည် ၎င်းတို့၏ အမြင့်ဆုံးအဆင့်ကိုလည်း ကိုယ်စားပြုသည်။
ဒါပေမယ့် ချူးယွင်ဖန်း၏ ရလဒ်ကို ၎င်းတို့မြင်သောအခါ အမှတ်ပြည့်ရသွားကြောင်း သူတို့ သိလိုက်ရသည်။
"ဘယ်လို အမှတ်ပြည့်ဖြစ်နိုင်မှာလဲ၊ အဲ့တာ မဖြစ်နိုင်ဘူး”
ပိုင်ရှန့်ကျူသည် မယုံကြည်နိုင်မှုကို ပထမဆုံးဖော်ပြသူဖြစ်သည်။ သူ၏ လက်ရာသည် ကောင်းမွန်သည်ဟု ယူဆလျှင်ပင် ချူးယွင်ဖန်းသည် အမှတ်ပြည့် ရရှိခဲ့သည်။ တူညီသောစမ်းသပ်မှုကို ဖြတ်သန်းခဲ့သဖြင်ြ မည်မျှခက်ခဲသည်ကို သူသိသည်။ ဤအချက်ကြောင့် မည်သူမျှ အမှတ်ပြည့်ရနိုင်သည်ဟု သူ မယုံကြည်နိုင်ပေ။
"စမ်းသပ်စက်က ပျက်နေတာဖြစ်ရမယ်”
ပိုင်ရှန့်ကျူက သူရှုံးသွားသည်ကို မယုံနိုင်ပေ။ ကျန်းလန်အာပင်လျှင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် လူတိုင်းသည် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသော ပိုင်ရှန့်ကျူကိုကြည့်ကာ အရုပ်ဆိုးသောအမူအရာများကို ထုတ်ဖော်ပြသကြသည်။ ၎င်းတို့ထဲမှ အများစုက ဆေးပညာအစည်းအရုံးကဖြစ်သောကြောင့် ၎င်းတို့၏ အမူအရာများက ဤအချိန်တွင် ပို၍ပင် ဖော်ရွေမှုမရှိခဲ့ပေ။
ကျန်းလန်အာ၏ မျက်နှာတွင်လည်း မယုံကြည်နိုင်မှူတို့ဖြင့် ပြည့်နေသည်။ ထို့နောက် ချူးယွင်ဖန်းသည် အလယ်အလတ် ဆေးပညာရှင် အကဲဖြတ်မှုကို ရယူလိုကြောင်း သူမကြားသိလိုက်ရသည်။ ထို့ကြောင့် သူမ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"ကျွန်မလည်း အလယ်အလတ် ဆေးပညာရှင် အကဲဖြတ်မှုကို လျှောက်ထားချင်ပါတယ်”
"မှန်တယ် ငါလည်း အလယ်အလတ် ဆေးပညာရှင် အကဲဖြတ်မှုကို လျှောက်ထားချင်တယ်။ ချူးယွင်ဖန်း မင်း ငါတို့ စိန်ခေါ်တာကို လက်ခံရဲလား”