← Chapters

အလွန်ခက်ခဲသော ဆေးပညာကျွမ်းကျင် စစ်ဆေးချက်

Vol. 79 Ch. 1184

အလွန်ခက်ခဲသော ဆေးပညာကျွမ်းကျင် စစ်ဆေးချက်

Vol. 79 Ch. 1184

"သူ တကယ်ပဲ အလယ်အလတ် ဆေးပညာရှင်အကဲဖြတ်ချက်ကို အောင်မြင်ခဲ့တာလား”

“သူတို့က အဆင့်ချင်းမတူဘူး ပိုင်ရှန့်ကျူဖြစ်ဖြစ်၊ ကျန်းလန်အာဖြစ်ဖြစ် ချူးယွင်ဖန်းဖြစ်ဖြစ် သူတို့က အဆင့်ချင်းမတူကြဘူး”

"ဒီလိုကြောက်စရာကောင်းတဲ့ကောင်က ဘယ်ကလာတာလဲ။"

လူများစွာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြသည်။ ဘေးမှကြည့်နေသော ပိုင်ရှန့်ကျူသည် ချွေးသီးများထွက်နေသည်။ ဤအခိုက်အတန့်တွင်၊ မာနအရှိဆုံးလူပင်လျှင် သူနှင့် ချူးယွင်ဖန်းအကြား ခြားနားချက်ကို မြင်နိုင်သည်။ ယင်းက တိမ်နှင့် ရွှံ့အကြားကွာခြားချက်ကဲ့သို့ပင်ဖြစ်သည်။

ကျန်းလန်အာကို အမီလိုက်နိုင်မည်ဟု သူယုံကြည်ခဲ့သော်လည်း ချူးယွင်ဖန်းကိုမူ လက်လျှော့ခဲ့ပြီးဖြစ်သည်။ ချူးယွင်ဖန်းသည် အလယ်အလတ် ဆေးပညာရှင် စာမေးပွဲကို လွယ်လွယ်ကူကူ အောင်နိုင်ခဲ့သောကြောင့် သူ၏ ခွန်အားသည် ဤအရာထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ဤဆေးအကြောင်း ကြိုတင်သိရှိနိုင်ဖွယ်ရှိကြောင်း သူချက်ချင်းစဉ်းစားခဲ့သည်။ ဤသည်က မဖြစ်နိုင်ပေ။ တခါတရံတွင် အလယ်အလတ်ဆေးပညာရှင်အကဲဖြတ်ချက်သည် လူတစ်ဦး၏ ကံကို အမှန်ပင် စမ်းသပ်ခြင်းဖြစ်သည်။

“အရင်က ဒီဆေးကို သူစပ်ဖူးတယ်ထင်တယ်။ ကံကောင်းတာဖြစ်ရမယ်” ပိုင်ရှန့်ကျူက အခြေအနေကိုကြည့်၍ အော်လိုက်သည်။

သူ့နားမှ ကုန်းပုယီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ ယခုပင်လျှင် ပိုင်ရှန့်ကျူသည် ကောလဟာလများဖြန့်ကာ အခြားသူများ၏ ဂုဏ်သိက္ခာကို အပုပ်ချရန် ကြိုးစားနေဆဲဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် ယခင်က ၎င်းကို သန့်စင်ခဲ့လျှင်ပင် သူ၏ ကံကောင်းခြင်းပင်ဖြစ်၏။

“လုံခြုံရေးတွေ သူ့ကို အပြင်ခေါ်သွားပြီး အသိဝင်အောင်လုပ်လိုက်ပါ” ကုန်းပုယီက နူးညံ့သိမ်မွေ့စွာမပြောနေတော့ပေ။

ပိုင်ရှန့်ကျူက ရလဒ်နှင့် ပတ်သက်၍ ဆက်ငြင်းလျှင် မည်မျှ ဆိုးရွားမည်နည်း။ ပြင်ပလူများက ဤနေရာသည် ညစ်ညမ်းသော နေရာဟုပင် ထင်ကောင်းထင်သွားနိုင်သည်။ အကြီးအကဲရွှီက ပိုင်ရှန့်ကျူကို အမြန်ဆွဲထုတ်လိုက်သည်။ လူများစွာက အလွန်စိတ်သက်သာရာရသွားကြသည်။ ပိုင်ရှန့်ကျူသည်

ဤနေရာတွင် ရက်အနည်းငယ်ကြာပြီးနောက် ဤမျှထိ မောက်မာမနေသင့်ပေ။ မြင့်မား၍ အင်အားကြီးသော သဘောထားမျိုးသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်စဖွယ်ပင်ကောင်းလှသည်။ ယခုလည်း ရှုံးပြီးနောက်တွင် သူသည် အလွန်အမင်း မခံချိမခံသာ ဖြစ်နေသေးသည်။

"မင်းအကြီးတန်း ဆေးပညာရှင် စမ်းသပ်ချက်ပါဖြေဖို့ စီစဉ်နေတယ်ဆိုတာ ငါကြားတယ်" လူတိုင်း ထိတ်လန့်နေကြဆဲအချိန်၌ ကုန်းပုယီက ပြောလိုက်သည်။

“ဘာလဲ အကြီးတန်းဆေးပညာရှင်ဟုတ်လား”

လူများစွာက ချူးယွင်ဖန်းကို ထိတ်လန့်စွာကြည့်ကာ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ အကြီးတန်း‌ဆေးပညာရှင်များသည် ဆေးကျွမ်းကျင်များကဲ့သို မရှားလှသော်လည်း ၎င်းတို့သည်လည်း မြင့်မား၍ စွမ်းအားကြီးသော ဖြစ်တည်မှုများဖြစ်သည်။ ခုန်းလုံမြို့ကဲ့သို့ မြို့ကြီးပြကြီးတွင် တစ်ဦးတည်းသော အကြီးတန်းဆေးပညာရှင်မှာ ဆေးပညာအစည်းအရုံးဥက္ကဌတစ်ဦးသာရှိသည်ဟု သိထားကြရသည်။

ကုန်းပုယီက အသက်တစ်ရာကျော်နေပြီဖြစ်သော်လည်း ချူးယွင်ဖန်းက အသက်မည်မျှရှိသနည်း။

“ဟုတ်ပြီ အခုပဲ ဖြေလို့ရမလား” ချူးယွင်ဖန်းက မေးသည်။

လူအုပ်ကြီး၏ ဆွေးနွေးမှုများသည် ပို၍ ကျယ်လောင်လာသည်။

"သူက တကယ်ပဲ အကြီးတန်း ဆေးပညာရှင် စမ်းသပ်ချက်ကိုဖြေချင်နေတာလား”

“သူလုံးဝမကြောက်တာ အံ့သြစရာပဲ။ ဒီလောက်တောင် ယုံကြည်မှုအပြည့်ရှိတယ်ပေါ့”

“သူ့မှာ ဒီလိုခွန်အားတွေရှိရင် အရင်ကစမ်းသပ်ချက်တွေက ဘာလို့ သူ့အတွက် ဒီလောက်လွယ်နေလဲဆိုတာ ရှင်းပြလို့ရတယ်”

ကျန်းလန်အာသည် နောက်ဆုံးတွင် သူမ၏ ခွန်အားအချို့ကို ပြန်လည်ရရှိလာသည်။ ထို့နောက် ချူးယွင်ဖန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်၏။ သူမသည် အလယ်အလတ်ဆေးပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် သူမ၏ ကိုယ်ပိုင်ခွန်အားနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာသိသည်။ နောက်ဆုံးတွင် ကံကြောင့်

အလယ်အလတ် ဆေးပညာရှင် အကဲဖြတ်ခြင်းကို အောင်မြင်ခဲ့သည်။ အကယ်၍ သူမသာ အခြားဆေးတစ်မျိုးကို ယူခဲ့မိမည်ဆိုလျှင် အောင်မြင်နိုင်မည်မဟုတ်ပေ။

အကြီးတန်း ဆေးပညာရှင်တစ်ယောက်ဖြစ်လာသည်နှင့် ပတ်သက်၍မူ သူမ တွေးပင် မတေွးဝံ့ပေ။

သူမ၏သခင် ကုန်းပုယီ၏စကားအရ နောက်ဆယ်နှစ်အထိ သူမသည် ၎င်းကို မစဉ်းစားသင့်ပေ။

ယခုမူ ချူးယွင်ဖန်းသည် အကြီးတန်း ဆေးပညာရှင် အကဲဖြတ်မှုကို အမှန်တကယ် စိန်ခေါ်ချင်နေပြီဖြစ်သည်။ သူသည် သူမနှင့် လုံးဝခြားနားသော အဆင့်တွင် ရှိနေသူဖြစ်သည်။

ဤနတ်ဆိုးမည်သည့်နေရာမှ လာသနည်းဟု သူမမတွေးဘဲ မနေနိုင်တော့ပေ။

ဤလူများထဲတွင် ယဲ့ချောင်ရှင်းကသာ အလွန်တည်ငြိမ်သည်။ ထိတ်လန့်တုန်လှုပ်နေသော အခြားသူများကို ကြည့်လိုက်ပြီးနောက် သူမအနည်းငယ်သာလွန်သည်ဟုခံစားလိုက်မိသည်။

‘ရှင်တို့တွေ ဉာဏ်မမှီဘူး။ ချူးယွင်ဖန်းက တကယ်တော့ ဆေးပညာကျွမ်းကျင် အကဲဖြတ်ချက်ကို ခံယူချင်တာ’

အကယ်၍ ဤနေရာတွင် ဆေးကျွမ်းကျင်သူကို မစမ်းသပ်နိုင်သည့်အတွက်ကြောင့်သာမဟုတ်ပါက သူသည် တစ်ကြိမ်တည်းနှင့် ဆေးကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခံရနိုင်သည်။ ချူးယွင်ဖန်း၏ လျှောက်လွှာကြောင့် သူမ မည်မျှ ထိတ်လန့်ခဲ့ရသည်ကို သူမလုံးဝ မေ့သွားခဲ့သည်။

"ကောင်းပြီ၊ မင်းအကြီးတန်းဆေးပညာရှင်စမ်းသပ်ချက်ကို ဖြေချင်တာဆိုတော့ ငါတို့ ကိုယ်တိုင် စမ်းသပ်ရမှာ” ကုန်းပုယီက လေးနက်သောအသံဖြင့်ပြောသည်။

ချူးယွင်ဖန်း မည်သည့်နေရာက လာသည်ကိုမသိသော်လည်း ချူးယွင်ဖန်း၏ ခွန်အားကိူမူ သူ အသိအမှတ်ပြုထားနှင့်ပြီးဖြစ်သည်။ ချူးယွင်ဖန်းကို လျှော့တွက်၍ မရပေ။ ဆေးပညာအစည်းအရုံးမှ အကြီးအကဲအချို့သည် ကုန်းပုယီအနားတွင် စုရုံးနေပြီဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသော အဖြစ်အပျက်သည် အဖွဲ့ထဲရှိ အကြီးအကဲများအားလုံးကို ထိတ်လန့်အံ့သြသွားစေသည်။

"အကဲဖြတ်မှုရဲ့ စည်းမျဉ်းတွေက ဒီလိုပါ။ ကျုပ်တို့က ဆေးတစ်မျိုးစီယူမယ်။ ပြီးရင် မင်း အဲ့တာကို အရသာခံ၊ အနံ့ခံပြီး ကြည့်လို့ရတယ်။ သုံးတဲ့ ပါဝင်ပစ္စည်းတွေ ဆေးရဲ့ အာနိသင်နဲ့ အားနည်းချက်ရှိမရှိ ၊ အနီးစပ်ဆုံး သန့်စင်တဲ့နည်းလမ်းနဲ့ အဆင့်တွေ စတာတွေကို ဆုံးဖြတ်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုနိုင်ပါတယ်" ကုန်းပုယီက ရှင်းပြသည်။

ဤစကားကို လူအုပ်ကြီးက ကြားသောအခါ အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။

အကြီးတန်း ဆေးပညာရှင်များသည် နည်းပါးလွန်းလှသည်။ ဤသည်မှာ အကြီးတန်း ဆေးပညာရှင်ကို အမှန်တကယ် စမ်းသပ်နည်းဖြစ်ကြောင်း လူအများစုက မသိကြပေ။ ယင်းက လုံးလုံးလျားလျားပုံမှန်မဟုတ်ပေ။ ဆေးလုံးနှင့်ပတ်သက်၍ အရိပ်အမြွက်မျှမရှိသော်လည်း စစစ်ဆေး ချက်ခံယူသူသည် အချက်အလက်အားလုံးကို ပြောင်းပြန်လှန်ရန် လိုအပ်သည်။ ဤသို့လုပ်ဆောင်နိုင်ရန် ဆေးဖက်ဝင်ဆေးလုံးများနှင့် မည်မျှ ရင်းနှီးရန် လိုအပ်သနည်း။

ခုန်းလုံမြို့ ၏ ဆေးပညာအစည်းအရုံးတွင် နှစ်ပေါင်းများစွာကြာသည်အထိ ခုန်းပုယီတစ်ဦးတည်းသာ ဤအဆင့်သို့ရောက်ခဲ့သည်မှာ အံ့သြဖွယ်မဟုတ်ပေ။

"ကိစ္စမရှိပါဘူး" ချူးယွင်ဖန်းက မစဉ်းစားဘဲ ပြောလိုက်သည်။

“ဒါပေမယ့် တရားမျှတဖို့အတွက် ငါတို့ မင်း ငါတို့ ငါးယောက်ထုတ်ပေးထဲ ဆေးထဲက သုံးလုံးအတွက်ပဲ မှန်မှန်ကန်ကန်ဖြေဖို့လိုတယ်”

သို့သော် သာမန်လူတစ်ယောက်အတွက်၊ ငါးယောက်တွင် သုံးယောက်ကို မှန်အောင်ဖြေဆိုရန် လိုအပ်သော်လည်း၊ အခက်အခဲသည် အလွန်ခက်ခဲနေသေးသည်။

"ကောင်းပြီ၊ စလိုက်ကြရအောင်" ချူးယွင်ဖန်းက ပြောသည်။

ကုန်းပုယီနှင့် နောက်ထပ် အကြီးအကဲလေးဦးက ချက်ခြင်း ပြင်ဆင်ရန် လှည့်ကြည့်လိုက်သည်။ ခဏအကြာတွင် ၎င်းတို့ ငါးယောက်က ဆေးတစ်လုံးစီ ထုတ်ယူကာ ချူးယွင်ဖန်းဆီဿို့ လျှောက်လာကြသည်။

"ဒီဆေးဖက်ဝင်ဆေးလုံးတွေက ငါသိထဲထဲ့က မဟုတ်တာတော့သေချာတယ်။ အားလုံးကို အဆင့်မြင့်ထားပြီးဖြစ်ရမယ်”

“မှန်တယ် ဒါက အရမ်းခက်ခဲလွနးတယ်။ ဒီဆေးလုံးတွေက ပုံမှန် ဆေးဖက်ဝင်ဆေးတွေလို့ ငါမထင်ဘူး။ အဲ့တာ အကြီးအကဲတွေ သီးသန့်ပြုပြင်ထားတဲ့ဆေးလုံးတွေပဲ”

“မှန်တယ်။ ချူးယွင်ဖန်း ကျော်ဖြတ်နိုင်တော့မှာမဟုတ်ဘူး”

လူတိုင်းဆွေးနွေးနေကြစဉ် ကုန်းပုယီက ပြောလိုက်၏။

"မင်း စမှတ်ကို ရွေးလို့ရပါတယ်။ မင်း အဖြေမှန်သုံးခုရရန် စမ်းသပ်ချက်ကို အောင်မြင်မယ်”

“ကောင်းပြီ။ ဒါဆို ခင်ဗျားနဲ့ စလိုက်မယ်” ချူးယွင်ဖန်းက အရပ်ပုပုနှင့် ပိန်လှီသော သတ်လတ်ပိုင်း အကြီးအကဲကို ချက်ချင်းကြည့်လိုက်သည်။

သူက ဆေးလုံးကို အကြိမ်အနည်းငယ်ကြည့်ပြီးနောက် ဆေး၏ အနံ့ကို တစ်ချက်ရှိုက်ကြည့်ကာ ထိုယောက်ျား၏ ရင်ဘတ်တွင် ချိတ်ဆွဲထားသော တံဆိပ်ကို ကြည့်လိုက်သည်။

"အကြီးအကဲဝမ်မလား။ ဒါက အခြေခံနတ်စွမ်းအင်ဆေးရဲ့ အဆင့်မြှင့်ထားတဲ့ပုံစံဖြစ်လောက်တယ်”

"မဆိုးပါဘူး၊ မင်းမျက်လုံးကောင်းတယ်။" အကြီးအကဲဝမ်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့်၊ ဒီတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ ခင်ဗျားက ဒါကို အများကြီးအဆင့်မြှင့်ထားတာပဲ။ တကယ်လို့ ကျုပ်က နတ်စစွမ်းအင်ဆေးရဲ့ ပုံမှန် ဖော်စပ်နည်းကိုသုံးရင် လုံးဝ မှားသွားလိမ့်မယ်”

All Chapters