← Chapters

ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည့် ငရဲဧကရာဇ်ကျောင်တိုင်ရှိ နာမည်စာရင်း

Vol. 7 Ch. 672

ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည့် ငရဲဧကရာဇ်ကျောင်တိုင်ရှိ နာမည်စာရင်း

Vol. 7 Ch. 672

ယခုတွင်မူ သူ၏ ယင်ယန်ဝိညာဥ်သည် အတိုင်းအတာတစ်ခုအထိ စွမ်းအားကြီးလာပြီဖြစ်သည်။

ထို့အပြင် စွမ်းအားကြီးလာရုံသာမက ကောင်းကင်နှင့် မြေကြီးတို့၏ အေးစိမ့်ချီကိုလည်း ပို၍တောင့်ခံနိုင်လာပြီဖြစ်သည်။

ယခု သူ အလွန်သေဘာကျနှစ်ခြိုက်နေပြီဖြစ်သည်။ ထိုသို့သောခံစားချက်မျိုးမှာ ပုံမှန်ဆိုလျှင် အချိန်အတော်အတန်ကြာအောင် တံခါးပိတ်တရားကျင့်ကြံကာ စွမ်းအားကြီးသိုင်းကွက်များကို လေ့ကျင့်၍ အသက်ရှူလေ့ကျင့်ခန်းများကို တရှိုက်မက်မက် လုပ်ဆောင်မှသာ ရရှိနိုင်သည့် ခံစားချက်မျိုးဖြစ်သည်။

၎င်းမှာ စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း တစ်ခေါက်၏ အစွမ်းသာ ရှိသေးသည်။

ပိုင်ရှောင်ချန်းမှာ မကြာသေးမီက ကောင်းကင်နှင့် မြေကြီးတို့၏ စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲနေသည့် ခံစားချက်ကြီးကို ပြန်တွေးမိလိုက်သောအခါ သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာတော့သည်။

" ဒါက ကိုယ့်ရဲ့ ကျင့်ကြံခြင်းအခြေခံကို တကယ့်ကိုတိုးတက်စေနိုင်တဲ့ လျှို့ဝှက် မှော်အတတ်ပဲ "

သူက မေးစေ့ကိုပွတ်သပ်ကာ တွေးတောလိုက်ပြီး မြေရိုင်းဒေသထဲသို့ သူ စရောက်လာခဲ့စဥ်က ငရဲဧကရာဇ်နှင့် ပတ်သတ်၍ သူသိခဲ့ရသည့် အချက်အလက်များကို ပြန်အမှတ်ရသွားတော့သည်။ ထိုစဥ်က သူသည် ယင်ယန်ဝိညာဥ်များကို စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့် အယူအဆကို စတင်သိရှိခဲ့သည်။

" ဒီလူတွေရဲ့ ပြောစကားအရ ကိုယ့်ရဲ့ယင်ယန်ဝိညာဥ်ကို အဆင့်ဆယ့်ငါးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ထိ ဖောက်ထွက်နိုင်ပြီ။ အဆင့်ဆယ့်ရှစ်ထိဆိုရင် နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ပြီ။ အဆင့်နှစ်ဆယ်အထိဆိုရင် မဟာစက်ဝန်းအဆင့်ကို ရောက်ပြီ။ ဒဏ္ဍာရီလာ အဆင့်နှစ်ဆယ့်တစ်အထိဆိုရင်တော့ ပြောနေစရာကို မလိုတော့ပါဘူး။ နတ်အဆင့်ကို ကျိန်းသေပေါက်ရောက်ပြီ "

ထိုအတွေးများကြောင့် သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့သည်။ တချိန်ထဲမှာပင် ယင်ယန်ဝိညာဥ်များကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသည် အခြားပစ္စည်းများကို အဆင့်မြှင့်တင်ခြင်းနှင့် မတူညီသည့် ရလဒ်များကို ပေးစွမ်းကြောင်း သူကသတိထားမိလိုက်သည်။ ဝင်္ကပါထဲတွင် သူသည် အဆင့်များစွာအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများပြုလုပ်ခဲ့သဖြင့် ရှင်းရှင်းလင်းလင်း သိနေသည်။ သို့သော် ယင်ယန်ဝိညာဥ်များမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲတွင် ထူးခြားသောအရာများဖြစ်၍ သာမန်ပစ္စည်းများနှင့် ကွဲပြားနေသောကြောင့် ရလဒ်များ မတူသည်မှာ အဓိပ္ပါယ်ရှိပေသည်။ သူစီစဥ်ဖန်တီးထားသည့် နှစ်ရောင်ခြယ်မှ ဆယ့်လေးရောင်ခြယ်အထိရှိနေသော မီးတောက်များကို ငုံ့ကြည့်လိုက်ပြီး အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်၏ ထိပ်ဆုံးသို့ရောက်ရှိနိုင်မည့် လမ်းကြောင်းမှာ သူ၏ရှေ့တွင် ရှင်းရှင်းလင်းလင်း ရောက်ရှိနေပြီဖြစ်ကြောင်း သူက သိလိုက်တော့သည်။

ထို့နောက် သူက လိပ်ဒယ်အိုးကို ပြန်ကြည့်လိုက်ပြီး တစ်ခုခု မချို့ယွင်းသေးသရွေ့ စိတ်ပူစရာမရှိကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူ၏ ပူပန်နေသော စိတ်ကိုချုပ်တည်းကာ ရေရွတ်လိုက်တော့သည်။

" ဘာပြဿနာမှ မရှိနိုင်ပါဘူးကွာ။ ငါဒါကို မလုပ်လိုက်ရမှသာ နောင်တတွေရနေမှာ "

ထိုသို့ဆိုကာ သူသည် သူ၏ယင်ယန်ဝိညာဥ်ကို လိပ်ဒယ်အိုးထဲသို့ ပြန်၍ ပို့လိုက်ပြီး သူက နောက်ထပ် မန္တန်လက်ကွက်တစ်ခု ထပ်ဖော်ကာ လက်ညှိုးထိုးလိုက်သောအခါ နှစ်ရောင်ခြယ်မီးတောက်မှာ နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတစ်ခုကို စတင်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ယင်ယန်ဝိညာဥ်တစ်ခုအား စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို မြေရိုင်းဒေသထဲတွင် ကောင်းကင်းကိုတုန်ခါစေကာ မြေပြင်ကိုအက်ကွဲစေနိုင်သည့် အောင်မြင်မှုတစ်ရပ်အဖြစ် သတ်မှတ်ထားသည်ကို လုံးဝမသိပေ။

***

ထိုစဥ် သူနှင့် အလွန်ဝေးကွာလှသည့် မြေရိုင်းဒေသ၏ အလယ်ဗဟိုတည့်တည့်တွင် သရဲကြီးမြို့တော်ထက် များစွာကြီးမားသည့် မြို့တစ်မြို့ရှိသည်။

ထိုမြို့တော်ကြီးမှာ သရဲကြီးမြို့တော်ထက်ဆယ်ဆခန့် ကြီးမားပြီး ရွှေအရောင်အဆင်းကို ပိုင်ဆိုင်ထားသည်။ ၎င်းမြို့တော်မှာ ကောင်းကင်နှင့် ချိတ်ဆက်နေသည့်အလား ဖော်ပြ၍မရနိုင်လောက်အောင် မြင့်မြတ်နေသည်။ မြို့တော်၏ အထက်ရှိ ကောင်းကင်ယံမှာ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေသည့် တိမ်တိုက်များရှိနေပြီး ထိုတိမ်တိုက်များအကြားတွင် နဂါးများက မြူးထူးပျော်ပါးနေကာ တစ်ခါတရံ ဆိုလျှင် အောက်ဘက်ရှိ လူများကို ခြိမ်းခြောက်သည့်အကြည့်များဖြင့် ငုံ့ကြည့်နေကြသည်။

ထိုမြို့တော်မှာ မြေရိုင်းဒေသထဲတွင် အရေးအကြီးဆုံး နေရာဖြစ်သည်။ ၎င်းမှာ... ဗဟိုဧကရာဇ်မြို့ပင် ဖြစ်သည်။

ဗဟိုဧကရာဇ်မြို့၏ အရှေ့ပိုင်းထဲတွင် တစ်ဖက်နှင့်တစ်ဖက် မီတာသုံးသောင်းကျော်ကွာဝေးသည့် ဧရာမ ကွင်းပြင်ကြီးတစ်ခုရှိသည်။ ထိုကွင်းပြင်ကြီး၏ အလယ်တည့်တည့်တွင် မီတာနှစ်ထောင့်ခုနစ်ရာတိတိမြင့်မားကာ အလင်းရောင်ဖျော့ဖျော့ လေးတစ်ခုက ဝန်းရံနေသည့် အစိမ်းရောင် ကျောက်တိုင်ကြီးတစ်တိုင်ရှိသည်။

ထိုဝန်းရံနေသည့် အလင်းရောင်မှာ ကမ္ဘာပေါ်ရှိ မည်သည့်နတ်ဘုရားစွမ်းရည်မဆို ၎င်းကို ငြိမ်သက်သွားစေရန် မစွမ်းနိုင် လောက်အောင် ခုခံအားကောင်းသည်။ ထိုအလင်းရောင်မှာ ၎င်း၏အရိပ်အာဝါသအောက်ဝယ် ခိုလှုံလာသူများ၏ ကျင့်ကြံခြင်းအခြေခံများကိုပင် အထောက်အကူပြုနိုင်သေးသည်။ ယခုအခါ ထိုကျောင်တိုင်၏ မျက်နှာပြင်ပေါ်တွင် နာမည်ရှစ်ဆယ်ဝန်းကျင်ခန့် ရှိနေသည်။

ထိုနာမည်များကို တိကျရှင်းလင်စွာရေးထားသည်ဖြစ်ပြီး ၎င်းတို့မှာ အမျိုးမျိုးသော လက်ရွေးစင်သူရဲကောင်းများ၏ နာမည်များဖြစ်ကြသည်။ ထိုသူရဲကောင်းများအားလုံးမှာ အလွန်နာမည်ကျော်စောကာ မြေရိုင်းဒေသတစ်ခုလုံးကသိ၍ ပါးစပ်ဖျားက မချရလောက်အောင် အပြောခံရသူများ ဖြစ်သည်။ သူတို့၏ နာမည်များမှာ ရပ်သိရွာသိများ ဖြစ်ကြသည်။

ထိုကျောက်တိုင်မှာ ငရဲဧကရာဇ်ကျောက်တိုင်ပင်ဖြစ်သည်။ ထိုနာမည်များကမူ ငရဲဧကရာဇ်၏ဆက်ခံသူနေရာအတွက် အလျောင်းအလျာများအဖြစ် ဝင်ရောက်ယှဥ်ပြိုင်နေကြ သူများ၏ နာမည်များ ဖြစ်သည်။

ဆက်ခံသူနေရာ၏ ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် အချိန်ပြည့်ပါက ထိုစာရင်းတွင် အဆင့်တစ်နေရာကိုရထားသူမှာ ဆက်ခံသူဖြစ်သွားမည် ဖြစ်သည်။ ထိုပြိုင်ပွဲမှာ အရေးကြီးလွန်းလှသည့်အတွက် မြေရိုင်းဒေသထဲရှိ လူတိုင်းမှာ ထိုစာရင်းပေါ်က နာမည်များကို အလွန်စိတ်ဝင်စားနေကြသည်။

လက်ရှိတွင် နံပါတ်တစ်နေရာကို သိမ်းပိုက်ထားသည့် နာမည်မှာ ကုန်းစွန်းရီဖြစ်ပြီး ထိုနာမည်၏ ဘေးတွင် ' ခုနစ် ' ဟူသော ဂဏန်းကို မြင်နိုင်သည်။

ထိုအဓိပ္ပါယ်မှာ အနှီကုန်းစွန်းရီဆိုသော လူက သူ၏ယင်ယန်ဝိညာဥ်ကို အဆင့်ခုနစ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခဲ့ပြီးပြီဟု ဆိုလိုသည်။

ယင်ယန်ဝိညာဥ်ကို ခုနစ်ကြိမ်တိတိ အဆင့်မြှင့်ပြီးသည့်တိုင်အောင် အသက်ရှင်နေသေးသည်မှာ ကောင်းကင်က ချီးမြှင့်ပေးသည့် ကိစ္စရပ်ကြီးတစ်ခုပင် ဖြစ်သည်။ ထိုအချင်းအရာကြောင့် လူများစွာ တုန်လှုပ်သွားခဲ့ရသည်။ ဒုတိယနေရာတွင် ကျိုးဟုန်ဆိုသူရှိပြီး သူ၏ ယင်ယန်ဝိညာဥ်မှာ အဆင့်ခြောက်အထိ စိတ်စွမ်းအင်မြှင့်တင်ထားပြီးဖြစ်သည်။

တတိယနေရမှ လူသည် အဆင့်ငါးအထိ မြင့်တင်ထားသည်။ စာရင်း၏အောက်သို့ရောက်လေလေ နံပါတ်များမှာ ငယ်သွားလေလေဖြစ်ပြီး အဆုံးတွင် တစ်အထိ ရောက်သွားသည်။

မမျှော်လင့်ထားသည့် အရာတစ်ခု မဖြစ်သရွေ့ ကုန်းစွန်ရီက ငရဲဧကရာဇ်၏ ဆက်ခံသူဖြစ်လာမည်မှာ အသေအချာပင်။ ကျိုးဟုန်ပင်လျှင် အဆင့်ခုနစ်ထက်ကျော်၍ အဆင့်မမြှင့်တင်ရဲသည် မဟုတ်ပါလော။ ထိုသို့ ကြောက်ရွံ့နေရသည်မှာလည်း မဆန်းပေ။ အောင်မြင်နိုင်ခြေမှာ အလွန်နည်းသည်ဖြစ်ပြီး မအောင်မြင်ပါက အသက်ဆုံးရှုံးရမည် မဟုတ်ပါလော။

ငရဲဧကရာဇ် ကျောက်တိုင်ပေါ်ရှိ နာမည်စာရင်းများနှင့် ၎င်းကျောက်တိုင်ကို ဝန်းရံနေသည့် စူးရှတောက်ပနေသော အလင်းရောင်ကြောင့် ထိုနေရာတွင် စုဝေးနေကြသည့် ဝိညာဥ်ကျင့်သူများ အမြဲတမ်း ရှိတတ်ကြသည်။ သူတို့သည် အလင်းရောင်ကြောင့် ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်နိုင်ရုံသာမက တချိန်ထဲမှာပင် စာရင်းပေါ်ရှိ နာမည်များကို ကြည့်ရှုလေ့လာနိုင်သည် မဟုတ်ပါလော။

ထိုနာမည်စာရင်းမှာ ငြိမ်နေသည်တော့ မဟုတ်ပေ။ နာမည်အသစ်များမှာ တစ်ခါတရံတွင် ပေါ်လာတတ်ပြီး အချို့နာမည်များမှာ ကွယ်ပျောက်သွားကြသည်သာ ဖြစ်သည်။ ထိုပျောက်ဆုံးသွားသည့်နာမည်များမှာ မိမိ၏ယင်ယန်ဝိညာဥ်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ရန် ကြိုးပမ်းသော်လည်း ကျဆုံးကာ အသက်ပျောက်ရသွားရသည် လူများကို ရည်ညွှန်းသည်။ နာမည်အသစ်များပေါ်လာတိုင်း လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရစမြဲပင်။

နာမည်အသစ်တစ်ခုအတွက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်မှာ ရေးကြီးခွင်ကျယ်တော့ မဟုတ်ပေ။ နာမည်အသစ်များမှာ အမြဲလိုလို တစ်ဆင့်ထဲသော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသာ ရှိတတ်ကြသည် မဟုတ်ပါလော။ လူအားလုံးကို အုံးအုံးကြွကြွ ဖြစ်သွားစေနိုင်သည့် အရာမှာ ထိပ်ဆုံးဆယ်ယောက်ထဲသို့ ရောက်လာမှသာ ဖြစ်သည်။

သို့သော် ယနေ့တွင်မူ ထိုစာရင်းပေါ်ရှိ နာမည်အသစ်တစ်ခုမှာ မည်သူမှ မထင်မှတ်ထားသည့် လုပ်ရပ်ကြီးကို ဖော်ပြလာတော့သည်။

ထိုနာမည်အသစ်ကို ပထမဆုံးသတိထားမိသူမှာ ဗဟိုဧကရာဇ်မြို့ထဲတွင် နေရာချထားသည့် သရဲကြီးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူသည် မဟာတံတိုင်းကြီးရှိ ရှင်းကုံကျစ်တာအိုဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ထဲတွင် ပါဝင်ခဲ့သည်။

သို့သော် ယခုတွင်မူ အနားယူကာ အားအင်ပြန်ဖြည့်ရန်အတွက် သရဲကြီးတပ်ဖွဲ့မှ ကျင့်ကြံသူများကို ဗဟိုဧကရာဇ်မြို့သို့ ပြန်ခေါ်ထားခဲ့သည်။ ယခုတွင် သူတို့သည် မဟာတံတိုင်းကြီးဆီသို့ ပြန်ခေါ်မည်ကို စောင့်ဆိုင်းနေကြသည်။

ထိုသက်လတ်ပိုင်းအရွယ် ဝိညာဥ်ကျင့်ကြံသူမှာ ကျောက်တိုင်ကြီးနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် တင်ပျဥ်ခွေထိုင်ကာ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်နေသည်။ သူသည် ပုံမှန်အတိုင်း ကျောက်တိုင်ပေါ်ရှိ နာမည်စာရင်းကို ကြည့်လိုက်သောအခါ ရုတ်တရက် စာရင်း၏ အောက်ဆုံးတွင် နာမည်အသစ်တစ်ခုကို သတိထားမိလိုက်သဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

အစပိုင်းတွင် ထိုလူကြီး၏မျက်နှာပေါ်တွင် အသက်မဲ့နေသည့် အမူအရာတစ်ခုပေါ်လာပြီးနောက် သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏အငွေ့အသက်များမှာ ယောက်ယက်ခတ်သွားတော့သည်။

" ဒါ၊ ဒါ "

သူမြင်နေရသည့်အရာမှာ လုံးဝအဓိပ္ပါယ်ကင်းမဲ့လွန်းသဖြင့် သူအမြင်မှားနေသလားဟုပင် တွေးနေမိတော့သည်။ သူက သူ၏မျက်လုံးများကို အကြိမ်အနည်းငယ် ပွတ်လိုက်ပြီး ထပ်ကြည့်လိုက်ပြန်သည်။ ထိုအချိန်မှတွင်မူ သူသည် မနေနိုင်တော့ပဲ အသံကုန်အော်ဟစ်လိုက်တော့သည်။

" ပိုင်… ပိုင်ရှောင်ချန်းပါလား "

သူ၏အော်ဟစ်သံကြောင့် ကျောက်တိုင်တစ်ဝိုက် ဆူညံလာတော့သည်။ ထိုနေရာတွင် ကျင်ကြံနေကြသည့် ဝိညာဥ်ကျင့်ကြံသူများ၏ မျက်လုံးများ ပွင့်လာကြတော့သည်။ သူတို့ထဲမှအများစုမှာမူ ကြောင်အန်းအန်း ဖြစ်နေသည်။ ပိုင်ရှောင်ချန်းဆိုသည့် နာမည်ကို သူတို့ကရင်းနှီးနေသည်ဟု ခံစားမိသော်လည်း အစတွင် သူတို့မှာ သေချာမမှတ်မိနိုင်ချေ။ သို့သော် လူအများစုက ထိုနာမည်ကို ရှင်းရှင်းလင်းလင်း မှတ်မိလိုက်သဖြင့် ချက်ချင်းပင် တုန်လှုပ်သွားကြတော့သည်။ ထို့နောက် ထိုသက်လတ်ပိုင်း ဝိညာဥ်ကျင့်ကြံသူကြီး ကြည့်နေသည့်အရာကို သူတို့က လိုက်ကြည့်လိုက်ကြသောအခါ တအံ့တသြအော်ဟစ်သံများစွာ ထပ်မံထွက်လာကြတော့သည်။

" ပိုင်ရှောင်ချန်းပါလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး "

" ပိုင်ရှောင်ချန်း.... ငါမှတ်မိပြီ။ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ မဟာတံတိုင်းမှာရှိတဲ့ စစ်ဦးစီးမှူးတစ်ယောက်ပဲ။ ဆေးပေါင်းဖိုတွေကို ဖောက်ခွဲတဲ့နည်းလမ်းကို ရှာခဲ့တဲ့ အရှက်မဲ့ မျိုးမစစ်ကောင်ပဲ "

" သူလား။ အဲဒါကြောင့် ဒီနာမည်ကို ငါ ရင်းရင်းနှီးနှီး သိနေပါတယ်လို့။ အစ်မတော် ဟုန်ချိန်ကိုယ်တိုင် သူ့ဦးခေါင်းအတွက် နတ်ဝိညာဥ်တစ်ခု ဆုကြေးထုတ်ထားတာ။ သေမိန့်ကျစာရင်းထဲမှာ သူကနံပါတ်တစ်ပဲ "

ဝိညာဥ်ကျင့်ကြံသူအားလုံးမှာ အံ့အားသင့်ကုန်ကြပြီး ခဏအကြာတွင် သူတို့၏တအံ့တသြအော်ဟစ်သံများကြောင့် လူများစွာမှာ ထိုအကြောင်းကိုကြားလိုက်ရသောအခါ မြင်မကောင်းသော အမူအရာများစွာ ပေါ်ထွက်လာတော့သည်။

အမှန်တွင် ပိုင်ရှောင်ချန်း၏ နာမည်မှာ မြေရိုင်းဒေသထဲတွင် လူသိများသည် မဟုတ်ပေ။ သို့သော်လည်း သရဲကြီးတပ်၏ မဟာတံတိုင်းကို လတ်တလော တိုက်ခိုက်မှုများအပြီးတွင် သူ၏နာမည်သည် ထိုတပ်ဖွဲ့ထဲတွင် ပြောစရာအကြောင်းအရာတစ်ခုဖြစ်လာသဖြင့် ထိုမှတစ်ဆင့် မြေရိုင်းဒေအားလုံးသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။

သူကား သရဲကြီးတပ်ကို ထပ်ခါထပ်ခါ အနိုင်ယူခဲ့သည်။

သူကား မြေရိုင်းဒေသ၏ အမုန်းဝိညာဥ်တပ်ဖွဲ့များကို အကျအဆုံးများအောင် လုပ်ခဲ့သည်။

သူကား ရှင်းကုံကျစ်တာအိုဂိုဏ်း၏ တပ်ဖွဲ့များကို မဟာတံတိုင်းပေါ်တွင် အောင်မြင်မှုများ ဆောင်ကျဥ်းပေးခဲ့သည်သာမက သူ၏ နည်းလမ်းများမှာ အခြားသော မြစ်ဝဂိုဏ်းသုံးဂိုဏ်းထံသို့ ပျံ့နှံ့သွားခဲ့သဖြင့် မဟာတံတိုင်း၏ အခြားအပိုင်းများတွင်လည်း ထိုနည်းတူ အောင်ပွဲများ ရရှိခဲ့ြကသည်။

သူ၏နာမည်ကျော်နည်းလမ်းများမှာ ပေါက်ကွဲနေသော ဆေးပေါင်းဖိုများ၊ သားရဲများကို အရိုင်းစိတ်သွင်းခြင်းများ၊ ဝိညာဥ်စုစည်းဆေးလုံးများ တို့ပင် ဖြစ်ကြသည်။

ထိုဗျူဟာတိုင်းမှာ မြေရိုင်းဒေသကို တုန်လှုပ်သွားေစခဲ့သည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ ဦးခေါင်းအတွက် ထုတ်ထားသောဆုကြေးမှာ မြင့်မားလွန်းလှသဖြင့် မြေရိုင်းဒေသရှိ လူတိုင်းမှာ တအံ့တသြဖြစ်ကုန်ကြသည် အထိပင်။

ထို့အပြင်သူ၏ စစ်ဦးစည်းမှူးဆိုသော ရာထူးမှာ မြေရိုင်းသားများကို မျက်နှာပြောင်စွာ နင်းခြေပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူ ပျောက်ကွယ်သွားသဖြင့် လူများမှာ သူ့ကိုမေ့ပျောက်စ ပြုလာကြသည်။ သို့သော် ယခုတွင် သူ၏နာမည်မှာ ငရဲဧကရာဇ်ကျောက်တိုင်ပေါ်တွင် ပေါ်လာသဖြင့် ထိုတစ်နေရာလုံးမှာ ရှုပ်ရှက်ခတ်ကုန်ကြတော့သည်။

မြောက်များစွာသော မျက်လုံးများမှာ နာမည်စာရင်းကို မခွာတမ်းကြည့်နေကြပြီး ထိုစာရင်းထဲတွင် ပိုင်ရှောင်ချန်း၏ နာမည်ကို လူတိုင်း ရှင်းလင်းစွာ မြင်နေရသည်။

ထိုနာမည်မှာ ပိုင်ဟောက်မဟုတ်ပဲ ပိုင်ရှောင်ချန်းသာဖြစ်သည်။ သူ၏ စာလုံးသုံးလုံးပါသော နာမည်၏ဘေးတွင် တစ် ဆိုသည့် နံပါတ်ရှိနေသဖြင့် သူ၏ ယင်ယန်ဝိညာဥ်ကို တစ်ခါ မြှင့်တင်ပြီးပြီဖြစ်ကြောင်း သိနိုင်သည်။

" ပိုင်ရှောင်ချန်းပဲ "

" သူက မြေရိုင်းဒေသထဲမှာပဲ။ ပြီးတော့ သူ မသေသေးပါလား "

" ဒီကိစ္စက အရေးကြီးလွန်းတယ်။ မြန်မြန်လေး သတင်းပို့ကြ "

လူများမှာ ချက်ချင်းပင် သူတို့၏ အရိုးပေလွှာများကိုထုတ်ကာ သူတို့၏ အကြီးအကဲများထံသို့ သတင်းများပို့နေကြတော့သည်။

မကြာခင်တွင် ဗဟိုဧကရာဇ်မြို့တစ်မြို့လုံးမှာ အံ့အားသင့်သွားကြတော့သည်။

All Chapters