ယှဉ်ပြိုင်ပွဲ
Vol. 46 Ch. 678
၀က်ဝံကြီး၏စကားကိုကြားသောအခါ မိကျောင်းကြီး၏မျက်နှာတွင်မနှစ်မြို့ဖွယ်အမူအရာများပေါ်လာခဲ့လေသည်။
"အရင်းအမြစ်တွေအတွက်ပြိုင်ရမယ်ဟုတ်လား။ ဟားဟားဟား.... မင်းကိုယ်မင်းထိုက်တန်တယ်ထင်နေတာလား။ ဒါကငါ့ပိုင်နက်ပဲ ငါရှိနေသရွေ့ ဘယ်သားရဲမှ ဒီနေရာကိုခြေချခွင့်မရှိဘူး"
မိကျောင်းကြီးက အထင်သေးသောအကြည့်ဖြင့်ကြည့်ရင်းပြောလိုက်လေသည်။
"တကယ်လို့မင်းမကျေနပ်ဘူးဆိုရင် ငါနဲ့လာချစမ်းပါ။ အဲ့အခါကျဘယ်သူကတကယ့်ခေါင်းဆောင်လဲဆိုတာသိလာလိမ့်မယ်"
မိကျောင်းကြီးကအေးစက်စွာပြောပြီးနောက် သူ့အမူအရာမှာ လေးနက်သွားလေသည်။
မကြာမီပင် သန္ဓေပြောင်းသားရဲကြီး ၂ကောင်မှာချက်ချင်းထတိုက်ကြလေသည်။ ပတ်၀န်းကျင်ရှိမြို့သူမြို့သားအားလုံးမှာလည်း ကြောက်လန့်တကြားထွက်ပြေးကြရလေသည်။
အစကလူသားများမှာ ထိုသားရဲကြီးနှစ်ကောင်ပူးပေါင်းတိုက်ခိုက်မည်လို့ထင်ခဲ့ကြသော်လည်း ယခုတွင်မူ သူတို့၂ကောင်မှာအချင်းချင်းသတ်ဖြတ်နေကြလေသည်။
ထိုအခြင်းအရာကြောင့် လူအားလုံးမှာမှင်တက်သွားကြလေသည်။ ဒီသားရဲကြီးနှစ်ကောင်အချင်းချင်းတိုက်ခိုက်နေခြင်းက သူတို့အတွက်အဆင်ပြေလေသည်။
အစကပတ်၀န်းကျင်တခုလုံးရှိလူများမှာစိုးထိတ်နေကြသော်လည်း သားရဲကြီး၂ကောင်အချင်းချင်းထချနေသည်ကိုမြင်သောအခါမှ စိတ်အေးသွားကြလေသည်။
"သန္ဓေပြောင်းသားရဲကြီး၂ကောင်ပေါ်လာပြီး အချင်းချင်းတိုက်ခိုက်နေကြတယ်။ ဒါမျိုးကိုတခါမှမြင်ဖူးမကြားဖူးဘူး"
"ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ်အဲ့သားရဲကြီး၂ကောင်ငါတို့ကိုမတိုက်ခိုက်သရွေ့အဆင်ပြေတယ်"
လူအများအပြားမှာ စိုးရိမ်စိတ်ကြီးစွာဖြင့်စုဝေးနေကြပြီးတီးတိုးပြောဆိုနေကြလေသည်။ သူတို့မှာစုဝေးရင်း ကောင်းကင်ဘုရင်ကျူး ဒီပြဿနာအားဘယ်လိုဖြေရှင်းမလဲဆိုသည်ကိုအရိပ်အယောင်ကြည့်နေကြလေသည်။
အားလုံးကြည့်နေစဉ်အတွင်းမှာတွင် မိကျောင်းကြီးကအလွန်လျင်မြန်သောအရှိန်ဖြင့်၀က်ဝံကြီးဆီပြေးလာပြီး တိုက်ခိုက်လေသည်။
ခွီး...ဂီးးးး....
ရုတ်တရက်ကျယ်လောင်သောဟိန်းသံများမှာ ပျံ့လွင့်လာလေသည်။
၀က်ဝံကြီးမှာလည်းရွေးချယ်စရာမရှိတော့သည့်အဆုံး မတ်တပ်ရပ်ကာသူ့ဆီလျင်မြန်စွာပြေး၀င်လာသောလိပ်မိကျောင်းကြီးအားရင်ဆိုင်ရန်စတင်ရွေ့လျားလာလေသည်။
ဝုန်းး....
၀က်ဝံကြီး၏လှုပ်ရှားမှုအရှိန်ကြောင့် ပြင်းထန်သောလေဖိအားများမှာ ဘေးပတ်၀န်းကျင်သို့ပျံ့လွင့်သွားလေသည်။
ဝက်ဝံကြီးမှာ၎င်း၏စူးရှတောက်ပသောမျက်လုံးကြီးများဖြင့်သူ့အရှေ့တွင်ရှိနေသော မိကျောင်းကြီးအားစိုက်ကြည့်နေလေသည်။
၎င်းမှာ မိကျောင်းကြီးရုတ်တရက်ပေါ်လာပြီး ပြဿနာရှာခြင်းအပေါ်ဒေါသထွက်နေလေသည်။တကယ်လို့ မိကျောင်းကြီးသာပေါ်မလာပါကသူ့အနေဖြင့် ဒီနေရာတွင်တယောက်တည်းစိတ်ကြိုက်ဖျက်ဆီးစားသောက်နေလို့ရပေသည်။
ထိုအချိန်တွင် ပတ်၀န်းကျင်ရှိလူတိုင်း၏ရင်ထဲတွင်အကြောက်တရားများပြည့်နေပြီး အသံရှူနှုန်းများလည်းမြန်ဆန်နေကြလေသည်။
ဘုန်း....
၀က်ဝံကြီးမှာအလွန်လျင်မြန်လှပြီး ပတ်၀န်းကျင်ရှိလေထုကိုတောင်ဖြိုခွင်းသွားစေလေသည်။ ၀က်ဝံကြီး၏အမြန်နှုန်းအောက်တွင် ပတ်၀န်းကျင်တခုလုံး၌အမဲရောင်မီးခိုးလုံးများထလာလေသည်။
ဂါးးးး
ဟိန်းဟောက်သံကြီးတခုထွက်ပေါ်လာခဲ့လေသည်။ ၀က်ဝံကြီးမှာမိကျောင်းကြီးအားတိုက်ခိုက်လိုက်သော်လည်း ၎င်း၏တိုက်ခိုက်မှုများမှာ မထိရောက်ကြောင်းသဘောပေါက်သွားလေသည်။
အဘယ့်ကြောင့်ဆိုသော်မိကျောင်းကြီး၏အကြေးခွံမှာအလွန်မာကျောလှပေသည်။ ၀က်ဝံကြီးမှာအလွန်လျင်မြန်သော်လည်း မိကျောင်းကြီးကိုတစစီကုတ်ဖဲ့ဖို့တော့မလွယ်လှပေ။
၀က်ဝံကြီးမှာသူ့တိုက်ခိုက်မှုများ မထိရောက်သည်ကိုမြင်သောအခါ အလွန်အမင်းဒေါသထွက်လာလေသည်။
တဖက်ရှိမိကျောင်းကြီးကတော့ ၀က်ဝံကြီးအားဒေါသထွက်အောင်ဆွနေလေသည်။ ၎င်းသည်လှောင်ပြောင်သောအပြုံးဖြင့်ပြုံးလိုက်ပြီး ဖြေးညှင်းစွာပြောလာလေသည်။
"ဟားဟား ၀က်ဝံနက်ကြီး ဒီလိုပုံနဲ့ငါ့ကိုအနိုင်ယူနိုင်မယ်ထင်နေတာလား။ အိပ်မက်မက်မနေနဲ့တော့ ငါ့ကိုဘယ်သူမှအနိုင်မယူနိုင်ဘူး"
ထိုစကားကိုကြားသောအခါ၀က်ဝံကြီး၏အမူအရာမှာအေးစက်သွားပြီး ၎င်း၏ရင်ထဲတွင်ဒေါသမီးများတဟုန်းဟုန်းတောက်လောင်လာလေသည်။
ပတ်၀န်းကျင်ရှိမြို့သူမြို့သားများမှာလည်း ဒီသားရဲကြီး ၂ကောင်တိုက်ခိုက်နေသည့်အခွင့်ကောင်းကိုယူပြီးထွက်ပြေးရန်ပြင်ဆင်နေကြလေသည်။
သို့သော်အလွန်ဒေါသထွက်နေသောသားရဲကြီးနှစ်ကောင်၏အမူအရာကြောင့် လူအားလုံးမှာထိတ်လန့်ကြောက်ရွံ့နေကြလေသည်။
ဒါ့အပြင်စွမ်းအားကြီးသောသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲကြောင့် ထွက်ပေါ်လာသောသက်ရောက်မှုအရှိန်များမှာပြင်းထန်လှပေသည်။
ဝုန်း.....
ပြင်းထန်သောပဲ့တင်သံများကပတ်၀န်းကျင်တခုလုံးအားတုန်ခါစေလေသည်။ မီးခိုးလုံးများမှာလည်းနေရာအနှံ့ပျံ့လွင့်နေလေသည်။ ၀က်ဝံကြီးခြေလှမ်းသွားရာနေတိုင်းတွင်လည်း မရေမတွက်နိုင်သောအပေါက်အကြီးကြီးများပေါ်ပေါက်လာစေလေသည်။
မိကျောင်းကြီးမှာ သတ်ဖြတ်လိုစိတ်ပြင်းထန်သောအကြည့်များဖြင့်၀က်ဝံကြီးအားစိုက်ကြည့်နေလေသည်။
၀က်ဝံကြီးကတော့အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားလေသည်။ ဒါ့အပြင်၀က်ဝံကြီး၏ ဦးခေါင်း၌ ပြတ်ရှရာတခုရှိနေပြီး ထိုနေရာမှသွေးများစီးကျနေလေသည်။
....................................................................................