ကျိုးဟောင်ပြန်ရောက်လာခြင်း
Vol. 46 Ch. 679
၀က်ဝံကြီး၏အမူအရာမှာလုံး၀ခက်ထန်နေလေသည်။ ၎င်းမှာ လိပ်မိကျောင်းကြီးအားစိုက်ကြည့်နေပြီး ဒီတိုက်ပွဲကသူ့အတွက်အကျိုးမရှိသလိုခံစားလာရလေသည်။
မိကျောင်းကြီး၏လည်ပင်း၌လည်း ပြတ်ရှရာတခုရှိနေပြီးထိုနေရာမှ သွေးများစိမ့်ထွက်နေလေသည်။
သူတို့နှစ်ယောက်မှာလက်ရည်ညီမျှသလောက်ရှိပြီး သွေးကြောင်သူများလည်းမဟုတ်ကြပေ။
သို့သော်လည်း ၀က်ဝံကြီးမှာ ထွက်ပြေးဖို့ကြိုးစားနေကြသောမြို့သူမြို့သားများဘက်သို့အကြည့်ကရောက်ရှိသွားလေသည်။ထို့နောက်၀က်ဝံကြီး၏ အမူအရာမှာပျက်ယွင်းသွားလေသည်။
"ဒီနေ့မင်းရောက်လာတာ ဒီလူသားတွေကိုဝါးမြိုဖို့မှတ်လား"
၀က်ဝံကြီးကမိကျောင်းကြီးဘက်သို့လှည့်ကြည့်ရင်းအေးစက်စွာပြောလိုက်လေသည်။
"အေး ဟုတ်တယ်"
မိကျောင်းကြီးက ခက်ထန်သောအကြည့်ဖြင့်ကြည့်ရင်းအေးစက်စွာပြန်ဖြေလာလေသည်။
၀က်ဝံကြီးကထိုစကားကိုကြားသောအခါ ပြုံးလိုက်ပြီးဖြေးညှင်းစွာပြန်ပြောလာလေသည်။
"ဟားဟား အမှန်တိုင်းပြောရရင် ငါ့ရည်ရွယ်ချက်ကလည်း ဒီကလူသားတွေကကိုဝါးမြိုစားသောက်ပြီးအဆင့်တက်လာအောင်လုပ်ဖို့ပဲ"
"ဒါပေမဲ့အခုကြည့်ပါဦး ငါတို့၂ယောက်တိုက်ခိုက်နေတုန်းမှာသူတို့ထွက်ပြေးဖို့လုပ်နေကြပြီ။ ငါတို့ကဆက်တိုက်နေလည်း လက်ရည်တူပဲဖြစ်မှာ ၃ရက်၃ညဆက်တိုက်တိုက်ခိုက်ရင်တောင်မှအနိုင်အရှုံးကိုသတ်မှတ်နိုင်မှာမဟုတ်ဘူး။ ငါတို့အစွမ်းတွေကိုပဲ အားကိုးပြီး ဒီလူတွေကိုအမဲလိုက်ရင်ကောဘယ်လိုလဲ"
"ဒါကငါတို့၂ယောက်တိုက်ခိုက်ရင်းအချိန်ကုန်နေတာထက်တော့ ပိုအကျိုးရှိမယ်ထင်တယ်"
၀က်ဝံကြီး၏စကားကိုကြားသောအခါ မိကျောင်းကြီးမှာခဏလောက်တွေးနေလေသည်။ ပြီးနောက် ၀က်ဝံကြီး၏စကားက အကျိုးအကြောင်းသင့်သည်လို့လက်ခံလိုက်လေသည်။
"ကောင်းပြီလေ မင်းပြောသလိုပဲ ငါတို့လုပ်ကြတာပေါ့ မင်းအနေနဲ့ ငါ့ကိုမလှည့်စားတာပိုကောင်းမယ် မဟုတ်ရင်မင်းငါ့လက်ကလွတ်မယ်မထင်နဲ့"
မိကျောင်းကြီးကပြောလိုက်လေသည်။
"ဟဲဟဲ ဟုတ်ပါပြီ"
၀က်ဝံကြီးကလည်းခေါင်းညိတ်ရင်းပြန်ဖြေလေသည်။
သားရဲကြီး၂ကောင်မှာသဘောတူညီမှုယူပြီးနောက် ထွက်ပြေးရန်ကြိုးစားနေကြသောမြို့သူမြို့သားများဘက်လို့လှည့်လာလေသည်။
ထိုအဖြစ်အပျက်ကြောင့်လူတိုင်းမှာ မှင်တက်သွားကြပြီး ကြောက်လန့်တုန်လှုပ်လာကြလေသည်။
"ဘာလို့သူတို့ကငါတို့ကိုထပ်တိုက်ဖို့ကြိုးစားလာရတာလဲ"
"ဒါက ကျန်းနန်အခြေစိုက်စခန်းရဲ့အဆုံးသတ်ပဲလား"
"ဘာလို့စစ်ကူတွေကမလာသေးတာလဲ"
"မျိုးနွယ်ခြားတွေက လုံး၀ပေါက်ကွဲနေကြပြီ။ ငါတို့တော့သွားပါပြီ။ ကျန်းနန်အခြေစိုက်စခန်းလည်းပြီးဆုံးသွားပြီ"
သိုင်းပညာရှင်များအားလုံးမှာစိတ်ဓာတ်ကျသွားကြလေသည်။ ထိုသူတော်စင်ဘုံအဆင့်တ၀က်သားရဲ၂ကောင်မှာအလွန်စွမ်းအားကြီးကြသည့်အပြင် အခြားသန္ဓေပြောင်းသားရဲများစွာမှာလည်း ကျန်းနန်အခြေစိုက်စခန်းအားဖျက်ဆီးနေကြလေသည်။
လူတိုင်းမှာ ဗဟိုကာကွယ်ရေးခံတပ်ဆီသို့အသည်းအသန်ဆုတ်ခွာနေကြလေသည်။ ဗဟိုကာကွယ်ရေးခံတပ်မှာ အလွန်ကာကွယ်ရေးစွမ်းအားမြင့်ပြီး မြင့်မားသောတိုက်တေနီယမ်သတ္တုစပ်နံရံများဖြင့်ကာရံထားလေသည်။ ဒါ့အပြင်ခံတပ်၏အပြင်ဘက်၌လည်းကာကွယ်ရေးအတားအဆီးများစွာရှိလေသည်။
အတင်း၀င်ရောက်လာသောသန္ဓေပြောင်းသားရဲများမှာလည်း ထိုအတားအဆီးများ၏တားဆီးသတ်ဖြတ်ခြင်းကိုခံကြရလေသည်။
လူသားပညာရှင်များစွာမှာ ကာကွယ်ရေးခံတပ်ဆီသို့ပြန်ဆုတ်နိုင်ခဲ့ကြသော်လည်း ဒဏ်ရာအပြင်းအထန်ရရှိနေကြလေသည်။
ကောင်းကင်ပေါ်၌ ကျူးဇောင်၊ စကော်လာနှင့်အခြားသူများရှိနေကြပြီး သူတို့သည်လည်းဒဏ်ရာများဖြင့်ပြည့်နှက်နေကြလေသည်။ သူတို့အတော်များများမှာ ကောင်းကင်ဘုံအဆင့်ပညာရှင်များသာဖြစ်ပြီး ယခုလိုသူတော်စင်ဘုံအဆင့်တ၀က်သားရဲများနှင့်ယှဉ်ဆိုင်ရသောအခါကူကယ်ရာမဲ့နေလေသည်။
ဒါ့အပြင် ဒီသားရဲကြီး၂ကောင်မှာအလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတို့မှာအခြားသက်ရှိများကိုစားသောက်ပြီး အဆင့်မြှင့်တင်နိုင်ကြလေသည်။
၀က်ဝံနက်ကြီးမှာ စတင်ပေါ်ပေါက်လာတုန်းက ကောင်းကင်ဘုံအဆင့်ပညာရှင်သာဖြစ်ပြီး အခြားသားရဲများနှင့်လူသားများကိုဝါးမြိုပြီးနောက် သူတော်စင်ဘုံအဆင့်တ၀က်နီးပါးရောက်ရှိလာလေသည်။
ကြီးမားသောလိပ်မိကျောင်းကြီးကတော့အရမ်းကြမ်းတမ်းခက်ထန်ပြီး ၎င်း၏လိပ်အခွံကြီးမှာလည်းအလွန်မာကြောလှပေသည်။ ဒါ့အပြင် ကိုက်အားမှာလည်းအလွန်ပြင်းထန်ပြီး ၎င်းလက်ဝါးတချက်ရိုက်လိုက်တိုင်းမှာလည်း မြေပြင်ပေါ်ရှိအရာအားလုံးမှာ မီတာများစွာလေထဲမြောက်တက်သွားရလေသည်။
ကောင်းကင်ဘုရင်ကျူး နှင့် စကော်လာတို့အဖွဲ့မှာ အလွန်စိုးထိတ်နေကြလေသည်။
"စီနီယာကျိနဲ့အခြားလူတွေက လာကူညီကြမယ်မှတ်လား"
ကောင်းကင်ဘုရင်ကျူးဇောင်မှာစိတ်မထိန်းနိုင်တော့ဘဲဆက်သွယ်မေးမြန်းလိုက်လေသည်။
"ကောင်းကင်ဘုရင်ကျူး.... စီနီယာကျိက ကောင်းကင်မြို့တော်မှာပေါ်လာတဲ့ သူတော်စင်ဘုံအဆင့်တဝက်သားရဲ၂ကောင်ကိုဖြေရှင်းနေပြီး စစ်နတ်ဘုရားလင်းထျန်ကတော့ ပင်လယ်နက်ထဲမှာပါ။ အခုနေရာအနှံ့မှာ ကျန်းနန်လိုမျိုးအခြေအနေပြင်းထန်နေပြီး အဖွဲ့အစည်းကြီး၇ခုလုံးကလည်းအင်တိုက်အားတိုက်ခုခံနေကြရတယ်"
"သန္ဓေပြောင်းသားရဲတွေက အသေခံတပ်သားတွေပမာတဖွဲဖွဲ၀င်ရောက်လာနေပြီး သူတို့နဲ့အတူ လူသားတွေကိုပါအပါခေါ်သွားဖို့ကြိုးစားနေကြတယ်။ ဒီတိုက်ပွဲမှာငါတို့တွေအရေးနိမ့်နေပြီး ငါတို့ရဲ့ မြို့ကြီး၄မြို့ထဲကတစ်မြို့ကိုတော့လက်လွှတ်ရနိုင်ချေရှိတယ်။ အဲ့တာကတော့ ကျန်းနန်အခြေစိုက်စခန်းဖြစ်သွားနိုင်တယ်"
စွင်းရွှင်းကအကြောင်းပြန်လာလေသည်။ ဒီတကြိမ်တွင်သန္ဓေပြောင်းသားရဲများမှာသေချာပြင်ဆင်လာပုံရပြီး အလွန်ထူးဆန်းသောသန္ဓေပြောင်းသားရဲများကိုတဖွဲဖွဲစေလွှတ်နေကြလေသည်။
သန္ဓေပြောင်းသားရဲများမှာသေရန်မကြောက်သော်လည်း လူသားများကတော့မဟုတ်ပေ။ လူသားများမှာအပြင်းအထန်ပြန်တိုက်နေသော်လည်း ၁၀၀မှ ၁ယောက်လောက်ကျဆုံးနေကြရလေသည်။
ကျန်းနန်အခြေစိုက်စခန်းတခုလုံးမှာကျရှုံးလုနီးပါးဖြစ်နေလေသည်။ ရှုလင်မှာကျိုးရွှယ်ကောနှင့် ၀မ်ရှုယွင်အား ကာကွယ်ရေးခံတပ်ဆီသို့ပို့ဆောင်ပေးပြီးနောက် စစ်ပွဲထဲသို့၀င်လာဖို့ကြိုးစားလေသည်။
သို့သော်သူမ၏တိုက်ခိုက်ရေးစွမ်းအားမှာအကန့်အသတ်ရှိပြီး လမ်းတလျှောက်လုံးတိုက်ခိုက်သွားဖို့မဖြစ်နိုင်ချေ။
သူတို့တွင်ကာကွယ်ရေးလက်နက်များရှိသော်လည်း အခြေအနေများမှာခန့်မှန်းရခက်နေလေသည်။ တကယ်လို့ကာကွယ်ရေးခံတပ်သာကျဆုံးသွားပါက ကျန်းနန်ဒေသကြီးအဆုံးသတ်သွားပေလိမ့်မည်။
"ငါတို့အားလုံး ဒီမှာသေရတော့မှာလား"
ရှုလင်မှာသောကစိတ်ဖြင့်ပူလောင်နေရလေသည်။ သူမသည် ကျိုးဟောင်သေသွားပြီဆိုသောသတင်းကြောင့် ပိုပြီးပူဆွေးသောကရောက်နေလေသည်။
"မဟုတ်သေးဘူး အခုကပူဆွေးနေရမယ့်အချိန်မဟုတ်ဘူး။ ကျိုးဟောင်ရဲ့မိဘတွေကိုကာကွယ်ပေးရမယ်"
ရှုလင်တယောက်အစွမ်းကုန်အားတင်းပြီး သန္ဓေပြောင်းသားရဲများကိုတိုက်ခိုက်နေလေသည်။
ထိုအခိုက်အတန့်တွင်သူမစိတ်ထဲ၌အတွေးတခုသာရှိပြီး ထိုအရာက ကျိုးဟောင်၏မိဘနှစ်ပါး၊ ချူမြို့နှင့် ကျန်းနန်အခြေစိုက်စခန်းအားကာကွယ်ပေးရန်ဖြစ်လေသည်။
သို့သော်လည်း တဖြေးဖြေးအခြေအနေမှာဆိုးဝါးလာပြီး သူတို့အရေးနိမ့်လာလေသည်။
ထိုအချိန်တွင် အလွန်ကြီးမားသောအာကာသယာဉ်ကြီးတစင်းပေါ်ထွက်လာလေသည်။ ထိုယာဉ်ပျံကြီးမှာလုံနတ်ဘုရားစစ်ယာဉ်ပျံကြီးဖြစ်လေသည်။ လက်ရှိတွင်ယာဉ်ပျံကြီးမှာ၎င်း၏မူခအသွင်အပြင်အတိုင်းရှိနေပြီး အလွန်ကြီးမားပြီး သာမန်ထက်ထူးခြားဆန်းကြယ်လေသည်။
ဒါ့အပြင် အသွင်အပြင်တခုမှာ ယာဉ်ပျံ၏တံခါးအ၀တွင်ပေါ်လာပြီး လွှမ်းမိုးနိုင်သောအရှိန်အဝါတခုပျံ့လွင့်လာလေသည်။ ထိုသူ၏ချပ်၀တ်ဖြူမှာလည်းအဖြူရောင်အလင်းတန်းများတောက်ပနေလေသည်။
ထိုသူမှာအခြားသူမဟုတ်ဘဲ ကျိုးဟောင်သာဖြစ်လေသည်။ ကျိုးဟောင်၏စစ်ယာဉ်ပျံပေါ်လာခြင်းကလူတိုင်းအားမှင်တက်သွားစေလေသည်။
"အဲ့တာ ကျိုး....ကျိုးဟောင်မဟုတ်လား။ သူတကယ်မသေဘူးပဲ"
ကျူးဇောင်မှာ ကျိုးဟောင်၏သတင်းကိုကြားခဲ့ရပြီးသားဖြစ်လေသည်။ ယခုသူ့အနေဖြင့်ကျိုးဟောင်ကိုမြင်လိုက်ရသောအခါ အလွန်တုန်လှုပ်သွားလေသည်။
ကျူးဇောင်သာမက စကော်လာနှင့်အခြားသူများမှာလည်းအံ့ဩသွားကြလေသည်။
"ကပ္ပတိန်ကျိုး ပြန်လာပြီ တကယ်ပြန်ရောက်လာပြီ"
သူတို့ချက်ချင်းစိတ်လှုပ်ရှားသွားကြလေသည်။
မနီးမဝေး၌ရှိနေသောရှုလင်မှာလည်း ရင်းနှီးသောအသွင်အပြင်တခုကို အလွန်လွှမ်းမိုးနိုင်သောအရှိန်အဝါနှင့်အတူတွေ့လိုက်ရသောကြောင့် ဂုဏ်ယူမိနေလေသည်။
....................................................................................