← Chapters

စွမ်းအားကြီးသော

Vol. 46 Ch. 680

စွမ်းအားကြီးသော

Vol. 46 Ch. 680

ကျိုးဟောင်မှာရောက်ရှိလာသော်လည်း ကောင်းကင်ဘုရင်ကျူးနှင့်အခြားသူများအားနှုတ်ဆက်ဖို့အချိန်မရပေ။ ဒီသားရဲကြီးနှစ်ကောင်မှာ ဒေါသထွက်ဖွယ်ကောင်းလှအောင်စွမ်းအားကြီးလှပေသည်။

၀က်ဝံနက်ကြီးမှာအလွန်ကြီးမားကာစွမ်းအားကြီးသလောက်လှုပ်ရှားမှုမှာလည်းလျင်မြန်လှပေသည်။နောက်‌တကောင်ကတော့ လိပ်မိကျောင်းကြီးဖြစ်ပြီး အလွန်မာကျောသည့်အခွံကြီးပါသည့်အပြင် ကြောက်မက်ဖွယ်ခုခံအားလည်းရှိလေသည်။

ထိုသားရဲကြီးနှစ်ကောင်လုံးမှာအရှင်သခင်အဆင့်သားရဲကြီးများဖြစ်ကြပြီး ၎င်းတို့၏ခန္ဓာကိုယ်ပတ်၀န်းကျင်၌အလွန်ထူးဆန်းပြီးပြင်းထန်သောသံလိုက်လှိုင်းများရှိလေသည်။ ဒီနှစ်ကောင်လုံးကိုမဖြေရှင်းနိုင်ပါက ချူမြို့မှာလုံး၀ပျက်စီးသွားမည်ကိုကျိုးဟောင်သဘောပေါက်လေသည်။

ကျိုးဟောင်လည်းဘာတခွန်းမှမပြောတော့ဘဲချက်ချင်းလှုပ်ရှားလိုက်လေသည်။

"ကျိုးဟောင်သတိထား အဲ့ကောင်တွေက သူတော်စင်ဘုံအဆင့်တ၀က်သားရဲတွေ"

ကျူးဇောင်မှာ ကျိုးဟောင်အားတွေ့လိုက်ရသောကြောင့် ပျော်သွားသော်လည်း ယခုလိုအလျင်စလိုပြေး၀င်သွားသောကြောင့် တုန်လှုပ်သွားလေသည်။

ကျိုးဟောင်မှာ ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်ပြီး ယခုသူသည် သူတော်စင်ဘုံအဆင့်တ၀က်သားရဲများအား တိုက်ခိုက်ဖို့ကြံရွယ်နေလေသည်။ ဒါသည်အနည်းငယ်တော့ယုံကြည်နိုင်ဖို့ခက်ခဲလှပေသည်။

ကျိုးဟောင်ကတော့ဂရုမစိုက်ပေ။ ထိုအခိုက်အတန့်တွင်သူသည် ရှေးဟောင်းခန္ဓာသိုင်း ၊ ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်သိုင်း နှင့် နတ်ဘုရားသတ်သိုင်းတို့ကိုတပြိုင်နက်ထဲအသုံးပြုလိုက်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာတဟုန်ထိုးတိုးမြင့်လာလေသည်။

မကြာမီအချိန်အတွင်း ကျိုးဟောင်မှာ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သို့ရောက်ရှိသွားလေသည်။ သူသည်၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ဖြစ်သော်ငြား သူတော်စင်ဘုံအဆင့်တ၀က်ပညာရှင်နှင့်ယှဉ်တိုက်နိုင်လေသည်။

ကျိုးဟောင်၏ကျင့်ကြံဆင့်မှာမမြင့်သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်‌ကတော့ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုအချိန်တွင်အလွန်စွမ်းအားကြီးသောဖိအားတခုပေါ်ပေါက်လာပြီး ပတ်၀န်းကျင်တခုလုံးအားဖုံးလွှမ်းသွားလေသည်။ ထိုအဖြစ်အပျက်လူတိုင်းအားတုန်လှုပ်သွားစေလေသည်။

"ဘုရား....ဘုရား..... ကျိုးဟောင်ရဲ့ကျင့်ကြံဆင့်ကဘယ်လောက်တောင်လဲ"

ကျိုးဟောင်၀င်လာသည်ကိုမြင်သောအခါ မိကျောင်းကြီးမှာ၎င်း၏အကြေးခွံ့မှ မီးအလင်းတန်းတခုပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းမှာငရဲမီးတမျှပူလောင်လှပေသည်။ သို့သော်လည်း ကျိုးဟောင်မှာ‌တောင့်ခံနိုင်ခဲ့ပြီး အခြားသူဆိုပါက မလွယ်ကူလှပေ။

ကျိုးဟောင်ခံနိုင်‌သည်ကိုမြင်သောအခါ မိကျောင်းကြီးမှာ ကောင်းကင်သို့ချိန်ပြီး ဟိန်းဟောက်လိုက်လေသည်။ အသံလှိုင်းများမှာ စုစည်းသွားပြီးလက်ဖဝါးအသွင်ပြောင်းကာကျိုးဟောင်ဆီသို့တည့်၀င်လာလေသည်။

ထိုအသံလက်ဝါးကြီးမှာ အလွန်အဖျက်စွမ်းအားကြီးပြီး လူတိုင်းကိုချွေးစီးများပျံသွားစေလေသည်။ကျိုးဟောင်တောင်မှတုန်လှုပ်သွားလေသည်။

" လခွမ်းဒါကြီးကအရမ်းပြင်းထန်တာပဲ။ သူတော်စင်ဘုံအဆင့်တ၀က်ပီသပါပေတယ်။ ကံမကောင်းစွာနဲ့ငါ့အပေါ်တော့အကျိုးမသက်ရောက်ဘူးပေါ့"

ကျိုးဟောင်ကပြုံးလိုက်လေသည်။ သူသည်ထိုအသံလက်ဝါးကြီးအားဂရုမစိုက်ပေ။ ထိုလက်ဝါးကြီးလာနေသည်ကိုမြင်သောအခါကျိုးဟောင်မှာ အလွန်အားကောင်းသောစွမ်းအားများကိုစုစည်းလိုက်ပြီးကောင်းကင်အထိမြင့်သောအကာအရံတခုဖန်တီးလိုက်လေသည်။

"ကပ္ပတိန်ကျိုးဘာလုပ်နေတာလဲ။ သူဒီမိကျောင်းကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့လုပ်နေတာလား"

" ဒီမိကျောင်းကြီးရဲ့တိုက်ခိုက်ရေးစွမ်းရည်က‌သူတော်စင်ဘုံအဆင့်တ၀က်ရှိတယ်။ ဒီလိုအရာမျိုးကိုအနိုင်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကပ္ပတိန်ကျိုး ကိုယ့်သေလမ်းကိုယ်ရှာနေသလိုဖြစ်နေမယ်"

စကော်လာနှင့်အခြားလူများမှာထိုမြင်ကွင်းကြောင့်စိုးရိမ်သွားကြလေသည်။ လူသားများနှင့်သန္ဓေပြောင်းသားရဲများကြားတွင်ကိုယ်ကာယအားကွာခြားချက်ရှိပြီး ယခုလိုအလွန်မာကျောသည့်ခန္ဓာကိုယ်နှင့်သားရဲအား ဘယ်လိုထိပ်တိုက်ရင်ဆိုင်နိုင်မည်နည်း။

သို့သော်ကျိုးဟောင်ကတော့ ရင်ဆိုင်နိုင်နေလေသည်။ သူလက်သီးတချက်ထိုးလိုက်ပြီး ထိုလက်သီး‌တွင်အရှိန်အဝါနှင့်ကျင့်ကြံသိုင်းများမပါ၀င်ပေ။ ထိုလက်သီးချက်အား မိကျောင်းကြီးကသူ့လက်ဝါးဖြင့်တားဆီးလိုက်လေသည်။

ကျိုးဟောင်၏လက်မှာဒဏ်ရာအပြင်းအထန်ရသွားပြီ‌လို့လူတိုင်းကတွေးထားကြလေသည်။ သို့သော် ကျိုးဟောင်လက်သီးက မိကျောင်းကြီး၏လက်ဖဝါးကိုထုတ်ချင်းဖောက်ထွက်သွားလေသည်။

ထိုမြင်ကွင်းကသူတို့အားလုံးအားတုန်လှုပ်သွားစေလေသည်။

ဂါးးးးး

လိပ်မိကျောင်းကြီးမှာလူစကားမပြောတတ်သော်လည်း ၎င်း၏ဟိန်းဟောက်သံမှာအလွန်ဒေါသထွက်သွားကြောင်းသိနိုင်လေသည်။ မိကျောင်းကြီးဟိန်းသံကြောင့် ၀က်ဝံကြီးမှာလည်းသတိ၀င်သွားပြီး ကျိုးဟောင်အားခုန်အုပ်လိုက်လေသည်။

"ကပ္ပတိန်ကျိုးသတိထား...."

ဗက်ထရန်ကအော်ဟစ်သတိပေးလိုက်လေသည်။

"စိတ်မပူပါနဲ့ ဒီလိုတိုက်ခိုက်ချက်မျိုးနဲ့ငါ့ကိုအနိုင်မယူနိုင်ပါဘူး"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။စကားဆုံးသည်နှင့်ကျိုးဟောင်မှာရှောင်တိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှာမီတာတစ်ရာအကွာအဝေးသို့ရောက်သွားလေသည်။

"ကောင်းကင်ဘုရင်ကျူး ဒီသူတော်စင်ဘုံအဆင့်တ၀က်သားရဲတွေကိုကျုပ်ဆီအပ်ထားခဲ့ပြီး တခြားသန္ဓေပြောင်းသားရဲကိုကိုင်တွယ်ပေးပါ"

ကျိုးဟောင်ကပြောလိုက်လေသည်။ သူသည်ရှုလင်ကိုတွေ့သောကြောင့်ပြုံးလိုက်ပြီး ဒီနေရာတွင်ရှုလင်ရှိနေပါက သူ့မိဘများမှာလည်း ဘေးကင်းကြောင်းသဘောပေါက်လိုက်လေသည်။

"ကျောင်းသူလေးရှု ခဏစောင့်ဦးနော် ဒီသားရဲတွေနဲ့တိုက်လိုက်ဦးမယ်"

ကျိုးဟောင်ကရှုလင်အားမျက်စိတဖက်မှိတ်ပြကာပြောပြီးနောက်ဆက်လက်တိုက်ခိုက်လေသည်။

ကျိုးဟောင်ပြန်ရောက်လာသောကြောင့်ရှုလင်မှာအရမ်းပျော်နေပြီး စိတ်မထိန်းနိုင်ဖြစ်ကာ သူမ၏ ပါးစပ်ကိုလက်လေးဖြင့်အုပ်ရင်းငိုနေလေသည်။

ရက်အတော်ကြာသူမသည်စိတ်ဖိစီးနေခဲ့ရပြီး ကျိုးဟောင်ပျောက်သွားပြီးကတည်းကအဖက်ဖက်မှအန္တရာယ်ပေါင်းစုံကိုရင်ဆိုင်နေခဲ့ရလေသည်။

ထိုစိတ်ဖိအားကြောင့် သူမ၏ယုံကြည်ချက်များပျောက်ဆုံးနေပြီး အချိန်မရွေးပြိုလဲသွားနိုင်ခဲ့လေသည်။ သို့သော်ကျိုးဟောင်မှာ ပြန်ရောက်လာခဲ့ပြီး သူမအားမျှော်လင့်ချက်များပြန်ရှင်သန်လာစေခဲ့လေသည်။ ဒါ့အပြင်ကျိုးဟောင်မှာအရမ်းစွမ်းအားကြီးလွန်းသောကြောင့်သူမစိတ်အေးသွားရလေသည်။

ကျိုးဟောင်မှာဆက်လက်တိုက်ပွဲ၀င်နေလေသည်။ အခြားနေရာများတွင်လည်းတိုက်ပွဲများဖြစ်နေသည်ကိုသူသိပေသည်။ သို့သော်ထိုနေရာများတွင် တဖက်နှင့်တဖက်အားစမ်းနေကြသည့်အခြေအနေဖြစ်ပြီး ဒီ၁၃ခုမြောက်အက်ကွဲကြောင်းကတော့အခြားတိုက်ပွဲထက်အခြေအနေပိုဆိုးပေသည်။

ဒီပြဿနာမှာ အာကာသသားရဲနှင့်ဆက်နွယ်နေပေသည်။ အဘယ့်ကြောင့်ဆို ဒီသန္ဓေပြောင်းသားရဲများ၏ကိုယ်ပေါ်တွင်ထူးဆန်းသောသံလိုက်စက်ကွင်းကိုသူအာရုံခံပြီး ထိုသံလိုက်စက်ကွင်းများမှာ အာကာသသားရဲ၏ကိုယ်ပေါ်ကဟာနှင့်ဆင်တူပေသည်။

ကျိုးဟောင်မှာရှေးဟောင်းခန္ဓာသိုင်းကိုသုံးပြီး ထိုးလိုက်တိုင်း ပြင်းထန်သောအင်အားတခုထွက်ပေါ်လာပြီး မိကျောင်းကြီးနှင့်၀က်ဝံကြီးအားနောက်သို့ဆုတ်သွားစေလေသည်။

ဒီသားရဲကြီးမှာ အရူးအမူးတိုက်ခိုက်နေသော်လည်း နာကျင်မှုကိုခံစားနေရပြီး အဆက်မပြတ်ဟိန်းဟောက်နေလေသည်။

"ဒီသားရဲ၂ကောင်က သူတော်စင်ဘုံအဆင့်သားရဲတွေမဟုတ်ဘူး။ ဒီကောင်တွေကအဆင့်မြှင့်တင်ခံထားရတာဖြစ်မယ်"

"ကြည့်ရတာအာကာသသားရဲရဲ့ဝိညာဉ်ခန္ဓာကသူတို့ကိုကူညီပြီး အဆင့်မြှင့်တင်ပေးနေတာဖြစ်မယ်"

ကျိုးဟောင်မှာတိုက်ခိုက်ရင်းလျှို့ဝှက်စွာဆန်းစစ်ကြည့်နေလေသည်။ သူတို့အနေဖြင့်ဒီတိုက်ပွဲကိုရအောင်ဖြေရှင်းပြီး သူတို့၏ကာကွယ်ရေးစနစ်များကိုတိုးမြှင့်ဖို့လိုကြောင်းကျိုးဟောင်တွေးလိုက်မိလေသည်။

တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေပြီး ကျိုးဟောင်၏ တိုက်ခိုက်ချက်များမှာလည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူ့လက်သီးချက်များမှာ နတ်ဘုရား၏လက်သီးချက်များကဲ့သို့ပြင်းထန်လှပြီးတွန်းလှန်ဖို့မဖြစ်နိုင်ပေ။

ကျိုးဟောင်ပေါ်ပေါက်လာကတည်းကဒီသားရဲနှစ်ကောင်မှာ တိုက်ပွဲတွင်အသာစီးမယူနိုင်တော့ပေ။ ထိုအချိန်တွင်မြေကြီးထဲမှာထူးဆန်းသောစွမ်းအင်အတက်အကျတခုပေါ်ပေါက်လာခဲ့လေသည်။ သားရဲကြီးနှစ်ကောင်မှာလည်း ချက်ချင်းထိုနေရာသို့လှည့်ကြည့်ကာ အသည်းအသန်ထွက်ပြေးကြလေသည်။

ကျိုးဟောင်လည်းထိုအရာကိုအာရုံခံမိပြီးသူ့အမူအရာမှာလည်းပြောင်းလဲသွားလေသည်။ အကြောင်းမှာဒီသားရဲနှစ်ကောင်မှာ အာကာသသားရဲ၏ဝိညာဉ်ခန္ဓာ၏ထိန်းချုပ်ခြင်းခံထားရသောကြောင့်ဖြစ်လေသည်။ ကျိုးဟောင်လည်းချက်ချင်းသူတို့နောက်မှပြေးလိုက်သွားလေသည်။

သို့သော်ထိုအချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါတခုကပေါက်ကွဲသံနှင့်အတူပေါ်ပေါက်လာခဲ့လေသည်။ ထိုစွမ်းအားမှာသူတော်စင်ဘုံအဆင့်ပညာရှင်၏စွမ်းအားဖြစ်ပြီး အားလုံးကိုဖုံးလွှမ်းသွားကာဘယ်သူမှမလှုပ်ရှားနိုင်တော့ပေ။

ထိုသန္ဓေပြောင်းသားရဲနှစ်ကောင်မှာတော့ချက်ချင်းထွက်ပြေးလွတ်မြောက်သွားလေသည်။အချိန်ခဏလောက်ကြာပြီးနောက်ထိုအရှိန်အဝါမှာပြန်လည်ပျောက်ကွယ်သွားပြီး ကျိုးဟောင်တို့လည်းပြန်လည်လှုပ်ရှားလို့ရသွားကြလေသည်။

"ချီးပဲ..."

....................................................................................

All Chapters