← Chapters

သန့်စင် ဘုရားကျောင်း

Vol. 46 Ch. 682

သန့်စင် ဘုရားကျောင်း

Vol. 46 Ch. 682

ကျိုးဟောင်မှာ အတော်လေး အံ့အားသင့်သွားသည်။ ဤစကားများက သူ့အား ရုတ်တရက် ထိတ်လန့်သွားစေခဲ့သည်။

သူက လူသားမျိုးနွယ်တစ်ခုလုံးမှာ သူတော်စင်ဘုံအဆင့်ပညာရှင်သုံးဦးရှိသည်ဟုအမြဲတမ်း ယူဆခဲ့သည်။ သို့သော် ယခုတွင်ဤကောလာဟလသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ လူသားများကို စိတ်သက်သာရာရစေရန် ဖြန့်ခဲ့ခြင်းသာဖြစ်ပုံရသည်။

"သန္ဓေပြောင်းသားရဲတွေရော သူတို့ဆီမှာ သူတော်စင်ဘုံအဆင့်ပညာရှင်ဘယ်နှစ်ယောက် ရှိလဲ"

ထိုအချိန်တွင် ကျိုးဟောင်က အလျင်အမြန် မေးလိုက်သည်။

"သူတော်စင်ဘုံအဆင့်သားရဲတွေ မရှိဘူး ဆရာချိပ်ပိတ်ထားတဲ့ အာကာသသားရဲ တစ်ကောင်ပဲ ရှိတယ် ဒါပေမဲ့ ဒီချိပ်တံဆိပ်က လျော့ရဲလာနေပြီ ဒီနေ့ ဖြစ်ရပ်ကိုကြည့်ရတဲ့ပုံအရ အာကာသသားရဲက ချိပ်ပိတ်ထားတာကနေလွတ်လာတဲ့အခါ ငါတို့ လူသားမျိုးနွယ်အတွက် ဘေးအန္တရာယ်ဖြစ်လိမ့်မယ်"

ကျိယောင်ယွဲ့က နာကျင်စွာ ပြောလိုက်သည်။ သူမသည် ယခုလိုဖြစ်ရန် အချိန်ကြာမြင့်ဦးမည်ဟု ထင်ခဲ့သည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်နေပြီဖြစ်ပြီး သူတော်စင်ဘုံအဆင့်သို့ ချိုးဖောက်နိုင်ရန် အခွင့်အရေးများစွာ ရှိသည်။

သို့သော်လည်း ဤကိစ္စက သူမရဲ့ အစီအစဉ်ကို ရုတ်တရက် အနှောင့်အယှက်ပေးခဲ့သည်။ ဤအရာက သူမကို စိတ်ဓာတ်ကျစေသည်။

ကျိုးဟောင်က သက်ပြင်းချလိုက်သည်။ သူတို့က တစ်ခုခုကို သိနိုင်ကြောင်းလည်း သူသိသောကြောင့် သူဘာမှ ဖုံးကွယ်မထားဘဲ အပျက်အစီးများထဲတွင် သူမြင်ခဲ့သည့်အရာအားလုံးကို ပြောပြလိုက်သည်။

ဤကိစ္စများအား ကြားပြီးနောက်ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာအံ့အားသင့်သွားခဲ့သည်။ သူတို့သည် ထိုသို့သော အခြေအနေမျိုးကို တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။

ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးကျိယောင်ယွဲ့နှင့် အခြားသူများကို ကြည့်လိုက်ကာမနေနိုင်ဘဲမေးလိုက်သည်။

"စီနီယာကျိ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"

"မဟာမိတ်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေက ဒီအစည်းအဝေးကို တက်ရောက်ကြလိမ့်မယ် ကျူးဇောင်ပြောတာ မှန်တယ် သန့်စင်ဘုရားကျောင်းက ဖိတ်ကြားလွှာ ပေးပို့ထားပြီးသား မင်းကိုလည်း ဖိတ်ထားတယ်"

ကျိယောင်ယွဲ့ စကားဆုံးသွားပြီးနောက် ကျိုးဟောင်ကမနေနိုင်ဘဲမေးလိုက်သည်။

"စီနီယာကျိ ဒီသန့်ရှင်းဘုရားကျောင်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ"

"တကယ်တော့ အရမ်းရိုးရှင်းပါတယ် ဒါက မဟာမိတ်အဖွဲ့ကြီးငါးခုရဲ့ လုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းဖို့ ပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ငါတို့ ဟွာရှားအပြင် ဥရောပသမဂ္ဂနဲ့ အာဖရိက မဟာမိတ်အဖွဲ့လည်း ရှိတယ် မြောက်အမေရိကနဲ့ တောင်ကိုရီးယား မဟာမိတ်အဖွဲ့တွေလည်း ရှိတယ် သန့်စင်ဘုရားကျောင်းက ဒီအဖွဲ့အစည်းငါးခုနဲ့ ဖွဲ့စည်းထားတာ"

"ဒီသန့်စင်ဘုရားကျောင်းက အပြင်လူတွေအမြင်မှာအရမ်းလျှို့ဝှက်တယ် ဒီအကြောင်းသိတဲ့သူ သိပ်မရှိဘူး ထင်မြင်ချက်တွေအများကြီးရှိကြပေမဲ့ ဘယ်သူမှအသေးစိတ်အချက်အလက်အတိအကျတွေကို မသိကြဘူး ဒါပေမဲ့ သန့်စင်ဘုရားကျောင်းမှာ တကယ်ကို ရှေးကျတဲ့ တည်ရှိမှုတစ်ခု ရှိတယ် အဲဒီ တည်ရှိမှုကငါတို့ ကမ္ဘာပေါ်ကို ဘယ်အချိန်က ရောက်လာတာလဲဆိုတာကိုငါတို့လည်း မသိကြဘူး"

"အဲဒီတည်ရှိမှုက... အရမ်းကို အန္တရာယ်များတယ်လို့ပဲ ပြောနိုင်တယ်"

ကျိယောင်ယွဲ့ မှာ ဤအကြောင်းအားပြောနေရင်း ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးဟောင်မှာ ဒါက ဟွမ်အားလုပ်ကြံခဲ့သောလူဖြစ်နိုင်တယ်ဆိုတာကို သိလိုက်သည်။

ကျိုးဟောင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်နှာမှာအလွန်ပျက်ယွင်းနေသည်။ သို့သော်လည်း သူ ဘာမှ မပြောဘဲမေးလိုက်သည်။

"ဒါဆို ဘယ်တော့ သွားကြမလဲ"

ကျိယောင်ယွဲ့က ချက်ချင်းပဲပြောလိုက်သည်။

"မနက်ဖြန်"

မကြာခင်မှာပဲ နောက်တစ်နေ့တွင် ကျိယောင်ယွဲ့မှာ ကျိုးဟောင်နှင့်လင်းထျန်တို့အား လျှို့ဝှက်ဆန်းကြယ်သောကျွန်းတစ်ကျွန်းဆီသို့ ခေါ်သွားခဲ့သည်။ လက်ရှိအချိန်တွင် ထိုနေရာကို လုံးဝ စောင့်ကြပ်ထားပြီး စစ်တပ်များစွာကလည်း တပ်စွဲထားသည်။

ထိုမျှသာမက သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် အနည်းငယ်ကလည်း ခံတပ်ကို ထိန်းချုပ်ထားသည်။

ကျိယောင်ယွဲ့ ရောက်လာသည်ကို မြင်ပြီးနောက် သူတို့သည် သူမအားအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။

"ဒီသန့်စင်ဘုရားကျောင်းမှာ လျှို့ဝှက်ချက်တွေအများကြီးရှိတာကြောင့် အရမ်းကို ကောင်းမွန်စွာ ကာကွယ်ထားတယ်။ လူသားမျိုးနွယ်ရဲ့ လုံခြုံရေးအတွက် သန့်စင်ဘုရားကျောင်းက တကယ်ကို အများကြီး ပံ့ပိုးကူညီခဲ့တယ် သိုင်းပညာရှင်တွေတင်မကဘဲ ဆောက်လုပ်ရေးပိုင်းမှာရောပဲ"

ကျိယောင်ယွဲ့၏ စကားများမှာ ကျိုးဟောင်အားထိတ်လန့်စေခဲ့သည်။

မကြာခင်မှာပဲ သူတို့သည် သန့်စင်ဘုရားကျောင်းရဲ့ အလယ်ဗဟိုကို ရောက်ရှိလာသည်။ ဤနေရာသည်ကြီးမားသောဗဟိုဌာနတစ်ခုဖြစ်ပြီး နှိုင်းယှဉ်၍မရအောင် ခမ်းနားထည်ဝါသည်။ ကျိုးဟောင်မှာ ဒါကိုလုံးဝမယုံကြည်နိုင်ပေ။

ကျိယောင်ယွဲ့သည် ကျိုးဟောင်နှင့် အခြားသူများကို ဟွာရှား မဟာမိတ်၏ပိုင်နက်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ဤနေရာတွင် လူ ၂၅ ယောက်သာ ထိုင်နေကြသည်။

ကျိုးဟောင် သိသောလူအနည်းစုအပြင် အားလုံးမှာ ဌာနများနှင့် မိသားစုအသီးသီးမှ ပညာရှင်များဖြစ်ကြသည်။

ဟွာရှားမဟာမိတ်အဖွဲ့တွင် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်လေးယောက်သာ ရှိသည်။ သူတို့ထဲက တစ်ယောက်မှာဌာနကြီး ၇ခု၏စစ်သေနာပတိချုပ်ဖြစ်ပြီး နောက်တစ်ယောက်မှာ ပေကျင်းမြို့၏ခေါင်းဆောင်ဖြစ်သည်။ ကျိယောင်ယွဲ့နှင့် လင်းထျန်အပြင် စုစုပေါင်း လေးယောက် ရှိသည်။

အခြား မဟာမိတ်အဖွဲ့များတွင် မြောက်အမေရိက မဟာမိတ်အဖွဲ့တွင် အများဆုံးဖြစ်ပြီး ပညာရှင်သုံးဦး ရှိသည်။ တောင်ကိုရီးယားတွင် အနည်းဆုံးဖြစ်ပြီး နှစ်ဦးသာ ရှိသည်။

တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်နေသောပညာရှင် ၁၅ ဦးသာ ရှိသည်။

၁၂ ဆင့်မြောက်အထွတ်အထိပ်ကောင်းကင်ဘုံအဆင့် ပညာရှင်မှာတစ်ရာသာ ရှိသည်။

ဤသည်မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ စွမ်းအားအကြီးဆုံး တိုက်ခိုက်ရေးစွမ်းအားပင်ဖြစ်သည်။

ကျိုးဟောင်မှာ ခေါင်းဆောင်များနှင့်စကားစမြည် ပြောနေခဲ့သည်။ သူက ကမ္ဘာဂြိုဟ်ပေါ်မှသိုင်းပညာရှင်အရေအတွက်မှာ သန္ဓေပြောင်းသားရဲများအား တွန်းလှန်ဖို့ရာလုံလောက်သည်ဟု မူလက ထင်ခဲ့သော်ငြား လက်ရှိတွင်သူတို့က အများကြီး နိမ့်ကျနေပုံပင်။

ကျိုးဟောင်မှာ ခေတ္တမျှစဉ်းစားလိုက်ပြီးနော် သန္ဓေပြောင်းသားရဲ မဟာမိတ်အဖွဲ့သည် သူစိတ်ကူးထားသလောက်အားမကြီးတာမျိုးဖြစ်နိုင်သည်ဟုတွေးမိလိုက်သည်။ အကြောင်းမှာ လူသားများသည် မြေအောက်လောက၊ ကောင်းကင်မြို့တော်၊ အဆုံးမဲ့ ပင်လယ်နက်ပိုင်းနှင့် အက်ကွဲကြောင်း ၁၃ခုတွင် သန္ဓေပြောင်းသားရဲများ၏တိုက်ခိုက်မှုများကို ယခုအချိန်အထိခုခံနိုင်ဆဲဖြစ်နေ၍ဖြစ်သည်။

သန္ဓေပြောင်းသားရဲ မဟာမိတ်အဖွဲ့၏စွမ်းအားမှာ လူသားမျိုးနွယ်နှင့်အတူတူလောက်ဖြစ်နိုင်ကြောင်းကိုစိတ်ကူးကြည့်လို့ရပေသည်။

ကျိယောင်ယွဲ့နှင့် အခြားသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၅ယောက်မှာ ထိုင်လိုက်ပြီးနောက် သူတို့၏မျက်နှာများမှာ လေးနက်သွားခဲ့သည်။ သူတို့အားလုံးမှာ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များ၊ မြောက်အမေရိကမဟာမိတ်အဖွဲ့ရဲ့ ဝန်ကြီးများဖြစ်ကြသည်။ ထို့နောက်သူတို့က ထရပ်ပြီး သတင်းအချက်အလက်ကို ဖွင့်လိုက်သည်။

"အားလုံးပဲ ကမ္ဘာဂြိုဟ်ရဲ့ အကျပ်အတည်း ရောက်ရှိလာပါပြီ ကျွန်တော်တို့က ကမ္ဘာဂြိုဟ်ပေါ်မှာရေဒီယိုသတ္တိကြွသံလိုက်စက်ကွင်းများစွာ ပေါ်လာတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ကျောက်စာတိုင်အတိုင်းပဲ ဒီသံလိုက်စက်ကွင်းတွေဟာသန္ဓေပြောင်းသားရဲတွေမှာ တွေ့ရတဲ့သံလိုက် စက်ကွင်းတွေနဲ့ အတူတူပါပဲ ဒီသံလိုက်စက်ကွင်းက သန္ဓေပြောင်းသားရဲတွေကို ထိန်းချုပ်နိုင်ပြီး အစွမ်းထက်လာပြီး ကြမ်းတမ်းအောင် လုပ်နိုင်တယ် ဒါက ကျွန်တော်တို့ မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံး သံလိုက်စက်ကွင်းပဲ"

"အခုအချိန်အထိ ဒီသံလိုက်စက်ကွင်းရဲ့ ရင်းမြစ်ကို ကျွန်တော်တို့ မရှာဖွေနိုင်သေးဘူး"

မြောက်အမေရိကသိုင်းပညာရှင်က အင်္ဂလိပ်စကားအားကျွမ်းကျင်စွာ ပြောလိုက်သည်။ ထို့နောက် ၎င်းပြောသွားခဲ့သောသတင်းအချက်အလက်များ၏ဘာသာပြန်အနက်မှာကျိုးဟောင်ရဲ့ နားထဲသို့ရောက်လာခဲ့သည်။

မြောက်အမေရိကသိုင်းပညာရှင်၏စကားကို ကြားပြီးနောက် အခြားသူများသည်လည်း အံ့အားသင့်သွားကြသည်။

ထိုအချိန်တွင် အာဖရိကမဟာမိတ်မှသိုင်းပညာရှင်ကပါဝင်ရောက်ပြောလာခဲ့သည်။

"တကယ်ပဲ ဒီသံလိုက်စက်ကွင်းက အရမ်းကို အစွမ်းထက်ပါတယ် ဒါရှိနေရင် သန္ဓေပြောင်းသားရဲအများကြီးကိုဖြေရှင်းဖို့ ကျွန်တော်တို့အတွက် အရမ်းခက်ခဲလိမ့်မယ် ဒါပေမဲ့ အခြေအနေက အဲဒီလောက် ဆိုးရွားတာ မဟုတ်ပါဘူး မျိုးနွယ်ခြားတွေရဲ့ ပတ်ဝန်းကျင်က အရမ်းကို ဆိုးရွားပြီး သူတို့က သူတို့နဲ့မျိုးနွယ်တူကို သတ်ဖြတ်တဲ့နည်းလမ်းနဲ့ပဲ သူတို့ရဲ့ ခွန်အားကို တိုးတက်စေနိုင်တာ ဒါကြောင့် သန္ဓေပြောင်းသားရဲအရေအတွက်က များပေမဲ့ ထိပ်တန်းပညာရှင်အပိုင်းမှာ ကျွန်တော်တို့ လူသားတွေထက် နိမ့်ကျနေတုန်းပါပဲ"

ဤလူမှာ အာဖရိက မဟာမိတ်အဖွဲ့က အစွမ်းထက်သောသိုင်းပညာရှင်တစ်ယောက်ဖြစ်ကာ သူ့ခွန်အားမှာသူတော်စင်ဘုံတစ်ဝက်အဆင့်ဖြစ်ပြီး အငွေ့အသက်မှာလည်းအရှိန်အဟုန်ပြင်းပြင်းဖြင့်ထွက်ပေါ်နေသည်မှာ တကယ်ကို ထူးခြားလှသည်။

အခြား သိုင်းပညာရှင်များမှာလည်း တီးတိုးပြောဆိုနေကြသည်။ ထိုအချိန်တွင် ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်တဲ့ ဘုရားကျောင်းသခင်က ထရပ်လိုက်သည်။

ဤလူတွင်မည်သည့်ကျင့်ကြံဆင့်မျှမရှိသလို သိုင်းပညာရှင်တစ်ယောက်လည်းမဟုတ်ပေ။ သို့သော် အာဏာရှိပြီး ဂုဏ်သိက္ခာရှိကာ လူများစွာရဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုကို ရရှိထားကြောင်း ကြည့်ရုံဖြင့်သိနိုင်ပေသည်။

သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာပြောလိုက်သည်။

"လူသားမျိုးနွယ်ရဲ့ အကျပ်အတည်း ရောက်ရှိလာပြီ ကျူပ်တို့ အသက်ရှင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမယ် ပြင်ဆင်မှုတွေအားလုံးက ဒီနေ့အတွက်ပဲ ကျုပ်တို့သန္ဓေပြောင်းသားရဲတွေကို အနိုင်ယူပြီး ကျုပ်တို့ရဲ့ အိမ်ကို သေချာပေါက်ကာကွယ်ရမယ်"

သူ၏အငွေ့အသက်မှာအလွန်ထူးခြားလှသည် ။ သူ့ စကားများက စိတ်ဓာတ်တက်ကြွစေပြီး လူတိုင်းရဲ့ သွေးသားကို ဆူပွက်လာစေသည်။

"အားလုံးပဲ ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ လုံခြုံရေးအတွက် ကျုပ်တို့ရဲ့ လူသားနယ်မြေကိုအပြည့်အဝရှင်းလင်း‌ရေးလုပ်ကြရအောင် စီနီယာကျိ၊ မစ္စတာရုစဗဲ၊ မစ္စတာကျင်းကောစန်း၊ မစ္စတာပရာကာနဲ့ မစ္စတာမိုက်ကယ် လူသားမျိုးနွယ်ရဲ့ ရှင်းလင်း‌ရေးစစ်ဆင်ရေးကို ခင်ဗျားတို့ကိုပဲတာဝန်ပေးပါရစေ ကျုပ်တို့က ခင်ဗျားတို့အတွက် သေချာပေါက်အထောက်အပံ့ပေးမှာပါ စစ်တပ်အားလုံး အသင့်ရှိနေပြီးတော့ စစ်ဆင်ရေးကို ဘယ်အချိန်မဆို စတင်လို့ရပါတယ်"

ဤကိစ္စအား ကိုင်တွယ်ရန်အတွက် လူသားများမှာ အစီအစဉ်များဆွဲထားပြီးသား ဖြစ်သည်။ အားလုံးမှာ ၁၃ခုမြောက်အက်ကွဲကြောင်းတွင်ဖြစ်ခဲ့သောဖြစ်ရပ်မျိုး ထပ်မဖြစ်လာအောင်ကြိုတင်ကာကွယ်ရန် နေရာအားလုံးကို ရှင်းလင်းရေးလုပ်ချင်ကြပေသည်။

....................................................................................

All Chapters