ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲ
Vol. 46 Ch. 684
“စနစ် ငါ့ကို လော့သာ့ယိုးနဲ့ တခြားသူတွေရဲ့ ဆက်သွယ်ရေးလက်ပတ်နဲ့ ချက်ချင်း ချိတ်ဆက်ပေးပါ”
“လော့သာ့ယိုး လော့သာ့ယိုး ဟေး ခင်ဗျားတို့ရဲ့ လက်ရှိတည်နေရာကို အမြန်ပို့ပေး မြန်မြန်”
ဤအချိန်တွင် မူလက တည်ငြိမ်နေသော ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်နက်ထဲတွင်တဝုန်းဝုန်းအသံများ ပေါ်လာခဲ့ပြီး တစ်စုံတစ်ခုသည် ပင်လယ်နက်ကို ထိန်းချုပ်ကာ ကြီးမားသော ရေဝဲတစ်ခု ဖြစ်ပေါ်စေနေသလို ဖြစ်နေသည်။
“သေစမ်း ဘာတွေဖြစ်နေတာလဲ”
“မသိဘူး ဒါက ငလျင်လည်း မဟုတ်ဘူး ဆူနာမီလည်း မဟုတ်ဘူး ပင်လယ်နက်အောက်မှာ တစ်ခုခု ရှိနေသလိုပဲ”
အနည်းဆုံးခုနစ်မီတာမျှမြင့်သော ကြီးမားသောလှိုင်းလုံးကြီးသည် ကမ်းနားရှိ ကျောက်တုံးများပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့ကာ ထိုလှိုင်းလုံးကြီးသည် ပတ်ဝန်းကျင်ကို အတော်လေး ပျက်စီးစေခဲ့သည်။ တောင်များ ပဲ့ကြေကာ ကောင်းကင်နှင့် မြေကြီးမှာတုန်ခါနေခဲ့သည်။
ကျိုးဟောင် လှည့်ကြည့်လိုက်သောအခါ ပင်လယ်အောက်ခြေတွင် တစ်ခုခုရှိနေကြောင်းတွေ့လိုက်ရသည်။ သို့သော်လည်း ဤအချိန်တွင်သန္ဓေပြောင်းသားရဲသည် ဤနေရာအားကျူးကျော်ဝင်ရောက်နေသောကြောင့် ကျိုးဟောင် လျစ်လျူရှုထား၍ မရပေ။
“သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲက အစွမ်းထက်တော့ရောဘာဖြစ်လဲ”
မည်သို့ပင်ဆိုစေ ကျိုးဟောင်သည်သူတော်စင်ဘုံအဆင့်တစ်ဝက်တိုက်ခိုက်ရေးစွမ်းအား ရှိသည်။ သူသည် ဒီကောင်နှင့် တိုက်ခိုက်လျှင်ပင် အရှုံးပေးမည်မဟုတ်ပေ။
သို့သော်လည်း ဤအချိန်တွင် ကောင်းကင်မှ နားကွဲလုနီးပါး အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒိန်းး"
သေချာကြည့်လိုက်သောအခါ မီးတောက်နီရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော ကျိယောင်ယွဲ့ပင် ဖြစ်နေသည်။
“ကျိုးဟောင်၊ မင်းပြောတဲ့ သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲက ဒါလား”
ကျိယောင်ယွဲ့သည် ပြောင်းလဲမှု ပြီးဆုံးတော့မည့် ဤသူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများတွင် ယုံကြည်နိုင်စရာမရှိမှုများ အနည်းနှင့်အများ ပြည့်နှက်နေသည်။ ဤသူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲသည် မည်သည့်နေရာမှရောက်လာပါသနည်း။ အရေးအကြီးဆုံးမှာ မည်ကဲ့သို့သောအစွမ်းမျိုးက သူ့စွမ်းအားအားအရူးအမူး တိုးတက်စေနိုင်သလဲဟူသောအချက်ပင်ဖြစ်သည်။
“စီနီယာကျိ ဒီကောင်ရဲ့ ကျင့်ကြံဆင့်က အရမ်းမြန်မြန်တိုးလာနေတယ် သူ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ဒါမှမဟုတ် ပုံဆောင်ခဲတစ်ခုက သူ့ကိုဒီလိုမျိုးအကြီးအကျယ်အဆင့်တက်နိုင်ဖို့ ကူညီပေးနေတယ်လို့ ကျွန်တော်ယုံကြည်တယ်”
ကျိယောင်ယွဲ့မှာ မယုံကြည်သေးပေ။ သူမသည် လော့သာယိုးအား ရှုပ်ထွေးစွာ ကြည့်ပြီးမေးလိုက်သည်။
“လော့သာ့ယိုး မင်းရဲ့အမြင်ကရော…”
လော့သာ့ယိုးက လေးစားစွာ ခေါင်းငုံ့ပြီးအလျင်အမြန် ပြောလိုက်သည်။
“မစ္စတာ ကျိုးဟောင် ပြောတဲ့အတိုင်းပါပဲ”
“တကယ်တော့ ဒါကမူလအဆင့်သားရဲကနေ သန္ဓေပြောင်းလာတာလို့ ကျွန်တော် သံသယရှိတယ် သူ့ရဲ့အငွေ့အသက်ကအရမ်းထူးဆန်းပြီး မတည်ငြိမ်ဘူး ဆက်တိုက်တက်လိုက်ကျလိုက်ဖြစ်နေတယ်”
လော့သာ့ယိုးမှ အလျင်အမြန် ပြောလိုက်သည်။
မူလအဆင့်မှ သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်ရှိလာခြင်းပေလော။
သူတို့သည် ယခုလိုအခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ထိုအာကာသသားရဲဆိုလျှင်ပင် ယခုလိုအရာမျိုးကို လုပ်ဖို့ အလွန်ခက်ခဲမည်မဟုတ်ပေလော။
ပုံမှန်အခြေအနေတွင် လူသားဖြစ်စေ၊ သားရဲဖြစ်စေ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ဆိုပါက သိုင်းပညာကျင့်စဉ်၊ ပစ္စည်းကိရိယာ သို့တည်းမဟုတ် ရတနာများမလွဲမသွေ လိုအပ်ပေသည်။ ထို့အပြင် ကောင်းကင်ဘုံ အဆင့်သားရဲများမှာ သူတို့၏ကျင့်ကြံဆင့်အား တိုးမြှင့်ရရုံသာမက သူတို့၏သွေးမျိုးဆက်နှင့်ဝိဉာဥ်စွမ်းအားကိုပါတိုးမြှင့်ရန်လိုအပ်ပေသည်။
“သူတို့ဘယ်ကလာလာ ငါသူ့ကို ခွဲခြမ်းစိတ်ဖြာဖို့ နည်းလမ်းရှာရမယ်”
ကျိယောင်ယွဲ့သည်ပြောရင်း တိုက်ခိုက်လိုက်သည်။ သူမသည် ကျိုးဟောင်၊အခြားသူများနှင့်အတူ ဤသန္ဓေပြောင်းသားရဲအားချက်ချင်းအနိုင်ယူနိုင်ခဲ့ပြီး အဆင့်ချိုးဖောက်တော့မည့်အချိန်တွင် ၎င်း၏အသက်အားဆုံးရှုံးစေခဲ့သည်။
ပြီးနောက် သူမသည် ကိရိယာကိုထုတ်ယူကာ ၎င်း၏ ဆင့်ကဲပြောင်းလဲအရင်းအမြစ်များကို စတင်စစ်ဆေးတော့သည်။
ဤအချိန်တွင် မဟာမိတ်အဖွဲ့အသီးသီးမှ လူများ ရောက်ရှိလာခဲ့သည်။ တောင်ကိုရီးယား၊ အာဖရိက၊ ဥရောပသမဂ္ဂနှင့် မြောက်အမေရိကတို့မှ ပညာရှင်များအားလုံးအား စေလွှတ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ကြီးမားသောကိစ္စတစ်ခု ဖြစ်သည်။
မဟာမိတ်အဖွဲ့အသီးသီး၏မျက်မှောက်တွင် စစ်ဆေးရေးကိရိယာသည် တစ်စုံတစ်ခုကို လျင်မြန်စွာ စစ်ဆေးမိခဲ့သည်။
“စီနီယာကျိနဲ့ စီနီယာတို့ ဒီသန္ဓေပြောင်းသားရဲရဲ့ ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်ကြတာပေါ့ ဒီမှာ....ဒီမှာ... ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတစ်ခု ရှိနေတယ်”
ဤအရာကို ကြားပြီးနောက် သူတို့သည် ချက်ချင်း အံ့အားသင့်သွားကြသည်။
ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ....
ဤပစ္စည်းအားကျိုးဟောင် နားမလည်သော်လည်း ဤ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲသည် ရတနာတစ်ခု ဖြစ်ကြောင်း သူသိပေသည်။
သူ့ထံတွင်မေးစရာ မေးခွန်းများစွာ ရှိနေသေးသော်လည်း ကျိုးဟောင်သည် မိမိကိုယ်ကို မလိုအပ်ဘဲ ပြဿနာများပိုမိုမဖြစ်စေရန်အတွက် အခြေအနေကိုအရင်ဆုံး တိတ်ဆိတ်စွာစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
အခြားပညာရှင်များသည်လည်း အနည်းနှင့်အများ ရှုပ်ထွေးနေသည်။ ဤ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲဟူသည် မည်သို့သောအရာဖြစ်ပါသနည်း။
ဤအရာသည် ကောင်းသောအရာလား ဆိုးသောအရာလား။ ဤ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲသည် မည်မျှအဖိုးတန်သနည်း။ လူတိုင်းသည် ကျိယောင်ယွဲ့၊ လင်းထျန်၊ လော့သာ့ယိုးနှင့် အခြားသူများကို ကြည့်လိုက်သည်။ ဤနေရာတွင်ရှိနေသူတိုင်းသည် ဉာဏ်ကောင်းသူများ ဖြစ်သည်။ ၎င်းတို့သည် ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲသည် ရိုးရှင်းသည့်အရာ မဟုတ်ကြောင်းကို ပုံစံကို ကြည့်ရုံဖြင့် သိကြပေသည်။
ဥရောပသမဂ္ဂမှ ပညာရှင်တစ်ဦးသည် ဤ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကို စားပြီးနောက် သူတော်စင်ဘုံအဆင့်တစ်ဝက်အဆင့်သို့ တက်လှမ်းနိုင်မည်လော။ တစ်ခုထက်ပို၍ စားခဲ့မည်ဆိုပါက မည်သို့သောရလဒ်ရလာနိုင်သနည်း။
“ဒီအရာက သန္ဓေပြောင်းသားရဲတွေအဆင့်ချိုးဖောက်နိုင်တဲ့သော့ချက်များလား ကျွန်တော်တို့ စားလိုက်မယ်ဆိုရင်ရော”
ဤစကားကို ပြောလိုက်သည်နှင့် ထိုနေရာရှိလူတိုင်းသည် စိတ်ပူလာကြသည်။
“ခုနက ဒီသားရဲက တစ်ခုပဲ စားတာတောင် သူ့ရဲ့ အင်အားက ဒီလောက် မြန်မြန် တိုးတက်လာခဲ့တာ ကျွန်တော်တို့ အနည်းဆုံး တစ်ဝက်ရမယ်ဆိုရင်တောင် အနည်းဆုံး ကောင်းကင်ဘုံအဆင့်ကနေ သူတော်စင်ဘုံအဆင့်တစ်ဝက်အဆင့်ကို ချိုးဖောက်နိုင်လိမ့်မယ်”
“ဟုတ်တယ် နည်းနည်းပဲရမယ်ဆိုရင်တောင် ချက်ချင်းသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဖြစ်လာနိုင်တယ်မဟုတ်ဘူးလား”
ဥရောပသမဂ္ဂအဖွဲ့မှလူများနှင့် အခြားသူများသည် ဤအရာသည် အစွမ်းထက်ကြောင်း သိထားသော်လည်း ၎င်းတို့သည် အာကာသသားရဲအကြောင်းကို မသိကြပေ။
“ပါးစပ်ပိတ်ထား.....”
ကျိယောင်ယွဲ့သည် ချက်ချင်းပင်နှာခေါင်းရှုံ့ကာအော်လိုက်သည်။
ကျိယောင်ယွဲ့၊ လင်းထျန်၊ လော့သာ့ယိုး ကျိုးဟောင်နှင့် အခြားသူများသည် ဤ “ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲ” ၏ ထူးခြားသော သဘောသဘာဝနှင့် အန္တရာယ်ကို သိကြသည်။ ၎င်းတို့သည် ဥရောပသမဂ္ဂမှပညာရှင်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့ကြပြီး ဥရောပသမဂ္ဂမှ ပညာရှင်မှာ ရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် ဘာမှမသိဟန်ဆောင်နေခဲ့သည်။
ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ၏ ထူးခြားသော သဘောသဘာဝကို သိသော လူအနည်းစုသည် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်၏ အင်အားသည် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကြောင့် အရူးအမူး တိုးတက်လာမည်ဖြစ်ကြောင်း ကောင်းစွာ သိကြပေသည်။
ဤလျှို့ဝှက်ချက်ကို သိသော လူအနည်းစုမှာလည်း ဤအကြောင်းအား အခြားသူများကို မသိစေလိုပေ။ ဤလျှို့ဝှက်ချက် ပျံ့နှံ့သွားသည်နှင့် ကြီးမားသော ဆူပူလှုပ်ရှားမှုကို ဖြစ်စေမည်မှာ သေချာပေသည်။
“အမှန်ပဲ ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီးကြည့်ကြည့်လိုက် ဒီဧရိယာမှာ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက် မွေးဖွားလာဖို့ဆိုတာမဖြစ်နိုင်ဘူး ဒါက ဒီ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကို အစောပိုင်းကသားရဲက စုပ်ယူခဲ့လို့ ဖြစ်ရမယ်”
“အားလုံးလည်း ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ စားပြီးနောက်ပိုင်း သူ့ရဲ့ အင်အားတိုးတက်လာတာကို မြင်ခဲ့ကြတာပဲ ဟုတ်တယ်မလား ဒီပင်လယ်နက်ထဲမှာ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေ ပိုရှိလောက်တယ် ကျွန်တော် အခုပဲ သွားရှာလိုက်မယ်”
ချက်ချင်းပင် စကားအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ လူအများစုသည် ကျိယောင်ယွဲ့၊ လင်းထျန်၊ လော့သာ့ယိုး၊ ကျိုးဟောင်နှင့် အခြားသူများ၏ တုံ့ပြန်မှုများကို သူတို့၏ မျက်လုံးထောင့်မှ ကြည့်နေကြသည်။
“မြန်မြန် မြန်မြန် ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲကို ချက်ချင်း သွားရှာကြရအောင်”
ခဏတာအတွင်းပင် နိုင်ငံအသီးသီးမှ ပညာရှင်များစွာသည် ပင်လယ်နက်ထဲသို့ ရူးသွပ်စွာခုန်ဆင်းကာ ရှာဖွေမှုအကြီးစားအားပြုလုပ်ကြတော့သည်။
ယခင်က သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များကို မြင်သောအခါ သူတို့သည် စကားတစ်ခွန်းပင် မပြောရဲခဲ့ကြသော်ငြား လက်ရှိအချိန်တွင် ဤလူများသည် သူတို့ရဲ့ ဆန္ဒများအား မထိန်းချုပ်နိုင်တော့ပေ။ အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လျင်မြန်စွာထွက်ခွာသွားသည်ကို မြင်သောအခါ ကျိယောင်ယွဲ့နှင့် လင်းထျန်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။
“ဥရောပသမဂ္ဂက လူက ဒါကို တမင်တကာ ပြောတယ်ဆိုတာငါလောင်းရဲတယ်”
လင်းထျန်းက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
“ဟမ့် ဒီလူတွေက သူတို့ရှေ့မှာရှိတဲ့ အကျိုးကျေးဇူးတွေကိုပဲ ဂရုစိုက်ကြပြီး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲရဲ့ အခြေခံကို နားမလည်ကြဘူးသူတို့ကို ပိုင်ဆိုင်ခွင့် ပေးလိုက်ရင်ရော ဘာဖြစ်လဲ”
ကျိယောင်ယွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတကယ်ပဲ အလျင်မလိုဘူးလား ငါအမှတ်မမှားရင်ဒီ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကို မင်းကငါ့ထက် ပိုလိုအပ်တယ်”
လင်းထျန်၏ မျက်နှာပေါ်တွင် နတ်ဆိုးတစ်ကောင်လို အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ကျိုးဟောင်၊ လော့သာ့ယိုး ဒီအနီးအနားမှာ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေထပ်ရှိနေလိမ့်မယ် အကောင်းဆုံးကြိုးစားပြီး အဲဒါတွေကို ရှာဖွေပါ”
“ဟုတ်ကဲ့ စီနီယာကျိ”
ပလုံ....
ရေထဲခုန်ဆင်းသွားသောအသံနှင့်အတူ ကျိုးဟောင်နှင့် အခြားသူများမှာ ပင်လယ်နက်ထဲသို့ အလျင်အမြန် ခုန်ဆင်းသွားခဲ့ကာ ကျိယောင်ယွဲ့သည်လည်း လိုက်ပါသွားခဲ့သည်။
မှောင်မိုက်သောပင်လယ်နက်ထဲတွင် ကျိုးဟောင်သည် သူ၏ကျောပိုးအိတ်ကိုဖွင့်ကာ ပင်လယ်နက်ပိုင်းအားစုံစမ်းထောက်လှမ်းသည့်ကိရိယာကိုထုတ်ယူပြီး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကိုရှာဖွေရန်အတွက် ပင်လယ်နက်ပိုင်းထဲသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။
....................................................................................