စုပ်ယူခြင်း
Vol. 46 Ch. 687
ကျိုးဟောင်သည် ဆက်သွယ်ရေးကိရိယာအားချပြီး လေ့ကျင့်ရေးစတင်တော့သည်။
ထိုအချိန်တွင် ဖားမှာထွက်လာပြီး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ ကိုမြင်သောအခါ မျက်ခုံးပင့်လိုက်သည်။
“ဒီပုံဆောင်ခဲကို မင်း ရှာတွေ့လာတာလား”
ဖားကမေးလိုက်သောအခါ ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျား ဒါကို သိလား”
ကျိုးဟောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သေချာတာပေါ့ ဒီစကြာဝဠာမှာ ငါမသိတာ ဘာမှမရှိဘူး ဒီ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲက အာကာသသားရဲရဲ့ မွေးရာပါ စွမ်းအင်အနှစ်သာရပဲ ဒီအရာအားလုံးကို စုပ်ယူနိုင်ရင် သူ့ရဲ့အရွယ်မရောက်သေးတဲ့ဘဝကို ကျော်လွှားနိုင်မယ် ဒါပေမဲ့ ဒါကို သူဖြန့်လိုက်တာက တခြားအကြံအစည်ရှိပုံရတယ်”
ဖားက မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးဟောင်ကလည်း ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်လည်း အဲလိုပဲ ထင်တယ် ဒါပေမဲ့ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ ခင်ဗျားသိလား”
ကျိုးဟောင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“အဲဒါတော့ ငါမသိဘူး အာကာသသားရဲတွေက စကြာဝဠာထဲက အဆင့်မြင့်သက်ရှိတွေဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာရဲ့ မှတ်ဉာဏ်တွေ ရှိကြတယ် သူတို့က အရမ်းအစွမ်းထက်တယ် စကြာဝဠာထဲမှာ သူတို့အကြောင်းကို သေချာသိတဲ့သူ သိပ်မရှိမှာတောင်စိုးရတယ်”
ဖား၏ စကားများက ကျိုးဟောင်ကို ပို၍ စိတ်ဓာတ်ကျစေသည်။ ဖားပင် မသိလျှင် သူတို့သိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ကမ္ဘာဂြိုဟ်ပေါ်ရှိ အဆင့်အမြင့်ဆုံးနည်းပညာသည် လုံနတ်ဘုရားစစ်သင်္ဘောထက်နိမ့်သည်။ ထို့ကြောင့် ကျိုးဟောင်သည် ဤအရာနှင့်ပတ်သက်၍ ဘာဆက်ဖြစ်မည်ကို အနည်းငယ် စိုးရိမ်နေသည်။
“ကောင်းပြီ ကျိုးဟောင် ငါကတော့ ကမ္ဘာဂြိုဟ်ကနေ ထွက်ခွာဖို့ အစီအစဉ်ဆွဲထားပြီးပြီ မင်းထွက်ထွက် မထွက်ထွက် ငါကတော့ အဆင်သင့်ပဲ တကယ်လို့… ကမ္ဘာဂြိုဟ်ကိုအာကာသသားရဲက တကယ်ပဲ ဝါးမျိုခဲ့ရင် မင်းလည်း အမြန်ဆုံး အစီအစဉ်ဆွဲရလိမ့်မယ် နားလည်လား”
ဖားသည် အသက်ပြင်းပြင်းရှူကာ တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
ကျိုးဟောင်လည်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကမ္ဘာဂြိုဟ်ကို စွန့်ပစ်၍ မရနိုင်ကြောင်းသိပေသည်။ အကြောင်းမှာ ဤနေရာသည် သူ့အိမ်ဖြစ်သောကြောင့်ပင်။
ကျိုးဟောင်က သက်ပြင်းချကာ စာဖတ်ခန်းသို့ ပြန်သွားခဲ့ပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သည်။လတ်တလောတွင် သူသည် အလွန်အလုပ်များနေခဲ့သဖြင့် ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်ထဲသို့ ဝင်ဖို့ အချိန်မရခဲ့ပေ။
သူဝင်လိုက်သည်နှင့် သုံးစွဲသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် "ငါကသာမန်လူတစ်ယောက်ပါပဲ" ဟူသော သုံးစွဲသူသည် အဆင့်မြင့်ပြီး အထူးအရေးပါသောသခင်ကြီးတစ်ဦးဖြစ်သောကြောင့်ပင်။
စိန်အဆင့်အသုံးပြုသူအဖြစ် အဆင့်အတန်းမြင့်မားခြင်း၊ ပစ္စည်းများရရှိမှုနှုန်းမြင့်မားခြင်း၊ အလွယ်တကူငွေကြေးသုံးစွဲခြင်းတို့သည် ဤအိုင်ဒီဖြင့်တွဲကာကျော်စောပေသည်။
သို့သော်လည်း ကျိုးဟောင်သည် ဤအရာများကို ဂရုမစိုက်ပေ။
အွန်လိုင်းတက်လာပြီးနောက်တွင် ကျိုးဟောင်သည် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရန် ဆိုင်ထဲသို့ အလျင်အမြန်ဝင်ရောက်ခဲ့သည်။ သို့သော် အချိန်အကြာကြီး ရှာဖွေပြီးနောက်တွင်ပင် ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
ကျိုးဟောင်သည် ခဏမျှစဉ်းစားပြီး ဤအရာကို ဆိုင်တွင် အချက်အလက်မှတ်တမ်းတစ်ခု ထားရှိကာ တင်ထားခဲ့သည်။ မည်သူမဆို ဤအရာကို သိပြီး ဝယ်လိုပါက ကျိုးဟောင်သည် ဝယ်သူကို ချက်ချင်း ရှာတွေ့နိုင်ပြီး ဤပုံဆောင်၏ အသုံးဝင်မှုအကြောင်းကို မေးမြန်းနိုင်ရန်ဖြစ်သည်။
ဤသို့လုပ်ပြီးနောက်တွင် ကျိုးဟောင်သည် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ခန္ဓာပုံသွင်းဆေးရည်ရာပေါင်းများစွာကို အမှတ်မထင် ပေးလိုက်ပြီး တည်ငြိမ်စွာပင်ထွက်ခွာသွားခဲ့သည်။
လေ့ကျင့်ရေးခန်းသို့ ရောက်ရှိပြီးနောက် ကျိုးဟောင်သည် ဆွဲငင်အားကို အဆ ၂၀ တိုးမြှင့်ကာ စိတ်လွတ်ကိုယ်လွတ် လေ့ကျင့်တော့သည်။
“အပျက်အစီးကနေ ငါ့ခန္ဓာကိုယ်နဲ့ စွမ်းအင်ကို ထိန်းချုပ်ပုံကို သင်ယူခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားက နှစ်ဆ တိုးလာခဲ့တယ်။ ဒါပေမဲ့ ငါ့ ကျင့်ကြံမှုအဆင့်ကတော့ အခုထိနိမ့်နေတုန်းပဲ”
ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအားသည်သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ကျင့်ကြံမှုအဆင့်မှာ ၄ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင်သာ ရှိသေးသည်။ ယခုထက်တိုးတက်လာရန် များစွာလိုအပ်နေသေးသည်။
“ဟင်း… ရှေးဟောင်းခန္ဓာသိုင်းကို ကျင့်ပြီးကတည်းက ငါအဆင့်တက်ဖို့အရမ်းခက်ခဲလာတယ် ငါ့ရဲ့ စွမ်းအင်အနှစ်သာရအများစုကို ခန္ဓာကိုယ်ကပဲ စုပ်ယူနေတာ…”
ကျိုးဟောင်မှာ သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာပင် ခန္ဓာကိုယ်က စုပ်ယူသည်ဖြစ်စေ၊ မစုပ်ယူသည်ဖြစ်စေ သူ၏တိုက်ခိုက်ရေးစွမ်းအားကတော့ မြင့်တက်လာဆဲဖြစ်သည်။ ဤအချက်ကြောင့် ကျိုးဟောင်သည် အလွန်ကျေနပ်နေသည်။
မကြာမီပင် ကျိယောင်ယွဲ့မှာ ကျိုးဟောင်အားဆက်သွယ်လာခဲ့သည်။ သူမ ဘာမှမပြောမီကပင် ကျိုးဟောင်သည် သူမ၏မျက်နှာပေါ်ရှိ အကူအညီမဲ့နေသည့်အမူအရာကို တွေ့လိုက်ရသည်။
“သန့်စင်ဘုရားကျောင်းက ငါ့ရဲ့တောင်းဆိုမှုကို ပယ်ချလိုက်တယ် သူတို့က မဟာမိတ်အဖွဲ့အားလုံးကို ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေကိုလက်လွှဲခွင့်မပြုနိင်ဘူး ”
ကျိယောင်ယွဲ့မှာ အကူအညီမဲ့စွာ ပြောလိုက်သည်။ ဤကိစ္စကြောင့် သူမသည် အလွန်စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။
“ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ် စီနီယာကျိ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”
ကျိုးဟောင်မှ မေးလိုက်သည်။
“ဘာမှလုပ်လို့မရဘူး သူတို့လုပ်ချင်တာကိုပဲ လွှတ်ထားလိုက်ရတော့မှာပဲ”
ကျိယောင်ယွဲ့မှာပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။
ခန့်မှန်းထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် ဥရောပမဟာမိတ်အဖွဲ့သည် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့သည် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ၏ စွမ်းအားကို လူသားများအား ဖြန့်ဝေပေးနိုင်သည့် ကိရိယာတစ်ခုကို ဖန်တီးထားကြောင်း ကြေညာခဲ့သည်။
“ဒါဟာ တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်လိမ့်မယ် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲထဲက စွမ်းအားဟာ ကျွန်တော်တို့ တွေးထားတာထက် အများကြီးပိုပြီး အစွမ်းထက်တယ် မြောက်အမေရိက မဟာမိတ်အဖွဲ့နဲ့ ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာ ဒါက ပထမအဆင့်ကောင်းကင်ဘုံအဆင့်သိုင်းပညာရှင်တွေကို ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကို ချက်ချင်းရောက်စေနိုင်တယ်ဆိုတာကိုတွေ့ရတယ်”
“အားလုံးပဲ ကြည့်လိုက်ပါ"
ဥရောပမဟာမိတ်အဖွဲ့သည် ကောင်းကင်ဘုံအဆင့်သိုင်းပညာရှင်တစ်ဦးမှ ထိုစွမ်းအားကို စုပ်ယူပုံကို ဗီဒီယိုဖြင့် ထုတ်လွှင့်ပြသလိုက်သည်။
ဗီဒီယိုထဲတွင် ထိုစွမ်းအားကို စုပ်ယူလိုက်သူသည် အလွန်နာကျင်နေသည်။ သူခ၏န္ဓာကိုယ်တစ်ခုလုံးမှာ သွေးများထွက်နေပြီး ပုံစံမှာအလွန်ဆိုးရွားနေပေသည်။
“အားလုံးပဲ မကြောက်ကြပါနဲ့ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲက မျိုးရိုးဗီဇကို ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ကို ပုံသွင်းပေးနိုင်တယ် ဒီနည်းလမ်းက နည်းနည်းတော့ ခက်ခဲနိုင်တယ် ဒါပေမဲ့ခင်ဗျားတို့ဇွဲကောင်းသရွေ့ အလျင်အမြန်ပဲ အဆင့်ချိုးဖောက်နိုင်ပါလိမ့်မယ်”
စကားဆုံးသည်နှင့် ထိုလူသည် ပို၍ တည်ငြိမ်လာပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအင်များမှာ ပို၍ ပို၍ အားကောင်းလာသည်။
နောက်ဆုံးတွင် ၈ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင် ရပ်တန့်သွားခဲ့သည်။
ဤမြင်ကွင်းကြောင့် မဟာမိတ်အဖွဲ့တိုင်းမှ လူတိုင်းမှာအံ့အားသင့်သွားကြပြီး ကျိယောင်ယွဲ့ပင် အံ့သြသွားခဲ့သည်။
သူမသည် ဤပုံဆောင်ခဲနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း သိနေသော်လည်း ထိုစွမ်းအင်များကို လူအများ စုပ်ယူနိုင်ရန် ခွဲခြားထားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားလာရသည်။
“ ဘုရားရေ ဒါက တကယ်ပဲ အစွမ်းထက်လှချည်လား"
“ဘုရားရေ အချိန်ကိုက်အခွင့်အရေးပါပဲလား"
“အိုး… ဘုရားဘုရား ဒါကငါမြင်ဖူးသမျှထဲမှာ အလှဆုံးအရာပဲ"
၎င်းသည် ဗီဒီယိုတစ်ခုဖြစ်ကြောင်း သိလိုက်ရသည့်အခါ အားလုံးမှာအံ့အားသင့်ပြီး စိတ်လှုပ်ရှားသွားကြသည်။
သူတို့သည် ဤသို့သော အရာမျိုးကို မြင်တွေ့ရမည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ကြပေ။
“မဟာမိတ်အဖွဲ့များ ကျွန်တော်တို့ဥရောပမဟာမိတ်အဖွဲ့ ဟာ ကျွန်တော်တို့ရဲ့နည်းပညာကို ဝေမျှဖို့ ဆန္ဒရှိပါတယ် ဒါပေမဲ့ ဈေးနှုန်းအနေနဲ့ မဟာမိတ်အဖွဲ့တိုင်းက ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတစ်ခုစီ ပေးရပါမယ် ဒီလိုဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့နဲ့အတူ ပူးပေါင်းပြီး ရရှိလာတဲ့အကျိုးကျေးဇူးတွေကို ဝေမျှနိုင်မှာပါ”
ဥရောပမဟာမိတ်အဖွဲ့မှ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်သည် လောဘမကြီးပေ။ အကယ်၍ အခြားသူများမှ သူတို့၏ ကိရိယာများနှင့် နည်းပညာကို လိုချင်ပါက ဆင့်ကဲပြောင်းလဲပုံဆောင်ခဲများကို ပေးရမည်ဖြစ်သည်။
“ကျွန်တော်တို့ ပေးဖို့ ဆန္ဒရှိပါတယ်"
“ကောင်းပြီ”
“ပုံဆောင်ခဲတစ်ခု ကျွန်တော်တို့ တောင်ကိုရီးယားက ပေးဖို့ဆန္ဒရှိပါတယ်"
ပုံဆောင်ခဲတစ်ခု ပေးရသည်မှာ ထိုက်တန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းပညာဖြင့် သူတို့သည် ၎င်းတို့နိုင်ငံအတွက်ပညာရှင်များစွာကို ဖန်တီးနိုင်သောကြောင့်ပင်။
ထိုသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များသည် သူတော်စင်ဘုံအဆင့်သို့ပင် ရောက်သွားနိုင်ခြေရှိပေသည်။
ဤသည်မှာ ကမ္ဘာဂြိုဟ်နှင့် သူတို့၏မဟာမိတ်အဖွဲ့များအတွက် ကြီးမားသော ကောင်းချီးတစ်ခုပင်ဖြစ်သည်။
သို့သော်လည်း ဤကောင်းချီးမှာ ကျိယောင်ယွဲ့ နှင့် ကျိုးဟောင်တို့အား အနည်းငယ် စိုးရိမ်စေသည်။
“ကျွန်မတို့ရဲ့ ဟွာရှား မဟာမိတ်ကတော့ ဒီနည်းပညာကို မလိုအပ်ပါဘူး”
ကျိယောင်ယွဲ့မှာ သူမ၏ သဘောထားကို ချက်ချင်းဖော်ပြလိုက်သည်။ ၎င်းက ဟွာရှားပညာရှင်အများအပြားကို မကျေနပ်စေသော်လည်းမည်သည့်စကားမျှမပြောရဲကြပေ။ ပေကျင်းခေါင်းဆောင်ပင် အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။
သူသည်လည်းသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ဦးဖြစ်သော်လည်း ကျိယောင်ယွဲ့မှာ သူ့အတွက် ဆုံးဖြတ်ချက်ချပေးခဲ့သည်ကို သူ မည်သို့ လက်ခံနိုင်မည်နည်း။
သို့သော်လည်း သူသည် ဘာမှဝင်မပြောခဲ့ပေ။
“ကျွန်မထင်တာက ဒီနည်းပညာက အခုထိမသေချာသေးဘူး ဥရောပမဟာမိတ်အဖွဲ့က လူ့ခန္ဓာကိုယ်မှာဒီလောက်မြန်မြန်အသုံးပြုလိုက်တာ အရမ်းစွန့်စားပြီးရဲတင်းလွန်းတာမဟုတ်ဘူးလား”
ကျိယောင်ယွဲ့မှာ ဤပြဿနာကို ချက်ချင်းထောက်ပြလိုက်ပေရာ ထိုစကားကြောင့် လူအများအပြားမှာခေါင်းညိတ်လာကြသည်။
....................................................................................