အကျိုးကျေးဇူးများအား ရိတ်သိမ်းခြင်း
Vol. 46 Ch. 689
ဝိုင်နီပင်
ဟုတ်ပေသည်။ ဝိုင်နီပင်ဖြစ်သည်။
ဒီအရာပေါ်လာသည်နှင့် ကျိုးဟောင်နှင့်ကျိယောင်ယွဲ့တို့မှာထိတ်လန့်သွားကြသည်။
ဤမြင်ကွင်းမှာတိုက်ခိုက်နေတဲ့မြင်ကွင်း မဟုတ်ပေ။ ထိုဝိုင်နီခွက်အား ထရွန်ဒိုသောက်နေခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းနေပေသည်။
သို့သော်သူ မသောက်ရသေးခင်မှာပဲ မတော်တဆမှု ဖြစ်သွားကာ လုံးဝ မခုခံလိုက်ရဘဲ အကုန် ပျောက်ကွယ်သွားခြင်းဖြစ်သည်။
ကျိုးဟောင်နှင့်ကျိယောင်ယွဲ့တို့ မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်တွင်ထိတ်လန့်နေသောအမူအရာများပေါ်နေခဲ့သည်။
“ကျိုးဟောင် ဒါ အာကာသသားရဲ ဖြစ်ရမယ်”
ကျိယောင်ယွဲ့မှာ သက်ပြင်းရှိုက်ပြီးအမူအရာပျက်ယွင်းစွာဖြင့်ပြောလာခဲ့သည်။
ကျိုးဟောင်သည်လည်းဒါကိုခန့်မှန်းမိပေရာ ဤရလဒ်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ အကြောင်းမှာ သူတို့ သည် ဤသတ္တဝါများအကြောင်းသိပ်မသိပေ။ သို့သော် ဖားသည် သူ့အားအရေးကြီးသောသတင်းတစ်ခုပေးခဲ့သည်။
စကြဝဠာတစ်ခုလုံးတွင် ဤသတ္တဝါ၏အရေအတွက်မှာ ၁၀ကောင်ကျော်သာရှိသည်။ ၎င်းတို့ တစ်ကောင်ချင်းစီသည် စကြဝဠာတစ်ခုလုံးကို အုပ်စိုးနိုင်သည့်အစွမ်းကြီးသည့်သတ္တဝါများဖြစ်ကြကာ မွေးကင်းစမှာပင် သူတော်စင်ဘုံအဆင့်ကျင့်ကြံမှုရှိကာ ကမ္ဘာပေါ်မှပညာရှင်အားလုံးထက် ပိုမိုသန်မာပေသည်။
သူတို့ထံတွင် ဘယ်လိုနည်းလမ်းတွေ ရှိသလဲဆိုသည်အားမည်သူမျှမသိပေ။ ဖားပင် သေချာမသိပေ။
အကြောင်းမှာ၎င်းတို့တည်ရှိနေသည်မှာ နှစ်ပေါင်းထောင်ချီနေပြီဖြစ်ပြီး ၎င်းတို့သည်သာမန်အဖွဲ့အစည်းများယှဥ်ပြိုင်နိုင်သည့်အရာများမဟုတ်ပေ။
ထို့အပြင် ဤအာကာသသားရဲမှာ ဉာဏ်ရည်ထက်မြက်ပြီး သွေးမျိုးဆက်လည်း မြင့်မားပေရာ လူသားများမသိနိုင်သော နည်းလမ်းများ ရှိနေခြင်းက လက်ခံနိုင်စရာရှိပေသည်။
ဤကိစ္စမှာ ချက်ချင်းဆိုသလို ထိတ်လန့်စရာ ဖြစ်လာခဲ့သည်။ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်လူသားကိုမဆို ကြောက်ရွံ့စေမှာအမှန်ပင်ဖြစ်သည်။
သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်ပင် ရုတ်တရက် ပျောက်ကွယ်သွားနိုင်ပါက အခြားလူများဆိုပါက ဆိုဖွယ်ရာပင်မရှိတော့ပေ။
ထို့ကြောင့် မဟာမိတ် ၅ခုမှာ ချက်ချင်း ထိတ်လန့်လာခဲ့ကြသည်။
“ဒါက ကျုပ်တို့ လူသားမျိုးနွယ်အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်ပြီး ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး အခုချိန်မှာ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ရမယ်သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အားလုံးတစ်ယောက်တည်း မနေပါနဲ့ နှစ်ယောက် သုံးယောက် အဖွဲ့လိုက်နေတာ အကောင်းဆုံးပဲ ဒီလိုဆို ပြဿနာတစ်ခုခု ရှိလာရင်တောင် ကာကွယ်မှု ရနိုင်သေးတယ်”
ဤသည်မှာ သန့်စင်ဘုရားကျောင်း၏အမြင်ဖြစ်ပြီး အသုံးဝင်သေးသည်ဟုဆိုနိုင်ပေသည်။ သို့သော်ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာကိုတော့ ပြောဖို့မလွယ်ပေ။
ကျိယောင်ယွဲ့နှင့် ကျိုးဟောင်တို့မှာထိုအချက်အား အယုံအကြည်မရှိဆဲပင်ဖြစ်သည်။
“ကျိုးဟောင် မင်း သတိထားမိလား မကြာသေးခင်က ပျောက်သွားတဲ့ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်နှစ်ယောက်လုံးက ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကြောင့်အဆင့်တက်ခဲ့တဲ့သူတွေပဲ”
ကျိယောင်ယွဲ့မှာ အလွန်ဉာဏ်ကောင်းသလို ကျိုးဟောင်သည်လည်းဤအချက်အားသတိထားမိပေသည်။
“စီနီယာကျိ ကျွန်တော်တို့ စောစောပြင်ဆင်ထားသင့်တယ်”
ကျိုးဟောင်မှာ လေးနက်စွာ ပြောလိုက်သည်။
“ကောင်းပြီ”
ကျိယောင်ယွဲ့မှာ သက်ပြင်းချပြီး ထိုစကားကိုသာပြောနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂရှိအဆင့်မြင့်ကလပ်တစ်ခုတွင် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်သုံးယောက် လှဲလျောင်းပြီးမိန်းမလှလေးများထံမှ အနှိပ်ခံနေကြသည်။
“ချာလီ ထရွန်ဒိုနဲ့ ဝီလီယံတို့ ဘယ်လို ပျောက်သွားတယ်လို့ မင်း ထင်လဲ”
စကားပြောလိုက်သူမှာ အပြာရောင်မျက်လုံးနှင့်ရွှေရောင်ဆံပင်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ပုံစံမှာစိုးရိမ်ပူပန်နေခဲ့သည်။ အကြောင်းမှာ သူသည်လည်း ပုံဆောင်ခဲကြောင့် သူတော်စင်ဘုံအဆင့်တစ်ဝက်ကို ရောက်ရှိလာခဲ့သူဖြစ်၍ပင်။
ထရွန်ဒိုနဲ့ ဝီလီယံ နှစ်ယောက်လုံးမှာ ပုံဆောင်ခဲကြောင့်ပဲအဆင့်တက်နိုင်ခဲ့သောပညာရှင်နှစ်ယောက်ဖြစ်ပြီး ယခုထိုနှစ်ယောက်မှာ ဤသို့ပျောက်ကွယ်သွားပေရာ သူတို့ကြောက်နေကြသည်မှာသဘာဝကျပေသည်။
ထို့အပြင် ဟွာရှားမှကျိယောင်ယွဲ့သည် သူတို့အား စမ်းသပ်မှုတွေ မလုပ်ရန်တားမြစ်ခဲ့တာကိုလည်း သူ သတိရလိုက်မိသည်။ လက်ရှိအချိန်တွင် သူသည်အလွန်စိုးရိမ်ပူပန်နေခဲ့သည်။
“ဟေးဟေး ပေါလ်၊ မင်းက အရမ်းကြောက်တတ်တာပဲ ဒါကကိစ္စကြီးမလို့လား ကိစ္စကြီးတောင်ဟုတ်မနေတာကို ငါတို့သုံးယောက်လုံးကသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေ မင်းနဲ့ငါက အခုမှ အဆင့်တက်တာဆိုပေမဲ့ အစ်ကိုဂျော့ချ်ကတော့ ကျွမ်းကျင်တဲ့သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်လေ သူ ရှိနေရင် ငါတို့ သေချာပေါက်အဆင်ပြေမှာ”
ထိုစကားအားပြောလိုက်သူမှာ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး လူတစ်ယောက်ပင်။ ယခုလိုပြောပြီးနောက်မှာ သူက မျက်လုံးမှိတ်ကာ အပြည့်အဝအပန်းဖြေနေသော ထွားကြိုင်းသည့်ခန္ဓာကိုယ်ရှိသည့် အမျိုးသားကို ကြည့်လိုက်သည်။ ထိုလူ၏တောင့်တင်းသောကြွက်သားများမှာ လူမျာအားဖိအားပေးနေသလိုပင်။
ဆံပင်ရွှေရောင်နှင့်အမျိုးသားမှာ သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။ ခေတ္တကြာပြီးနောက် သူသည်မနေနိုင်ဘဲထပ်မေးလိုက်သည်။
“မင်းအထင်… ငါတို့ ပုံဆောင်ခဲတွေကို သုံးပြီးနောက်ပိုင်း နောက်ဆက်တွဲပြဿနာတွေ ရှိလာနိုင်တယ်ထင်လား ဒါမှမဟုတ် ပြဿနာ တစ်ခုခုရှိနိုင်လား ငါ့ရဲ့ ခန္ဓာကိုယ်ကို မနေ့က စစ်ဆေးကြည့်တော့ ရေဒီယိုဓာတ်သတ္တိကြွတဲ့ပစ္စည်းတွေ အများကြီး တွေ့ခဲ့ရတယ် ဒါနဲ့ ပတ်သက်နေတာများလား”
ဆံပင်ရွှေရောင်နှင့်အမျိုးသားမှာ စိုးရိမ်ပူပန်နေပုံပင်။ သူ စိတ်ပူနေသည်မှာ သူ့အမှား မဟုတ်ပေ။ အကြောင်းမှာ ဤအရာသည်သူ့အတွက် တကယ်ကို ကြောက်စရာကောင်းသောအတွေးဖြစ်နေလို့ပင်။
ဤစကားကို ကြားလိုက်ရချိန်တွင် အရပ်ရှည်ရှည်နှင့်အမျိုးသားမျက်၏နှာမှာလည်း စိုးရိမ်နေပုံပေါ်လာကာ ဆံပင်ရွှေရောင်နှင့်အမျိုးသားအားကြည့်ပြီး သက်ပြင်းသာရှိုက်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့ကသူတော်စင်ဘုံအဆင့်တစ်ဝက်ကို ရောက်နေပြီ ပြဿနာတစ်ခုခု ရှိတယ်ဆိုရင်တောင် ငါတို့အတွက် နောက်ကျသွားပြီ အခုချိန်မှာ ငါတို့ သိဖို့လိုတာက ထရွန်ဒိုနဲ့ ဝီလီယံတို့ ဘယ်လို ပျောက်သွားလဲဆိုတာကိုပဲ ပြဿနာကို ရှောင်နိုင်သရွေ့ အားလုံး အဆင်ပြေသွားလိမ့်မယ်”
အရပ်ရှည်ရှည်နှင့်အမျိုးသားက ပြုံးကာပြောလိုက်သည်။
ထိုအချိန်တွင် အသံတိတ်နေခဲ့သော ကတုံးနှင့်အမျိုးသားက ရုတ်တရက် စကားပြောလာခဲ့သည်။
“စိတ်မပူပါနဲ့ ငါကဆင့်ကဲပြောင်းလဲပုံဆောင်ခဲနဲ့ ပြုပြင်ပြီးအဆင့်တက်လာတဲ့လူ မဟုတ်ဘူးမင်းတို့က ဥရောပသမဂ္ဂက ပျိုးထောင်ထားတဲ့ပညာရှင်တွေပဲ ပြဿနာရှိတယ်ဆိုရင် ငါအဲဒါကိုဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားပေးမယ်”
ဂျော့ချ်ကပြောရင်း မျက်လုံးများကို ဖွင့်လိုက်သည်။
“ပြီးတော့ ငါ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်တယ် ဘာလို့လဲဆိုတော့ သူတော်စင်ဘုံအဆင့်ပညာရှင်တွေမရှိတော့ဘူး လောကကြီးမှာသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်က တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးပဲ ငါတို့ပဲဖြစ်ဖြစ် သန္ဓေပြောင်းသားရဲမဟာမိတ်ပဲဖြစ်ဖြစ် ဒါက အတူတူပဲ”
ဂျော့ချ်သည် အလွန်ယုံကြည်မှုရှိနေခဲ့သည်။ အကြောင်းမှာသူ၏စွမ်းအားသည်ထင်ရှား၍သာဖြစ်သည်။
သို့သော် သူ့စကားဆုံးသည်နှင့် သူ့ရှေ့မှ လူနှစ်ယောက်မှာရုတ်တရက် တုန်ယင်သွားခဲ့ကာ ၎င်းတို့၏ မျက်လုံးများတွင် ထူးဆန်းသောအပြာရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ကို မော့ကြည့်လာကြသည်။
“ဟဟ မင်းမှာ ဖြေရှင်းနည်း ရှိတယ်လို့ ပြောလိုက်တာလား”
ရင်းနှီးသော်ငြား လုံးဝ မရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ သူတို့သည် ဂျော့ချ်အားလှောင်ပြောင်သလို ကြည့်နေကြသည်။
ဂျော့ချ်ရဲ့ မျက်နှာမှာ သိသိသာသာပြောင်းလဲသွားပြီး မျက်လုံးများမှာပြူးကျယ်လာကာ ထိုနှစ်ယောက်ကိုသာစိုက်ကြည့်နေခဲ့သည်။
လက်ရှိအချိန်တွင် ဤနှစ်ယောက်သည် သူနှင့်လုံးဝ မရင်းနှီးသလိုခံစားနေရပေသည်။ထို့အပြင် သူတို့ရဲ့၏အငွေ့အသက်များမှာ အလွန်ထူးဆန်းနေသည်။ သူတို့၏အေးစက်စက် အကြည့်မှာ သူ့အားသားရဲတစ်ကောင်မှ စိုက်ကြည့်နေသလို ခံစားရစေပေသည်။
“မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲ”
ဂျော့ချ်ရဲ့ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ထိုနှစ်ယောက်အား သတိထားကာကြည့်လိုက်သည်။
“နိမ့်ကျလိုက်တဲ့သတ္တဝါတွေ ဟင်း…”
ထိုနှစ်ယောက်မှာ တစ်ပြိုင်နက်တည်း ပြောကာခေါင်းခါလိုက်ပြီးတော့ ဂျော့ချ်အားအရေးမစိုက်တော့ပေ။ ထို့နောက်၎င်းတို့မှာ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင်နေရာကူးပြောင်းရေးအစီအရင်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ထိုနှစ်ယောက်မှာ မဲမှောင်နေသောလေဟာနယ်အက်ကွဲကြောင်းထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။
အစကနေ အဆုံးအထိ ဂျော့ချ်သည်သူတို့အား မတားဆီးရဲပေ။ အကြောင်းမှာ ၎င်းတို့အားမတားဆီးနိုင်မှန်း သိနေ၍ပင်။ သူသည်ဝါရင့်သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သော်ငြား သူတို့နှစ်ယောက်နှင့်တိုက်ခိုက်ပါက အနိုင်ရဖို့မှာမဖြစ်နိုင်ပေ။
ဤအချက်ကို စဉ်းစားရင်း၎င်းတို့ ပျောက်ကွယ်သွားသည်ကိုကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
လေဟာနယ်အက်ကွဲကြောင်းလုံးဝ ပျောက်ကွယ်သွားချိန်တွင် ဂျော့ချ်မှာ သက်ပြင်းချလိုက်ပြီးတစ်စက္ကန့်မှ မဆိုင်းဘဲ ဥရောပသမဂ္ဂကို ချက်ချင်း ဆက်သွယ်လိုက်သည်။ ထို့နောက်ဤသတင်းက ချက်ချင်းဆိုသလို ပျံ့သွားပြီး မဟာမိတ်ငါးခု ချက်ချင်းအုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့သည်။
သန့်စင်ဘုရားကျောင်းတွင် ဂျော့ချ်၏ကြောက်ရွံ့စွာဖြင့်ပြောလာသည့်စကားဆုံးပြီးနောက် အားလုံးမှာခေါင်းများပင်ထုံကျဥ်သွားသလိုခံစားလိုက်ရသည်။
သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ကို ရုပ်သေးရုပ်သဖွယ်ပြောင်းလဲသွားစေပြီး ထူးဆန်းသောနေရာသို့ ပို့လိုက်ခြင်းသည်တကယ်ပင်စိတ်ကူးကြည့်၍မရသောအရာဖြစ်သည်။
အားလုံးရဲ့ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဦးရေပြားများထုံကျဉ်ကာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြသည်။ ဤသည်မှာ သူတို့ လုံးဝ မမျှော်လင့်ထားသော ကိစ္စပင်။
သို့သော် ထိုအချိန်တွင် သန့်စင်ဘုရားကျောင်းတစ်ခုလုံးမှ ထူးဆန်းသောအငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထိုအငွေ့အသက်မှာဆင့်ကဲပြောင်းလဲပုံဆောင်ခဲနှင့် ပြုပြင်ထားသောသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များ၏အငွေ့အသက်ဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်များမှ အပြာရောင်အလင်းများ ထွက်လာကာ ၎င်းတို့၏ပုံစံမှာအလွန်ကြောက်စရာကောင်းပေသည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါးစာကို အပြင်မှာအကြာကြီးချထားခဲ့ပြီး ဒီနေ့နောက်ဆုံးတော့ ငါအကျိုးကျေးဇူးတွေကိုရိတ်သိမ်းလို့ရပြီ”
....................................................................................