ကမ္ဘာပျက်ပြီ
Vol. 46 Ch. 690
ထိုအသံထွက်ပေါ်လာသောအချိန်တွင် လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းသွားခဲ့သည်။
သူတော်စင်ဘုံတစ်ဝက်အဆင့်ပညာရှင် ၁၀ယောက်ကျော်ထံမှ ထူးခြားသော အငွေ့အသက်တစ်ခုထွက်ပေါ်လာပြီး သူတို့၏မျက်လုံးများတွင်လည်း နက်ပြာရောင်အလင်းတန်းများ လင်းလက်နေခဲ့သည်။
ထိုအလင်းတန်းမှာ သွေးဆာနေပြီး အေးစက်စက်ဖြစ်နေပေရာ လူများအား ကြောက်ရွံ့စေပေသည်။
“ဘယ်သူလဲ”
မဟာမိတ်ကြီးငါးခုမှာ ချက်ချင်း ကြောင်အသွားကြသည်။ ကောင်းကင်ကို ပျံတက်သွားသော သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်ကျော်ကို ကြည့်ပြီး အားလုံး အံ့အားသင့်နေကြသည်။
“တုံးအတဲ့အဆင့်နိမ့်တဲ့သတ္တဝါတွေ တကယ်ရယ်ရတယ် အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးဆိုတာ မင်းတို့မသိဘူးလား တကယ်အသုံးမကျကြဘူး”
ဤသည်မှာသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်ကျော်ထံမှသံပြိုင်ထွက်လာသည့်စကားသံဖြစ်သည်။
သူတို့၏မျက်လုံးများမှာ အပြာရောင်အလင်းတန်းများဖြင့်တောက်ပနေပြီး လူတိုင်းကို အေးစက်ကာ သွေးဆာနေသည့်ပုံမျိုးဖြင့်ကြည့်နေကြသည်။
ဤသတ္တဝါသည် ဘာလဲဆိုတာကို သူတို့လုံးဝ မသိကြပေ။ ကျိုးဟောင်နှင့်ကျိယောင်ယွဲ့ နှစ်ယောက်တည်းသာ သိပေသည်။
“မင်း ဘယ်သူလဲ”
အဖွဲ့အစည်းအချို့မှ လူများသည်လည်း လုံးဝ စိတ်ရှုပ်ထွေးနေကြသည်။
“ဟီးဟီး ငါ ဘယ်သူလဲတဲ့လား မင်းတို့ မကြာခင် သိလာလိမ့်မယ် သုံးရက်အတွင်းမှာ ငါ့ကိုပိတ်လှောင်ထားတဲ့နေရာကနေငါဖောက်ထွက်တော့မှာ အဲဒီအချိန်ကျ မင်းတို့ ကမ္ဘာမြေတစ်ခုလုံး ငါ့ရဲ့အစားအစာ ဖြစ်လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်ကျော်မှာ လေဟာနယ်အက်ကွဲကြောင်းကိုဖြတ်ကာ ထွက်ခွာသွားခဲ့ကြသည်။
အေးစိမ့်တဲ့လေတစ်ချက် တိုက်ခတ်သွားပြီး အားလုံးရဲ့ ကျောများမှာ အေးစက်သွားခဲ့သည်။ ဤအချိန်မှသာ သူတို့သည် တကယ်ကိုအခြေအနေဆိုးသို့ရောက်ရှိနေပြီဖြစ်ကြောင်းကိုနားလည်သွားကြသည်။
အထူးသဖြင့် ဥရောပသမဂ္ဂမှလူများမှာ အကြီးအကျယ်ဆုံးရှုံးခဲ့ရပေသည်။ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အနည်းစုထဲတွင် ဥရောပသမဂ္ဂမှပညာရှင်များမှာ တစ်ဝက်လောက်ရှိပေသည်။ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအားသုံးကာ သူတော်စင်ဘုံအဆင့်တစ်ဝက်မှ သူတော်စင်ဘုံအဆင့်သို့ရောက်ရှိရန်မျှော်လင့်နေသူ အများအပြားလည်း ရှိသေးပေသည်။
ကျိုးဟောင်မှာ ဤနေရာတွင်ရှိနေသောလူများကို လှည့်ပတ်ကြည့်ပြီးသက်ပြင်းချလိုက်သည်။ လက်ရှိအချိန်တွင် လူသားမျိုးနွယ်တစ်ခုလုံးမှာ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်တည်းသာ ရှိတော့တယ်။
မှန်ပေသည်။ သို့သော် ထိုထဲတွင်ကျိုးဟောင်တော့မပါသေးပေ။
ကျိုးဟောင်၏ကျင့်ကြံမှုမှာ ၅ဆင့်မြောက် ကောင်းကင်ဘုံအဆင့်သာရှိသေးသည်။ ကျိုးဟောင်သည်သူတော်စင်ဘုံအဆင့်တစ်ဝက်တိုက်ခိုက်ရေးစွမ်းအားမျိုးရှိသော်လည်း တကယ့်အဆင့်သို့ရောက်ရန်အများကြီးလိုအပ်နေသေးပေသည်။
ကျိုးဟောင်မှာစိတ်ဓာတ်ကျသွားခဲ့သည်။ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အများကြီးကို စုပ်ယူပြီးနောက် ထိုအာကာသသားရဲသည် သူတော်စင်ဘုံအဆင့်သို့ရောက်ရှိသွားနိုင်ပေသည်။
သန့်စင်ဘုရားကျောင်းတွင် မဟာမိတ်ငါးခုမှလူများမှာ အံ့အားသင့်နေကြသည်။
“ဘာတွေဖြစ်နေတာလဲတစ်ယောက်ယောက် ရှင်းပြပေးနိုင်မလား”
သန့်စင်ဘုရားကျောင်း၏ခေါင်းဆောင်မှာခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်
ထိုအချိန်တွင် ကျိယောင်ယွဲ့က စင်ရှေ့သို့လျှောက်လာပြီးအားလုံးကိုကြည့်လိုက်သည်။ သူမသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ လူသားများ၏အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ အလွန်လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
“အားလုံးပဲ ဒီတစ်ခါ ကမ္ဘာဂြိုဟ်ရဲ့ အဆုံးသတ် ရောက်လာမှာကိုစိုးရတယ် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်ကျော်ကို ခေါ်သွားတဲ့သူက ပြင်ပအာကာသကနေ လာတဲ့ အာကာသသားရဲလို့ သိကြတဲ့ သန္ဓေပြောင်း သားရဲတစ်ကောင်ပါပဲ”
ထိုစကားအားပြောပြီးနောက် ထိုနေရာတွင်ရှိနေသောလူများအားလုံးမှာ ခဏတာ ကြောင်အသွားကြသည်။
သူတို့ထဲမှ အများစုမှာ ပြင်ပအာကာသဆိုသည့်အရာရှိကြောင်း ယုံကြည်ကြပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စသည် ကမ္ဘာမြေပေါ်တွင်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။
ထို့အပြင် အရေးအကြီးဆုံးမှာ သူတို့ထဲမှအချို့သည် သိပ္ပံသုတေသနတွင် ပါဝင်ခဲ့ကြပေသည်။ ရှေးဟောင်းအပျက်အစီးများစွာတွင် ပြင်ပအာကာသ၏သဲလွန်စများရှိနေခဲ့သည်။
“အကြီးအကဲကျိ ဒီအာကာသသားရဲဆိုတာ ဘာလဲဆိုတာ ရှင်းပြပေးလို့ရမလား”
ထိုအချိန်တွင် လူအတော်များများမှ မေးလာကြသည်။
ကျိယောင်ယွဲ့မှာ ခေါင်းခါပြလိုက်သည်။
“ဒီသန္ဓေပြောင်းသားရဲအကြောင်းကို ကျွန်မလည်း သိပ်မသိဘူး ဒါပေမဲ့ကျွန်မပြောနိုင်တာက ကျွန်မရဲ့ဆရာဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးသူတော်စင်ဘုံအဆင့်ပညာရှင်က သူ့ရဲ့အသက်နဲ့ကျင့်ကြံမှုအားလုံးကို သုံးပြီး ဒီသားရဲကို နှစ် ၅၀ ကြာအောင် ချိပ်ပိတ်ထားခဲ့တယ်ဆိုတာပဲ”
ထိုစကားအားပြောလိုက်ချိန်တွင် အားလုံးမှာကြက်သေသေသွားကြသည်။
သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်မှာ ၎င်းအားနှစ် ၅၀ ကြာချိပ်ပိတ်ရန်အတွက် သူ့အသက်အားသုံးခဲ့ရပေသည်။
ဤသည်မှာ ၎င်းအားသတ်ရန်ကြိုးစားခြင်းပင်မဟုတ်သေးပေ။
“ဘယ်လို… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အိုး… ဘုရားရေ ငါတို့တော့အဆုံးသတ်ပြီလား”
“ဒါက လောကကြီးရဲ့အဆုံးသတ်လား”
အောက်ကလူများမှာ ချက်ချင်း ထိတ်လန့်သွားခဲ့ကြသည်။ အကြောင်းမှာသူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပင်ဘာမှမတတ်နိုင်ပါက သူတို့ကဘာများလုပ်နိုင်မည်နည်း။
၁၂ဆင့်မြောက် အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ပညာရှင်များနှင့် ထိုအဆင့်အထက်မှပညာရှင်များအားလုံး ဤနေရာတွင်ရှိနေကြပေသည်။ မဟာမိတ်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေခဲ့သည်။
“ပထမဆုံး ကျွန်မတို့ လုပ်ရမှာက စိတ်တည်ငြိမ်အောင်ထားဖို့ပါပဲ အဲဒီကောင်က အရမ်းကို အစွမ်းထက်တယ်ဆိုပေမယ့် ကျွန်မတို့ သေချာပေါက် ရှုံးမယ်လို့ မဆိုလိုပါဘူး”
“ကျွန်မအထင်တော့ အခုဦးစားပေးကိစ္စက သန္ဓေသားလောင်းတွေ ထားခဲ့ဖို့ပါ ကျွန်မတို့ရဲ့ လူသားသန္ဓေသားလောင်း အစီအစဉ်ကို အထမြောက်အောင်အကောင်အထည်ဖော်လို့ရပါပြီ”
သူတို့သည် ဂြိုဟ်သားများအကြောင်း သိရှိခဲ့ကြတဲ့အချိန်ကတည်းက မဟာမိတ်ငါးခုမှာ ကမ္ဘာမြေလုံးဝ ပျက်စီးမသွားစေဖို့ရာအတွက် သန္ဓေသားလောင်း အစီအစဉ်အား ဆွေးနွေးပြီးစီစဉ်ခဲ့ကြသည်မှာကြာလှပြီဖြစ်သည်။
သို့သော်သေရေးရှင်ရေးအခြေအနေမဟုတ်ပါက မည်သူမျှယခုလိုမလုပ်လိုပေ။
သို့သော် ယခုအချိန်မှာတော့ အခွင့်အရေး မရှိတော့ပေ။
ကျိယောင်ယွဲ့စကားအားကြားလိုက်ရချိန်တွင် လူတိုင်းမှာတိတ်ဆိတ်သွားခဲ့ကြသည်။
ကမ္ဘာပျက်မည့်နေသို့ရောက်လာခဲ့ပေပြီ။
“ဒုတိယအနေနဲ့ ကျွန်မတို့က သူတော်စင်ဘုံအဆင့်ပညာရှင်ကို သတ်နိုင်တဲ့ လက်နက်တစ်ခု ဖန်တီးဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရမယ် ကျွန်မအထင် အဲဒီသတ္တဝါထွက်လာတဲ့အခါ သေချာပေါက်သူတော်စင်ဘုံအဆင့်ကိုရောက်နေလိမ့်မယ် အဲဒါကြောင့် ကျွန်မတို့အားလုံး အသက်စွန့်ပြီး ကြိုးစားရလိမ့်မယ် အခု ကျွန်မတို့လုပ်နိုင်တာဘာမှမရှိဘူး သေခြင်းတရားနဲ့လက်တစ်ကမ်းပဲလိုတော့တဲ့အချိန်မှာ လူသားတွေအားလုံး ပူးပေါင်းလုပ်ဆောင်မှပဲ ရမယ်”
ကျိယောင်ယွဲ့ ပြောပြီးနောက်မှာ အခြားသူများမှာ အနည်းငယ်ကြောက်လန့်နေသေးသော်ငြား ဤသည်မှာ သူတို့၏နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းကိုလည်း နားလည်ကြပေသည်။
သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်သည် ကမ္ဘာဂြိုဟ်အတွက် ဖျက်ဆီးခြင်းကပ်ဘေးတစ်ခုသာဖြစ်သည်။
“ကျွန်မတို့ရဲ့ လက်ရှိနည်းပညာနဲ့ အဲဒီသတ္တဝါကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ဘူး အခု ကျွန်မတို့ကရှေးဟောင်းအပျက်အစီး ၁၃ ခုကိုပဲဖော်ထုတ်နိုင်သေးတယ် ကျွန်မတို့ရဲ့ စစ်နတ်ဘုရားတပ်ရင်းက ဒီရှေးဟောင်းအပျက်အစီးတွေကို မျှဝေဖို့ ဆန္ဒရှိပါတယ် ဒါမှ ပညာရှင်တွေအားလုံး ဝင်ရောက်ပြီး သူတော်စင်ဘုံအဆင့်ပညာရှင်ကို ထိခိုက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့အတွက်ပေါ့”
ကျိယောင်ယွဲ့ ၏ပြောစကားအရ သူမမည်မျှ ခိုင်မာသည့်ဆုံးဖြတ်ချက်ချခဲ့မှန်း တွေးကြည့်လို့ရပေသည်။ သို့သော် ဤဆုံးဖြတ်ချက်အသုံးဝင်မလားဆိုတာကိုတော့ မသိနိုင်သေးပေ။
မကြာခင်မှာပင် ပညာရှင်များအားလုံးမှာ စတင် ပြင်ဆင်နေကြပြီး ကျိယောင်ယွဲ့မှာ ကျိုးဟောင်အားဘေးသို့ခေါ်လိုက်သည်။
“ကျိုးဟောင် ငါ့ဆရာကအဲဒါကိုချိပ်ပိတ်နိုင်မယ့်နည်းလမ်းတစ်ခု ချန်ထားခဲ့တယ်မလား မင်းက ငါတို့ရဲ့ အရန်အစီအစဉ်ပဲ မင်းအဲဒါကိုတတ်နိုင်သမျှအမြန်ဆုံးအဖြေရှာနိုင်အောင်ကြိုးစား နားလည်လား ငါတို့ထဲက တစ်ယောက်ယောက် အောင်မြင်ရင်တောင် ငါတို့ရဲ့ ကမ္ဘာမြေကို ကယ်တင်နိုင်လိမ့်မယ်”
ကျိယောင်ယွဲ့မှာ ချက်ချင်းပြောလိုက်ပြီး ကျိုးဟောင်သည်လည်း နားလည်ပေသည်။
“ကောင်းပါပြီ အကြီးအကဲကျိ၊ စိတ်မပူပါနဲ့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
ကျိုးဟောင်မှာ ချက်ချင်းပြန်ဖြေလိုက်သည်။
သူ၏အာကာသယာဉ်ပေါ် ပြန်ရောက်ပြီးနောက် ကျိုးဟောင်မှာ ဤချိပ်ပိတ်သိုင်းအားစတင်လေ့လာတော့သည်။ ထိုသူတော်စင်ဘုံအဆင့်ပညာရှင်သည် ဤချိပ်ပိတ်သိုင်းအား ကျိုးဟောင်၏ခန္ဓာကိုယ်ထဲသို့ မျိုးစေ့တစ်ခုအဖြစ် ထည့်သွင်းပေးခဲ့သော်ငြား ကျိုးဟောင်အဖို့မှာ ဤသိုင်းအားသင်ယူနိုင်ပါ့မလားဆိုတာကို သူမသိသေးပေ။
ကျိုးဟောင် ကြိုးစားကြည့်ခဲ့သော်ငြား ဤချိပ်ပိတ်သိုင်းမှာအလွန်လျှို့ဝှက်ဆန်းကြယ်ကြောင်းအံ့သြဖွယ်ရာတွေ့လိုက်ရသည်။ ကျိုးဟောင်သည်ဤသိုင်းအားလုံးဝနားမလည်နိုင်ပေ။
“ငါ ဘာလုပ်ရမလဲ”
ကျိုးဟောင်မှာ အလွန်စိတ်ဓာတ်ကျနေသော်ငြား ဖားမှာ နှာခေါင်းရှုံ့လိုက်သည်။
“မူလကျောက်စာရဲ့စွမ်းအားက အရမ်းကောင်းပေမဲ့ အာကာသသားရဲ ချိပ်ပိတ်ဖို့ကတော့ လွယ်ကူမှာ မဟုတ်ဘူး အာကာသသားရဲ ရဲ့ သွေးမျိုးဆက်က မူလကျောက်စာဆရာတစ်ယောက်ရဲ့ သွေးမျိုးဆက်ထက် အများကြီး ပိုမြင့်မြတ်တယ်လို့ပြောလို့ရတယ် မူလကျောက်စာဆရာရဲ့ စွမ်းအားက ရှေးဟောင်းခေတ်ကနေ လာတာဆိုပေမဲ့ အာကာသသားရဲရဲ့ သွေးမျိုးဆက်နဲ့ အတူတူလောက်ပဲ ရှိတယ် မင်းရဲ့ကျင့်ကြံဆင့်က သူတော်စင်ဘုံအဆင့်တစ်ဝက်တောင် မရှိဘဲနဲ့ အဲဒီသတ္တဝါကိုချိပ်ပိတ်ချင်တာကတော့ တကယ်ကို ရယ်စရာပဲ”
ဖားမှ လှောင်ပြောင်ပြောဆိုလိုက်သည်။ ကျိုးဟောင်၏ကျင့်ကြံဆင့်မှာ သူတော်စင်ဘုံအဆင့်တစ်ဝက်ပင်မရောက်သေးပေ။ သူ့အတွက် ဤမူလကျောက်စာအား အသက်သွင်းရန်မှာအလွန်ခက်ခဲပေသည်။
မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ရေးစွမ်းအားက တိုက်ခိုက်ရေးစွမ်းအားဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကကျင့်ကြံမှုအဆင့်သာဖြစ်သည်။ ထိုနှစ်ခုသည်နှိုင်းယှဥ်လို့ရသောအရာများမဟုတ်ပေ။
....................................................................................