ပရိုတိုကော
Vol. 8 Ch. 114
ဝှစ် ဝှစ် ဝှစ်..
Gemini 11R နျူကလီးယားလျှပ်စစ်ရထားသည် ရှေ့သို့ တဟုန်ထိုး ပြေးလွှားလျက်၊ ရှေ့မှ ဆင်ခြေလျှောလမ်းကြောင်းကြောင့် အရှိန်မြှင့်တက်လာသည်။ လင်းရှန်သည် အလွှာ ၆၅ ကုန်စည်ရထားဂိတ်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်သည်—သူတို့သည် အနန္တရထားကို လိုက်မီတော့မည်ဖြစ်သည်။
ရထားသည် ဂိတ်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာချိန်တွင်၊ မီးရောင်များက ထူထပ်သော လူစုလူဝေးကြီးကို လင်းထိန်စေသည်—အားလုံးသည် ဖုတ်ကောင်များနှင့် ထိတ်လန့်ဖွယ် လူပုံသဏ္ဍာန်သတ္တဝါများဖြစ်သည်။ လင်းရှန်သည် တစ်စက္ကန့်မျှပင် အရှိန်မလျှော့ခဲ့ပေ။
ခရက်ရှ် ခရက်ရှ်
၂၉၀ မဂ္ဂါဝပ်ရှိ Gemini 11R နျူကလီးယားလျှပ်စစ်ရထားသည် သံမဏိသားရဲကြီးတစ်ကောင်ပမာ ဟိန်းဟောက်လျက်၊ ကျဉ်းမြောင်းသော ဥမင်နှင့် ပလက်ဖောင်းလမ်းကြောင်းအတွင်း လေဖိအားကို ဖိသိပ်ကာ၊ ခရမ်းနက်ရောင်လျှပ်စီးတစ်ခုအလား ရှေ့သို့ အရှိန်ဖြင့် ပြေးသွားသည်။ ဖုတ်ကောင်အုပ်ကို ဖြတ်ကျော်လျက် လှိမ့်နင်းသွားသည်၊၊
ပလက်ဖောင်းပေါ်ရှိ ဖုတ်ကောင်များနှင့် ထိတ်လန့်ဖွယ်သတ္တဝါများသည် မျက်စိတမှိတ်အတွင်း လျှပ်တပြက် ရောက်ရှိလာသော မီးရောင်ကို သတိမထားမိခင်၊ ရထားခေါင်းနှင့် သံဘီးများအောက်တွင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားသည်၊၊
ဗြစ် ဗြစ် ဘန်း
ပိုးကောင်အုပ်ထဲသို့ ကားတစ်စီးအရှိန်ဖြင့် ဝင်တိုက်သည့်နှယ်၊ သွေးများ ရှေ့မှန်ပေါ်သို့ ပက်ဖျန်းသွားသည်။ အသားနှင့် အူများသည် ခေါက်ဆွဲများအလား မှန်ပေါ်တွင် အော့နှလုံးနာဖွယ် ကပ်ငြိနေသည်။
ကီကီသည် မကြည့်နိုင်သဖြင့် မျက်နှာလွှဲထားလိုက်သည်။
လင်းရှန်၏ နှလုံးခုန်မြန်နေသည်။ သူသည် ချက်ချင်း ဝှိုက်ဘာကို ဖွင့်လိုက်သည်။
“ဘာလို့ အဲဒီမှာ ရပ်နေတာလဲ၊ အဲဒီအူတွေကို မှန်ပေါ်က ဖယ်လိုက်စမ်းပါ! ညစာအတွက် သိမ်းထားမလို့လား”
ထိုစကားကြားလျှင် ကီကီသည် သက်ပြင်းချကာ၊ “ok ok” ဟု ပြောရင်း လက်ကို အလျင်အမြန် ဝှေ့ရမ်းကာ သူမ၏ စွမ်းအားဖြင့် ဖယ်ရှားလိုက်သည်။
ကလန် ကလန် ဂျုံး ဂျုံး
မြေအောက်မှ တုန်ခါသံများ ထွက်ပေါ်လာသည်။ ရှေ့တွင် အလင်းတန်းတစ်ခု သူတို့၏ မြင်ကွင်းထဲသို့ ပေါ်လာသည်။
“အနန္တရထားပဲ”
အရှိန်မြှင့်လာချိန်တွင်၊ ဥမင်အတွင်း လျင်မြန်စွာ တက်နေသော ဧရာမရထားကြီးကို သူတို့ မြင်လိုက်ရသည်။ ၎င်း၏ အနက်ရောင်သံချပ်ကာနှင့် ရေခဲဒိုင်းကာသည် ဖျက်ဆီးနိုင်စွမ်းရှိသော အော်ရာကို ထုတ်လွှတ်နေသည်၊၊
“လင်းရှန်”
တုံ့ပြန်စက်မှ ချန်ဆီရွှမ်၏ အသံ ထွက်ပေါ်လာသည်�၊၊
ဥမင်အတွင်း အရှိန်ဖြင့် ပြေးလွှားနေသော ရထားနှစ်စီးသည် တဖြည်းဖြည်း နီးကပ်လာသည်။ အနန္တရထား၏ သံချပ်ကာပြတင်းပေါက်များကို ဖြတ်ကာ၊ လင်းရှန်သည် အတွင်းမှ သူ့ထံ လက်ဝှေ့ရမ်းနေသော ချန်ဆီရွှမ်ကို မြင်လိုက်ရသည်။
“လာနေပြီ”
“ဟဲလို မိန်းကလေး၊ လက်တစ်ဖက်လောက် ကူညီပေးပါဦး”
လင်းရှန်သည် ရထားကို အရှိန်လျှော့ချလိုက်ပြီး၊ အပြင်တွင် ရထားတွဲချိတ်ဆက်ရန် တိုင်နှစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်သည်။ အနန္တရထား၏ ရှေ့ဆုံးရှိ ဝေးလ် 03E ၏ ကြီးမားသော ဂတ်စ်တာဘိုင်ရထားတွဲတွင် ရေခဲဒိုင်းကာ တပ်ဆင်ထားသောကြောင့်၊ လင်းရှန်သည် ၎င်းနောက်မှ ဝင်ကာ တွန်းပို့ရန် မဖြစ်နိုင်ပေ။
ကီကီသည်လည်း သူမ၏ စွမ်းအားကို အသုံးပြုကာ ရထားနှစ်စီး၏ အမြန်နှုန်းကို တည်ငြိမ်စေသည်။ မြန်နှုန်းမြင့် လှုပ်ရှားမှုအတွင်း၊ ချိတ်ဆက်တိုင်များသည် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။
ချိတ်ဆက်မှု ခိုင်မာသွားသည်နှင့်၊ လင်းရှန်သည် ယန္တရားနှလုံးသားကို အသက်သွင်းကာ၊ စွမ်းအားကုန်ခမ်းနေသော အနန္တရထားကို ဥမင်အတွင်း အပေါ်သို့ တွန်းပို့ရန် အင်အားကြီးမားသော တွန်းအားတစ်ခုကို ဖန်တီးလိုက်သည်။
အုံးးး
နောက်ထပ်ထပ်မြေငလျင်တစ်ခုထပ်ဖြစ်ပေါ်လာပြီး၊ သူတို့နောက်ရှိ ဥမင်သည် ပြိုကျလာကာ၊ မြေဆီလွှာနှင့် အပျက်အစီးများ မိုးရွာသလို ကျဆင်းလာသည်။ အထက်ရှိ ကွန်ကရစ်မျက်နှာကျက်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
“သတိထား၊ နောက်တစ်ခေါက်လာပြန်ပြီ”
ဝေါင်းးးးး
မြေအောက်မြို့တစ်ခုလုံးကို ဖြတ်သန်းလျက်၊ အလုံပိတ်အခန်းတစ်ခုအတွင်း ဒရမ်သံပမာ ထွက်ပေါ်လာသော ဟိန်းဟောက်သံတစ်ခုသည် လူတိုင်း၏ စိတ်ဝိညာဉ်အတွင်းသို့ တုန်ခါမှုများ ဖြစ်လာစေသည်၊၊ အနည်းငယ်မျှ ကြောက်ရွံ့မှုရှိသူမည်သူမဆို ထိတ်လန့်ပြီး ပြိုလဲကျသွားနိုင်သည်။
ဝုန်းးး
ဥမင်များနှင့် ကြမ်းပြင်များ ပြိုကျလာသည်။ နံရံတစ်ခု၏ ဧရာမအပိုင်းအစတစ်ခု ပြိုကျလျက်၊ အပြင်လောကကို ဖော်ထုတ်လိုက်သည်။
လရောင်သည် ဥမင်အတွင်းသို့ စီးဝင်လာသည်။
ထိုအချိန်တွင်၊ လူတိုင်းမြင်လိုက်ရသည်—အထက်မှ ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမမျက်လုံးများ…..။
“အား”
အနန္တရထားပေါ်တွင်၊ ကျိုးယန်နှင့် ရှုဝမ်တို့သည် ထိတ်လန့်သွားကာ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး၊ သူတို့၏ အော်ဟစ်သံများသည် ရထားတွဲများအတွင်း ပြည့်နှက်နေသည်။
လို့ရှားရှားနှင့် ချန်ဆီရွှမ်ပင်လျှင် လုံးဝထိတ်လန့်သွားကာ၊ စိတ်ထဲတွင် ဗလာကျင်းသွားသည်။
မြေအောက်မြို့၏ ပြိုကျနေသော နံရံများနှင့် ကြမ်းပြင်များသည် ကျိုးကျလာကာ၊ စီးပွားရေးဇုန်များနှင့် လူနေရပ်ကွက်များ၏ အစိတ်အပိုင်းများ အပျက်အစီးများနှင့်အတူ၊ အနက်ရောင်အရိပ်များ မရေမတွက်နိုင်အောင် တွင်းနက်ထဲသို့ ပြုတ်ကျလာသည်။
အနီးကပ်ကြည့်လိုက်သောအခါ၊ ၎င်းတို့သည် မြေအောက်မြို့၏ ဖုတ်ကောင်ဖြစ်သွားသော နေထိုင်သူများဖြစ်ကာ၊ မိုးသည်းထန်စွာ ရွာသလို ပြုတ်ကျနေသည်။
လင်းရှန်၏ နှလုံးသည် အေးစက်သွားသည်။
လွတ်မြောက်ဖို့ နည်းလမ်းမရှိတော့ဘူး…
ဤတွင်းနက်ဧရာမသားရဲ၏ ရှေ့တွင်၊ မြေအောက်မြို့ပင်လျှင် ပုရွက်ဆိတ်အိမ်တစ်ခုလို ချိနဲ့နေသည်၊၊
အနန္တရထားပေါ်တွင်၊ တင်းကျန်းရီသည် တည်ငြိမ်နေဆဲဖြစ်သည်။ သူမ၏ မျက်နှာသည် ဘာအမူယာမှ ရှိမနေပေ၊၊ ဧရာမမြေငလျင်ကြောင့် သူမ လဲကျသွားသော်လည်း၊ ချက်ချင်း ပြန်ထလာကာ စနစ်ကို ဆက်၍ထိန်းသိမ်းထားသည်။
“မစ္စတာ လင်း”
သူမ၏ အသံသည် တုံ့ပြန်စက်မှ ထွက်ပေါ်လာသည်။
“ကျွန်မ ကီကီရဲ့ မိုဘိုင်းဆက်သွယ်ရေးစက်သို့ အရန်စနစ်ပရိုတိုကော[လုပ်ထုံးလုပ်နည်း]တစ်ခု ပို့လိုက်တယ်။ အဲ့ဒီမှာ မြေအောက်မြို့ နံပါတ် ၉ ၏ စွမ်းအင်အူတိုင်လေးခုအတွက် ကိုယ်တိုင်ဖျက်ဆီးရေး အစီအစဉ်ပါရှိတယ်။ သီအိုရီအရ၊ အဆင့် ၇၀ အရန်အူတိုင်တွေကို ဖျက်ဆီးဖို့ အသုံးပြုနိုင်တယ်၊
ပိုမြင့်မားတဲ့ ခွင့်ပြုချက်ကို ကိုင်ထားသူက တုံ့ပြန်မှုမရှိတာကြောင့်၊ ကျွန်မတို့က အတွင်းပိုင်းအတည်ပြုမှုအတွက် ပီ၄ အဆင့်ခွင့်ပြုချက်ပဲ လိုအပ်တယ်။ တကယ်လို့ အဲ့ဒါအောင်မြင်ရင်၊ လွတ်မြောက်ဖို့ အချိန်အနည်းငယ် ရရှိနိုင်တယ်”
ထိုစကားကြားလျှင်၊ လင်းရှန်၏ မျက်လုံးများ တောက်သွားသည်။ သူသည် ချက်ချင်း ကီကီထံ လှည့်လိုက်သည်။
ကီကီသည် သူမ၏ မိုဘိုင်းဆက်သွယ်ရေးစက်ကို လျင်မြန်စွာ ဖွင့်ကြည့်ရာ၊ ဖန်သားပြင်ပေါ်တွင် ပရိုတိုကောလင့်ခ်မှ မီးမှိတ်တုတ်မှိတ်တုတ် ပေါ်နေသည်။
“ဒါက တကယ်ပဲ။ စနစ်ထဲမှာ ထည့်သွင်းထားတဲ့ ပရိုတိုကောတစ်ခုပဲ၊ ပီ၄ အဆင့်ခွင့်ပြုချက်ကို ဖြတ်ကျော်ဖို့ ကျွန်မ ဟက်ခ်လိုက်မယ်”
သူမ လုပ်ဆောင်နေရင်း၊ သူမ၏ မျက်နှာအမူအရာသည် လေးနက်နေရာမှ ထိတ်လန့်မှုသို့ ပြောင်းလဲသွားသည်။
“အိုဘုရားရေ… ဒါက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ပဲ။ အူတိုင်တင်မကဘူး—အထက်ကြမ်းပြင်တွေကိုပါ ပိတ်ဆို့ထားတယ်”
လင်းရှန်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်လာသည်။ သူသည် အခွင့်အရေးတစ်ခုကို အာရုံခံမိသွားသည်။
“အဲဒါကို အသက်သွင်းနိုင်လား”
သူစကားမဆုံးခင်၊ ကီကီသည် လုပ်ဆောင်နေပြီဖြစ်သည်။
“ပြဿနာမရှိဘူး၊ မြေအောက်မြို့ရဲ့ ပင်မစနစ်က ပိတ်ထားပြီမို့၊ အရန်စနစ်တွေက အမြင့်ဆုံးအာဏာဖြစ်နေတယ်။ ဒီပရိုတိုကောက မူလက ပီ၅ အဆင့်အတည်ပြုချက်နဲ့ ဂြိုဟ်တုနဲ့ ဖက်ဒရယ်ဌာနချုပ်က အသိအမှတ်ပြုမှုလိုအပ်ပေမယ့်၊ အဲဒါတွေ မလှုပ်ရှားတော့ဘူးဆိုတော့၊ ဒီစနစ်ကို စတင်တည်ထောင်တဲ့အခါ မြေအောက်မြို့ရဲ့ ခေါင်းဆောင်က ဖျက်ဆီးမှုကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာပဲ”
“အိုကေ၊ အရန်အူတိုင် နံပါတ် ၃ က အွန်လိုင်းဖြစ်နေပြီ။ အသက်သွင်းမလား”
“အချိန်ဘယ်လောက်ရှိသေးလဲ”
လင်းရှန်က ချက်ချင်း မေးလိုက်သည်။
“စက္ကန့်၃၀”
တင်းကျန်းရီက တုံ့ပြန်စက်မှ ဖြေသည်။
“ကျွန်မတို့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ဆိုရင်၊ ပေါက်ကွဲမှုမဖြစ်ခင် နှစ်ဆယ်စက္ကန့်ရမယ်—လွတ်မြောက်ဖို့ လုံလောက်တဲ့အချိန်ပဲ”
မြေအောက်မြို့၏ ပင်မဖွဲ့စည်းပုံသည် ပြိုကျပြီးဖြစ်သည်။ ကိုယ်တိုင်ဖျက်ဆီးရေးအစီအစဉ်သည် မူလက သတ်မှတ်ထားသော ကြမ်းပြင်များကိုသာ ဖျက်ဆီးရန် ရည်ရွယ်ခဲ့သော်လည်း၊ လက်ရှိအခြေအနေတွင်၊ မြို့တစ်ခုလုံးသည် ပေါက်ကွဲမှုကို ခံနိုင်ရည်မရှိတော့ပေ။
အကယ်၍ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့ပါက၊ တုန်ခါမှုလှိုင်းသည် ဆက်တိုက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး၊ ဥမင်တစ်ခုလုံး ပြိုကျသွားမည်ဖြစ်သည်။
သို့သော် အူတိုင်များပျော်ဝင်ခြင်းသည် ပြည့်စုံသော နျူကလီးယားပေါက်ကွဲမှုမဟုတ်ဘဲ—၎င်းသည် ဖွဲ့စည်းပုံပြိုကျမှုကို ဖြစ်ပေါ်စေရန် ပိုမိုရည်ရွယ်သည်။
လင်းရှန်အတွက်၊ ဤသည်မှာ လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်၊၊
အုံးးးး
မြေငလျင်တစ်ခုထပ်ဖြစ်လာပြီး၊ တွင်းနက်ဧရာမသားရဲသည် မြေအောက်မြို့၏ နံရံများတစ်လျှောက် ရထားများဆီသို့ နီးကပ်လာနေကြောင်း အချက်ပြနေသည်။
“အချိန်မရှိတော့ဘူး—အသက်သွင်းလိုက်”
လင်းရှန် ဆုံးဖြတ်ချက်ချလိုက်သည်။
အချိန်ကိုစောင့်ရန် မဖြစ်နိုင်တော့ပေ—တွန့်ဆုတ်နေပါက၊ တွင်းနက်ဧရာမသားရဲက သူတို့ထံ အရင်ရောက်လာလိမ့်မည်။ မျက်နှာပြင်သို့ ရောက်သွားသည်ပင်ဖြစ်စေ၊ ထိုသတ္တဝါကြီးက သူတို့နောက်လိုက်မလားဟု မည်သူပြောနိုင်မည်နည်း၊၊
သူတို့သည် လောင်းကြေးထပ်ရမည်ဖြစ်သည်။
ကီကီ ချက်ချင်း နားလည်လိုက်သည်။ သူမ တွန့်ဆုတ်မှုမရှိဘဲ၊ ကိုယ်တိုင်ဖျက်ဆီးရေး ပရိုတိုကောကို စတင်လိုက်သည်။
[အရန်အူတိုင် နံပါတ် ၃ ကိုယ်တိုင်ဖျက်ဆီးရေး ပရိုတိုကော အသက်သွင်းပြီးဖြစ်သည်။ ရေတွက်မှု: ၃၀ စက္ကန့်။]
ဘီး—ဘီး—ဘီး!
မြေအောက်မြို့တစ်ခုလုံးတွင်၊ မီးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ပိတ်သွားသည်—အဆင့် ၇၀ မှ သုတေသနဇုန်များအထိ၊ စင်္ကြံများ၊ ရုံးခန်းများ၊ ခန်းမများ၊ စီးပွားရေးခရိုင်များ၊ စက်မှုဇုန်များ၊ နှင့် လူနေရပ်ကွက်များတစ်လျှောက်…။
ဓာတ်လှေကားမှ သီချင်းနှင့် ကြော်ငြာများ တိတ်ဆိတ်သွားသည်—ထို့နောက် ရေတွက်သံတစ်ခု ရုတ်တရက် ပြန်ထွက်ပေါ်လာသည်၊၊
[၃၀]
[၂၉]
[၂၈]…