← Chapters

ဓားတစ်လက်နှင့် အဖိုးအို။

Vol. 6 Ch. 74

ဓားတစ်လက်နှင့် အဖိုးအို။

Vol. 6 Ch. 74

ရာသီအကူးအပြောင်းကြောင့် မုဝေတစ်ယောက် အအေးမိပြီး အတော်ကြာ အနားယူခဲ့ရသည်။

“ အဟွတ် ... အဟွတ် .... ကောင်းသွားပါပြီ။ ”

သို့တိုင် သူမမျက်နှာသည် အနည်းငယ် ဖျော့တော့နေသည်။ ချောင်းအနည်းငယ်ဆိုးပြီး တိုးညှင်းစွာပြန်ဖြေ၏။

“ ဒါပေမယ့် နည်းနည်း အားနည်းနေသေးပုံရတယ်။ ”

“ အစ်မမုက ဆောင်းတွင်းကြီးမှာ မတော်တဆ ရေထဲပြုတ်ကျသွားပြီး အအေးမိ သွားခဲ့တယ် ဒါကြောင့် အိပ်ရာကနေ နိုးလာတဲ့အခါ သူ နေမကောင်းဖြစ်ခဲ့တာ။ ”

ရှောင်ယွင်က ရှင်းပြသည်။ မုဝေမှ ခါးကိုလိမ်ဆွဲလိုက်၏။ ဤရှောင်ယွင်သည် အစားကို ကုန်အောင်စားသည်သာမက စကားကိုပင် ကုန်အောင်ပြောတတ်၏။

ဤနည်းဖြင့် သူမ ဝတ်ထားသော အင်္ကျီအရောင်ကိုပင် ထုတ်ပြောမိနိုင်ပေမည်။ ရှောင်ယွင်က မကျေမနပ်ဖြင့်၊

“ ဘာဖြစ်လို့လဲ ... အစ်မမု ... မင်းဘာတွေတွေးနေလဲ လူတိုင်းသိပါတယ် ဒီတာအိုဘုန်းကြီးက မင်းကို ရေကန်ထဲ ပြုတ်ကျစေတဲ့ တရားခံပဲ ... ။ ”

-ဟု နှုတ်ခမ်းစူက ခပ်တိုးတိုး ပြောကြားလိုက်၏။

“ မင်းအားနည်းနေရင် ကိုယ်ခံပညာ ပိုလေ့ကျင့်သင့်တယ် မင်းရဲ့ ချီနဲ့သွေးသားတွေ ပူနွေးလာရင် ခန္ဓာကိုယ် သန်စွမ်းလာမယ် ... ဒါဆို ရာသီအကူးအပြောင်းမှာ ...

... အအေးမိတဲ့ ရောဂါကို မင်းကြောက်နေရမှာ မဟုတ်ဘူး ... ဒါပေမယ့် ဒီရောဂါက မင်းငယ်စဉ်ကတည်းက ဖြစ်ဖူးတဲ့ ရောဂါမို့ ပျောက်ဖို့တော့ခက်တယ်။ ”

မုဝေဖြစ်စဉ်သည် ငယ်ရွယ်စဉ် စပျစ်နွယ်ပင်များ ရုတ်တရက်တွယ်ယှက်သည့် သစ်ပင်နှင့်တူသည်။ ကြီးပြင်းလာသောအခါ သစ်ပင်နှင့် နွယ်ပင်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီ ခွဲခြားမရတော့ချေ။

မုဝေက ခေါင်းယမ်းပြီး၊

“ ငါက အရည်အချင်း အရမ်းနိမ့်တယ် ငယ်ငယ်လေးတည်းက ကျင့်ကြံဖို့ ဆေးဖက်ဝင် အပင်တွေ အများကြီး ဝယ်ပေးခဲ့ပေမယ့် အခုထိ တတိယအဆင့် တည်ဆောက်ခြင်း နယ်ပယ်မှာပဲ ရှိသေးတယ်။ ”

ယင်းသည် အောက်ဆုံး သုံးဆင့်ဖြစ်ကာ သာမန်လူ ငါးယောက်ခန့်သာ ဖြေရှင်းနိုင်သည်။ ကူချန်က ခေါင်းညိတ်ပြီး၊

“ ပြန်ရင် ... မင်ယွဲ့ဆီကနေ ‌သောက်ဆေးနည်းနည်း ယူသွားလိုက် မင်းကို ဘာပေးရမလဲ သူသိတယ်။ ”

-ဟု မှာကြားလိုက်သည်။

အဂ္ဂိရိတ်ပညာကို လေ့ကျင့်ရန် အခြေခံဆေးပြားပေါင်း ရာနှင့်ချီသန့်စင်ထား၏။ သူ့အတွက် အသုံးမဝင်သောကြောင့် မင်ယွဲ့နှင့် ချင်းဖန်ထံ ပေးအပ်ခဲ့သည်။

အချို့ကို သူ့အဖေထံ ပေးပို့ခဲ့၏။ ဆေးပြားများသည် ဆေးဘက်ဝင်အများကို စားသုံးချင်းထက် ပို၍ ထိရောက်သည်။

အာနိသင်ကို အချိုးအစားကျကျ ပေါင်းစပ်ခြင်းကဲ့သို့သော လုပ်ဆောင်ပြီးနောက် ဆေးဖက်ဝင်အပင်များ၏ ဂုဏ်သတ္တိများအပေါ် အကောင်းမွန်ဆုံး အတိုင်းအတာအထိ ထုတ်ယူထားနိုင်သည်။

“ အင်း ... ။ ”

မုဝေက ခေါင်းညိတ်၏။ ထို့နောက် ကူချန်သည် သူမကို လျစ်လျူရှုူကာ ချန်ယွဲ့ကို ပွေ့ချီလျက် ဘုံကျောင်းတဝိုက် လမ်းလျှောက် ထွက်တော့သည်။

“ အစ်မမု ... တာအိုဘုန်းကြီးက ကလေးချစ်ပုံရတယ် မင်းက ကိုယ်ခံအားအရမ်း နည်းလွန်းတယ် ကလေးဘယ်လို မွေးမလဲ။ ”

ရှောင်ယွင်က ကူချန် ကျောပြင်ကို ငေးကြည့်နေရာမှ သတိရသွားပြီး စိုးရိမ်စိတ်ဖြင့် မုဝေထံ ပြန်ကြည့်ကာ၊

“ အစ်မမု ... မင်းပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ် မဟုတ်ရင် တခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး ... မြို့အရှေ့ ပန်းထိမ်ဆိုင်ပိုင်ရှင်သမီးက ...

... တာအိုဘုန်းကြီးကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတာကို လူတိုင်းပြောနေသံ ငါကြားတယ် သူ့ကိုယ်လုံးကိုယ်ပေါက်က အရမ်း ဖွင့်ထွားပြီး တင်ပါးကြီးတွေက ကလေး ကောင်းကောင်းမွေးနိုင်မယ့်ပုံရတယ်။ ”

“ ဟမ့် ... ဘယ်သူက ကလေး မမွေးနိုင်ဘူးပြောလဲ ဒါက အမှောင်ထဲ ခဲနဲ့ပစ် နေသလို မမြင်နိုင်တဲ့အရာပဲ။ ”

မုဝေက ချက်ချင်း တုန့်ပြန်၏။

“ ဒါပေမယ့် မင်းရှောင်လွဲလို့ မရဘူး ... အနာဂါတ်မှာ မတော်ဆမှုမျိုး မဖြစ်ရအောင် ပြင်ဆင်ထားသင့်တယ် တခြားသူတွေ ငါတို့ကို အခွင့်ကောင်းမယူစေနဲ့။ ”

“ ရှောင်ယင် ... နင်အရမ်းတွေးနေပြီ အမှန်အတိုင်းပြောရရင် ပန်းထိမ်ဆိုင်ပိုင်ရှင်ရဲ့ သမီးထက် ငါကပိုလှတယ် ... သူက အရမ်းသန်မာပြီး တံတောင်ဆစ်တွေက ...

... ငါ့ခါးထက်တောင် ပိုကြီးနေတယ် သူ့မျက်နှာက ပန်ကိတ်လိုပဲ တာအိုဘုန်းကြီး သဘောကျစရာအကြောင်းမရှိဘူး။ ”

“ ဒါပေမယ့် တာအိုဘုန်းကြီးက ... အခုအစ်မမုကို စိတ်မဝင်စားဘူး သူ ပန်ကိတ်လို မိန်းကလေးကို စိတ်ဝင်စားတာနေမယ်။ ”

“ ယောက်ျားတွေက ပိုချောလေ ပိုထူးခြားလေပဲ၊ ကြမ်းတမ်းပြီး ဖွင့်ထွားလွန်းတဲ့ မိန်ကလေးတွေကို ပိုကြိုက်ကြတယ် မင်းလို နူးညံ့ကြင်နာတတ်တဲ့ မိန်းကလေးတွေကို မကြိုက်ကြဘူး။ ”

“ ဟမ့် ... ဒါတွေအားလုံးက အိပ်ရာဝင်ပုံပြင်တွေပဲ ချောမောလှပလွန်းတဲ့ မိန်းကလေးတွေက ရုပ်ဆိုးတဲ့ယောက်ျားတွေကို ကြိုက်တယ်လို့ ပြောကြတာကိုရော မင်းယုံလား။ ”

“ ဘယ်သူက ရုပ်ဆိုးတဲ့လူကို ကြိုက်မှာလဲ ... ။ ”

ရှောင်ယွင်မှ ချက်ချင်း ခေါင်းခါသည်။

“ တွေ့လား ... မင်းတောင် မကြိုက်တာ တာအိုဘုန်းကြီးက ပန်ကိတ်ကို ကြိုက်စရာလား ပြီးတော့ ... ။ ”

မုဝေတစ်ယောက် မျက်ဝန်းများ တလက်လက်တောက်ပလာပြီး ပြုံးရွှင်လျက်၊

“ ငါတို့မှာ မင်းလို အစေခံတစ်ယောက် ရှိနေသေးတာပဲ ဘာလို့ မင်းပြင်းပြင်းထန်ထန် မလေ့ကျင့်တာလဲ။ ”

-ဟု ပြောကြားလိုက်တော့၏။

သူမစကားကြောင့် ရှောင်ယွင်ခမျာ ချက်ချင်းပင် ရှက်ရွံ့သွားပြီး ခေါင်းငုံ့လျက်၊

“ အစ်မမု ... ငါ ... ငါ မလုပ်နိုင်ဘူး။ ”

-ဟု ချက်ချင်း ငြင်းဆန်ချေပြီ။

***

ဤကာလအတွင်း ရှန့်နန်လမ်းမှာ အေးချမ်းသွားခဲ့သည်။ နွေဦးဓားနန်းတော်သည် ဟန်မင်နှင့် တိုက်ပွဲအပြီးတွင် ထူးထူးခြားခြား ပြန်လည်ဆုတ်ခွာသွား၏။

ယင်းကြောင့် အခြားအင်အားစုများမှာ အလွန်စိတ်ပျက်ကုန်သည်။ အဆိုပါတိုက်ပွဲ၏ သတင်းသည် ချင်းဖန်မှတဆင့် ဘုံကျောင်းသို့ ပြန်ရောက်လာ၏။

သူ ပြုပြင်ထားသော တိုက်ပွဲသည် အတော်ပင် ဒဏ္ဍာရီဆန်ချေပြီ။ အနာဂါတ်တွင် ပုံပြင်ပြောသူတစ်ယောက် ဖြစ်နိုင်၏။

ချင်းဖန်ပုံပြင်သည် ချန်ယွင်သည် ပြိုင်ဘက်၏ ရုတ်တရက် ချီပေါက်ကွဲခြင်းကို အစွမ်းကုန်ကြိုးစားခုခံကာ အနိုင်ယူခဲ့ခြင်းဖြင့် အဆုံးသတ်သွားသည်။

လှံနက်သည် ကူချန်သန့်စင်ခဲ့သမျှသော လက်နက်များအနက် အဆင့်အမြင့်ဆုံးဖြစ်၏။ သူ့ ဝိညာဉ်ရေးဓား (၁၂)လက်ထက်ပင် များစွာသာလွန်သည်။

၎င်းကိုသန့်စင်မည့် ပါဝင်ပစ္စည်းများကို ချင်းယွန်စျေးမြို့ထံမှ ဝယ်ခဲ့ခြင်း ဖြစ်သည်။ အရေးကြီးဆုံးမှာ တံဆိပ်သုံးခုကို ထည်သွင်းခဲ့ခြင်းပေပင်။

ပထမတံဆိပ်သည် ‘လျှို့ဝှက်အစွယ်’ ဖြစ်သည်။ ဤတံဆိပ်သည် ပုံမှန်အချိန်များ၌ ပိုလျှံနေသောစွမ်းအင်ကို စုပ်ယူထားပေးပြီး အရေးကြီးသည့် အခိုက်အတန့်တွင် ပြန်လည်လွှတ်ပေးခြင်းဖြစ်၏။

ချန်ယွင်တစ်ယောက် ရုတ်တရက် ပြင်းထန်သော ခွန်းအားများပေါက်ကွဲလာခြင်း ဟူသည် ထိုတံဆိပ်ပွင့်လာခြင်းပေပင်။

ဒုတိယတံဆိပ်မှာ ‘မွေးဖွားခြင်း’ ဖြစ်၏။ ၎င်းအမည်အတိုင်း လှံကိုယ်ထည် မာကျောကာ အသစ်တဖန် မွေးဖွားပေမည်ဖြစ်သည်။

ယင်းသည် အသုံးပြုသူအား အနည်းငယ်သော အပျက်သဘောဆောင်သည့် အခြေအနေများကို ခုခံနိုင်စေသည့် ခွန်အားမျိုး ပေးချေပြီ။

တတိယတံဆိပ်သည် ‘ချိုးဖြတ်ခြင်း’ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ပြိုင်ဘက်ထံသို့ ထိုးဖောက်မှုကို မြှင့်တင်ရန်ဖြစ်၏။

သို့သော် ထိုတံဆိပ်ကို အသုံးပြုလိုသော် လက်နက်ဝိညာဉ်ကို သန့်စင်ထားနိုင်ရပေမည်။ ဆိုလိုသည်မှာ လုံလောက်သော ကျင့်ကြံမှုရှိရန် လိုချေ၏။

တစ်ဖက်တွင် ချန်ယွင်၏ ကျင့်ကြံမှုသည် ရှန်ရှင်းနယ်ပယ်ပင် မရှိသေးချေ။ ထိုအဆင့်ဖြင့် လှံနက်၏ အသိအမှတ်ပြုခြင်းကို ရရှိသွား သည်မှာ အလားအလာကောင်းချေပြီ။

ကူချန်တစ်ယောက် ချင်းဖန်၏ပုံပြင်ကို နားထောင်နေစဉ် ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်မွေး ဖြူဖြူများပါရှိသော အဘိုးအိုးတစ်ဦးသည် နတ်နဂါးမြို့သို့ ရောက်လာခဲ့သည်။

ထိုအဖိုးအိုက မြို့တော်အထက် မီတာတစ်သောင်းအမြင့်တွင် ငြိမ်သက်စွာရပ်ပြီး မြို့တော်ထံ ငုံ့ကြည့်နေ၏။

သူ့ကျောတွင် ဓားတစ်လက် သိုင်းလွယ်လျက် ဝတ်ရုံစများ တဖျပ်ဖျပ် လှုပ်ခတ်နေသည်။

ဤအကွာအဝေးသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများပင် သတိမထားမိနိုင်သော အမြင့်တွင်ဖြစ်ချေပြီ။

***

All Chapters