← Chapters

ပေါင်းစည်း သိမ်းပိုက်ခြင်း။

Vol. 6 Ch. 76

ပေါင်းစည်း သိမ်းပိုက်ခြင်း။

Vol. 6 Ch. 76

လီရွှမ်အာသည် သက်တမ်းကုန်နေပြီ ဖြစ်သောကြောင့် ဆန္ဒရှိလျှင်ပင် ဓားနန်းတော် အပေါ် ကာကွယ်ရန် မဖြစ်နိုင်တော့ချေ။

ဖူစုနိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း တည်ငြိမ်မည်ဟု မပြောနိုင်သဖြင့် လီရွှမ်ကျန့်ကို ဂိုဏ်းသို့ ပြန်ခေါ်သွားပြီး ကောင်းစွာ လေ့ကျင့်ပေးလိုသည်။

ဤနည်းဖြင့် လီရွှမ်ကျန့်သည် ယွမ်ဖူနယ်ပယ်ရောက်ရှိသော် အနာဂတ်တွင် နွေဦးဓားနန်းတော်ကြီးကို ဆက်လက် ကာကွယ်နိုင်မည်ဖြစ်သည်။

“ လီချင်းစုန့်က သဘောတူလား။ ”

လီချင်းစုန့်သည် အရည်အချင်းရှိပြီး ထက်မြက်သောဆန္ဒနှင့် ခေါင်းမာသောအသွင် ရှိသူဖြစ်သည်ဟု ကူဖုန်းပြောသည်ကို ကြားထားဖူးသည်။

သူ့မေးခွန်းကြောင့် လီရွှမ်အာက ကူကယ်ရာမဲ့စွာ ပြုံးသည်။ ထို့နေ့တိုက်ပွဲအပြီး ကူမိသားစု၌ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူတစ်ဦး ရှိနိုင်ကြောင်း ပြောပြသောအခါ လီချင်းစုန့်မှ ကြောက်လန့်နေပြီဖြစ်၏။

အဆုံးတွင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ဦး၏စွမ်းအားအပေါ် သူ့ထံမှ တွေ့ကြုံခံစားဖူးထားသည်။

ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်ကြား ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကြား ကွာခြားချက်ကဲ့သို့ပေပင်။

ယင်းသည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ချေ။ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ဦး အနေဖြင့် ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူကို ဆယ်ဦးခန့်ကို အလွယ်တကူ နှိမ်နင်းနိုင်၏။

လီချင်းစုန့်မှ မလိုလားသော်လည်း ကျင့်ကြံမှုလောကတည်ရှိမှုကို သိပြီးနောက်တွင် မာနများမြိုချလိုက်ရသည်။

ကူမိသားစုထံ လက်နက်ချခြင်းထက် နွေဦးဓားနန်းတော်၏ အုတ်မြစ်ပျက်စီးသွားမည့် အပေါ် အမှန်တကယ် စိုးရိမ်ချေပြီ။ ကူချန်က ခေါင်းညိတ်ပြီး၊

“ ကူမိသားစု ခေါင်းဆောင်ကို နောင်မှဆက်သွယ်ပြီးရင် ဒီအကြောင်း ငါပြောပြ လိုက်မယ် သူ့ကိုယ်စား ငါသဘောတူတယ်။ ”

ကူချန်က ဆုံးဖြတ်ချက် ချလိုက်သည်။ နွေဦးဓားနန်းတော်ကို စောင့်ရှောက်ခြင်းသည် ကိစ္စလေးတစ်ရပ်မျှသာဖြစ်၏။ ယင်းသည် သူတို့လမ်းကြောင်းပေပင်။

နွေဦးဓားနန်းတော် တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး ကူမိသားစု၏ သြဇာလွှမ်းမိုးမှု ပြသခြင်းမျိုးသည် မသင့်လျော်ချေ။

“ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်စီနီယာ။ ”

လီရွှမ်အာမှ သက်ပြင်းချလိုက်သည်။

“ မင်းက ဘယ်ဂိုဏ်းကလဲ။ ”

“ လန်ရှဓား‌ကျောင်း ... ။ ”

လီရွှမ်အာက ပြန်ဖြေ၏။

“ မြစ်ပြာဓားကျောင်းလား ... ။ ”

ကူချန်၏ စိတ်ဝိညာဉ်အတွင်း၌ ရွှမ်လင်တိုက်ကြီးရှိ ဂိုဏ်းကြီးများစာရင်းပေါ် လာခဲ့သည်။ သို့သော် ထိုအမည်ကို မတွေ့ချေ။ လီရွှမ်အာမှ သူ့အတွေးကို မြင်ဟန်ဖြင့်၊

“ ဒါက ... ရွှမ်လင်ကုန်းမြေကြီးက မဟုတ်ဘူး ငါ့ဓားကျောင်းက ရှီလင်ကုန်းမြေကြီး ပိုင်နက်ထဲမှာ။ ”

-ဟု ရှင်းပြလာ၏။

ထိုစကားကိုကြားသောအခါ ကူချန်မျက်နှာတွင် ထူးဆန်းသော အကြည့် တစ်ခု ပေါ်လာသည်။

“ အဲဒီမှာ နှင်းပန်းဓားကျောင်းရှိလား။ ”

လီ​ရွှမ်အာက ပြုံးကာ ခေါင်းညိတ်ပြီး၊

“ ရှိတယ် ... ရှီလင်ကုန်းမြေကြီးဟာ နှင်းပန်းဓားကျောင်းရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတယ်။ ”

-ဟု ပြန်ဖြေလာ၏။

ချင်းယွမ်စျေးမြို့မှ ရရှိခဲ့သော အချက်အလက်များအရ နှင်းပန်းဓားကျောင်း လက်အောက်တွင် ကုန်းမြေကြီးငါးခုရှိသည်။

၎င်းတို့ထဲတွင် ရှီလင်ကုန်းမြေကြီး သည်လည်း အပါအဝင်ဖြစ်၏။ ထို့နောက် ဝိုင်ခွက်ကို ကောက်ကိုင်လျက်၊

“ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက နှင်းပန်းဓားကျောင်းမှာ ကြီးမားတဲ့ကပ်ဘေးကို ခံစားခဲ့ရတယ် နတ်ဆိုးနှိမ်နင်းရေးမျှော်စင် ပျက်စီးသွားတာ မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

ဤနှစ်များအတွင်း သတင်းအသစ် ရှိ၊မရှိသိချင်၏။ လီရွှမ်အာ၏ အမူအရာမှာ ငေးမောသွားပြီး၊

“ တကယ်တော့ ငါဒီတစ်ခေါက် ပြန်လာတာက အဲဒီအဖြစ်အပျက်နဲ့လည်း သက်ဆိုင်ပါတယ်။ ”

-ဟု ပြန်ဖြေလာ၏။

“ စိတ်ဝင်စားစရာပဲ။ ”

ကူချန်က တစ်ဖက်လူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဆယ်စုနှစ်များစွာတိုင်အောင် အဖြစ်အပျက်များ မပြီးဆုံးသေးသည်လော။

“ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က နှင်းပန်းဓားကျောင်းရဲ့ နတ်ဆိုး နှိမ်နင်းရေး မျှော်စင် တိုက်ခိုက်ခံခဲ့ရတယ် ...

... အဲဒီမျှော်စင်ကြီးမှာ နတ်ဆိုးတွေ၊ သားရဲတွေနဲ့ မကောင်းဆိုးရွားတွေကို ရာနဲ့ချီပြီး ထိန်းသိမ်းထားတယ် ... လူတိုင်းက သူတို့ဆီ ဖမ်းမိသမျှ နတ်ဆိုးတိုင်းကို လွှဲပြောင်း ပေးခဲ့ကြတယ် ...

... ငါတို့ရဲ့ ... အနောက်ဘက်ဝိညာဉ် ကုန်းမြေကြီးမှာ မြောက်ပိုင်းဒေသ၊ အလယ်ပိုင်း ဒေသ၊ အနောက်ဘက်ဒေသနဲ့ တောင်ပိုင်းဒေသ ဆိုပြီး ဒေသကြီးလေးခုရှိတယ် ...

... နှင်းပန်းဓားကျောင်းက အဲဒီဒေသကြီးတွေအပေါ် လွှမ်းမိုးထားတယ် ဒါကြောင့် ဂိုဏ်းကြီးကြီးငယ်ငယ် နတ်ဆိုးတွေနဲ့ သားရဲတွေကို နှိမ်နင်းဖို့ တာဝန်ယူရတယ် ...

... အဲ့ဒီအဖြစ်အပျက် ဖြစ်လာတဲ့အခါမှာ နတ်ဆိုးအများစုကို နှင်းပန်းဓားကျောင်းကနေ ချက်ချင်း နှိမ်နင်းပေးခဲ့တယ် ... ဒါပေမယ့် အနည်းငယ် လွတ်မြောက်ရင်တောင် ဒါဟာ ကြောက်စရာ ကောင်းနေတုန်းပါပဲ ...

... ဒါကြောင့် ဒီနှစ်တွေအတွင်းမှာ ဂိုဏ်းတွေအားလုံး ပူးပေါင်းပြီး အဆက်မပြတ် နှိမ်နှင်းခဲ့ကြတယ် ... မကြာသေးမီက နတ်ဆိုးတစ်ကောင် ...

... ပေါ်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သေမျိုးနိုင်ငံတွေနဲ့ ကျင့်ကြံခြင်းဂိုဏ်းငယ်တွေ အပေါ် တိုက်ခိုက်ခဲ့တယ် ... ငါ့ဂိုဏ်းလည်း တိုက်ခိုက်ခံရတယ် ...

... နှင်းပန်းဓားကျောင်းရဲ့ ... ကျွမ်းကျင်သူတွေ ရောက်လာပြီး ချေမှုန်းပေး ခဲ့ပေမယ့် ငါ့ဂိုဏ်းမှာ ဆုံးရှုံးမှုတွေကြီးတယ် ဒါကြောင့် တပည့်သစ်တွေ စုဆောင်းဖို့ ဂိုဏ်းကနေ တံခါးဖွင့်လိုက်ရတယ် ...

... ဒါကြောင့် ငါ့မျိုးရိုးရဲ့ သားစဉ်မေးဆက်တွေကို ခေါ်သွားပေးဖို့ စဉ်းစားမိပြီး အိမ်ကိုပြန်လာခဲ့တာပဲ။ ”

ကူချန်က မျက်မှောင်ကြုတ်ကာ၊

“ အဲဒီနတ်ဆိုးတွေကို သတ်ဖို့ အရမ်းခက်လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ စီနီယာ မကြုံဖူးသေးလို့ပဲ နတ်ဆိုးနဲ့သားရဲဆိုတာ မကောင်းမှုကို ဖော်ညွှန်း နေတာ မဟုတ်လား ... ငါအရင်က ထူးဆန်းတဲ့ နတ်ဆိုးတွေ မကြုံဖူးပေမယ့် ...

... ဒီနတ်ဆိုးနှိမ်နင်းရေး တားမြစ်မျှော်စင်အောက်မှာ ဖိနှိပ်ခံနေရတဲ့ ကြောက်စရာ နတ်ဆိုးတွေ အများကြီးကို ရှိတယ်ဆိုတာ မြင်ခဲ့ရတယ် ...

... အချို့နတ်ဆိုးတွေက လူတွေရဲ့ကိုယ်ခန္ဓာကို သိမ်းပိုက်နိုင်ပြီး စိတ်ဝိညာဉ်တွေကို ဝါးမြိုကြတယ် ...

... သူတို့က အသွေးအသားတွေကို စားသုံးနိုင်ပြီး သာမန်လူတွေနဲ့တူအောင် လူသား အသွင်ယူတတ်ကြတယ် ... အချို့က အိပ်မက်ထဲဝင်လာပြီး ...

... လူတွေကို သတ်ပစ်နိုင်တယ် ... အများစုကတော့ ဒီလောက် အစွမ်းထက်တာ မဟုတ်ပေမယ့် လှည့်စားတတ်ကြတယ် ...

... ဒါကြောင့် ရှာရတာခက်တယ် နတ်ဝိညာဉ်နန်းတော်သခင် နယ်ပယ်ကတောင် သူတို့ကို ရှာမတွေ့နိုင်အောင် ပုန်းနိုင်တယ် မင်းရှေ့မျာ မင်းကိုတိုက်ခိုက်ဖို့ လာရပ်မှသာ တွေ့မြင်နိုင်တယ်။ ”

“ မကောင်းဆိုးရွား ဝိညာဉ် ... ။ ”

ကူချန်သည် ဤစကားလုံးနှစ်လုံးကို သူ့စိတ်ထဲ အကြိမ်ကြိမ် ပြန်ပြောပြီး မြဲမြံစွာ မှတ်ထားလိုက်၏။

နှင်းပန်းဓားဂိုဏ်း ခေါင်းဆောင်သည် မကောင်းဆိုးဝါး ဝိညာဉ်ကျူးကျော် ဝင်ရောက် မှုကြောင့် ရူးသွပ်သွားခြင်းဖြစ်၏။

ထို့နောက် နှစ်ယောက်သား မက်မွန်ဝိုင်သောက်ပြီး စကားစမြည်ပြောသည်။ ဤနည်းဖြင့် ကူချန်သည် အသုံးဝင်သော သတင်းအချက်အလက်များ ရရှိလာ၏။

အဆုံးတွင် လီရွှမ်အာကို ကူဖုန်းထံ ခေါ်ဆောင်ကာ အကြောင်းအရာကို လျှို့ဝှက်စွာ အသိပေးခဲ့သည်။

ကူဖုန်းတစ်ယောက် အနည်းငယ် တုန်လှုပ်သွားသော်လည်း မျက်နှာအမူအရာကို ထိန်းထားနိုင်၏။ ထို့နောက် အချိန်အတော်ကြာ လီရွှမ်အာနှင့် တွေ့ဆုံကာ လက်ခံလိုက်သည်။

နွေဦးဓားနန်းတော်သည် ယနေ့မှစ၍ ကူမိသားစုလက်အောင်တွင် ခိုလှုံမည်ဖြစ်သည်။ သို့သော် သီးခြားဆက်၍ တည်ရှိပေမည်။

အဆိုပါအကြောင်းအရာအပေါ် အသေးစိတ်ဆွေးနွေးရန် လီချင်းစုန့်ကို ထပ်မံ စေလွှတ်ကာ ညှိနှုင်းမည်။

အကြမ်းဖျင်း သဘောတူညီချက် ရရှိပြီးနောက် လီရွှမ်အာတစ်ယောက် ပြန်လာ ခဲ့လေသည်။ ဤခရီးစဉ်အတွက် သူ့တွင် အစီစဉ်နှစ်ရပ်ရှိ၏။

ကူမိသားစုတွင် ကျွမ်းကျင်သူမရှိသော် ကူချန်ယွင်လက်ထဲရှိ ဝိညာဉ်လက်နက်သည် မတော်တဆ ရရှိခဲ့ခြင်းဟု ကောက်ချက်ချ နိုင်မည်။ ထို့‌နောက် မူလအစီစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်၏။

တစ်ဖက်တွင် ကူမိသားစု၌ ကျွမ်းကျင်သူ ရှိပါက နွေဦးဓားနန်းတော်ဖြင့် မဟာမိတ်ဖွဲ့ရန် ဖြစ်သည်။ အရေးအကြီးဆုံးသည် ပြိုင်ဘက်မှာ အမှန်ပင် သန်မာသူဖြစ်ရပေမည်။

မဟုတ်သော် ဖရိုဖရဲကမ္ဘာကြီး၌ ကြည့်လင်သောနွေဦးဓားနန်းတော် အပေါ် ကာကွယ်ပေးရန် အရည်အချင်း မရှိချေ။

ထိုအချက်ကို လေဟာနယ်အတွင်း ပျောက်ကွယ်နေသော ဝိညာဉ်ဓား(၁၂)လက်၏ အသွင်အပြင်မှ သက်သေပြနေသည်။ ထိုစဉ်က သူ့အပေါ် ကြောက်လန့်စေ၏။

ရက်အနည်းငယ်ကြာပြီးနောက် ကူမိသားစုနှင့် နွေဦးဓားနန်းတော်တို့သည် မဟာမိတ်ဖွဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နွေဦးဓားနန်းတော်သည် ၎င်းထိန်းချုပ်မှုအောက်ရှိ ပြည်နယ်ငါးခုလုံးကို ကူမိသားစုထံ လွှဲပြောင်းပေးအပ်ခဲ့၏။ ရှန့်နန် လမ်းတွင် ပြည်နယ်(၁၅)ခုရှိသည်။

ပြည်နယ် (၁၁)ခုမှာ ကူမိသားစု လက်အောက်သို့ လွယ်ကူစွာ ကျရောက်သွား ခဲ့ချေပြီ။ မြို့ပြင်ရှိ နွေဦးဓားနန်းတော်အဖွဲ့ သည်လည်း ဆုတ်ခွာကုန်သည်။

ဤသတင်း ထွက်ပေါ်လာသည်နှင့် အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ မယုံနိုင်ခြင်းစသည့် ခံစားချက်များစွာဖြင့် လူတိုင်း စိတ်ဝင်စား လာကြတော့သည်။

***

All Chapters