ဝပ်တွားနေသော ကျားများ။
Vol. 6 Ch. 77
နွေဦးဓားနန်းတော်၏ ကူမိသားစုထံတွင် ခိုလှုံခြင်းဖြင့်ပတ်သတ်ပြီး ဤရက်များအတွင်း လူအများအတွက် စိတ်ဝင်စားဖွယ် သတင်းများဖြစ်နေ၏။
နွေဦးဓားနန်းတော်သည် ကူမိသားစုနယ်မြေကို အလုံးအရင်းကျူးကျော် ဝင်ရောက်ခဲ့သည်။ သို့သော် ဒုတိယသခင်လေး ချန်ယွင်ကို ရှုံးနိမ့်ပြီး ဆုတ်ခွာသွား၏။
တစ်ဆက်တည်းမှာပင် ပြည်နယ်(၅)ခုကို လွဲပြောင်းပေးကာ မဟာမိတ်အဖြစ် သတင်းများ ထုတ်ပြန်သည်။ ဆိုလိုသည်မှာ ဓားနန်းတော်၏ အဆိုပါခရီးစဉ်သည် ခြိမ်းခြောက်၍ အညံ့ခံခြင်းနှင့် တူနေ၏။
မြောက်ပိုင်းကန္တာရနယ်မြေအတွင်း မြက်ခင်းလွင်ပြင်တစ်နေရာတွင် ကျွီပေဟူသော မြို့ကြီးတစ်မြို့ရှိ၏။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က ဖူစုဧကရာဇ်မှ တည်ဆောက်ပေးသော မြို့တော် ပေပင်။
ဖူစုဧကရာဇ်သည် အလွန် ကျော်ကြားလှသော လက်အောက်ခံကျန်းဘုရင် နှင့် မြင်းတပ်သား(၂)သိန်းကို ဤမြို့သို့ပို့ကာ ဒေသကိုအုပ်စိုးစေသည်။
ထိုစဉ်က ဤနေရာအလွန်တွင် မြင်းတပ်သား(၆)သိန်းကျော် ပိုင်ဆိုင်ထားသည့် မြောက်ပိုင်းကျင့်နိုင်ငံ တည်ရှိ၏။ ယင်းကြောင့် မြောက်ပိုင်းကျင့်ဘုရင်မှ မကျေနပ်ချေ။
ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြင့် မြင်းတပ်သား(၆)သိန်းခန့် ဦးဆောင်ကာ မြို့ကို တိုက်ခိုက်စေခဲ့သည်။ ရလဒ်အခြေအနေသည် ရှုံးနိမ့်ခြင်းဖြစ်၏။
ကျန်းဘုရင်သည် သိန်းချီသော မြင်းစီးတပ်သားများကို မသုံးဘဲ ကျွမ်းကျင်သူ (၁၈)ဦးဖြင့်သာ ရန်သူမြင်းတပ်သားနှစ်သိန်းကို သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် မြောက်ပိုင်းကန္တာရလွင်ပြင် ဒေသတွင် ကျန်းပေဘုရင်၏ ကျေးဇူးတော်ကို သတိရနေကြသေးသည်။
(ကျန်းပေဘုရင်- ကျွီပေမြို့ကို ရည်ညွှန်သည်။)
ကျွီပေမြို့၊ ကျန်းပေနန်းတော်။
ကျန်းပေဘုရင်သည် သူ့ရှေ့ရှိ ဖူစုနိုင်ငံမြေပုံကို ကြည့်ပြီး ရှန့်နန်လမ်းမပေါ်သို့ ရွှေရဲတိုက်ငယ် တစ်ခုချလိုက်သည်။
“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ ... ။ ”
ထို့နောက် လက်နှစ်ဖက် နောက်ပို့ကာ လေးနက်သောအသွင်ဖြင့် ရှန့်နန်ပြည်နယ်ရှိရာ အရပ်သို့ အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တော့၏။
ဖူစုနိုင်ငံမြေပုံ တစ်ခုလုံးတွင် သံရဲတိုက်ငယ်များဖြင့် ပြည့်နှက်နေသည်။ အများစုသည် ငွေရဲတိုက်ငယ်များသာဖြစ်ကာ ရွှေရဲတိုက်သည် (၂၀)ခန့်သာရှိချေ၏။
***
ရှန့်ပေလမ်း။ အဆုံးမဲ့ တောင်တန်းကြီးများအတွင်း အိမ်ကြီးတစ်လုံး တည်ရှိသည်။ ဤသည်မှာ လင်းကုန်သွယ်ရေး စံအိမ်ဖြစ်၏။ ၎င်းတို့သည် ဖူစုနိုင်ငံ၌ အကြီးမားဆုံး ကုန်သည်မိသားစုဖြစ်သည်။
သို့သော် မကြာသေးမီနှစ်များအတွင်း ကူမိသားစု၏ နောက်ကောက်ချခြင်း ခံလိုက်ရ လေသည်။ တ်ဖက်တွင် လင်းစံအိမ်သည် ထိုရလာဒ်ကို ဂရုမစိုက်ချေ။
ကမ္ဘာကြီးတွင် ကြီးမားသော အရွေ့တစ်ခုဖြစ်ပေါ်နေချေပြီ။ မုန်တိုင်းအတွင်း မြင့်မြင့်ပျံသန်းခြင်းဖြင့် မုန်တိုင်းသင့်ပေမည်။
အဆုံးတွင် ရယ်မောနိုင်မှသာလျှင် အနိုင်ရရှိသူဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူတို့ မရယ်နိုင်ကြချေ။
အစည်းအဝေး ခန်းမအတွင်း၌ လင်းမိသားစုအကြီးအကဲများ ငြင်းခုံနေကြပြီး လေထုမှာ ပူလောင်နေသည်။
“ ဘန်း ... ။ ”
လင်းမိသားစုခေါင်းဆောင်က အသက်ပြင်းပြင်းရှူကာ စားပွဲကို ရိုက်ချလိုက် သဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား တော့သည်။
“ ငြင်းခုံနေတာ ရပ်ကြစမ်း ... ဒီကိစ္စကို ဘိုးဘေးဆီ အကြောင်းကြားပြီး ဆုံးဖြတ်ချက်တောင်းခံလိုက်မယ်။ ”
***
ဖူစု၊ ချင်စံအိမ်တော်။
အလွန်ကျယ်ဝန်းသော ခြံဝင်းကြီးအတွင်း တိတ်ဆိတ်မှုသည်သာ ကြီးစိုးနေ၏။ ညဘက် ကင်းလှည့်နေသော အစောင့်များသာ မီးပုံးများ ကိုင်ဆောင်လျက် သွားလာနေသည်။
ခြံဝင်းအတွင်း စံအိမ်တစ်အိမ်လုံး၌ မီးထွန်းထားပြီး ဖူစုနိုင်ငံတွင် သြဇာအရှိဆုံး သုံးဦးအနက်မှ တစ်ဦးထိုင်နေ၏။
ထိုသူသည် အသက်အရွယ်ကြီးရင့်ကာ အိုမင်းမှုနှင့် ဉာဏ်ပညာကြီးရင့်မှုကို ပြသလျက် စာတစ်အုပ် ဖတ်ရှုနေသည်။
များမကြာခင် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် အခန်းအတွင်းရှိ မီးအိမ်များ မီးစာလိုက်မြှင့်လေသည်။ ပြီးနောက် စားပွဲခုံပေါ်ရှိ မြေပုံကို ငုံ့ကြည့်တော့၏။ ဤသည်မှာ ဖူစုနိုင်ငံမြေပုံဖြစ်သည်။
ရှန့်နန်လမ်းအပါအဝင် နေရာအနှံ့အပြား၌ အမှတ်အသားများ ရေးမှတ်ထား၏။ အချို့သော ပြည်နယ်များတွင် အနီရောင် ပြသထားသည်။
ဖယောင်းတိုင်မီးသည် အခန်းအတွင်း လင်းထိန်စေလျက် နံရံများပေါ်တောက်ပသော အလင်းများပေးနေခဲ့သည်။
***
ဖူစုပြက္ခဒိန်၏ သက္ကရာဇ် (၄၅၃)နှစ်မြောက်၊ နွေဦးရာသီ။
မိုးပြာခြံဝင်းတွင် တရားထိုင်နေသည့် ကူချန်တစ်ယောက် မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်ကြည့်လာသည်။
ယွမ်ဖူနယ်ပယ် နှောင်းပိုင်းအဆင့်။ ခန္ဓာကိုယ်အတွင်း စစ်မှန်သောစွမ်းအင်များ နှစ်ဆမြင့်တက်လာသည်ကို ခံစားရ၏။
အောင်မြင်မှု အရှိန်အဟုန်သည် သူ ထင်ထားသည်ထက် များစွာမြန်နေ၏။ စွမ်းအင် ဆေးပြား၏ အကျိုးသက်ရောက်မှုပေပင်။
ဆိုလိုသည်မှာ အသက်သုံးဆယ်မတိုင်မီ ယွမ်ဖူနယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိ နိုင်သည်။ ဤနှစ်များအတွင်း နက္ခတ်တာရာများ တွက်ချက်ခြင်းကိုလည်း မစွန့်လွှတ်ချေ။
ထို့ကြောင့် ဖူစုနိုင်ငံတစ်ခုလုံး၌ အသန်မာဆုံးလူသည် ခရမ်းရောင်နေမင်း နယ်ပယ်သာ ဖြစ်ကြောင်း သေချာ၏။
ဆိုလိုသည်မှာ ခရမ်းရောင်နေမင်း နယ်ပယ်သို့ တက်ရောက်နိုင်သော် ဖူစုနိုင်ငံတွင် သူ့ ပြိုင်ဘက်မရှိတော့ချေ။ တစ်ဖက်တွင် သူ၏ အရင်းအမြစ်များသည်လည်း ကုန်လုနီးပါး ဖြစ်နေသည်။
“ ကျွီ ... ။ ”
တံခါးဖွင့်သံနှင့်အတူ နေရောင်များ အခန်းအတွင်း ဝင်ရောက်လာသည်။ ခြံဝင်းထဲ၌ တာအိုဝတ်လုံဖြင့် မိန်းကလေးတစ်ယောက် ဆေးဖက်ဝင်အပင်များ ရေလောင်းနေ၏။
သူ့တံခါးဖွင့်သံကြောင့် မိန်းကလေးက လှည့်ကြည့်လိုက်သည်။ သူမ မျက်နှာပေါ်တွင် အံ့အားသင့်စရာ အရိပ်အမြွက်များပေါ်လာပြီး၊
“ စီနီယာအစ်ကို ... နောက်ဆုံးတော့ မင်းထွက်လာပြီ။ ”
-ဟု နှုတ်ဆက်လိုက်သည်။
ကူချန်မှ ခေါင်းညိတ်ပြပြီး၊
“ ငါကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ။ ”
“ ရက်နှစ်ဆယ် ... ။ ”
မင်ယွဲ့က ပြန်ဖြေသည်။
“ ရက်နှစ်ဆယ်လား ... ။ ”
ကူချန်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချသည်။ အချိန်များ ကုန်လွန်ချေပြီ။ ကျင့်ကြံမှုသည် သက်တမ်းကို အမှန်ပင် စားသုံးချေ၏။
ယခင်အချိန်များတွင် သုံးရက်နှင့် ငါးရက်အကြား နိုးထပေမည်။ ယခုဆယ်ရက်နှင့် ရက်နှစ်ဆယ်အတွင်း ပြောင်းလဲလာ၏။ နောင်တွင် ထို့ထက်ပိုလာပေတော့မည်။
ကူချန်က မင်ယွဲ့ထံ ကြည့်လိုက်သည်။ သူမကိုခေါ်ယူလာစဉ် ပိန်လှီသောကောင်မလေး ဖြစ်သော်လည်း ယခုအခါ၌ ချောမောလှပသော မိန်းကလေးအဖြစ် ပြောင်းလဲလာချေပြီ။
အချိန်သည် အံ့ဩစရာပေပင်။ မင်ယွဲ့က ခြံထောင့်ရှိ ရေတွင်းဆီသို့ လျှောက်လှမ်းသွားပြီး ရေခပ်လိုက်သည်။
ပြီး သူမ သိုလှောင်လက်စွပ်ထဲမှ လတ်ဆတ်သော မက်မွန်သီးအချို့ကိုထုတ်ယူ ရေဆေးကာ၊
“ စီနီယာအစ်ကို ... ။ ”
-ဟု ကူချန်ထံ ကမ်းပေးလာသည်။
“ မက်မွန်သီးတွေ ရင့်မှည့်နေပြီလား။ ”
“ ဟုတ်တယ် မနေ့က ခူးလိုက်တာ။ ”
ကူချန်က မင်ယွဲ့ကမ်းပေးသော မက်မွန်သီးကိုယူပြီး ကိုက်ဝါးကြည့်လိုက်သည်။ ချိုမြိန်ကာ အရသာပြင်း၏။
“ အရသာ ကောင်းတယ်။ ”
ရေဆေးထားသဖြင့် အေးမြနေသည်။ စားသုံးသူကို လန်းဆန်း တက်ကြွစေတော့၏။ မက်မွန်သီး ကိုက်ဝါးလျက် လှည့်ပတ်ကြည့်ကာ၊
“ ချင်းဖန် ဘာလုပ်နေတာလဲ။ ”
-ဟု သတိတရ မေးလိုက်သည်။
“ သူ ငွေရှာနေတယ် စီနီယာအစ်ကို။ ”
“ ငွေရှာနေတယ် ... ။ ”
ကူချန်မှ မျက်ခုံးပင့်လိုက်သည်။ မင်ယွဲ့တစ်ယောက် အနည်းငယ် တွေးတောပြီး ရှင်းပြလာ၏။
“ ချင်းဖန်က ခရီးထွက်ချင်နေတယ် ... ဒါကြောင့် ပိုက်ဆံရှာနေတာ ဆရာတော်ချင်းရှနဲ့ စီနီယာအစ်ကိုကို ပြောဖို့ကြတော့ ... သူ ရှက်နေတယ် ...
... ဒါကြောင့် တောင်ပေါ်က မက်မွန်သီးတွေကို ခူးဆွတ်ပြီး နတ်နဂါးမြို့ဆီ သွားရောင်းနေတယ်။ ”
“ ဟမ့် ... ။ ”
ကူချန်တစ်ယောက် ကျေနပ်စွာ ပြုံးလိုက်သည်။
“ ကောင်းတယ်၊ ဒီကလေး ... ဘယ်လို ရှင်သန်ရမလဲသိလာပြီ။ ”
“ ဒါနဲ့ ... စကားမစပ် စီနီယာအစ်ကို ... မင်းအဖေ ဒီရက်ပိုင်းအတွင်း ရောက်လာပြီး စောင့်နေတယ်။ ”
“ အခုလား ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
ကူချန်က အနည်းငယ် တွေဝေသွား၏။ မင်ယွဲ့မှ သူ့ထံ သတင်းပို့ခြင်း မရှိသောကြောင့် အရေးတကြီး မဟုတ်နိုင်ချေ။ သို့သော် ဤသို့ အချိန်ပေးစောင့်နေခြင်းသည် ထူးဆန်း၏။
ဤရက်များအတွင်း ကူမိသားစုသည် နွေဦးဓားနန်းတော်ကို သိမ်းပိုက်ပစ်ပြီးနောက် စစ်ကြီးသုံးဦးနှင့် ရုံးတော်မှထိန်းချုပ်ထားသည့် ပြည်နယ်တို့ကို သိမ်းယူခဲ့သည်။
ထို့ကြောင့် ကူမိသားလက်အောက်၌ ရှန့်နန်ဒေသ၏ ပြည်နယ်(၁၃)ခုကို ထိန်းချုပ်ပြီး ဖြစ်သည်။
ယင်းအတွက် ကူဖုန်းတွင် နေ့စဉ်နှင့်အမျှ ကိုင်တွယ်ဖြေရှင်းစရာ အမှုကိစ္စများစွာရှိနေ၏။ ဤသို့စောင့်ရန် အချိန်မည်သို့ ရှိနေသနည်း။
“ အခုဘယ်မှာလဲ။ ”
“ ဆရာတော်ချင်းရှနဲ့ စစ်တုရင် ကစားနေတယ်။ ”
ကူချန်က ခေါင်းညိတ်ပြီး တာအိုချင်းရှရှိရာ ခြံဝင်းဆီ လျှောက်လှမ်းသွားသည်။ ခြံဝင်းထဲ၌ လူနှစ်ယောက် စစ်တုရင် ကစားနေကြ၏။
တာအိုချင်းရှ၏ လေးနက်စွာ တွေးတောနေပုံကိုကြည့်ပြီး သူ့ဖခင်ကူဖုန်းသည် အသာစီးရနေကြောင်းပြောနိုင်သည်။
ကူချန်ဝင်လာသည်ကို မြင်ပြီးနောက် ကူဖုန်း၏အမူအရာသည် ရုတ်တရက် လေးနက် လာတော့၏။
“ နောက်ဆုံးတော့ မင်းထွက်လာပြီ။ ”
***