သွားသင့်လား ... မသွားဘူးလား။
Vol. 6 Ch. 80
ဤသည်မှာ လွန်ခဲ့သောနှစ်က တာဝန်ကျအရောင်းသမား လူငယ်ဖြစ်သည်။ လက်ရှိရုပ်သွင်သည် ထိုစဉ်ကနှင့်ယှဉ်သော် ပိုမိုရင့်ကျက်လာချေ၏။
“ မင်းဒီကို နောက်ဆုံးအကြိမ် ရောက်လာခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဟုတ်တယ် မဟုတ်လား ဧည့်သည်တော်။ ”
လူငယ်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာချေပြီ။ ကူချန်မှ အနည်းငယ် အံ့အားသင့်သွားကာ၊
“ ဒါက နှစ်တွေအရမ်းကြာခဲ့တာတောင် မင်းငါ့ကို မှတ်မိနေသေးတာလား။ ”
-ဟု တုန့်ပြန်လိုက်မိ၏။
ချင်းယွမ်စျေးမြို့ရှိ ဤဆေးခန်းမသည် ထိုသုံးနှစ်အတွင်း လူမည်မျှ လာရောက်မည်ကို မတွက်ဆနိုင်ချေ။ ယနေ့တိုင် သူ့ကို လူငယ်မှ မှတ်မိနေသည်မှာ အံ့အားသင့်စရာဖြစ်၏။
“ ဟမ့် ... တခြားတစ်ယောက်ဆို နည်းနည်းကြာရင် သဘာဝအတိုင်း သူတို့ကို ငါမေ့သွားနိုင်ပါတယ် ဒါပေမယ့် မင်းကတော့ မတူဘူး မင်းရဲ့အသွင်အပြင်နဲ့ ... စိတ်နေ စိတ်ထားမျိုး တွေ့ဖို့ခက်တယ်။ ”
“ ဟား ဟား ဟား ... ။ ”
ကူချန်ကရယ်သည်။ ထို့နောက် စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ထိုလူငယ်ထံ ပေးအပ်လိုက်၏။
“ ကုန်ကျစရိတ် တွက်ကြည့်ပေးပါဦး။ ”
“ ခဏစောင့်ပါ ... ။ ”
လူငယ်က စာရွက်ကို ယူကာ မျက်ခုံးပင့်သွားသည်။ ဆေးဖက်ဝင်အပင်များ စာရင်းသည် အလွန်များပြားလှ၏။ ဤလူသည် မည်သည့်အဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်နိုင် မည်နည်း။
ထိုအတွေးဖြင့် ကူချန်ထံ ချက်ချင်း မော့ကြည့်မိသည်။ သို့သော် ဤလူငယ်သည် ထိုစဉ်ကနှင့် မခြားသေးချေ။
သူသည်ပင် မုတ်ဆိတ်များ ရှည်လာနေပြီ ဖြစ်သော်လည်း တစ်ဖက်လူသည် ယခင်အတိုင်း နုပျိုနေသေးသည်။
အချိန်သည် ဤလူအပေါ် ခြေရာပင် ချန်မထားနိုင်ပုံပေပင်။ ဉာဏ်အလင်းများ ရရှိပြီး အိုမင်းရင့်ရော်မှုကို ဆန့်ကျင်နိုင်သည့် ဆေးရည် အချို့ဖန်တီးနိုင်ခြင်းဖြစ်နိုင်မည်။
“ ဧည့်သည်တော် ... ကျန်းချီဆေးပြား (၁၉၂၀၀) ကျသင့်ပါမယ်။ ”
အဆုံးတွင် ကျသင့်ငွေကို ပြောပြသည်။ ကူချန်က ကျသင့်ငွေကို ချက်ချင်း ထုတ်ပေး၏။ ငွေသည် လက်ထဲ ပူအောင်ပင် မနေချေ။
ကျင့်ကြံခြင်းသည် အချိန်နှင့် ငွေကို လျင်မြန်စွာကုန်လွန်စေသည်။ အမျိုးမျိုးသော စွမ်းအင်ဆေးများ၊ ဝိညာဉ်ရေးလက်နက်များ စသည့် လိုအပ်ချက်များစွာ နေ့စဉ်ရှိ၏။
ထို့ကြောင့် အခြေခံအားဖြင့် အဂ္ဂရတ်ပညာရှင်များသည် ငွေရှာရန် ဒုတိယ နည်းလမ်းကို အသုံးပြုကြသည်။
သို့သော် အလယ်အလယ်အဆင့် ဝိညာဉ်လက်နက်များရရှိရန် အရည်အချင်းလိုပြီး လူအနည်းငယ်သည်သာ ဤနယ်ပယ်တွင် ရှေ့ဆက်သွားနိုင်၏။
လူငယ်က ကူချန်လိုအပ်သော ပစ္စည်းများအားလုံးကို ထုတ်ပိုးပေးနေလျက်မှ၊
“ ဧည့်သည်တော် ... မင်းက အဂ္ဂိရတ်လမ်းမှာ အောင်မြင်မှုရခဲ့တာ ဖြစ်မယ် ငါလည်းအဂ္ဂိရတ်လမ်းကို ဘယ်တော့ ဝင်နိုင်မှာလဲလို့ တွေးမိပါတယ်။ ”
-ဟု ညည်းညူလိုက်သည်။
ထို့ကြောင့် ကူချန်သည် လူငယ်၏ ခန္ဓာကိုယ်အတွင်းရှိ ချီကြိုးမျှင်ထံ စိုက်ကြည့်ပြီး ပြုံးလိုက်တော့၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ရှန်ရှင်းနယ်ပယ်ရောက်သော် အဂ္ဂိရတ်ပညာ သင်ကြားခွင့်ရမည်ဟူသော လူငယ်၏ စကားများကို ပြန်သတိရလာ၏။
“ နောက်တစ်ခါ ... ငါလာရင် မင်းကိုဒီနေရာမှာ တွေ့ခွင့်တော့မယ်မထင်ဘူး။ ”
လူငယ် အံ့အားသင့်စွာ ပြန်မော့ကြည့်၏။
“ သခင်လေး ... တစ်ခုခု မြင်လား မင်းရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ။ ”
ကူချန်မှ ပြုံးသည်။ ယွမ်ဖူနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည့် ကျင့်ကြံသူများအနေဖြင့် ဝိညာဉ်အသိကို ပိုင်ဆိုင်ကြ၏။
ဝိညာဉ်အသိ၏ လွှမ်းခြုံမှုအောက်တွင် ဤလောကရှိအရာအားလုံး ပြန်သားရှင်းလင်း နေပေမည်။ သို့သော် အရည်အသွေး၌လည်း မူတည်ချေ၏။
ယွမ်ဖူနယ်ပယ် အများစုသည် ဤလူငယ်အပေါ် ချီစုစည်းခြင်းနယ်ပယ် အဖြစ်သာ ခံစားနိုင်မည် ဖြစ်သည်။
သူ့ကဲ့သို့ အတားအဆီးအပေါ် ချိုးဖြတ်နိုင်တော့မည်ဟု မြင်မည်မဟုတ်ချေ။ ထို့ကြောင့် ကူချန်မှပြုံးလိုက်သည်။
လူငယ်သည်လည်း ထိုတုန့်ပြန်မှုကြောင့် ဆက်မမေးတော့ချေ။ ပြုံးလျက် ပါးနပ်စွာဖြင့်၊
“ ကောင်းပြီ ... မင်းရဲ့ ကောင်းချီးအတွက် ငါမှတ်သားထားလိုက်ပါ့မယ်။ ”
-ဟု ပြောကြားလာခဲ့သည်။
ဆေးခန်းမမှ ထွက်လာပြီးနောက် အိမ်မက်တစ္ဆေရေကန်သို့ ခရီးထွက်သင့်-မသင့် ကူချန်တစ်ယောက် တွေးတောနေ၏။
လျှို့ဝှက်တားမြစ်နယ်မြေများကို လေ့လာခြင်းသည် ကျင့်ကြံသူတိုင်း လုပ်ဆောင် နေကြဖြစ်သည်။
ရတနာများသည် ကောင်းကင်မှ ရွာချခြင်းမဟုတ်ချေ။ ဖူစုနိုင်ငံတွင် နေထိုင်ပြီး ကျင့်ကြံနိုင်သော်လည်း အနာဂါတ်တွင် သူသည် ထိုအရပ်များထံ မလွဲမသွေ သွားရောက်ရပေမည်။
“ စမ်းကြည့်ရအောင် ... ။ ”
အဆုံးတွင် ကံကြမ္မာမျက်လုံးနှင့် ကောင်းကင်တာအိုနည်းစနစ် ရှိနေသည်ဖြစ်ရာ သူ့ လုံခြုံရေးအတွက် သိပ်စိတ်မပူရချေ။
ထို့ကြောင့် ဆုံးဖြတ်ချက်ချကာ ကောင်းကင်ပေါ်မော့ကြည့်ပြီး လက်ချောင်းများ ရေတွက်ရန်ပြင်လိုက်သည်။ သို့သော် သူ့စိတ်ထဲ အသံတစ်သံ ထွက်ပေါ်လာသည်။
( နွေရာသီ၊ ဖူစုပြက္ခဒိန်၏ ၄၅၃ နှစ်၊ ချင်းယွမ်စျေးမြို့မြောက်ဘက်ရှိ အိမ်မက်တစ္ဆေ ရေကန်သို့ ငေးကြည့်ပြီးနောက် ရုတ်တရက် ရှားပါးသော ရတနာများ ရရှိနိုင်မည်ဟု ခံစားလာရသည်။ )
ကူချန်တစ်ယောက် တုန့်ဆိုင်းသွား၏။ ဤအသံ မကြားရသည်မှာ ကြာချေပြီ။ ထိုအသံ အတိုင်း ရှားပါးရတနာများ ထွက်ရှိလာသော် အိမ်မက်တစ္ဆေရေကန်သည် သူ့ဘေးကင်းမှု အပေါ် အာမမခံနိုင်တော့ချေ။
ရတနာမွေးဖွားခြင်းဖြင့် လိုက်ပါလာသော ရှားပါးဖြစ်စဉ်များသည် ကျွမ်းကျင်သူများစွာကို ဆွဲဆောင်သည်။
အကယ်၍ ထိုသူများထဲတွင် သူကဲ့သို့ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူထက် သာလွန်သော အခြားတစ်ယောက် မပါဟု မပြောနိုင်ချေ။
ထိုသူများအချင်းချင်း တိုက်ပွဲဖြစ်သော် ထိုင်နေရုံဖြင့်ပင် သူ့၌ အန္တရာယ် ရှိလာနိုင်မည်။ ယင်းက အနည်းငယ် စဥ်းစားရခက်စေသည်။
လက်ရှိတွင် အသံရှင် ဖော်ပြထားသည့် အတိုင်း အရာအားလုံးသည် ထပ်တူကျခဲ့ဖူး၏။ ရတနာပေါ်လာမည်ဆိုသော် သေချာပေါက် ပေါ်လာပေမည်။ ထို့ကြောင့် ရှုပ်ထွေးစွာဖြင့် က်ခုံးများ ကုတ်ခြစ်လိုက်ပြီး၊
“ ဒီတစ်ခါ ငါရွေးချယ်ရမယ် ... ။ ”
-ဟု ရေရွတ်သည်။
ဤအသံကို မကြာမကြာ သူ ကြားရတတ်သည်။ ထိုစဉ်က အသံရှင်သည် အမြဲတမ်း သူ့ကို ချီးကျူးပြီး ပညာရပ်ဆိုင်ရာ အချက်အလက် အချို့ပေးအပ်ကာ သူ နားလည်သွားသည်ဟု ဆိုခဲ့၏။
ယင်းသည် လက်တွေ့မကျချေ။ လက်ရှိ သတိပေးချက်မျိုးသည်သာ အဓိပ္ပါယ်ရှိသည်ဟု ခံစားလာရသည်။ သေချာစေရန် သူ့ကိုယ်သူ တွက်ချက်ကြည့်၏။
အံ့ဩစရာကောင်းနေသည်မှာ ရက်အနည်းငယ်အထိသာ သူ့ကံကြမ္မာအပေါ် တွက်ဆနိုင်သည်။ ကျန်အရာများ အားလုံး မြူများဖုံးနေ၏။
ကောင်းကင်နှင့် မြေကြီးကြား လျှို့ဝှက်ဆန်းကြယ်သော ဤပညာရပ်သည် အလွန်ရှုပ်ထွေးသည်။
ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားသော သဘာဝရတနာဖြင့် ပတ်သတ်၍ ရှုပ်ထွေးမှုများကိုသာ ထပ်ပေးပေမည်။
ဤသို့ အကြောင်းတရားများကို တွက်ထုတ်မရခြင်းသည် လက်ရှိနယ်ပယ်မှာ မလုံလောက်ခြင်းလည်း ဖြစ်နိုင်၏။
“ သွားမလား ... မသွားဘူးလား။ ”
အနည်းငယ် စဉ်းစားရခက်လာ၏။ အခြားသော တစ်စုံတစ်ယောက်သာ ထိုရတနာ ပေါ်လာမည့် သတင်းသိရှိသော် တစ်ထောင်ပုံ တစ်ပုံသာ အခွင့်အရေးရှိပါစေ သွားရောက် ပေလိမ့်မည်။
သူကတော့ မတူချေ။ သူ့သက်တမ်းသည် ရှည်လျားပြီး ထိုသို့ အခြားကျင့်ကြံသူများထက် များစွာသာလွန်နေသည်။
ဖြည်းဖြည်းမှန်မှန် အန္တရာယ်ကင်းစွာ လေ့ကျင့်နိုင်မည်။ စွန့်စားရန် လုံးဝမလိုအပ်ချေ။ အင်အားဖြုန်းတီးရာ ရောက်သည်။
လမ်းမအလယ် ရပ်လျက် အချိန်အတော်ကြာ တွေးတောနေသည်။ အဆုံးတွင် ပြတ်သားသော လမ်းကို ရွေးချယ်လိုက်တော့၏။
ကျင့်ကြံခြင်းသည် ခွန်အားအပေါ် တိုးပွားစေရန်သာမက စိတ်ဝိညာဉ်ကိုလည်း သန်မာစေရပေမည်။
“ ငါဒီလောက် တုံ့ဆိုင်းနေတယ်ဆိုတာ ငါစိတ်က သွားချင်နေတယ်လို့ ဆိုလိုနေတာပဲ ... လာ ... သွားရအောင်။ ”
***
Book-6