လမ်းမှာ အဖြူရောင်ရစ်ငှက်နှင့်တွေ့ဆုံခြင်း
Vol. 190 Ch. 2836
လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘုံခုံရုံးသည် မီးတောက်အမှတ်အသား၏ နောက်ကွယ်မှာ ရှိနေနိုင်သည်။ ကောင်းကင်ဘုံခုံရုံးသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထက်ပင် ပို၍ကိုင်တွယ်ရခက်ခဲပြီး ပို၍ အန္တရာယ်များနေနိုင်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ပေါ့ပေါ့ဆဆ မပြုမူရဲပေ။ သူက လေဟာနယ်ကို ဆုတ်ဖြဲပြီး အာကာသဥမင်တစ်ခုထဲသို့ ဝင်ရောက်လိုက်၏။ သူက လောလောဆယ်မှာ အဝီစိသို့ ထွက်ပြေးပုန်းရှောင်ရန် ပြင်လိုက်လေသည်။ သိုင်းတာအိုပင်မခန္ဓာသည် အာကာသဥမင်ကို အဆက်မပြတ်ဖြတ်ကျော်နေ၏။
ဤနေရာသည် ကောင်းကင်ဘုံကမ္ဘာနှင့် အရမ်းကို ဝေးကွာလာခဲ့သည်။ သူက လေဟာနယ်ကို ဆုတ်ဖြဲပြီး အာကာသဥမင်ထဲကနေ ဖြတ်ကျော်သွားလာနေသည်ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုနည်းစနစ်နှင့်အတူ ရက်အနည်းငယ် အချိန်ယူရပေလိမ့်မည်။
နေ့တစ်ဝက်ကြာပြီးနောက်။
အာကာသဥမင်ထဲမှာ ခရီးသွားနေသော သိုင်းတာအိုပင်မခန္ဓာသည် ရုတ်တရက် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သူ၏ အာရုံခံသတိစိတ်သည် ယခုချက်ချင်းကျရောက်လာတော့မည့် ကပ်ဘေးတစ်ခုကို သတိပေးလာခဲ့သည်။
သူက စဉ်းစားနေဖို့ အချိန်မရဘဲ သိုင်းတာအိုပင်မခန္ဓာသည် အတွေးတစ်ချက်နှင့်အတူ ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ကာ သူ၏ ဦးခေါင်းအထက် မြှောက်တင်လိုက်၏။
ဝုန်း…
သူ၏ အပြုအမူပြီးဆုံးသွားသည့်ခဏမှာပင် အာကာသဥမင်က ကြီးမားသောတုန်ခါမှုနှင့်အတူ ပေါက်ကွဲထွက်သွားသည်။
ထို့နောက်ချက်ချင်းပင် ကောင်းကင်တစ်ခွင်အုပ်မိုးထားသည့် ဧရာမလက်ဖဝါးတစ်ဖက်က ကြယ်တာရာမြစ်များကို ဆုတ်ဖြဲဖြတ်ကျော်ပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ၎င်းက သူ၏ ထွက်လမ်းကို ဖြတ်တောက်ပြီး သူ့ကို အာကာသဥမင်ထဲကနေ ရိုက်ချလိုက်၏။
လက်ဝါးရိုက်ချက်၏ စွမ်းအားက အရမ်းကိုသန်မာလွန်းသည်။
သူ့ရှေ့မှာ ပိတ်ဆို့တားဆီးထားသော ငရဲဖိနှိမ်မီးဖိုက သတ်ဖြတ်ခြင်းစွမ်းအားအများစုကို ချေဖျက်ပေးခဲ့ခြင်းကြောင့်မဟုတ်လျှင် သိုင်းတာအိုပက်မခန္ဓာ၏ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဥ်က အလောင်းပင်မကျန်ဘဲ ဖျက်ဆီးခံရပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ သွေးများစွာကို အဆက်အပြတ်ထွေးထုတ်လိုက်ရ၏။
ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး။
“ငါတို့ကောင်းကင်ဘုံခုံရုံးကလူတွေကို သတ်ပြီးတဲ့နောက် မင်းကဘယ်လိုတောင် ထွက်ပြေးရဲသေးတာလဲ”
မနှိုင်းယှဥ်သာအောင်ခံ့ညား၍ ရန်လိုခက်ထန်သောအသံတစ်သံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
တိုက်ခိုက်သူသည် တကယ်ပင် ကောင်းကင်ဘုံခုံရုံးမှလူဖြစ်လေသည်။
ကောင်းကင်ဘုံခုံရုံး၏ လိုက်လံတိုက်ခိုက်မှုက အရမ်းကို လျင်မြန်စွာရောက်ရှိလာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ပြန်သွားဖို့ပင် အခွင့်အရေးမရခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ထပ်မံ၍မစဥ်းစားနိုင်ခင် ကောင်းကင်တစ်ခွင်အုပ်မိုးထားသည့် ဧရာမလက်ဖဝါး၏ ဒုတိယရိုက်ချက်က သိပ်သည်းပြင်းထန်သောစွမ်းပကားနှင့်အတူ ဆင်းသက်လာခဲ့ပြီဖြစ်သည်။ မရေမတွက်နိုင်သောကြယ်များက ပေါက်ကွဲထွက်ပြီး ကြယ်တာရာကောင်းကင်များက တုန်ခါလာခဲ့သည်။
ဝေါ....
သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။
သူက သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး လောင်ကျွမ်းနီရဲနေသော ဧရာမ ကောင်းကင်နှင့်မြေကြီးမီးဖိုတစ်လုံးအဖြစ် အသွင်ပြောင်းလဲလိုက်သည်။
မီးတောက်ခြောက်ခုသည် ကောင်းကင်နှင့်မြေကြီးမီးဖို၏ အထက်မှာ လှည့်ပတ်နေသော မီးနဂါးခြောက်ကောင်အဖြစ် ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေပြီး ၎င်း၏ အရှိန်အဟုန်ကို အဆက်မပြတ်စုစည်းနေ၏။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်လိုက်သည်။
သူ၏ မျိုးဆက်သွေးနယ်မြေနှင့် ပိုင်နက်နယ်မြေက တစ်ချိန်တည်းမှာ ပစ်လွင့်ထွက်ပေါ်လာသည်။ သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကိုကိုင်ဆောင်ပြီး တိုက်ခိုက်မှုလှိုင်းကို ဆန်တက်လိုက်လေသည်။
“ဟမ့်...”
မိုးကောင်းကင်၏ အထက် ကြယ်တာရာကောင်းကင်ထဲမှာ ချစ်ချစ်တောက်နီရဲနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ပုံရိပ်တစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်၏ မျက်နှာကို မီးတောက်များက လွှမ်းခြုံထားပြီး အဲဒါကို ရှင်းရှင်းလင်းမတွေ့မြင်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာပေါ်ဆင်းသက်လာသည့် သူ့မျက်လုံးများမှ တောက်လောင်ပြင်းပြသောအကြည့်ကိုသာ တွေ့မြင်နိုင်သည်။
“ဘာမဟုတ်တဲ့အားထုတ်မှုပဲ”
ကောင်းကင်ဘုံခုံရုံးမှဧကရာဇ်က လှောင်ရယ်လိုက်ပြီး တိုက်ခိုက်ခြင်းကို မရပ်တန့်လိုက်ပေ။ တကယ်ဆို သူက သူ၏ လှုပ်ရှားမှုကိုပင် မပြောင်းလဲပေ။
သို့သော်လည်း သူ၏ လက်ဖဝါးပေါ်မှာ သက်ရှိများအားလုံးကိုဖိနှိမ်နေသည့် လောကတစ်ခု ပေါ်ထွက်လာပုံရသည်။
ဘုန်း....
ကောင်းကင်တစ်ခွင်အုပ်မိုးနေသည့် ဧရာမလက်ဖဝါးက ဆင်းသက်ရောက်ရှိလာပြီး ကောင်းကင်နှင့်မြေကြီးမီးဖို၊ သိုင်းတာအိုငရဲခန်းနှင့် ငရဲဖိနှိမ်မီးဖိုတို့နှင့် ထိတွေ့ရိုက်ခတ်သွားသည်။
ချက်ချင်းပင် လောကက ရပ်တန့်သွားသည်ဟုထင်ရသည်။
ဖျောက်... ဖျောက်...
ထို့နောက် ချက်ချင်းပင် သိုင်းတာအိုငရဲခန်းပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ၎င်းက ချက်ချင်းပင်ကြေမွသွား၏။
ကောင်းကင်နှင့်မြေကြီးမီးဖိုကလည်း ကြေမွသွားလေသည်။ သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး ကြယ်တာရာကောင်းကင်၏ ကြီးမားသောအကွက်တစ်ကွက်က သွေးများဖြင့် နီစွေးသွား၏။
ငရဲဖိနှိမ်မီးဖိုက ဘေးတစ်ဘက်သို့ ကျဆင်းသွားသည်။
တကယ်ဆို မီးဖိုပေါ်ရှိ အထွတ်အမြတ်ဝိညာဥ်လေးခုက နိုးထမလာနိုင်ခင်မှာပင် မှေးမှိန်သွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက သည်းထန်စွာ မောဟိုက်နေ၏။
လက်ဝါးရိုက်ချက်က သူ့ကိုသတ်ဖြတ်နိုင်လုနီးပါးပင်။
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်သည် ဧကရာဇ်များကြားမှာ ထိပ်သီးပညာရှင်တစ်ဦးဖြစ်လောက်သည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဘယ်ဘက်လက်မှ ဝိညာဥ်မီးအိမ်နှင့် သူ၏ ညာဘက်လက်မှာ တမလွန်ဘုံရတနာကြေးမုံကို ကိုင်ဆွဲထား၏။
ဤအရာများက သူ့အတွက် အသန်မာဆုံးရတနာနှစ်ခုဖြစ်သည်။ သို့သော်လည်း ဝိညာဥ်မီးအိမ်သည် သူ၏ ဝိညာဥ်နှင့် စိတ်ဝိညာဥ်အပေါ် အလွန်တရာပျက်စီးထိခိုက်မှုဖြစ်စေနိုင်သည်။
တစ်ဘက်မှာတော့ တစ်ဘက်သူကို ကိုယ်ကာယခန္ဓာကိုယ်တစ်ခုက ကာကွယ်ပေးထားပြီး ဝိညာဥ်မီးအိမ်က သူ့အပေါ်မှာ သိပ်ပြီးခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
တမလွန်ဘုံရတနာကြေးမုံကတော့....။
ဗြဟ္မတစ္ဆေမိခင်ချန်ပေးခဲ့သည့် မျိုးဆက်သွေးသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ချိုးဖျက်ပြီးနောက် ကုန်ခန်းသွားခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာက တမလွန်ဘုံမျက်လုံးကို ထုတ်ဖော်ဖို့ သူ၏ မျိုးဆက်သွေးကို အသုံးချမည်ဆိုလျှင်တောင် သူသည် ကောင်းကင်ဘုံခုံရုံးမှဧကရာဇ်ကို ခြိမ်းခြောက်နိုင်ချင်မှ ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေနယ်ပယ်သို့ ဝင်ရောက်လာပြီးကတည်းက ဤကဲ့သို့ပြင်းထန်သည့် ဒဏ်ရာတစ်ခုကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်သည်။
သူတို့ကြားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အန္တိမရတနာသုံးခုနှင့်ပင်လျှင် ထိုကွာဟချက်ကို မဖာထေးနိုင်ပေ။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ မြင်ကွင်းထဲမှာ နှင်းဖြူရောင်ရစ်ငှက်တစ်ကောင်က ပေါ်ထွက်လာသည်။ ၎င်း၏ အမြီးက ရှည်လျားပြီး ဝေးကွာသော ကြယ်တာရာကောင်းကင်ထဲမှာ အလျားလိုက် ရပ်နေလေသည်။
ဤအဖြူရောင်ရစ်ငှက်၏ ပုံပန်းသဏ္ဌာန်က အရမ်းကိုထူးဆန်းနေ၏။
အဝေးမှာမတ်တတ်ရပ်နေရင်း ၎င်းသည် ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်နှင့် လုံးဝသဟဇာတမဖြစ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အဖြူရောင်ရစ်ငှက်က ဘယ်အချိန်က ပေါ်ထွက်လာသလဲ သို့မဟုတ် ဘယ်နေရာကနေ ရောက်ရှိလာသည်ကို လုံးဝသတိမထားမိခဲ့ပေ။ ၎င်းသည် ထိုနေရာမှာ ရုတ်တရက်ပေါ်ထွက်လာသည့်အလားပင်။
၎င်းမှာ မည်သည့်ကျင့်ကြံမှုမှမရှိဘဲ အဖြူရောင်သာမန်ရစ်ငှက်တစ်ကောင်ဖြစ်သည့်အလား အဖြူရောင်ရစ်ငှက်ပေါ်မှာ မည်သည့်အော်ရာအတက်အကျမှ မရှိပေ။
သို့သော်လည်း ကောင်းကင်ဘုံခုံရုံးမှဧကရာဇ်သည် အဖြူရောင်ရစ်ငှက်ကို တွေ့မြင်သောအခါ သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်ကို ဒဏ်ရာအပြင်းအထန်ရရှိထားသော သိုင်းတာအိုပင်မခန္ဓာက သတိမထားမိပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အသက်က ဆုံးရှုံးရတော့မည့်ဆဲဆဲဖြစ်နေလေပြီ။
သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူသည် သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ အဖြူရောင်ရစ်ငှက်ကို သတိလက်လွတ်ဖြင့် ကြည့်ချင်နေ၏။
အဖြူရောင်ရစ်ငှက်သည် ပိန်းပိတ်အောင်နက်မှောင်နေသော မျက်လုံးတစ်စုံကလွဲလျှင် တစ်ကိုယ်လုံးဖြူစွတ်နေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက အဖြူရောင်ရစ်ငှက်၏ မျက်လုံးများနှင့် ဆုံမိသွားသည်။
အဖြူရောင်ရစ်ငှက်၏ မျက်လုံးများက အနည်းငယ်လှုပ်ရှားသွား၏။
ဝုန်း...
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်က ဗလာကျင်းသွားပြီး ထို့နောက်ချက်ချင်းပင် သူ၏ အသိစိတ်ကို ဆုံးရှုံးသွားရသည်။
တစ်ချိန်တည်းမှာပင်။
ဓားကမ္ဘာ၊ ဓားသင်္ချိုင်းတောင်ထွတ်မှာ။
ရုတ်တရက် တံခါးပိတ်ကျင့်ကြံနေသော ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး သုန်မှုန်နေသော အမူအရာဖြင့် မတ်တတ်ထရပ်လာခဲ့၏။
စောစောက သိုင်းတာအိုပင်မခန္ဓာတွေ့ကြုံနေသည့်အရာကို သူကလည်း အာရုံခံမိခဲ့သည်။
သို့သော်လည်း စောစောကတင် သူသည် သိုင်းတာအိုပင်မခန္ဓာနှင့်ဆက်သွယ်မှုကို နောက်တစ်ဖန် ဆုံးရှုံးသွားရသည်။
သူက ဘယ်လိုပင်ကြိုးစားဆက်သွယ်ကြည့်သည်ဖြစ်စေ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို အာရုံမခံနိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဤလောက၏ ပါးလွှာသောလေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့်အလားပင်။
ဆူဇီမိုက အလေးအနက်စဥ်းစားတွေးတောနေ၏။
သူသည် ဤခံစားချက်ကို တစ်ခါတွေ့ကြုံခဲ့ဖူးပြီး အဲဒါနှင့်စိမ်းသက်နေခြင်း မရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိကနေ ငရဲကမ္ဘာသို့ ကျဆင်းသွားစဥ်က အစစ်အမှန်ခန္ဓာနှစ်ခုကြား ဆက်သွယ်မှုက လုံးဝပြတ်တောက်ခဲ့သည်။
စောစောက ဖြစ်ပျက်ခဲ့သောမြင်ကွင်းက ထိုပုံစံနှင့်တူနေသည်။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သိုင်းတာအိုပင်မခန္ဓာက အထက်ဘုံလောကကနေ နောက်တစ်ဖန်ထွက်ခွာပြီး ငရဲကမ္ဘာကဲ့သို့ အပြိုင်လောကတစ်ခုကို ဝင်ရောက်သွားတာလား။
သို့သော်လည်း အဲဒီမှာ ဘာလို့ မည်သည့်လက္ခဏာမှ မရှိရတာလဲ။
သူသည် ငရဲကမ္ဘာသို့ ကျဆင်းသွားသည်မှာ သင်္ချိုင်းစောင့်က သူ့ကိုထူးဆန်းသောရေတွင်းထဲသို့ တွန်းချခဲ့သောကြောင့်ဖြစ်သည်။
သို့သော်ယခု ဘာဖြစ်သွားခဲ့တာလဲ။
ဆူဇီမိုက မဆင်မခြင်မပြုမူရဲပေ။
ယခုအချိန်မှာ သူသည် ဗလာနယ်ဝိညာဥ်ပကတိအင်မော်တယ်တစ်ဦးသာဖြစ်သည်။ သူက အခင်းဖြစ်ပွားရာနေရာသို့ မဆင်မခြင်သွားရောက်မည်ဆိုလျှင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ကြီးမားသောအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။
မည်သို့ပင်ဆိုစေ ထိုနေရာတွင် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်တစ်ပါးရှိလေသည်။
“အဖြူရောင်ရစ်ငှက်”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
အဲဒါသည် ကြယ်တာရာကောင်းကင်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာသော အဖြူရောင်ရစ်ငှက်နှင့် ပတ်သက်ဆက်စပ်နေမလား။
ဆူဇီမိုသည် ချက်ချင်းပင် လှုပ်ရှားမှုပြုလုပ်လိုက်၏။ သူက သဲလွန်စတချို့ကို ရှာဖွေလိုပြီး အသင်္ချေဓားနန်းတော်မှ ရှေးဟောင်းစာအုပ်များ သိုလှောင်ထားသည့်ခန်းမသို့ ဦးတည်လိုက်လေသည်။
တစ်ရက်ကြာပြီးနောက်...။
သူသည် နောက်ဆုံးမှာ အထွတ်အထိပ်ကောင်းကင်ဘုံခေတ်ကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ထဲတွင် အဖြူရောင်ရစ်ငှက်အကြောင်း တွေ့ရှိလိုက်ရ၏။
ငါက လမ်းမှာ အဖြူရောင်ရစ်ငှက်တစ်ကောင်နဲ့ တွေ့ဆုံခဲ့တယ်... အဲဒါက နိမိတ်ဆိုးပဲ။
အဲဒီမှာစာကြောင်းတစ်ကြောင်းသာရှိပြီး မည်သည့်ရှင်းလင်းချက်မှမရှိပေ။
ဆူဇီမိုသည် အဖြူရောင်ရစ်ငှက်အကြောင်း အသင်္ချေဓားနန်းတော်မှ ဧကရာဇ်များကို မေးမြန်းကြည့်သော်လည်း သူက မည်သည့်အဖြေကိုမှ မရရှိခဲ့ပေ။