← Chapters

အပြစ်ဒဏ်

Vol. 190 Ch. 2838

အပြစ်ဒဏ်

Vol. 190 Ch. 2838

အာရှဲ့က သူ့ကို ဘယ်အချိန်တုန်းက ကျောက်းစိမ်းဆွဲပြားပေးခဲ့သလဲ သိုင်းတာအိုပင်မခန္ဓာက မမှတ်မိပေ။

သို့သော်လည်း ထိုကျောက်စိမ်းဆွဲပြားမရှိလျှင် သူသည် ရယ်စရာကောင်းသောအိပ်မက်တစ်ခုကို မက်ခဲ့သည်ဟုသာ သူက တကယ်ပဲ ထင်မိပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် ဖြစ်ပျက်ခဲ့သည့် အရာနှင့်ပတ်သက်၍ မစဥ်းစားတတ်ပေ။

သူက ကျောက်စိမ်းဆွဲပြားကို အတန်ကြာအောင် ထပ်တလဲလဲစစ်ဆေးကြည့်နေသော်လည်း ထူးခြားသောမည်သည့်အရာကိုမှ ရှာမတွေ့နိုင်ပေ။

ဤအရာသည် အလွန်တရာသာမန်ဆန်သော ကျောက်စိမ်းပစ္စည်းတစ်ခုသာဖြစ်ပုံရသည်။

သိုင်းတာအိုပင်မခန္ဓာက အတန်ကြာအောင် စဥ်းစားတွေးတောပြီးနောက် ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းလိုက်၏။

ထိုအခိုက်အတန့်မှသာ သူ၏ လက်ဖဝါးမှ မီးတောက်စာလုံးအမှတ်အသားက ပျောက်ကွယ်သွားပြီကို သူကနားလည်သိရှိလိုက်သည်။

သူ၏ ခန္ဓာကိုယ်ရှိ ထိခိုက်ဒဏ်ရာများကပင် ပျောက်ကွယ်သွားပြီကို သိရှိလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာသည် စေ့စေ့စပ်စပ်စစ်ဆေးကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ထူးခြားမှုမည်သည့်အရာကိုမှ မတွေ့ရတော့ပေ။

သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သော ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်က ဘယ်ကိုရောက်သွားသလဲ မသိရပေ။

အဲဒါက ထူးဆန်းလွန်းသည်။

သူသည် အိပ်မက်တစ်ခုသာမက်ခဲ့သည့်အလားပင်။ နှစ်တစ်ရာဘဝတစ်ခုမှာနေထိုင်ပြီး မော်တယ်လောကမှာ ကျင်လည်ကျက်စားပြီးနောက် သူ၏ ထိခိုက်ဒဏ်ရာများအားလုံးက ပျောက်ကွယ်သွားခဲ့သည်။

ထိုအတွေ့အကြုံသည် အရမ်းကို ထူးခြားဆန်းကြယ်ပြီး လောလောဆယ်မှာ သူစဥ်းစားမရနိုင်သည့် ကျိုးကြောင်းမဆီလျော်သောအချက်များစွာရှိလေသည်။

အကန့်အသတ်မဲ့၍ နက်ရှိုင်းသောကြယ်တာရာကောင်းကင်ထဲမှာ သူ၏ ခြေဖဝါးအောက်တွင် ​ကျယ်ပြောသော ကြယ်စင်စုများက တိတ်တဆိတ်လှည့်ပတ်စီးဆင်းနေ၏။ ဘေးပတ်ဝန်းကျင်က ဗလာကျင်း၍ တိတ်ဆိတ်ငြိမ်သက်နေသည်။ သိုင်းတာအိုပက်မခန္ဓာသည် အသက်တစ်ချက်ရှိုက်၍ လောလောဆယ်မှာ သူ့စိတ်ထဲတွင် မေ့ဖျောက်မရသည့် ဤအတွေ့အကြုံကို ယာယီသိမ်းဆည်းထားလိုက်သည်။ သူက လေဟာနယ်လှိုင်းများပေါ် တက်လှမ်းပြီး သိပ်မကြာခင် ပျောက်ကွယ်သွားသည်။

အပြစ်သားကုန်းမြေ ဆယ်ခုထဲမှတစ်ခု တမလွန်ကိုးဘုံအပြစ်သားကုန်းမြေက ခြေမွှဖျက်ဆီးခံခဲ့ရသည်။ ဤကိစ္စသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကြီးမားစွာ အုန်းအုန်းကျက်ကျက်ဖြစ်သွားစေလေသည်။

အပြစ်သားကုန်းမြေဆယ်ခုကို အထက်ဘုံလောက၏ လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးအဖွဲ့အစည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက နောက်ခံပေးထားသည်။

သမိုင်းတစ်လျှောက်မှာ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ပြီး မရေမတွက်နိုင်သောမျိုးနွယ်စုများက အချိန်မြစ်ထဲမှာ နစ်မြုပ်သွားခဲ့သည်။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကသာ အမြဲတမ်း ရပ်တည်နိုင်ခဲ့လေသည်။

သို့သော်ယခု တမလွန်ကိုးဘုံအပြစ်သားကုန်းမြေက ချိုးဖျက်ခံရပြီး အဲဒါက ဘာအဓိပ္ပါယ်ကို ဆောင်နေသလဲ။

သည်ဘက်မျိုးဆက်မှာ တစ်ယောက်ယောက်သည် မွန်းမြတ်ကောင်းကင်ဘုံကမ္ဘာကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်းတစ်ခုခုကို ပေါ်ပေါ်ထင်ထင်ရန်စလိုက်သည်ဟု ဆိုလိုလေသည်။

ဒါ့အပြင် ရုတ်တရက်ဆန်လွန်းပြီး ပြင်းထန်ကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

အပြစ်သားကုန်းမြေ ဆယ်ခုထဲမှတစ်ခုက ကြေမွသွားပြီး ယက္ခိုသ်အပြစ်သားစိတ်ဝိညာဥ်ပေါင်း သန်းရာချီက ထွက်ပြေးလွတ်မြောက်သွားသည်။

“မင်းကြားပြီးပြီလား... အပြစ်သားကုန်းမြေတယ်ခုထဲက တစ်ခုက ဖျက်ဆီးခံခဲ့ရတယ်”

“ယက္ခိုသ်အပြစ်သားစိတ်ဝိညာဥ်သန်းပေါင်းရာချီကလည်း တစ်စွန်းတစ်စမကျန်လေထဲမှာ ပျောက်ကွယ်သွားတယ်လို့ ပြောကြတယ်”

“မပူပါနဲ့... မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အဲဒီအပြစ်သားစိတ်ဝိညာဥ်တွေကို လိုက်လံဖမ်းဆီးဖို့ ဆုကြေးထုတ်ထားပြီးပြီ... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ကြီးမားတယ်ဆိုပေမဲ့... ဒီလောက်များပြားတဲ့ ယက္ခိုသ်အပြစ်သားစိတ်ဝိညာဥ်တွေက ဘယ်နေရာမှာသွားပြီး ပုန်းကွယ်နိုင်မှာလဲ”

“အမှန်ပဲ... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘယ်ကမ္ဘာက ယက္ခိုသ်အပြစ်သားစိတ်ဝိညာဥ်တွေကို လက်ခံထားရဲမှာလဲ.... အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ပေါ်ပေါ်တင်တင် ရန်ဘက်ဖြစ်လိုက်တာနဲ့ အတူတူပဲမလား”

“ပြောလို့တော့မရဘူး... တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ခြေမွှဖျက်ဆီးခဲ့တဲ့ အဲဒီလူတွေကလဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ရန်သူတွေဖြစ်လာခဲ့ပြီမလား”

“ပြောရမယ်ဆိုရင် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ဘယ်သူက ခြေမွှဖျက်ဆီးလိုက်တာလဲ... မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူအတော်တော်များများကလည်း အဲဒီနေရာမှာ သေသွားခဲ့တယ်လို့ ငါကြားတယ်”

“ငါလည်းမပြောတတ်ဘူး... အဲဒီလူကို မွန်​မြတ်ကောင်းကင်ဘုံကမ္ဘာက သတ်ဖြတ်ပြီးလောက်ပြီ... ဒီလိုမျိုး ကြီးကြီးမားမားရုတ်ရုတ်သဲသဲအခြေအနေနဲ့ဆိုရင် သူက ဘယ်လိုလုပ် ထွက်ပြေးလွတ်မြောက်နိုင်တော့မှာလဲ”

“ဒီကမ္ဘာမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် တကယ်ပဲ ဖြစ်လာတော့မှာလား… ကပ်ဘေးတစ်ခုက တကယ်ပဲ ဆင်းသက်လာတော့မှာလား”

ဤကိစ္စသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပျံ့နှံ့သွားပြီး အတော်လေးကြီးမားသည့် ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ် ဖြစ်ပေါ်လာစေသည်။

တစ်ချိန်တည်းမှာပင် ကောလာဟလပေါင်းစုံက ပျံ့နှံ့လာခဲ့၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို စိန်ခေါ်ခဲ့သည့်သူက ပုန်းလျှိုးနေသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခုက ဖြစ်သည်ဟု ပြောကြသည်။

အပြစ်သားစိတ်ဝိညာဉ်များက တစ်ကြော့ပြန်ပုန်ကန်လာလောက်သည်ဟု ပြောဆိုသူများလည်းရှိကြသည်။

မိစ္ဆာအရှင်က ပြန်လာတော့မည်ဟု ပြောဆိုသည့်သူများပင် ရှိလေသည်။

ဓားကမ္ဘာ၊ ဓားသင်္ချိုင်းတောင်ထွတ်မှာ။

တောင်ထွတ်သခင်၏ လိုဏ်ဂူခန်းဝါထဲမှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေ၏။

သူ၏ ဒူးပေါ်မှာ တဖျတ်ဖျတ်တလက်လက်ကျောက်စိမ်းရောင်ဓားတစ်လက်ကို တင်ထားပြီး သူက မျက်လုံးနှစ်ဖက်မှိတ်ကာ အနားယူနေ၏။

သူသည်လည်း အပြင်လောကမှာ ပျံ့နှံ့နေသည့် ကောလာဟလများစွာကို ကြားရလေသည်။

တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ ယက္ခိုသ်မျိုးနွယ်ကလွဲလျှင် အခြားမည်သူကမှ ဖြစ်ပျက်ခဲ့သည့်အရာကို မသိရှိကြပေ။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို မည်သူကမှာ မသိကြပေ။

ဆူဇီမိုသည် ထိုကောလာဟလများနှင့်ပတ်သက်၍ စိတ်ထဲမှာ ထည့်မှတ်မထားပေ။

သူ့အတွက်တော့ အရေးကြီးလုပ်စရာ တစ်စုံတစ်ရာရှိနေသည်။

သူသည် ဗလာနယ်ဝိညာဉ်နယ်ပယ်ကို ဝင်ရောက်လာပြီးနောက် နှစ်တစ်ထောင်ကျော် ကြာသွားခဲ့ပြီဖြစ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ နောက်တစ်ဖန်ဝင်ရောက်နိုင်လေပြီ။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဦးတည်သည်နှင့် သူက ကြီးမားသည့် အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ရကောင်းရင်ဆိုင်ရနိုင်သည်။

ဤအန္တရာယ်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ လက်စားချေမှုကနေသာ လာခြင်းမဟုတ်ပေ။

ဆူဇီမိုသည် တစ်ချိန်လုံးမလှုပ်ရှားခဲ့သည်မှာ သူသည် သင့်လျော်သည့် အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေသောကြောင့်ဖြစ်သည်။

ယခုက အချိန်ကျလေပြီ။

ဆူဇီမိုသည် သူ၏ လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး ချင်းဖျင်ဓားပေါ်မှာ တင်လိုက်၏။

သူက ဓားကို ညင်သာစွာသပ်ပြီး ဓားဖျားတွင်ရပ်တန့်ကာ သူ၏ လက်ညှိုးဖြင့် ညင်သာစွာတောက်လိုက်၏။

ဇီ…

ဓားက အနည်းငယ်တုန်ခါပြီး ကြည်လင်ရှင်းလင်းသော ဓားတေးသံကို ထွက်ပေါ်လာစေ၏။

ဓားသည် သူ့သခင်၏ နှလုံးသားကို အာရုံခံမိသည့်အလား ချင်းဖျင်ဓားသည် သတ်ဖြတ်လိုသော အော်ရာတစ်ခုနှင့်အတူ တိုက်ပွဲဝင်စိတ်ဝိညာဉ်တစ်ခုကို ထုတ်ဖော်လိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ညင်သာစွာဖွင့်လိုက်၏။

သူက ထို့သို့ပြုလုပ်ရင်း သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ကြည်လင်ရှင်းလင်းနေ၏။

ဆူဇီမိုသည် ချင်းဖျင်ဓားကို သိမ်းဆည်းပြီး မတ်တတ်ထရပ်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ နောက်တစ်ဖန်ဝင်ရောက်ရန် ပြင်လိုက်၏။

ထိုစဉ်မှာပင် လိုဏ်ဂူခန်းဝါထဲမှ ထူးခြားသော ဓားတေးသံကို ကြားလိုက်ရသည့်အလား ပေမင်ရွှယ်က တံခါးကို ညင်သာစွာခေါက်လာခဲ့သည်။

ဆူဇီမို၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူမက အထဲကို လှမ်းဝင်လာခဲ့သည်။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ နှစ်တစ်ထောင်ကြာသွားခဲ့ပြီဖြစ်သည်။

ဤအချိန်အတောအတွင်း ဆူဇီမိုသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုနှင့် တဗူးလျှို့ဝှက်အတတ်တစ်ခုကို နားလည်ဆင်ခြင်ခဲ့ပြီး နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးခဲ့လေသည်။ ကြီးမားများပြားသော ကျင့်ကြံရေးအရင်းအမြစ်များနှင့်အတူ သူသည် တစ်ထိုင်တည်း အဆင့်ချိုးဖျက်တက်လှမ်းပြီး ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းလာခဲ့သည်။

ပေမင်ရွှယ်ကတော့ သူမ၏ ကျင့်ကြံမှုသည် များစွာပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ သူမသည် အစစ်အမှန်သိုင်းနယ်ပယ်၏ စဦးကျွမ်းကျင်မှုမှသာရှိနေသေးသည်။

သူသည် ပေမင်ရွှယ်၏ ကျင့်ကြံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မနေပေ။

သူမမှာ ယခုထိ အပြည့်အဝနားလည်ဆင်ခြင်ရခြင်းမရှိသေးသည့် ဓားတာအို၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုရှိနေဆဲဖြစ်သည်။ သူမက အဲဒါကို နားလည်ဆင်ခြင်မိသည်နှင့် သူမအတွက် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုတစ်ရပ်က ရောက်ရှိလာပေလိမ့်မည်။

“ဆရာ တစ်ခုခုဖြစ်လို့လား”

ပေမင်ရွှယ်က မေးလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး”

ဆူဇီမိုက သာမန်ကာလျှံကာ ပြောလိုက်သည်။

“ငါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို နောက်တစ်ခါပြန်သွားမလို့”

“ဟမ်”

ပေမင်ရွှယ်က မှင်တက်သွား၏။

သိပ်မကြာခင် ပေမင်ရွှယ်က တုံ့ပြန်လိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ကိစ္စတစ်ခု တကယ်ပဲ ဖြစ်သွားခဲ့တယ်”

“တမလွန်ကိုးဘုံအပြစ်သားကုန်းမြေက ချိုးဖျက်ခံလိုက်ရလို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေက ဒေါသချောင်းချောင်းထွက်နေတယ်လို့ ပြောကြတယ်… ကျန်ရှိနေတဲ့ အပြစ်သားကုန်းမြေဆယ်ခုက အပြစ်သားစိတ်ဝိညာဉ်တွေကို အပြစ်ပေးဖို့အတွက် သူတို့က အပြစ်သားကုန်းမြေကိုးခုမှာရှိတဲ့ အပြစ်သားစိတ်ဝိညာဉ်တွေအားလုံးကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေထဲ ပစ်ထည့်လိုက်တယ်”

“ဟမ်”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ပေမင်ရွှယ်က ဆက်ပြောလိုက်၏။

“နောက်ပြီး နှစ်တစ်ထောင်ကြာမှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပြန်ပြီးဝင်ရောက်နိုင်တဲ့ ကန့်သတ်မှုကို ဖြေလျှော့လိုက်တယ်လို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ထုတ်ပြန်ခဲ့တယ်… အခုချိန်မှာ ကမ္ဘာကြီးတွေအားလုံးက မျိုးနွယ်စုတစ်သောင်းသက်ရှိတွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို အချိန်မရွေးဝင်ရောက်နိုင်ကြပြီ”

အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။

ဤကန့်သတ်ချက်ကို ဖြေလျှော့လိုက်သည်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ထိပ်သီးပကတိစိတ်ဝိညာဉ်ပညာရှင်များသည် အချိန်တိုအတွင်းမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဝင်ရောက်လာကြပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အရမ်းကိုကြီးမားသည့် သွေးသံရဲရဲ အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုတစ်ခုက သေချာပေါက်ဖြစ်ပွားလာပေလိမ့်မည်။

ကမ္ဘာတစ်ထောင်လောကမှာ သက်ရှိများသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ကြတော့မည်ဖြစ်သည်။

ဤသည်မှာ အပြစ်သားကုန်းမြေကိုးခုအပေါ် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပြစ်ဒဏ်ဖြစ်သည်။

“ဟုတ်ပြီလေ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

“ငါတို့က ဒီလိုရှားရှားပါးပါးပွဲတော်တစ်ခုကို လက်လွှတ်ရမယ်ဆိုရင် နှမြောစရာပဲ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အခြေအနေက သူ့အပေါ်ကို သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရောက်ချင်နေသည့် အကြောင်းအရင်းမှာ ပထမအချက် သူသည် တိုက်ပွဲရမှတ်အချို့ကို စုဆောင်းပြီး သူ၏ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေရန် ရတနာစေတီမှ အဖိုးတန်ရတနာများကို လဲလှယ်ရယူချင်သောကြောင့်ဖြစ်သည်။ အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ခြင်းဖြင့်သာ တိုက်ပွဲရမှတ်များကို ရရှိနိုင်ခြင်း မဟုတ်ပေ။

သူ၏ ဒုတိယရည်ရွယ်ချက်က ဤခရီးစဉ်၏ အရေးကြီးဆုံးအချက်ဖြစ်လေသည်။

သူသည် အမှောင်ထဲမျာ ပုန်းလျှိုးနေသည့် အကျပ်အတည်းကို ဖြေရှင်းလိုလေသည်။

သူသည် အပြင်ဘက်သို့ မထွက်ဘဲ ဓားကမ္ဘာမှာ တစ်ချိန်းလုံးပုန်းကွယ်နေမည်ဆိုလျှင် ဤအန္တရာယ်က ဘယ်တော့မှပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

ထိုအစား အဲဒါသည် သူ့အတွက်ကြီးမားသည့် ပြဿနာတစ်ရပ် အမြဲတမ်းဖြစ်နေပေလိမ့်မည်။

All Chapters