မကျေနပ်သူများ
Vol. 190 Ch. 2840
သို့သော်လည်း သိပ်မကြာခင် ဆူဇီမိုသည် အဲဒါကိုတွေးပြီး ကိစ္စက ထိုသို့မဖြစ်လောက်ဟု ခံစားမိလာ၏။
ထိုလူ၏ အကွက်ချကြံစည်တတ်သောနည်းလမ်းများအရ သူ၏ အိတ်ကပ်ထဲမှာ တစ်စုံတစ်ရာရှိနေနိုင်လေသည်။
ဤကိစ္စကို ကောင်းကောင်းစီစဥ်နိုင်ဖို့အတွက် သူသည် သူ၏ ရင်ထဲရှိ ရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်ကိုပင် ဖိနှိမ်လိုက်သည်။
ယင်ယန်အဆောင်သုတ္တန်ကို ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်သော်လည်း လူတစ်ယောက်က အတွေးများလွန်းမည်ဆိုလျှင် သူတို့သည် သဲလွန်စများကို သေချာပေါက် ချန်ရစ်မိပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ အတွေးများကို တဖြည်းဖြည်းရုပ်သိမ်းပြီး သူ၏ စိတ်ကို ဗလာကျင်းစေလိုက်၏။
တောင်ထွတ်သခင်ရှစ်ဦးသည် သံသရဖူဆောင်းအဖိုးအိုထံမှ သတင်းပို့အဆောင်ကိုရရှိပြီးနောက် စိတ်သက်သာရာရသွားကြသည်။
လုယွင်က ပြောလိုက်၏။
“ဒီလိုဆိုရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကိုသွားမယ့် ဒီခရီးစဥ်က စိုးရိမ်စရာမရှိလောက်တော့ဘူး”
“ကံသေကံမ ပြောဖို့ခက်တယ်”
ဇင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က အတော်လေးသတိထားနေဆဲဖြစ်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့တွေက ကြားဝင်စွက်ဖက်လို့မရဘူးဆိုတာ မမေ့လိုက်နဲ့... ဧကရာဇ်တွေတောင်မှ ကြားဝင်စွက်ဖက်နိုင်မှာ မဟုတ်ဘူး”
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ယုလန်က ပြောလိုက်၏။
“လင်းရွှင်ကျန်းကို ရောင်းရင်းဆူနဲ့ ပူးပေါင်းခိုင်းလိုက်မယ်…. သူက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားပြီး သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အတော်လေးမြင့်တက်လာပြီ သူတို့နှစ်ယောက်စလုံးက ပူးပေါင်းထားမယ်ဆိုရင် သူတို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးနိုင်လိမ့်မယ်”
“အဲဒါက အကောင်းဆုံးပဲ”
အခြားသောတောင်ထွတ်သခင်များကလည်း ခေါင်းညိတ်ပြလိုက်ကြ၏။
ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ဖုန့်ရှုက ပြောလိုက်၏။
“တကယ်တော့ ငါတို့တွေက သိပ်ပြီးတော့လည်း စိုးရိမ်နေစရာမလိုပါဘူး… ဘာပဲပြောပြော သူတို့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတွေ ရှိနေတာပဲ… သူတို့က အခြေအနေမဟန်ဘူးဆိုတာသိရင် ညီကိုဆူနဲ့ လင်းရွှင်ကျန်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ချက်ချင်းထွက်လာလို့ရတာပဲ”
ထိုသို့ဆိုသော်လည်း ထိုအချိန်မှာ မည်သည့်အရာဖြစ်ပျက်မည်ကို မည်သူကမှာ အာမမခံနိုင်ပေ။
အရင်တုန်းက လင်းရွှင်ကျန်းသည် ရှန့်မုန်၏ ကြယ်တာရာအကျဉ်းထောင်ဖြင့် အေးခဲခံခဲ့ရပြီး သူမ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက လုယူခံရကာ အထဲမှာ သေလုမတတ်ဖြစ်ခဲ့ရသည်။
ရှန့်မုန်နှင့် တခြားသူများကတော့ သူတို့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများ ရှိနေသော်လည်း သူတို့သည် ဆူဇီမိုထံမှာ ဓားချက်တစ်ချက်စီဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
လူတိုင်းသည် သူတို့၏ ဂေဟာများသို့ ပြန်လည်ရောက်ရှိလာပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်လိုက်ကြ၏။ သူတို့သည် အသင်္ချေဓားနန်းတော်မှာ စုဝေးလိုက်ကြပြီး တောင်ထွတ်သခင်ရှစ်ဦးက လူတိုင်းကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဦးဆောင်ခေါ်သွားမည်ဖြစ်သည်။
ဆူဇီမိုနှင့် လင်းရွှင်ကျန်းအပြင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဤခရီးစဉ်မှာ လိုက်ပါလိုသော တခြားဓားတောင်ထွတ်များမှာ ပကတိအင်မော်တယ်တချို့လည်း ရှိကြသည်။
ဥပမာအားဖြင့် ဓားသင်္ချိုင်းတောင်ထွတ်၏ ပေမင်ရွှယ်နှင့် အဆုံးစွန်ဓားတောင်ထွတ်၏ ယွင်ထင်။
သူသည် ယခင်က တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် သူသည် ယခင်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ပွဲကို ကိုယ်တိုင်မမြင်တွေ့နိုင်ခဲ့ပေ။
ထို့ကြောင့် ယွင်ထင်သည် ဤတစ်ခေါက် လက်လွှတ်မခံချင်ပေ။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားနံပါတ်တစ်ပကတိအင်မော်တယ်များကလည်း အသင်္ချေဓားနန်းတော်သို့ စုဝေးရောက်ရှိလာကြသည်။
သို့သော်လည်း တောင်ထွတ်သခင်များကြား ဆွေးနွေးပြောဆိုမှုအပြီး၌ ပေမင်ရွှယ်၊ ယွင်ထင်၊ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် တခြားသူများ၏ တိုက်ပွဲများကို စောင့်ကြည့်ရန်သာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ လိုက်ပါလာရမည်ဖြစ်ပြီး သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ မဝင်ရောက်ရဟု ဆုံးဖြတ်လိုက်ကြသည်။
ဤတစ်ခေါက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ကန့်သတ်မှုများကို ဖြေလျှော့ပေးထားပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသည် ပြိုင်စံရှားများ၊ ပြန်ဝင်စားမွန်းစတားများနှင့် ပြည့်နှက်နေပေလိမ့်မည်။
ဒါ့အပြင် ထိုနေရာမှာ မဟာအပြစ်သားစိတ်ဝိညာဉ်ဆယ်ဦးလည်းရှိနေသည်။ အထဲမှာ ရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ အရေအတွက်က ဆပွားတိုးလာခြင်းနှင့်အတူ မည်ကဲ့သို့သော အန္တရာယ်များဖြစ်ပေါ်လာမည်ကို မည်သူကမှ မသိနိုင်သေးပေ။
ဆူဇီမိုနှင့် လင်းရွှင်ကျန်းကလွဲလျှင် အခြားမည်သူမဆို အထဲကို ဝင်ရောက်ဖို့က စွန့်စားရာကျလွန်းလေသည်။
ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှာ။
ကောင်းကင်ဘုံမျက်လုံးသက်ရှိများစွာသည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ အလယ်ဗဟိုရှိရာသို့ အဘက်ဘက်ကနေ ဦးတည်လာနေကြ၏။ ထိုနေရာမှာရှိသော လေဟာနယ်က နက်ရှိုင်းစွာ ပြိုကျနေ၏။
အဝေးကနေကြည့်လျှင် ၎င်းသည် ကြယ်တာရာကောင်းကင်ထဲမှာ ကင်းလှည့်နေသော ဧရာမမျက်လုံးတစ်လုံးနှင့် တူလေသည်။
ဤနေရာသည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ အရေးကြီးနေရာတစ်ခုဖြစ်သည်။
ပကတိစိတ်ဝိညာဉ်နယ်ပယ်နှင့် အထက်မှာရှိသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိများသာလျှင် ဤနေရာသို့ ဝင်ရောက်ဖို့ အဆင့်မီ၏။ ဝင်ပေါက်ဝကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ကွဲပြားခြားနားသော လောကတစ်ခုသို့ ဝင်ရောက်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ ဘုရင်အေးစက်မျက်လုံးအပါအဝင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဘုရင်များစွာသည် ဤနေရာမှာရှိသော ကောင်းကင်ဘုံမျက်လုံးခန်းမမှာ စုဝေးရောက်ရှိနေကြ၏။ ခန်းမ၏ အောက်ဘက်မှာ စုဝေးရောက်ရှိလာသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ပကတိစိတ်ဝိညာဉ်များက ပို၍ပို၍ များပြားလာ၏။
ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များကြားမှာ မျက်လုံးနှစ်ဖက်မှိတ်ထားသော အမျိုးသားတစ်ဦးက ရှေ့ဆုံးမှာ မတ်တတ်ရပ်နေလေသည်။ သူ၏ အဝတ်အစားများက အတော်လေးထူးခြားပြီး အနက်ရောင်နှင့်အဖြူရောင်ကို အလယ်မှာ ပိုင်းခြားထားကာ အနက်တစ်ခြမ်းအဖြူတစ်ခြမ်းဖြစ်နေသည်။
ကောင်းကင်ဘုံမျကလုံးပကတိစိတ်ဝိညာဉ်များအားလုံး ရောက်ရှိလာပြီးနောက် သူတို့သည် ရိုသေလေးစားသော အမူအရာများနှင့် လူငယ်၏ နောက်ဘက်မှာ ရပ်လိုက်ကြပြီး သူ့ရှေ့ကို မည်သူကမှာ ကျော်မတက်ရဲပေ။
အနက်နှင့်အဖြူ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားသည် ပကတိစိတ်ဝိညာဉ်တစ်ဦးသာဖြစ်သော်လည်း သူ၏ အော်ရာသည် ခန်းမ၏ အထက်မှာရှိသော ဘုရင်များနှင့်ယှဉ်လျှင်ပင် လုံးဝအားနည်းခြင်းမရှိပေ။
“အားလုံးပဲ… မင်းတို့လည်း ကြားပြီးသွားလောက်ပြီလို့ငါထင်တယ်”
ဘုရင်အေးစက်မျက်လုံးသည် သူ၏ ကလန်သားများအားလုံးနီးပါး ရောက်ရှိလာပြီကို တွေ့မြင်သောအခါ သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ကန့်သတ်မှုကို ဖယ်ရှားလိုက်ပြီ… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေရဲ့ အရေအတွက်က ဆပွားတိုးလာခဲ့တယ်.. အဲဒါက တိုက်ပွဲရမှတ်တွေကို စုဆောင်းဖို့ ပိုပြီးလွယ်ကူလာစေတယ်… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ပကတိစိတ်ဝိညာဉ်တွေကလည်း အဲဒီနေရာကို အုံလိုက်ကျင်းလိုက်လာနေကြပြီ”
“ငါတို့မျိုးနွယ်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အမြဲတမ်းလိုလို စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိခဲ့တယ်… ငါတို့ရဲ့ အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးက တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာတောင် ရပ်တည်နိုင်ခဲ့ကြတယ်....”
ထိုနေရာအရောက်တွင် ဘုရင်အေးစက်မျက်လုံးက အနည်းငယ်ရပ်တန့်ပြီး သုန်မှုန်နေသော အမူအရာဖြင့် အေးစက်စွာပြေလိုက်၏။
“ဒါပေမဲ့… လွန်ခဲ့တဲ့နှစ်တစ်ထောင်က သူတို့ထဲကတစ်ယောက်ကတော့ ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်သခင်ရဲ့ လက်ထဲမှာ သေခဲ့ရတယ်”
ဤကိစ္စသည် အထက်ဘုံလောကမှာ ပျံ့နှံ့နေခဲ့ပြီးသားဖြစ်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူတိုင်းက ထိုအကြောင်းကို သိရှိထားကြသည်။
“လက်စားချေရမယ်”
“သွေးအတွက်သွေးပဲ”
အောက်ဘက်မှာရှိသော လူအုပ်ကြီးက စိတ်ဆိုးမာန်ဆိုးဖြစ်လာပြီး ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များစွာက အော်ဟစ်ပြောဆိုလိုက်ကြ၏။
ဘုရင်အေးစက်မျက်လုံးက ခေါင်းညိတ်ပြလိုက်၏။
“အမှန်ပဲ… ဓားကမ္ဘာက တစ်ယောက်ယောက်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဒီတစ်ခေါက် ဝင်ရောက်လာရဲမယ်ဆိုရင် ငါတို့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က သူတို့ကို တန်ဖိုးတစ်ခု သေချာပေါက် ပေးဆပ်ခိုင်းရမယ်”
ထိုစဉ်မှာပင် အနက်နှင့်အဖြူဝတ်အမျိုးသားက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
သူ၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင် နက်မှောင်နေပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူစွတ်နေသည်။
သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ရိုးရှင်းသော အပြုအမူတစ်ခုနှင့်အတူ ဘေးပတ်ဝန်းကျင်လေဟာနယ်က အနည်းငယ်တုန်ခါလာပြီး တစ်မူထူးခြားသော စွမ်းအင်အတက်အကျတစ်ခု ပေါ်ထွက်လာသည်။
“မပူပါနဲ့”
အမျိုးသားက မှင်သေသေဖြင့် ပြောလိုက်သည်။
“အဲဒီတောင်ထွတ်သခင်ကို ကျုပ်တာဝန်ထားလိုက်ပါ”
ဘုရင်အေးစက်မျက်လုံးက ပြောလိုက်သည်။
“ရှယင်.. ငါက မင်းရဲ့ တိုက်ခိုက်ရည်ခွန်းအားနဲ့ပတ်သက်ပြီး စိုးရိမ်မနေဘူး… ဒါပေမဲ့ ပေါ့ပေါ့ဆဆမလုပ်နဲ့…. ဆူကျူးက ရှန်းမုန်နဲ့တခြားသူတွေကို သတ်ဖြတ်နိုင်တယ်ဆိုတော့ သူက အတော်လေးအစွမ်းအစရှိလို့ပဲ”
“ဟဲဟဲ…”
ရှယင်က ညင်သာစွာပြုံးလိုက်၏။
“သူက တကယ်ပဲ အစွမ်းအစရှိပါစေလို့ ကျုပ်မျှော်လင့်တယ်… သူက ကျုပ်ကို ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထုတ်ဖော်စေဖို့ ထိုက်တန်တယ်ဆိုရင် အကောင်းဆုံးပဲ”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် ရှယင်၏ နှာရောင်ပေါ်မှာ သွေးအမှတ်အသားက အနည်းငယ်ပွင့်ဟသွားပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုထွက်ပေါ်လာ၏။
သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များ၏ နှလုံးက တထိတ်ထိတ်ခုန်လာပြီး နောက်သို့ ခြေလှမ်းဝက်အလိုလိုဆုတ်လိုက်ကြ၏။
ဤအချိန်အတောအတွင်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လူတိုင်းနီးပါးသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်သည့် သတင်းကို လက်ခံရရှိလိုက်ကြသည်။
မရေမတွက်နိုင်သော ပြိုင်စံရှားများ၊ ပြန်ဝင်စားမွန်းစတားများနှင့် အန္တိမပကတိစိတ်ဝိညာဉ်များက တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာကြ၏။
ကမ္ဘာအမျိုးမျိုးမှ မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စုဝေးလာကြလိမ့်မည်ဖြစ်ပြီး အစုလိုက်ပြုံလိုက် သတ်ဖြတ်ပွဲကြီးတစ်ခုဖြစ်ပေါ်လာကြတော့မည်ကို လူတိုင်းက နားလည်သိရှိလိုက်ကြသည်။
တိုက်ပွဲရမှတ်များကို စုဆောင်းဖို့အတွက် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာများကို သတ်ဖြတ်ရင်း တိုက်ပွဲနယ်မြေမှာ အခြားသောပြိုင်စံရှားများက တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်ဖို့ အကောင်းမွန်ဆုံးအခွင့်အလမ်းတစ်ရပ်ကိုလည်း ရရှိလာကြပေလိမ့်မည်။
ဤသည်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မကြုံစဖူးထူးခြားအံ့မခန်း ပွဲစဉ်တစ်ခုဖြစ်လာပေလိမ့်မည်။
ကောင်းကင်ဘုံကမ္ဘာမှာ။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတွင်။
အင်မော်တယ်ဂိုဏ်းကြီးများထဲမှတစ်ဂိုဏ်း၊ အင်မော်တယ်ပျံဂိုဏ်း။
အစိမ်းရောင်တောင်တန်းများက အဆင့်ဆင့်ထပ်နေပြီး ကြည်လင်သော စမ်းချောင်းများက သူတို့ကိုဝိုင်းပတ်ထားလေသည်။
မဏ္ဍပ်တစ်ခုထဲမှာ... ရိုးရှင်းသော အပြာရောင်နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက သူမ၏ ဆံပင်ကို ဆံထုံးထုံးပြီး မတ်မတ်ထိုင်နေ၏။ သူမ၏ မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားပြီး သူမ၏ ရုပ်ရည်သွင်ပြင်ကို မတွေ့မြင်ရပေ။
ရှေးဟောင်းဒုံမင်းတစ်လက်ကို အမျိုးသမီး၏ရှေ့ စားပွဲပေါ်မှာ တင်ထားသည်။ ဘေးမှာရှိသော အမွှေးတိုင်မှ အစိမ်းရောင်မီးခိုးများက တွန်လိမ်ကာ ထွက်ပေါ်လာပြီး အမျိုးသမီး၏ ပုံရိပ်ကို မြူခိုးများအဖြစ်လွှမ်းခြုံကာ သူမကိုပို၍လေးနက်သိမ်မွေ့လာစေ၏။
ဒင်.. ဒင်...
အမျိုးသမီးက ဒုံမင်းကြိုးကို တီးခတ်လိုက်၏။ သူမ၏ နည်းစနစ်က ပြောင်မြောက်သော်လည်း ဒုံမင်းသံမှာ မုန်းတီးမှု၊ အလိုမကျမှုတို့နှင့် စိတ်ပျက်အားငယ်မှုတို့ ပါဝင်နေ၏။
“ကျော်ကြားလှတဲ့ ဒုံမင်းအင်မော်တယ်က ဒီလိုမျိုး သာယာနာပျော်ဖွယ်မကောင်းတဲ့သံစဥ်တစ်ခုကို တီးခတ်နေတယ်ဆိုတော့..”
ထိုစဉ်မှာပင် အဝေးကနေ အမျိုးသားတစ်ဦးက လျှောက်လှမ်းလာပြီး အနားကိုမရောက်ခင် လှမ်းအော်ပြောလိုက်၏။
မဏ္ဍပ်ထဲမှာ ဒုံမင်းတီးခတ်နေသောအမျိုးသမီးသည် မဟာနတ်မိမယ်လေးပါးထဲမှ တစ်ပါးဖြစ်ခဲ့သော ဒုံမင်းအင်မော်တယ်မုန့်ယောင်ဖြစ်သည်။
မုန့်ယောင်က ထိုလူကိုတစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုကာ သူမ၏ ဒုံမင်းကို ဆက်လက်၍တီးခတ်နေ၏။
အမျိုးသားက သူ၏ ကျောထက်မှာ ဓားရှည်တစ်လက်ကို လွယ်ထားပြီး သူက ထိခိုက်ဒဏ်ရာရရှိထားသည့်အလား သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။
လေပြည်တစ်ချက်တိုက်ခတ်သွားပြီး ဘေးတစ်ဘက်မှာရှိသော ဗလာကျင်းနေသည့် အင်္ကျီလက်စက တဖျပ်ဖျပ်လွင့်သွား၏။
လက်တစ်ဖက်ပြတ်အမျိုးသားသည် မုန့်ယောင်က တုံ့ပြန်မှုမရှိသည်ကိုတွေ့မြင်သောအခါ သူကပြုံးပြလိုက်၏။
“တာအိုရောင်းရင်းမုန့်ယောင်... မင်းရဲ့ရင်ထဲမှာ ရှုပ်ထွေးနောက်ကျိနေပြီပဲ... မင်းဘာလို့ ကိုယ့်ကိုကိုယ် ဖိအားပေးနေရတာလဲ”
“တည်ဆောက်သူသစ်ပင်တောင်ကြောရိုးက တိုက်ပွဲအပြီးမှာ လောကက ဒုံမင်းမိစ္ဆာကိုပဲ သိကြတော့တယ်... ဒုံမင်းအင်မော်တယ်ကို ဘယ်သူက အမှတ်ရနေတော့မှာလဲ။”