မုန်တိုင်းတစ်ခုအစပျိုးလာခြင်း
Vol. 190 Ch. 2841
ထန်…
မုန့်ယောင်က ထိုစကားကို ကြားသောအခါ ဒုံမင်းကြိုးက ရုတ်တရက် ပြတ်တောက်သွားသည်။ သူမက ဗလောင်ဆူနေသောအခြေအနေတစ်ရပ်မှာ ကျဆင်းနေသည်မှာ သိသာလေသည်။
လက်တစ်ဖက်ပြတ်အမျိုးသား၏ စကားလုံးများက သူမကို တကယ်ပင်အရှိုက်ထိသွားစေသည်။
မုန့်ယောင်က သူမ၏ ခေါင်းကိုမော့ပြီး အမျိုးသားကို အေးစက်စွာစိုက်ကြည့်လိုက်၏။
သူမက လှောင်ရယ်လိုက်သည်။
“ယွဲ့ဟွား… နင်ငါ့ကို လှောင်ပြောင်ဖို့အတွက် ဒီကိုရောက်လာတာဆိုရင် အဲဒါက မလိုပါဘူး”
“တည်ဆောက်သူသစ်ပင်တိုက်ပွဲအပြီးမှာ နင်လည်း အခြေအနေကောင်းခဲ့တာမှ မဟုတ်တာ”
လက်တစ်ဖက်ပြတ်အမျိုးသားသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်သည်။
တည်ဆောက်သူသစ်ပင်တောင်ကြောရိုး၏ တိုက်ပွဲမှာ ဓားအင်မော်တယ်ယွဲ့ဟွားသည် သိုင်းတာအိုပင်မခန္ဓာကြောင့် လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့ကို တက္ကသိုလ်ဂိုဏ်းချုပ်က ကယ်တင်ပေးခဲ့သည်။
သို့သော်လည်း ထာဝရပျက်သုဉ်းခြင်း၏ စွမ်းအားသည် သူ၏ အရိုးများထဲမှာ ကပ်ညှိနေသော ကလာပ်စည်းများကဲ့သို့ဖြစ်လေသည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်ထဲမှာ စွဲထင်ကျန်ရစ်နေပြီး အဲဒါကို အမြစ်ဖြတ်ဖယ်ရှားရှင်းလင်းလို့ မရနိုင်ပေ။
သူ၏ လက်ကို ပြန်မပေါက်စေနိုင်ပေ။
မုန့်ယောင်ကတော့ သူမသည် တည်ဆောက်သူသစ်ပင်အောက်၌ ဒုံမင်းယှဉ်ပြိုင်မှုမှာ ဒုံမင်းမိစ္ဆာချိုးစစ်လောကို ရှုံးနိမ့်ခဲ့ရသည်။
သူမ၏ အမျက်ဒေါသကို မထိန်းနိုင်ဘဲ သူမသည် ဒုံမင်းမိစ္ဆာကို သတ်ဖြတ်လိုခဲ့သည်။ သို့သော်လည်း သူမကို အထီးကျန်သိုင်းသခင်က တားဆီးပြီး သူမ၏ မျက်နှာက ဖျက်ဆီးခံခဲ့ရသည်။
သူမအတွက်တော့ ဤလုပ်ရပ်သည် သူမကို သတ်ဖြတ်သည်ထက်ပင် ပိုမိုရက်စက်ရာကျလေသည်။
ထိုတိုက်ပွဲတစ်ခုတည်းနှင့် သူမ၏ နာမည်ဂုဏ်သတင်းက ပျက်စီးသွားခဲ့ပြီး သူမ၏ ဂုဏ်ကျက်သရေများအားလုံး ပျောက်ဆုံးသွားခဲ့သည်။
လက်ရှိ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ နတ်မိမယ်လေးပါးဟူ၍ ပြောဆိုသောသူက မရှိသလောက်နီးပါးဖြစ်သွားခဲ့လေပြီ။ သူတို့ပြောကြသည်မှာ နတ်မိမယ်သုံးပါးသာဖြစ်သည်။
သူမမျက်နှာအပေါ် အထီးကျန်သိုင်းသခင်၏ ရိုက်ချက်မှာလည်း ထာဝရပျက်သုဉ်းခြင်း၏ စွမ်းအားပါဝင်နေခဲ့သည်။
သူမ၏ မျက်နှာကို ဘယ်တော့မှ ပြန်လည်မကုသနိုင်တော့ပေ။
ထို့ကြောင့် ဤနှစ်များအားလုံးမှာ သူမသည် မျက်နှာဖုံးတစ်ခုကို တပ်ထားရပြီး သူမ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ထုတ်ဖော်ပြသရဲခြင်း မရှိတော့ပေ။
တကယ်ဆို ဤကြောက်စရာကောင်းသောမျက်နှာကို သူမကိုယ်တိုင်ပင် မကြည့်ရှုရဲပေ။
ဤသည်က သူမ၏ နှလုံးသားထဲမှာ အထုံးတစ်ခုဖြစ်လာခဲ့လေသည်။
ထာဝရပျက်သုဉ်းခြင်းသည် သူမ၏ မျက်နှာကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ရုံသာမက သူမကို လက်ရှိအခြေအနေထိရောက်အောင်ပါ ဖိအားပေးခဲ့လေသည်။
“အဲလောက်လည်း ရန်လိုမနေပါနဲ့”
ဓားအင်မော်တယ်ယွဲ့ဟွားက ညင်သာစွာလက်ကာပြလိုက်၏။
“ဘာပဲပြောပြော ငါတို့တွေမှာ ဘုံရန်သူတစ်ယောက်ရှိနေတာပဲ”
“အဲတော့ဘာဖြစ်လဲ”
မုန့်ယောင်က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ လက်စားချေဖို့ အခွင့်အရေးတစ်ခု ရှိနေသေးလို့လား”
“ရှိတာပေါ့”
ဓားအင်မော်တယ်ယွဲ့ဟွားက ဝင့်ကြွားစွာပြောလိုက်၏။
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က ဘယ်လောက်ပဲသန်မာသန်မာ သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နဲ့ အင်မော်တယ်ပျံဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာလား… သူက တက္ကသိုလ်ဂိုဏ်းချုပ်နဲ့… ဂိုဏ်းချုပ်အင်မော်တယ်ပျံကို ယှဉ်နိုင်မှာလား”
“အရင်တုန်းက ဆူဇီမိုဘာဖြစ်သွားခဲ့လဲဆိုတာကို ကြည့်လေ”
“သူက ငါနဲ့ရန်သူတွေဖြစ်လာပြီး ငါ့ရဲ့ထင်ရှားကျော်ကြားမှုကို ခိုးယူသွားခဲ့တယ်… ဟဲဟဲ နောက်ဆုံးတော့ သူက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဆိုးဆိုးဝါးဝါးပုံစံနဲ့ သေဆုံးရခဲ့သေးတာပဲ”
မုန့်ယောင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“နင်ဘာကိုပြောချင်နေတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်သည်။
“တာအိုရောင်းရင်းမုန့်ယောင်… ဘာမှာ စိတ်ပျက်အားငယ်မနေနဲ့ မင်းရဲ့ ဒုံမင်းအတတ်နဲ့ဆိုရင် မင်းက မင်းကိုယ်မင်းတစ်ဆင့်နှိမ့်ချပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လှည့်လည်သွားလာတာနဲ့ မင်းက ပညာရှင်တွေနဲ့ အဖွဲ့အစည်းပေါင်းများစွာနဲ့ သေချာပေါက်မိတ်ဆွေဖွဲ့လာနိုင်လိမ့်မယ်”
“အဲဒီအချိန်ကျရင် ငါတို့တွေက အဖွဲ့အစည်းအမျိုးမျိုးက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သေသေချာချာအကွက်ချကြံစည်မယ်ဆိုရင် ငါတို့တွေက မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ကို ဘာလို့ မသတ်ဖြတ်နိုင်ရမှာလဲ”
မုန့်ယောင်က သူမ၏ မျက်နှာကို လက်ညှိုးထိုးပြီး သူမကိုယ်သူမ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
“ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ ငါဒုံမင်းတီးခတ်တာကို ဘယ်သူက နားထောင်ချင်မှာလဲ”
မုန့်ယောင်က ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပြီးနောက် သူမ၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားခဲ့သည်။ ဤနှစ်များမှာ သူမသည် ဖိစီးနှိပ်စက်မှုပေါင်းစုံကို တွေ့ကြုံခံစားခဲ့ရပြီး လူပေါင်းများစွာ၏ လျစ်လျူရှုခြင်းခံခဲ့ရသည်။
သူမက စိတ်ပျက်အားငယ်နေခဲ့ပြီဖြစ်သည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်သည်။
“မင်းရဲ့ ပျက်စီးထိခိုက်သွားတဲ့မျက်နှာကို ပြန်လည်ပြုပြင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်လောက်ဘူး… ငါ့ရဲ့ ပြတ်တောက်သွားတဲ့လက်လည်းအတူတူပဲ… သူတို့ကို ပြန်လည်ကုသနိုင်မယ့် အခွင့်အရေးတစ်ခုရှိနေသေးတယ်”
“ဟမ်”
မုန့်ယောင်က ဓားအင်မော်တယ်ယွဲ့ဟွား၏ ယုံကြည်မှုရှိသော လေသံကို ကြားရသည့်အခါ သူမက စိတ်ပါယိမ်းယိုင်လာခဲ့သည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။
“ထာဝရပျက်သုဉ်းခြင်းလိုစွမ်းအားတစ်ခုက လောကမှာ ပေါ်ထွက်လာခဲ့တယ်ဆိုမှတော့ အဲဒါကို ဖြေရှင်းနိုင်မယ့် စွမ်းအားတစ်ခုကလည်း ရှိနေရမှာပေါ့”
“နင့်စိတ်ထဲမှာ ဘာရှိနေတာလဲ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ”
မုန့်ယောင်က မေးလိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်သည်။
“ငါသိရသလောက်ဆိုရင် နတ်ဘုရားမျိုးနွယ်က တော်ဝင်မျိုးဆက်သွေးနဲ့ နတ်ဘုရားသားတော်တွေနဲ့ နတ်ဘုရားသမီးတော်တွေက ထာဝရပျက်သုဉ်းခြင်းရဲ့ စွမ်းအားကို ချေဖျက်နိုင်တဲ့ ယုံကြည်သက်ဝင်မှုစွမ်းအားတစ်ခုကို ကျင့်ကြံထားကြတယ်”
“နတ်ဘုရားမျိုးနွယ်လား”
မုန့်ယောင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။
“တောင်ဝင်မိသားစုက နတ်ဘုရားသားတော်နဲ့ နတ်ဘုရားသမီးတော်တို့ကို မပြောနဲ့ သာမန်နတ်ဘုရားမျိုးနွယ်သက်ရှိတွေနဲ့ ကြုံတွေ့ရဖို့တောင်မှာ အရမ်းကို ခက်ခဲတယ်”
ဓားအင်မော်တယ်ယွဲ့ဟွားက ပြုံးပြလိုက်၏။
“ဒီနှစ်တွေအားလုံးမှာ နင်က တံခါးပိတ်ကျင့်ကြံနေခဲ့တာဆိုတော့ အပြင်လောကမှာ ဖြစ်ပျက်နေတဲ့အရာတွေကို နင်သိမှာ မဟုတ်လောက်သေးဘူး”
ထို့နောက် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဖြစ်ပျက်ခဲ့သည့်အရာကို အကျဉ်းချုပ်ရှင်းပြပြီး ဆက်ပြောလိုက်၏။
“ဒီလိုမျိုး အခွင့်အလမ်းနဲ့ဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အဖွဲ့အစည်းအများစုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စုဝေးရောက်ရှိလာကြလိမ့်မယ်”
“ခါတိုင်းလိုဆို ငါတို့က နတ်ဘုရားသားတော်… နတ်ဘုရားသမီးတော်တို့နဲ့ ထိတွေ့ဆက်ဆံခွင့် ရနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကိုသွားဖို့ လက်ဆောင်ပဏ္ဍာတွေပြင်ဆင်ပြီး ဒီအခွင့်အလမ်းကို အသုံးချနိုင်တယ်”
မုန့်ယောင်သည် ဓားအင်မော်တယ်ယွဲ့ဟွား၏ စကားများမှာ နောက်ဆုံးစိတ်ပါယိမ်းယိုင်လာခဲ့သည်။
သူမသည် သူမ၏ မျက်နှာကို ပြန်လည်ပြုပြင်နိုင်မည်ဆိုလျှင် သူမက မည်ကဲ့သို့သောလက်ဆောင်ကို ပြင်ဆင်ပေးရသည်ဖြစ်စေ အဲဒါက ထိုက်တန်မှုရှိပေလိမ့်မည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ဆက်ပြောလိုက်သည်။
“နောက်ပြီး ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ထိပ်သီးကမ္ဘာတွေက ပညာရှင်တွေနဲ့လည်း ထိတွေ့ဆက်ဆံခွင့်ရနိုင်လိမ့်မယ်”
“အဲဒီလူတွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အစစ်အမှန်ထိပ်သီးပညာရှင်တွေပဲ… မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က သူတို့ကို ယှဉ်နိုင်မှာလား”
“ကောင်းပြီလေ”
မုန့်ယောင်က ခဏမျှစဉ်းစားတွေးတောပြီးနောက် သဘောတူစွာ ခေါင်းညိတ်ပြလိုက်၏။
ပြီးခဲ့သည့်နှစ်များအတွင်း မဟာနတ်မိမယ်လေးပါးထဲမှာ တစ်ပါးအနေဖြင့် သူမသည် ရတနာများစွာကို စုဆောင်းထားခဲ့ပြီ ယခုအချိန်မှာ သူတို့ကို အသုံးချရပေတော့မည်။
“ငါတို့ ဘယ်ချိန်ထွက်ခွာကြမလဲ”
မုန့်ယောင်က မေးလိုက်၏။
“မြန်လေပိုကောင်းလေပေါ့”
ဓားအင်မော်တယ်ယွဲ့ဟွားက ပြေလိုက်သည်။
“ငါတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို စောစောရောက်လေ ငါတို့က အဲဒီကအခြေအနေကို ပိုပြီးတော့နားလည်သဘောပေါက်လေပဲ”
တစ်ချိန်တည်းမှာပင်။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှာ။
ငယ်ရွယ်၍ ချောမောလှပသော အမျိုးသမီးတစ်ဦးက တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ကျောထက်မှာ ဧရာမစစ်တုရင်ခုံတစ်လုံးကို တင်ကာ ကောင်းကင်ဘုံကမ္ဘာကနေတိတ်တဆိတ်ထွက်ခွာပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရှိရာဘက်ကို ဦးတည်လိုက်လေသည်။
ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ စာကြည့်တိုက်ထဲမှာ။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးသည် သူမ၏ လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သူမသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ကောင်းကင်ထက်ကို ခဏကြာ ငေးကြည့်နေ၏။
“ကပ်ဘေးတစ်ခုပေါ်ထွက်လာပြီပဲ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက တီးတိုးရေရွတ်လိုက်သည်။
ယခုအချိန်မှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတွင် မဟာနတ်မိမယ်သုံးပါးသာလျှင် ရှိတော့လေသည်။
မဟာနတ်မိမယ်သုံးပါးထဲမှာ ပန်းချီအင်မော်တယ်မိုချင်သည် တိတ်တဆိတ်နေရသည်ကို နှစ်သက်သဘောကျလေသည်။ သူမသည် ဤကဲ့သို့ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း ပွဲတော်တစ်ခုကို မပြောနှင့် သာမန်စုဝေးပွဲများမှာပင် ပေါ်ထွက်လာလေ့မရှိပေ။
စာအုပ်အင်မော်တယ်ယွင်ကျူးကလည်း တည်ငြိမ်သော စိတ်နေစရိုက်ရှိပြီး တိုက်ခိုက်ရသည်ကို သဘောမကျပေ။
စစ်တုရင်အင်မော်တယ်ကျွင်းယုကသာ ရန်လိုမှုအရှိဆုံးဖြစ်သည်။
နဂါးကမ္ဘာမှာ။
နဂါးဘုရင်တစ်အုပ်စုသည် ဒီဘက်မျိုးဆက်၏ စွမ်းအားကြီးမားဆုံး ပကတိနဂါးများကို ဦးဆောင်ပြီး ဧရာမနဂါးယာဉ်ပျံတစ်စင်းပေါ်သို့တက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရှိရာသို့ ဦးတည်လိုက်ကြ၏။
နဂါးယာဥ်ပျံပေါ်မှာ ပကတိနဂါးများကြားတွင် ငယ်ရွယ်သည့်ပုံပေါ်သော အဖြူရောင်ဝတ်မိန်းကလေးတစ်ဦးရှိနေလေသည်။
သို့သော်လည်း သူမသည် အထွတ်အထိပ်ပကတိနဂါးတစ်ကောင်ဖြစ်သည်အထိ ကျင့်ကြံခဲ့ပြီးလေပြီ။
မိန်းကလေးက သူမစိတ်ထဲမှာ တစ်စုံတစ်ရာရှိနေသည့်အလား အဝေးတစ်နေရာကို ငေးငိုင်စွာကြည့်နေ၏။
“လီအာ... နင်ဘာတွေစဥ်းစားနေတာလဲ”
မလှမ်းမကမ်းမှ ငွေရောင်ဆံပင်နှင့်အမျိုးသမီးက မိန်းကလေးကို နွေးထွေးသောအကြည့်ဖြင့်ကြည့်ပြီး ညင်သာစွာပြောလိုက်၏။
“အမေ”
မိန်းကလေးက ရုတ်တရက် သူမ၏ သိုလှောင်အိတ်ထဲကနေ လူတစ်ယောက်၏ ခါးလောက်မြင့်သော ဦးချိုတစ်ခုကို ထုတ်ယူလိုက်၏။
မိန်းကလေးက ပြောလိုက်သည်။
“ကျွန်မက ဒီလောက်ထိမြန်မြန်ဆန်ဆန်ကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ ဒါတွေအားလုံးက အဖေ့ရဲ့ပိုင်ဆိုင်မှုတွေကြောင့်ပဲ... အရင်တုန်းက ကျွန်မက ဒီဦးချိုကို ရှာဖွေရရှိနိုင်ခဲ့တယ်ဆိုတာ နဂါးအသူတရာချောက်နက်ကြယ်မှာ အစ်ကိုမိုလင်းက ကျွန်မကို ကူညီပေးခဲ့လို့ပဲ”
“နင်က အဲဒီကိစ္စတွေကို ဘာလို့ရုတ်တရက်တွေးလာရတာလဲ”
ငွေရောင်ဆံပင်နှင့်အမျိုးသမီးက ကူကယ်ရာမဲ့သောအမူအရာဖြင့် သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“နင်က နဂါးမျိုးနွယ်ကပဲ... သူကတော့အားနည်းတဲ့ လူသားတစ်ယောက်ပဲ.... နင်တို့နှစ်ယောက်ကြားက ကွာခြားချက်က ပိုပြီးတော့ ကြီးမားလာဖို့ပဲရှိတယ်... ဒီလောက်အချိန်တိုအတွင်းမှာ နင်က ပကတိနဂါးတစ်ကောင်ဖြစ်တဲ့အထိ ကျင့်ကြံခဲ့ပြီးပြီ”
“ဒါပေမဲ့... အဲဒီလူသားကတော့ သူက နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာနိုင်ဦးမှာ မဟုတ်သေးဘူး... သူက ကမ္ဘာမြေအမြုတေနယ်ပယ်မှာပဲ ရှိနေလိမ့်ဦးမယ်”
“နင်က သူနဲ့တစ်ခါပဲတွေ့ဆုံခဲ့ရတာ နင့်ရဲ့အနာဂတ်က ကြယ်ပင်လယ်တစ်စင်းလိုပဲ... သူကတော့ အဲဒီတောကြိုအုံကြားမှာ သူ့တစ်ဘဝလုံး ပိတ်မိနေလိမ့်မယ်... နင်တို့နှစ်ယောက်က နောက်တစ်ခါတွေ့ဆုံဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
“ကျွန်မနားလည်ပါပြီ”
မိန်းကလေးက ပြန်ဖြေပြီး ညင်သာစွာသက်ပြင်းချလိုက်၏။
သူမအမေ၏ စကားက မှန်သည်ကို သိရှိသော်လည်း သူမက ဝမ်းနည်းမှုတစ်ခုကို ခံစားနေရဆဲဖြစ်သည်။
ထိုအတွေ့အကြုံက တိုတောင်းလွန်းသော်လည်း သူမ၏ စိတ်ထဲမှာ စွဲထင်စွာကျန်ရစ်နေ၏။
အနည်းဆုံးတော့ လူသားမျိုးနွယ်မှ အစ်ကိုမိုလင်းသည် သူမအပေါ် ကောင်းမွန်စွာပြုမူဆက်ဆံခဲ့လေသည်။
ငွေရောင်ဆံပင်နှင့်အမျိုးသမီးက မိန်းကလေး၏ စိတ်အာရုံကို လွှဲပြောင်းပေးလို၏။ ထို့ကြောင့် သူမက စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ငါသိရသလောက်ဆိုရင် နေကာသစ်ပင်ကမ္ဘာက ဒီဘက်မျိုးဆက်မှာ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားနှစ်ဦးကို မွေးထုတ်ပေးခဲ့တယ်.... တစ်ဦးက အမျိုးသား တစ်ဦးက အမျိုးသမီးပဲ... သူတို့တွေက ဖီးနစ်မင်းသားနဲ့ ဖီးနစ်မင်းသမီးဆိုပြီး ကျော်ကြားကြတယ်... နင်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူတို့နဲ့ကြုံတွေ့ရမယ်ဆိုရင် သတိထားရမယ်”
“ကျွန်မသိပါပြီ”
မိန်းကလေးက နာခံစွာပြန်ဖြေလိုက်သည်။