← Chapters

ရှင် ကျွန်မကို ညာတယ်

Vol. 190 Ch. 2843

ရှင် ကျွန်မကို ညာတယ်

Vol. 190 Ch. 2843

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ…

ကန့်သတ်မှုများကို ဖြေလျှော့လိုက်သောကြောင့် အမျိုးမျိုးသော ကမ္ဘာများမှ ပညာရှင်များသည် နေ့ရက်တိုင်းနီးပါး ဤနေရာသို့ ရောက်လာနေကြ၏။ မွန်မြတ်ကျွန်းက ပို၍ပင် စည်ကားသက်ဝင်ကာ လူစုလူဝေးများ ဖြစ်ပေါ်လာသည်။

တိုက်ပွဲရမှတ်များ စုဆောင်းရန် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ပြီး ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်လိုသော ကမ္ဘာတချို့မှ ပကတိစိတ်ဝိညာဉ်ပညာရှင်များအပြင် ပြပွဲကို စောင့်ကြည့်ရန် စောစောစီးစီး ရောက်ရှိလာသော အားအားယားယားလူတချို့လည်း ထိုနေရာမှာ ရှိနေလေသည်။

“ဒီပွဲတော်မှာ တိုက်ပွဲရမှတ် ကျောက်စာတိုင်ပေါ်က အန္တိမပကတိစိတ်ဝိညာဉ် အယောက်တစ်ရာစလုံးက ရောက်ရှိလာလောက်တယ်”

“အန္တိမပကတိစိတ်ဝိညာဉ် တစ်ရာလား… အဲထက်မကဘူးလို့ ငါထင်တယ်”

“မင်း ဘာလို့ အဲ့လိုပြောတာလဲ”

“အန္တိမပကတိစိတ်ဝိညာဉ်တချို့က အကြောင်းရင်းတချို့ကြောင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်မလာခဲ့ကြဘူး… အဲဒါကြောင့် သူတို့ရဲ့နာမည်တွေက တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ ရှိမနေဘူး”

“ငါသိရသလောက်ဆိုရင် ကောင်းကင်ဘုံကမ္ဘာမှာ စစ်တုရင်အင်မော်တယ်လို့ ကျော်ကြားတဲ့ အမျိုးသမီးတစ်ဦး ရှိတယ်… သူကလည်း ဒီတစ်ခေါက် ရောက်လာမယ်လို့ ငါကြားတယ်”

ကျင့်ကြံသူများသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ နေရာတိုင်းမှာ ဆွေးနွေးပြောဆိုနေကြ၏။

ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“ငါ့အထင်တော့ အလယ်လတ်ကမ္ဘာထောင်လောကက အန္တိမပကတိစိတ်ဝိညာဉ်တွေ အခုလိုမျိုး စုဝေးလာတာက ရှားရှားပါးပါးပဲ… သူတို့တွေက အတူပူးပေါင်းပြီး မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးကို ချေမှုန်းသုတ်သင်နိုင်လောက်တယ်”

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ အန္တိမပကတိစိတ်ဝိညာဉ်များ ဖြစ်ကြသည်။

မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးသည် တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်ပေါ်ရှိ အန္တိမပကတိစိတ်ဝိညာဉ်များထက် မနိမ့်ကျပေ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာအောင် နှစ်ဦးနှစ်ဖက်က ထိခိုက်ပျက်စီးမှုတချို့ကို ဖြစ်စေခဲ့လေသည်။

အစက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အချိန်ကန့်သတ်ချက်တစ်ခု ရှိနေခဲ့သောကြောင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ အန္တိမပကတိစိတ်ဝိညာဉ်များအနေဖြင့် အတူတကွ စုဝေးရောက်ရှိကာ မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးကို ပူးပေါင်းသတ်ဖြတ်ဖို့က မဖြစ်နိုင်ခဲ့ပေ။

သို့သော်လည်း ဤတစ်ခေါက်မှာ ကိစ္စများက ကွဲပြားခြားနားသွားလေပြီ။

ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးက ဒီတစ်ခေါက်တော့ သေချာပေါက် ရှင်သန်နိုင်မှာ မဟုတ်လောက်တော့ဘူး… အဓိကအချက်ကတော့ ကမ္ဘာအမျိုးမျိုးက အန္တိမပကတိစိတ်ဝိညာဉ်တွေက မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးကို သတ်ဖြတ်ပြီးမှ သူတို့အချင်းချင်း တိုက်ခိုက်ကြမလား ဆိုတာပဲ”

“ကမ္ဘာတချို့က အငြိုးအတေးတွေ ရှိလာခဲ့ကြတာ ကြာပြီ… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ပေါ်ထွက်လာဖို့များတယ်”

“အမှန်ပဲ… ဥပမာ ဓားကမ္ဘာနဲ့ ကျောက်တုံးကမ္ဘာကိုပဲ ကြည့်လေ… သူတို့တွေမှာ အရမ်းကို နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ ရှိထားကြတယ်”

“ဓားကမ္ဘာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကောင်းကင်ဘုံမျက်လုံးကမ္ဘာနဲ့လည်း ရန်ငြိုးရန်စ ရှိသွားတယ်လို့ ငါကြားတယ်”

“ဓားကမ္ဘာရဲ့ နဝမမြောက် တောင်ထွတ်သခင်က ကောင်းကင်ဘုံမျက်လုံးကမ္ဘာရဲ့ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးနဲ့ တခြားပကတိစိတ်ဝိညာဉ်ပညာရှင် ကိုးဦးကို သတ်ဖြတ်လိုက်တယ်… အဲဒါက ကြီးမားတဲ့ ပဋိပက္ခပဲ”

“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရှယင်က တစ်နေ့ကတည်းက ရောက်လာတယ်လို့ ကြားတယ်… ဓားကမ္ဘာက သူတို့ကိုယ်သူတို့ သတ်သေချင်တာ မဟုတ်ရင် တစ်ယောက်ယောက်ကို စေလွှတ်တော့မှာ မဟုတ်ဘူး”

လူတိုင်းဆွေးနွေးပြောဆိုနေစဉ် အဝေးတစ်နေရာမှ ဓားကျင့်ကြံသူများစွာသည် ဓားပုံသဏ္ဌာန် အင်မော်တယ်ယာဉ်ပျံပေါ်ကနေ ဆင်းသက်ပြီး မွန်မြတ်ကျွန်းပေါ်သို့ ခြေချလာကြသည်။

“ဓားကမ္ဘာက လူတွေက ဟိုမှာ ရောက်လာပြီပဲ”

“ဟားဟား… ပွဲကြီးပွဲကောင်းတော့ စတော့မယ်”

“နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်က သူတို့ထဲမှာ ပါလားမသိဘူး”

“သူ ဟိုမှာပဲ… ငါ သူ့ကို မြင်တယ်… သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ထားတဲ့တစ်ယောက်ပဲ”

“ဟမ်… အဲဒီလူရဲ့ ကျင့်ကြံမှုအလျင်အဟုန်က တော်တော်မြန်ဆန်တာပဲ… လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက သူက အာကာသသက်ရှိနယ်ပယ်မှာပဲ ရှိနေသေးတယ်… အခု သူက ဗလာနယ်ဝိညာဉ်နယ်ပယ်ကို ရောက်လာပြီ”

ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည့်ခဏမှာပင် အသည်းအသန်ဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာ၏။

“ငါသိရသလောက်ဆိုရင် နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်အပြင် ဓားကမ္ဘာက လင်းရွှင်ကျန်းကလည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားတယ်”

ကျင့်ကြံသူတစ်ယောက်က လေးနက်သောလေသံဖြင့် ပြောလိုက်၏။

“ဓားကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးက ရှယင်နဲ့ တိုက်ခိုက်ရင် အနိုင်ရဖို့ အခွင့်အရေး ရှိလောက်တယ်”

“ဟဲဟဲ… တာအိုရောင်းရင်း… မင်းရဲ့အတွေးက တော်တော်ရိုးတာပဲ”

နောက်တစ်ယောက်က ပြောလိုက်၏။

“ဓားကမ္ဘာက လူတွေကို လိုက်ရှာမှာက ရှယင် တစ်ယောက်တည်းလို့ မင်းထင်လို့လား… ကျောက်တုံးကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ် ရှစ်ပိုကလည်း ဓားကမ္ဘာက လူတွေကို သေချာပေါက် ပစ်မှတ်ထားလိမ့်မယ်”

ဓားကမ္ဘာမှ လူတစ်အုပ်စုက ဆင်းသက်ရောက်ရှိလာကြသည်။

သူတို့သည် သူတို့၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ လုယွင်နှင့် အခြားသော အင်မော်တယ်ဘုရင်များက စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်ထားသည်။

လင်းရွှင်ကျန်းပင်လျှင် ကြီးမားသော ဖိအားတစ်ရပ်ကို ခံစားနေရသည်။ ဆူဇီမိုတစ်ယောက်တည်းကသာ စိတ်လက်ပေါ့ပါးသော အမူအရာရှိနေ၏။

“အရင်ဆုံး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတွေ ယူဖို့ မွန်မြတ်စံအိမ်ကို သွားကြရအောင်… ပြီးရင် အားလုံး နားနေဖို့အတွက် ဂေဟာတစ်ခု ငှားကြတာပေါ့”

လုယွင်က ပြောလိုက်၏။

မည်သူကမှ ကန့်ကွက်မှု မရှိကြပေ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းများစွာက မပြောင်းမလဲ ကျန်ရှိနေဆဲဖြစ်သည်။ ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်မှုများကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပိတ်ပင်တားမြစ်ထားဆဲဖြစ်သည်။

တကယ်တော့ အပြင်လူများက သူတို့၏ သက်ဆိုင်ရာ ဂေဟာများထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် အခြေအနေက မတူတော့ပေ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ တမလွန်ကိုးဘုံအပြစ်သားကုန်းမြေ ချိုးဖောက်ခံရပြီးကတည်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ယာယီပိတ်ထားပြီး အခုချိန်ထိ ပြန်မဖွင့်ရသေးပေ။ လူတိုင်းက ဤနေရာမှာ စုဝေးရောက်ရှိလာသော်လည်း သူတို့က အထဲသို့ မဝင်ရောက်နိုင်ဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရသည်။

ဆူဇီမို၊ လင်းရွှင်ကျန်းနှင့် အခြားသူများသည် မွန်မြတ်စံအိမ်ရှိရာသို့ ထွက်ခွာလာပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို အရင်ဆုံးရယူဖို့ ပြင်ထားသည်။

လမ်းတစ်လျှောက်မှာ သူတို့သည် ဘေးပတ်ဝန်းကျင်ကျင့်ကြံသူများထံမှ ဆွေးနွေးပြောဆိုသံများကို ကြားရပြီး သတင်းအချက်အလက် တော်တော်များများကို ရရှိခဲ့သည်။

ခွန်မျိုးနွယ်နှင့် ဖန်းမျိုးနွယ်မှ အန္တိမပကတိစိတ်ဝိညာဉ်များက သဘောထားကွဲလွဲမှုရှိနေပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

အဲဒီမှာ နေကာသစ်ပင်ကမ္ဘာမှ ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့လည်း ရောက်ရှိလာကြလေသည်။ သူတို့သည် ပြီးပြည့်စုံသော စုံတွဲတစ်တွဲဖြစ်ပြီး စိတ်ချင်းဆက်နေကြသည်။

သူတို့နှစ်ယောက်စလုံးသည် အန္တိမပကတိစိတ်ဝိညာဉ်များဖြစ်ကြပြီး သူတို့ပူးပေါင်းတိုက်ခိုက်သည့်အခါ အလွန်တရာ အချိတ်အဆက်မိလေသည်။ သူတို့သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားသည့် လူတစ်ယောက်နှင့်တူနေသည်။

“စစ်တုရင်အင်မော်တယ်ကလွဲရင် ကောင်းကင်ဘုံကမ္ဘာက တခြားပကတိစိတ်ဝိညာဉ်ပညာရှင်တွေက ဒီတစ်ခေါက် ရောက်မလာဘူးနဲ့တူတယ်”

“မင်း အဲဒါကို မသိသေးဘူးမလား”

“ကောင်းကင်ဘုံကမ္ဘာရဲ့ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေက ထိပ်သီးပကတိစိတ်ဝိညာဉ်အတော်များများက မိစ္ဆာတစ်ဦးရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်… သူတို့တွေက အခုချိန်ထိ နလန်ပြန်မထူနိုင်ကြသေးဘူး”

“ဝါး… အဲလောက်ထိ စွမ်းအားကြီးမားတဲ့ မိစ္ဆာက ဘယ်သူလဲ”

“သူက အထီးကျန်သိုင်းသခင်လို့ ငါထင်တယ်”

ဆူဇီမိုသည် ထိုဆွေးနွေးပြောဆိုသံများကို ကြားသောအခါ သူက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“စစ်တုရင်အင်မော်တယ်လည်း ရောက်လာတာလား”

သူ၏ နောက်ဘက်မှာ ယွင်ထင်ကား ရှေ့သို့အနည်းငယ်ကိုင်းညွှတ်ပြီး လျှို့ဝှက်ဆန်းကြယ်သယောင်ဖြင့် ပြောလိုက်၏။

“မင်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်လာတယ်ဆိုတာ ငါ့အစ်မက မသိဘူး… သူသိရင် သူကလည်း ရောက်လာလောက်တယ်”

ဆူဇီမိုက ယွင်ထင်ကို စိုက်ကြည့်လိုက်၏။

“မင်းက ဇင်ဓားတာအိုမှာ ကျွမ်းကျင်မှုရရှိဖို့ လိုအပ်နေသေးတယ်နဲ့တူတယ်”

ထိုသို့ပြောရင်း ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်စံအိမ်၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာကြသည်။

“အစ်ကိုမိုလင်း”

ရုတ်တရက် မိန်းကလေးတစ်ဦး၏ စိတ်လှုပ်ရှားတက်ကြွသော အော်ခေါ်သံက တံခါးပေါက်ရှိရာဘက်ကနေ ထွက်ပေါ်လာ၏။

အခြားသူများက အဲဒါနှင့်ပတ်သက်၍ များစွာမစဉ်းစားသော်လည်း ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။

သူ၏ သရုပ်သကန်ကို ဖုံးကွယ်ဖို့အတွက် မိုလင်းဟူသောအမည်ကို သူတစ်ခါက အသုံးပြုခဲ့လေသည်။

ဆူဇီမိုသည် အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်၏။

အဖြူရောင်ဝတ်မိန်းကလေးတစ်ဦးက မွန်မြတ်စံအိမ်၏ ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး သူ့ကို အံ့အားသင့်စွာဖြင့် ငေးကြည့်နေ၏။

မိန်းကလေး၏ နောက်ဘက်မှာ ငွေရောင်ဆံပင်နဲ့ ကောင်းကင်လိုဏ်ဂူနယ်ပယ် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေသည်။

“ဒါက….”

ဆူဇီမိုသည် အဖြူရောင်ဝတ်မိန်းကလေးကို တွေ့မြင်သောအခါ မှင်တက်နေ၏။

နဂါးမျိုးနွယ်…

လုယွင်နှင့် အခြားသူများက အဖြူရောင်ဝတ်မိန်းကလေးကို တွေ့မြင်သောအခါ သူတို့က သူမ၏ နောက်ခံကို ချက်ချင်းပင် မှတ်မိသိရှိသွားသည်။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးကလည်း အထက်ဘုံလောက၏ အလွန်တရာ ကျော်ကြားသော နဂါးဘုရင်တစ်ဦးဖြစ်သည်။

လုယွင်နှင့် အခြားသူများသည် တစ်ဖက်အဖွဲ့နှင့် ပတ်သက်ဆက်ဆံရေး များစွာမရှိပေ။ ထို့ကြောင့် သူတို့က သူတို့၏ လက်များကိုသာ အနည်းငယ်ယှက်ပြီး နှုတ်ဆက်လိုက်၏။

“အစ်ကိုမိုလင်း… ရှင် ကျွန်မကို မမှတ်မိဘူးလား”

အဖြူရောင်ဝတ်မိန်းကလေးက ဆူဇီမိုကို အားရပါးရ လက်ပြနေ၏။

“နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းကလေ.. ကျွန်မ လုံလီလေ”

ဆူဇီမိုသည် နဂါးအသူတရာချောက်နက်ကြယ်မှ ဖြစ်ပျက်ခဲ့သည့်အရာကို ရုတ်တရက် အမှတ်ရသွား၏။

ထိုအချိန်တုန်းက လုံလီသည် နဂါးအသူတရာချောက်နက်ကြယ်မှာ အန္တရာယ်ကျရောက်နေပြီး သူက သူမကို ကယ်တင်ပေးခဲ့သည်။

သို့သော်လည်း ထိုအချိန်တုန်းက သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အမဲလိုက်ခြင်းခံနေရပြီး သူ၏ သရုပ်သကန်ကို ပေါက်ကြားစေရဲခြင်း မရှိပေ။ ထို့ကြောင့် သူသည် တစ်ဖက်သူ၏ နောက်ခံကိုလည်း မသိရှိရသည့်အတွက် သူ၏ အမည်ကို မိုလင်းဟူ၍ ပြောင်းလဲထားခဲ့သည်။

“တာအိုရောင်းရင်း… ခင်ဗျား လူမှားနေတာလား”

လုယွင်က ညင်သာစွာ ပြုံးပြလိုက်၏။

“ဒါက ဓားကမ္ဘာရဲ့ နဝမမြောက် တောင်ထွတ်သခင် ဆူကျူးပဲ”

“ဟမ်…”

လုံလီက အနည်းငယ် မှင်တက်သွားပြီးနောက် မေးလိုက်၏။

“ဆိုတော့… ရှင့်နာမည်က ဆူကျူးလား… ဒါဆို မိုလင်းက…”

ဆူဇီမိုက တောင်းပန်းတိုးလျှိုးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“တာအိုရောင်းရင်း လုံလီ… အဲဒီတုန်းက ထူးခြားတဲ့ အခြေအနေတချို့ကြောင့် ကျုပ်ရဲ့သရုပ်သကန်ကို ထုတ်ဖော်ပြောဆိုဖို့က မသင့်လျော်ခဲ့ဘူး… အဲဒါကြောင့် ကျုပ်နာမည်ကို မိုလင်းဆိုပြီး ပြောင်းထားခဲ့ရတာ”

“ဒါပေမဲ့ ရှင့်ကိုတော့ ကျွန်မရဲ့ နာမည်အရင်း ပြောပြခဲ့တယ်လေ”

လုံလီက အနည်းငယ် မကျေမချမ်းဖြစ်နေပုံရပြီး မျက်မှောင်ကြုတ်ထား၏။

“ရှင် ကျွန်မကို ညာတယ်”

“အင်း… အဲဒါက ကျုပ်အမှားပါပဲ”

ဆူဇီမိုက ခါးသက်စွာ ပြုံးပြလိုက်၏။

လုံလီက ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ အသံထွက်ကာ ရယ်မောလိုက်၏။ သူမက လက်ကာပြပြီး ပြောလိုက်၏။

“ကျွန်မ နားလည်ပါတယ်… အဲဒီအပြင်က လူတွေက မကောင်းဆိုးဝါးဆန်ကြတယ်… တစ်ယောက်ကိုတစ်ယောက် စိုးရိမ်နေရတာ… ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး… စောစောက ကျွန်မက ရှင့်ကို စနောက်နေရုံပဲ… ဟဲဟဲ”

လုံလီသည် ပကတိစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်အထိ ကျင့်ကြံထားသော်လည်း သူမက ငယ်ရွယ်သေးပြီး အသက်ငယ်ငယ်မိန်းကလေးတစ်ဦး၏ စိတ်နေစရိုက်ရှိလေသည်။

“ဒါဆို ရှင့်နာမည်က ဆူကျူးပေါ့… ဒီတစ်ခေါက်တော့ ရှင် ကျွန်မကို မညာတော့ဘူးမလား”

“အမ်း…”

All Chapters