အဓိကဇာတ်ကောင်
Vol. 190 Ch. 2845
နန်းကြည်သည် ငယ်ရွယ်စဉ်ကတည်းက စွန့်ပစ်ခံခဲ့ရပြီး နေရာတိုင်းမှာ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်။
ဆူဇီမိုသည် သူမကို လက်ခံခဲ့ပြီးနောက် သူမကို ပထမဆုံးအကြိမ်အဖြစ် အိမ်၏ နွေးထွေးမှုကို ခံစားရစေခဲ့သည်။
နောက်ပိုင်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ ဂမ္ဘီရဟို့မျိုးနွယ်အပေါ် မလုံမလဲခံစားရပြီး ဆူဇီမိုကို ကူညီလိုသောစိတ်ဖြင့် သူမသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ နတ်ဘုရားကုန်းမြေတိုက်သို့ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ သူမသည် နတ်ဘုရားဧကရီ ဖြစ်လာခဲ့သော်လည်း သူမက ပျော်ရွှင်မလာခဲ့ပေ။
သူမ တက်လှမ်းလာခဲ့ပြီး ဤအဆင့်အရောက်မှာ သူမသည် နတ်ဘုရားမျိုးနွယ်၏ တော်ဝင်မျိုးဆက်သွေးကို နိုးထစေပြီး နတ်ဘုရားမျိုးနွယ်၏ အလေးစားရဆုံးမျိုးဆက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ထိုသို့ဆိုလျှင်တောင် သူမသည် နွေးထွေးမှုကို မခံစားခဲ့ရပေ။
ဖြစ်နိုင်မည်ဆိုလျှင် သူမသည် သူမ၏ အဆင့်အတန်းများအားလုံးကို စွန့်လွှတ်ပြီး သူမ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ဆူဇီမို၏ ဘေးမှာ နေလိုလေသည်။
သူမ နောက်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် သူမ၏ ကလန်သားများ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူမ၏ တစ်ဦးတည်းသော မိသားစုဝင်က ဆူဇီမိုသာဖြစ်သည်။
တောင်ထွတ်သခင်ရှစ်ဦးသည် အထူးဆန်းဆုံး အမူအရာများဖြင့် ဆူဇီမိုကို ကြည့်လိုက်ကြသည်။
အခြားတစ်ဖက်မှာရှိသော နဂါးမိန်းကလေးနှင့် မခွဲခွာခင် နတ်ဘုရားသမီးတော်က ဤနေရာမှာ ပေါ်ထွက်လာခဲ့သည်။ ဒါ့အပြင် သူမသည် နဂါးမိန်းကလေးထက်ပင် သူနှင့်ရင်းနှီးကျွမ်းဝင်မှု ပိုရှိနေသည်။
ဘာတွေဖြစ်နေတာလဲ…
တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအကြောင်း သိရှိထားပြီး သူတို့သည် ဆူဇီမိုအကြောင်း ကောင်းကောင်းသိထားပြီဟု အစက တွေးထင်နေခဲ့သည်။
နဝမမြောက် တောင်ထွတ်၏ တောင်ထွတ်သခင်က အရမ်းကို ထူးခြားအံ့မခန်း ဖြစ်လွန်းသည်ကို ယနေ့မှ သူတို့ရှစ်ယောက်က နားလည်သဘောပေါက်လိုက်သည်။ သူက ငယ်ရွယ်သော်လည်း သူသည် တစ်လောကလုံး၏ အဓိကဇာတ်ကောင်တစ်ဦး ဖြစ်နေသည့်အလားပင်။
ပေမင်ရွှယ်သည် လုံလီကို မသိရှိသော်လည်း သူမက နန်းကြည်ကို သိလေသည်။ သူမက သူတို့၏ ဆက်ဆံရေးမှာ အံ့အားသင့်သွားခြင်း မရှိပေ။
သို့သော်လည်း ယွင်ထင်က ရုတ်တရက် စိုးရိမ်ပူပန်လာပြီး လုံလီနှင့် နန်းကြည်ကို ရန်လိုစိတ်ဖြင့် တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။
‘အစ်မရေ… နင်ကတော့ ပြိုင်ဘက်တွေ တိုးလာပြီဟ’
ယွင်ထင်က တီးတိုးရေရွတ်လိုက်၏။
လမ်းခုလတ် ခဏလေးမှာပင် အမျိုးသမီးနှစ်ယောက်က ပေါ်ထွက်လာခဲ့သည်။ ဒါ့အပြင် သူတို့၏ အဆင့်အတန်းများက အတော်လေး ထင်ရှားပေါ်လွင်နေ၏။
ယွင်ထင်၏ အကြည့်က လုံလီနှင့်နန်းကြည်အပေါ် ရစ်ဝဲနေပြီး သူ့အစ်မသည် သူတို့နှင့်ယှဉ်လျှင် အားသာချက်များစွာ မရှိလောက်ဟု သူ့ဘာသာသူ တွေးနေမိသည်။ အဲဒါက အနည်းငယ် အခက်တွေ့ရပေလိမ့်မည်။
“နန်းကြည်… မင်း နတ်ဘုရားမျိုးနွယ်မှာ အဆင်ပြေရဲ့လား”
ဆူဇီမိုက နန်းကြည်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“မဆိုးဘူးပဲ… မဆိုးဘူး… မင်းက ပကတိဧကနယ်ပယ်ကို ဝင်ရောက်လာခဲ့ပြီပဲ… တော်တော်မြန်တာပဲ”
“ကျွန်မ အတော်လေး အဆင်ပြေပါတယ်”
နန်းကြည်က ပြုံးပြလိုက်၏။
“ဒါပေမဲ့… သခင်လေး… ကျွန်မက ရှင့်အကြောင်းကိုပဲ အမြဲတမ်းတွေးနေတာ… ကျွန်မက ရှင့်ဆီကနေ ဘာသတင်းမှမရတော့ နည်းနည်းစိုးရိမ်ပူပန်နေတာ”
ကောင်းကင်ဘုံကမ္ဘာနှင့် အလင်းကမ္ဘာက အရမ်းကို ဝေးကွာလွန်းလေသည်။
ကောင်းကင်ဘုံကမ္ဘာမှ ကောင်းကင်အင်မော်တယ်တစ်ဦး သို့မဟုတ် ပကတိအင်မော်တယ်တစ်ဦးက မည်ကဲ့သို့သော ရုတ်ရုတ်သဲသဲအခြေအနေကို ပေါ်ထွက်စေသည်ဖြစ်စေ၊ အဲဒါသည် အလင်းကမ္ဘာသို့ ရောက်ရှိချင်မှ ရောက်ရှိပေလိမ့်မည်။
“အဟမ်း အဟမ်း”
မလှမ်းမကမ်းမှာ နတ်ဘုရားမျိုးနွယ်သက်ရှိများက နောက်ဆုံးမှာ တုံ့ပြန်လာကြသည်။
နတ်ဘုရားဘုရင်များက ပျက်ယွင်းနေသော အမူအရာများဖြင့် မျက်မှောင်ကြုတ်ထားကြသည်။
နတ်ဘုရားဘုရင်တစ်ဦးက ခပ်ကြမ်းကြမ်းချောင်းဟန့်ပြီး နန်းကြည်ထံ အသံတစ်ခု တိတ်တဆိတ်ပို့လွှတ်ကာ သတိပေးလိုက်၏။
“နန်းကြည်… မင်းက နတ်ဘုရားသမီးတော်ပဲ… မင်းရဲ့အဆင့်အတန်းကို အာရုံစိုက်ထားပါ”
နန်းကြည်က ထိုစကားကို ကြားသောအခါ သူမက နတ်ဘုရားဘုရင်များကို ကျောပေးထားရင်း နှုတ်ခမ်းကိုမဲ့ပြီး သူမဘာသာသူမ တွေးလိုက်၏။
‘ငါက နတ်ဘုရားသမီးတော်ဆိုတဲ့ ဒီအဆင့်အတန်းကို ဂရုမှမစိုက်တာ’
သူမသည် ထိုသို့တွေးနေသော်လည်း နန်းကြည်သည် ဆူဇီမိုနှင့် အရမ်းရင်းနှီးစွာ နေမည်ဆိုလျှင် မလိုအပ်သော ပြဿနာများ ပေါ်ထွက်လာနိုင်သည်ကို သူမက သိရှိလိုက်လေသည်။
သူမမှာ ဆူဇီမိုကို ပြောပြချင်သော ကိစ္စများစွာ ရှိနေ၏။
သို့သော်လည်း ဤနေရာမှာ လူများစွာရှိနေပြီး အချိန်မကျသေးသည်ကို သူမက သိရှိလိုက်သည်။
နတ်ဘုရားသမီးတော်က မလှမ်းမကမ်းမှာရှိသော နတ်ဘုရားဘုရင်တချို့ကို ကြည့်ပြီး ရှင်းပြလိုက်၏။
“ဒါက အောက်ဘုံလောကမှာတုန်းက ကျွန်မရဲ့ မိတ်ဆွေဟောင်းတစ်ဦးပဲ… ဒီနေ့ သူ့နဲ့ ဒီလိုပြန်လည်ဆုံစည်းရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး… အဲဒါကြောင့် ကျွန်မ ဣန္ဒြေပျက်ယွင်းသွားတာ”
နတ်ဘုရားဘုရင်တစ်ဦးက ပြောလိုက်၏။
“မင်းက အထက်ဘုံလောကကို တက်လှမ်းလာခဲ့ပြီဆိုမှတော့ မင်း အောက်ဘုံလောကက ကမ္မတွေကို ဖြတ်တောက်ထားသင့်တယ်… မင်းက နတ်ဘုရားသမီးတော် ဖြစ်လာခဲ့ပြီ… သူက နိမ့်ကျသက်ရှိပဲ… မင်းတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားတယ်… မင်းက သူ့နဲ့ ထိတွေ့ဆက်ဆံမှု ဆက်ပြီးမလုပ်တော့ရင် ပိုကောင်းလိမ့်မယ်”
နန်းကြည်က ထိုစကားကို ကြားသောအခါ သူမ၏ အမူအရာက အေးစက်လာခဲ့၏။
“သူက ကျွန်မရဲ့ မိတ်ဆွေဟောင်းဖြစ်ရုံတင်မကဘူး… ကျွန်မရဲ့ ကျေးဇူးရှင်လည်းဖြစ်တယ်”
လုယွင်က နိမ့်ကျတဲ့သက်ရှိဟူသော စကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်ပြီး သူကလည်း ရှေ့သို့ထွက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“နတ်ဘုရားမျိုးနွယ်က တာအိုရောင်းရင်းတို့… ဒါက ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ပဲ…သူက မင်းတို့တွေပြောနေတဲ့ နိမ့်ကျသက်ရှိ မဟုတ်ဘူး”
“နဝမမြောက်တောင်ထွတ်… ဓားသင်္ချိုင်းတောင်ထွတ်လား”
နတ်ဘုရားဘုရင်များက ထိုစကားကို ကြားသောအခါ သူတို့သည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူဇီမို၏ တိုက်ပွဲသည် ဝဲဂယက်တချို့ကို ဖြစ်ပေါ်စေခဲ့ပြီး သူက နာမည်တစ်ခု ရရှိလာခဲ့သည်။
ဘေးတစ်ဖက်မှာ နဂါးဘုရင်မ ဦးချိုမဲ့က အေးစက်လာပြီး ရုတ်တရက် ပြောလိုက်၏။
“တာအိုရောင်းရင်း ဆူကျူးက ငါ့သမီးနဲ့ သိကျွမ်းလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ… သူက နဂါးမျိုးနွယ်ဘက်မှာ ရှိတယ်ဆိုမှတော့ သူက ငါတို့ရဲ့ အထူးဧည့်သည်တော်ပဲ… နတ်ဘုရားမျိုးနွယ်ရဲ့ ပါးစပ်ကနေ နိမ့်ကျတဲ့သက်ရှိဆိုတဲ့ စကားက ဘာလို့ထွက်လာရတာလဲ”
နတ်ဘုရားဘုရင်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။
ခဏနေပြီးနောက် နတ်ဘုရားဘုရင်တစ်ဦးက ရုတ်တရက် ပြုံးပြလိုက်၏။
“ဒီလိုဆိုရင်တော့ ကျုပ်တို့ တကယ်ပဲ ရိုင်းပျသွားမိတယ်… နဝမမြောက်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်… ကျုပ်တို့ ခင်ဗျားအကြောင်း အများကြီး ကြားဖူးတယ်”
နန်းကြည်က တစ်ဖက်သို့ လှည့်ပြီး မေးလိုက်၏။
“တာအိုရောင်းရင်းဆူ… ရှင်တို့ ဓားကမ္ဘာက ဘယ်နေရာမှာ တည်းခိုနေတာလဲ… ကျွန်မ အားတဲ့အခါ လာလည်မယ်”
ဤနေရာမှာ စုဝေးလာသော သက်ရှိများက ပို၍ပို၍ များပြားလာသည်။ ဆူဇီမိုအတွက် မလိုအပ်သော ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်ပြီး နန်းကြည်က သူမ၏ ခေါ်ဝေါ်ပုံကို လောလောဆယ်မှာ ပြောင်းလဲလိုက်လေသည်။
“ငါတို့ အခုချိန်ထိတော့ နေစရာနေရာ မရှာရသေးဘူး”
ဆူဇီမိုက ခေါင်းခါ၍ ပြောလိုက်၏။
“ငါတို့က အခု ငါတို့ရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတွေကို သွားယူမလို့ပဲ… ပြီးမှ ဂေဟာတစ်ခု ငှားရမယ်”
နန်းကြည်က မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ဆူဇီမိုနှင့် တစ်ယောက်ချင်းစကားပြောဖို့ အခွင့်အရေးတစ်ခုကို ရှာလိုသေးလေသည်။
သို့သော်လည်း သူမသည် မည်သို့ပင်ဆိုစေ နတ်ဘုရားမျိုးနွယ်မှ နတ်ဘုရားသမီးတော် ဖြစ်ပြီး ဓားကမ္ဘာမှ လူတိုင်းနောက်သို့ လောလောဆယ်မှာ လိုက်ပါမသွားနိုင်ပေ။
နန်းကြည်က အခက်တွေ့နေသည်ကို ဖတ်မိနိုင်သည့်အလား ဆူဇီမိုက ပြုံးပြလိုက်၏။
“မင်းတို့ နတ်ဘုရားမျိုးနွယ်က ဘယ်နေရာမှာ တည်းခိုနေတာလဲ… ငါ လုပ်စရာရှိတာ လုပ်ပြီးရင် မင်းဆီကို လာလည်မယ်”
နန်းကြည်က ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ နတ်ဘုရားမျိုးနွယ်၏ နေထိုင်ရာလိပ်စာကို ဆူဇီမိုထံ အလောတကြီးပြောပြလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်က စကားများစွာ မပြောဆိုတော့ဘဲ လမ်းခွဲလိုက်ကြသည်။
နတ်ဘုရားဘုရင်တစ်အုပ်စု ခြံရံပြီး နန်းကြည်က သူမ၏ ဂေဟာရှိရာသို့ ပြန်သွားလေသည်။
နဂါးဘုရင်မ ဦးချိုမဲ့က လုံလီကို ခေါ်ဆောင်ပြီး ဓားကမ္ဘာမှ လူတိုင်းကို နှုတ်ဆက်ကာ လှည့်ထွက်သွားကြသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဝင်ပေါက်ဝမှာ ဤကဲ့သို့ အနည်းငယ် နှောင့်နှေးကြန့်ကြာပြီးနောက် ဓားကမ္ဘာက လူတိုင်းသည် မွန်မြတ်စံအိမ်ထဲသို့ ဝင်ရောက်ကာ ဤနေရာမှာ သိမ်းဆည်းထားသည့် သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို ထုတ်ယူလိုက်ကြ၏။
ထို့နောက် သူတို့သည် မွန်မြတ်ကျွန်းပေါ်မှာ ဂေဟာတစ်ခုကို ရှာဖွေကြရပေမည်။
မွန်မြတ်ကျွန်းပေါ်မှာ လူဦးရေအတွက်များစွာ ရုတ်တရက်တိုးလာခြင်းကြောင့် အစက ပိုလျှံနေသော ဂေဟာအရေအတွက်က ယခုအခါ အနည်းငယ် ရှားပါးလာခဲ့သည်။
ဓားကမ္ဘာမှ လူတိုင်းသည် ခပ်ဝေးဝေးကို လျှောက်လှမ်းလာပြီးနောက် ငှားရမ်းရန် လစ်လပ်နေသော ဂေဟာတစ်လုံးကို ရှာတွေ့သွားလေသည်။
ဓားကမ္ဘာမှ လူတိုင်းက ထိုနေရာမှာ အနားယူလိုက်ကြ၏။
ဆူဇီမိုက ခဏမျှ အနားယူပြီးနောက် နန်းကြည်ကို သွားရှာရန် နတ်ဘုရားမျိုးနွယ်၏ ဂေဟာရှိရာဘက်သို့ ထွက်ခွာဖို့ ပြင်လိုက်သည်။
သူက တံခါးဝသို့ ရောက်လာသည့်အချိန်မှာပင် လုယွင်က သူ့ကို တားဆီးလိုက်၏။
“မင်းက နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားသမီးတော်ကို သွားရှာမလို့လား”
လုယွင်က မေးလိုက်သည်။
ဆူဇီမိုက ထိုကိစ္စကို ဖုံးကွယ်ထားခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
လုယွင်က ခဏမျှ စဥ်းစားတွေးတောပြီး ပြောလိုက်၏။
“မင်း သတိထားရမယ်… နတ်ဘုရားသမီးတော်က နတ်ဘုရားမျိုးနွယ်မှာ ထူးခြားတဲ့ အဆင့်အတန်းတစ်ခု ရှိတယ်… အလင်းကမ္ဘာက နတ်ဘုရားသမီးတော်နဲ့ တခြားမျိုးနွယ်ဝင်တစ်ယောက်ကို သေချာပေါက် လက်ထပ်ထိမ်းမြားခွင့်ပေးမှာ မဟုတ်ဘူး… သူတို့က သူတို့ရဲ့ တော်ဝင်မျိုးဆက်သွေးကို သွေးမနှောအောင် တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားတယ်… အဲဒါက နတ်ဘုရားမျိုးနွယ်အတွက် ကြီးလေးတဲ့ ပြစ်မှုတစ်ခုပဲ”
ဆူဇီမိုက ရယ်မော၍ ခေါင်းခါပြလိုက်၏။
“ညီအစ်ကို လု… ခင်ဗျားက အတွေးလွန်နေပြီ”
လုယွင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိမလာသေးဘဲ သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မင်း အာရုံစိုက်ထားရမယ့် နောက်ထပ်လူတစ်ယောက် ရှိတယ်… ငါသိရသလောက်ဆိုရင် နတ်ဘုရားမျိုးနွယ်က နတ်ဘုရားသားတော် မင်ဟွေ့ကလည်း ဒီတစ်ခေါက် ရောက်လာခဲ့ပြီ”
“နတ်ဘုရားသားတော် မင်ဟွေ့က နတ်ဘုရားမျိုးနွယ်ရဲ့ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်ဆိုပြီး ကျော်ကြားတယ်… သူက စောစောက လူအုပ်ကြားထဲမှာ ပါမလာခဲ့ဘူး… မင်းက နတ်ဘုရားမျိုးနွယ်က နတ်ဘုရားသမီးတော်နဲ့ အဲ့လောက်ထိ ရင်းနှီးမှုရှိတာကို သူတွေ့မယ်ဆိုရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”
“အင်း”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဂရုမစိုက်သည့်အလား သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ ဤခရီးစဥ်မှာ စွမ်းအားကြီးမားသော ရန်သူများစွာကို ရရှိထားခဲ့ပြီဖြစ်သည်။ တစ်ယောက် နှစ်ယောက် ထပ်တိုးလာမည်ကို သူက စိတ်ထဲမှာ ထည့်မထားပေ။
ဒါ့အပြင် သူသည် ဤတစ်ခေါက် ရောက်ရှိလာသည်မှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် တိုက်ခိုက်ရန် ဖြစ်သည်။
လုယွင်သည် သတိပေးစကားတချို့ ထပ်မံပြောဆိုပြီးနောက် ဆူဇီမိုက ဓားကမ္ဘာ၏ ဂေဟာကနေ ထွက်ခွာကာ နတ်ဘုရားမျိုးနွယ်၏ ဂေဟာရှိရာဘက်သို့ ဦးတည်လိုက်သည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ တိုက်ခိုက်ခြင်းကို ပိတ်ပင်တားမြစ်ထားဆဲဖြစ်သည်။ လုယွင်နှင့် အခြားသူများသည် ဆူဇီမိုက လမ်းခုလပ်မှာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်မနေပေ။
နတ်ဘုရားမျိုးနွယ်၏ ဂေဟာအတွင်းမှာလည်း တစ်ဖက်သူသည် နဝမမြောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်ဟူသော ဆူဇီမို၏ အဆင့်အတန်းကို သိရှိထားပြီဖြစ်သည်။
နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိဘဲ နတ်ဘုရားမျိုးနွယ်ကလည်း ဆူဇီမိုကို တိုက်ခိုက်စရာ အကြောင်းမရှိပေ။