← Chapters

မျှော်လင့်စောင့်စားမှု

Vol. 190 Ch. 2846

မျှော်လင့်စောင့်စားမှု

Vol. 190 Ch. 2846

မွန်မြတ်ကျွန်းမှာ။

ခရီးပန်းလာသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ဆင်းသက်ရောက်ရှိလာ၏။

အမျိုးသမီးသည် ရိုးရှင်းသောနန်းတော်အပြာရောင်ဝတ်စုံကိုဝတ်ထားပြီး ကြော့ရှင်းသောသွင်ပြင်ရှိလေသည်။ သူမ၏ မျက်နှာကို မျက်နှာဖုံးနစ်ခုဖြင့် ဖုံးထားပြီး အေးစက်နေသော သူမ၏ မျက်လုံးများကိုသာ ထုတ်ဖော်ထားသည်။

အမျိုးသားသည် သူ၏ ကျောထက်မှာ ဓားတစ်လက်ကိုလွယ်ထားပြီး ထက်ရှသော မျက်ခုံးများနှင့် ကြယ်တာရာမျက်လုံးများရှိလေသည်။ သို့သော်လည်း သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ့မှာလက်တစ်ဖက်သာရှိသည်။

သူတို့နှစ်ယောက်သည် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် နတ်မိမယ်မုန့်ယောင်တို့ဖြစ်လေသည်။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုးဘေးမှ တိုက်ပွဲအပြီးမှာ သူတို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို လုံးဝဆုံးရှုံးခဲ့ရသည်ဟု ဆိုရပေမည်။

သူတို့သည် ထာဝရပျက်သုဉ်းဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူတို့သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းဖို့ မျှော်လင့်ချက်မရှိတော့ပေ။

ဤနှစ်များမှာ သူတို့နှစ်ယောက်သည် သက်ဆိုင်ရာဂိုဏ်းများမှ သူတို့၏ ယခင်အဆင့်အတန်းများကို တဖြည်းဖြည်းဆုံးရှုံးလာရပြီဖြစ်ပြီး ပင်မအမွေခံတပည့်များ ဆက်လက်၍မဟုတ်ကြတော့ပေ။

တကယ်ဆို အင်မော်တယ်ပျံဂိုဏ်းနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ သူတို့နှစ်ယောက်ကို လိုက်ပါပို့ဆောင်ပေးလိုသည့် အင်မော်တယ်ဘုရင်ပညာရှင်များပင် မရှိကြတော့ပေ။

မည်သို့ပင်ဆိုစေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အင်မော်တယ်ဘုရင်ပညာရှင်များကို သိပ်ပြီးဆွဲဆောင်မှုမရှိပေ။

ဒုက္ခိတဖြစ်နေသော အမွေခံတပည့်နှစ်ယောက်အတွက်နှင့် ဘယ်အင်မော်တယ်ဘုရင်က သူတို့ကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ လိုက်ပါပို့ဆောင်ပေးလိုမှာလဲ။

သူတို့နှစ်ယောက်သည် လမ်းမှာ အန္တရာယ်များစွာနှင့်ကြုံတွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ ကံက သိပ်ပြီးမဆိုးလှဘဲ သူတို့သည် နောက်ဆုံးမှာ အန္တရာယ်များကိုရှောင်လွှဲနိုင်ခဲ့ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ အောင်အောင်မြင်မြင်ရောက်ရှိလာကြသည်။

လေထဲကနေဆင်းသက်လာရင်း သူတို့နှစ်ယောက်သည် မွန်မြတ်ကျွန်းပေါ်ရှိ စည်ကားသိုက်မြိုက်သော လူအုပ်ကြီးကိုကြည့်ကာ တုန်လှုပ်သွားကြသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ထိပ်သီးပကတိစိတ်ဝိညာဥ်များသည် ဤကျွန်းပေါ်မှာ စုဝေးရောက်ရှိလာကြပြီး အင်မော်တယ်ဘုရင်ပညာရှင်များကို နေရာတိုင်းမှာတွေ့မြင်နိုင်သည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် ကောင်းကင်ဘုံကမ္ဘာမှာ ရှားရှားပါးပါး ပွဲတော်တစ်ခုဖြစ်နေခဲ့လေပြီ။ သို့သော်လည်း လက်ရှိမြင်ကွင်းနှင့်ယှဥ်လျှင် အဲဒါက အရမ်းကို မှေးမှိန်သွားပေလိမ့်မည်။

မလှမ်းမကမ်းမှာ တဖျတ်ဖျတ်တလက်လက်ရွှေရောင်အလင်းတစ်ခုက လေထုကို ဆုတ်ဖြဲလာခဲ့သည်။ ရွှေရောင်တောင်ပံတစ်စုံက ဖြည်းဖြည်းလျင်းဖြန့်ကြက်ပြီး ပြီးပြည့်စုံ၍ အချိုးအစားကျနသော ခန္ဓာကိုယ်တစ်ခုကို ပေါ်ထွက်လာစေ၏။

ရွှေရောင်ငှက်မွေးများက ရွှေရောင်အလင်းနှင့်အတူ တောက်ပနေသည့် ထက်ရှသော ဓားများကဲ့သို့ ဖြစ်ပြီး အမျိုးသား၏ အရမ်းကိုချောမောသည့်မျက်နှာကို ရောင်ပြန်ဟပ်ပေးကာ သူ့ကိုပို၍ မြင့်မြတ်ထည်ဝါသည့်ပုံ ပေါ်နေစေ၏။

“ကြည့်စမ်း... အဲဒါက ဖန်းကမ္ဘာက ရွှေတောင်ပံဖန်းဘုရင်ရဲ့ နဝမမြောက်မင်းသားပဲ”

“ရွှေတောင်ပံဖန်းမျိုးဆက်သွေးဆိုတဲ့အတိုင်းပဲ သူက ဘုရင်ပညာရှင်တစ်ယောက်မှမပါဘဲ ဖန်းကမ္ဘာကနေ တကယ်ကြီးရောက်ချလာခဲ့တာပဲ”

“ရွှေတောင်ပံဖန်းမျိုးဆက်ရဲ့ လှုပ်ရှားမှုနည်းစနစ်နဲ့အလျင်အဟုန်က မျိုးနွယ်စုတစ်သောင်းကြားမှာ နံပါတ်တစ်ဆိုပြီးကျော်ကြားတယ်... ရွှေတောင်ပံဖန်းဘုရင်က သူ့ရဲ့လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုတဲ့အခါ အာကာသတွင်းနက်ကတောင် သူ့ကိုမဝါးမျိုနိုင်ဘူးဆိုတယ်”

ရွှေတောင်ပံဖန်းမျိုးဆက်သည် ဖန်းမျိုးနွယ်စုကြားမှာ အသန်မာဆုံးမျိုးဆက်သွေးဖြစ်သည်။

ရွှေတောင်ပံဖန်းဘုရင်သည်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အတော်လေးကျော်ကြားလေသည်။

ရွှစ်...

တခြားတစ်ဘက်မှာ မိုးပြာရောက်ခရင်းလက်နက်ကို ကိုင်ဆွဲထားသည့် လူငယ်အမျိုးသားတစ်ဦးက မွန်မြတ်ကျွန်းပေါ်သို့ ဆင်းသက်လာလေသည်။ သူက သူ့မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဝိညာဥ်နှင့်အတူ ရွှေတောင်ပံဖန်းမျိုးနွယ်မှ နဝမမြောက်မင်းသားကိုကြည့်နေ၏။

ဤလူ၏ ပေါ်ထွက်လာမှုသည် နောက်ထပ်အံ့အားတသင့်ရေရွတ်သံများကို ပေါ်ထွ​က်လာစေ၏။

“သူက ခွန်ကမ္ဘာရဲ့ နံပါတ်တစ်ပကတိစိတ်ဝိညာဥ်... ပေမင်ယွမ်ပဲ”

“ခွန်ကမ္ဘာနဲ့ ဖန်းကမ္ဘာက ပြီးခဲ့တဲ့နှစ်တွေထဲမှာ အတော်လေးအချေအတင်ဖြစ်နေကြတယ်လို့ ငါကြားထားတယ်... ဒီတစ်ခေါက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ထိပ်တန်းကမ္ဘာကြီးတွေရဲ့ အန္တိမပကတိစိတ်ဝိညာဥ်တွေရဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုဖြစ်လာတော့မယ်”

ပြိုင်စံရှားတစ်ဦးရောက်လာတိုင်း ကျွန်းပေါ်ရှိ လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်ပြောဆိုသံများက ထွက်ပေါ်လာတတ်သည်။

မွန်မြတ်ကျွန်းပေါ်မှာလျှောက်လှမ်းရင်း မုန့်ယောင်သည် တွေ့ရသော မြင်ကွင်းမှာ တုန်လှုပ်သည်ထက် စိတ်ခံစားချက်များက ပို၍မြင့်မားနေ၏။

သူမသည် ထာဝရပျက်သုဉ်းခြင်းကြောင့် ဒဏ်ရာရရှိပြီး သူမ၏ နာမည်ဂုဏ်သတင်း ဖျက်ဆီးခံခဲ့ရခြင်းကြောင့်မဟုတ်လျှင် ဒုံမင်းအင်မော်တယ်ဟူသော သူမ၏ အဆင့်အတန်းအရ သူမသည် စိတ်ခံစားချက်များ၏ ဗဟိုချက်ဖြစ်ပြီး သူမပေါ်ထွက်လာသည့်အချိန်မှာပင် လူပေါင်းများစွာက သူမနောက်သို့ လိုက်လာကြပေလိမ့်မည်။

သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အန္တိမပကတိစိတ်ဝိညာဥ်များနှင့် အသိအကျွမ်းဖွဲ့နိုင်ပြီး စိတ်အာရုံများ၏ ဗဟိုချက် ဖြစ်လာနိုင်ပေလိမ့်မည်။

အစက သူမသည် အကောင်းဆုံးဆိုသောအရာများကို ရရှိခဲ့ဖူးလေသည်။

သို့သော် ယခု သူမသည် ဤလူများနှင့် မိတ်ဆွေဖွဲ့ဖို့နေနေသာ သူမ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကိုပင် ထုတ်ဖော်ပြသရဲခြင်း မရှိတော့ပေ။

ဘေးတစ်ဘက်မှာ ဓားအင်မော်တယ်ယွဲ့ဟွားသည် ဘေးပတ်ဝန်းကျင်မှမြင်ကွင်းနှင့် လေထဲမှာဆင်းသက်လာသော ပကတိစိတ်ဝိညာဉ်ပညာရှင်များကို ကြည့်ပြီး တစ်မူထူးခြားစွာ စိတ်လှုပ်ရှားသည့်ပုံပေါ်နေ၏။

ဤ​တစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ သူ၏ ခရီးစဥ်က သေချာပေါက်မှန်ကန်​သည့် ရွေးချယ်မှုဖြစ်သည်ကို သူသိထားလေသည်။

“မုန့်ယောင်... နတ်ဘုရားမျိုးနွယ်ကလူတွေက ရောက်လာပြီလို့ အခုပဲငါကြားထားတယ်... ပကတိဧကနယ်ပယ်မှာရှိတဲ့ နတ်ဘုရားသားတော်နဲ့ နတ်ဘုရားသမီးတော်ကလည်း ဒီကိုရောက်လာကြတယ်”

ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ၏ မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။

“ငါက သူတို့ရဲ့လိပ်စာကို မေးမြန်းစုံစမ်းပြီးပြီ... ငါတို့နောက်ပြီးကျရင် သူတို့ဆီကို အလည်သွားဖို့ ပြင်ကြတာပေါ့”

မုန့်ယောင်က သူမ၏ ခေါင်းကိုငုံ့ပြီး လေးလံသောစိတ်နှလုံးဖြင့် နှုတ်ဆိတ်နေ၏။

“ဘာများဖြစ်လို့လဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက မုန့်ယောင်၏ မူမမှန်မှုကို သတိထားမိပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူမ၏ ဘေးပတ်လည်မှ စည်ကားသက်ဝင်မှုနှင့် ဆူညံပွက်လောရိုက်နေသောအသံများကို အာရုံခံရင်း မုန့်ယောင်က သူမသည် မွန်မြတ်ကျွန်းနှင့် လုံးဝသဟဇာတမဖြစ်ဟု ခံစားနေရသည်။ သူမသည် ကြယ်များဝန်းရံထားသော လပြည့်ဝန်းများကဲ့သို့ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကိုကြည့်ပြီး စိတ်ပျက်မှုနှင့် စိတ်အားညှိုးငယ်မှုကို ခံစားနေရသည်။

တကယ်ဆို သူမ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာခဲ့သည်။

သူမသည် ဤနေရာကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာပြီး အင်မော်တယ်ပျံဂိုဏ်းသို့ ပြန်သွားကာ သူမ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ပြန်လည်ပေါ်ထွက်မလာလိုတော့ပေ။

“ငါပြန်ချင်တယ်”

မုန့်ယောင်က ရုတ်တရက်ပြောလိုက်သည်။

“ပြန်မလို့လား”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက တည်တံ့သွားလေသည်။ မုန့်ယောင်၏ ရည်ရွယ်ချက်ကို အာရုံခံမိပြီး သူက လှောင်ရယ်လိုက်၏။

“နင်ကဘယ်ကိုပြန်သွားနိုင်မှာလဲ... အင်မော်တယ်ပျံဂိုဏ်းကိုသွားပြီး နင်တို့ဂိုဏ်းသားရောင်းရင်းတွေရဲ့ အထင်အမြင်သေးမှုတွေနဲ့ လှောင်ပြောင်ထေ့ငေါ့မှုတွေကို ဆက်ပြီးခံစားမလို့လား... ဂိုဏ်းကအကြီးအကဲတွေရဲ့ အေးစက်တဲ့အပြုအမူတွေကို ဆက်ပြီးခံယူမလို့လား”

မုန့်ယောင်က သူမ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး သူမ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။

ဤနှစ်များအားလုံးမှာ တစ်ဂိုဏ်းတည်းသားချင်းများသည် သူမ၏ ရှေ့မှာ တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူမ၏ နောက်ကွယ်မှာ အတင်းအဖျင်းများနှင့် ဆွေးနွေးပြောဆိုမှုများစွာရှိနေသည်ကို သူမသိထားလေသည်။

ဓားအင်မော်တယ်ယွဲ့ဟွား၏ စကားမှ အေးစက်မှုနှင့် လှောင်ပြောင်သရော်လိုမှုက မုန့်ယောင်၏ အရှိုက်ကို ထိသွားလေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်သည်။

“ငါတို့က ဒီကိုရောက်လာပြီးပြီပဲ... ငါတို့က နောက်ဆုံးအချိန်ကျမှ အမြီးကုပ်ပြီးပြန်သွားမလို့လား... အဲဒါက အောင်မြင်သည်ဖြစ်စေ မ​အောင်မြင်သည်ဖြစ်စေ ငါတို့ အဲဒါကိုကြိုးစားကြည့်ရမယ်”

“ဘေးပတ်လည်က ပကတိစိတ်ဝိညာဥ်ပညာရှင်တွေကိုကြည့်လိုက်... သူတို့ပြောဆိုနေတဲ့ ပြိုင်စံရှားတွေအကြောင်းကို နားထောင်ကြည့်လိုက်”

ဓားအင်မော်တယ်ယွဲ့ဟွားက စိတ်လှုပ်ရှားတက်ကြွသောအမူအရာဖြင့် သူ၏ ဘေးပတ်လည်ကို လက်ညှိုးထိုးပြီး မြင့်မားသောစိတ်ဝိညာဥ်ဖြင့် ပြောလိုက်၏။

“ငါတို့တွေက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာရှိနေမယ်ဆိုရင် ငါတို့က ဒီအန္တိမပကတိစိတ်ဝိညာဥ်တွေနဲ့ ဘယ်လိုလုပ်တွေ့ခွင့်ရပါ့မလဲ... ငါတို့က ဒီလောက်များပြားတဲ့ပညာရှင်တွေနဲ့ ဘယ်လိုလုပ်ပြီး ထိတွေ့ဆက်ဆံနိုင်ပါ့မလဲ”

“မုန့်ယောင်... ဒါက ငါတို့နှစ်ယောက်အတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ”

“ငါတို့ အဲဒါကို ဖမ်းဆုပ်မိနိုင်မယ်ဆိုရင် ငါတို့နှစ်ယောက်က ငါတို့ရဲ့ဒဏ်ရာတွေကို ကုသနိုင်ရုံတင်မကဘူး... ငါတို့က အဲဒီအခွင့်အရေးကိုအသုံးချပြီး ငါတို့ရဲ့ အသိအမြင်တွေကိုချဲထွင်နိုင်မယ် ထိပ်တန်းကမ္ဘာကြီးတွေက အန္တိမပကတိစိတ်ဝိညာဥ်တွေနဲ့ သိကျွမ်းခွင့်ရနိုင်မယ်”

“ငါတို့က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို ပြန်သွားတဲ့အခါ ဘယ်သူက ငါတို့ကို အထင်သေးရဲဦးမှာလဲ”

မုန့်ယောင်သည် ဓားအင်မော်တယ်ယွဲ့ဟွား၏ စကားလုံးများမှာ စိတ်ပါယိမ်းယိုင်လာခဲ့သည်။

ဓားအင်မော်တယ်ယွဲ့ဟွားက ဆက်ပြောလိုက်သည်။

“မင်းနဲ့ငါက ကောင်းကင်ဘုံကမ္ဘာမှာ ငါတို့ရဲ့နာမည်ဂုဏ်သတင်းကို ဆုံးရှုံးခဲ့ရပြီဆိုပေမယ့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အဲဒီကိစ္စကို လူဘယ်လောက်များများသိမှာလဲ... မင်းရဲ့ ဒုံမင်းအတတ်နဲ့ဆို မင်းက ဒီလောကရဲ့ တစ်မူထူးခြားတဲ့ သံစဥ်တချို့ကို တီးခတ်ပြပြီးတာနဲ့ မင်းက အန္တိမပကတိစိတ်ဝိညာဥ်တွေနဲ့ ဘာလို့မိတ်ဆွေမဖွဲ့နိုင်ရမှာလဲ”

မုန့်ယောင်က ခေါင်းညိတ်ပြလိုက်၏။

သူမ၏ မျက်လုံးများက တဖျတ်ဖျတ်လက်လာပြီး သူမ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာသည်။

လမ်းတစ်လျှောက်မှာ သူတို့သည် စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်သော အန္တိမပကတိစိတ်ဝိညာဥ်တချို့ပေါ်ထွက်လာပြီး အံ့အားတသင့်ရေရွတ်ပြောဆိုသံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို တွေ့မြင်နေရလေသည်။

သူတို့သည် အခြားသူများထံမှ အန္တိမပကတိစိတ်ဝိညာဥ်များ၏ နာမည်များကိုပင် ကြားသိခဲ့ရသည်။ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ နံပါတ်တစ်ပကတိစိတ်ဝိညာဥ်နှင့် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်၏ ရှယင်။

ကျောက်တုံးမျိုးနွယ်မှ အန္တိမပကတိစိတ်ဝိညာဥ် ရှစ်ပို။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က စိတ်ချင်းဆက်နေကြသည်။ သူတို့က အတူပူးပေါင်းတိုက်ခိုက်သည့်အခါ သူတို့သည် သူတို့နှင့် အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းနေ​ပေလိမ့်မည်။

ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။

“ဓားကမ္ဘာမှာ တောင်ထွတ်သခင်ဆူကျူးဆိုတာလည်းရှိတယ်... သူက ဒီလောက်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာခဲ့ပြီ... နောက်ပြီး သူက ဗလာနယ်ဝိညာဥ်နယ်ပယ်မှာပဲရှိသေးတယ်... သူ့ရဲ့ပါရမီအရည်အချင်းက ဘယ်လောက်တောင် ထူးချွန်ထက်မြတ်လိုက်သလဲ”

မုန့်ယောင်က ခေါင်းညိတ်ပြလိုက်၏။

“ဆူကျူးက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အာကာသသက်ရှိနယ်ပယ်မှာ ရှိနေတုန်းမှာပဲ သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးကို သတ်ဖြတ်ပြီး သူတို့နဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရန်စရှိလာခဲ့တယ်လို့ ငါကြားတယ်... ဒီတစ်ခေါက်သူတို့ကြားမှာ တိုက်ပွဲတစ်ခု ဖြစ်လာလောက်တယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်သည်။

“ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ငါက သူနဲ့တွေ့ခွင့်ရမယ်ဆိုရင် သူနဲ့မိတ်ဆွေဖွဲ့ရမယ်”

“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါကဓားတာအိုမှာ အတော်လေးနှံ့စပ်မှုရှိတယ်... ငါက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်နဲ့ ပြောဆိုဆက်ဆံနိုင်လောက်တယ်”

“အင်း”

မုန့်ယောင်၏ ရင်ထဲမှာ မျှော်လင့်စောင့်စားမှုက တလိပ်လိပ်ထိုးတက်လာ၏။

“ကောင်းပြီလေ... ငါ နင့်စကားကိုနားထောင်မယ်... ငါတို့ နတ်ဘုရားမျိုးနွယ်ဆီကို အရင်အလည်သွားကြတာပေါ့... ငါတို့ရဲ့ထိခိုက်ဒဏ်ရာတွေကို ကုသနိုင်မယ်ဆိုရင် အကုန်လုံးက အဆင်ပြေသွားလိမ့်မယ်။”

All Chapters