← Chapters

အမှောင်ခေတ်

Vol. 190 Ch. 2847

အမှောင်ခေတ်

Vol. 190 Ch. 2847

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ နတ်ဘုရားမျိုးနွယ်ကမ္ဘာထဲမှာ။

နန်းကြည်သည် သူ့အကြောင်းနှင့်ပတ်သက်၍ သတင်းပေးထားပြီးသားဖြစ်ပေလိမ့်မည်။ ဆူဇီမိုက ရောက်ရှိလာပြီး သူ၏ ရည်ရွယ်ချက်ကို ရှင်းပြပြီးနောက် နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ဦးက သူ့ကို ဂေဟာထဲရှိ အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။

နန်းကြည်က ထိုနေရာမှာ စောင့်ဆိုင်းနေခဲ့သည်မှာ အတန်ကြာခဲ့လေပြီ။ သူမက ဆူဇီမိုရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူမ၏ စိတ်လှုပ်ရှားမှုနှင့် ​ဝမ်းသာပျော်ရွှင်မှုကိုဖိနှိမ်ပြီး တည်ငြိမ်သယောင်ဟန်ဆောင်နေ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိက နောက်သို့ဆုတ်ခွာ​သွားပြီး အခန်းထဲမှာ သူတို့နှစ်ယောက်သာ ကျန်ရှိတော့သည့်အခါ နန်းကြည်က သူမ၏ ရင်ထဲရှိ အစစ်အမှန်ခံစားချက်များကို လုံးဝဖွင့်ထုတ်လိုက်၏။ သူမ၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များက တရစပ်စီးကျလာ၏။

သူတို့၏ ဤတစ်ခေါက်ခွဲခွာမှုက သူမအတွက် အရမ်းကိုကြာခဲ့သည်။

ဤနှစ်များအားလုံးမှာ သူမသည် အလင်းကမ္ဘာမှာ မျိုးဆက်သွေးတူ နတ်ဘုရားမျိုးနွယ်သက်ရှိများကြား ရောက်ရှိနေသော်လည်း သူမသည် ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဘဲ မိသားစုခံစားချက်ကို ရှာမတွေ့ခဲ့ပေ။

သူမက ဆူဇီမိုနှင့် ဆုံစည်းမိသည့်အခိုက်အတန့်မှသာ အိမ်ကိုပြန်ရောက်လာသလို အမှန်တကယ် ခံစားရလေသည်။

ဆူဇီမို၏ အကြည့်က နူးညံသိမ်မွေ့နေ၏။

နန်းကြည်က ကြီးပြင်းလာခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုက သူမကို ခါတိုင်းလိုပင် တူညီသောပုံစံဖြင့် ကြည့်နေ၏။

သူတို့နှစ်ယောက်ကြားမှာ အလ္လာပသလ္လာပပြောဆိုစရာ မလိုအပ်ပေ။ သူတို့က ထိုင်ချလိုက်ပြီးနောက် သူတို့သည် သူတို့တက်လှမ်းလာပြီးနောက် သူတို့၏ အတွေ့အကြုံများကို ပြန်ပြောပြနေကြ၏။

နန်းကြည်သည် သရဖူပေါ်မှ ယုံကြည်သက်ဝင်စွမ်းအား၏ အကူအညီနှင့်အတူ အခန်း၏ ဘေးပတ်လည်မှာ ကန့်သတ်အလွှာတစ်ခုကို ခင်းကျင်းထားခဲ့ပြီဖြစ်သည်။

ထိုသို့ဖြင့် အခြားသူများ ခိုးနားထောင်နေမည်ကို သူမက စိုးရိမ်နေစရာ မလိုတော့ပေ။

ဤမျှအထိ ကြာမြင့်ပြီးမှ သူတို့သည် ယခုပြန်လည်ဆုံစည်းရပြီး သူတို့မှာ ပြောစရာစကားများပေါင်းစုံ ရှိနေသည်။

​မသိလိုက်မသိဘာသာနှင့်ပင် နာရီအနည်းငယ် ကုန်ဆုံးသွားသည်။

ဆူဇီမိုသည် နန်းကြည်ထံမှ အလင်းကမ္ဘာနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်တချို့ကို ကြားသိခဲ့ရလေသည်။

အလင်းခေတ်ကို တည်ထောင်ခဲ့သော အလင်းကမ္ဘာမှ မဟာဧကရာဇ်တစ်ပါးရှိခဲ့ဖူးလေသည်။

ရလဒ်အနေဖြင့် အလင်းကမ္ဘာ၏ နာမည်ဂုဏ်သတင်းနှင့်ခွန်အားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ၎င်း၏ အထွတ်အထိပ်အထိ ရောက်ရှိလာပြီး မွန်းတည့်ချိန်မှာ တောက်ပခဲ့သော နေတစ်စင်းကဲ့သို့ဖြစ်ခဲ့သည်။

သို့သော်လည်း လောကမှကပ်ဘေးတစ်ခုကြောင့် မဟာဧကရာဇ်အလင်းသည် နောက်ဆုံးမှာ သေဆုံးပြီး အလင်းကမ္ဘာကို ကျဆင်းစေခဲ့သည်ဟု ဆိုလေသည်။

ဆူဇီမိုက ထိုအကြောင်းကိုပြောဆိုခဲ့သည်မှာ သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေး၏ ဒသမမြောက်ကပ်ဘေးကို ဖြတ်ကျော်ခဲ့စဥ်က ကောင်းကင်ဘုံကပ်ဘေးတစ်ခုသည် လူပုံသဏ္ဌာန်ပုံစံဖြင့် ဆင်းသက်လာခဲ့သောကြောင့်ဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်သည် ရွှေရောင်အလင်းဖြင့်တောက်ပနေပြီး ရွှေရောင်သွေးချီက တလိပ်လိပ်ထိုးတက်နေကာ နတ်ဘုရားမျိုးနွယ်နှင့် ဆင်တူလေသည်။

ထိုသူများသည် အရင်တုန်းက ကွယ်လွန်သွားခဲ့သော မဟာဧကရာဇ်များဖြစ်ကြသည်ကို ဆူဇီမိုက အတည်ပြုနိုင်ခဲ့ပြီးပြီဖြစ်သည်။

နန်းကြည်၏ စကားကနေတစ်ဆင့် အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေးမှာ ပေါ်ထွက်ခဲ့သည့် ထိုသူက ယခင် မဟာဧကရာဇ်အလင်းဖြစ်သည်ကို ဆူဇီမိုက အတည်ပြုနိုင်လေသည်။ ဤမဟာဧကရာဇ်များမှာ တူညီသော ဝိသေသလက္ခဏာတစ်ခုရှိနေပုံရသည်။

သူတို့ထဲ မည်သူကမှ အဆုံးသတ်မကောင်းခဲ့ကြပေ။

ဤမဟာဧကရာဇ်များ၏ သေဆုံးမှုများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို တိုက်ခတ်လာပြီး မျိုးနွယ်စုတစ်သောင်းသက်ရှိများပေါ် သက်ရောက်စေခဲ့သည့် ကပ်ဘေးနှင့် ပတ်သက်ဆက်စပ်မှုရှိနေမလား။

မိစ္ဆာအရှင်၊ ငရဲအရှင်၊ ​​ဗြဟ္မာတစ္ဆေမိခင်၊ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၊ ကောင်းကင်ဘုံခုံရုံး။

လောက၏ ထိုကပ်ဘေးက မိစ္ဆာအရှင်ကြောင့် ဖြစ်လာခဲ့ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်များက သူတို့၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ခဲ့ကြသည်ဆိုလျှင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ကောင်းကင်ဘုံခုံရုံးက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့တာလဲ။

သတင်းအချက်အလက်အပိုင်းအစများစွာက ဆူဇီမို၏ စိတ်ထဲမှာ ပေါ်ထွ​က်လာ၏။

သို့သော်လည်း သူသည် ထိုအပိုင်းအစများနှင့်အတူ နောက်ဆုံးအမှန်တရားကို မပေါင်းစည်းနိုင်ပေ။

ဆူဇီမိုက ​အလေးအနက်စဥ်းစားတွေးတောနေစဥ် နန်းကြည်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့... အလင်းခေတ်ပြီးတဲ့နောက် အမှောင်ခေတ်မှာ အလင်းကမ္ဘာက အလျင်အမြန်မြင့်မားတိုးတက်လာပြီး ထိပ်တန်းကမ္ဘာကြီးတွေထဲကတစ်ခု နောက်တစ်ဖန်ပြန်ဖြစ်လာခဲ့တယ်”

“အမှောင်ခေတ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

အထီးကျန်သိုင်းသခင်၏ ကောင်းကင်ဘုံကပ်ဘေး၏ ဒသမမြောက်ကပ်ဘေးမှာ မဟာဧကရာဇ်အလင်းနှင့်အတူ အမှောင်ထုလွှမ်းခြုံထားသည့်ပုံရိပ်တစ်ခု တကယ်ပင်ရှိခဲ့လေသည်။

အရင်တုန်းက အမှောင်ခေတ်ဆိုတာရှိခဲ့ဖူးသည်ဆိုလျှင်။

ထိုသို့ဆိုလျှင် ထိုပုံရိပ်သည် မဟာဧကရာဇ်အမှောင်ဖြစ်ပေလိမ့်မည်။

ကိစ္စက ထိုသို့ဖြစ်ပေလိမ့်မည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အလင်းကမ္ဘာရှိသောကြောင့် အမှောင်ကမ္ဘာကလည်း ရှိသင့်လေသည်။

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် ရုတ်တရက်မေးလိုက်၏။

“အခုချိန် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အမှောင်ကမ္ဘာဆိုတာ မရှိတဲ့ပုံပဲ”

နန်းကြည်က ခေါင်းညိတ်ပြလိုက်၏။

“မဟာဧကရာဇ်အမှောင်သေဆုံးသွားပြီးတဲ့နောက် တစ်ခါက ဂုဏ်ကျက်သရေထွန်းတောက်ခဲ့တဲ့ အမှောင်ကမ္ဘာက အဲဒီကပ်ဘေးနဲ့အတူ လုံးလုံးလျားလျားချေမှုန်းဖျက်​ဆီးခံခဲ့ရတယ်”

“ဒါက...”

ဆူဇီမိုက တုန်လှုပ်သွားလေသည်။

တစ်ခါက မဟာဧကရာဇ်တစ်ပါးကိုပင် မွေးထုတ်ပေးခဲ့သည့် ထိုကမ္ဘာသည် အထက်ဘုံလောကကနေ တစ်စွန်းတစ်စမကျန် ဤကဲ့သို့ပင် ဖျောက်ဖျက်ခံခဲ့ရလေသည်။

ထိုစဥ်မှာပင် အပြင်ဘက်ကနေ တံခါးခေါက်သံထွက်ပေါ်လာ၏။

“သခင်မလေးနန်းကြည်”

တစ်ယောက်ယောက်က အပြင်ကနေ ညင်သာစွာ အော်ခေါ်လိုက်၏။

“ဘာဖြစ်ပြန်ပြီလဲ”

နန်းကြည်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူမသည် ဆူဇီမိုနှင့် မတွေ့ရသည်မှာ အတန်ကြာခဲ့ပြီဖြစ်ပြီး ဆွေးနွေးပြောဆိုစရာစကားများစွာရှိနေ၏။ သူမသည် အနှောင်အယှက်မခံရလိုဘဲ အပြင်ဘက်မှ တံခါးခေါက်သံကို ကြားသောအခါ အတော်လေးမကျေမနပ်ဖြစ်သွား၏။

နန်းကြည်မှာ နတ်ဘုရားမျိုးနွယ်၏ တော်ဝင်မိသားစုမျိုဆက်သွေးရှိပြီး သူမ၏ အဆင့်အတန်းက တကယ်ပင် မြင့်မြတ်လေသည်။

တံခါး၏ အပြင်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိက အတော်လေးရိုသေလေးစားမှုရှိသည်။ သူက တံခါးဘေးမှာသာ မတ်တတ်ရပ်နေပြီး ပြောလိုက်၏။

“အပြင်ဘက်မှာ ကောင်းကင်ဘုံကမ္ဘာက ပကတိအင်မော်တယ်နှစ်ဦးရောက်လာပါတယ်... သူတို့က လက်ဆောင်တွေကိုပြင်ဆင်ပြီး နတ်ဘုရားသားတော်နဲ့ နတ်ဘုရားသမီးတော်ကို အရိုအသေပေးဖို့ ရောက်လာတာလို့ ပြောကြတယ်... သူတို့ရဲ့ စိတ်သဘောထားက အတော်လေးရိုးဖြောင့်မှုရှိပါတယ်”

“အရှင်မင်ဟွေ့ကလည်း မရှိဘူးဆိုတော့ ကျုပ်က သခင်မလေးနန်းကြည်ကို မေးမြန်းဖို့ ရောက်လာရတာပါ”

“မတွေ့တော့ဘူး”

နန်းကြည်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်၏။

သူမသည် ပတ်သက်ဆက်စပ်မှုမရှိသော ဤလူများနှင့် အချိန်မဖြုန်းလိုပေ။

ဆူဇီမိုသည် ကောင်းကင်ဘုံကမ္ဘာမှလူများရောက်လာသည်ဟု ကြားသိရသောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။

ထိုသူက စစ်တုရင်အင်မော်တယ်ကျွင်းယု ဖြစ်နေမလား..

သို့သော်လည်း ထိုသူက ကျွင်းယုဖြစ်သည်ဆိုလျှင် သူမသည် နတ်ဘုရားသားတော်နှင့် နတ်ဘုရားသမီးတော်ကို လက်ဆောင်များနှင့် ဘာလို့အရိုအသေလာပေးရမှာလဲ။

ဤကဲ့သို့သောအပြုအမူများသည် ကျွင်းယု၏ ပုံစံနှင့်မကိုက်ညီပေ။

“ကောင်းကင်ဘုံကမ္ဘာကလား သူတို့က ဘယ်သူတွေလဲ”

ဆူဇီမိုက သာမန်ကာလျှံကာမေးလိုက်၏။

အပြင်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိက လှောင်ရယ်လိုက်၏။

“သူတို့တွေက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက လာတာလို့ပြောတယ်... သူတို့ထဲကတစ်ယောက်ကို ယွဲ့ဟွားလို့ခေါ်တယ်... နောက်တစ်ယောက်ကတော့ ကောင်းကင်ဘုံကမ္ဘာရဲ့ မဟာနတ်မိမယ်လေးပါးထဲက တစ်ပါး ဒုံမင်းအင်မော်တယ်ဆိုပြီး ကျော်ကြားတယ်”

“အို...”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“သခင်လေး... ရှင်သူတို့ကို သိလို့လား”

နန်းကြည်သည် ဆူဇီမို၏ ထူးဆန်းသော အမူအရာကို သတိထားမိပြီး ညင်သာစွာမေးမြန်းလိုက်၏။

“ဒါပေါ့... ငါသူတို့နဲ့သိတယ်”

ဆူဇီမိုကပြုံးပြပြီး သူနှင့် သူတို့နှစ်ယောက်ကြား ရန်ငြိုးရန်စကို အတိုချုံးရှင်းပြကာ အဓိပ္ပါယ်ပါပါပြောလိုက်၏။

“နန်းကြည်... မင်း သူတို့နှစ်ယောက်နဲ့တွေ့သင့်တယ် ထင်တယ်”

နတ်ဘုရားမျိုးနွယ်၏ ဂေဟာ.. ဧည့်ခန်းမမှာ။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့်မုန့်ယောင်က ဤနေရာမှာ စိတ်ခြေလက်ရှည်စောင့်ဆိုင်းနေကြ၏။ အချိန်စီးဆင်းမှုက များစွာပိုမိုနှေးကွေးသွားသည့်အလား သူတို့က အတော်လေးမအီမသာခံစားနေရသည်။

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် ရွှေရောင်ဝတ်ရုံကိုဝတ်ထားသည့် အမျိုးသမီးတစ်ဦးက ဂေဟာ၏ အနက်ပိုင်းထဲကနေ လျှောက်လှမ်းထွက်လာ၏။

သူမသည် ရွှေရောင်သရဖူတစ်ခုကို ဆောင်းထားပြီး အလွန်တရာချောမောလှပကာ မြင့်မြတ်ထည်ဝါနေ၏။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ထိုပုဂ္ဂိုလ်ကိုတွေ့မြင်သောအခါ သူ၏ မျက်လုံးနှစ်ဖက်က ဝင်းလက်သွားသည်။

သူသည် နန်းကြည်ကို အရင်က မတွေ့မြင်ဖူးသော်လည်း သူသည် နတ်ဘုရားမျိုးနွယ်သရဖူကို တွေ့မြင်သည့်ခဏမှာပင် တစ်ဘက်သူက နတ်ဘုရားသမီးတော်ဖြစ်သည်ကို သူက ခန့်မှန်းမိလိုက်လေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားက အလောတကြီးမတ်တတ်ထရပ်ပြီး သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ကျုပ်က ကောင်းကင်ဘုံကမ္ဘာက ယွဲ့ဟွားပါ... မင်္ဂလာပါ သခင်မလေးနန်းကြည်”

“ကျုပ်က ခင်ဗျားအကြောင်းကို အများကြီးကြားဖူးပါတယ်... ကျုပ်က ခင်ဗျားနဲ့တွေ့ခွင့်မရခဲ့လို့သာ”

“အခု... ဒီနေ့ကျုပ်က ခင်ဗျားကို တွေ့မြင်လိုက်ရပြီ... ခင်ဗျားက တကယ့်ကိုပြိုင်ဘက်ကင်းပြီး ချောမောလှပတာပဲ”

မုန့်ယောင်က ထိုစကားကိုကြားသောအခါ ရွံရှာစက်ဆုပ်မှုကို ခံစားလိုက်ရ၏။

ဓားအင်မော်တယ်ယွဲ့ဟွားသည် မွန်မြတ်ကျွန်းပေါ်သို့ရောက်ရှိပြီးမှသာ နန်းကြည်၏ နာမည်ကို ကြားဖူးခြင်းဖြစ်လေသည်။ သို့သော်ယခု သူသည် နည်းနည်းကလေးမှ အရှက်မရှိဘဲ ဤကဲ့သို့သောစကားများကို တရစပ်ပြောဆိုနေလေသည်။

မုန့်ယောင်ကလည်း မတ်တတ်ထရပ်ပြီး သူမ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ကျွန်မက ကောင်းကင်ဘုံကမ္ဘာက မုန့်ယောင်ပါ... နှုတ်ဆက်ပါတယ် သခင်မလေးနန်းကြည်”

နန်းကြည်က ညင်သာစွာပြုံးပြီး သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်၏။

သူမက ပင်မထိုင်ခုံမှာထိုင်ပြီး သာမန်ကာလျှံကာပုံစံဖြင့် ပြောလိုက်၏။

“ကျွန်မကလည်း ရှင်တို့နှစ်ယောက်အကြောင်းကို အများကြီးကြားဖူးပါတယ်”

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်က မတုံ့ပြန်နိုင်ခင် နန်းကြည်က ဆက်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ကြပါဦး”

ဓားအင်မော်တယ်ယွဲ့ဟွားက ထိုစကားကို ကြားသောအခါ ဘဝင်လေဟပ်သွားလေသည်။

“သခင်မလေးနန်းကြည်... ခင်ဗျားက ကျုပ်နာမည်ကို ကြားဖူးတာလား”

ဓားအင်မော်တယ်ယွဲ့ဟွားသည် တိတ်တဆိတ်ကျေနပ်သဘောကျသွားပြီး မေးလိုက်မိသည်။

သူ့နာမည်က အလင်းကမ္ဘာသို့ပင် ပျံ့နှံ့ရောက်ရှိနေခဲ့သည်လား။

ဓားအင်မော်တယ်ယွဲ့ဟွားက အဲဒါသည် မယုံကြည်နိုင်စရာကောင်းသည်ဟု သတိထားမိလိုက်သည်။

သူသည် ကောင်းကင်ဘုံကမ္ဘာကိုကျော်လွန်ပြီး နတ်ဘုရားသမီးတော်၏ နားသို့ပင်ရောက်ရှိနိုင်သည့် တုန်လှုပ်စရာကောင်းသည့် တစ်ခုခုကို လုပ်ခဲ့ဖူးပုံ မရပေ။

“အင်း... ကျွန်မအဲဒါကို မိတ်ဆွေတစ်ဦးစီကနေ ကြားဖူးတာ”

နန်းကြည်က ညင်သာစွာပြုံးပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

All Chapters