← Chapters

ရမ္မက်ကိုဖိနှိပ်ခြင်း

Vol. 2 Ch. 105

ရမ္မက်ကိုဖိနှိပ်ခြင်း

Vol. 2 Ch. 105

လူငယ်၏ပင်ကိုယ်စရိုက်ကလည်း ယခုလိုမျိုး အမည်မသိမိန်းကလေးတစ်ယောက်ကိုစေတနာပရပွဖြင့်သွားရောက်ကူညီသည်အထိ စိတ်ထားကောင်းတစ်ယောက်မဟုတ်ပေ။

သို့သော် အချိန်အနည်းငယ်စောင့်ကြည့်ပြီးသည်အထိ ထိုမိန်းကလေးကတုတ်တုတ်မှမလှုပ်ဘဲ သတိလစ်မေ့မျောနေဟန်တူရာ ထိုမိန်းကလေးက အမှန်တကယ်ဒုက္ခရောက်လာသည်ကိုသိရှိလိုက်သည်။

“ ကယ်ရမလား မကယ်ရဘူးလား....”

လူငယ်ကမျက်မှောင်ကြုတ်ရင်းတစ်ကိုယ်တည်းရေရွတ်လိုက်သည် ။

သူ၏စိတ်ထဲတွင်လျစ်လျူရှုလိုစိတ်နှင့် ကူညီလိုသည့်စိတ်တို့အားပြိုင်ပြီး နောက်ဆုံးတွင်ကူညီလိုစိတ်က အနိုင်ရသွား၍ သက်ပြင်းတစ်ချက်ချပြီးလဲကျနေသညိ့မိန်းကလေးရှိရာသို့လျှောက်လာခဲ့တော့သည်။

“ ကောင်းမှုတစ်ခုလုပ်တယ်လို့ပဲ သဘောထားတာပေါ့....ဒါနဲ့ဆိုရင် ငါ့ရဲ့အကုသိုလ်တွေနည်းနည်းလေးပဲဖြစ်ဖြစ် လျော့သွားနိုင်တယ် “

လူငယ်၏မျက်နှာက အစောပိုင်းကလို ခံစားချက်ကင်းမဲ့သည့်ပုံစံမဟုတ်တော့ဘဲ တစ်ယောက်ထဲ ဝေခွဲမရဖြစ်နေဟန်တူသည်။

သူ၏စိတ်ထဲတွင် မရှိမဲ့ရှိမဲ့စိတ်ကောင်းကလေးက အနိုင်ရသွားသည့်အပြင် ထိုမိန်းကလေးမည်သူမည်ဝါဖြစ်သည်ကိုစူးစမ်းလိူသည့်အတွက်ကြောင့်လည်းကူညီရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်၏ ။

ထို‌နောက် တတွတ်တွတ်ရေရွတ်ရင်း ဘေးတစောင်းလဲကျနေသည့် မိန်းကလေး၏အနီးသို့သွားကာ ခန္တာကိုယ်ကိုစမ်းသပ်ကြည့်လိုက်သည်။

“ အားပါးပါး....အတွင်းဒဏ်ရာအပြင်းအထန်ရထားတဲ့အပြင် ကြောက်စရာကောင်းတဲ့အဆိပ်ကမိထားသေးတယ်...ဒဏ်ရာတွေကလည်းနည်းတာမဟုတ်ဘူး....”

လူငယ်က သေခြင်းရှင်ခြင်းတိုက်ပွဲများကြားတွင်ကြီးပျင်းလာခဲ့ရသူမီမီ မိန်းကလေး၏အခြေအနေကိုတစ်ချက်ကြည့်ရုံနှင့်ကောင်းစွာသိလိုက်သညိ။

ယခုလိုအခြေအနေမျိုးတွင် ထိုမိန်းကလေး အသက်ရှင်နိုင်ရန်က မဖြစ်နိုင်သလောက်ရှိပြီး သူကိုယ်တိုင်ရလည်း ဆေးပညာကိုအနည်းငယ်သာနားလည်ထားသည်။

ဤသည်ကလည်း သူ၏ဒဏ်ရာများကိုသူကိုယ်တိုင်ကုသရင်းရရှိခဲ့သည့်အသိပညာများဖြစ်ရာ ကျွမ်းကျင်သည့်အဆင့်နှင့် လီတစ်ရာလောက်ဝေးကွာနေသေးသည်။

“ ဘာပဲဖြစ်ဖြစ်‌ပေါ့... ဒီလောက်ဒဏ်ရာတွေနဲ့အဝေးကပြေးလာပြီး ငါရှိတဲ့နေရာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာရေစက်လို့တောင်ဆိုနိုင်တယ်။

ပြီးတော့ သူ့ရဲ့အသက်ရှင်သန်ချင်တဲ့ဆန္ဒကလည်း အံ့မခန်းပဲ။။။အတတ်နိုင်ဆုံးကြိုးစားပြီး ကယ်ကြည့်တာပေါ့ ...”

လူငယ်က စိတ်မနှံ့သူတစ်ယောက်နှယ်တစ်ယောက်ထဲစကားပြောနေပြီး မိန်းကလေး၏ခန္တာကိုယ်ကိုဆွဲလှည့်လိုက်သညိ ။

ထိုအခါ သူမ၏မျက်နှာပေါ်တွင်ဖူံးလွှမ်းနေသည့်ဆံပင်များဘေးသို့ကျဆင်းသွားကာ သွေးထွက်များ၍ ဖြူဖက်ဖြူလျော်ဖြစ်နေသည့် လွန်စွာလှပသည့်မျက်နှာလေးတစ်ခုကိုတွေ့လိုက်ရသည်။

မည်းနက်‌ဖြောင့်တန်းသည့်မျက်ခုံးများအောက်ရှိရှည်လျားကော့ညွှတ်သောမျက်တောင်များမှာ ပိတ်ဆို့နေသည်။

ချွန်ထက်ပြီးဖြောင့်စင်းသည့်နှာတံလေးက အပြစ်ဆိုဖွယ်မရှိဘဲ နီရဲသည့်နှုတ်ခမ်းပါးလေးထောင့်စွန်းတွင် ခြောက်ကပ်နေသည့်သွေးစီးကြောင်းတစ်ခုရှိနေသည် ။

သတိလစ်မေ့မျောနေသည့်တိုင် အံကိုတင်းတင်းကြိတ်ထားပြီး မျက်မှောင်တွန့်ချိုးထားသည့်မိန်းကလေး၏ တင်းမာသည့်ပုံစံလေးက ကြောက်စရာမကောင်းဘဲ ကရုဏာသက်ဖွယ်ပင်ကောင်းနေသေးသည်။

လူငယ့်လိုခံစားချက်ကင်းမဲ့သူတစ်ဦးပင် ထိုမိန်းမကလေး၏အလှတွင်တခဏဖမ်းစားခံလိုက်ရပြီးနောက်မှ တစ်ခါမြင်ပြီးလျှင် မမေ့လျော့နိုင်မည့်ထိုမျက်နှာကြောင့် အံ့အားသင့်စွာရေရွတ်လိုက်မိ၏။

“ ဒါက အရင်ရက်က တိုက်ပွဲမှာတွေ့ခဲ့တဲဘ ပင့်ကူနီကဝေပျိုဆိုတဲ့မိန်းကလေးမဟုတ်လား....”

&&&

“ ဘယ်....ဘယ်လို....”

ရှောင်ယောင်၏နီရဲနေသည့်မျက်နှာကိုကြည့်ရင်း စီးတုယွမ်ချင်းလည်းအံ့ဩထိတ်လန့်စွာမေးလိုက်မ်သည်။

မည်သည့်အရာကိုမှအကြောက်အလန့်မရှိဘဲ အေးတိအေးစက်နိုင်လှသည့်ထိုမိန်းကလေးမှာ ယခုအခါ လက်ဖျားခြေဖျားများအေးစက်နေပြီး လှပသည့်မျက်လုံးလေးများက ပြူးကျယ်ဝိုင်းစက်လျက်ရှိသည်။

ရှောင်ယောင်ကား စီးတုယွမ်ချင်းကို မကြည့်မိစေရန်သတိထားနေရင်းမှ တစ်ဖက်သို့လှည့်၍ပြောလိုက်သည်။

“ အဲဒီလောဘနတ်ဆိုးဆိုတဲ့လူက တကယ့်လူယုတ်မာပဲ ....နင့်ကိုပိတ်လှောင်ခဲ့တဲ့ ပန်းနုရောင်မြူခိုးတွေက ရမ္မက်ကြွစေတဲ့ဆေးမှုန့်တွေပဲ။ ။

ငါလည်း အဆိပ်ပဲထင်လိုလ လမ်းတစ်လျှောက်လုံးအတွင်းအားနဲ့ဖိနှိပ်ထားတာက မှားသွားတယ်။။အခု မရတော့ဘူး။။

ကံကောင်းလို့အများကြီးမရှုလိုက်မိပေမယ့် ငါထိမ်းမထားနိုင်တော့ဘူး....”

ရှောင်ယောင်၏အသံက တုန်ယင်နေကာ သူ၏မာကျောတောင့်တင်းနေသည့်ခန္တာကိုယ်အစိတ်အပိုင်းတစ်ခုကလည်း မိုးပေါ်သို့ထောင်တက်နေသည်။

အရေးထဲအရာပေါ်ဆိုသလို စီးတုယွမ်ချင်းလို လွန်စွာလှပသည့်မိန်းမလှလေးတစ်ယောက်က မလှမ်းမကမ်းတွင်ရှိနေသည်ဆိူသည့်အသိကြောင့် သူ၏နှလုံးခုန်နှူန်းများက သာမန်ထက်မြန်ဆန်လာပြီး နားထင်ကြောများပင်ထောင်လာအောင် တဒိတ်ဒိတ်ဖြစ်နေသည်။

ရှောင်ယောင်လည်း ယခုပုံစံအတိုင်းဆက်သွားလျှင် ကိုယ်ကျိုးနည်းကုန်တော့မည်ကိုရိပ်စားမိလိုက်ကာ တစ်စုံတစ်ခုကိုတွေးမိလိုက်၍ မျက်လုံးများတောက်ပသွားပြီး သူ၏အင်္ကျီကိုအလျှင်အမြန်ချွတ်လိုက်သည်။

စကားပြန်မရဘဲ တွေတွေကြီးရပ်နေပြီးမှအဝတ်အစားများရုတ်တရက်ချွတ်ချနေသည့်ရှောင်ယောင်ကြောင့် စီးတုယွမ်ချင်းလည်း ထခုန်လိုက်မိကာ သူမ၏လက်ထဲမှဓားရှည်ကိုရှေ့တွင်တုန်တုန်ယင်ယင်ဝေ့ယမ်းရင်းပြောလိုက်သည်။

“ နင်...နင်ရှေ့တိုးမလာနဲ့....”

သူမ၏ဓားကိုင်လက်က တဆက်ဆက်တုန်ယင်နေပြီး စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာဖြတ်ပြေးနေသည်။

မူလက ရှောင်ယောင်ပြောသည့်အကြောင်းအရာကြောင့်အံ့ဩတုန်လှုပ်နေရာမှ သူ၏လုပ်ရပ်ကြောင့်ပို၍ပင်ထိတ်လန့်တကြားဖြစ်ကာ စီးတုယွမ်ချင်းမှာမည်သို့ဆက်လုပ်ရမည်ကိုစဉ်းစားမရတော့ဘဲဖြစ်နေ၏။

ပုံမှန်အချိန်များတွင်အေးစက်မာကျောပြီးချဉ်းကပ်ရခက်သည့်ရေခဲနတ်သမီးလေးမှာ ခြေမကိုင်မိလိက်မကိုင်မိဖြင့် အယောင်‌ယောင်အမှားမှားဖြစ်နေပြီး လက်ထဲတွင်ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားသော်လည်း ရှောင်ယောင်သာသူမကိုအတင်းအကြပ်ပြုလုပ်လာပါက ဓားဖြင့်ထိုးရက်ခြင်းရှိမည်မဟုတ်ပေ။

အဆုံး၌ ထိုပြဿနာများ၏မြစ်ဖျားခံရာက သူမကြောင့်ဖြစ်ပြီး သူမ၏ဆီးကြိုတိုက်ခိုက်မှုကြောင့်လည်း ရှောင်ယောင်က ထိုမြူခိုးများကိုရှူရှိုက်မိကာ ထိမ်းချုပ်မရသည့်အခြေအနေသို့ရောက်ရှိသွားခြင်းဖြစ်သည်။

ထို့ကြောင့်စီးတုယွမ်ချင်းမှာ မိုးမိနေသည့်ကြောင်မလေးသဖွယ် ထိတ်လန့်တကြားဖြင့်ပြူးကြောင်နေပြီး နေရာတွင်တောင့်တောင့်ကြီးရပ်နေမိသည် ။

ရှောင်ယောင်ကား သူ၏အပေါ်အင်္ကျီကိုလျှင်မြန်စွာချွတ်လိုက်ပြီးအင်္ကျီထဲမှပစ္စည်းအနည်းငယ်ကိုထုတ်ကာ နောက်ပြန်မလှည့်ဘဲ စီးတုယွမ်ချင်းဆီသို့ပစ်ပေးလိုက်သည်။

“ ဒါတွေကိုယူ....”

ရှောင်ယောင်မှာ စကားဆုံးအောင်ပင်မပြောနိုင်ဘဲ သူ၏အောက်ပိုင်းကိုအုပ်ကိုင်၍ ဖျက်ခနဲပြေးထွက်သွားတော့သည်။

သူ၏ဦးတည်ရာက ဘေးနားတွင်ရှိနေသည့်စမ်းချောင်းထဲသို့ဖြစ်ပြီး တသွင်သွင်စီးဆင်းနေသည့်စမ်းချောင်းလေးထဲသို့ဝုန်းခနဲခုန်ချလိုက်တော့သည်။

စီးတုယွမ်ချင်းမှာ ရှောင်ယောင်နောက်ပြန်ပစ်ပေးသည့်ပစ္စည်းများကိုအလိုလိုဖမ်းယူထားလိုက်ရသည်။

ရှောင်ယောင် ပစ်ပေးလိုက်သည့်ပစ္စည်းများက ထွေထွေထူးထူးမဟုတ်ဘဲ အေးစက်ပြီးအလေးချိန်စီးသည့်လက်မအရွယ်တံဆိပ်ပြားနှစ်ခု ပုလင်းတစ်ဝက်ခန့်ကျန်သေးသည့်အဖြူရောင်ဆေးမှုန့်တစ်ပုလင်း၊ ရွှေတုံးနှင့်ငွေစများဖြစ်သည်။

သို့သော် ပြူးကျယ်ဝိုင်းစက်နေသည့်မျက်ဝန်းများဖြင့် အထိတ်ထိတ်အလန့်လန့်ဖြစ်နေသည့်မိန်းကလေးမှာ ထိုပစ္စည်းများကိုအသေအချာမကြည့်နိုင်သေးဘဲ ချောင်းစပ်သို့ရိပ်ခနဲပြေးသွားလိုက်ပြီး အော်ဟစ်လိုက်သည်။

“ ကျောက်တုံးခေါင်း...နင်အဆင်ပြေရဲ့လား ...”

ရှောင်ယောင်ပစ်ပေးခဲ့သည့်ပစ္စည်းများကိုတစ်ဖက်၊ ဓားရှည်တစ်ဖက်ကိုင်ကာပြေးလာသည့် စီးတုယွမ်ချင်း၏ပုံစံကဖရိုဖရဲဖြစ်နေပြီး မြင်နေကြအေးစက်စက်ပုံစံနှင့်လွန်စွာကွဲပြားနေကာသူမ၏လေသံကလည်း ရှောင်ယောင့်ကို စိုးရိမ်ပူပန်နေဟန်တူသညိ။

သူမ၏စကားသံကြောင့် ရေထဲတွင်‌ခေါင်းငုံ့၍ကိုယ်တွင်းရှိအပူလှိုင်းများကိုဖိနှိပ်နေသည့်ရှောင်ယောင်က ခေါင်းထွက်လိုက်ပြီး သူမကိုပြုံးပြလိုက်သည်။

“ အဆင်ပြေပါတယ်...”

သူ၏အသံကပြန်၍တည်ငြိမ်နေပြီဖြစ်သော်လည်း အားနည်းသည့်လရောင်အောက်တွင် မီးဖုတ်ထားသလိုနီရဲနေသည့်ခန္တာကိုယ်ကိုတွေ့နိုင်ပြီး မျက်နှာတွင်သွေးကြောများထောင်ထလာအောငိ အံကိုတင်းတင်းကြိတ်ထားသေးကြောင်းသတိပြုမိလိုက်ပေသည်။

ထိုမြင်ကွင်းကြောင့် စီးတုယွမ်ချင်း၏စိတ်ထဲတွင်အမည်ဖော်မရသည့်ခံစားမှုအချို့ဖြတ်ပြေးသွားပြီး အလိုလိုမျက်ရည်ဝိုင်းလာမိသည်။

ကိုယ်တွင်းရှိအပူဓာတ်နှင့် ထကြွလာသည့် ရမ္မက်များကိုအေးစက်သည့်ချောင်းရေအကူအညီဖြင့်ဖိနှိပ်ပြီးမှ ရှောင်ယောင်လည်းအနည်းငယ်သက်သာရာရခဲ့ခြင်းဖြစ်သညိ ။

ရှောင်ယောင်မှာ သူ၏အချိန်အများစုကို သိုင်းပညာလေ့ကျင့်ခြင်းတွင်ကုန်ဆုံးခဲ့သော်လည်း ဆေးပညာပါရဂူတစ်ဆူဖြစ်သည့်အဖိုးဟွမ်နှင့်ရင်းနှီးသည့်အားလျော်စွာ အဖိုးဟွမ်နှင့်တွေ့ဆုံစဉ်သူပြောသည့်နည်းလမ်းအချို့ကိုမှတ်သားခဲ့ရဖူးသည်။

ထိုအထဲတွင် ယခုလိုရမ္မက်ကြွဆေးကိုမည်သို့ဖိနှိပ်နိုင်သည်ဆိုသည့်အကြောင်းအရာကလည်းတစ်ခုအပါအဝင်ဖြစ်ပြီး အဖိုးဟွမ်က စကားစပ်မိ၍ပြောဆိုခြင်းဖြစ်သော်လည်း မှတ်ဉာဏ်ကောင်းသည့်ရှောင်ယောင်ကား နှစ်များစွာကြာသည့်တိုင်အောင်ကောင်းစွာမှတ်မိနေဆဲပင်။

ထို့ကြောင့်လည်း ယခုလိုအကြပ်အတည်းမျိုးကြုံတွေ့လာရာတွင် ထိုနည်းလမ်းက ကောင်းစွာအကူအညီပေးနိုင်ပြီး မြူခိုးအနည်းငယ်သာရှူရှိုက်မိခြင်းကလည်းကံကောင်းသွားခြင်းဖြစ်သည်။

သို့်မဟုတ်ပါက သူ၏အသိစိတ်ကိုပင်ထိမ်းချုပ်ထားရန်ခက်ခဲမည်ဖြစ်ကာ အနီးရှိစီးတုယွမ်ချင်းပေါ်သို့သားရဲတစ်ကောင်လိုခုန်အုပ်မိမည်ဖြစ်ပြီး ထိုသို့ပြုမူပါက ထိုမိန်းကလေး၏လက်ချက်ဖြင့်သေဆုံးရန်သေချာသလောက်ဖြစ်ပေသည်။

တစ်ချိန်ထဲမှာပင် စီးတုယွမ်ချင်းကို ယခုလိုအောက်တန်းကျလှသည့်နည်းလမ်းမျိူးသုံး၍တိုက်ခိုက်သည့် လောဘနတ်ဆိုးဆိုသည့်လူဝကြီးကို သူ၏စိတ်ထဲတွင် ဒေါသပြင်းစွာထွက်မိပြီး နောက်တစ်ကြိမ်အခွင့်အရေးကြုံပါကအလွတ်မပေးရန်တေးထားလိုက်သည်။

ယခုလောလောဆယ်တော့ စီးဆင်းနေသည့်ချောင်းရေထဲတွင်ခြေချိတ်ထိုင်ကာ ကိုယ်တွင်းအပူများကိုထိမ်းညိရင်း သူ၏ပါးစပ်မှလည်း တရားဓမ္မအချို့ကိုရေရွတ်၍စိတ်ကိုပြန်တည်ငြိမ်စေရန်ကြိုးပမ်းလိုက်ရတော့သည်။

“ အဖန်တလဲလဲလည်ပတ်‌နေသည့် သံသရာက ဆင်းရဲဒုက္ခဖြစ်ကာ သံသရာမှလွတ်မြောက်ရာဖြစ်သည့်နိဗ္ဗာန်ကသာ ချမ်းသာခြင်းဖြစ်၏ ။

သံသရာကို ဆင်းရဲဒုက္ဒဟုညွှန်းဆိုရလျှင် သံယောဇဉ်ကား ဆင်းရဲဒုက္ခ၏အရင်းအမြစ်ဖြစ်ချေသည် ....”

ရှောင်ယောင်၏နှုတ်မှ သာယာနာပျော်ဖွယ်ရှိသည့်တရားဓမ္မများစတင်ထွက်ပေါ်လာတော့သည်။

ရှောင်လင်ကျောင်းတော်လို တရားဓမ္မနှင့်ပတ်သတ်လျှင်စံပြနေရာတစ်ခုတွင်ဆယ်နှစ်တိုင်တိုင်နေခဲ့ရသည့်သူ့အတွက် အခြားလူများရွတ်ဖတ်သည်ကိုနားရေဝနေကာ တော်ရုံဘုန်းကြီးများထက်ပင် တရားစာများအလွတ်ရနေသေးသည်။

ထိုတရားဓမ္မများက သူ့အတွက်အသုံးမလိုဟုတွေးခဲ့မိသည့်တိုင် ယခုလို အခက်အခဲမျိုးကြုံလာချိန်တွင် ထင်မှတ်မထားသည့်ရှုထောင့်မှ ဆန်းကြယ်စွာအကူအညီပေးနေပေသည်။

ရှောင်ယောင်က ချောင်းရေထဲတွင် ခေါင်းသာဖော်၍ထိုင်နေရင်း ရမ္မက်ကြွဆေး၏အာနိသင်ကို ကြိုးစားဖိနှိပ်နေသလို ကမ်းစပ်ရှိစီးတုယွမ်ချင်းကလည်း ကျောက်ရုပ်တစ်ရုပ်လိုရပ်နေကာ အရည်လဲ့နေသည့်မျက်ဝန်းများဖြင့် ရှောင်ယောင့်ကို စူးစိုက်ကြည့်နေတော့သည်။

&&&&

All Chapters