← Chapters

စောင့်ကြိုနေသည့်ရန်သူများ

Vol. 2 Ch. 113

စောင့်ကြိုနေသည့်ရန်သူများ

Vol. 2 Ch. 113

မြင့်မားသည့်သစ်ပင်ကြီးများ ပေါများသည့်တောနက်ထဲတွင် ကိုင်းချင်းလှိမ်ယှက်နေသည့်သစ်ပင်ကြီးများကြောငိ့ ထူထဲအုံ့ဆိုင်းလျက်ရှိပေသည်။

သိုင်းလောကတွင် လူသိများသည့် ဟွာရှန်း တောင်နှင့် လီပေါင်းလေးရာကျော်ငါးရာခန့်ကွာဝေးသည့်နေရာဖြစ်ပြီး အနီးအနားတွင် မြို့ရွာများအလှမ်းဝေး၍လူအရောက်အပေါက်နည်းသည့်နေရာဟုဆိုနိုင်သည်။

ယခုအခါ တောအုပ်၏အပြင်ဘက်နားတွင် ထူးခြားသည့်အခြေအနေတစ်ခုဖြစ်ပေါ်နေပြီး အသေအချာအကဲခပ်မည်‌ဆိုပါက သစ်ပင်ကြီးများပေါ်တွင်လည်းကောင်း ခြုံပုတ်များနှင့်သစ်ရွက်များကြားတွင်လည်းကောင်း ပုန်းအောင်းလျက်ရှိသည့်သိုင်းသမားများကိုတွေ့ရပေမည်။

ထိုနည်းတူ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့် လူသုံးယောက်ကိုလည်းတွေ့ရမည်ဖြစ်ပြီး အသက်‌ သုံးဆယ်ကျော်လေးဆယ်ခန့်ရှိကြမည်ဘ ထိုလူငါးယောက်လုံးက ရုပ်ချင်းဆင်ဆင်တူကြ‌ပေသည် ။

သူတို့၏နောက်ကျောတွင်ဓားကိုယ်စီသိုင်းလွယ်ထားကြသည့်အစိမ်းဝတ်လူသုံးယောက်က သိုင်းလောကတွင် ကျော်ကြားသည့် ကြေးစားညီအစ်ကိုသုံးယောက်ဖြစ်ပြီး ငွေရလျှင်ဘာမဆိုလုပ်ဝံ့သည်ဟုနာမည်ကြီးသည်။

ထိုသုံး‌‌ယောက်နှင့်အတူ အနီရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် မန်ချောင်လည်းရှိနေပြီး မန်ချောင်က တိတ်ဆိတ်ငြိမ်သက်နေသည့်တောအတွင်းပိုင်းကိုအကဲခပ်နေသည်။

“ ဟေ့ မန်ချောင် မင်း‌ဆရာနဲ့ ရန်ဝေဆိုတဲ့ကောင် အသတ်ခံလိုက်ရပြီလားမသိဘူး....”

အစိမ်းရောင်ဝတ်စုံဝတ်လူတစ်ယောက်က အနည်းငယ်စိုးရိမ်ပူပန်နေဟန်တူသည့်မန်ချောင်ကိုစနောက်လိုက်သည်။

သူမ၏စကားကြောင့် မန်ချောင်က မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ်တုန့်ပြန်လိုက်သည်။

“ ဝမ်ထန်း ခေါင်းဆောင်သာထွက်လာရင် မင်းဒီလိုစကားမျိုးပြောဝံ့မလားကြည့်ချင်သေးတယ်....”

မန်ချောင်၏အနည်းငယ်တင်းမာသည့်လေသံကြောင့်ဝမ်ထန်းဆိုသည့်အစိမ်းရောင်ဝတ်စုံဝတ်လူ၏မျက်နှာကအေးစက်သွားပြီး ဘေးဘက်ရှိအစိမ်းရောင်ဝတ်စုံဝတ်လူတစ်ယောက်က မန်ချောင့်ကိုပြောလိုက်သည်။

“ မင်းရဲ့လေသံကိုပြန်ပြင်လိုက်စမ်း ....အခု မင်းတို့ခေါင်းဆောင် အကူအညီလိုလို့ငါတို့ကို ငွေပေးပြီး ငှားရမ်းထားရတာမလား....။

ဟမ့် လူတစ်အုပ်ကြီးနဲ့သွားပြီး လူငယ်မျိုးဆက်ကနှစ်ယောက်ကိုတောင်အနိုင်မရဘူးရယ်လို့ ...”

ဒုတိယလူ၏လှောင်ပြောင်မှုကြောင့် မန်ချောင်မှာ ဒေါသထွက်သွားဟန်တူပြီး ကျယ်လောင်သည့်လေသံဖြင့်‌တုန့်ပြန်လိုက်သညိ ။

“ မင်းတို့ကဘာသိလို့လဲ မဟူရာနတ်သမီးဆိုတဲ့စီးတုယွမ်ချင်းရဲ့သိုင်းပညာက ငါတို့ခေါင်းဆောင်နဲ့တန်းတူလောက်ရှိတယ်။

ပြီးတော့ သူနဲ့အတူပါလာတဲ့ ဝတ်စုံဖြူကျောင်းတော်သားဆိုတာ လူကသာဘာမှမဟုတ်တာ ချောင်းမြောင်းလုပ်ကြံတဲ့နေရာမှာ တကယ်ကြောက်စရာကောင်းတယ်။

သူ့ကြောင့် ငါတို့နဲ့ပါလာတဲ့ထိပ်တန်းအဆင့်သိုင်းသမားတွေ ဒဏ်ရာရတဲ့လူကရ အကြောပိတ်ခံရတဲ့လူကအပိတ်ခံရပြီး ဆက်မတိုက်ခိုက်နိုင်ကြတာ ။

ဒီကောင့်ကို ရန်ဝေမသတ်ရင် ငါ့လက်နဲ့သတ်ပစ်ရမှကျေနပ်မယ်.....”

သူ၏အမည်က ဝမ်လူဖြစ်ပြီး ဝမ်ညီအစ်ကိုသုံးယောက်ထဲတွင် ဒုတိယဖြစ်‌သည် ။

ဝမ်လူနှင့် မန်ချောင်တိုါနှစ်ယောက်၏ တင်းမာသည့်အခြေအနေကြောင့် တောအုပ်အတွင်းကိုစူးစိုက်ကြည့်နေသည့် ကျန်တစ်ယောက်က ခေါင်းယမ်း၍ဝင်ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက်လုံးတော်လိုက်တော့....ညီနှစ် ၊ ညီသုံး ငါတို့က အလကားလာတာမဟုတ်ဘူးလေ သူတို့ကတန်ရာတန်ကြေးပေးပြီးငှားတာ အသေးအဖွဲ့တွေကို သည်းခံမှပေါ့ ....”

“ ပြီးတော့ မန်ချောင်ကလည်း အလကားနေရင်း ဒေါသထွက်မနေနဲ့ အစ်ကိုအန်းဒူရဲ့သိုင်းပညာနဲ့ဆိုရင် ဘာမှဖြစ်မှာမဟုတ်ဘူး ....”

သူတို့ထဲတွင်အကြီးဆုံးဖြစ်ပြီးအစွမ်းအထက်ဆုံးဖြစ်သည့် အစ်ကိုကြီး၏စကားကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ တိတ်ကျသွားပြီး မန်ချောင်၏အမူအယာကလည်းပျော့ပြောင်းသွားသည်။

“ ကျုပ်က စိုးရိမ်လို့တော့မဟုတ်ပါဘူး။။ ဒါပေမယ့် ညထဲက ‌ကျုပ်တို့ရောက်နေတာ အထဲက လှုပ်ရှားမှုတစ်ခုခုမတွေ့ရသေးလို့....”

မန်ချောင်မှာ သူ့ခေါင်းဆောင်၏သိုင်းပညာကိုယုံကြည်စိတ်ချသည့်တိုင်မည်သည့်အတွက်ကြောင့်ရယ်မသိဘဲ စိတ်ထဲတွင်လေးလံ‌နေမိသည်။

စီးတုယွမ်ချင်း၏ကြောက်စရာကောင်းသည့်သိုင်းပညာကြောင်းလည်းကောင်း ၊ ရှောင်ယောင်၏ ထင်မှတ်မထားသည့်သိုင်းပညာကြောင့်လည်းကောင်း ထိုညက အဖြစ်အပျက်များကိုသူ၏စိတ်ထဲတွင် ပြန်မြင်ယောင်မိနေဆဲပင်။

အစောပိုင်းကပြောခဲ့သည့် အစိမ်းရောင်ဝတ်စုံဝတ်လူက မန်ချောင့်ကိုကြည့်ရင်းစိတ်ဝင်စားဟန်ဖြင့်မေးလိုက်သည်။

“ စောစောက မင်းပြောတာ ဝတ်စုံဖြူကျောင်းတော်သားဟုတ်လား....သူ့နာမည်ကို ငါကြားဖူးသလားလို့....”

အစိမ်းရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် မန်ချောင်လည်း နှာခေါင်းတစ်ချက်ရှုံ့၍ပြန်ဖြေလိုက်သည်။

“ ဒီကောင်က အခုတစ်လောမှသိုင်းလောကထဲနာမည်ကြီးလာတဲ့ ယန်စီသူရဲကောင်းညီနောင်ဆိုတဲ့နှစ်ယောက်ထဲကပဲ။

သူ့ကိုဝတ်စုံဖြူကျောင်းတော်သားလို့ခေါ်တယ်။ သိုင်းပညာကထိပ်တန်းအဆင့်ပဲရှိပေမယ့် လျော့တွက်လို့မရဘူး ။

အဲဒီညက သူ့ကြောင့် မဟူရာနတ်သမီးကိုကျုပ်တို့လွတ်သွားတာ ။ သူအကြောပိတ်သွားတဲ့လူတွေဆို ခေါင်းဆောင်တောင်ပြန်ဖြေပေးနိုင်တာမဟုတ်ဘူး....”

မန်ချောင်၏လေသံထဲတွင် ‌ဒေါသနှင့်အတူ စိုးထိတ်မှုအနည်းငယ်တို့ရှိနေသည်။

သူ၏စကားကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင် လေးနက်သည့်အမူအယာတစ်ခုထွက်ပေါ်လာပြီး ဖြေးညင်းစွာပြောလိုက်သည်။

“ ငါမှတ်မိပြီ...ငါတို့ရင်ဆိုင်ပေးရမှာက သာမန်မဟုတ်ပဲကိုး....ဒီလူငယ်က အခုတစ်လောမှနာမည်ကျော်လာတာဆိုပေမယ့် သူလုပ်သွားတာတွေက တုန်လှုပ်စရာတွေကြီးပဲ။

မင်းတို့မိစ္ဆာဝိညာဉ်အဖွဲ့ထဲက လက်ရှစ်ဖက်လှံနတ်ဆိုးကိုသတ်ဖြတ်တာပဲဖြစ်ဖြစ်၊ ယန်စီနဂါးအဖွဲ့ကိုဖြိုခွဲတာပဲဖြစ်ဖြစ် သာမန်မှမဟုတ်တာ ။

ငါတို့အစကပြောထားတဲ့ ဈေးနှုန်းကိုပြန်စဉ်းစားဖို့လိုပြီ....”

ထိုလူ၏စကားကြောင့်မန်ချောင်၏မျက်နှာကကွက်ခနဲပျက်သွားစဉ် ဝမ်ထန်းက သူ၏အစ်ကိုကြီးကိုပြောလိုက်သည်။

“ ဒီလောက်အထိလည်းဟုတ်ပါ့မလားအစ်ကိုကြိးရ အဲဒီသတင်းတွေကို ကျုပ်လည်းကြားပေမယ့် ချဲ့ကားထားတာတွေလို့ပဲထင်တယ်။

လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုနန်ဆိုတာ သိုင်းပညာအရဆိုရင် လောဘနတ်ဆိုးထက်တောင်ပိုကြောက်စရာကောင်းသေးတယ်။

ပြီးတော့ ယန်စီနဂါးအဖွဲ့ကို့ဖြိုခွင်းတာက သိုင်းမဟာမိတ်လို့လည်းတစ်ချို့ကပြောနေကြတာပဲ...”

ဝမ်လူနှင့်ဝမ်ထန်းကား မန်ချောင်ပြောသည့်အကြောင်းအရာများကိုယုံကြည်ဟန်မတူဘဲ သူတို့၏အမူအယာများကြောင့် အစ်ကိုကြီးဖြစ်သည့်ဝမ်စန်းက တည်ကြသည့်အမူအယာဖြင့်ပြောလိုက်သည်။

“ အဲဒါတွေက အမှန်ပဲဖြစ်ဖြစ် ကောလဟာလပဲဖြစ်ဖြစ် ရန်သူကိုအထင်မသေးသင့်ဘူး ။

မဟုတ်ရင် အစ်ကိုအန်းဒူက ငါတို့ရဲ့အကူအညီကိုလိုအပ်ပါ့မလား....သူခေါ်သွားတဲ့လူတွေဆိုတာ နည်းမှမနည်းတာ ။အနိမ့်ဆုံးလူကတောင် သိုင်းပညာ ထိပ်တန်းအဆင့်ရှိတာကို။

မဟူရာနတ်သမီးဆိုတာ လူငယ်ထိပ်သီးစာရင်းကလူတွေနဲ့ယှဉ်နိုင်တယ်လို့ကျော်ကြားပြီး ငါတောင်တစ်ယောက်ချင်းဆိုရင် သူ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး ။

ပြီးတော့ မင်းတို့မသိသေးတာရှိသေးတယ်။။လွန်ခဲ့တဲ့သုံးလေးရက်လောက်က ဟန်ကျန်းက ရွှေဓားသခင်ရဲ့စံအိမ်မှာ သွေးနီတံခါးကလူသတ်သမားတစ်ယောက်ကိုလက်ရဖမ်းဆီးခဲ့တာ အဲဒီဝတ်စုံဖြူစာပေသမားပဲတဲ့....”

ဝမ်စန်း၏လေးနက်သည့်အမူအယာနှင့် စကားများကြောင့် သူ၏ညီနှစ်ယောက်မှာ တုန်လှုပ်သွားကြသည်။

အထူးသဖြင့် နောက်ဆုံးစကားက သူတို့ကို များစွာထိတ်လန့်စေပြီး သူတို့ညီအစ်ကိုသုံးယောက်မှာ ငွေရလျှင်ဘာမဆိုလုပ်ဝံ့သည်ဆိုသော်လည်း သွေးနီတံခါးမှလူသတ်သမားတစ်ယောက်ယောက်ကိုဖမ်းဆီးရန်မဆိုထားနှင့်အတိုက်အခံပင်မပြုဝံ့ပေ။

သူထင်ထားသည်ထက်ပို၍ သတင်းစုံကာပါးနပ်သည့်ဝမ်စန်းကြောင့် မန်ချောင်လည်း ထိုလူများစိတ်ပြောင်းမည်စိုး၍ ကတ္တီပါအဝတ်ထုပ်‌လေးတစ်ခုကိုပေးကာ အလျှင်အမြန်ပြောလိုပ်သည်။

“ ကောင်းပြီ နောက်ထပ် ရွှေဆယ်တုံးထပ်ပေးမယ် ။ ဒါက ကျုပ်တို့တတ်နိုင်တာ‌‌နောက်ဆုံးပဲ။ ပြီးတော့ မဟူရာနတ်သမီးကိုသတ်ဖြတ်တဲ့သတင်းသာပျံ့သွားမယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ ခင်ဗျားလည်းသိပါတယ်နော်....”

မန်ချောင်၏အလိုက်တသိအပြုအမူနှင့်ကြောင့် ဝမ်စန်းမှာ ကျေနပ်သွားဟန်တူပြီး အဝတ်ထုပ်လေးတွင်းရှိ ဝင်းလက်သည့်ရွှေတုံးများကိုကြည့်ရင်း သူ၏အပြုံးက ပို၍ပီပြင်လာသည် ။

“ စိတ်ချပါ ငါတို့က ကိူယ့်လည်ပင်းကိုကြိုးကွင်းမစွပ်ပါဘူး....”

ဝမ်စန်းက ရွှေဆယ်တုံးကို သူ၏ဝတ်စုံအတွင်းသိမ်းဆည်းရင်းပြောလိုက်သည်။

ယခုအဖြစ်အပျက်သာသိုင်းလောကအတွင်းပျံ့နှံ့သွားပါက စီးတုမိသားစု ၊ နန်ကုန်းမိသားစုနှင့် အော့မေ့ဂိုဏ်းတို့၏လိုက်လံသတ်ဖြတ်မှုအောက်တွင် သူတို့ထွက်ပြေးချိန်ပင်ရလိုက်မည်မဟုတ်ပေ ။

ထို့ကြောင့်လည်း ယခုအစီအစဉ်ကို ပေါက်ကြားခြင်းမရှိရန် ယုံကြည်ရသူအနည်းငယ်မှအပ ဤနေရာရှိမိစ္ဆာဝိညာဉ်အဖွဲ့သားအများစုကို နှုတ်ပိတ်သတ်ဖြတ်ရန်စိတ်ကူးထားပြီးဖြစ်သည်။

အန်းဒူ၏အမိန့်ဖြင့် မန်ချောင်စုစည်းခဲ့သည်က လူသုံးဆယ်နီးပါးရှိပြီး ထိုအထဲတွင် ထိပ်တန်းအဆင့်သိုင်းသမားငါးယောက်နှင့် အဆင့်မြင့်သိုင်းသမားကိုးယောက်သာအသုံးကျကာ ကျန်လူများက သာမန်သိုင်းသမားများဖြစ်ကြသည်။

ထို့ကြောင့် ကိစ္စပြီးလျှင် ထိုလူများကိုရှင်းလင်းရန်ကများစွာအားထုတ်စရာမလိုဘဲ သနားစရာကောင်းသည့်ထိုလူများကား တောအုပ်အစပ်တွင် အနှံ့အပြားပုန်းအောင်း၍ ကြိုးကြိူးစားစားစောင့်ကြပ်နေကြဆဲဖြစ်သည်။

ထိုအခိုက် သူတို့၏အရှေ့ဘက်နားဆီမှ စူးရှသည့် လေချွန်သံကိုကြားလိုက်ရာ ဝမ်ညီအစ်ကိုသူံးယောက်နှင့် မန်ချောင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ထိုနေရာသို့ ရိပ်ခနဲပြေးထွက်သွားကြတော့သည်။

&&&

“ ရှောင်ယောင် တစ်ခုခုထူးဆန်းမနေဘူးလား.....”

စီးတုယွမ်ချင်းက တောအုပ်အပြင်ဘက်နားနှင့်နီးကပ်လာလေလေ သူမ၏စိတ်ထဲရှိစိုးရိမ်ကြောင့်ကြမှုက ပိုအား‌ကောင်းလာလေလေဖြစ်၍ ဘေးဘက်ရှိရှောင်ယောင့်ကိုမေးလိုက်သည်။

သူ၏စကားကြောင့် ရှောင်ယောင်၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာပြီး စီးတုယွမ်ချင်းကို အထင်သေးသလိုကြည့်ရင်းပြန်ပြောလိုက်သည်။

“ သူတို့က တောအုပ်အပြင်ကနေကြိုစောင့်နေနိုင်တယ်လို့ငါပြောခဲ့ဖူးတယ်‌လေ ။ ။

ပြီးတော့ လောဘနတ်ဆိုးနဲ့အတူအဆင့်လွန်ထိပ်သီးတစ်ယောက်ပဲပါလာပြီး တစ်ယောက်ပျောက်နေတော့ ငါထင်တာပိုပြီးသေချာသွားတယ်။။

သူတို့က လူအင်အားစုဆောင်းပြီး တောအုပ်အပြင်မှာစောင့်နေမှာ ပြီးတော့ အင်အားကလည်းနည်းမှာမဟုတ်ဘူး....”

ရှောင်ယောင်စကားကိုကြားမှ စီးတုယွမ်ချင်းလည်း အန်းဒူတို့နှင့်မတိုက်ခိုက်မီကရှောင်ယောင်ရှင်းပြခဲ့သည်များကိုပြန်သတိရသွားပြီးခေါင်းညိမ့်လိုက်မိသည်။

ရှောင်ယောင်က သူမ၏မျက်နှာကိုအကဲခပ်၍ ပြုံးစိစိအမူအယာဖြင့်ဆက်ပြောလိုက်သည်။

“ နင့်ကိုကျောက်တုံးခေါင်းလို့ခေါ်သင့်နေပြီ ။ အရင်ရက်ထဲက ငါရှင်းပြခဲ့တာကိုအလေးအနက်မထားဘူး ။

ပြီးတော့ အန်းဒူတို့တောင် ပိုပြီးမြန်မြန်ခရီးပေါက်မယ့်လမ်းကိုသိတယ်။ နင်က ဒီတောနက်ကြီးကိုဖြတ်လာရပြီး သူတို့ထက်နောက်ကျနေသေးတယ် ...”

ရှောင်ယောင်၏စနောက်မှုကြောင့် စီးတုယွမ်ချင်းလည်း အနည်းငယ်ရှက်ရွံ့သွားဟန်တူပြီး စကားစဖြတ်လိုက်သည်။

“ မြန်မြန်လာ...နင်ကမှကျောက်တုံးခေါင်း ....”

သူမ၏မကျေမနပ်ပုံစံလေးကိုကြည့်ရင်း ရှောင်ယောင်သဘောကျစွာရယ်မောလိုက်မိစဉ် စူးရှသည့်လေချွန်သံတစ်ခုထွက်‌ပေါ်လာ၍ နှစ်ယောက်စလုံး ဆက်ခနဲဖြစ်သွားကြသည်။

&&&&

All Chapters