← Chapters

အရှက်မဲ့သူဝမ်သူံးယောက်

Vol. 2 Ch. 114

အရှက်မဲ့သူဝမ်သူံးယောက်

Vol. 2 Ch. 114

တောအုပ်၏အပြင်ဘက်တစ်နေရာတွင် ဝမ်ညီအစ်ကိုသုံးယောက်၊ မန်ချောင်နှင့် သိုင်းမဟာမိတ်မှလူအနည်းငယ်က စောင့်ကြိုနေကြသည်။

မန်ချောင်၏ပုံစံကစိတ်လှုပ်ရှားမှုနှင့်အတူ အနည်းငယ်ထိတ်လန့်နေဟန်တူပြီး စီးတုယွမ်ချင်းတို့ကိုမမြငိဖူးသည့်ဝမ်ညီအစ်ကိုကား တက်ကြွနေကြသည်။

“ ဟီးဟီး အစ်ကိုကြီး မဟူရာနတ်သမီးက သိုင်းပညာထူးချွန်သလောက် ရုပ်က တော်တော်လေးလှတယ်လို့ပြောကြတယ်။

သူ့ကို ကျုပ်မြည်းစမ်းခွင့်ရရင်သိပ်ကောင်းမှာပဲ....”

ဝမ်ညီအစ်ကိုသူံးယောက်ထဲမှအငယ်ဆုံးဖြစ်သည့်ဝမ်ထန်းက သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်၍ပြောလိုက်သည်။

ပြင်းထန်သည့်တိုက်ပွဲတစ်ခုရင်‌ဆိုင်ဆိုင်ခါနီးတွင်ပင် ရမ္မက်ကြီးနေသေးသည့်ဝမ်ထန်း၏အကျင့်ကြောင့် ကျန်လူများသူ့ကိုထူးဆန်းစွာကြည့်လိုက်ကြသလို အစ်ကိုကြီးဝမ်စန်းက အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

“ မဟုတ်တာတွေတွေးမနေနဲ့....မဟူရာနတ်သမီးစီးတုယွမ်ချင်းက ရုပ်လှသလောက် အေးစက်ပြီးသိုင်းပညာကြောက်စရာ‌ကောင်းတယ်လို့ပြောကြတယ်။

အန်းဒူရဲ့အကူအညီပါရင်တောင်သူ့ကိုသတ်ဖြတ်နိုင်ဖို့က မလွယ်ဘူး....”

ဝမ်စန်း၏ငေါက်ငန်းမှုကြောင့် ဝမ်ထန်းလည်းစပ်ဖြဲဖြဲ၍ရယ်မောလိုက်စဉ် တောအုပ်အတွင်းမှလူရိပ်နှစ်ရိပ်ထွက်လာသည်ကိုမြင်လိုက်ရသည်။

အနက်ရောင်သိုင်းဝတ်စုံကိုယ်စီဝတ်ဆင်ထားကြသည့်လူငယ်နှစ်ယောက်က ချောမောကြည့်ကောင်းနေပြီး စုံတွဲများနှင့်ပင်ဆင်တူနေသေးသည်။

သူတိူ့၏နောက်ဘက်နှင့်ဘေးဘက်သို့ လူရိပ်များစွာရောက်ရှိလာပြီး အချိန်အနည်းငယ်အတွင်းလူနှစ်ဆယ်ထက်မနည်းက ဝိုင်းထားလိုက်ကြသည် ။

ထိုလူများကား ပုန်းအောင်းချောင်းမြောင်းနေကြသည့် မိစ္ဆာဝိညာဉ်အဖွဲ့သားများမှလွဲ၍အခြားမဟုတ်ဘဲ ဤသည်က သူတို့အင်အားကုန်မဟုတ်သေးပေ။

“ နင်ပြောတဲ့အတိုင်းဖြစ်နေပြီ သတိတော့ထား....ဟိုက အစိမ်းနဲ့လူသုံးယောက်က ဝမ်ညီအစ်ကိုတွေလို့ခေါ်တယ် ။ ကြေးစားလောကမှာတော့ ကျော်ကြားတဲ့လူတွေပဲ ။

ငွေရရင်ဘာမဆိုလုပ်ဝံ့တယ်လို့နာမည်ကြီးပြီး သုံးယောက်လုံးကအဆင့်လွန်ထိပ်သီးတွေပဲ။ သူတို့ထဲကအကြီးဆုံးဖြစ်တဲ့ဝမ်စန်းဆိုရင် အစွမ်းထက်တဲ့အဆင့်လွန်ထိပ်သီးတစ်ယောက်တဲ့။

ပြီးတော့ ဟိုတစ်ယောက်က အန်းဒူရဲ့လူပဲ .။ နင်ရော အဆင်ပြေရဲ့လား....”

စီးတုယွမ်ချင်းက ခပ်လှမ်းလှမ်းမှနေ၍ သူတို့ကိူအကဲခပ်နေသည့် ဝမ်ညီအစ်ကိုနှင့်မန်ချောင်တို့ကိုမြင်တွေ့ကာ ရှောင်ယောင့်ကိုခပ်တိုးတိုးသတိပေးလိုက်သည်။

ထိုလေးယောက်လုံးက အဆင့်လွန်ထိပ်သီးများဖြစ်ပြီး သူတို့လေးယောက်မှလွဲ၍ ကျန်လူများမှာ မူလောက်စရာမဟုတ်ပေ။

သို့‌သော် ဤနေရာတွင်တိုက်ပွဲဖြစ်ပါက သူတို့အတွက်လည်းလွယ်ကူမည်မဟုတ်ဘဲ စီးတုယွမ်ချင်းလည်းရှောင်ယောင့်ကို စိုးရိမ်သည့်ဟန်ဖြင့်ကြည့်လိုက်သည်။

ရှောင်ယောင်လည်း ဘေးနားရှိမိန်းမလှလေးကိုခေါင်းညိမ့်ပြလိုက်ပြီး ဘေးဘက်တွင်ဝိုင်းထားသည့်လူများကိုလုံးဝဂရုစိုက်ဟန်မပြဘဲ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

“ မိတ်ဆွေတို့.. ဒါက ဘာသဘောလဲ....”

သူတို့၏ဝန်းရံမှုအလယ်တွင်ရှိနေသည့်တိုင် ပုံမှန်အတိုင်း အေးဆေးစွာရှိနေသည့် ရှောင်ယောင်၏စကားကြောင့် ဝမ်ညီအစ်ကို သုံးယောက်လုံး အံ့အားသင့်သွားကြသလို မန်ချောင်ကလည်း ရှေ့ထွက်၍ တင်းမာသည့်အသံဖြင့်အော်ဟစ်လိုက်သည်။

“ အပိုတွေပြောမနေနဲ့ မင်းတို့နှစ်ယောက်လုံး အခုလွတ်မှာမဟုတ်တော့ဘူး ။ ငါတို့ရဲ့ခေါင်းဆောင်လာတာနဲ့ မင်းသေပြီ....”

မန်ချောင်၏စကားက အေးစက်တင်းမာနေပြီး စီးတုယွမ်ချင်းမှာ သူမ၏ဓားကိုဆွဲထုတ်မည်ပြင်လိုက်သော်လည်း ရှောင်ယောင်က အသာလက်ပြ၍ မန်ချောင့်ကို အံ့ဩဟန်ဖြင့်မေးလိုက်သည် ။

“ ခင်ဗျားက ဘယ်သူ့ကိုပြောနေတာလဲ....”

သူ့ကိုအံ့အားသင့်ဟန်ဖြင့်မေးနေသည့်ရှောင်ယောင်ကြောင့် မန်ချောင်၏စိတ်ထဲတွင်သူ့ကိုလှောင်ပြောင်နေခြင်းဖြစ်သည်ဟုတွေးလိုက်မိကာ ဒေါသတကြီးပုံစံဖြင့်ပြောလိုက်သည်။။

“ ရူးချင်ယောင်ဆောင်မနေနဲ့တော့ ဝမ်စန်း မင်းတို့အလှည့်ရောက်ပြီ ဒီကောင့်ကို ငါတာဝန်ယူလိုက်မယ်....”

မန်ချောင်မှာ ဝမ်ညီအစ်ကိုပါရှိနေ၍ စိတ်အားတက်ကြွနေပြီး ရှောင်ယောင့်ကိုသတ်ဖြတ်ရန် ဆန္ဒစောနေဟန်တူသည်။

ဝမ်စန်းတို့သုံးယောက်ကားရှောင်ယောင်တို့နှစ်ယောက်ကိုအကဲခပ်နေပြီး အထူးသဖြင့် ဒဏ်ရာတစ်စုံတစ်ရာမရသည့်အပေါ် အံ့အားသင့်နေမိကြသည် ။

အန်းဒူ၏သိုင်းပညာနှင့်ကောက်ကျစ်ရက်စက်မှုကို ကောင်းစွာသိထားကြသူများပီပီ ယခုနှစ်ရက်အတွင်း ရှောင်ယောင်တို့နှစ်ယောက် ဒုက္ခများစွာရောက်ရှိမည်ဟုတွေးခဲ့မိသည်။

ယခု ရှောင်ယောင်ရော စီးတုယွမ်ချင်းတို့က ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးစွာရှိနေကြပြီး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ထားဟန်မတူဘဲ အပန်းဖြေခရီးထွက်လာသူများနှင့်ပင်ဆင်တူနေသညိ။

ထို့အပြင် ယခုအချိန်ထိ အန်းဒူ၏အရိပ်အယောင်ကိုမမြင်သေး၍တစ်စူံတစ်ခုပြောမည်ပြုစဉ် ရှောင်‌ယောင်က သူ၏နောက်ကျောဘက်ရှိတစ်စုံတစ်ခုကိုထုတ်၍ပြောလိုက်သည်။

“ အော်..အခုမှသတိရတယ် ...အန်းဒူဆိုလားဘာလား အဲဒီလူဝကြီးက ကျုပ်တို့နောက်ကိုခဏခဏလိုက်နှောင့်ယှက်နေလို့ ဒီက မိန်းမလှလေးဆုံးမလိုက်တာလက်လွန်သွားတယ်....”

ရှောင်ယောင်က သူ၏လက်ထဲရှိမည်းနက်သည့်သံမဏိတုတ်ချောင်းကိုလှည့်ပတ်ဆော့ကစားရင်း စီးတုယွမ်ချင်းကိုညွန်ပြ၍ပြောလိုက်သည်။

သူ၏စကားကြောင့်စီးတုယွမ်ချင်း၏မျက်စောင်းလှလှလေးက ဒိုင်းခနဲပစ်ဝင်လာသလို ဝမ်ညီအစ်ကို၊မန်ချောင်နှင့် မိစ္ဆာဝိညာဥ်အဖွဲ့သားများကား ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရှောင်ယောင်ပြောသည့်စကားများက သူတို့ကိုအကြီးအကျယ်တုန်လှုပ်သွားစေပြီး ထိုစကားများကိုမယုံကြည်လိုသော်လည်း ရှောင်ယောင်၏လက်ထဲရှိသံမဏိတုတ်ချောင်းလေးက သက်သေပြလျက်ရှိသည်။

အဆစ်ကိုးဆစ်ပါဝင်ပြီးလက်နက်ခုနစ်မျိူးအထိပြောင်းလဲနိုင်သည့်ထိုတုတ်ချောင်းက အန်းဒူ၏လက်စွဲတော်လက်နက်ဖြစ်သည်ကို သူတို့အားလုံးကောင်းစွာသိရှိထားကြပြီး ယခုရှောင်ယောင့်ဆီသို့ထိုလက်နက်ရောက်နေခြင်းမှာ အန်းဒူက အသာတကြည်ပေးလိုက်ခြင်းကြောင့်ဖြစ်ဟန်မတူပေ။

“ မ...မဖြစ်နိုင်ဘူး မင်းနဲ့ဟိုမိန်းကလေးတို့က ဘယ်လိုလုပ်ခေါင်းဆောင်ကိုအနိုင်ယူနိုင်မှာလဲ....”

မန်ချောင်က အံ့ဩတုန်လှူပ်စွာဖြင့်အော်ဟစ်လိုက်ပြီး မိစ္ဆာဝိညာဉ်အဖွဲ့သားများသည်လည်းမည်သို့ဆက်လုပ်ရမှန်းမသိတော့ပေ။

မူလက သူတို့ခေါင်းဆောင်နှင့်အတူရှောင်ယောင်တို့နှစ်ယောက်ကိုအမဲဖျက်ရန်တက်ကြွနေကြသည့်လူများမှာ ယခုအခါ ဓားလေးတစ်ချောင်းပင်မထုတ်ရသေးမီ ရှောင်ယောင်၏စကားများကြောင့် သွေးပျက်နေကြလေပြီ။။

ဝမ်ညီအစ်ကိုကလည်း အံ့ဩတုန်လှုပ်သည့်အမူအယာများဖြင့်သူတို့အစ်ကိုကြီးကိုကြည့်လိုက်ကြစဉ် ဝမ်ထန်းက ရှောင်ယောင်တို့ကို စူးစိုက်ကြည့်ရင်း အကဲခပ်နေသည်ကိုမြင်တွေ့လိုက်ရသည်။။

မန်ချောင်၏မယုံကြည်နိုင်သည့်ပုံစံကြောင်ြ ရှောင်ယောင်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာပြီး သူ၏လက်ထဲရှိသံမဏိတုတ်ရှည်ကိုမန်ချောင့်ဆီသို့ပစ်ပေးလိုက်သည်။

“ ဝှီး....”

“ ရော့ စစ်ကြည့်လိုက်....”

ရှောင်ယောင်၏အပြုအမူကြောင့် အံ့ဩတုန်လှုပ်သွားသည့်မန်ချောင်မှာ သူ့ဆီသို့ အရှိန်ပြင်းစွာပြေးဝင်လာသည့်တုတ်ချောင်းကို အလျှင်အမြန်ရှောင်တိမ်းရန်ပြင်လိုက်သည်။

သို့သော် အစိမ်းရောင်အရိပ်တစ်ခုက သူ၏ရှေ့တွင်ဖျက်ခနဲ့ပေါ်လာပြီး ဝှီ ခေါ်၍ ပြေးဝင်လာသည့်တုတ်ချောင်းကိုဖမ်းယူထားလိုက်သည်။

ထိုလူရိပ်ကား ဝမ်ညီအစ်ကိုသုံးယောက်မှ အစ်ကိုကြီးဖြစ်သည့်ဝမ်စန်းမှလွဲ၍အခြားမဟုတ်ဘဲ တုတ်ရှည်ကိုဖမ်းယူပြီးနောက် သူ၏လက်ပင်အနည်းငယ်ထုံကျင်သွားကာ ဝမ်စန်းလည်းစိတ်ထဲတွင် တုန်လှုပ်သွားပြီး ရှောင်ယောင့်ကို အံ့ဩသလိုကြည့်လိုက်သည်။

ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ပစ်လွှတ်လိုက်သည့်တုတ်ချောင်းမှာ ထိုမျှပြင်းထန်သည့်အားအင်ပါဝင်နေမည်ဟုသူမျှော်လင့်မထားမိဘဲ ရှောင်ယောင်ကလည်း ဝမ်စန်းကိုပြုံး၍ကြည့်နေသည်။

သူတို့နှစ်ယောက်ကအချိနိအနည်းငယ်ကြာအောင် စူးစိုက်ကြည့်နေကြပြီး ဝမ်စန်းက ဦးစွာအကြည့်လွှဲသွားကာ လက်ထဲရှိသံမဏိတုတ်ချောင်းကိုစစ်ဆေးကြည့်လိုက်သည်။

“ အမှန်ပဲ ဒါ အစ်ကိုအန်းဒူရဲ့ ကိုးဆစ်သံမဏိတုတ်ချောင်းပဲ....”

ဝမ်စန်း၏အတည်ပြုစကားက သူ၏နောက်ရှိလူများကိုထိတ်လန့်တုန်လှုပ်သွားစေပြိး မန်ချောင်၏မျက်လုံးများလည်းပြူးကျယ်သွားကာသံမဏိတုတ်ချောင်းကိုအလျှင်အမြန်ဆွဲယူ၍စစ်ဆေးကြည့်လိုက်သည်။

အန်းဒူ၏လက်အောက်တွင်အချိန်အတော်ကြာရှိနေခဲ့သူပီပီ တစ်ချက်ကြညိ့ရုံနှင့် ထိုတုတ်ချောင်းမှာ သူ့ခေါင်းဆောင်၏လက်စွဲတော်ဖြစ်ကြောင်းသိရှိပြီးဖြစ်သော်လည်း မန်ချောင်မှာ မယုံကြည်နိူင်သေးပေ။

သို့သော် သူ၏နောက်ဘက်ရှိမိစ္ဆာဝိညာဉ်အဖွဲ့သားများနှင့် ဝမ်ညီအစ်ကိုမှကျန်နှစ်ယောင်တို့က မျက်နှာပျက်နေကြပြီး ရှောင်ယောင်နှင့်စီးတုယွမ်ချင်းကို စိုးထိတ်ကြောက်ရွံ့ဟန်ဖြင့်ကြည့်ရှုနေကြ၏။

ယခုလို သူတို့လာရောက်တိုက်ခိုက်ရန်ကြံစည်ဝံ့ခြင်းက အန်းဒူ၏ဆင့်ခေါ်မှုအပြင် ဝမ်ညီအစ်ကိုကလည်း ငွေများစွာရရှိ၍ဖြစ်သည်။

ယခု အန်းဒူသေဆုံးသွားကြောင်းသိရသည့်အခါ ဦးဆောင်သူကင်းမဲ့သည့်စစ်တစ်တပ်ခုလို စိတ်ဓာတ်ပြိုကွဲသွားပြီး အများစုက ဆက်လက်တိုက်ခိုက်ရန်စိတ်ကူးမရှိကြတော့ပေ။

ထိုနည်းတူ ဝမ်ညီအစ်ကိုသုံးယောက်ကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြပြီး အနိုင်မရနိုင်သည့်တိုက်ပွဲကိုဆက်လက်တိုက်ခိုက်သည်အထိ သူတို့ရူးမိုက်ခြင်းမရှိပါချေ။

“ မဖြစ်နိုင်ဘူး ဘယ်လိုလူပ်ခေါင်းဆောင်က မင်းတို့ကိုရှုံးနိမ့်မှာလဲ...ပြီးတော့ ရန်ဝေလည်းပါသေးတာကို....”

မန်ချောင်က အဖြစ်မှန်ကိုလက်မခံနိုင်သေးဘဲ တုန်ယင်နေသည့်လေသံဖြင့်ရေရွတ်လိုက်သည်။

သူ၏စကားကြောင့် ရှောင်ယောင်က ဟက် ခနဲ ရယ်မောလိုက်ပြီး နောက်ဘက်ရှိတောအုပ်ကိုညွန်ပြကာပြောလိုက်သည်။

“ ဟိုထဲမှာသွားရှာကြည့် ချောင်းငယ်လေးတစ်ခုရဲ့ဘေးမှာ လောဘနတ်ဆိုးရဲ့အလောင်းရှိတယ်။

သူခေါ်လာတဲ့လူကတော့ အစောကြီးထဲကထွက်ပြေးသွားပြီ ..”

ရှောင်ယောင်၏အညှာအတာကင်းမဲ့သည့်စကားက မန်ချောင်၏လက်ကျန်မျှော်လင့်ချက်လေးကိုပျက်စီးသွားစေပြီး သူ၏မျက်နှာက သွေးမရှိသလိုဖြူလျော်သွားသည်။

ထိုစဉ် ရှောင်ယောင်က ဝမ်ညီအစ်ကိုသူံးယောက်ကိုကြည့်ကာ ဆက်ပြောလိုက်သည်။

“ ဟိုက မိတ်ဆွေတို့က ကျုပ်တို့လမ်းကိုလာပိတ်နေတာ ဘာသဘောလဲ....”

တင်းမာခတ်ထန်ခြင်းမရှိသော်လည်း လေးနက်တည်ကြည်ပြီး စူးရှသည့်ရှောင်ယောင်၏အကြည့်များကြောင့် ဝမ်ထန်းနှင့်ဝမ်လူတို့တုန်လှုပ်သွားကြစဉ် အစ်ကိုကြီး ဝမ်စန်းကလက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းပြောလိုက်သည် ။

“ မိတ်ဆွေတို့က သိုင်းလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျော်ကြားနေတဲ့သူရဲကောင်းလေးတွေကိူး....။

ကျုပ်တို့က မိတ်ဆွေတို့ဒီကနေလာမယ်ဆိုလို့ မြင်ဖူးချင်လို့စောင့်နေတာပါ။ ဟိုက မဟူရာနတ်သမီးဆိုတဲ့ နတ်သမီးစီးတုမဟုတ်လား....”

ဝမ်စန်း၏လေပြေသွေးစကားကြောင့် ကျန်လူများမှာ အံ့အားသင့်စွာကြည့်လိုက်မိကြသည်။

ထိုလူများရောက်ရှိနေခြင်းက ရှောင်ယောင်တို့ကို သတ်ဖြတ်ရန်ငှားရမ်းထားခြင်းဖြစ်ကြောင်းသိသာလှသော်လည်း ယခုလိုအပြောင်းအလဲမြန်မှုက သူတို့လိုက်မမှီနိုင်ပေ။

တစ်ဖက်လူ၏ဉာဏ်များပါးနပ်မှုကြောင့် ရှောင်ယောင်၏စိတ်ထဲတွင်ချီးကျူးလိုက်မိပြီး စီးတုယ္မ်ချင်းက အေးစက်စက်မျက်နှာဖြင့်ရှိနေဆဲဖြစ်ပြီး မနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြောလိုက်သည်။

“ ကောင်းပြီ ဒါဆိုရင် ရှင်တို့ထွက်သွားနိုင်တယ်....”

&&&

All Chapters