← Chapters

နှောင်ကြိုးမဲ့ဓားကျိုး

Vol. 2 Ch. 116

နှောင်ကြိုးမဲ့ဓားကျိုး

Vol. 2 Ch. 116

ရှောင်ယောင်လည်း မူလက အဆိပ်ကိုလွယ်ကူစွာ ချေဖျက်နိုင်မည်ဟုတွေးခဲ့မိသော်လည်း ထိုအဆိပ်ကသူထင်ထားသည်ထက်ပြင်းထန်နေပြီး မကြာမီ စီးတုယွမ်ချင်းလည်းသိရှိသွားပေသည်။

ထိုမိန်းကလေးမှာ ရှောင်ယောင့်ကို ကရုဏာဒေါသဖြင့် တစ်လမ်းလုံးမြည်တွန်တောက်တီးလာပြီး စန်းဟုန်းလျန်နှင့် သူမ၏ဖခင်တို့ရှိနေမည့် ဟွာရှန်းတောင်သို့ရောက်ရှိရန် ဆန္ဒစောနေခြင်းဖြစ်သည်။။

ရှောင်ယောင်မိသွားသည့်အ‌ဆိပ်က လွန်စွာကြောက်မက်ဖွယ်ကောင်းသလို သူတို့နှစ်ယောက်ပင် အမျိူးအစားမခွဲနိုင်သည်အထိ ရှားပါးဟန်တူသည် ။

ရှောင်ယောင်၏ညာဘက်လက်ကိုလှန်ကြည့်မည်ဆိုပါက ဒဏ်ရာရရှိနေသည့်လက်ဖဝါးတစ်ခုလုံးမည်းနက်နေသည်ကိုတွေ့ရမည်ဖြစ်ပြီး လက်ကောက်ဝတ်မှစ၍ သွေးကြောများပင်မည်းနက်နေကာ သူ၏ရင်ဘက်အထိပင်ပျံ့နှံ့နေသည်။

အဆိပ်၏အာနိသင်က လွန်စွာပြငိးထန်လှ၍ အတွင်းအားဖြင့်ချေဖျက်ရန်ပင်မဖြစ်နိုင်ဘဲ အဆိပ်မပျံ့စေရန် အတွင်းအားဖြင့်ဖိနှိပ်ထားရပေသည်။

ရှောင်ယောင်၏နေရာတွင် သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးပင်အဆိပ်ကိုထိုမျှတောင့်ခံနိုင်မည်မဟုတ်ဘဲ ရှောင်ယောင်သည်လည်း သူ၏အပြင်အားလမ်းစဉ်ကြောင့်သာ ယခုလိုတောင့်ခံထားနိုင်ခြင်းဖြစ်၏။

“ ဟူး....ငါသာ ကြွက်သားထိမ်းချုပ်ခြင်းကိုပြီးမြောက်ရင် ဘာအဆိပ်မှ ကြောက်စရာလိုတော့မှာမဟုတ်ဘူး...”

ရှောင်ယောင်လည်း နေ့စဉ်မပျက်လေ့ကျင့်သည့်တိုင် မတိုးတက်သည်မှာ အချိန်အတော်ကြာမြင့်နေသည့် သူ၏အပြင်အားလမ်းစဉ်ကို ကြိတ်၍ညဉ်းတွားလိုက်မိရင်း ခြေချိတ်ထိုင်ကာ အဆိပ်ကို စတင်ဖိနှိပ်လိုက်တော့သည်။

ဘေးနားရှိစီးတုယွမ်ချင်းကား မျက်စေ့စုံမှတ်၍ အာရုံစိုက်နေသည့်ရှောင်ယောင့်ကို ငေးကြည့်နေပြီး အေးစက်စက်မျက်နှာလေးက ပြောင်းလဲသွားပြီး နူးညံ့သည့်အမူအယာတစ်ခုနှင့်အတူ လှပသည့်မျက်ဝန်း‌လေးများအတွင်း၌ စိုးရိမ်ပူပန်သည့်အရိပ်အယောင်များစွာရှိနေပေသညိ။

&&&

စင်းထန်မြို့စွန်ရှိတည်းခိုခန်းငယ်လေးတစ်ခု

အပြင်အဆင်စုတ်ချာပြီးအစား‌အသောက်လက်ရာများစွာကောင်းမွန်ခြင်းမရှိသည့်အားလျော်စွာ ထိုဆိုင်လေးမှာ ဧည့်သည်နည်းပါးပြီးဝင်ငွေချောက်တီးချောက်ချက်သာရှိပေသည်။

တစ်နှစ်လုံးနေ၍ ဧည့်သည်တစ်ရာပင်ပြည့်အောင်မရသည့်တည်းခိုခန်း၌ ယခုရက်ပိုင်း လူဆယ်ယောက်ကျော်ကျော် နေ့စဉ်ရောက်ရှိလာရာ တည်းခိုခန်းပိုင်ရှင်၏မျက်နှာကြီးမှာ ပြုံးဖြီးနေပြီး တတ်စွမ်းသမျှစားသောက်ဖွယ်ရာတို့ကို အကောင်း‌ဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်ပေးနေသည် ။

တည်းခိုခန်း၏အောက်ထပ် စားသောက်သည့်နေရာတွင် သိုင်းလောကသားများစုဝေးနေကြပြီး ညနေစာစားချိန်ဖြစ်၍ အရက်နှင့် လက်ရာအသင့်အတင့်သာရှိသည့်ဟင်းလျာတို့ကိုတွဲဖက်စား‌သုံးလျက်ရှိသည် ။

ပုံမှန်ဆိုလျှင် စားသောက်ဆိုင်သို့်မဟုတ် တည်းခိုခန်းတို့၌ စားသောက်နေသူများက အချင်းချင်းဆူညံစွာပြောဆိုဆွေးနွေး၍စားသောက်လေ့ရှိကြသည်။

သိုင်းလောကသားများစုဝေးသည့်အချိန်မျိုးတွင် မပါမဖြစ်တွေ့ရတတ်သည်က ရန်ပွဲများဖြစ်ပြီး ဆိုင်ရှင်ကြီးမှာလည်း ဧည့်သည်များစွာရောက်ရှိ၍ ဝမ်းမြောက်သည်ကတစ်ကြောင်း မည်သည့်နေ့တွင် စားပွဲထိုင်ခုံများဖျက်ဆီးခံရမည်ကိုစိုးရိမ်သည်ကတစ်ကြောင်း ဝမ်းမြောက်ရင်ဖိုစွာရှိနေရသည်။

ကံကောင်းထောက်မစွာဖြင့် ယခုနှစ်ရက်သုံးရက်အတွင်းသိုင်းလောကသားများလာရောက်စားသောက်ကြသော်လည်း ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာရှိနေကြသည်။

ထိုသို့ဖြစ်ရခြင်းက အဓိကအကြောင်းပြချက်က ဆိုင်ထောင့်တွင်တစ်ဦးထဲစားသောက်နေသည့် ဝတ်စုံဖြူဝတ်လူတစ်ယောက်ကြောင့်ဖြစ်သည်ဟုဆိုရလျှင် မှားမည်မဟုတ်ပေ။

အသက်ငါးဆယ်အရွယ်ရှိပြီး အဖြူရောင်သိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသည့်ထိုလူ၏ပုံစံကကြည့်ကောင်းနေသည်။

အသက်အရွယ်မငယ်တော့ဟုဆိုနိုင်သော်လည်း ခန့်ညားချောမောသည့်မျက်နှာနှင့် တည်ကြည်ပြီးရဲရင့်သည့်ပုံစံက မိန်းမပျိုများကိုဆွဲဆောင်နိုင်စွမ်းရှိနေသေးပြီး စားသောက်ချိန်တွင်ပင် နောက်ကျော၌ ဓားတစ်လက်ကိုသိုင်းလွယ်ထားသည်။

ထိုလူ၏လက်ယာဘက်အင်္ကျီလက်စက တွဲလောင်းကျနေပြီး သူ၏ညာလက်မှာ ပခုံးနေရာမှဖြတ်တောက်ခြင်းခံထားရသည်။

သူ၏ပုံပန်းသွင်ပြင်နှင့် ဝတ်ပုံစားပုံတို့ကိုတစ်ချက်ကြည့်၍ မည်သူမည်ဝါဖြစ်ကြောင်းအတတ်ပြောနိုင်မည်ဖြစ်ကာ ဆိုင်ထဲရှိသိုင်းလောကသားများမှာ ထိုလူ့ကိုတွေ့မြင့်လို၍ ယခုလိုမသားနားသည့်ဆိုင်မျိုးတွင် လာရောက်စားသောက်ခြင်းဖြစ်ပေသည်။

ဆိူင်အတွင်းရှိလူအများစု၏အကြည့်က သူ့ပေါ်သို့ကျရောက်နေပြီးတီးတိုးပြောဆိုသံများရှိနေသည့်တိုင် အဖြူရောင်ဝတ်စုံဝတ်လူက တစ်ချက်ကလေးမှ မော့မကြည့်ဘဲ သူ၏ရှေ့ရှိ ခေါက်ဆွဲနှင့်ကော်ရည်ကိုသာ တည်ငြိမ်စွာစားသောက်နေသည်။

သူ၏တည်ငြိမ်ခြင်းမျိုးက မည်သည့်အန္တရာယ်ကိုရင်ဆိုင်တွေ့ပါစေ ကြောက်ရွံ့ခြင်းကင်းမဲ့သည့်တည်ငြိမ်ခြင်းမျိုးဖြစ်ပြီစ အရယ်အပြုံးမရှိသော်လည်း တည်ကြည်ခန့်ညားသည့်သူ၏အမူအယာက မြင်မိသူတိုင်းကို လေးစားခင်မင်စိတ်များဖြစ်ပေါ်စေပေမည်။

ထိုအခိုက်ဆိုင်တံခါးဝတွင် ပေါ်လာသည့်အရိပ်တစ်ခုနှင့်အတူ ဆိုင်ထဲရှိတီးတိုးသံများက တိတ်ဆိတ်သွားတော့သည်။

ဆိုင်ထဲသို့‌‌နောက်ထပ်ရောက်ရှိလာသူက အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်သိုင်းသမားတစ်ဦးဖြစ်ကာ သူ၏နောက်နားတွင် အနက်ရောင်ဝတ်စုံဝတ်လူငါးယောက်လည်းလိုက်ပါလာသည်။

ထိုလူစုထဲမှ သုံးယောက်က အသက်လေးဆယ်ကျော်ငါးဆယ်ဝန်းကျင်ရှိမည်ဖြစ်ကာ အသက်နးသုံးဆယ်အရွယ်လူရွယ်နှစ်ယောက်လည်းပါဝင်သည်။

တူညီသည့်အချက်တစ်ခုကား ထိုလူငါးယောက်လုံး၏ပုံစံက တည်ငြိမ်ပြက်သားပြီး တောက်ပသည့်မျက်ဝန်းများက တိုက်ခိုက်လိုစိတ်များပြည့်ဝနေသည်ဟုထင်ရသည်။။

ထိုလူများကိုဦးဆောင်လာသည့်ဝတ်စုံနက်က အသက်လေးဆယ်ကျော်အရွယ်ရှိမည့်လူတစ်ဦးဖြစ်ပြီး နုပျိုချောမောသည့်ရုပ်ရည်ကြောင့် လေးဆယ်ဝန်းကျင်ဟုထင်ရသည်။။

ထိုလူ၏မျက်နှာက ကြည်လင်ရွှင်ပြပြီး မျက်လုံးများက အရောင်တဖျက်ဖျက်တောက်ပနေသည် ။

တစ်ချက်ကြည့်ရုံနှင့်သာမန်မဟုတ်မှန်းသိနိုင်သည့် ထိုလူ၏သွင်ပြင်က အံ့သြဖွယ်ကောင်းသလို သူ၏နောက်လိုက်ငါးယောက်လုံးက အဆင့်လွန်ထိပ်သီးများဖြစ်သည်ကိုအံ့ဩဖွယ်သိရပေသည်။

ထိုလူစုကိုမြင်သည်နှင့် ဆိုင်ထဲရှိလူများ၏တီးတိုးပြောဆိုသံများက တိတ်ကျသွားပြီး သူတို့၏အကြည့်များက လူအုပ်‌ကိုဦးဆောင်လာသည့်ဝတ်စုံနက်‌ဆီသို့ကော်ဖြင့်ကပ်ထားသလို ကျရောက်လျက်ရှိသည်။

အနက်ရောင်ဝတ်စုံဝတ်လူက ဆိုင်ထဲရှိလူများကို အကဲခပ်လိုက်ပြီး ဆိုင်ထောင့်တွင်တစ်ဦးထဲစားသောက်နေသည့်အဖြူရောင်ဝတ်စုံဝတ်လူကိုမြင်သည့်အခါ သူ၏မျက်လုံးများတောက်ပသွားသည်။

ထို့နောက် သူ၏နောက်လိုက်ငါးယောက်ကိုတစ်နေရာတွင်ထိုင်ရန်အချက်ပြကာ အဖြူရောင်ဝတ်စုံဝတ်လူကြီးရှိရာသို့တစ်ဦးထဲလျှောက်သွားလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်လူများဆိုင်ထဲသို့ဝင်ရောက်သွားသည့်အခါမှ ဆိုင်တံခါးအနီးဝိုင်းတွင်ထိုင်နေသည့်လူများမှာ အသက်ကိုဝဝရှူလိုက်ပြီး ထိုဝိုင်းရှိလူတစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်သညိ။

“ ဟူး....ခုံတုံက တိုက်ပွဲရူးတွေပဲ ဒီလူတွေအနားရောက်လာရင်တောင် အလိုလိုအသက်ရှူကြပ်ရတယ်....”

ထိုလူ၏စကားကိုကျန်သုံးယောက်က ခေါင်းညိမ့်လိုက်မိကြပြီး ဆိုင်အတွင်းပိုင်းတစ်နေရာတွင်ထိုင်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူငါးယောက်ကိူအကဲခပ်ရင်း တစ်ယောက်က ပြောလိုက်သည်။။

“ ဒါနဲ့ ငါကြားထားတာ ခုံတုံရဲ့လူငယ်မျိုးဆက်မှာ ထူးချွန်တဲ့လူမရှိဘူးဆို ဟိုက လူငယ်နှစ်ယောက်ကလည်း အသက်သုံးဆယ်လောက်နဲ့သိုင်းထိပ်သီးအဆင့်ကိုရောက်နေတော့ မ‌ဆိုးဘူးလို့ပြောလို့ရတယ်....”

ထိုလူ၏စကားကြောင့် ကျန်လူများလည်း အနက်ရောင်ဝတ်စုံဝတ်လူငါးယောက်၏ဝိုင်းမှ လူရွယ်နှစ်ယောက်ကိုကြည့်လိုက်မိကြပြီး အခြားတစ်ယောက်က ဝင်ပြောလိုက်သည် ။

“ မင်းကလည်း ခုံတုံက ထိပ်တန်းစာရင်းဝင်ဂိုဏ်းကြီးတစ်ခု‌ဆိုပေမယ့် သိုင်းလောကအရေးကိစ္စတွေမှာ အများကြီးပါဝင်ပတ်သတ်ဖူးလို့လား ။

ကိစ္စကြီးတွေရှိရင် တောင်အောက်ဆင်းတာကလွဲရင် သူတို့ဘာသာတောင်ပေါ်မှာပဲနေပြီးသိုင်းပညာလေ့ကျင့်နေတာကို။ ဒီတစ်ကြိမ် ဟိုလူငယ်နှစ်ယောက် လက်သီးဘုရင်နဲ့အတူပါလာတာ စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုဝင်နွဲဖို့ဖြစ်မယ်။

ပြိုင်ပွဲရောက်ဖို့က ဘယ်လောက်မှမလိုတော့ဘဲ ဒီ့မတိုင်ခင် အတွေ့အကြုံရအောင်လို့ အခုယှဉ်ပြိုင်ပွဲကိုခေါ်လာတာဖြစ်နိုင်တယ် ....”

သူ၏စကားက ယုတ္တိရှိ၍ ကျန်လူများလည်း သဘောတူလိုက်မိကြပြီး သူတို့ပြောဆိုနေသည့် အကြောင်းအရာကစွန်းအိမ်တော်သိုင်းပြိုင်ပွဲဆီသို့ရောက်ရှိသွားကြသည်။

ခုံတုံဂိုဏ်းမှလူငါးယောက် စား‌သောက်ဖွယ်ရာကိုယ်စီမှာကြားနေကြစဉ် ဆိုင်အတွင်းရှိကျန်လူများက သူတို့ကိုတစ်လှည့်ဆိုင်ထောင့်ရှိလူနှစ်ယောက်ကိုတစ်လှည့်ကြည့်၍ တီးတိုးပြောဆိုနေကြပေသည်။

“ အစ်ကိုစန်း ခင်ဗျားဒီကိုရောက်နေတာကြာပြီလား.....”

အနက်ရောင်ဝတ်စုံဝတ်လူကဖော်ရွေသည့်အပြုံးဖြင့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏ဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

ထိုလူရောက်ရှိနေသည်ကို သိရှိပြီးဖြစ်၍ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ထူးထူးထွေထွေအံ့ဩဟန်မပြဘဲ ခေါင်းညိမ့်ကာပြောလိုက်သည်။

“ မနေ့ကပဲ ဒီကိုရောက်တာ ဘာမှာမလဲ ငါရှင်းမယ်လေ....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏ စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်း ပြုံး၍ပြောလိုက်သည်။

“ ဒါဆိုရင်ကျုပ် အားနာမနေတော့ဘူး....ကောင်လေး....ဒီဝိုင်းကို အရက်တစ်အိုးနဲ့ အရွက်ကြော်တစ်ပွဲပေး....”

အနက်ရောင်ဝတ်စုံဝတ်လူက အခြားဝိုင်းရှိဆိုင်လုလင်လေးတစ်‌ယောက်ကို လှမ်း၍အော်ဟစ်လိုက်ပြီး အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုမေးလိုက်သည်။

“ ခင်ဗျားရော မသောက်တော့ဘူးလား....”

ခေါက်ဆွဲတစ်ပန်းကန်နှင့် ဟင်းရည်ပြစ်ပြစ်တစ်ခွက်သာရှေ့တွင်ရှိနေသည့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏ညစာက ပျင်းခြောက်ခြောက်နိုင်လှပြီး သူ၏မေးခွန်းကို အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းယမ်းပြလိုက်သည်။

“ ငါဖြတ်ထားတာဆယ်နှစ်ရှိပြီ....”

ထိုလူကြီးက ဖော်ဖော်ရွေရွေမရှိသော်လည်း တည်ငြိမ်ပြီးစကားနည်းသည့်သူ၏အကျင့်ကိုကောင်းစွာသိထား၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးကား ထူးထူးထွေထွေမခံစားမိပေ ။

သို့သော် ထိုနှစ်ယောက်ကို အချိနိပြည့်အကဲခပ်နေသည့် ဆိုင်ထဲရှိကျန်လူများကား သူတို့ထင်ရာများကိုပြောဆိုနေကြပြီး အချို့ဆိုလျှင် တိုက်ပွဲဖြစ်မည်ဟုပင်တွေးနေမိကြသည်။

စွန်းအိမ်တော်သိုင်းပြိုင်ပွဲအကြောင်းဆွေးနွေးနေသည့် တံခါးနားရှိဝိုင်းကလူငယ်တစ်ယောက်က ဆိုင်ထောင့်ဝိုင်းကို တစ်ချက်ကြညိ့ရင်း ခပ်တိုးတိုးပြောလိုက်သည်။

“ ဟေ့လူတွေ ဟိုကိုလဲကြည့်ဦး လက်သီးဘုရင်က စကားတွေအများကြီးပြောနေပေမယ့် ဓားကျိုးဘုရင်ကခပ်တည်တည်နဲ့ သူတို့ကြားမှာ မကျေနပ်တာတွေများရှိနေလို့လား....”

ထိုသို့ပြောလိုက်သူက အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်ဖြစ်ပြီး သိုင်းလောကတွင်ကျက်လည်သည်မှာမကြာသေးသူတစ်ဦးလည်းဖြစ်သည်။

သူ၏စကားကြောင့် ထိုဝိုင်းရှိကျန်သူံးယောက်ကပြုံးလိုက်မိကြပြီး တစ်ယောက်က ရှင်းပြလိုက်သည်။

“ မင်းက ဓားရူးဘုရင်ရဲ့စရိုက်ကို သေချာမသိလို့ဒီလိုပြောတာကွ...။ သူ့ကိုကြည့်ရတာ အေးတိအေးစက်ပုံစံမျိုးဆိုပေမယ့် စိတ်ရင်းကောင်းပြီး ဖြောင့်မက်မှန်ကန်တဲ့အဖြူရောင်ဘက်တော်သာစစ်စစ်တစ်ဦးပဲ ။

ဓားကျိုးဘုရင်ဆိုတဲ့နာမည်ကိုမရခင်က ထိုက်ကျိဓားဆိုပြီး ကျော်ကြားခဲ့သေးတယ် ။ ပြီးတော့ ပထမအကြိမ်စန်နုန်ကျတိုက်ပွဲမှာလည်း ခရမ်းရောင်သွေးလဂိုဏ်းရဲ့အာဏာရှင် ငရဲဓားဝမ်းတကို တစ်ဦးချင်းစိန်ခေါ်တိုက်ခိုက်ခဲ့တဲ့သူရဲကောင်းတစ်ဦးပေါ့။

အဲဒီတိုက်ပွဲမှာ ဆိုးဆိုးရွားရွားရှုံးနိမ့်ပြီး လက်မောင်းတစ်ဖက်တောင်ပြတ်ခဲ့ရပေမယ့် သူ့ရဲ့သိုင်းပညာကလျော့ကျမသွားဘဲ ဆယ်နှစ်ကျော်ပျောက်ကွယ်ပြီးတဲ့နောက်မှာ ဓားကျိုးတစ်ချောင်းနဲ့သိုင်းလောကကိုတုန်လှုပ်စေခဲ့ပြန်တယ်။။

ဒုတိယမျိုးဆက်ထဲမှာတောင် သူ့ကိုစံပြအဖြစ်သက်မှတ်ကြတဲ့လူငယ်တွေမနည်းမနောဘဲ။

သူ့မှာ မိတ်ဆွေအများကြီးရှိပေမယ့် ဓားကျိုးတစ်ချောင်းနဲ့နေရာအနှံ့လျှောက်သွားနေတယ်။ ဓားကျိုးဘုရင်ကို တစ်ချို့က ခေါ်ကြတာလည်း နှောင်ကြိုးမဲ့ဓားကျိုးတဲ့....”

&&&&

All Chapters