ယှဉ်ပြိုင်ပွဲစတင်မည်
Vol. 2 Ch. 118
“ စကားများမနေနဲ့ မြန်မြန်သွားရအောင် ....”
စီးတုယွမ်ချင်းက ရှောင်ယောင်၏မျက်နှာကိုတစ်ချက်ကြည့်၍ လောဆော်လိုက်သည်။
လက်ရှိအချိန်၌ ရှောင်ယောင်၏မျက်နှာက သွေးမရှိသလိုဖြူလျောနေကာ မည်းနက်သည့်သွေးကြောအနည်းငယ်လည်းပေါ်ထွက်နေပြီး တစ်ချက်ကြည့်ရုံနှင့် ပြင်းထန်သည့်အဆိပ်မိထားကြောင်း သိသာပေသည်။
သူမထားသည့်အဆိပ်က ထင်ထားသည်ထက်ပင်များစွာကြောက်စရာကောင်းပြီး အတွင်းအားဖြင့်ဖိနှိပ်ထားသည့်တိုင်လွန်ခဲ့သည့်နှစ်ရက်က အကြိမ်အနည်းငယ်အဆိပ်တက်ခဲ့သေးသည်။
စီးတုယွမ်ချငိးမှာ သူမ၏အသက်ကိုကယ်တင်ရင်း ရှောင်ယောင်ယခုလိုအဆိပ်မိခြင်းဖြစ်၍ လွန်စွာစိတ်မကောင်းဖြစ်နေရှာသည်။
သို့သော်လည်း သူမ၏စိတ်ကိုရိပ်စားမိသည့်ရှောင်ယောင်ကား ထိုမိန်းကလေး ကိုယ့်ကိုယ်ကိုအပြစ်မတင်စေရန် တစ်လမ်းလုံးတက်ကြွရွှင်လန်းစွာရှိနေခဲ့ပြီး သူ၏ဝသီအတိုင်း စီးတုယွမ်ချင်းကိုပင်မကြာခဏစနောက်နေသေးသည်။
အသက်အန္တာရာယ်နှင့်ရင်ဆိုင်နေရသည့်တိုင် ပေါ့ပါးပြီး အပူအပင်ကင်းမဲ့သည်ဘ ရှောင်ယောင်၏ပုံစံကြောင့် စီးတုယွမ်ချင်းလည်း စိုးရိမ်ပူပန်မှုနှင့်အတူ လေးစားအားကျသည့်ခံစားမှုကိုပါ ခံစားမိပြီး မည်သည့်အရာကိုရင်ဆိုင်ရသည်ဖြစ်စေ အေးဆေးတည်ငြိမ်သည့်သူ၏စိတ်ဓာတ်က ဩချရလောက်ပေသည် ။
ထို့နောက် ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့လည်း ကိုယ်ဖော့ပညာအသုံးပြုကာ တောင်ပေါ်သို့ပြေးတက်သွားကြပြီး တောင်တတ်လမ်းက မြင့်မားမက်စောက်လှသည့်တိုင်သူတို့၏ထိပ်တန်းအဆင့်ကိုယ်ဖော့ပညာများကြောင့် မီးခိုးတန်းလိုလျှင်မြန်စွာရွေ့လျားလျက်ရှိပေသည်။
ထိုအချိန်တွင် တောင်ထိပ်၌လည်း လူသုံးလေးဆယ်ထက်မနည်းရောက်ရှိနေပြီး ယနေ့ယှဉ်ပြိုင်ပွဲ၏အဓိကလူများလည်းရှိနေကြသည်။
အများအားဖြင့် နဂါးခုနစ်ကောင်စာရင်းဝင်သိုင်းဝိဇ္ဇာများမှာ သူတို့နှင့်ရင်းနှီးသူများသို့မဟုတ် မိသားစုဝင်များကိုခေါ်ဆောင်လာကြသော်လည်း အချို့လူများကား တစ်ကိုယ်တည်းဖြစ်သည်။
နဂါးခုနစ်ကောင်စာရင်းတွင်ပါဝင်ကြသူများမှာ အသက်လေးဆယ်နှင့် ခြောက်ဆယ်ကြားတွင်ရှိကြပြီး သူတို့ထဲတွင်အသက်အကြီးဆုံးဖြစ်သည့် လက်ကိုးချောင်းရသေ့ပင် ငါးဆယ့်ငါးနှစ်သာရှိသေးသည်။။
ထိုလူများနှငိ့ရင်းနှီးသူများကလည်း ခပ်လှမ်းလှမ်းမှနေ၍ စောင့်ကြည့်နေကာ သိုင်းဝိဇ္ဇာများ၏ယှဉ်ပြိုင်ပွဲကိုစိတ်လှုပ်ရှားစွာကြည့်ရှုနေကြသည်။
ယှဉ်ပြိုင်ပွဲ၏ပုံစံက အစီအစဉ်တကျမဟုတ်ဘဲ အလျှင်းသင့်သလိုတိုက်ခိုက်သွားခြင်းဖြစ်ပြီး သူတို့၏အဆင့်မျိုးတွင် ရေကုန်ရေခမ်းတိုက်စရာမလိုဘဲ မည်သူပို၍သာလွန်သည်ကို သိရှိနိုင်သည်။
လက်ရှိအဆင့်သက်မှတ်ချက်အရ အညိုရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့် လက်ကိုးချောင်းဘုရင်က နံပါတ်တစ်ဖြစ်ပြီး အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားကာ သွေးမရှိသလိုဖြူဖက်ဖြူလျော်မျက်နှာဖြင့် လျှိူ့ဝှက်ဘုရင်ဆိူသူက နံပါတ်ခုနစ်ဖြစ်သည်။
ထိုလျှို့ဝှက်ဘုရင်မှာ အသက်ငါးဆယ်ဝန်းကျင်ရှိသည့်လူတစ်ဦးဖြစ်ပြီး ယခင်မျိူးဆက်တွင်ကျော်ကြားမှုကင်းမဲ့သည့်သိုင်းသမားတစ်ဦးဖြစ်သည်။
လွန်ခဲ့သည့်ဆယ်နှစ်ကသိုင်းလောကတွင်ထွင်ပေါ်လာခြင်းဖြစ်ပြီး သူ၏အစွမ်းထက်သိုင်းပညာကြောင့် ကျော်ကြားလာခြင်းဖြစ်သည်။
သူ၏နောက်ကြောင်းနှင့်ပတ်သတ်၍ စွန်းအိမ်တော်နှင့်ကြက်တူရွေးအဖွဲ့လို သတင်းအချက်အလက်အဖွဲ့အစည်းကြီးများပင်စုံစမ်းနိုင်ခြင်းမရှိဘဲ လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိဆန်သူတးဦးလည်းဖြစ်စညိ ။
သို့သေည် သူ၏သိုင်းပညာက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိနေပြီး ဒုတိယမျိုးဆက်၏နဂါးခုနစ်ကောင်စာရင်းတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သိုင်းလောကသားများက သူ၏ဘွဲ့အမည်ကိုလျှို့ဝှက်ဘုရင်ဟုခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး အပေါင်းအသင်းမိတ်ဆွေမရှိသည့်တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်လည်းဖြစ်ပေသည်။
လျှို့ဝှက်ဘုရင်၏အနီးတွင် အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်ဓားသမားတစ်ဦးရှိပြီး သူ၏လက်မောင်းတစ်ဖက်က တုံးတိဖြစ်နေသည်။
ထိုလူက ဓားကျိုးဘုရင်ဟုနာမည်ကျော်သည့်ထိုက်ကျိဓားစန်းဟုန်းလျန်ဖြစ်ကာ သူ၏ဘေးတွင်မူ လက်သီးဘုရင်စီးတုမင်ရှိသည်။
တစ်ဖက်တွင် အစိမ်းရောင်ဝတ်စုံဝတ်ဓားသမားတစ်ယောက်ရှိနေကာ သူ၏နောက်ကျောရှိဓားအိမ်က အနက်ရောင်သစ်သားဖြစ်ပြီး ထူးခြားသည့်ကျောက်သားဖြင့်ပြုလုပ်ထားဟန်တူသည့် ဓားရိုးကဆွတ်ဆွတ်ဖြူနေသည်။
သာမန်ဓားများထက် ငါးဆလေးလံသည့်ဓားရှည်ကိုကိုင်ဆောင်သည့် အစိမ်းရောင်ဝတ်စုံဝတ်လူ၏အမည်က နဂါးဖြူဓားဘုရင်ဖြစ်ပြီး ယခင်မျိုးဆက်တွင် နဂါးလူငယ်ဟုကျော်ကြားသည့်ဝမ်ယန်ဖြစ်ပေသည်။
ဝမ်ယန်မှာ မကောင်းမှုကိုရွံမုန်းပြီး စိတ်ဓာတ်မာကျောခတ်ထန်သည့်သိုင်းသမားတစ်ဦးဖြစ်ကာ သူ၏လက်ထဲတွင်သေဆုံးသွားသည့်အနက်ရောင်သိုင်းသမားပေါင်းရာနှင့်ချီ၍ရှိနေပြီဖြစ်သည်။
ထို့ကြောင့်လည်း နဂါးဖြူဓားဘုရင်ဆိုလျှင် အနက်ရောင်သိုင်းလောက၏ဂိုဏ်းကြီးငါးဂိုဏ်းပင် ထိတ်လန့်ရပြီး သူ၏အမူအယာက တည်ငြိမ်ပြက်သားသည့်ပုံစံရှိသည်။
တစ်ဖန် အနက်ရောင်ဝတ်စုံဝတ်ခပ်ပြုံးပြုံးအမူအယာရှိသည့်သက်လက်ပိုင်းလူက နဂါးဘုရင်နှင့်အကြည့်ချင်းထိတ်တိုက်တွေ့နေကာ ထိုလူက လေဘုရင်ဟုနာမည်ကျော်သည့် အရိပ်တစ္ဆေဝူယွမ်ပင်ဖြစ်သည် ။
ထူးခြားသည့်အချက်ကား နဂါးခုနစ်ကောင်ဟုနာမည်ကျော်သည့်သိုင်းဝိဇ္ဇာခုနစ်ယောက်ထဲတွင် ဓားအသုံးပြုသည့်ဓားသမားသူံးယောက်ပါဝင်ပြီး ကျန်လေးယောက်က လက်နက်မဲ့သိုင်းသမားများဖြစ်ကြသည်။
နဂါးခုနစ်ကောင်မှ ကျန်လူများဖြစ်သည့် လက်ကိုးချောင်ဘုရင်နှင့် ဓားရူးဘုရင်တို့လည်းရောက်ရှိနေကြပြီဖြစ်ပြီး သူတို့ထဲတွင် ဦးဆောင်သူလိုဖြစ်သည့် လက်ကိုးချောင်းရသေ့က ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည်။
“ ဒီနေ့ ကျုပ်တို့ ခုနစ်ယောက် တတိယအကြိမ်အဖြစ်ပြန်ပြီး ဆုံတွေ့ကြပြန်ပြီ။
အရင်နှစ်ကြိမ်က တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သလို အခုတစ်ကြိမ်လည်း ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုသိသာစေဖို့ သိုင်းပညာယှဉ်ပြိုင်ကြမယ်....။
ကဲ....အပိုတွေပြောမနေတော့ဘူး ကိုယ်ကြိုက်တဲ့လူကိုစိန်ခေါ်ကြတော့....”
မပြောမဖြစ်စကားဖြစ်၍ ပြောရခြင်းဖြစ်သော်လည်း လက်ကိုးချောင်းရသေ့၏အမူအယာက ပျင်းရိနေဟန်တူပြီး စကားဆုံးသည်နှင့် ကျန်လူများကိုဝေ့ကြည့်ရင်း ခေါင်းညိမ့်ပြလိုက်သည်။
သူ၏စကားအဆုံး၌ ကျန်ခြောက်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး နဂါးဖြူဓားဘုရင်က ဦးစွာပြောလိုက်သည်။
“ ဝူယွမ် မင်းငါနဲ့တိုက်ခိုက်ဝံ့လား....”
အားလုံး တွေးထင်ထားကြသလို နဂါးဖြူဓားဘုရင်က လေဘုရင်ကိုဦးစွာစိန်ခေါ်လိုက်သည်။
မကောင်းမှုကို ရွံမုန်းသည့်နဂါးဖြူဓားဘုရင်နှင့်စိတ်ထင်ရာလုပ်တတ်ပြီးရက်စက်ကြမ်းကြုတ်သည့် လေဘုရင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အမြင်မကြည်သည်ကို သိုင်းလောကသားများပင်သိရှိကြပြီး ယခင်အကြိမ်များကလည်း နဂါးဖြူဓားဘုရင်က လေဘုရင်ကိုအမြဲလိုလိုစိန်ခေါ်တိုက်ခိုက်ခဲ့ပေသည်။
သို့သော် ကိုယ်ဖော့ပညာအစွမ်းထက်လှပြီး ရှောင်လင်လျှို့ဝှက်သိုင်းပညာများကိုကျွမ်းကျင်အဆင့်ထိအောင်မြင်ထားသည့်လေဘုရင်ကိုအနိုင်မယူနိုင်ဘဲ အမြဲလိုလိုအရေးနိမ့်ရသည်သာဖြစ်သည်။
ယခုလည်း နဂါးဖြူဓားဘုရင်၏စိန်ခေါ်မှုကြောင့် လေဘုရင်က ပျင်းကြောတစ်ချက်ဆန့်၍ခေါင်းယမ်းလိုက်သည်။
“ ဟူး....မနိုင်မှန်းသိရဲ့သားနဲ့မိုက်ဦးမယ်....ကောင်းပါတယ် မင်းကိုအရင်ဆုံး ဆုံးမပေးရတာပေါ့....”
ပြုံးစေစေ့ဖြင့်ပြောလိုက်သည့် လေဘုရင်၏စကားက သိသိသာသာရန်စခြင်းဖြစ်သော်လည်း နဂါးဖြူဓားဘုရင်၏မျက်နှာက တည်ငြိမ်အေးစက်နေဆဲဖြစ်သည်။
အသေအချာကြည့်ရှုမည်ဆိုပါက သူ၏မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များပြည့်နှက်နေသည်ကိုမြင်တွေ့နိုင်ပြီး သူတို့နှစ်ယောက်၏တိုက်ပွဲကိုသက်မှတ်ပြီးသည်နှင့် ဓားရူးဘုရင်က လျှင်မြန်စွာပြောလိုက်သညိ။
“ စန်းဟုန်းလျန် ဒုတိယတိုက်ပွဲကို ကျုပ်တို့တိုက်ကြတာပေါ့....”
စွန်ရဲတစ်ကောင်လိုစူးရှသည့်ဓားရူးဘုရင်၏မျက်ဝန်းများက တလက်လက်တောက်ပနေပြီး သူ၏နောက်ကျောမှဓားကို အသာပွတ်သတ်လိုက်သည်။
နဂါးခုနစ်ကောင်စာရင်းဝင်ဓားရူးဘုရင်မှာ ဝါဆန်းဂိုဏ်းသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က စတင်ကျော်ကြားလာသူတစ်ဦးဖြစ်သည်။
လေ့ကျင့်အောင်မြင်ရန်လွန်စွာခက်ခဲကာ ရှုပ်ထွေးလှသည့် ခုနစ်ထွေဓားသိုင်းကိုအောင်မြင်ထားသည့် ဓားရူးဘုရင်မှာ ဝါဆန်း၏နာမည်ကျော်ဓားခုနစ်လက်မှ ခုနစ်လွှာဓား၏ပိုင်ရှင်လည်းဖြစ်ပြီး သူ၏ဓားပညာရူးသွပ်မှုကြောင့်ကျော်ကြားပေသည်။
ယခင်ကလည်း ဓားရူးဘုရင်မှာ စန်းဟုန်းလျန်ကိုအကြိမ်အတော်များများ စိန်ခေါ်တိုက်ခိုက်ပြီး တစ်ကြိမ်မှအနိုင်မရသော်လည်း စိတ်ပျက်အားလျော့ရန်ဝေးစွ ပို၍ပင်စိတ်အားတက်ကြွလာဟန်တူသည်။
ဓားရူးဘုရင်နှင့်ရင်းနှီးပြီးဖြစ်သလို သူ၏အကြောင်းကိုကောင်းစွာသိရှိထားသည့်စန်းဟုန်းလျန်လည်း စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် ကျန်ရှိနေသည့်လူသုံးယောက်မှာ လက်ကိုးချောင်းရသေ့၊ လက်သီးဘုရင်စီးတုမင်နှင့် လျှို့ဝှက်ဘုရင်တို့သာဖြစ်ပြီး စီးတုမင်က ထိုနှစ်ယောက်ကိုတစ်လှည့်စီကြည့်ကာ လက်ကိုးချောင်းရသေ့ကို ပြုံး၍ပြောလိုက်သည် ။
“ ဒီတစ်ကြိမ်တော့ ကျုပ်ခင်ဗျားကိုစိန်ခေါ်မယ်ယင်ရှူချန်း ...ခင်ဗျားရဲ့နာမည်ကျော်ဝိညာဉ်နုတ်လက်ဝါးသိုင်းကို ကျုပ်အနိုင်မရဘူးဆိုတာ မယုံဘူး....”
စီးတုမင်၏စကားကြောင့် လက်ကိုးချောင်းရသေ့၏အမူအယာက အနည်းငယ်အံ့အားသငိ့သွားဟန်တူပြီး ပျင်းရိသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ဟူး... ငါနောက်ဆုံးမှတိုက်ရမယ်မှတ်တာကို....ကောင်းပြီ လက်သီးဘုရင် ....”
လက်ကိုးချောင်းရသေ့က စီးတုမင်၏စိန်ခေါ်မှုကို လက်ခံလိုက်သည်။
စိန်ခေါ်သူမရှိသေးဘဲ တစ်ဦးထဲကျနိရှိသူက လျှို့ဝှက်ဘုရင်ဖြစ်ပြီး ဖြူဖက်ဖြူလျော်မျက်နှာနှင့် ထိုလူက သူ၏ပုံစံအတိုင်းဟန်အမူအယာကင်းမဲ့စွာဖြင့် နောက်ဆုတ်သွားလေသည်။
ဤသည်က ဦးစွာတိုက်ခိုက်မည့်လူများဖြစ်ပြီး နောက်ပိုင်းတွင် ကျနိလူများနှင့်လည်းပြောင်းလဲတိုက်ခိုက်ကြဦးမညိဖြစ်သည် ။
ပုံမှန်ဆိုလျှင် သိုင်းဝိဇ္ဇာခုနစ်ယောက်၏ယှဉ်ပြိုင်ပွဲက အနည်းဆုံးနေ့တစ်ဝက်ခန့်ကြာတတ်ပြီး တိုက်ခိုက်ရမည့်လူများသက်မှတ်ထားပြီးဖြစ်၍ စောင့်ကြည့်နေသူများလည်း စိတ်အားတက်ကြွလာကြသည်။
လက်ရှိဤနေရာတွင် ရောက်နေကြသူများက သိုင်းလောကထဲတွင် ကျော်ကြားသူများသာဖြစ်သော်လည်း နဂါးခုနစ်ကောင်စာရင်းဝင်သိုင်းဝိဇ္ဇာများနှင့်ယှဉ်လိုက်ပါက သိုင်းပညာဖြစ်စေ ၊ ကျော်ကြားမှုဖြစ်စေ များစွာနိမ့်ကျနေသေးပေသည်။
သိုင်းမဟာမိတ်နှင့် မိစ္ဆာဝိညာဉ်အဖွဲ့သားအချို့ပင် တောင်ပေါ်၌ရှိနေပြီး သိုင်းမဟာမိတ်ကိုဦးဆောင်လာသူက သခင်ဆယ်ပါးထဲမှ ဟဲလောင်ချန်း၊ နန်ကုန်းယန်၊ ဝေ့မင်းနှင့် ထန်ချင်းရှန်တို့ဖြစ်ပြီး သူတို့နှင့်အတူ အဆင့်လွန်ထိပ်သီးနှင့်ထိပ်တန်းလွန်သိုင်းသမားအနည်းငယ်ရှိသည် ။
မိစ္ဆာဝိညာဉ်အဖွဲ့မှမူ လူနှစ်ယောက်သာရောက်လာခြင်းဖြစ်၏ ။
သို့သော် ထိုနှစ်ယောက်ကို သိုင်းမဟာမိတ်မှလူများပင်သတိကြီးစွာစောင့်ကြည့်နေရပြီး အနက်ရောင်ဝတ်ရုံဖားဖားကြီးကိုဝတ်ဆင်ထားသည့် ရုပ်ဆိူးဆိုးပိန်ရှည်ရှည်အဖိုးအိုနှင့် ရုပ်ရည်ခန့်ညားသည့် အပြာရောင်ဝတ်စုံဝတ်စာပေသမားပုံစံရှိသူတစ်ဦးတို့ဖြစ်သည်။။
ထိုနှစ်ယောက်က မိစ္ဆာဝိညာဉ်၏နတ်ဆိုးရှစ်ပါးတွင် ဒုတိယနှင့်တတိယနေရာ၌ရှိကြသူများဖြစ်၍ သိုင်းမဟာမိတ်မှခေါင်းဆောင်များ ယခုလိုသတိထားနေခြင်းက ထူးဆန်းသည်တော့မဟုတ်ဘဲ ထိုလူနှစ်ယောက်ကား လူအများနှင့်မရောဘဲ တသီးတသန့်နေကာ သိုင်းဝိဇ္ဇာခုနစ်ယောက်၏တိုက်ပွဲကိုစောငိ့ကြည့်လျက်ရှိသည်။။
သိုင်းဝိဇ္ဇာခုနစ်ယောက်က ဒုတိယမျိုးဆက်၏ကျော်ကြားသူများဖြစ်သည့်တိုင် သူတို့၏သိုင်းပညာက မျိုးဆက်ဟောင်းမှသိုင်းဝိဇ္ဇာများနှငိ့ယှဉ်နိုင်၍ ယှဉ်ပြိုင်ပွဲကလွန်စွာပြင်းထန်လှပြီး သိုင်းပညာများစွာကွာဟခြင်းမရှိ၍လည်းတိုက်ပွဲများက ပို၍ကြည့်ကောင်းပေသည်။
ထို့ကြောင့် သိုင်းဝိဇ္ဇာများ၏ယှဉ်ပြိုင်မှုကို ဘေးကကြည့်ရုံဖြင့် ပညာများစွာရပြီး လက်ရှိရောက်နေသူများထဲတွင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များပါဝင်သည့်တိုင် တိတ်ဆိတ်ငြိမ်သက်စွာစောင့်ကြည့်နေကြခြင်းဖြစ်၏။
ထိုအခိုက် တောင်ပေါ်သို့တရိပ်ရိပ်ပြေးတက်လာသည့်လူရိပ်နှစ်ရိပ်ကိုသူတို့အားလုံးသတိပြုလိုက်မိကြပြီး
“ ဒီလူငယ်တွေက ဘယ်သူတွေလဲ....”
“ သူတို့ကိုကြည့်ရတာ ငယ်ငယ်လေးတွေပဲရှိသေးတယ်....”
ရောက်ရှိနေကြသည့်သိုင်းထိပ်သီးများက တောင်ထိပ်သို့နောက်မှရောက်ရှိလာသည့်လူငယ်နှစ်ယောက်ကို ကြည့်၍ တီးတိုးပြောဆိုနေကြစဉ် သူတို့၏မျက်လုံးများပြူးကျယ်သွားကြသည် ။
အကြောင်းကား ထိုနှစ်ယောက်မှာ မူလက သူတို့လိုယှဉ်ပြိုင်ပွဲကိုကြည့်ရှုရန် ရောက်လာခြင်းဖြစ်မည်ဟုထင်ကြသော်လည်း သူတို့က မြေကွက်လပ်အလယ်ရှိသိုင်းဝိဇ္ဇာများရှိရာသို့ဆက်သွားနေကြ၍ လူအားလုံး အံ့အားသင့်သွားကြခြင်းဖြစ်သည်။
&&&