← Chapters

အဆိပ်အမည်အဖြေရှာ

Vol. 2 Ch. 120

အဆိပ်အမည်အဖြေရှာ

Vol. 2 Ch. 120

ဝေ့မင်းမှာ ကွေ့ကျိုးနယ် မိုးကြိုးနတ်ဓားဂိုဏ်းမှ သိုင်းထိပ်သီးတစ်ဦးဖြစ်ပြီး သိုင်းမဟာမိတ်နှင့်ပူးပေါင်းပြီးနောကိ သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်မှတစ်ယောက်ဖြစ်လာသူလည်းဖြစ်သည်။

သိပ်မကြာသေးမီက အရှေ့ပိုင်းသိုင်းလောကတွင် မိစ္ဆာဝိညာဉ်နှင့်သိုင်းမဟာမိတ်တို့တိုက်ပွဲကြီးဖြစ်ခဲ့ပြီး မိစ္ဆာဝိညာဉ်မှခေါင်းဆောင်တစ်ယောက်ဖြစ်သည့် သရဲနတ်ဆိုးကုန်းယို့ဟန်၏လက်ထဲတွင် ဝေ့မင်းတစ်ယောက်မရှုမလှခံခဲ့ရသည်။

ထိုတိုက်ပွဲမှရရှိခဲ့သည့် ဒဏ်ရာများမှာ သူ၏ကိုယ်ပေါ်တွင်ပျောက်ကင်းခြင်းမရှိသေးပဲ တိုက်ပွဲသတင်းကြောင့် ဝေ့မင်း၏ဂုဏ်သတင်းလည်းများစွာကျဆင်းခဲ့ရသည်။

ထို့ကြောင့် လက်ရှိအချိန်၌ မိစ္ဆာဝိညာဉ်အဖွဲ့သားများကိုအမုန်းတီးဆုံးလူကိုပြပါဆိုလျှင် ဝေ့မင်းပင်ဖြစ်ပေမည်။

သူတို့နှစ်ယောက်၏ရေနစ်သူဝါးကူထိုးသည့်စကားများကြောင့် ကျန်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ထန်ရှင်းချန်က ခေါင်းယမ်း၍ပြောလိုက်သည်။

“ မဟုတ်သေးဘူး....အခုကိစ္စမှာ သူတို့ပြောတာ သဘာဝကျတယ်...အန်းဒူလုပ်ခဲ့တာက တိတ်တဆိတ်လှုပ်ရှားခဲ့တာဖြစ်နိုင်ပြီး သူမအောင်မြင်လို့သာ ဒီအကြောင်းတွေကိုအားလုံးသိကုန်တာကိုး ။

ဒီတော့ အခုကိစ္စကို ကျန်တဲ့ခေါင်းဆောင်တွေမသိဘူးဆိုတာ သဘာဝကျပါတယ်။

ပြီးတော့ ဟိုလူငယ်က အခုကြည့်ရသလောက်အဆိပ်ကိုကောင်းကောင်းဖိနှိပ်နိုင်သေးတဲ့ပုံပါ ....”

ထန်ရှင်းချန်၏စကားက အခြေအနေကိုအမှန်အတိုင်းသုံးသပ်လိုက်ခြင်းဖြစ်သော်လည်း ကျန်နှစ်ယောက်ကား မကျေမနပ်ဖြင့်နှာခေါင်းရှုံ့လိုက်မိကြသည် ။

ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိလူအားလုံးက တင်းမာသည့်အခြေအနေကိုစိုးတထိတ်ထိတ်စောင့်ကြည့်နေကြပြီး စီးတုမင်လည်း ဒေါသထွက်နေသည့်စန်းဟုန်းလျန်ကိုတစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်းမပြောဖြစ်တော့ပေ။

အကြောင်းကား အဆိပ်မိနေသူသာ ရှောင်ယောင်မဟုတ်ဘဲ စီးတုယွမ်ချင်းဆိုပါက သူပို၍ဒေါသတကြီးဖြစ်နေမည်ဖြစ်ပြီး ထိုခံစားချက်ကိုကိုယ်ချင်းစာ၍ လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ အစ်ကိုစန်း ခင်ဗျားဘာပဲလုပ်လုပ် ကျုပ်နောက်ရှိနေမယ်.....”

မည်သို့ပင်ဖြစ်စေ ရှောင်ယောင်ယခုလိုအဆိပ်မိလာခြင်းက စီးတုယွမ်ချင်းကို ကယ်တင်ရင်းဖြစ်၍ ဖခင်တစ်ယောက်အနေဖြင့် သူယခုလို ကျေးဇူးတုန့်ပြန်သည်က သဘာဝကျပေသည်။

စီးတုမင်၏ရပ်တည်မှုကြောင့် ဟူအိုတို့နှစ်ယောက်၏အခြေအနေက ပို၍ပင်ဆိုးရွားသွားသည်။

“ မင်းတို့နှစ်ယောက် ဒီကနေထွက်သွားဖို့စိတ်မကူးကြနဲ့....”

စန်းဟုန်းလျန်၏ခန္တာကိုယ်က မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်များဖြစ်သည့် ဟူအိုနှင့်စုထန်၏အနီးသို့ ရိပ်ခနဲရောက်သွားပြီးပြောလိုက်သည်။

သူ၏စကားကြောင့် ဟူအိုနှင့်စုထန်တို့လည်း တုန်လှုပ်သွားဟန်တူပြီး စုထက်က အေးစက်စက်ပုံစံဖြင့်ရယ်မောလိုက်သည်။

“ ကျုပ်တို့ကတော့ ပြောသင့်တာအကုန်ပြောပြီးပြီ ခင်ဗျားဘက်ကလက်မခံရင်လည်း တိုက်ခိုက်ကြတာပေါ့....”

စန်းဟုန်းလျန်ကိုမယှဉ်နိုင်မှန်းသိ၍ အလျော့ပေးနေသော်လည်း သွေးအေးရက်စက်သည့်စရိုက်ကြောင့် သွေးလွှမ်းနတ်ဆိုးဆိုသည့်နာမည်ရရှိလာသည့်စုထန်ကလည်း ကိုယ့်ကိုယ်ကို နှိမ့်ချနေတော့မည်မဟုတ်ပေ။

စုထန်၏အပြုအမူကြောင့် ဟူအိုကမျက်လုံးပြူးသွားပြီး မည်သို့ဆက်လုပ်ရမှန်းမသိတော့ပေ။

စန်းဟုန်းလျန်သညိလည်း တစ်ဖက်လူ၏ ပွင့်လင်းသည့်စကားကြောင့်မျက်မှောင်ကြုတ်လိုက်မိကာ သူ၏ခန္တာကိုယ်က ထက်ရှသည့်ဓားတစ်စင်းလိုအငွေ့အသက်များက စတင်ပေါ်ထွက်လာတော့သည်။

တစ်ဖက်တွင် ဟူအိုက လက်ရှိအခြေအနေကိုပြောင်းလဲမရတော့မှန်းရိပ်စားမိ၍ သက်ပြင်းတစ်ချက်ချရင်း စန်းဟုန်းလျန်ကိုစူးစိုက်ကြည့်လိုက်သလို စုထန်၏မျက်နှာက ပို၍အေးစက်လာပြီး သူ၏မျက်လုံးများက အနည်းငယ်နီရဲလာသည်။

စင်စစ် စုထန်နှင့်ဟူအိုတို့သည်လည်း သိုင်းလောကတွင်နာမည်တစ်လုံးနှင့်ရပ်တည်နေသူများဖြစ်ရာ သူတို့ဘက်ကတစ်ကြိမ်ပြီးတစ်ကြိမ်အလျော့ပေးပြီးနောက်တွင် နောက်ထပ်ငြိမ်ခံမနေနိူင်တော့ပေ။

သူတို့နှစ်ယောက်စလုံးက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်ပြီး စန်းဟုန်းလျန်ကိုမယှဉ်နိုင်ကြသော်လည်း လွယ်လွယ်ကူကူတော့ အရှုံးပေးမည်မဟုတ်ပေ။

ပုံမှန်ဆိုလျှင် စန်းဟုန်းလျန်သည်လည်းမည်သူ့ကိုမှယခုလောက်အထိဖိအားပေးမည်မဟုတ်သော်လည်း ရှောင်ယောင်၏အခြေအနေက သး၏အသိစိတ်ကိုဒေါသများသာဖူံးလွှမ်းသွားစေသည်။

တိုက်မည်ခိုက်မည်ပြင်နေသည်ဘတောင်ထပ်ရှိလူအားလုံးမှာ အသက်ပင်ပြင်းပြင်းမရှူဝံ့ဘဲ ထိတ်လန့်အံ့ဩစွာကြည့်ရှုနေကြသည်။

ထိုအခိုက် စန်းဟုန်းလျန်၏အနီးသို့လူရိပ်တစ်ရိပ်ကရိပ်ခနဲရောက်ရှိသွားကာ တည်ငြိမ်သည့်စကားသံကထွက်ပေါ်လာပေသည် ။

“ ဒီလောက်အထိမလိုပါဘူးဦးလေးစန်းရဲ့...ကျနော်လည်းအကောင်းအတိူင်းပဲရှိနေတာကို...ပြီးတော့ အန်းဒူကိုလည်း ကျနော်တို့နှစ်ယောက်သတ်ဖြတ်ခဲ့ပြီလေ....”

ရှောင်ယောင်က ထင်မှတ်မထားဘဲ လွန်စွာတင်းမာလာသည့်အခြေအ‌နေကြောင့် မျက်လုံးပြူးသွားပြီးစန်းဟုန်းလျန်၏ ရှေ့တွင်ပိတ်ဆို့ကာ အလျှင်အမြန်ပြောလိုက်ခြင်းဖြစ်သည်။

မျှော်လင့်မထားဘဲထွက်ပေါ်လာသည့် ရှောင်ယောင်၏စကားကြောင့် ဤနေရာရှိလူအားလုံး တိတ်ဆိတ်သွားလေသည် ။

ယခုလိုအခြေအနေမျိုးတွင် နစ်နာသူတစ်ယောက်ဖြစ်သည့်ရှောင်ယောင်က ကျန်လူများထက်ပို၍ဒေါသထွက်နေသင့်သော်လည်း ယခုအခါ သူကပင်စန်းဟုန်းလျန်ကို အကျိုးသင့်အကြောင်းသင့် နားချနေသေးသည်။

သူလုပ်ရပ်ကြောင့် ဟူအိုနှင့်စုထန်တို့ပင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ကျန်လူများလည်း အကြီးအကျယ်အံ့ဩနေကြဟန်တူသည်။

ရှောင်‌ယောင်၏ ကြင်နာတတ်သည့်စိတ်ရင်းကို ကောင်းစွာသိရှိသည့် စီးတုယွမ်ချင်းတစ်ယောက်သာ ပုံမှန်အတိုင်းရှိနေခြင်းဖြစ်၏။

“ ဒီကောင်လေးကမဆိုးဘူး....”

အပြုံးမျက်နှာဖြင့် မှတ်ချက်ပြုလိုက်သည့် လက်ကိုးချောင်းရသေ့၏စကားကြောင့် ကျန်သိုင်းဝိဇ္ဇာများက ထိုလူ့ကိုအံ့ဩသည့်ဟန်ဖြင့်ကြည့်လိုက်ကြသည်။

လက်ကိုးချောင်းဘုရင်ဆိုသည့်ထိုလူက ဂွတီးဂွကျနိုင်သည့်လူဂွစာတစ်ယောက်ဖြစ်ကာ သိုင်းလောကတွင်ရင်းနှီးသူလက်ငါးချောင်းပင်မပြည့်ပေ။

သူ၏မူလဂိုဏ်းဖြစ်သည့်ခွန်လွန်ဂိုဏ်းတွင်ပင် သူနှင့်ရင်းနှီးသူဟူ၍ လက်ရှိဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းသာရှိခြင်းကိုကြည့်၍ လက်ကိူးချောင်းရသေ့မည်မျှ အပေါင်းအသင်းနည်းသည်ကိူသိရှိနိုင်သည်။

ထိုသို့သောလူတစ်ယောက်က လူငယ်မျိုးဆက်တစ်ယောက်ကိုသဘောကျဟန်ဖြင့်ချီးကျူးနေ၍ ကျန်လူများအံ့ဩနေကြစဉ် နဂါးဖြူဓားဘုရင်ကလည်းခေါင်းညိမ့်ကာပြောလိုက်သညိ။

“ ကျုပ် အရင်က သူနဲ့ဆုံဖူးတယ် အဲဒီတုန်းက သူနဲ့တခြားကောင်လေးတစ်ယောက်က ယန်စီနဂါးအဖွဲ့ရဲ့ဌာနချုပ်ကိုဖြိုခွင်းဖို့နှစ်ယောက်ထဲရောက်လာကြတာ....”

နဂါးဖြူဓားဘုရင်၏ထပ်ဆင့်စကားကြောင့် ကျန်သိုင်းထိပ်သီးများမှာ ပို၍အံ့အားသင့်နေကြပြီး တစ်ယောက်က တစ်စုံတစ်ခုကိုစဉ်းစားမိဟန်ဖြင့်ပြောလိုက်သည်။

“ ဒါဆိုရင် ဒီလူငယ်က အခုတစ်လောကနာမည်ကြီးလာတဲ့ ယန်စီသူရဲကောင်းညီနောင်ထဲက ဝတ်စုံဖြူကျောင်းတော်သားဖြစ််လိမ့်မယ်။ ကျန်တဲ့တစ်ယောက်က ဓားသမားပဲ ..”

ထိုလူ၏စကားကြောင့်ကျန်လူများလည်း လက်ရှိသိုင်းလောကတွင်တဟုန်ထိုးနာမည်ကျော်လာသည့်လူငယ်နှစ်ယောက်ကိုပြန်သတိရသွားကြသည်။

ထိုစဉ် ရှောင်ယောင်၏ဟန့်တားမှုကြောင့် စန်းဟုန်းလျန်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

“ ရှောင်အာ မင်းက လောဘနတ်ဆိုးရဲ့လက်ချက်ကြောင့် အခုလိုပြင်းထန်တဲ့ အဆိပ်မိခဲ့တာလေ....”

စန်းဟုန်းလျန်ကား ရှောင်ယောင်၏ထိခိုက်မှုအတွက် ဒေါသပြေသေးဟန်မတူဘဲ ရှောင်ယောင်လည်း ခေါင်းညိမ့်၍ပြောလိုက်သည်။

“ ဟုတ်တယ်လေ ဦးလေးစန်း ကျနော့်ရဲ့အ‌ဆိပ်ကပိုပြီးအရေးကြီးတာပေါ့....လာ ကျနော့်ကိုစစ်ဆေးပေးဦး....”

ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့် စန်းဟုန်းလျန်ကိုတွဲကာ ကျန်သိုင်းဝိဇ္ဇာများရှိရာသို့လျှောက်သွားလိုက်သည်။

‌အေးစက်တင်းမာသည့်ပုံစံဖြင့် စန်းဟုန်းလျန်ကား ဟူအိုနှင့်စုထန်တို့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး ရှောင်ယောင်ဆွဲခေါ်ရာသို့ပါလာခဲ့သည်။

အစောပိုင်းကပင်ဒေါသတကြီးဖြစ်နေသည့် ဓားကျိုးဘုရင်က ထိုလူငယ်လေးကိုမလွန်ဆန်နိုင်သည်ကိုမြင်တွေ့လိုက်၍ တောင်ပေါ်ရှိသိုင်းထိပ်သီးလည်း နောင်အခါ ဝတ်စုံဖြူကျောင်း‌တော်သားဆိုသည့် အနက်ရောင်ဝတ်စူံဝတ်ထိုလူငယ်လေးနှင့် ဆန့်ကျင်ဘက်မဖြစ်စေရဟု ကြိတ်၍တွေးလိုက်ကြသည် ။

ပြဿနာကိုအကျယ်မချဲ့လိုသည့် ရှောင်ယောင်၏ဆန္ဒကိုရိပ်စားမိ၍ စီးတုမငိလည်း သူတို့အနီးသို့ပြန်ရောက်လာသည့် စန်းဟုန်းလျန်ကိုပြောလိုက်သညိ။

“ အစ်ကိုစန်း နည်းနည်းလေးစိတ်ပြန်ထိမ်းပါဦး...ဒီက ကောင်လေးပြောသလို သူ့ရဲ့အဆိပ်ကို ကုသနိုင်ဖို့အဓိကမဟုတ်လား...”

စီးတုမင်၏သဘာဝကျသည့်စကားကြောင့် စန်းဟုန်းလျန်လည်းသက်ပြင်းတစ်ချက်ချကာ ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် စန်းဟုန်းလျန် ၊ စီးတုမင်နှင့် ကျန်သိုင်းဝိဇ္ဇာများမှာ ရှောင်ယောင်၏အ‌ဆိပ်ကို တစ်ဦးပြီးတစ်ဦး ကြည့်ရှုစစ်ဆေးကြည့်လိုက်သော်လည်း မည်သူမှထိုအဆိပ်၏အမည်ကိုမပြောနိုင်ကြပေ။

ဤသည်ကလည်းများစွာထူးဆန်းခြင်းမဟုတ်ဘဲ ရှောင်ယောင်မိထားသည့်အဆိပ်က လွန်စွာ ကြောင်မက်ဖွယ်ကောင်းကြောင်းသိသာသော်လည်း ထင်ရှားသည့်လက္ခာမရှိ၍ ပြောရခက်နေသည်။

“ ရော့ ကောင်လေး ဒါက ငါတို့ယင်မျိုးနွယ်စုက မဟူရာပန်းမြတ်ဆိုတဲ့ အဆိပ်ဖြေဆေးပဲ ။ မင်းရဲ့အဆိပ်ကို ကုသနိုင်မယ်လို့်မသေချာပေမယ့် အဆိပ်ကိုသေချာပေါက်တားဆီးနိုင်မှာပါ....”

လက်ကိုးချောင်းရသေ့က ရှောင်ယောင့်ကို သူ၏အင်္ကျီအတွင်းမှ ပုလင်းဖြင့်ထည့်ထားသည့်မည်းနက်နေသည့်ဆေးလုံးငယ်လေးတစ်လုံးထုတ်ပေးလိုက်သည် ။

ရှောင်ယောင်လည်း ယခင်ကတွေ့ဆုံဖူးသည့်လက်ကိုးချောင်းရသေ့ကိုအရိုအသေပေး၍ပြောလိုက်သည်။

“ ဆရာကြီးရဲ့ အကူအညီအတွက်ကျေးဇူးပါ ....အရင်တစ်ကြိမ်ကလည်း ကျုပ်တို့ကို ကူညီပေးခဲ့သေးတယ် .”

“ စိတ်ထဲမထားပါနဲ့....အရင်ထဲကမင်းတို့နှစ်ယောက်ကို ငါသဘောကျပါတယ်...ကောင်းတယ်ကွာ အခုလိုစိတ်မျိုးရှိတာ လူငယ်မျိုးဆက်တွေမှာရှားသွားပြီ ...”

သူ၏လက်ကိုဝေ့ယမ်း၍ပြောလိုက်သည့်လက်ကိုးချောင်းရသေ့၏စကားကြောင့် သူတို့နှစ်ဦးမှာယခင်ထဲကအသိအကျွမ်းများဖြစ်သည်ကိုရိပ်စားမိလိုက်ကြသည် ။

သူမသိလိုက်ခင်မှာပင် နာမည်ကျော်သိုင်းသမားတစ်ဦးဖြစ်နေသည့်ရှောင်ယောင့်ကို စန်းဟုန်းလျန်က‌ အံ့သြပီတိဖြစ်သည့်ဟန်ဖြင့်ကြည့်နေပြီးအစောပိုင်းက အေးစက်တင်းမာခဲ့သည့်ပုံစံနှင့်လုံးဝကွဲပြားခြားနားလျက်ရှိသည်။

သို့သော် သူတို့လိုအတွေ့အကြုံရင့်သိုင်းဝိဇ္ဇာများနှင့် ကျန်သိုင်းဝိဇ္ဇာများပင်ရှောင်ယောင်မိထားသည့်အဆိပ်ကိုအမျိုးအမည်ခွဲခြားမရလေရာ ကုသရန်လည်းခက်ခဲမည်ဖြစ်ပြီး စန်းဟုန်းလျန်၏စိတ်ထဲတွင် လွန်စွာစိုးရိမ်ပူပန်နေမိသည်။

တစ်ချိန်ထဲမှာပင် သူမ၏ဖခင်၏ဘေး၌ငြိမ်သက်စွာရှိနေသည့် စီးတုယွမ်ချင်းသည်လည်း ရှောင်ယောင့်ကို ကြည့်ရင်း သူမ၏လက်များကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိ၏ ။

ထိုမိန်းကလေး၏အေးစက်စက်မျက်နှာလေးက ဝမ်းနည်းနေဟန်တူပြီး သူမ၏ရင်ထဲရှိပူပန်မှုက စန်းဟုန်းလျန်ထက်‌လျော့ကျမည်မဟုတ်ပေ။

“ သူမိထားတဲ့အဆိပ်က ခြေသုံးလှမ်းမရဏအဆိပ်ပဲ....”

ရုတ်တရက်ထွက်ပေါ်လာသည့်အက်ရှရှအသံကြောင့် စီးတုယွမ်ချင်း၏ခန္တာကိုယ်လေးက ဆက်ခနဲဖြစ်သွားပြီး ကျန်လူများလည်း တစ်ချိန်လုံးငြိမ်သက်စွာရှိနေပြီ ယခုမှဝင်ပြောလာသည့် ဖြူဖျော့ဖျော့မျက်နှာဖြင့်လျို့ဝှက်ဘုရင်ကိုကြည့်လိုက်မိကြသည်။

&&&&

All Chapters