← Chapters

ခိုင်မြဲသည့်သံ‌ယောဇဉ်နက်ရှိုင်းသည့်မေတ္တာ

Vol. 2 Ch. 123

ခိုင်မြဲသည့်သံ‌ယောဇဉ်နက်ရှိုင်းသည့်မေတ္တာ

Vol. 2 Ch. 123

လက်ရှိအချိန်၌ တောင်ထပ်တစ်ခုလုံးက အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေကာ လူအားလုံး၏အကြည့်များက အသက်နှစ်ဆယ်ခန့်သာရှိဦးမည့်လူငယ်လေး‌ဆီသို့ကျရောက်နေကြသည်။

လောကတွင်သေဆုံးရမည်ကိုသိသိကြီးနှင့် တုန်လှုပ်မှုကင်းစွာရင်ဆိုင်ဝံ့သူက လွန်စွာနည်းပါးလှပြီး တစ်ထောင်တွင်တစ်ယောက်ဆိုသလိုရှားပါးလှပေသည်။

ယခု သူတို့ရှေ့ရှိလူငယ်လေးက အသက်များစွာကြီးရင့်ခြင်းမရှိသေးသော်လည်း သေခြင်းတရားကို ရဲရင်စွာရင်ဆိုင်ဝံ့ပြီးသူ၏စိတ်နေစိတ်ထားနှင့်ခံယူချက်ဝါရင့်သိုင်းထိပ်သီးများကိုပင် လေးစားသွားစေမိ၏။

သို့သော် ထိုအထဲတွင်စန်းဟုန်းလျန်တော့ပါဝင်ခြင်းမရှိပေ။

“ မဖြစ်နိုင်ဘူး မင်းကဘာလို့သေရမှာလဲ....ငါမင်းကိုလုံးဝအသေမခံဘူးရှောင်အာ...နည်းလမ်းတစ်ခုခုတော့ရှိမှာပါ....”

ရှောင်ယောင်၏ပခုံးက်ို‌ဆုပ်ကိုင်ကာ တစ်ဦးထဲ အဆက်မပြက်ရေရွတ်နေသည့်စန်ဟုန်းလျန်၏ပုံသဏ္ဍာန်က တည်ငြိမ်အေးစက်သည့်သိုင်းဝိဇ္ဇာတစ်ဦးမဟုတ်တော့ဘဲ မိမိ၏ကလေးအတွက်စိုးရိမ်ပူပန်နေသည့်သာမန်ဖခင်တစ်ဦးအလားပင်။

စင်စစ် ရှောင်ယောင်က သူနှင့်သွေးမတော်သားမစပ်သော်လည်း ရှောင်ယောင်ကြီးပျင်းလာသည်ကို တစ်ချိန်လုံးစောင့်ကြည့်လာခဲ့သည့် စန်းဟုန်းလျန်အတွက် ရှောင်ယောင်ကသူ့ကိုယ်သူထက်ပင် ပို၍တန်ဖိုးထားချစ်ခင်ရသည့်ကလေးတစ်ယောက်ဖြစ်ပေသည်။

လက်ရှိအချိန်၌ စန်းဟုန်းလျန်း၏စိတ်ထဲတွင် ဒေါသ၊ နာကျင်မှုစသည်တို့ရှိမနေတော့ဘဲ ဟာလာဟင်းလင်းဖြစ်ကာ ရှောင်ယောင့်ကိုဆုံးရှုံးရမည်အား ကြောက်ရွံ့သည့်စိတ်ကလေးတစ်ခုသာကျန်ရှိနေတော့သည်။

ရှောင်ယောင်၏မိခင်မှာ သူ့အတွက်အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်ခဲ့သလို ထိုမိန်းကလေးမရှိတော့ချိန်တွင်လည်း တွယ်တာစရာနည်းပါးသည့်စန်းဟုန်းလျန်အတွက် ရှောင်ယောင်ကသံယောဇဉ်အမျှင်တန်းတစ်စဖြစ်လာခဲ့ပြန်သည်။

ထို့ကြောင့်ရှောင်ယောင်၏လက်ရှိအခြေအ‌နေက ကယ်တင်ရန်နည်းလမ်းမရှိဟုသိရသည့်အခါ စန်းဟုန်းလျန်မှာ တုန်လှုပ်ခြင်းကြီးစွာဖြင့် ဆောက်တည်ရာမရဖြစ်နေခြင်းဖြစ်၏

သိုင်းလောကသားတိုင်းလေးစားရသည့် နာမည်ကျော်သိုင်းဝိဇ္ဇာတစ်ဦးက ယခုလိုပြိုလဲသွားသည်ကို ကိုယ်တွေ့မမြင်ပါကမည်သူမှယုံကြည်နိုင်ကြမည်မဟုတ်ပေ။

သူ့အပေါ်တွင်ထားရှိသည့် စန်းဟုန်းလျန်၏နက်ရှိုင်းသည့်မေတ္တာကို ကောင်းစွာတွေ့မြင်နေရသည့်အတွက်ရှောင်ယောင်၏မျက်လုံးအိမ်က မှုန်ဝါးသွားလာခဲ့သည်။

သူ၏ခံစားချက်များကိုများစွာထုတ်မပြသည့်ထိုဦးလေးမှာ ရှောင်ယောင့်အတွက်လည်းအရေးအကြီးဆုံးလူတစ်ယောက်ဖြစ်ပြီး သူ၏ဖခင်သဖွယ်တွယ်တာရသူလည်းဖြစ်သည်။

‌ရှောင်ယောင်၏မျက်ဝန်းထဲတွင်မျက်ရည်များစွာရစ်သိုင်းလာကာ သူ့ကိုငယ်စဉ်ထဲက ဂရုစိုက်ချစ်ခင်ခဲ့သည့်ထိုဦးလေးကို ‌တင်းကြပ်စွာပွေ့ဖတ်ထားလိုက်မိ၏။

ထိုအချိန်တွင် သူတို့နှစ်ယောက်၏အဖြစ်ကို စိတ်ထိခိုက်ကြေကွဲစွာငေးကြည့်နေသည့် စီးတုယွမ်ချင်း၏ရင်ဘက်ထဲတွင်လည်း စူးရှနာကျင်သည့်ခံစားချက်တစ်ခုကိုခံစားမိလိုက်ပြီး သူမ၏ခန္တာကိုယ်က ပျော့ခွေကာ သတိမေ့လဲကျသွားသည် ။

ဘေးနားရှိ စီးတုမင်မှာ သူ၏သမီးဖြစ်သူကိုစိုးရိမ်တကြီးပွေ့ချီထားလိုက်ရကာ ထိုအဖြစ်ကြောင့် ကျန်လူများလည်း စိတ်မကောင်းစွာဖြင့်မျက်နှာလွှဲလိုက်မိကြသည် ။

တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပျက်လာသည်များက ဝမ်းနည်းစရာအဖြစ်အပျက်များသာဖြစ်၍ လူတိုင်း၏ရင်ထဲတွင် ကိုယ်နှင့်မသက်ဆိုင်သည့်တိုင် ဝမ်းနည်းမှူကို ခံစားနေမိကြပြီး ပူပြင်းလှသည့်နေမင်းကြီးပင် တိမ်တိုက်များအတွင်း တိုးဝင်ကာပျောက်ကွယ်သွားလေသည်။

ထိုမြင်ကွင်းကိုတိတ်ဆိတ်စွာကြည့်နေသည့်လျှို့ဝှက်ဘုရင်၏မျက်ဝန်းထဲတွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခုပေါ်ထွက်လာပြီး ဤသည်က မနာလိုအားကျခြင်း ၊ လေးစားခြင်း စသည့်ခံစားချက်များပါဝင်လျက်ရှိသညိ။။

ထို့နောက် သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။

“ ကျူပ်နည်းလမ်းတစ်ခုကိုတော့စဉ်းစားမိတယ်....ဒီကနေ အများကြီးမဝေးတဲ့ ပန်းတစ်ရာတောင်ကုန်းမှာ ကောင်လေးရဲ့အဆိပ်ကိုဖြေပေးနိုင်မယ့်အရာရှိတယ်.... “

ရုတ်တရက်ထွက်ပေါ်လာသည့်လျှို့ဝှက်ဘုရင်၏စကားက တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် မိုးကြိုးပစ်ချလိုက်သလိုပေါ်ထွက်လာပေသည်။

&&&

သိုင်းဝိဇ္ဇာခုနစ်ယောက်၏ယှဉ်ပြိုင်ပွဲရလာဒ်ကိုသိလို၍စင်းယန်မြို့တွင်စောင့်ဆိုင်းနေကြသည့်သိုင်းသမားများကား အံ့ဩဖွယ်သတင်းတစ်ခုကိုကြားသိလိုက်ကြရသည် ။

ဤသည်က သိုင်းဝိဇ္ဇာခုနစ်ယောက်ယှဉ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တစ်ကြိမ်မှမဖြစ်ဖူးသည့် ပြိုင်ပွဲကိုရွေ့ဆိုင်းခြင်းဖြစ်ကာ ထူးခြားသည့်ကိစ္စတစ်ခုကြောင့် ယှဉ်ပြိုင်ပွဲကိုခုနစ်ရက်ခန့် နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။

ထိုနေ့က တောင်ပေါ်သို့တက်ရောက်ခွင့်ရသညိ့လူများ၏ပြောစကားအရ ယှဉ်ပြိုင်ပွဲရွှေ့ဆိုင်းသည့်အကြောင်းအရာမှာ ဝတ်စုံဖြူကျောင်းတော်သားဆိုသည့်လူငယ်သိုင်းသမားတစ်ဦးနှင့်ပတ်သတ်နေပေသည်။

ကိစ္စ၏ဇာတ်မြစ်က မိန်းမလှခုနစ်ယောက်မှ မဟူရာနတ်သမီးစီးတုယွမ်ချင်းကို လောဘနတ်ဆိုးအန်းဒူနှင့်သူ၏လူများလိုက်လံသတ်ဖြတ်ခြင်းကြောင်းစတင်ခဲ့ခြင်းဖြစ်၏ ။

ထိုအခါ စီးတုယွမ်ချင်း၏ချစ်သူဖြစ်သည့် ထိုလူငယ်က သူ့ချစ်သူကို ကာကွယ်ရင်း အန်းဒူနှင့်သူ့လူများကိုရဲဝင့်စွာရင်ဆိုင်ခဲ့ပြီး အန်းဒူကိုသတ်ဖြတ်နိုင်သော်လည်း သူကိုယ်တိုင်က လွန်စွာပြင်းထန်သည့်အဆိပ်တစ်မျိူးမိခဲ့ပေသည်။

အံ့ဩဖွယ်ကိစ္စတစ်ခုက ယခင်ကလည်း ဝတ်စုံဖြူကျောင်းတော်သားနှင့် ဝတ်စုံပြာစာပေဓားသမားတို့ပူးပေါင်း၍ လက်ရှစ်ဖက်လှံနတ်ဆိုးချုးကုနန်ကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခု လောဘနတ်ဆိုးအန်းဒူကိုပါပေါင်းလျှင် သူ၏လက်ချက်ကြောင့် သေဆုံးသွားသည့်မိစ္ဆာဝိညာဉ်ခေါင်းဆောင်နှစ်ယောက်ပင်ရှိပြီဟုဆိုရမည်။

သို့သော် တောင်ပေါ်ရှိ မိစ္ဆာဝိညာဉ်ခေါင်းဆောင်များက အန်းဒူအတွက်လက်စားချေရန်ဝေးစွ ထိုလူငယ့်ကိုပင်ပြန်၍ ကျေးဇူးတင်ရမည်ဖြစ်ကြောင်းသိရသည်။

အကြောင်းကား ဝတ်စုံဖြူကျောင်းတော်သားမှာ ဓားကျိုးဘုရင်စန်းဟုန်းလျန်၏ တူတော်စပ်သည့်အတွက်ဖြစ်ပြီး ဓားကျိုးဘုရင်ကလည်း သူ၏တူဖြစ်သူကိုအလွန်အမင်းဂရုစိုက်သည်ဟုဆိုကြသည်။

အန်းဒူ၏လက်ချက်ကြောင့် သူ၏တူဖြစ်သူအဆိပ်မိသွား၍ မိစ္ဆာဝိညာဉ်တစ်ဖွဲ့လုံးကိုဖျက်ဆီးပစ်မည်ဟုကြွေးကျော်ခဲ့ပြီး ထိုလူငယ်သာဟန့်တားခြင်းမရှိပါက ထိုခေါင်းဆောင်နှစ်ယောက်ပင် ဓားကျိူးဘုရင်၏လက်ချက်ကြောင့်သေဆုံးသွားနိုင်ချေရှိသည်။

ထို့ကြောင့် ဝတ်စုံဖြူကျောင်းတော်သားဆိုသည့်နာမည်က နောက်တစ်ကြိမ်ပြန်၍သတင်းကြီလာပြီး သူယခင်ကပြုလုပ်ခဲ့သည့်ကိစ္စကြီးများကိုပြန်၍ပြော‌ဆိုဆွေးနွေးလာကြသည်။

ဤသို့ဖြင့် ဝတ်စုံဖြူကျောင်းတော်သားနှင့်ပတ်သတ်သည့်အကြောင်းအရာများကို လူတိုင်းပြောဆိုလာကြပြီး အချို့လူများ၏နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းမှုကြောင့် ထိုလူငယ်၏ဇာတ်မြစ်ကရှောင်လင်ကျောင်းတော်မှလူဝတ်ကြောင်တပည့်တစ်ဦးဖြစ်သည်ဟုသိလာရပြန်သည်။

သိုင်းလောကရှိလူငယ်များကား ရေခဲနတ်သမီးဟုကျော်ကြားသည့်စီးတုယွမ်ချင်း၏မေတ္တာကိုဆွတ်ခူးနိုင်သည့်ထိုလူငယ့်ကိုမနာလိုအားကျဖြစ်နေကြသလို အချို့လူများကလည်း ဝတ်စုံဖြူကျောင်းတော်သား၏သိုင်းပညာက လူငယ်ထိပ်သီးများနှင့်ပင်ယှဉ်နိုင်သည်ဟုဆိုကြသည်။

မည်သို့ပင်ဖြစ်စေ ယခုလက်တလောသိုင်းလောကတွင် ဟိုးလေးတကျော်ကျော်ဖြစ်နေသည်က ဝတ်စုံဖြူကျောင်းတော်သားနှင့်ပတ်သတ်သည့်သတင်းများပင်ဖြစ်ကာ ထိုအချိန်တွင် ဝတ်စုံဖြူကျောင်းတော်သားဆိုသည့်လူငယ်က ပြင်းထန်သည့်အဆိပ်ဒဏ်ကြောင့် ဆိုးရွားသည့်အခြေအနေသို့ရောက်ရှိနေပေသည်။

&&&

တိတ်ဆိတ်သည့်တောင်ကုန်းငယ်တစ်ခု

စိမ်းလမ်းစိုပြေသည့်သစ်ပင်ကြီးငယ်များစွာပေါက်ရောက်လျက်ရှိပြီး အေးချမ်းသာယာသည့်ထိုတောင်ကုန်းလေးမှာ အတော်ပင်ကြီးမားကျယ်ပြန့်ပြီး တောင်ကုန်း၏နေရာအနှံ့ အရောင်အသွေးစုံလင်သည့်ပန်းခင်းများကိုတွေ့ရပေမည်။

မျက်စေ့တဆုံးများပြားပြီး ရေတွက်ရန်ပင်မဖြစ်နိုင်သည့်ထိုပန်းပင်များက အမျိုးအစားစုံလင်စွာဖူးပွင့်နေကြပြီး လေအဝှေ့‌တွင် ချိုအီမွှေးပျံ့ကာစိတ်ကိုလမ်းဆမ်းစေသည့်ပန်းရနံ့ကိုသယ်ဆောင်လာပေသည်။

ထိုတောင်ကုန်းရှိပန်းပင်များမှာ သဘာဝအတိုင်းဖူးဖွင့်နေခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်၏ပြုစုပျိုးထောင်မှုကြောင့် ယခုလိုရင်သက်ရှုမောဖွယ်ကောင်းနေခြင်းဖြစ်၏။

ဖြူနီပြာဝါအရောင်မျိူးစုံဖြင့် ဆေးရောင်စုံခြယ်မှုန်းထားသည့်သဖွယ်လွန်စွာလှပနေသည့်ထိုနေရာကား ဒဏ္ဍာရီထဲမှ နေရာတစ်ခုတော့မဟုတ်ပေ။

ထိုပန်းခင်းများတွင် လူသူတစ်စုံတစ်ယောက်မှမရှိဟုထင်ရသော်လည်း ပန်းပွင့်ကလေးတစ်ပွင့်ကိုဖျက်ဆီးလိုစိတ်ဖြင့်ပြုလုပ်လိုက်လျှင် သိုင်းပညာအဆင့်မြင့်သည့်သိုင်းသမားများစွာက နေရာအနှံ့မှထွက်ပေါ်လာပြီး ထိုလူ့ကိုဆုံးမပေလိမ့်မည်။

အကြောင်းကား ထိုပန်းခင်းများ၏ပိုင်ရှင်က သိုင်းလောကတွင်ကျော်ကြားသည့် ပန်းတစ်ရာတောင်ကုန်းသခင်လီချန်းစိန်ဖြစ်နေခြင်းကြောင့်ဖြစ်၏။

အင်အားစုသုံးခုတွင်ပါဝင်သည့်ပန်းတစ်ရာတောင်ကုန်းက လူအင်အားများပြားစွာမရှိသော်လည်း အဖွဲ့ဝင်တစ်ယောက်ချင်းစီက အစွမ်းထက်သိုင်းသမားများသာဖြစ်သည်။

ထို့အပြင် ပန်းတစ်ရာတောင်ကုန်း၏ဆေးပညာက သိုင်းလောကတွင်ကျော်ကြားပြီး လာရောက်အကူအညီတောင်းသူမှန်သမျှကို အကူအညီပေးလေ့ရှိ၍ ကောင်းသတင်းမွေးပျံ့သည့်နေရာတစ်ခုလည်းဖြစ်သည်။

အထူးသဖြင့် ရုပ်ရည်လွန်စွာချောမောလှသလို ဆေးပညာတစ်ဖက်ကမ်းခတ်ဟုနာမည်ကျော်သည့် ပန်းတစ်ရာတောင်ကုန်းသခင်မလေးလီချင်းချင်းကြောင့် ပန်းတစ်ရာတောင်ကုန်းမှာ သိုင်းလောကအတွင်းပိုမိုကျော်ကြားလာခြင်းဟုဆိုနိုင်သည်။

ကြီးမားကျယ်ပြန့်လှသည့်ပန်းခင်းများ၏အလယ်တွင် အေးချမ်းသပ်ရပ်သည့်ခြံဝန်းကျယ်တစ်ခုလည်းရှိနေပြီး ထိုခြံဝန်းကား ပန်းတစ်ရာတောင်ကုန်း၏ဗဟိုချက်မဟုခေါ်ဆိုနိုင်သည့်နေရာဖြစ်ပေသည်။

ယခုအခါ ခြံဝန်းအတွင်းရှိခမ်းနားသည့်စံအိမ်ကြီး၏ ဧည့်ခန်းထဲတွင် သိုင်းသမားတစ်စုရှိနေသည် ။

လူဦးရေ ခြောက်ယောက်ခန့်ရှိမည့်ထိုလူစုက ပုံပန်းသွင်ပြင်အမျိူးမျိူးရှိကြပြီး တူညီသည့်အချက်ကား သူတို့အားလုံးက သိုင်းလောကသားများဖြစ်နေကြခြင်းဖြစ်၏ ။

သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ပန်းတစ်ရာတောင်ကုန်းမှ သိုင်းသမားများက ထိုသိုင်းသမားများကိုလက်ခံတွေ့ဆုံနေခြင်းဖြစ်ပြီး သူတို့၏ပုံစံက တစ်စုံတစ်ခုကိုပြောဆိုဆွေးနွေးနေဟန်တူသည်။

“ မိတ်ဆွေတို့က သိုင်းလောကမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေပါပဲ ။ ဒါကြောင့် ကျုပ်တို့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့လား....”

အသက်ခြောက်ဆယ်ဝန်းကျင်ရှိမည့်အဖိူးအိုတစ်ဦးက အားတုံ့အားနာဖြစ်ဟန်ဖြင့်ပြောလိုက်သည် ။

ထိုအဖိုးအိုက ပန်းတစ်ရာတောင်ကုန်း၏ကြီးကြပ်ရေးမှူဖြစ်သည့် လီဖန်းဆိုသူဖြစ်ပြီး သူနှင့်အတူ အဆင့်လွန်ထိပ်သီးအနည်းငယ်လည်းရှိနေသည်။

ပုံမှန်ဆိုလျှင် ထိုအဆင့်လွန်ထိပ်သီးများမှာ ကိုယ့်နေရာနှင့်ကိုယ်နေတတ်ပြီး အရေးကြီးဆွေးနွေးမှုများမှလွဲ၍ ပင်မစံအိမ်သို့လာလေ့မရှိပေ။

သို့သော် ယခုရောက်ရှိနေသည့်ဧည့်သည်များက လွန်စွာအရေးကြီးသည့်လူများဖြစ်၍ တောင်ကုန်းသခင်မရှိခိုက် သူတို့ပါရောက်ရှိလာခြင်းဖြစ်သည်။

လီဖန်း၏စကားကြောင့် တစ်ဖက်ရှိလူများက မျက်နှာပျက်သွားကြပြီး အညိုရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူက အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ခင်ဗျားပဲကြည့်လေ ဒီကောင်လေးရဲ့ပုံစံက နောက်ရက်အထိခံမယ့်ပုံမလို့လား...ကျုပ်တို့က ဟွာရှန်းတောင်ကနေဒီအထိရောက်လာဖို့တစ်ရက်အချိန်ဖြုန်းပြီးပြီ ။

အခုနောက်ထပ် ထပ်ပြီးစောင့်ရမယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ....”

ထိုလူ၏ပုံစံက အနည်းငယ်ဒေါသထွက်နေဟန်တူပြီး သူနှင့်တစ်ယောက်ကျော်တွင်ရှိသည့်လူငယ့်ကိုညွန်ပြကာပြောလိုက်သည်။

ထိုလူငယ်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိပြီး ယောင်္ကျားပီသကာ ချောမောခန့်ညားသည့်ရုပ်သွင်ရှိသော်လည်း ယခုအခါ အားနည်းနေဟန်တူပြီး သူ၏မျက်နှာကအနည်းငယ်မည်းနက်လျက်ရှိသည် ။

လျှို့ဝှက်ဘုရင်ဆိုသည့်လူထူးဆန်းပြောခဲ့သလိုပင် အဆိပ်၏လက္ခာများက စတင်ပြဿနေပြီဖြစ်ပြီး တစ်ရက်ကျော်သာရှိသေးသော်လည်း သူ၏အခြေအနေမှာ များစွာဆိုးရွားလာခဲ့သည်။

လူငယ်၏ဘေးတွင် လွန်စွာလှပသည့်မိန်းမလှလေး‌တစ်ယောက်က စိုးရိမ်တကြီးအမူအယာဖြင့်ရပ်နေကာ သူမ၏အေးစက်စက်အကြည့်များက ပန်းတစ်ရာတောင်ကုန်းမှလူများဆီသို့တစ်ချက်တစ်ချက်ရောက်ရှိသွားတတ်သည်။

ထိုလူစုကား ဟွာရှန်းတောင်မှပန်းတစ်ရာတောင်ကုန်းသို့ခရီးပြင်းနှင်လာသည့်ရှောင်ယောင်တို့လူစုမှလွဲ၍အခြားမဟုတ်ဘဲ အစောပိုင်းကပြောလိုက်သူက လက်ကိုးချောင်းရသေ့ဖြစ်သည် ။

ရှောင်ယောင်တို့လူစုမှာ လျှို့ဝှက်ဘုရင်၏အကြံပြုချက်အတိုင်း သူ၏အဆိပ်ကိုကုသနိုင်ရန်မျှော်လင့်ချက်ဖြင့် ပန်းတစ်ရာတောင်ကုန်းသို့လာခဲ့ခြင်းဖြစ်ပြီး ရှောင်ယောင်တို့လေးယောက်သာမက လက်ကိုးချောင်းဘုရင်နှင့် ဓားရူးဘုရင်တို့လည်း လိုက်ပါလာခြင်းဖြစ်၏။

&&&

All Chapters