← Chapters

ကျန်းလင်းဆု

Vol. 1 Ch. 2

ကျန်းလင်းဆု

Vol. 1 Ch. 2

ကန်းပုလွီ၏ ရှည်လျားသော အထူးမိတ်ဆက်စကားကို ကြားလိုက်ရသောအခါ အောက်ခြေရှိ ဂိုဏ်းသားအသစ်လေးများ၏ အကြည့်များက ကန်းပုလွီတစ်ဦးတည်းအပေါ်သို့ စုစည်းသွားသည် ။ အချို့က လေးစားကြည်ညိုကြကုန်၏ ၊ အချို့က အားကျသွားပြီး ၊ အချို့ကတော့ မဲ့ရွဲ့ကာ ရယ်မောမိကြသည် ။

ကန်းပုလွီက ကြီးမြတ်သောပုံစံဖမ်းကာ ဆက်လက်ပြောကြားသည် ။

"ရှန်ကွမ်းဂိုဏ်းတော်ကြီးရဲ့ တောင်ထွဋ်ငါးခုအကြောင်းကို မင်းတို့ကို ကြိုတင်အသိပေးထားပြီးပြီ ၊ ဟုတ်လား ၊ အဲဒီတော့ စစ်ဆေးမှုမှာ 'B' သို့မဟုတ် 'C' အဆင့်ရရှိသူတွေက ကြိုက်တဲ့တောင်ကို ဝင်ရောက်လို့ရတယ် ၊ ဒါ့ကြောင့် အခုစပြီး ရွေးချယ်ကြတော့ ။"

စစ်ဆေးမှုရလဒ်များကို အဆင့်သုံးမျိုး ခွဲခြားထားသည် ။ A၊ B နှင့် C တို့ ဖြစ်သည် ။

အကောင်းဆုံးမှာ A အဆင့်၊ ထို့နောက် B အဆင့်၊ ညံ့ဖျင်းဆုံးမှာ C အဆင့် ဖြစ်သည် ။

ထို့ကြောင့် B နှင့် C အဆင့်ရှိသူများက ဦးစွာ မိမိတို့၏တောင်များကို ရွေးချယ်ရမည် ဖြစ်သည် ။

B အဆင့်သည် ရိုးရိုးတပည့်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီပြီး C အဆင့်ကိုတော့ အစေခံတပည့်တစ်ဦးအဖြစ်သာ သတ်မှတ်သည် ။

A အဆင့်ရှိသူများသာလျှင် အစစ်အမှန်တပည့်များ ဖြစ်လာနိုင်သည် ။

A အဆင့်ရှိသူတစ်ဦးစီသည် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး အထူးကျင့်ကြံမှုများ လိုအပ်သည် ။

တောင်တစ်ခုစီမှ အကြီးဆုံးတပည့်များ၏ အဓိကရည်ရွယ်ချက်မှာ A အဆင့်ရရှိသည့် လူသစ်တပည့်များနှင့် တွေ့ဆုံပြီး သူတို့၏တောင်များသို့ ဝင်ရောက်လာစေရန် မဲဆွယ်စည်းရုံးရမည် ဖြစ်သည် ။

"စီနီယာကြီးကန်းက အရမ်းအထင်ကြီးဖို့ကောင်းတာပဲ ၊ ငါကတော့ ရောင်ခြည်ငါးပါးတောင်ထိပ်ကို ရွေးလိုက်ပြီ "

"အရူးတွေ ၊ ငါကတော့ အသင်္ချေနိယာမတောင်ထွဋ်ကိုပဲ ရွေးမယ်၊ ကျင့်ကြံခြင်းလမ်းကြောင်းမှာ တာအိုနိယာမတွေကသာ အဓိကပဲကွ "

"ငါ့အိပ်မက်ကတော့ ကြီးမြတ်တဲ့ ဆေးပညာရှင်ဖြစ်လာဖို့ပဲ ၊ ဆေးပညာရှင်တွေကသာ သာ့ရှန်းကို ကယ်တင်နိုင်မှာ ။ ငါ ကောင်းကင်ဘုံဆေးဝါးတောင်ထွဋ်ကို ဝင်ရမယ်"

"ငကြောက်တွေပဲ ၊ တိုက်ခိုက်ရေးတောင်ထွဋ်ကို မရွေးရဲကြဘူးမှတ်လား ၊ ငါ့လို သူရဲကောင်းမျိုးကသာ အဲဒီတောင်ထွဋ်နဲ့ ကိုက်ညီတာ "

"ကျိစယ်တောင်ထွဋ်က ရိုးရိုးတပည့်တွေ၊ အစေခံတပည့်တွေကို လက်မခံတာ ဝမ်းနည်းစရာပဲ၊ မဟုတ်ရင် ငါအသေအချာ ရွေးမှာ ။ တောင်ထွဋ်တစ်ခုလုံးမှာမှ အကြီးဆုံးတပည့်တစ်ယောက်တည်းပဲရှိတယ်လို့ ကြားတယ်။ ငါဝင်ရင် ဒုတိယတပည့်တန်းဖြစ်ပြီပဲ ၊ ရင်းမြစ်တွေလည်း သုံးမကုန်အောင် ကြွယ်ဝသွားမှာ "

အချိန်ခဏကြာပြီးနောက်မှာတော့ B နှင့် C အဆင့်ရရှိသူများသည် ၎င်းတို့၏တောင်များကို ရွေးချယ်ပြီးစီးသွားခဲ့သည် ။

ရောင်ခြည်ငါးပါးတောင်ထွဋ်သို့ တပည့်အသစ် အများဆုံးဝင်ရောက်သွားကြ၏ ။ ကန်းပုလွီ၏ အထင်ကြီးစရာ ပြကွက်က တပည့်အသစ်များအပေါ် အလုပ်ဖြစ်သွားပုံရ၏ ။

ကောင်းကင်ဘုံဆေးပညာတောင်ထိဋ်ကတော့ တပည့်အသစ်ရရှိမှု အနည်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ဆေးပညာရှင်မဖြစ်နိုင်သောကြောင့်ဖြစ်သည် ။ထို့အပြင် တပည့်တစ်ဦးသည် ဆေးဖက်ဝင်အပင်များကို ဆယ်စုနှစ်များစွာ ဖြုန်းတီးခဲ့ပြီး ဘာမျှဖြစ်မလာခဲ့လျှင် နှင်ထုတ်ခံရနိုင်၏ ။

ထို့ကြောင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခြင်းက ပိုကောင်းသည်ဟု ခံယူထားကြလေသည် ။

ကျိယွမ်၏ ကျိစယ်တောင်ထွဋ်ကတော့ တပည့်တစ်ဦးမှ လက်မခံသဖြင့် ၄င်းကို ယခုစာရင်း၌ ထည့်မတွက်တော့ပေ ။

ရိုးရိုးတပည့်များကို ရွေးချယ်ပြီးသွားသောအခါ A အဆင့်ရရှိသည့် ပါရမီရှင် ခုနှစ်ဦးသာ ကျန်ရှိလေ၏ ။ ယောက်ျားလေးလေးယောက်နှင့် မိန်းကလေးသုံးယောက်ဖြစ်သည် ။

"ဂျူနီယာညီငယ်တို့၊ ဒီခုနှစ်ယောက်ကို ငါတို့ ဘယ်လိုရွေးချယ်ကြမလဲ"

ကန်းပုလွီက ထို့သို့မေးမြန်းနေသော်လည်း သူ၏မျက်လုံးများသည် အမဲရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးအပေါ်တွင် စိုက်ကြည့်နေ၏ ။ ထိုပါရမီရှင်လူငယ်သည် အသန်မာဆုံးဖြစ်သောကြောင့် သူ၏တောင်ထွဋ်အတွက်သာ ဖြစ်ရမည်ဟု အရိပ်အမြွက်ပြနေသည့် အလားပင် ။

အခြားသူများကလည်း ထိုအရာကို သဘောပေါက်လိုက်သော်လည်း စိတ်ထဲ၌သာ ထားလိုက်ကြသည် ။

ထိုအချိန်တွင် ကောင်းကင်ဘုံဆေးဝါးတောင်ထွဋ်မှ အကြီးဆုံးတပည့် ကျုးမြောင်က ရုတ်တရက် ထောက်ပြပေးလိုက်သည် ။

"ကျွန်တော်တို့မလာခင် ဂိုဏ်းသခင်က ဒီတစ်ခါတပည့်ရွေးချယ်ပွဲမှာ ကျိစယ်တောင်ထွဋ်က အရင်ဆုံးရွေးချယ်ရမယ်လို့ ညွှန်ကြားထားပါတယ်"

ကန်ပုလွီက မသိမသာ သက်ပြင်းချလိုက်သည် ။

သူသည် ဤညွှန်ကြားချက်ရရှိထားခဲ့၏ ။ သို့သော် အခြားသူများမသိကြဟုထင်ကာ မသိမသာ ထိမ်ချန်ထားရန် ရည်ရွယ်ခဲ့သည် မဟုတ်ပါလား ။ ကျိယွမ်က သူနှစ်သက်နေသော ပါရမီရှင်ကို ရွေးချယ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် ။

ကျိစယ်တောင်တွင် တပည့်တစ်ဦးတည်းသာရှိသောကြောင့် တပည့်အသစ်များအတွက် အလွန်ဆွဲဆောင်မှုရှိသည် ။

အခြားတောင်များသို့ ဝင်ရောက်ခြင်းသည် တပည့်များစွာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကျိစယ်တောင်သို့ ဝင်ရောက်ခြင်းသည် တစ်ဦးတည်းသော ပြိုင်ဘက်နှင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်၏ ။

ထို့အပြင် ထိုတစ်ဦးတည်းသောပြိုင်ဘက်သည် ပြိုင်စရာပင်မလိုအောင် ပါရမီညံ့ဖျင်းနေသဖြင့် ပို၍ပို၍ပင် ရွေးချယ်သင့်သည် ။

ပါရမီရှင် လူငယ်ခုနှစ်ယောက်သည် ကျိယွမ်ကို မျှော်လင့်ချက်ပြည့်ဝသော မျက်လုံးများဖြင့် ကြည့်နေကြသည် ။

သူတို့၏မျက်နှာများတွင် "ငါ့ကိုရွေးပါ ငါ့ကိုရွေးပါ" ဟူသော စကားလုံးများ ရေးထားသည်ဟုပင် ထင်ရသည် ။

"ညီငယ် ကျိယွမ်၊ ရွေးချယ်ပါ"

ကန်ပုလွီက ဦးစားပေးသလို ပြောလိုက်၏ ။

သို့သော်သူက ပါရမီရှင်ခုနှစ်ယောက်နှင့်ပတ်သတ်သော မည်သည့်အချက်အလက်ကိုမှ ရှင်းမပြဘဲ နေလိုက်သည် ။ ထိုအချက်များက သူတစ်ဦးသာလျင်သိထားသောကြောင့် အထူးချွန်ဆုံးသောပါရမီရှင်ကို ကျိယွမ် သိနိုင်လိမ့်မည် မဟုတ်ပေ ။

ကျိယွမ်ကသာ အကောင်းဆုံးသူကို သိနေလျှင် သေချာပေါက်ရွေးချယ်သွားလိမ့်မည် ဟု သူကသိနေသည် ။ အကယ်၍ ထိုသို့ဖြစ်ပါက ရောင်ခြည်ငါးပါးတောင်ထွဋ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သွားပေမည် ။

ကျိယွမ်သည် ပါရမီရှင်ခုနှစ်ယောက်ကို ကြည့်လိုက်၏ ။ သူ၏မျက်နှာအမူအရာသည် ဥပါဒါန်သွေးမျိုးဆက်ရှိသူဟု မထင်ရလောက်အောင် အေးဆေးတည်ငြိမ်နေသည် ။

သူ၏ဆရာသည် ကျိစယ်တောင်၏ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် ပါရမီရှင်တပည့်တစ်ဦးကို ရွေးချယ်ချင်နေဟန်ရှိသည် ။ သူ့ကိုစေလွှတ်ခဲ့ခြင်းကြောင့် သူက ဆရာ့အတွက် အကောင်းဆုံးရွေးချယ်ပေးရမည် ဖြစ်သည် ။

သူသည် ပါရမီခုနှစ်ယောက်ကို ဇိမ်ပြေနပြေ ကြည့်ရှုနေစဉ် သူ၏စိတ်ထဲတွင် အချက်အလက်များ ပေါ်ပေါက်လာသည် ။

သူသည် ပထမဆုံး အမဲရောင်ဝတ်စုံဝတ်ထားသော လူငယ်ကို ကြည့်သည် ။ ထိုလူငယ်က ကန်းပုလွီ သဘောကျနေသော ပါရမီရှင်ဖြစ်သည် ။

ကန်းပုလွီ၏ နှလုံးသားသည် တိတ်တခိုးတင်းကျပ်သွားလေ၏ ။

ဤအမဲရောင်ဝတ်လူငယ်တွင် ရှားပါးသော အလင်းရောင်ဝိညာဥ်မြစ်ရှိပြီး ရောင်ခြည်ငါးပါးနည်းစနစ်များကို အားထုတ်ရန်အတွက် အကောင်းဆုံးဖြစ်သည် ။ သူက ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ရရှိနိုင်စွမ်းရှိနေသည် ။

ကျိယွမ်သည် လူငယ်ကို ကြည့်နေစဉ် အချက်အလက်များက သူ၏စိတ်ထဲသို့ တန်းစီ ဝင်ရောက်လာခဲ့သည် ။

【ဤသူသည် သာမန်လူငယ်တစ်ဦးဖြစ်သည် ။ သို့သော်လည်း ရှန်ကွမ်းဂိုဏ်းသို့ ဝင်ရောက်ရန် ပြင်းထန်သော စိတ်ဆန္ဒရှိနေသည် ။】

ပြင်းထန်သောစိတ်ဆန္ဒရှိသည်တဲ့လား ။ ဆန္ဒရှိတာလောက်နဲ့ ဘာလုပ်စားလို့ရမှာလဲ ။

ကျိယွမ်သည် ချက်ချင်းပင် သူ့ကိုပယ်ချလိုက်သည် ။

ငါ ဒီသတင်းကို ဂိုဏ်းကို အသိပေးသင့်လား ။

မဖြစ်ဘူး ၊ တစ်ခါသေဖူးပျဥ်ဖိုးနားလည်တဲ့ ။

လွန်ခဲ့သော သုံးလက ရှန်ကွမ်းဂိုဏ်းတော်ကြီး၏ဂိုဏ်းချုပ်သည် အတွင်းနတ်ဆိုးဂိုဏ်းမှ သူလျှိုတစ်ဦးဖြစ်ကြောင်း ဂိုဏ်းကိုအသိပေးခဲ့၏ ။ ရလဒ်အနေဖြင့် ပေါက်ပန်းလေးဆယ်များ ပြောသည်ဟု စွပ်စွဲခံရပြီး ရက်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံခဲ့ရသည် ။

ဤမျှလောက်နှင့်ပြီးသွားသည်မှာ သူ၏နောက်ခံဖြစ်သော ကျိစယ်တောင်ထွဋ်သခင်၏ ကြီးမားသောစွမ်းအားနှင့်အရှိန်အဝါကြောင့်သာဖြစ်သည် ။ မဟုတ်ပါက သူကအရိုးဆွေးနေလောက်ပြီ ဖြစ်လေသည် ။

ကျိယွမ်၏မျက်လုံးထဲတွင်တော့ ရှန်ကွမ်းဂိုဏ်းတော်ကြီးသည် ပြဿနာများဖြင့် ပြည့်နှက်နေသည် ။

ထို့အတူ ဤကမ္ဘာကြီးသည်လည်း ပြဿနာများဖြင့် ပြည့်နှက်နေ၏ ။

ကျင့်ကြံသူများအားလုံးကလည်း ပြဿနာကိုယ်စီနှင့် ဖြစ်နေပြန်သည် ။

အချုပ်ဆိုရလျှင် အရာအားလုံးသည် ပြဿနာဖြစ်နေသောကြောင့် ရှန်ကွမ်းဂိုဏ်း၏ ပြဿနာများသည်လည်း ကြီးမားသောကိစ္စတစ်ရပ် မဟုတ်ဟုသာ ခံယူလိုက်တော့သည် ။

သူ၏ အကြည့်များက အဝါရောင်ပိုးပဝါစကို ဝတ်ဆင်ထားသော မိန်းမပျိုထံသို့ ရွေ့လျားသွားသည် ။

သူမက သဘာဝအတိုင်းလေ ရိုးစင်းကာ သန့်ရှင်းနေသော်လည်း မျက်လုံးများကတော့ ဆွဲဆောင်မှုအနည်းငယ်ရှိလေ၏ ။

[သူမသည် သာမန်မိန်းကလေးတစ်ယောက်ဖြစ်သည် ။ သူမ၏အထူးခန္ဓာကိုယ်သည် အနက်ရောက်ကြက်မိစ္ဆာနတ်ဆိုးကြီး၏ အာရုံစိုက်မှုကိုခံနေရပြီး သူမအား လူသားဒယ်အဖြစ် အသုံးပြုချင်နေသည် ။ သူမသည် ရှန်ကွမ်းဂိုဏ်းအား ဒုက္ခရောက်စေနိုင်သည် ။】

လူသားဒယ်လား ။ ပြဿနာတွေကိုဖိတ်ခေါ်နေတာပဲ ။ ပယ်ချတယ် ။

ကျိယွမ်သည် ကျန်သော ပါရမီရှင်များကို ဆင်လက် စစ်ဆေးလိုက်သည် ။

【သူသည် ကျင့်ကြံခြင်းအတွေ့အကြုံ နှစ်နှစ်သာရှိသေးသော သာမန်လူငယ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် မည်သည့်ကျင့်ကြံမှုမှ မရှိပါ ။ သူ၏ကိုယ်တွင်း၌ အစွမ်းထက် စိတ်ဝိညာဉ်တစ်ခု အိပ်ပျော်နေသည် ။ ရှန်ကွမ်းဂိုဏ်းသို့ မလာခင် သူသည် သူ၏ကြင်ရာနှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းခဲ့ရသည် ။】

ဇာတ်လိုက်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်းလိုလို ဘာလိုလိုပဲ ။

ဒီလိုကောင်တွေနဲ့ ဝေးဝေးနေမှ ။

ကျိယွမ် ဘဝကူးပြောင်းမလာမီ ကြည့်ရှုဖူးခဲ့သော Animation ဇာတ်လမ်းများအရ ဤကဲ့သို့သော ဘဝနာနေသည့် ဇာတ်လိုက်များနှင့် ဝေးဝေးနေရန် အရေးကြီးသည် ။

ဇာတ်လိုက်အား ကြင်နာသောဇာတ်ကောင်မှန်သမျှသည် ဆိုးရွားစွာ အဆုံးသတ်သွားတတ်၏ ။

ထိုသို့သောသူနှင့် မိတ်ဆွေဖွဲ့ခြင်း မပြုသင့်ပေ ။

သူက မသိမသာခေါင်းယမ်းမိသွားပြီး ကျန်သော ပါရမီရှင်များကို ကြည့်သည် ။

ခြေထောက်သုံးချောင်းလူသား ။

တော်လိုက်တော့ ၊ မကြားဖူးတာတွေ ၊ ပယ်ချတယ် ။

အမျိုးသမီးစိတ်ဝိညာဥ်ရှိသော ယောက်ျား ။

ငါ့လခွမ်း ၊ ဆန်းကြယ်ချက် ၊ ပယ်ချတယ် ။

စိတ္တဇကျင့်ကြံသူ တဲ့လား ။ဒါဆို အရူးပေါ့ ။

တော်တော် အန္တရာယ်များမဲ့ပုံပဲ ။ ရွေးလို့မဖြစ်ဘူး ။

ကျိယွမ်သည် နောက်ထပ် ပါရမီရှင်သုံးဦးကို ပယ်ချလိုက်သည် ။

သူ၏ အကြည့်များက နောက်ဆုံးကျန်သော မိန်းကလေးဆီသို့ လှည့်သွားသည် ။

【သူမသည် သာမန်မိန်းကလေးတစ်ယောက်ဖြစ်သည် ။ သို့သော် ကျိစယ်တောင်ထွဋ်သခင်အပေါ် တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိနေပုံရသည် ။】

ကျိယွမ်၏ မျက်နှာအမူအရာသည် ထူးဆန်းသွားလေ၏ ။

သေချာပေါက် အနာဂတ်ရဲ့ ပြိုင်ဘက်လောင်းပဲ ။ ငါ့ဆရာအပေါ်မှာလည်း အကြံအစည်ရှိနေတယ် ။

ဒါမျိုးမှ မပယ်ရင် ဘယ်ဟာမျိုး ပယ်ချရမှာလဲ ။ ဒင်းကိုလည်း မရွေးဘူး ။

ကျန်းလင်းဆုသည် ကျိယွမ်ကို သတိထား၍ ကြည့်နေခဲ့သည် ။

ကျိယွမ်၏ မျက်နှာအမူအရာအပြောင်းအလဲက သူမအား ငြင်းပယ်တော့မည်ကို မြင်လိုက်ရသည်နှင့် သူမက ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်သည် ။

ကျန်းလင်းဆုက ကျိယွမ်အား လေးနက်စွာဂါရဝပြုလိုက်ပြီး တောင်းပန်၏ ။

"ကျေးဇူးပြုပြီး ကျွန်မကို ကျိစယ်တောင်ထွဋ်မှာ သင်ယူဖို့ အခွင့်အရေးလေးတစ်ခု ပေးပါ ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ်"

ကျန်းလင်းဆူသည် သာ့ရှန်းနိုင်ငံတော်မှ မဟုတ်ပါ ။ သူမသည် အလွန်ဝေးကွာသော အရှေ့ဘက်ဒေသမှ လာခဲ့ခြင်းဖြစ်သည် ။

သူမသည် ထိုဒေသ၏ မြင့်မြတ်သော မိသားစုမှ မွေးဖွားလာပြီး အဆင့်အတန်းမြင့်မားသော မိန်းမပျိုတစ်ဦးဖြစ်၏ ။

အမှန်ဆိုရလျှင် ရှန်ကွမ်းဂိုဏ်းသည် အတော်အသင့်နာမည်ရှိသော်လည်း သူမ၏ အဆင့်အတန်းမျိုးက ထည့်သွင်းစဉ်းစားစရာဂိုဏ်းတစ်ခုတော့ မဟုတ်ခဲ့ပါ ။

သို့သော် လွန်ခဲ့သော တစ်လက သူမ၏သွေးမျိုးဆက်က မတော်တဆ နိုးထလာခဲ့ကာ မိသားစု၏ အမြတ်ဆုံးရတနာတစ်ခုဖြစ်သော ကောင်းကင်နှင့်မြေကြီး ကြေးမုံကို အသုံးပြုခွင့် ရရှိခဲ့သည် ။

ကြေးမုံထဲတွင် သူမသည် ကပ်ဘေးဒဏ်ကြောင့် ဖြစ်ရသည့် ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်တွေ့ခဲ့ရ၏ ။

နေရာတိုင်းတွင် သတ်ဖြတ်မှုများရှိပြီး ကျင့်ကြံသူများ မရေမတွက်နိုင်အောင် သေဆုံးနေသည် ။

သူမ၏ဖခင်သည် ထိုတိုက်ပွဲတွင် ကျဆုံးသွားပြီး သူမ၏မိခင်သည်လည်း ဒဏ်ရာပြင်းထန်စွာဖြင့် နန်းတွင်း၌ ပုန်းအောင်းနေရ၏ ။

မြေကြီးသည် ကွဲအက်သွားခဲ့ပြီး ပင်လယ်ပြင်သည် ပြောင်းပြန်လန်သွားခဲ့သည် ။

သေးငယ်သော ရှန်ကွမ်းဂိုဏ်းတစ်ခုသာလျှင် ထိုကပ်ဘေးဒဏ်မှ လွတ်မြောက်၏ ။ ထိုသို့လွတ်မြောက်သွားခြင်းမှာ ဂိုဏ်းအတွင်း၌ လျှို့ဝှက်စွာ ပုန်းအောင်းနေသော မြင့်မြတ်သည့်ဆရာကြောင့်ဟု ဖော်ပြထားသည် ။

ကောင်းကင်နှင့်မြေကြီး ကြေးမုံသည် အမြင့်မြတ်ဆုံးရတနာတစ်ပါးဖြစ်ပြီး သူမမြင်ခဲ့ရသည်မှာ အနာဂတ်မြင်ကွင်း သို့မဟုတ် ကံကြမ္မာ၏ သတိပေးချက်ဖြစ်သည်ဟု ကျန်းလင်းစု ယုံကြည်လေသည် ။။

ထို့ကြောင့် သူမသည် ရှန်ကွမ်းဂိုဏ်းသို့ ရောက်ရှိလာခဲ့ခြင်းပင်တည်း ။

သို့သော် ဤနေရာသို့ မလာမှီက သူမသည် ဂိုဏ်းအကြောင်း စုံစမ်းစစ်ဆေးခဲ့လေသည် ။

အားလုံးထဲတွင် ကျိစယ်တောင်ထွဋ်သခင်သည် လျှို့ဝှက်ဆန်းကြယ်ပြီး မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေ၏ ။

ကံမကောင်းစွာဖြင့် ကျန်းလင်းစုသည် သူမ မြင်တွေ့ခဲ့ရသည့် အနာဂတ်ကို အခြားသူများအား ပြောပြရန် တားမြစ်ထား၏ ။

အကယ်၍ သူမပြောပြခဲ့လျှင် ထိုအကြောင်းအရာကို ကြားမိသူတိုင်းက တစ်ခဏသာမှတ်မိပြီး အလိုလိုမေ့ပျောက်သွားမည်ဖြစ်၏ ။ အဆိုးဆုံးမှာ သူမကိုယ်တိုင်လည်း ထိုမြင်ကွင်းအား မှတ်ဉာဏ်တွင် လုံးဝမေ့သွားမည်ဖြစ်သည် ။

ထို့ကြောင့် ယခုအခါတွင် သူမသည် ကြီးမားသော တာဝန်ကို တစ်ယောက်တည်း ထမ်းဆောင်နေရသည် ။

သူမ၏ချစ်ရသူများ သေကျေပျက်စီးခြင်း သို့မဟုတ် ဤကမ္ဘာကြီး ဆိုးရွားစွာဖျက်ဆီးခံရမည်ကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပါ ။

သူမသည် ကျိစယ်တောင်ထိပ်သို့ မရ ရသောနည်းဖြင့် ဝင်ရောက်ရမည် ဖြစ်သည် ။

ကျိယွမ်သည် ကျန်းလင်းစု၏ စိတ်ဓာတ်ခိုင်မာမှုကို ကြည့်ရှုရင်းမှ တဝါးဝါး သမ်းနေ၏ ။

ဂါရဝပြုရုံနှင့် မလုံလောက်သည်ကို သိလိုက်ရသည်နှင့် သူမက ချက်ချင်းပြောလိုက်သည် ။

"ကျွန်မ ကျိစယ်တောင်ထွဋ်ကို ဝင်ခွင့်ရရင် ဂိုဏ်းတူအစ်ကိုကြီးကို ကူညီပြုစုစောင့်ရှောက်ဖို့ ကျွန် ဒါမှမဟုတ် အမျိုးသမီးအစေခံအဖြစ် ခစားဖို့ ဆန္ဒရှိပါတယ်"

ရှန်ကွမ်းဂိုဏ်းသို့ မလာခင်က သူမသည် ခုနကျိစယ်တောင်ထွဋ်၏ ဆရာနှင့်တပည့်ကို အကြောင်းကို သေချာစုံစမ်းစစ်ဆေးခဲ့သည် ။

တောင်ထိပ်သခင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှားရှားပါးပါးပေါ်လာသော နဂါးတစ်ကောင်နှင့် တူသည် ။

တပည့်ဖြစ်သူက ပါရမီနည်းပါးသည့်အပြင် ဥပါဒါန်သွေးမျိုးဆက် ရှိနေသူဖြစ်သည် ။

ဥပါဒါန်သွေးဆက် ကျင့်ကြံသူများသည် ထူးဆန်းသော စရိုက်လက္ခဏာများရှိပြီး ၎င်းတို့၏စွဲလမ်းမှုကြောင့် အခြားကိစ္စရပ်များကို လျစ်လျူရှုထားတတ်ကြ၏ ။။၄င်းတို့က ကလေးဆိုးကြီးများနှင့်တူကာ ကူညီပြုစုစောင့်ရှောက်ရန် လိုအပ်သည် ။

ထိုစကားကို ကြားသောအခါ ကျိယွမ်က ကျန်းလင်းဆုကို အံ့သြသလို ကြည့်ပြီး "ကောင်းပြီ" ဟု ပြောလိုက်သည် ။

စိတ်သက်သာရာရသော ကျန်းလင်းဆုက ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် မိမိကိုယ်ကိုယ် နည်းနည်းပါးပါး စွန့်လွှတ်အနစ်နာခံရလျှင်လည်း အရေးမကြီးဟု ဖြေသိပ်လိုက်သည်။

အားလုံးကို ကယ်တင်နိုင်ရန်က သူမ၏ မာနနှင့်အဆင့်အတန်းထက် အရေးကြီးသည် မဟုတ်ပါလား ။

---

All Chapters