← Chapters

ဆရာမလား... အရမ်းလှတယ်လေ

Vol. 1 Ch. 3

ဆရာမလား... အရမ်းလှတယ်လေ

Vol. 1 Ch. 3

နောက်ဆုံးတွင် ကျိယွမ် ၏ သဘောတူညီချက်ကို ကြားလိုက်ရသော အခါတွင် ကျန်းလင်းဆုခမျာ စိတ်သက်သာရာရသွားသည် ။

"ဆရာတူအစ်ကိုကြီးကို ကျန်းလင်းစုက ဂါရဝပြုပါတယ် "

ကျန်ရှိနေသော လူငယ်ခြောက်ဦးသည် သူမကို အနည်းငယ် အားကျသည့်ပုံစံဖြင့် ကြည့်နေကြသည် ။

ကန်းပုလွီကတော့ သူမျက်စိကျနေသော လူငယ်ကို ကျိယွမ် မရွေးချယ်ခဲ့သည်ကို ဝမ်းသာသွားပြီး သင်ပြင်းတစ်ချက် ကျိတ်ချလိုက်သည် ။

"အဲဒါဆိုရင် ရွေးချယ်မှုက ပြီးဆုံးသွားပါပြီပဲ ၊ အားလုံးကို နှုတ်ဆက်ပါတယ်"

ကျိယွမ်က မည်သည့်ထုံးစံကိုမှ အလေးမထားဘဲ သူ၏နေရာသို့ ပြန်ရန်ပြင်လေ၏ ။ ငါ့ကိစ္စက ပြီးပြီလေ ၊ ဒီမှာဘာဆက်လုပ်ရမှာလဲ ။

အခြားသော စီနီယာတပည့်ကြီးများက တစ်ညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည် ။

ကျိယွမ်သည် ထူးဆန်းသော ပင်ကိုယ်စရိုက်ရှိသော်လည်း ပေါင်းသင်းဆက်ဆံရေးတွင် အနည်းငယ် ကောင်းမွန်သည်ဟူသော ဂုဏ်သတင်းရှိသည် ။

"ဂိုဏ်းတူညီလေးကို နှုတ်ဆက်တယ်နော်"

"ညနေမှတွေ့ကြတာပေါ့ ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ်"

အားလုံးက ကျိယွမ်ကို စိတ်ရင်းမှနှုတ်ဆက်ကြပြီး ရင်းနှီးဖော်ရွေသော လေထုကို ဖန်တီးပေးကြသည် ။ ၄င်းတို့၏ ကိုယ်ကျိုးနှင့် မဆိုင်သောနေရာများတွင် သူတို့အားလုံးသည် ကျိယွမ်ကို အတိုင်းအတာတစ်ခုထိ လေးစားကြသည် ။

သို့သော် ကောင်းကင်ဘုံဆေးဝါးတောင်ထွဋ်မှ ကျူးမြောင်က အခြားသူများနှုတ်ပြီးချိန်ထိစောင့်နေပြီးမှ စကားစလာ၏ ။

"ဂိုဏ်းတူညီလေး ကျိယွမ် ၊ငါ့မှာ စွမ်းအင်အနှစ်သာရ ဆေးလုံးဖော်စပ်နည်းနဲ့ ပတ်သက်ပြီးတော့ မေးခွန်းနည်းနည်းရှိနေတယ်။ ကျေးဇူးပြုပြီး အချိန်အားတဲ့အခါ နည်းနည်းပါးပါး လမ်းညွှန်ပေးနိုင်မလား ၊ ငါ့ကိုကူညီမယ်ဆိုရင် အခြေတည်အဆင့်အတွက် အသုံးဝင်တဲ့ စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကို ပေးပါ့မယ်"

ကျူးမြောင်၏ သဘောထားက စိတ်ရင်းအမှန် ဖြစ်သည် ။ ယခင်အချိန်များကတည်းက ကျိယွမ်နှင့် ဆေးလုံးဖော်စပ်ခြင်းအကြောင်းဆွေးနွေးရန် အခွင့်အလမ်းကို သူစောင့်နေခဲ့ခြင်းဖြစ်၏ ။

သူ၏အကူအညီတောင်းခံမှုသည်ရှန်ကွမ်းဂိုဏ်းတွင် ရှိနေသော တပည့်များကြားတွင် အမျိုးမျိုးသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည် ။

ကျိယွမ် က ကျူးမြောင်ကိုကြည့်ကာ

"ညနေပိုင်း ငါ့အိမ်မွေးတိရိစ္ဆာန်လေးနဲ့ တောင်အောက်ကို လမ်းလျှောက်ထွက်မှာပဲ ၊ အဲဒီအချိန်မှာ ဆွေးနွေးလို့ရတယ်" ဟု အရေးမကြီးသလို တုန့်ပြန်လိုက်သည် ။

ဤစကားကိုကြားလိုက်ရသော အခါ ကျူးမြောင်က ဝမ်းသာသွားလေ၏ ။

ကျိယွမ် က သူ၏တိရိစ္ဆာန်အကြောင်း ပြောလိုက်သည်ကို ကြားရသောအခါ အသင်္ချေနိယာမတောင်ထွဋ်မှ မှ စူးရီရီး သည် တစ်ခုခုကို ပြန်၍သတိရသကဲ့သို့ ဖြစ်ကာ အစဥ်အေးစက်နေတတ်သော မျက်နှာပေါ်တွင် မပွင့်တပွင့် အပြုံးတစ်ခုပေါ်လာသည် ။

"ဂိုဏ်းတူညီမလေး သွားကြရအောင်"

ကျိယွမ်က ကျန်းလင်းစုကိုခေါ်ကာ ၄င်းတို့နှစ်ဦးသည် လူအုပ်ထဲမှ ထွက်ခွာသွားကြသည် ။

ကျိယွမ်မရှိတော့မှ ကန်းပုလွီက ကျူးမြောင်ကို သေချာမေးလိုက်၏ ။

"ညီလေးကျူး မင်း ကျိယွမ်ကို ဆေးလုံးသန့်စင်နည်းနဲ့ပတ်သက်ပြီး တိုင်ပင်ချင်တာ သေချာရဲ့လား"

အခြားလူများကလည်း သံသယများနှင့် အတူ ကျူးမြောင်အား ရယ်ချင်နေသော ပုံစံများဖြင့် ကြည့်နေသည် ။ သူတို့က ကျိယွမ် သည် ကျုးမြောင် ကို အမှန်တကယ်ပင် အကူအညီပေးနိုင်မည်ဟု မထင်ကြပေ ။

"ဂိုဏ်းတူညီလေး ကျိယွမ်က တော်တော်ထူးခြားတယ်လေ ၊ထူးထူးဆန်းဆန်းတွေးခေါ်တတ်တဲ့ ဉာဏ်လည်းရှိတယ် ။ ဆေးလုံးသန့်စင်ခြင်းနဲ့ ပတိသတ်ပြီးထူးခြားတဲ့ အမြင်ရှိနိုင်တယ် "

ကျူးမြောင်ကတော့ သူ၏အမြင်အား ထုတ်ဖော်လိုက်သည် ။

လွန်ခဲ့သော တစ်ပတ်ခွဲက ကျိယွမ်နှင့် ဆေးလုံးသန့်စင်ခြင်းပညာရပ်များကို ဆွေးနွေးခဲ့သေးသည် ။ ကျိယွမ်၏ ထူးခြားသော အသိအမြင်များက သူ့အား သိသိသာသာ အကူအညီဖြစ်စေခဲ့လေ၏ ။

"သူက အရမ်းပါရမီကောင်းတယ်ဆိုရင် ဘာလို့ အခြေတည်အဆင့်အတွက် အသုံးဝင်တဲ့ စိတ်ဝိညာဉ်ပစ္စည်းတစ်ခုလေးတောင် မစုမိရတာလဲ"

တိုက်ခိုက်ခြင်းကို အလွန်အမင်းဝါသနာပါသော တိုက်ခိုင်ရေးတောင်ထွဋ်မှ ဖန်းဇီက စောဒကတတ်လိုက်သည် ။

"ဂိုဏ်းတူညီလေး ကျူး ၊ ဒါက အခြေတည်အဆင့် ဝိညာဥ်ရတနာတစ်ခုကို အလဟဿဖြုန်းတီးမိတာမျိုး ဖြစ်နေမယ်နော် "

အခြေခံတည်ဆောက်ခြင်း စိတ်ဝိညာဉ်ပစ္စည်းများသည် အလွန်တန်ဖိုးကြီးမားပြီး ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် အရေးပါသော ပစ္စည်းများလည်းဖြစ်သည် ။

စိတ်ဝိညာဉ်ပစ္စည်း၏ အရည်အသွေးမြင့်မားလေလေ ကျင့်ကြံသူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် ရလဒ်ကောင်းလေလေဖြစ်သည် ။

ကျိယွမ် မှလွဲ၍ တောင်ထွဋ်ငါးခုမှ အကြီးဆုံးတပည့်များသည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာ ချိုးဖြတ်ပြီးဖြစ်သည် ။

ကျိယွမ်၏ အခြေခံတည်အဆင့်သို့ မချိုးဖြတ်နိုင်ခြင်းမှာ သူ၏ဆရာက ကျိယွမ်၏ ပါရမီညံ့ဖျင်းမှုကို စိတ်ကုန်သွားသဖြင့် အဆင့်ချိုးဖြတ်ရန် လိုအပ်သော စိတ်ဝိညာဉ်ပစ္စည်းများကို မထောက်ပံ့တော့ခြင်းကြောင့်ဖြစ်နိုင်သည်ဟု သူတို့က ယူဆထားကြ၏ ။

အသင်္ချေနိယာမတောင်ထွဋ်မှ စူးရီရီးက

"အေးလေ ကျိယွမ်မှာ ထူးခြားတဲ့အမြင်ရှိနေတာလည်း ဖြစ်နိုင်တာပဲ" ဟုဆိုလိုက်ပြီး ဇဝေဇဝါဖြစ်နေဟန်ရှိသည် ။

"ကောင်းပြီ၊ ဒီကိစ္စတွေကို နောက်မှဆက်ပြောကြရအောင်။ အခုလက်ရှိမှာ အရေးကြီးတဲ့တာဝန်တွေရှိနေတယ်"

ကန်းပုလွီ ကသူစခဲ့သော စကားဝိုင်းကိုသူပင် နိဂုံးသတ်ပေးလိုက်၏ ။

ထို့နောက် သူက ကျန်ရှိနေသော သူမျာဆီသို့ လှည့်ကာ စတင်မိန့်ခွန်းပြောလိုက်သည် ။

"ငါ့ကိုယ်ငါ အထူးမိတ်ဆက်မနေတော့ဘူး "

"ရောင်ခြည်ငါးပါးတောင်ထွဋ်က ဂုဏ်ယူစရာအရှင် ၊ ငါကန်းပုလွီ........."

အောက်ရှိလူအုပ်ကြီးသည် အနည်းငယ် ရှုံ့မဲ့ကုန်လျှက် အချင်းချင်းကြည့်မိကြကုန်၏ ။

" ဒီစီနီယာကတော့ သူ့ကိုယ်သူကြေညာဖို့ စလာပြန်ပြီဟ "

-------------

ကျိယွမ်၏ နောက်မှ လိုက်နေသော ကျန်းလင်းစုသည် တည်ငြိမ်သောအသွင်ကို ဆောင်နေ၏ ။

သူမက ကျိစယ်တောင်ထွဋ် နှင့် ၎င်း၏သခင်ဖြစ်သူ Ruan Yixi အကြောင်းကို အလွန်စိတ်ဝင်စားနေသည် ။

သူမတို့ မိသားစု၏ဩဇာကြီးမားမှုနှင့်တောင်မှ ရွမ်ယူချမ်း ၏ နောက်ခံအကြောင်းအရာများကို စုံစမ်း၍ မရခဲ့ပေ ။

သို့သော် ထိုအရာက သူမတို့ဒေသသည် ရှန်ကွမ်းဂိုဏ်းနှင့်အလွန်းဝေးကွာနေသည့်အပြင် စုံစမ်းရန်အချိန်ကလည်း သိပ်မရှိခဲ့သည်ကြောင့်လည်း ဖြစ်နိုင်သည် ။

မည်သို့ဆိုစေကာမူ တောင်ထွတ်သခင် ရွမ်ယူချမ်း သည် သာမန်အဆင့်အတန်းမဟုတ်ကြောင်း ညွှန်ပြနေသည် ။

ထူးခြားမြင့်မြတ်သောသူမက ရှန်ကွမ်းဂိုဏ်းအား ကပ်ဘေးကြီးမှ လွတ်မြောက်စေနိုင်သည့် အကြောင်းရင်းဖြစ်နိုင်သည်ဟု ကျန်းလင်းစု သုံးသပ်မိ၏ ။

ကျန်းလင်းစု သည် ရွမ်ယူချမ်း ကြောင့်သာ အလွန်းဝေးလံသောဒေသမှ ရှန်ကွမ်းဂိုဏ်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည် ။

ဤဂိုဏ်းတူအစ်ကိုနှင့် ပတ်သက်လာလျှင်ရော ။

ထိုသူသည် သူမအတွက် ယာယီအစ်ကိုတစ်ဦးသာဖြစ်သည် ။

"ဆရာတူအစ်ကိုကြီး၊ ဆရာမက ဘယ်လိုလူမျိုးလဲ"

ကျန်းလင်းစုက ကျိစယ်တောင်ထွဋ်သခင်မ၏အကြောင်းကို ပို၍သိချင်နေသဖြင့် ကျိယွမ်ထံမှာ မသိမသာစုံစမ်းကြည့်ရန် စိတ်ကူးထားသည် ။

"ဆရာမလား ... အရမ်းလှပတယ်လေ "

ကျိယွမ်က စဥ်းစားနေခြင်းပင် မရှိဘဲ ချက်ချင်း ဖြေလိုက်လေသည် ။

ကျန်းလင်းစုတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည် ။

ဘယ်သူကများ သူတို့ဆရာရဲ့ဂုဏ်အရည်အချင်းကို ဒီလိုမျိုးဖော်ပြကြလို့လဲ ။

ဒါက မရိုမသေလုပ်နေသလိုကြီးလေ ။

ကြားရသည်ကပင် ပုန်ကန်နေသလိုဟု ခံစားရသည် ။

သို့သော် ကျိယွမ်က ဥပါဒါန်သွေးမျိုးဆက်ရှိသူဖြစ်ကြောင်း သတိရလိုက်သောအခါ သူမလက်ခံလိုက်သည် ။

ထိုသွေးမျိုးဆက်ရှိသူများသည် စိတ်အခြေအနေက ထူးဆန်းပြီး စိတ်ထဲရှိသည်များကို ဟန်မဆောင်တမ်းပြောတတ်ကြလေ၏ ။

"အရမ်းလှတာအပြင် အခြား ဘာတွေထပ်ရှိသေးလဲ"

ကျန်းလင်းစုက အကြံရှိသူမို့ ဆက်လက်မေးမြန်းလိုက်သည် ။

ယခုအခါမှာတော့ ကျိယွမ် ချက်ချင်းမဖြေနိုင်တော့ ။ သူက ခေတ္တရပ်တန့်လိုက်ပြီး ဆရာသခင်၏ အရည်အချင်းများကို သေချာစဥ်းစားနေ၏ ။

ကျန်းလင်းစုလည်း အနည်းငယ်မျှော်လင့်ချက်ရှိလာသဖြင့် စောင့်မျှော်နေသည် ။

"အင်း --ခန္ဓာကိုယ်အချိုးအစားလည်း အရမ်းမိုက်တယ် "

ကျန်းလင်းစု : "..."

သူမက မေးမြန်းမိသည်ကိုပင် နောင်တရသွားသည် ။ နောက်ဆုံး၌ သူမ၏ဂိုဏ်းတူအစ်ကိုကြီးကို မေးမြန်းခြင်းထက် သူမဘာသာ သိအောင်လုပ်ခြင်းက ပိုကောင်းမည်ဟု သိလိုက်ရတော့သည် ။

ဥပါဒါန်သွေးမျိုးဆက်များသည် လုံးဝထူးဆန်းပြီး သူတို့၏ဦးနှောက်ထဲတွင် ဘာတွေရှိနေမှန်းမသိနိုင်ဟု တွေးကာ နောက်ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည် ။

ကျိစယ်တောင်ထွဋ်သို့ ဝင်ရောက်နိုင်ပြီဖြစ်သောကြောင့် မကြာမီဆရာမနှင့် တွေ့ဆုံရမည်ဖြစ်သည် ။

ထို့နောက် သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာဖြင့် တောင်ထွဋ်ဆီသို့ တက်သွားကြသည် ။

နှစ်နာရီခန့်ကြာလမ်းလျှောက်ပြီးနောက် ကျိယွမ်က ရပ်လိုက်သည် ။

"ဒါက ငါနေတဲ့အခန်းပဲ "

သူက သေးငယ်သောတဲအိမ်တစ်ခုကို ညွှန်ပြကာ ဆိုလေ၏ ။

ကျန်းလင်းစု နားမလည်နိုင်ဖြစ်သွားသည် ။

ဘာကိစ္စသူနေတဲ့အခန်းအား ခေါ်လာရလေသနည်း ။

သူမက "ဆရာမကရော ဘယ်မှာလဲ ၊ ဆရာမဆီ ကျေးဇူးတင်စကားပြောကြားသင့်တယ်မဟုတ်လား" ဟု မေးမြန်းလိုက်သည် ။

ကျိယွမ်က မြင့်မားသော တောင်ထိပ်ဆီသို့ မျှော်ကြည့်လိုက်ကာ အရေးမပါသလိုဖြေလိုက်၏ ။

"ဆရာမလား သူကတောင်ထိပ်က နန်းတော်ကြီးထဲမှာနေတာလေ "

ကျန်းလင်းစု ထိုအရပ်သို့ကြည့်လိုက်ရာ ကျိယမ်၏ ကောက်ရိုးတဲလေးထက် အဆပေါင်းများစွာသာလွန်သော နန်းတော်တစ်ခုကို တိမ်တိုက်များကြားမှာ မြင်တွေ့လိုက်ရသည် ။

"ဂိုဏ်းတူအစ်ကိုကြီး ၊ ဆရာမဆီသွားပြီး ကျေးဇူးတင်စကားပြောကြရအောင်"

ကျန်းလင်စုက ရင်များခုန်လာကာ စိတ်အားထက်သန်နေသည် ။

"မရဘူး"

ကျိယမ်ကပါးစပ်ကတင်ဖြေခြင်းမဟုတ် ခေါင်းပါ ယမ်းပြသေးသည် ။

"ဘာလို့လဲ ၊ ဆရာမက အခုမရှိဘူးလား"

"မဟုတ်ဘူး၊ တောင်စောင်းကနေ တောင်ထိပ်အထိ အတားအဆီးတစ်ခုရှိနေတယ်။ ငါတို့တက်ခွင့်မရှိဘူး"

"ဘာလို့လဲ"

ကျန်းလင်းစု စိတ်ရှုပ်ထွေးသွားခဲ့သည် ။

တပည့်ကဆရာဆီသွားလို့မရဘူးတဲ့လား ။

"ဆရာမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို မရောက်မချင်း တောင်ထိပ်ကိုတက်ပြီး သူ့ဆီလာခွင့်မရှိဘူးလို့ ပြောထားတာ "

တရားကျင့်ကြံမှုလမ်းကြောင်းတွင် ချီသန့်စင်ခြင်းအဆင့်, အခြေတည်အဆင့်, အမြုတေဖွဲ့စည်းခြင်းအဆင့် , စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် , ခရမ်းရောင်နန်းတော်အဆင့် , ယင်နတ်ဘုရားအဆင့် နှင့် ယန်နတ်ဘုရား ဟူ၍ အဆင့်ခုနစ်ဆင့်ရှိသည် ။

သာ့ရှန်းနိုင်ငံတော်၏ အဓိကဂိုဏ်းကြီးသုံးခုအနက် တစ်ခုဖြစ်သော ရှန်ကွမ်းဂိုဏ်းတွင် တပည့်ရင်း တစ်ထောင်ကျော်ရှိသည် ။

တပည့်အများစုက ချီသန့်စင်ခြင်း အဆင့်တွင်ရှိကြသည် ။

ချီသန့်စင်ခြင်းအထက်တွင် အခြေတည်အဆင့် ရှိသည် ။

အခြေတည်အဆင့်ရှိသူများသည် ဂိုဏ်း၏ အလယ်အလတ်တန်းစား တိုက်ခိုက်ရေးသမားများဖြစ်သည် ။

အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိပါက ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်လာ၏ ။

သာ့ရှန်းတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ရှိသူများသည် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် များနှင့် မတွေ့သရွေ့ မည်သူ့ကိုမှ မကြောက်ရွံဘဲ သွားလာနိုင်သည် ။

ယင်နတ်ဘုရား နှင့် ယန်နတ်ဘုရား ကဲ့သို့သော ပိုမိုမြင့်မားသောအဆင့်များနှင့် ပတ်သက်လာလျှင်တော့ သာ့ရှန်းတွင် မရှိဟုဆိုနိုင်သည် ။

ကျန်းလင်းစုတစ်ယောက် ငေးမောသွားခဲ့ရပြန်သည် ။

အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသူများသည် မည်သည့်နေရာတွင်မဆို အင်အားကြီးမားသည် ။

သူမ၏မိသားစု၏ အရင်းအမြစ်များဖြင့်ပင် အမြုတေတည်ဆောက်ခြင်းအဆင့်တစ်ဦးဖြစ်လာရန် အနည်းဆုံး ဆယ်နှစ်ကြာမည်ဖြစ်သည် ။

ဂိုဏ်းတူအစ်ကိုကြီး ကျိယမ် နှင့် ပတ်သက်လာလျှင်မူ သူ၏အရည်အချင်းသည် မဆိုးလှသော်လည်း အမြုတေအဆင့်သို့ ရောက်ရှိမည်ဟု သူမ ဘယ်လိုမှ မယုံကြည်ပေ ။

မတော်တဆရောက်ရှိခဲ့လျင်တောင်မှ သူ၏ အမြုတေအရည်အသွေးသည် မြင့်မားမည်မဟုတ်ချေ ။

"ဂိုဏ်းတူအစ်ကိုကြီး၊ ဆရာမက ဘာကြောင့် ဒီလိုကြမ်းတမ်းတဲ့ လိုအပ်ချက်ကို သတ်မှတ်ထားတာလဲ"

ကျန်းလင်းစု အံ့အားသင့်နေသည် ။ထို့အတူ စိုးရိမ်ပူပန်နေ၏ ။

သူမတွင် အချိန်များစွာ မကျန်ရှိတော့ပေ ။

ကျိယွမ် က ကျန်းလင်းစု ကိုကြည့်ကာ

"ဆရာမက... ငါ့နဲ့တွေ့ဖို့ကို ကြောက်နေလို့ ဖြစ်မယ် " ဟု ဖြည်းဖြည်းချင်းဖြေလိုက်သည် ။

"ဟင်"

ကျန်းလင်းစုသည် အစောလေးတင်မှ ဆရာမအကြောင်းကို ပြောခဲ့သော ကျိယွမ်၏ အရိုအသေမဲ့သော စကားများကို ပြန်သတိရကာ တုန်လှုပ်သွားခဲ့သည် ။

ဧကန္တဆရာမက သူကိုမမြင်ချင်လို့ပဲ ဖြစ်ရမယ် ။

"ကျွန်မနားလည်ပါပြီ ဆရာတူအစ်ကိုကြီး"

သူမသည် ဥပါဒါန်သွေးမျိုးဆက်တစ်ဦးနှင့်ဆက်ဆံရန်မှာ ဤမျှခက်ခဲလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

သူမက ကျိယွမ်ကိုကြည့်ကာ "ဂိုဏ်းတူအစ်ကိုကြီး၊ ဒါဆို ကျွန်မ ဘယ်မှာနေရမလဲ" ဟုမေးလိုက်သည် ။

သူမသည် တောင်ထိပ်သို့မသွားနိုင်သလို ဤနေရာတွင် နေထိုင်စရာ အခြားအိမ်များလည်း တစ်ခုမျှ မရှိပေ ။

"ခြံဝန်းထဲမှာ ကောက်ရိုးတွေနဲ့ သစ်သားတွေရှိတယ်လေ "

ဤစကားကိုကြားလိုက်ရသောအခါ ကျန်းလင်းစု၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည် ။

ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကို ကောက်ရိုးတဲတစ်လုံး ဆောက်ခိုင်းမလို့လား ။

သူမသည် ယခင်က ကောက်ရိုးတဲတွင် တစ်ခါမှ မနေထိုင်ဖူးပေ ။

"အဲဒါတွေကို သယ်ပြီး ကိုယ့်ဟာကိုယ် ကောက်ရိုးတဲဆောက်လို့ရတယ်"

ကျိယွမ်သည် နောက်တစ်ကြိမ် တဝါးဝါး သမ်းဝေလိုက်ပြန်သည် ။

---------

All Chapters