ဆုလာဘ်များ ရရှိခြင်း
Vol. 1 Ch. 5
“ဆရာတူအစ်ကိုကြီး ကျိယွမ်က ကျင့်ကြံခြင်းနည်းစနစ်တွေကို ပြန်ပြင်ပေးနိုင်တာလား”
ကျန်းလင်းစု၏ မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလျက် ရှိ၏။ ထိုအရာက သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်နှာလှလှလေးကို ပို၍ပင်ဆွဲဆောင်မှု ရှိစေ၏ ။
ကျင့်ကြံခြင်းနည်းစနစ်များကို ပြုပြင်ရန် အလွန်ခက်ခဲ၏ ။
အထူးသဖြင့် ချီသန့်စင်ခြင်းအဆင့်သာရှိ သော ကျင့်ကြံသူများအတွက်ဆိုလျှင် လုံးဝမဖြစ်နိုင်ပေ ။
အမြုတေအဆင့်နှင့် အထက်ရှိ ကျင့်ကြံသူများသာ နည်းစနစ်များကို ပြုပြင်ခွင့်ရှိ၏။
သေသေချာချာသုံးသပ်ပြီးနောက်မှာတော့ ကျန်းလင်းစု ခေါင်းလေးကို ညင်သာစွာခါယမ်းမိလေသည် ။
ငါက အတွေးလွန်သွားတာပဲ ။
သူမသည် ကျိယွမ်၏ စကားကို အလေးအနက်မထားတော့ပါ ။
နည်းစနစ်ကိုမှတ်တမ်းတင်ထားသော ကျောက်ချပ်လွှာကို ယူလိုက်ရင်းမှ စေတနာဖြင့် သတိပေးလိုက်၏ ။
"ဆရာတူအစ်ကိုကြီး၊ ကျင့်ကြံခြင်း နည်းစနစ်တွေက အရမ်းအရေးကြီးတယ် ၊ ကိုယ့်ဘာသာ လျှောက်ပြင်ပြီး မကျင့်ကြံမိအောင် သတိထားသင့်တယ် ၊ မဟုတ်ရင် ချီစွမ်းအင်စီးဆင်းမှုမှားယွင်းပြီး သွေးကြောတွေပျက်စီးကုန်လိမ့်မယ် ”။
သူမက ကျိယွမ်နှင့် ပထမအကြိမ်တွေ့ဆုံခြင်းဖြစ်၍ သူ၏ကိုယ်ရေးကိုယ်တာများကို မစွတ်ဖက်လိုသဖြင့် သတိပေးရုံမျှသာ တတ်နိုင်၏ ။
ကျိယွမ်က သူမကို အပြစ်တင်သလိုကြည့်လိုက်သည် ။
“နည်းစနစ်တွေကို ပြန်မပြင်ဘဲ ရမ်းပြီးလေ့ကျင့်နေရင် ဒုက္ခရောက်ကုန်မှာပေါ့ ”။
ကျန်းလင်းစု : "~"
သူမတွင် ပြောနိုင်စရာ စကားမရှိတော့ပါ ။
သူမ၏ ဂိုဏ်းတူအစ်ကိုကြီးသည် စိတ်ရောဂါတစ်ခုခု သေချာပေါက် ရှိနေပုံရ၏၊ ထို့ပြင် ရောဂါက အတော်လည်း ပြင်းထန်သည်။
ဥပါဒါန်သွေးမျိုးကျင့်ကြံသူတွေဘဝက တကယ်ပဲ ခက်ခဲတယ် ။
သူမသည် နောက်ထပ် ဘာမှမပြောတော့ဘဲ ကျောက်ချပ်လွှာကို ယူဆောင်ပြီး သူမ၏ ကောက်ရိုးတဲလေးဆီသို့သာ ပြန်လာခဲ့တော့သည် ။
"ခုနစ်ရောင်ခြယ်မီးတောက် သန့်စင်ခြင်းနည်းစနစ်ဆိုပါလား "
"ကျောက်စိမ်းအဆင့် သိုင်းပညာပဲ "
“ဒါပေမဲ့ ဘာမှမထူးခြားသလို ခံစားရတယ် "
သူမသည် ပထမဆုံးအနေဖြင့် တောင်ထွတိသခင်၏နောက်ခံကို ဤနည်းစနစ်မှတစ်ဆင့် စုံစမ်းရန် ရည်ရွယ်ထား၏။
သို့သော် နည်းစနစ်သည် အလွန်ပင် သာမန်အရည်အသွေးသာ ရှိပုံရလေသည် ။
ကျောက်စိမ်းသိုင်းပညာများသည် အဆင့်အတန်းရှိသော်လည်း သူမအတွက် အထူးအဆန်းတော့ ဟုတ်မနေချေ ။
သူမ၏ မိသားစုတွင် ကျောက်စိမ်းအဆင့်သိုင်းပညာများ များပြားစွာရှိနေသည် မဟုတ်ပါလား ။
သူမသည် နည်းစနစ်ကို အနည်းငယ်စစ်ဆေးလိုက်၏။
“နောက်ဆုံးအပိုင်းက... ဆရာတူအစ်ကိုကြီး ပြန်ပြင်ထားတာမှတ်လား ၊ မှန်းစမ်း ”။
“အင်း --အရေးအသားတွေကတော့ တကယ်လိုလို ယုံချင်စရာပဲ”။
“အနည်းဆုံးတော့ ငါ့ကို လှည့်စားနိုင်လောက်တဲ့ လက်ရာပဲ ”။
“မြင့်တက်ခြင်းမျှော်စင်မှာ နည်းစနစ်တွေ အများကြီး စုဆောင်းထားတာပဲ ။ဒီနည်းစနစ်လည်း ရှိချင်ရှိမှာ ။ အစ်မယာယာဆိုရင် ဒီနည်းစနစ်ကို ရှင်းပြနိုင်မှာပဲ ။ သူက နည်းစနစ်တွေကို ပြုပြင်တဲ့နေရာ အကျွမ်းကျင်ဆုံး ဆိုတော့ အခွင့်အရေးရရင် ဒါကို အကဲဖြတ်ခိုင်းရမယ် ၊ ဒါမှ ဆရာတူအစ်ကိုကြီးခမျာ နည်းလမ်းအမှားတွေကို ရှောင်နိုင်မှာ ”။
ကျန်းလင်းစုက တစ်ယောက်တည်းတီးတိုး ဆုံးဖြတ်လိုက်သည် ။
..............
တစ်ဖက်တွင်ရှိသော ကောက်ရိုးအိမ်အတွင်းတွင် --
ကျိယွမ်၏ အာရုံသည် ဂိမ်းကျောက်ပြား ပေါ်တွင် စူးစိုက်လျက် ရှိ၏။
သူသည် ဤဂိမ်းကို ကစားလာသည်မှာ တစ်နှစ်ခန့် ရှိလေပြီ ။ ထိုဂိမ်းသည် သာမန် တိုက်ခိုက်ရေး ဂိမ်းတစ်ခုသာ ဖြစ်၏။
ဂိမ်း၏မြေပုံသည် ရှန်ယွဲ့ကုန်းမြေဟုခေါ်သော နေရာကို ပြထားလေသည် ။
ရှန်ယွဲ့ကုန်းမြေတွင် တားမြစ်နေရာကြီး လေးခုနှင့် သေမင်းနယ်မြေ နှစ်ခု ရှိနေ၏။
ကျိယွမ်လက်ရှိရောက်နေသော နေရာသည် ရွှမ်းယွမ်တားမြစ်နယ်မြေဟုခေါ်ပြီး အလွန်ဆန်းကျယ်သော သားရဲမျိုးစုံ ရှိပြီး ထိုသားရဲများသည် အလွန်ရက်စက်ကြမ်းကြုတ်၏။
ရေနံပိုက်လိုင်းအရွယ် မြွေကြီးများ၊ ချွန်ထက်သော သွားများရှိသည့် အသားစား ပန်းများ၊ တင့်ကားအရွယ်လောက်ကြီးမားသည် ပိုးကောင်များပင် ရှိ၏။
ဂိမ်းကစားသူများက ထိုဆန်းကျယ်သောသားရဲများကို သတ်ဖြတ်ပြီး အတွေ့အကြုံအမှတ်များရနိုင်သည် ။
သို့သော် လက်ရှိတွင် ထူးဆန်းသောသားရဲတစ်ကောင်သည် ကျိယွမ်အား စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေ၏ ။ ထိုသတ္တဝါကြောင့် သူ၏အတွေ့အကြုံရမှတ်များ ဆုံးရှုံးနေရသည် ။
ထိုသားရဲ၌ စုတ်တံလိုလို အမွှေးဖွားဖွား မြေခွေးမြီးတစ်ချောင်းရှိကာ ၊ စိတ္တဇစုတ်တံဟူသော ဆန်းကြယ်သည့်နာမည်ရှိလေသည် ။
ရွှမ်းယွမ်တားမြစ်နယ်မြေတွင် ကျိယွမ် ၏ ဂိမ်းဇာတ်ကောင်သည် ရွှေရောင် သံခမောက်ဆောင်းကာ နေရာအနှံ့ သွားလာနေသော လေ့လွင့်သိုင်းသမားတစ်ဦးဖြစ်သည် ။
စွမ်းအားကြီးမားသော ဆန်းကြယ်သားရဲအများစုသည် ကျိယွမ်ကိုမယှဥ်နိုင်ခဲ့ပါ ။
“အဆင့် ၅၀ သားရဲလေးက ငါ့ရှေ့မှာ မောက်မာပြနေတာလား "
“သတ်ကွာ”။
ကျိယွမ်သည် ဓားတစ်လက်ကို ကိုင်စွဲကာ သူရဲကောင်းတစ်ဦးအလား ရှေ့သို့ချီတက်၏။
အဆင့် ၈၀ သို့ရောက်သောအခါ သူသည် တားမြစ်နယ်မြေအတွင်း၌ စိတ်ကြိုက်သွားလာနိုင်ပြီဖြစ်သည် ။
ယခုရက်ပိုင်းတွင် ကျိယွမ်သည် ဆန်းကြယ်သားရဲများကို အညှာအတာမရှိ တရစပ် သတ်ဖြတ်၏ ။
ရွှမ်းယွမ်တားမြစ်နယ်မြေသို့ ပထမဆုံးအကြိမ် ဝင်ရောက်ချိန်တွင် သူက သာမန် အဆင့် ၁ ကစားသမားလေးသာရှိသေးသည် ။
ဆန်းကြယ်သားရဲများကို မရေတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီးနောက် တစ်နှစ်အတွင်း အဆင့် ၈၀ သို့ ရောက်ရှိသွားခဲ့သည် ။
ရှန်ယွဲ့ကုန်းမြေတိုက်ရှိ ဆန်းကြယ်သားရဲများကို သတ်ဖြတ်ခြင်းသည် အလကားမဖြစ်ခဲ့ပါ ။ လက်တွေ့ကျင့်ကြံခြင်းဘဝတွင်လည်း ကောင်းကျိုးများစွာ ရရှိစေ၏ ။
ထိုသို့မဟုတ်လျှင် သူသည် တစ်နှစ်အတွင်း ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ မည်သို့ ရောက်ရှိနိုင်မည်နည်း။
စစ်မှန်သောပါရမီရှင်များပင် ချီအထွတ်အထိပ်သို့ ရောက်ရှိရန် အနည်းဆုံး သုံးနှစ်ခန့် လိုအပ်၏။
ဂိမ်းအတွင်း၌ ကျင့်ကြံခြင်းသည် သူ၏ လက်ရှိဘဝကို အထောက်အကူဖြစ်စေသည် ။သို့သော်လည်း စိတ်ဆင်းရဲစရာမှာ ထိုပမာဏက အနည်းငယ်သာဖြစ်နေခြင်းပင် ။
ဂိမ်းထဲ၌သူသည် အလွန်ကို အားကောင်း၏။
မည်မျှ အားကောင်းသနည်း။
ကျိယွမ်တိတိကျကျ မသိပါ ။
သို့သော် ရှန်ကွမ်းဂိုဏ်းချုပ်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ရန် သူ့အတွက် ပြဿနာ မရှိပေ။
လက်တွေ့ဘဝမှာတော့သူသည် ချီသန့်စင်ခြင်းအဆင့်သာရှိသေးသော ကျင့်ကြံသူလေးတစ်ဦးသာ ဖြစ်နေ၏။တကယ်ကို စိတ်ညစ်စရာပင် ။
“ဒီအဆင့်ကိုအောင်ဖို့ဆိုရင် နောက်ဆုံး boss ဖြစ်တဲ့ စိတ္တဇစုတ်တံကို အနိုင်ယူမှရမယ် ”။
ကျိယွမ်က ထိုသို့ဆုံးဖြတ်လိုက်ပြီး သူ၏နှလုံးသားထဲ၌ တက်ကြွမှု ပြည့်နှက်လာ၏။
သူသည် ယနေ့အဆင့်ကို အောင်မြင်စွာကျော်ဖြတ်ရန် စီစဉ်ထား၏။
“ငါဘယ်လို ဆုလေးတွေများ ရမလဲမသိဘူး "
“ပြိုက်ဘက်ကင်း ကျင့်ကြံနည်းတစ်ခုခုများ ရမလား "
“အနည်းဆုံးဆုက အခြေတည်အဆင့်ကိုတတ်ဖို့ ရတနာတစ်ခုခုကတော့ သေချာတယ် "
ဆုလဒ်များကို စဉ်းစားမိသောအခါ သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာ၏။
သူတိုက်ခိုက်ရမည့် သားရဲက နေ့အချိန်တွင် စုတ်တံပုံစံပြောင်းလဲနေပြီး ၊ ညအချိန်တွင် လှပသော မြေခွေးနတ်ဆိုးအဖြစ်သို့ အသွင်ပြောင်းလေ၏ ၊ လူသားအသွင်ယူကာ အလွန်တရာလည်း ညှို့ငင်နိုင်စွမ်းရှိသည်။
၄င်းမြေခွေး၏ အစွမ်းထက်ဆုံးနည်းစနစ်မှာလည်း ညဘက်တွင် တိုက်ခိုက်ခြင်းပင်။
သားကောင်က သူတို့၏ ညှို့ငင်မှုအောက်တွင် ကျရှုံးသွားသည့်အချိန်တွင် သူတို့၏အစွမ်းထက်သော သွားစွယ်များကိုထုတ်ဖော်ပြီး ရက်စက်စွာသတ်ဖြတ်တတ်သည် ။
ရွှမ်းဟွမ်တားမြစ်နယ်မြေရှိ ဆန်းကြယ်သားရဲအများအပြားသည် စုတ်တံမြေခွေး ၏ လှည့်ဖျားမှုတွင် ကျရှုံးသွားကြသည်ကို သူမြင်ဖူး၏ ။ စွမ်းအားကြီးသော သားရဲကြီးများပင် မလွတ်မြောက်နိုင်ခဲ့ပေ ။
ကျိယွမ်သည် စုတ်တံမြေခွေးမကို စွဲလမ်းခြင်းမရှိသော်လည်း ညဉ့်နက်သည်အထိ ဂိမ်းထဲတွင် နေခဲ့ရသည် ။
သူက ဂိမ်းထဲမှထွက်လိုက်လျှင် သူ၏ဇာတ်ကောင်အား စုတ်တံမြေခွေး၏ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ခဲ့ရန် ညတိုင်းညည့်နက်အထိ နေခဲ့ခြင်းပင် ။
သို့သော် နောက်ပိုင်းမှာတော့ သူကယခင်ဘဝမှ ဂိမ်းကစားသူများသုံးသောနည်းလမ်းတစ်ခုကို သတိရသွား၏ ။
"ကြည့်စမ်း ငါမေ့နေတာ ၊ အရင်ဘဝမှာလည်း ဒီလိုဂိမ်းတွေရှိတာပဲ "
ညမရောက်မီ မြေတွင်းတစ်ခုတူး၍ သူ့ကိုယ်သူ မြေမြှုပ်ပြီးမှ ဂိမ်းထဲကထွက်လိုက်၏ ။ ထိုနည်းလမ်းက အနည်းငယ်ရူးသွပ်သော်လည်း စုတ်တံမြေခွေးရူး၏ တိုက်ခိုက်ခံရမည့်အန္တရာယ်မှ ရှောင်ရှားနိုင်ခဲ့သည် ။
“ဘာပဲပြောပြော နောက်ဆုံးအန္တရာယ်ကောင် စုတ်တံမြေခွေးက အဆင့် ၇၀ လောက်ပဲရှိတာ ။ ပြဿနာမကြီးလောက်ပါဘူး ”
“မြန်မြန်ပြီးအောင်လုပ်မှ ညနေပိုင်းရောက်ရင် ငါ့အိမ်မွေးခွေးလေးကို လမ်းလျှောက်ပေးရဦးမှာ "
သူကသည် ဓားရှည်ကို ကိုင်လိုက်ပြီး ရွှေရောင် သံခမောက်ကို သေချာဆောင်းလိုက်သည် ။ သူ၏ဓားက အရောင်စုံ အလင်းများ ထုတ်လွှတ်နိုင်သလို ဓားခုတ်ချက်တိုင်းတွင်လည်း special affect များ ပါရှိ၏သဖြင့် အလွန်လှပလေသည် ။
ဂိမ်းအကြောင်းသိသူများက တစ်ချက်ကြည့်ရုံဖြင့် ထိုဓားအတွက် စျေးအလွန်ကြီးသော skin ကို ဝယ်ယူထားမှန်း သိသာလေသည် ။
ကျိယွမ်သည် ရွှမ်းဟွမ်ခန်းမအတွင်းသို့ ဝင်ရောက်လိုက်၏။
ဓားကြီးကို မာန်ပါပါကိုင်ထားရင်းမှ ဇာတ်လိုက်မင်းသားများအတိုင်း ကြုံးဝါးသည် ။
“နတ်ဆိုးကောင် မင်းကိုသတ်ဖို့ ငါလာပြီ ၊ ထမင်းဝအောင်စားထားပေတော့ "
သူက လက်တွေ့ဘဝတွင် သတ္တိမရှိသော်လည်း ဂိမ်းထဲမှာဆိုလျှင်တော့ သောက်မြင်ကပ်လောက်အောင် ရဲရဲတောက် သတ္တိရှိသူတစ်ဦးလို ပြုမူတတ်သည် ။
သူ၏ ကြုံးဝါးသံကို ထိတ်လန့်စရာအသံကြီးတစ်ခုက တုန့်ပြန်လာသည် ။
စုတ်တံမြေခွေး၏ အသံဖြစ်သည်ဟု ချက်ချင်းသိလိုက်သည် ။။
"တွေ့ကြသေးတာပေါ့ကွာ "
သူက ဓားကြီးကို ပြင်းထန်စွာဝှေ့ယမ်း၍ အသံကြားရာအရပ်သို့ ဒလမန်းကြမ်းချီတက်သည် ။ လမ်းတစ်လျှောက်တွင် သားရဲအလောင်းများ ထပ်ထပ်ကြမ်းသွား၏ ။
ကျိယွမ်အား မည်သည့်အရာကမှ မတားနိုင်ခဲ့ပါ ။
သူ၏ အတွေ့အကြုံရမှတ်များလည်း ဆက်တိုက်တိုးပွားလာနေသည် ။
“မြေခွေးလိုလို စုတ်တံလိုလိုကောင် ၊ ထွက်ခဲ့စမ်း "
ကျိယွမ်က အသံကုန်အော်ဟစ်ကာ ရွှမ်းဟွမ်တားမြစ်နယ်မြေ၏ အကြီးဆုံးမိစ္ဆာသားရဲကြီး ထွက်လာစေရန် မျှားခေါ်နေသည် ။
သို့သော် တစ်ချက်ကလေးပင် မတုံ့ပြန်ခဲ့ချေ ။
ကျိယွမ်အားကြောက်လန့်နေသော သားရဲများ အားလုံးကတော့ နေရာအနှံ့သို့ ထွက်ပြေးကုန်သည် ။ ထိုသတ္တဝါ၏ ဓားချက်အောက်သို့ ရောက်ပါက အရှင်လတ်လတ်မှ အတွေ့အကြုံရမှတ်များဖြစ်သွားမည်ကို ကြောက်လန့်ကြသည် ။
ထိုမြင်ကွင်းက ကျိယွမ်ကို ပို၍ပင်ပျော်ရွှင်စေ၏။ သူ၏ သွေးများကပင် ပွက်ပွက်ဆူလာသလို ခံစားရသည် ။
ထိုအချိန်တွင် ရွှေရောင်အလင်းတစ်ခု က တောက်ပစွာ ထွက်ပေါ်လာ၏ ။
ရွှမ်းဟွမ်ခန်းမကြီးတစ်ခုလုံး စတင်တုန်ခါလာပြီး မြေခွေးအမြီးပုံစံ စုတ်တံတစ်ခုသည် မြေကြီးကို ထိုးဖောက်ကာ ထွက်ပေါ်လာခဲ့သည် ။
ချွန်ထက်သော စုတ်တံသည် ဓားကဲ့သို့မြမြထက်နေသည် ။ သတ်ဖြတ်ခြင်း ကောက်ကျစ်ခြင်း အရှိန်အဝါများလွှမ်းခြုံလျှက် ကျိယွမ်၏ ရင်ဝအား ရုတ်တရက်ထိုးစိုက်သွားသည် ။
“ဒီအကွက်ကို ငါက ကြိုတွေးထားပြီးသားကွ ”
ကျိယွမ်က တည်ငြိမ်စွာပြောလိုက်၏ ။
ဖြစ်လာနိုင်သည့်အရာများအတွက် သူက အစီအစဉ်များ ပြုလုပ်ထားခဲ့သည် ။
အစီအစဉ် မရှိလျှင်တောင်မှ သူက မကြောက်ရွံ့ပါ။
သူ၏စွမ်းအားကို သူလုံးဝယုံကြည်၏ ။
"နွေဦးရှစ်ကွက် ဓားခုတ်ချက် "
ကျိယွမ်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ အစွမ်းထက်ဆုံး ဓားနည်းစနစ်ကို ထုတ်ဖော်သည် ။
သူ၏တန်ဖိုးကြီးဓားကို အသုံးပြု၍ အစွမ်းထက်ဆုံးနည်းစနစ်ကို အသုံးပြုလိုက်ခြင်းပင် ။
တဒင်္ဂအတွင်းမှာပင် စုတ်တံသည် အပိုင်းပိုင်း ကျိုးပဲ့သွားသည်။
“တစ်ကွက်တည်းနဲ့ သေသွားတာလား၊၊ အားနည်းလွန်းတယ် ၊၊ နောက်ထပ် ခုနစ်ကွက်တောင် ကျန်သေးတာကို ၊ အခုငါက ဘယ်သူ့သွားခုတ်ရမှာလဲ ၊ ပျင်းဖို့ကောင်းလိုက်တာ "
ကျိယွမ် သူ့ကိုယ်သူချီးမွမ်းနေစဥ် ရွှမ်းဟွမ်ခန်းမသည် လျှင်မြန်စွာပြိုလဲသွားခဲ့သည် ။
ထိုအချိန်တွင် ကျိယွမ်၏ နားထဲတွင် အသံတစ်ခုကို ကြားရ၏။
【ရှန်ယွဲ့တားမြစ်နယ်မြေကို ရှင်းလင်းနိုင်သဖြင့် ဆုလာဘ်ရရှိခြင်း။】
【ဆုလာဘ် ၁- ကောင်းကင်ဘုံတာအို အစိတ်အပိုင်း ၁၀ ခု ။】
【ဆုလာဘ် ၂- စိတ္တဇစုတ်တံ】
------