← Chapters

အိမ်မွေးတိရိစ္ဆာန်နှင့်အတူ လမ်းလျှောက်ထွက်ခြင်း

Vol. 1 Ch. 6

အိမ်မွေးတိရိစ္ဆာန်နှင့်အတူ လမ်းလျှောက်ထွက်ခြင်း

Vol. 1 Ch. 6

"ကောင်းကင်ဘုံတာအို အပိုင်းအစလေးတွေလား ။"

"ဒီဂိမ်းက တော်တော်သဘောကောင်းတာပဲ ။ ဆုတွေကလည်း ရှယ်တွေ "

ကြယ်ပြာကမ္ဘာမှကူးပြောင်းလာသူဖြစ်သည့် ကျိယွမ် သည် ကောင်းကင်ဘုံတာအို အပိုင်းအစလေးများအကြောင်းကို ကောင်းကောင်းသိထား၏ ။

ကောင်းကင်ဘုံတာအိုအပိုင်းအစများသည် အမှန်ပင် တန်ဖိုးကြီးသောအရာများဖြစ်သည် ။

"ရွှမ်းဟွမ်တားမြစ်နယ်မြေက ငါ့အပိုင်များဖြစ်သွားမလား "

ကျိယွမ် သည် ကောင်းကင်ဘုံတာအိုအပိုင်းအစများကို ရရှိပြီးသောအခါ တားမြစ်နယ်မြေကြီးတစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီဟု အလိုလို ခံစားရသည် ။

"စိတ်ဝင်စားစရာပဲ "

"ဒီအပိုင်းအစတွေက ရွှမ်းဟွမ်တားမြစ်နယ်မြေကို ထိန်းချုပ်ခွင့်ပေးတဲ့အရာတွေများ ဖြစ်နေလား "

ထိုအပိုင်းအစများကို ရယူနိုင်ခြင်းသည် ဂိမ်း၏ ဂရန်းမာစတာ ဖြစ်လာသကဲ့သို့ ခံစားရသည် ။

"ငါက ဒီတားမြစ်နယ်မြေကို တကယ်ကြီး ထိန်းချုပ်နိုင်သွားတာလား "

ကျိယွမ်သည် အရမ်းတော့ မပျော်ရွှင်ခဲ့ပါ ။

"ကောင်းကင်ဘုံတာအို အပိုင်းအစတွေက ဒါလေးပဲလုပ်လို့ရတာလား ၊ မဟုတ်သေးပါဘူး ၊ အစိတ်အပိုင်းအားလုံးစုံမှ အစွမ်းထက်တဲ့တစ်ခုခု ဖြစ်လာမှာထင်တယ် "

သူ၏အာရုံကို အပိုင်းလေးများမှ စိတ္တဇစုတ်တံဆီသို့ ပြောင်းလိုက်သည် ။

"ဒီဟာက စည်းမျဥ်းဥပဒေသတွေနဲ့ ဖွဲ့စည်းထားတာပဲ ၊ ဘယ်လိုအသုံးဝင်တာပါလိမ့် "

သူက မြေခွေးအမြီးပုံစံရှိသော စုတ်တံကို ဖင်ပြန်ခေါင်းပြန် စစ်ဆေးလိုက်သည် ။ အခြားထူးထူးခြားခြား မတွေ့ရ ။

"နေပါဦး ၊ စည်းမျဥ်းဥပဒေဆိုတော့ ငါကဒါကိုသုံးပြီး ရွှမ်းဟွမ်းတားမြစ်နယ်မြေရဲ့ စည်းမျဥ်းတွေကို ရေးဆွဲလို့များ ရနေမလား "

"ဥပမာ- ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကိုဝင်ဖို့ သတ်မှတ်ချက်တွေကို ငါ့စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်တာမျိုးပေါ့"

"ဒါဆို လှေကားတစ်ခုရှိတာနဲ့ ဘယ်သူမဆို ဝင်လို့ရသွားမှာပေါ့ "

ထိုသို့ စဉ်းစားမိပြီးနောက် လက်တွေ့စမ်းကြည့်လိုက်သည် ။

ကျိယွမ်သည် ရွှမ်းဟွမ်တားမြစ်နယ်မြေတွင် စည်းမျဉ်းတစ်ခုကို စုတ်တံဖြင့် ပြီးစလွယ် ကောက်ရေးပေးလိုက်သည်-

"လှေကားတစ်ချောင်းရှိရုံဖြင့် မည်သူမဆို ဝင်ရောက်ခွင့်ပြုသည် "

ထို့နောက်သူက အချိန်ကို သတိထားမိသွား၏ ။

"အား --နေဝင်တော့မယ်ထင်တယ် ။ ငါ့ကောင်လေးကို လမ်းလျှောက်ပေးရဦးမှာပဲ ။"

ကျိယမ်က ညောင်းညာနေသည့် မျက်လုံးများကို ပွတ်သပ်လိုက်သည် ။

နေ့စဥ့်နေ့တိုင်း ဂိမ်းကို အချိန်ကြာမြင့်စွာ ညညဥ့်နက်သည်အထိဆော့ခြင်းက သူ့၏စိတ်ကို တော်တော်လေး ပင်ပန်းစေသည် ။

ထိုအရာကပင် ရှန်ကွမ်းဂိုဏ်းတွင် သူက ကြောင်စီစီဖြစ်နေပြီး နားလည်ရခက်လိုဖြစ်နေရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည် ။

သို့သော်လည်း ဂိမ်းတစ်ခုတည်းကြောင့် ထိုသို့ဖြစ်နေခြင်းတော့လည်း မဟုတ်ပေ ။

သူ့ပင်ကိုစရိုက်သည်လည်း ထိုပြဿနာ၏အကြောင်းတစ်ခုဖြစ်လေသည် ။

သူက မကြာခဏဆိုသလိုကြောင်တောင်တောင်ကိစ္စများကိုလည်း လုပ်တတ်သူမဟုတ်ပါလား ။

ကျိယွမ်သည် အနည်းငယ် ပြင်ဆင်ပြီးသောအခါ သူ၏အိမ်မွေးတိရစ္ဆာန်လေးကို လမ်းလျှောက်ပေးရန်နှင့် ကျူးမြောင် ထံသွားရန် အသင့်ဖြစ်သွားသည် ။

ထိုစဥ် ကျန်းလင်းစုသည်လည်း သူမ၏ ကောက်ရိုးအိမ်လေးထဲမှ ထွက်လာသည် ။

တစ်နေလုံးလိုလို သူမနေထိုင်သောနေရာကို သေသေချာချာပြင်ဆင်နေခဲ့သည် ။ ယခုအားလုံးစိတ်တိုင်းကျသွားသောအခါ တောင်အောက်သို့ဆင်း၍ နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူလျှင် ကောင်းမလားဟု စဉ်းစားနေသည် ။

ထိုအချိန်တွင် ခြေသံများကြားလိုက်ရသည် ။

ဆရာတူအစ်ကိုကြီး လမ်းလျောက်ထွက်လာတာထင်တယ် ။

သို့သော် ဆရာတူအစ်ကိုကြီးကို မြင်လိုက်ရသည့်အခါ သူမ ကြက်သေသေသွားတော့သည် ။

ကျန်းလင်းစုမှာ စိတ်ရှုပ်ထွေးမှုများပြည့်နှက်နေသော မျက်နှာဖြင့် မေးမိသည် ။

"ဆရာတူအစ်ကိုကြီး အခုက ဘာလုပ်နေတာလဲဟင်"

သူမမြင်ရသည်မှာ ကျိယွမ်သည် မနက်ခင်းက ဝတ်ဆင်ခဲ့သည့် အဖြူရောင်ဝတ်ရုံကိုပင် ဆင်ယင်ထားဆဲဖြစ်သည် ။

သို့သော် မနက်ကနှင့်မတူသည်က သူ၏လက်ထဲတွင် ကြိုးတစ်ချောင်းကို ကိုင်ထားလေ၏ ။

အိမ်မွေးတိရစ္ဆာန်နှင့် လမ်းလျောက်ထွက်လာသည့်ပုံရသည် ။

သို့သော် ထိုအိမ်မွေးတိရစ္ဆာန်သည်...

ဒါက တကယ်ကြီး အိမ်မွေးတိရစ္ဆာန်လား ။

အဲဒါ... မီးဖိုချောင်သုံး ကြွက်သွန်လှီးတဲ့ဓားတစ်လက်လေ။

မှန်ပါသည် ။ ကြိုး၏ အခြားဘက်စွန်းတွင် မီးဖိုချောင်၌သုံးသော ကြက်သွန်လှီးသည့်ဓားတစ်လက်ကို ကျကျနနချည်နှောင်ထားသည် ။

ကျိယွမ်က ဓားကို ခေါ်လျက်လမ်းလျှောက်ထွက်နေခြင်းပင်ဖြစ်သည် ။

ထိုမြင်ကွင်းက အလွန်ကို့ရိုကားယားနိုင်လှ၏ ။

"ငါ့အိမ်မွေးတိရိစ္ဆာန်လေးကို လေ့ကျင့်ခန်းလုပ်ပေးနေတာပါ"

ကျိယွမ်က အေးဆေးတည်ငြိမ်စွာ ရှင်းပြသည် ။

"အိမ်ထဲမှာ အကြာကြီးပိတ်ထားတော့ ခြေထောက်တွေ သံချေးတက်လာမှာ စိုးရတယ်လေ ။ လေကောင်းလေသန့်ရှူဖို့လိုတယ် ။"

ကျန်းလင်းစုခမျာ ရူးချင်သလိုလို ဖြစ်သွားရှာသည် ။

မီးဖိုချောင်သုံးဓားက ခြေထောက်ပါလို့လား ။

သံမချေးတက်အောင် လမ်းလျှောက်ထွက်ရတယ်ပေါ့ ။

သူက ဒါကို မှော်ဝင်သံလို့များထင်နေတာလား ။

ဒါက သိသိသာသာ သာမန်မီးဖိုချောင်သုံးဓားကြီးလေ ။

သူမ၏ ဆရာတူအစ်ကိုကြီးမှာ စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ရှိနေသည်မှာ သေချာသွားလေပြီ ။

"ဆရာတူအစ်ကိုကြီး ရဲ့ အတွေးအမြင်က ထူးခြားလှပါပေတယ်"

Jiang Lingsu က လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏ ။ ဆရာတူအစ်ကိုကြီးကိုတော့ ငါတကယ် မနိုင်တော့ဘူး ။

"တောင်အောက်ဆင်းမလို့ထင်တယ် ၊ ငါနဲ့အတူတူလိုက်ခဲ့မလား"

ကျိယွမ်က ဖော်ရွေစွာဖိတ်ကြားနေသည် ။

"အဲ -- အင်း -- မလိုက်-- မလိုက်တော့ပါဘူး"

ကျန်းလင်းစုက ကြောက်လန့်တကြားငြင်းလိုက်သည် ။

"ဆရာတူအစ်ကိုကြီးပဲ လွတ်လွတ်လပ်လပ်သွားပါ ။ ကျွန်မနောက်မှ လိုက်ခဲ့ပါမယ် ။"

ငါက ဆရာတူအစ်ကိုကြီးနဲ့ သူ့ရဲ့မီးဖိုချောင်သုံးဓားနဲ့အတူတူသာ လမ်းလျှောက်ထွက်မိရင် အကုန်လုံးက ဝိုင်းအုံကြည့်နေမှာပေါ့ ။

ဒါက အရမ်းရှက်ဖို့ကောင်းတယ် ။

ကျိယွမ်သည် ကျန်းလင်းစုကို ထံမှ အကြည့်လွှဲကာ ကြိုးနှင့်ချည်ထားသည့်ဓားဆီအာရုံရောက်သွား၏ ။

"လိမ်လိမ်မာမာ နေစမ်း ၊ ကြိုးကနေလွတ်အောင် အတင်းရုန်းမနေနဲ့ ၊ မဟုတ်ရင် သူများတွေ ရိုက်သတ်တာခံရမယ် ၊ အဲကြမှတော့ ငါကမကယ်ဘူးနော် ။"

ကျိယွမ်မှာ အနည်းငယ်တော့ အသိဉာဏ်ရှိသေးပုံရသည် ။ အဘယ်ကြောင့်ဆိုသော သူ့၏အိမ်မွေးတိရစ္ဆာန်ကို စည်းကမ်းရှိရှိ ကြိုးချည်ကာ ထိန်းသိမ်းရင်း လမ်းလျှောက်နေသည် မဟုတ်ပါလား ။

တစ်ချို့လူများက အိမ်မွေးတိရစ္ဆာန်များကို သူကဲ့သို့ချည်မထားဘဲ စည်းမဲ့ကမ်းမဲ့ လွှတ်ထားတတ်ကြ၏ ။

သူ့အိမ်မွေးတိရစ္ဆာန်ကို ကြိုးချည်ထားခြင်းက ပိုကောင်းလေသည် ၊ အကယ်၍ မချည်ထားမိလျှင် သူ့၏အိမ်မွေးတိရိစ္ဆာန်က နွေးဦးရှစ်ကွက် ဓါးခုတ်ချက်တွေ လုပ်လာနိုင်၏ ။ ထိုသို့ဖြစ်လျှင် ထိန်းသိမ်ရခက်ပြီး အခြေအနေဆိုးသွားနိုင်သည် ။

ကျိယွမ်းသည် ကြိုးကိုကိုင်ကာ ကျိစယ်တောင်ထွတ်မှ ဖြည်းဖြည်းချင်းဆင်းသွားသည် ။

ညနေခင်းတွင် တိုက်ခတ်သော လေညင်းက အေးမြလာသည် ။ ကောင်းကင်ယံမှ နေမင်းသည်လည်း တဖြည်းဖြည်း မှေးမှိန်လာသည် ။အိပ်တန်းရှာ ကျေးငှက်ကလေးများ၏ တီတီတျာတျာ တွန်ကျူးသံများကလည်း စိတ်ကိုကြည်နူးစေသည် ။

အိမ်မွေးတိရစ္ဆာန်နှင့်အတူ လမ်းလျှောက်နေရင်းမှာ ကျိယွမ် သည် ထူးထူးခြားခြားအေးချမ်းကာ သက်သောင့်သက်သာရှိသည်ဟု ခံစားရသည် ။

ဂိမ်းကို အချိန်အကြာကြီးဆော့ရသည်က မျက်လုံးများအား ကိုက်စေသည် ။ လက်ချောင်းများလည်း ညောင်းညာကိုက်ခဲသည် ။

လေညင်းခံရင်း ၊ လမ်းလျှောက်ရင်းမှ လှပသော မိန်းမပျိုများကို ကြည့်ရသည်ကလည်း မဆိုးလှပေ ။

ဤကမ္ဘာသည် သန့်စင်ကာလတ်ဆတ်သောစွမ်းအင်များ ကြွယ်ဝ၏ ။ထို့ကြောင့် လှပသည့်အမျိုးသမီးများကို တွေ့ဆုံနိုင်သည့် အခွင့်အရေးက အရင်ဘဝထက် ပိုများသည် ။

ပြောစရာမလိုအောင်ပင် ကျင့်ကြံသူ မိန်းမပျိုလေးများအားလုံးက အသားအရေကြည်လင်သည် ။ ဝင်းပသည် ။

မျက်နှာတွင်လည်း အဖုအပိမ့် ၊ မှဲ့ခြောက်ကဲ့သို့သော အပြစ်အနာအဆာများ မရှိကြပါ ။

မိတ်ကပ်များ မလိမ်းထားတောင်မှ ကြည့်ကောင်းနေကြသည် ။

"ဂိုဏ်းတူအစ်ကို ကျိယွမ် ၊ မင်္ဂလာပါ "

အရပ်ရှည်သည့်မိန်းကလေးတစ်ယောက်က ကျိယွမ်ကိုနှုတ်ဆက်လိုက်သည် ။

သူမသည် စကပ်အတိုလေးကို ဝတ်ထားသည် ။ သွယ်လျသော ခြေတံရှည်ရှည်လေးများက ကျောက်စိမ်းလို ဖြူစင်နေ၏ ။ထို့အပြင် သူမ၏ပန်းသွေးရောင် မျက်နှာလှလှလေးကိုပါ မြင်ရသောအခါ ထူးထူးခြားခြားဆွဲဆောင်မှုရှိသည် ။

"အင်း"

ကျိယွမ်က ရင့်ကျတ်စွာ တုံ့ပြန်သည် ။

ညနေခင်းတိုင်းလိုလို သူသည် အိမ်မွေးတိရစ္ဆာန်လေးနှင့်အတူ လမ်းလျှောက်ထွက်လေ့ရှိသည် ။

အစောပိုင်းနှစ်များတွင် သူတစ်ယောက်တည်းသာထိုသို့ လုပ်ခဲ့သည် ။

သို့သော် ကျိစယ်တောင်ထွတ်၏ အကြီးဆုံးတပည့်ဖြစ်သော ကျိယွမ်သည် ဂိုဏ်းထဲ၌ နာမည်ကြီးသူတစ်ဦးဖြစ်၏ ။ သူ၏ပကျော်ကြားမှုကြောင့် ထင်သည် ။ ရှန်ကွမ်းဂိုဏ်းတွင် အိမ်မွေးတိရစ္ဆာန်ဖြင့်လမ်းလျောက်ထွက်ခြင်းက တဖြည်းဖြည်းရေပန်းစားလာပြီး လူများစွာက သူ့ကိုအတုယူလာကြသည် ။

သို့သော် အခြားစီနီယာအစ်ကို နှင့် အစ်မ များသည် တကယ့်အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် တိုက်ခိုက်နိုင်စွမ်းရှိသည့် ဝိဉာဉ်သားရဲများနှင့်အတူ လမ်းလျှောက်ထွက်ကြခြင်းဖြစ်သည် ။

"မင်းရဲ့ လိပ်ကလေးက သိပ်မဆိုးဘူးပဲ ။ နှစ်ထောင်ချီကြာရင်တော့ ဉာဏ်နည်းနည်း ကောင်းလာနိုင်တယ်"

ကျိယွမ်က ရှည်လျားသော ခြေတံလှလှလေးများကို ပိုင်ဆိုင်သည့်မိန်းကလေး၏ အိမ်မွေးတိရစ္ဆာန်လေးကို ကောင်းမွန်သောမှတ်ချက်ပေးလိုက်သည် ။ ။

မိန်းကလေးသည် ကျိယွမ်၏ ပထမပိုင်း ချီမွမ်းသံကို ကြားရသောအခါ ဂုဏ်ယူဝင့်ကြွားသွားသည် ။သို့သော် ဒုတိယပိုင်း မှတ်ချက်ကိုကြားရသောအခါမှာတော့ စိတ်ပျက်သွား၏ ။

သူမက ထိုဝိဉာဉ်သားရဲကို ရွေးချယ်ရန် အချိန်များစွာ ပေးခဲ့ရသည် ။

သို့သော် ကျိယွမ်၏ နောက်ပိုင်းမှတ်ချက်က သူမအား စိတ်ပျက်သွားစေသည် ။

နှစ်ပေါင်းထောင်ချီကြာမှ ဉာဏ်ကောင်းလာလာမှာတဲ့လား ။

ဒါတောင် မဆိုးဘူးတဲ့ ။ ဆိုးများဆိုးရင် ဘယ်လိုနေမလဲ မသိဘူး ။

စိတ်ရှည်တတ်သည့်သူမပင် ပြန်မပြောဘဲ မနေနိုင်တော့ပါ ။

"ဒါဆို ဂိုဏ်းတူအစ်ကိုကျိယွမ်ရဲ့ အိမ်မွေးတိရစ္ဆာန်ကရော ဘယ်တော့မှ ဉာဏ်ရည်နိုးကြားလာမှာလဲ"

ကျိယွမ်ရဲ့ အိမ်မွေးတိရစ္ဆာန်က မီးဖိုချောင်သုံးဓားတစ်လက်ဖြစ်သည် ။ မည်သို့ ဉာဏ်ရည်ဘယ်လိုနိုးကြားလာနိုင်မည်နည်း ။

ထိုမေးခွန်းအား ကြားသောအခါ အနီးအနားတွင်ရှိသော ရှန်ကွမ်းဂိုဏ်းတပည့်များစွာက တဟားဟား ရယ်မိကြသည် ။

ကျိယမ်သည် မျက်ခုံးနှစ်ခုကျုံ့ကာ စဉ်းစားပြီးသည့်နောက် လေးနက်စွာ ပြန်ဖြေသည် ။

"အလွန်ဆုံး တစ်နှစ်လောက်ပေါ့ ။ ဒါမှမဟုတ် သိပ်မကြာခင်မှာ ဉာဏ်ရည်နိုးကြားလာမယ်ထင်တယ် ။"

"ဂိုဏ်းတူအစ်ကိုက နောက်ပြောင်နေတာပဲ"

ခြေတံလှသည့်မိန်းကလေးက သဘောကျစွာ ရယ်မောလိုက်သည် ။ သူမက သူ့စကားကို လုံးဝ မယုံကြည်ကြောင်း သိသာလှ၏ ။

ကျိယွမ် က ပြုံးရုံသာပြုံးပြီး ရှင်းမပြခဲ့ပါ ။

ထိုအချိန်တွင် ကျူးမြောင်သည် လူအားလုံးရှေ့တွင် ပေါ်လာသည် ။

"ဂိုဏ်းတူညီလေးကျိယွမ် က ဝိညာဥ်သန့်စင်ခြင်းနည်းစနစ်ကို ပြန်ပြင်ပြီး သူကိုယ်တိုင်စမ်းသပ်လေ့ကျင့်ခဲ့တယ် ။ အောင်မြင်ခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ရဲ့ကြိုးစားအားထုတ်မှုက လေးစားစရာပဲ "

မင်းတို့တွေ ဒီလိုရယ်မောနေကြတာက တွင်းထဲကဖားတွေပဲဖြစ်တယ် ။"

ကျူးမြောင်၏ ကန့်ကွက်စကားကိုကြားရသည့်အခါ သူ့ရှေ့တွင်ရှိနေသော လူအားလုံးက ခေါင်းငုံ့သွားကြသည် ။

"ဂိုဏ်းတူအစ်ကို ဆုံးမပေးတာ ကျေးဇူးတင်ပါတယ် "

ကျူးမြောင်သည် ကောင်းကင်ဘုံဆေးဝါးတောင်ထွတ်၏ တပည့်ကြီးဖြစ်ပြီးအခြေတည်အဆင့်ကို ရောက်ရှိနေသူတစ်ဦးဖြစ်သည် ။

တပည့်အများစုသည် ကျူးမြောင်ကို အလွန်ကြောက်ရွံ့ကြ၏ ။

သို့သော်လည်း ကြောင်တောင်တောင်နိုင်သော ကျိယွမ်ကိုမူ လေးစားကြည်ညိုမှု သိပ်မရှိကြပေ ။ ထိုအရာက လူသားများ၏ သဘာဝဖြစ်၍ ၄င်းတို့အား အပြစ်မဆိုသာပြန် ။ကျိယွမ်ကိုယ်တိုင်ကိုက ပုံမှနိဟုတ်မနေခြင်းပင် ။

လူအုပ်ကို ဆုံးမပြီးနောက် ကျူးမြောင်သည် ကျိယွမ်အနီးသို့ ချဥ်းကပ်လာသည် ။

"ဂိုဏ်းတူညီလေး ၊ ဆရာကြီးက ဒီနေ့ဆေးလုံးသန့်စင်နေတာ ၊ ဆရာကြီးကို ကူညီပေးနေရလို့ နောက်ကျသွားတယ် ။ ခွင့်လွှတ်ပါ ။"

ကျူးမြောင်၏ လွှမ်းမိုးမှုအရှိန်အဝါများ ပျောက်ကွယ်သွားပြီး သူက ကျိယွမ် ကို အဆင့်တူတစ်ယောက်လို လေးစားစွာဆက်ဆံသည် ။ နှစ်သက်မြတ်နိုးမှုအနည်းငယ်ပင် ပါရှိနေသည် ။

"ဂိုဏ်းတူညီလေးကျိယွမ် ၊ ငါ ရှေးဟောင်းဂူတစ်ခုထဲက ရွမ်စွမ်းအင်ဆေးလုံးသန့်စင်နည်းတစ်ခု ရခဲ့တယ် ၊ ဒါပေမဲ့ ဆေးကျမ်းက တစ်ချို့အစိတ်အပိုင်းတွေ ပျောက်နေတယ် ။ မင်းကူညီပေးနိုင်မလား ။

"ကူညီမယ်ဆိုရင် အခြေတည်အဆင့်အတွက် ရတနာတစ်ခု ကျေးဇူးဆပ်ပါမယ် ။"

ကျူးမြောင်၏ ပုံစံသည် အလွန်နှိမ့်ချနေသည် ။ ယခင်က လွှမ်းမိုးနိုင်စွမ်းရှိသောပုံစံနှင့် လုံးဝကွာခြားသည် ။

ကျိယွမ်သည် ရွမ်စွမ်းအင်ဆေးလုံးသန့်စင် နည်းကိုယူကာ စစ်ဆေးကြည့်သည် ။

【ဤအရာကပြီးပြည့်စုံခြင်းမရှိသော ရွမ်ဆေးလုံးဖော်စပ်နည်း ဖြစ်သည် ။ ဆင်ခြေထောက်မြက်ကို စိမ်းလန်းခြင်းနွယ်ပင်နှင့်လဲလှယ်ပြီး ကျောက်ကြေဆေးကို မြင်းခွာရှဥ့်သွားဆေး နှင့်အစားထိုးပါက ဆေးရဲ့ထိရောက်မှုကို ငါးဆယ်ရာခိုင်နှုန်းတိုးစေနိုင်ပြီး အဆိပ်အတောက်ကို ၁၂ ရာခိုင်းနှုန်းအထိ လျှော့ချနိုင်သည် ။】

--------

All Chapters