← Chapters

အခြေတည်အဆင့်အတွက် စိတ်ဝိညာဥ်ရတနာ

Vol. 1 Ch. 7

အခြေတည်အဆင့်အတွက် စိတ်ဝိညာဥ်ရတနာ

Vol. 1 Ch. 7

ကျိယွမ်၏ မျက်လုံးသည် အခြားသူများမမြင်နိုင်သည့် အချက်အလက်များကို မြင်နိုင်စွမ်းရှိသည် ။

ခဏအတွင်း ဆေးညွှန်း၏ ပျောက်ဆုံးနေသော အပိုင်းများကို သူသိသွားသည် ။

ထို့နောက် ဆေးညွှန်းကို မည်သို့တိုးတက်အောင် ပြုလုပ်ရမည်ဆိုသည့် နည်းလမ်းတစ်ခုသည် ချက်ချင်းပင် သူ၏ စိတ်ထဲတွင် ပေါ်လာ၏ ။

သို့သော် ဤနည်းလမ်းသည် အကောင်းဆုံးသော ဖြေရှင်းနည်း မဟုတ်သေးချေ ။

နောက်တစ်နေ့တွင် သူသည် ထိုဆေးညွှန်းကို ထပ်မံကြည့်လျှင် တိုးတက်အောင် ပြုလုပ်ရန် နည်းလမ်းအသစ်ကို ထပ်မံတွေ့ရှိမည် ဖြစ်သည် ။

ထို့အပြင် တိုးတက်မှုနှင့် ထိရောက်မှုသည်လည်း ပို၍ပို၍ကောင်းမွန်လာမည် ဖြစ်သည် ။

သို့ရာတွင် သူသည် တစ်နေ့လျှင် တစ်ကြိမ်သာ ပစ္စည်းတစ်မျိုး၏ ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်သည် ။

သူလေ့ကျင့်လျက်ရှိသော ခုနှစ်ရောင်ခြယ်မီးတောက်သန့်စင်နည်းစနစ်ကိုလည်း ဤနည်းအတိုင်း နေ့စဥ်ပြင်ဆင် လာခဲ့ခြင်းသည် ။

ထို့ကြောင့် သူက ကျန်းလင်းစုကို နည်းစနစ်က မပြည့်စုံသေးဟု သတိပေးခဲ့ခြင်းပင် ။

နေ့စဥ့်ပြုပြင်ထားသည်တောင်မှ ထိုနည်းစနစ်တွင် ကြီးမားသောချို့ယွင်းချက်များဆက်ရှိနေဆဲ ဖြစ်သည် ။

"ရွမ်စွမ်အင်ဆေးလုံအညွှန်းမှာ ချို့ယွင်းချက်တွေ ရှိနေတယ် "

ကျူးမြောင် ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်လာသည် ။

"ကျေးဇူးပြု၍ လမ်းညွှန်ပေးပါ ဂိုဏ်းတူညီလေး ။"

ဆင်ခြေထောက်မြက်ကို စိမ်းလန်းခြင်းနွယ်ပင် နဲ့ အစားထိုးရမယ် ။"

"စိမ်းလန်းခြင်းနွယ်ပင်လား" ကျူးမြောင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည် ။

သူသည် ဆေးညွှန်း၏ ပျောက်ဆုံးနေသော အပိုင်းအကြောင်း မေးမြန်းလိုသော်လည်း ကျိယွမ်က ဆေးညွှန်းကိုပါ တိုက်ရိုက်ပြင်ဆင်နေသည် ။

သို့သော် ကျိယွမ် နှင့် နောက်ဆုံးအကြိမ်ဆွေးနွေးခဲ့စဥ်က ရလဒ်များကို သတိရလိုက်သည့်အခါ မကန့်ကွက်ရန်ဆုံးဖြတ်လိုက်သည် ။

ထိုအချိန်က ကျိယွမ်၏ အကြံဉာဏ်များက သူ့အား များစွာအကူအညီ ပေးခဲ့သည် ။

ထို့အပြင် သူသည် အကူအညီတောင်းခံသူ ဖြစ်သည့်အတွက် သူ၏တစ်ဖက်သူ၏စကားကို အရမ်းကာရော ငြင်းခုံနေရန် မသင့်တော်ချေ ။

ထိုအခိုက်မှာပင် ကျူးမြောင်သည် တစ်စုံတစ်ခုကြောင့် မျက်မှောင်ကျုံ့သွား၏ ။

"ဂိုဏ်းတူညီလေး ကျိယွမ် ၊ ခဏစောင့်လောက်၊ ငါ့ဆီ သတင်းတစ်ခု ဝင်လာလို့"

"စာပို့လိုက်တာလား"

ကျိယွမ်က အလေးအနက် မထားနေပါ ။။

"အားမနာပါနဲ့ ၊ ပြောပါ"

ကျင့်ကြံခြင်းလောကတွင် ဖုန်းများ မရှိသော်လည်း သတင်းပို့သည့် အဆောင်များ ရှိသည် ။

ကျင့်ကြံသူများသည် သတင်းပို့အဆောင်များများမှတစ်ဆင့် အချင်းချင်း ဆက်သွယ်နိုင်သည် ။

သို့သော် သတင်းပို့အဆောင်များတွင် အကွာအဝေး ကန့်သတ်ချက်များ ရှိပြီး ပို့ရသည် အကွာအဝေးပေါ်မူတည်၍ ကုန်ကျစရိတ် ပိုများသည် ။

ထို့အပြင် လျှို့ဝှက်နယ်မြေများသို့ ဝင်ရောက်ပါက ၎င်းတို့သည် အကျိုးသက်ရောက်မှု မရှိတော့ပေ ။

ထို့အပြင် ကျင့်ကြံသူအားလုံးသည် ၎င်းတို့ကို အသုံးပြုရန် မတတ်နိုင်ကြချေ ။

"ဘာကိစ္စလဲ ဂိုဏ်းတူညီလေး" ကျူးမြောင်က အသံကိုအနည်းငယ်နှိမ့်ပြီး သတင်းပို့လိုက်သည် ။

"ဆေးညွှန်း အပြည့်အစုံ ရှာတွေ့ပြီလား?"

"မလိုအပ်တော့ဘူး ၊ စိတ်မပူနဲ့တော့ ။"

ကျုးမြောင်က အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည် ။

သူက သတင်းပို့ခြင်းကို ဖြတ်တောက်လိုက်ပြီး ကျိယွမ်ကို ပြန်လည်စကားဆက်လိုက်သည် ။

"ကျေးဇူးပြုပြီး ဆက်ပြောပေးပါဦး"

"လိုအပ်နေတဲ့ ပစ္စည်းက ကျောက်ကြေဆေးပဲ ၊ ဒါပေမဲ့ ကျောက်ကျေဆေးက ယန်ဓာတ်အရမ်းပြင်းထန်တော့ သိပ်မသင့်တော်ဘူး ။ ပိုကောင်းချင်ရင် ရလဒ်များအတွက် ကျောက်ကြေဆေးအစား မြင်းခွာငါ့ရှဥ့်သွား ဆေးနဲ့ အစားထိုးလိုက်"

ကျိယွမ်က စကားဆုံးသည်နှင့် လက်ကို ဆန့်တန်းလိုက်သည် ။

"အခြေတည်အဆင့် စိတ်ဝိညာဥ်ရတနာ "

ကျူးမြောင်သည် ကျိယွမ်၏ စကားများကို ဆက်လက်စဉ်းစားနေဆဲဖြစ်ပြီး ကျိယွမ် က ပစ္စည်းတောင်းသည်ကို ကြားလိုက်ရသည့်အခါမှ သူသည် ကျောက်စိမ်းဝါးဆစ်တစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်သည် ။

ကျောက်စိမ်းဝါးတုတ်သည် ခရမ်းရောင်တောက်ပနေပြီး ခရမ်းရောင်ကျောက်မျက်ရတနာတစ်ခုအလား ချောမွတ်နေ၏ ။ အဆစ်များတွင် အဖြူရောင် အနည်းငယ် ပါရှိသည် ။

"ဒါက ခရမ်းရောင်ကျောက်စိမ်းဝါးပဲ ၊အဆင့် ၈ သန္ဓေတည်ခြင်း စိတ်ဝိညာဥ်ပစ္စည်းဖြစ်တယ် ။"

အခြေတည်စိတ်ဝိညာဥ်ရတနာများတွင် အဆင့်များ ရှိသည် ။

၎င်းတို့ကို အောက်ခြေအဆင့် သုံးဆင့်၊ အလယ်အဆင့် သုံးဆင့်နှင့် ထိပ်တန်းအဆင့် သုံးဆင့်ဟူ၍ ခွဲခြားထားသည် ။

ထိပ်တန်းအဆင့် သုံးဆင့်ထက် ပို၍မြင့်မားသော အဆင့်များ ရှိသည်ဟုလည်း ပြောကြသည် ။သို့သော် မည်သူကမျှ မမြင်ဖူးကြပေ။

စိတ်ဝိညာဥ်ရတနာ၏ အဆင့်မြင့်မားလေလေ သန္ဓေတည်အဆင့်အတွက် သက်ရောက်မှုကောင်းမွန်လေလေဖြစ်ပြီး အလားအလာလည်း ပိုမိုကောင်းမွန်သည် ။

သို့သော် အတိအကျတော့ မရှိပေ ။တစ်ခါတရံ အနိမ့်ဆုံးအဆင့် ရတနာကိုသုံးပြီး အကောင်းဆုံးရလဒ်ပိုင်ဆိုင်သွားသူများလည်း ရှိတတ်သည် ။

ထို့ကြောင့် အခြေတည်စိတ်ဝိညာဥ်ရတနာတိုင်းသည် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများ ဖြစ်၏ ။

အဆင့် ၈ သည် အခြေတည်စိတ်ဝိညာဥ်ရတနာများ၏ အနိမ့်ဆုံးအဆင့် သုံးဆင့်အနက်မှ တစ်ခု ဖြစ်သည် ။

ရတနာများက တန်ဖိုးကြီးလွန်းသဖြင့် ရှန်ကွမ်းဂိုဏ်း၏ သာမန်တပည့်အများစုသည် ၎င်းတို့၏ စုဆောင်းငွေများ အကုန်သုံးမည်ဆိုလျှင်တောင် သည့်တိုင် ခရမ်းရောင်ကျောက်သိမ်းဝါး တစ်ခုကို မတတ်နိုင်ကြပေ ။

ဤအချက်ကပင် ကျူးမြောင်၏ ချမ်းသာကြွယ်ဝမှုကို ပြသနေ၏ ။

လက်ရင်းတပည့်များနှင့် သာမန် တပည့်များကြားမှ ကွာခြားချက်က ကြီးမားလွန်းလှသည် ။

ဆိုသည်တိုင် ကျုးမြောင်ကိုယ်တိုင် ပင် ခရမ်းရောင်ကျောက်စိမ်း ကို စွန့်လွှတ်ရသည့်အား အနည်းငယ် နာကျင်သလို ခံစားရသည် ။

ကျူးမြောင် ကျိယွမ်ကို အကြံပေးလိုက်သည် ။

"ခရမ်းရောင်ကျောက်စိမ်းဝါးက နည်းနည်း အဆင့်နိမ့်နေတယ် ။ ဂိုဏ်းတူညီလေးအနေနဲ့ ဆန္ဒမစောသင့်ဘူး ။ စိတ်ဝိညာဥ်ကျောက်တုံးတွေ ထပ်စုလိုက် ၊ ပြီးမှ ဒီရတနာနဲ့ပေါင်းပြီး အဆင့်ပိုမြင့်တဲ့ စိတ်ဝိညာဥ်ရတနာနဲ့ လဲရင် ပိုကောင်းမယ် "

ခရမ်းရောင်ကျောက်စိမ်းဝါး သာမန်ချီအဆင့်တပည့်များအတွက် ရှားပါးသော်လည်း လက်ရင်းတပည့်များအတွက်မူ အနည်းငယ် မလုံလောက်ပေ ။

ဥပမာအားဖြင့် ကျူးမြောင်သည် သူ၏အခြေတည်အဆင့်အတွက် အလယ်အဆင့်ရှိသော အဆင့် ၅ နဂါးအုပ်စိုးသူမျက်လုံး ကို အသုံးပြုခံ၏ ။

"အင်း "

ကျိယွမ်က ခရမ်းရောင်ကျောက်စိမ်းဝါးကို ယူပြီး ခေါင်းညိတ်လိုက်သည် ။

သူ၏ အခြေတည်အဆင့်အတွက် ခရမ်းရောင်ကျောက်စိမ်းဝါးကို အသုံးပြုရန် စိတ်ကူးမရှိပါ ။

သို့သော် အနာဂတ်တွင် ၎င်းကိုစိတ်ဝိညာဥ်ကျောက်တုံးများဖြင့် လဲလှယ်နိုင်သဖြင့် အလကားတော့မဖြစ်ပေ ။

သူသည် ကျိစယ်တောင်ထွတ်၏ လက်ရင်းတပည့် ဖြစ်သော်လည်း သူ၏ဘဝမှာကား --

တကယ်ကို ဆင်းရဲသည် ။

အခြားသော တောက်ထွတ်သခင်များ၏ လက်ရင်းတပည့်များနှင့် နှိုင်းယှဉ်ပါက ကွာခြားချက်က သိသာထင်ရှားသည် ။

"အင်း...ဂိုဏ်းတူညီလေး "

ကျူးမြောင်သည် ကိစ္စတစ်ခုကို စဉ်းစားမိသွားသဖြင့် ကျိယွမ်းအား သူ၏ထင်မြင်ချက်ကို ပြောမိသည် ။

"မင်းရဲ့ဆရာကိုသာ မစော်ကားခဲ့ရင် အခုလောက်ဆို အလယ်အလတ်အဆင့် ဒါမှမဟုတ် ထိပ်တန်းအဆင့် ရတနာတစ်ခုခု ရပြီး အခြေတည်အဆင့်ကို သေချာပေါက် ရောက်နေမှာ ၊ အခြေအနေတစ်ခုမှာ တောင်ထွတ်သခင်ကို တောင်းပန်ကြည့်ပါလား "

သို့သော် ကျူးမြောင်စကားများထဲ၌ လေးစားမှု အနည်းငယ် ပါဝင်နေသည် ။

ကျိစယ်တောင်ထွတ်သခင်ကိုပင် မလေးမစားပြုရဲသော ကျယွမ်သည် တကအမှန်ပင် ရဲရင့်လှသည်ဟု သူထင်မြင်မိသည် ။

ရှန်ကွမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ကျိစယ်တောင်ထွတ်သခင်ကို အလေးထားရသည်ကို အားလုံးသိကြ၏ ။

ရှန်ကွမ်းဂိုဏ်းတွင် မူလက တောင်ထွန်လေးခုသာ ရှိခဲ့သော်လည်း ရွမ်ယူချမ်းရောက်ရှိလာပြီးနောက်တွင် ပဉ္စမမြောက်တောင်ထိပ်ဖြစ်သော ကျိစယ်တောင်ထွတ်ကို ထပ်မံတည်ထောင်ပေးခဲ့ကြောင်း သူ၏ဆရာထံမှ ကျူးမြောင်ကြားဖူးသည် ။

ထိုတောင်ထွတ်၏ သက်တမ်းမှာ နှစ်ပေါင်း တစ်ထောင် ကြာခဲ့လေပြီ ။

ကျိစယ်တောင်ထွတ်သခင်သည် နှစ်ပေါင်း တစ်ထောင်သက်တမ်းရှိပြီဟု ဆိုလိုသည်မဟူတ်ပါလား ။

အနည်းဆုံး စိတ်ဝိညာဥ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူများသာ သက်တမ်းထောင်ကျော်အောင်နေနိုင်သည် ။

ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်သည် ကြီးမြတ်သော ရှန်မင်းဆက်တစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်၏ ။

ကျိယွမ်အနေဖြင့် ရွမ်ယူချမ်း ထံတွင် သင်ကြားခွင့်ရခြင်းသည် ရွှေရောင်ပေါင်တံတစ်ဖက်ကို ဖက်ခွင့်ရထားသကဲ့သို့ ဖြစ်သည် ။

နှမြောစရာကောင်းသည်က ကျိယွမ်သည် ရဲရင့်သော်လည်း မတွေးခေါ်တတ်သူဖြစ်နေခြင်းပင် ။ သူက ရွမ်ယူချမ်း ကိုပင် ဒေါသထွက်စေခဲ့၏ ။

ထိုအချိန်မှစ၍ သူအား အရင်းအမြစ်များအားလုံး ဖြတ်တောက်ခံခဲ့ရသည် ။

တော်တော် သနားစရာကောင်းတဲ့ ဂိုဏ်းတူညီလေးပဲ ။

ကျူးမြောင်သာဆိုလျှင် သူ၏ဆရာဖြစ်သူ မကျေနပ်မချင်း အကြိမ်ကြိမ် ဝန်ချတောင်းပန်နေမည် ဖြစ်သည် ။

ကျိယွမ်ကတော့ တောင်းပန်ရန် ရည်ရွယ်ချက် လုံးဝရှိပုံမရခဲ့ချေ ။

ကျူးမြောင်၏ စကားကို ကြားလိုက်ရသည့်အခါ ကျိယွမ်၏ မျက်လုံးများ အနည်းငယ်လက်သွားသည် ။

"ကျွန်တော်မှ အမှားမလုပ်ခဲ့တာ ၊ ဘာလို့ တောင်းပန်ရမှာလဲ ၊ ဘာလဲ ဂိုဏ်းတူအစ်ကို ဆရာမကိုများ စိတ်ဝင်စားနေတာလား "

ကျူးမြောင်ခမျာ ငိုချင်သလိုလို ဖြစ်သွားရသည် ။ထို့အတူ ကျောရိုးတစ်လျှောက် စိမ့်သွား၏ ။ ကျိယွမ်၏ တုန့်ပြန်မှုက အန္တရာယ်ရှိသည်ဟု ခံစားရသည် ။

ညီအစ်ကိုရာ ငါကစေတနာနဲ့ပြောမိရုံလေးပါကွာ ၊ ဘာကြောင့် သေတွင်းထဲထိ ဆွဲချနေရတာလဲ ။

သူက ထိုကိစ္စကို မဆွေးနွေးရဲတော့ပါ ။

"ဂိုဏ်းတူညီလေးကျိယမ် ၊ဒါဆို ကိစ္စလေးရှိနေလို့ ဒီမှာပဲ ရပ်လိုက်ကြရအောင်"

ကျိယွမ်သည် ကျိစယ်တောင်ထွတ်၏ မာနကြီးပြီး အေးစက်သော နတ်သမီးအပေါ် ရိုင်းစိုင်းသည့် အပြုအမူများ ထပ်မံ ပြုလုပ်လာမှာကို သူစိုးရိမ်သည် ။

ထိုအထဲတွင် သူပါ ပါဝင်သွားပါက အဆုံးသတ်က ကောင်းမွန်လိမ့်မည် မဟုတ်ပေ ။

"အင်း "

ကျိယွမ်သည် ကျူးမြောင်ကို နှုတ်ဆက်စကားတောင် မပြောတောဘဲ သူ၏ မီးဖိုချောင်သုံးဓားကို ဆက်၍ဆွဲရင်း လမ်းလျှောက်သွားတော့သည် ။

ထိုအခါမှ ကျူးမြောင်ခမျာ စိတ်သက်သာရာ ရသွား၏ ။

တော်သေးတာပေါ့ ဘာမှမဖြစ်လို့။

ထိုအခိုက် စိုးရိမ်နေသော အသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည် ။

"ဂိုဏ်းတူအစ်ကိုကြီး ရတနာကို လဲပစ်ပြီလား"

အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားပြီး ခါးတွင် ဗူးသီးခြောက်တစ်လုံး ချိတ်ဆွဲထားသော ရှုလန်ဟူက အရေးကြီးသုတ်ပြာ ရောက်လာသည် ။

သူက ဝါကျင့်သော စက္ကူစတစ်စကို ထုတ်ယူလိုက်သည် ။

"ဒါက ဒီနေ့ ကျွန်တော်ဈေးကွက်မှာ ဝယ်ယူခဲ့တဲ့ ဆေးညွှန်းပါ ။ လျှို့ဝှက်နယ်မြေထဲမှာ တွေ့ရှိခဲ့တဲ့ ရွမ်စွမ်းအင်ဆေးလုံး အညွှန်းနဲ့ ကိုက်ညီတယ် ၊ ဒါကြောင့် ကျွန်တော် ချက်ချင်းပဲ ဂိုဏ်းတူအစ်ကိုကြီးကိုနဲ့ ဆက်သွယ်လိုက်တာ ၊ ခုတော့ --" ။"

ရှုလန်ဟူသည် ဆေးညွှန်းကို ကျူးမြောင်ထံထံ ပေးလိုက်ရင်းမှ ခရမ်းရောင်ကျောက်စိမ်းဝါးပျောက်သွားသည်ကို သိလိုက်ရသည့်အခါ ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်သည် ။

"ဂိုဏ်းတူအစ်ကို ကျွန်တော်တို့မှာ ဆေးညွှန်း ရှိပြီးသားပဲ ။ ဘာလို့ ကျိယွမ် နဲ့ လဲလိုက်တာလဲ ၊ သူက ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံဆေးဝါး တောင်ထွတ်ကတောင် မဟုတ်ဘူး ။ ဆေးညွှန်းနဲ့ ပတ်သက်ပြီး ဘယ်လို ကူညီနိုင်မှာလဲ ။သူ ဝေးဝေးမရောက်သေးဘူးထင်တယ် ။ ကျွန်တော် လိုက်ပြီး ရတနာကို ပြန်ယူလိုက်မယ်"

ရှုလန်ဟူက ကျူးမြောင်၏ မျက်နှာအရောင်ပြောင်းလာခြင်းကို မသတိထားမိဘဲ စကားအများကြီး ပြောနေတော့သည် ။

"ကျိယွမ်နဲ့ ငါ့ကြားက သဘောတူညီချက်ကို မင်းဝေဖန်နေစရာ အကြောင်းမရှိဘူး ၊ ပြီးတော့ ကျိယွမ်ကငါ့ကို ဘာမှမကူညီနိုင်ခဲ့လည်း ဘာဖြစ်လဲ ။ငါကိုယ်တိုင် ဆန္ဒရှိလို့ ပေးလိုက်တာ "

"ဂိုဏ်းတူအစ်ကို --ကျွန်တော် --"

ရှုလန်ဟူ ကြောက်လန့်သွား၏ ။

"ကျွန်တော်က အလကားဖြစ်သွားမှာကို စိုးရိမ်နေလို့ပါ ။ ကံကောင်းထောက်မလို့ ကျွန်တော် ဆေးညွှန်း အပြည့်အစုံ ရခဲ့တယ် ။ ဂိုဏ်းတူအစ်ကိုက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ပါ ။ ဆေးညွှန်းကို လက်ခံပေးပါ ။"

သူက ကျိယွမ်အကြောင်းကို ထပ်မံ၍မပြောတော့ပေ ။သူ၏ အမြင်တွင် ကျိယွမ်သည် ဆေးညွှန်းကို မည်သို့နားမလည်နိုင်ဟု ယုံကြည်၏။

ကောင်းကင်ဘုံဆေးဝါးတောင်ထွတ်တွင် ဆေးပညာကို နှစ်ပေါင်း ၁၀ ကြာ လေ့လာခဲ့သည်သူများပင် ဆေးညွှန်းကို မဖြည့်စွတ်နိုင်သဖြင့် ကျိယွမ်အနေဖြင့် အကြံဉာဏ်ပေးနိုင်စရာ အကြောင်းမရှိချေ ။

ကျူးမြောင်က ဆေးညွှန်းကို ယူလိုက်ပြီး "အေးလေ ဂိုဏ်းတူညီလေးကျိယွမ်ပြောခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရတာပေါ့ " ဟု ပြောလိုက်သည် ။

"ဒါက ဆေးပင်တွေ ဖြုန်းတီးရာရောက်တယ်"

မပြောတော့ဘူးဆိုပါမှ ရှုလန်ဟူက သူစိတ်ထဲတွင်ပြောမိပြန်၏ ။

----

All Chapters