တားမြစ်နယ်မြေလား-- လှေကားယူလာပြီး ဝင်လိုက်ရုံပဲလေ
Vol. 1 Ch. 9
ဝမ်ယုကုန်းမြေတိုက်ကြီးသည် အဆုံးမရှိကြီးမားကျယ်ပြန့်ကာ လူသားမျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်စုတို့သည် အင်အားချင်းပြိုင်နေကြသည် ။
လူသားမျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်စုတို့သည် ဝမ်ယုတိုက်ပေါ်တွင်ရှိသော အစွမ်းထက်ဆုံးအင်အားစုများဖြစ်ကြ၏။ သို့သော် လူသားမျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်စုနှစ်ခုလုံးထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးမားသည့် အရာတစ်ခု တည်ရှိသေးသည်။
၎င်းသည် မျိုးနွယ်တစ်ခုမဟုတ်ဘဲ ဒဏ္ဍာရီလာတားမြစ်ထားနယ်မြေကြီးလေးခုနှင့် သေခြင်းနယ်မြေတစ်ခု ဖြစ်သည်။ တားမြစ်နယ်မြေကြီးလေးခုသည် အလွန်ထူးဆန်းပြီး အန္တရာယ်များ၏။ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဘုရင်မျိုးနွယ်ဝင်များပင် ပေါ့ပေါ့ဆဆမဝင်ရောက်ရဲပေ ၊ ဝင်ရောက်ပါက အသက်ဆုံးရှုံးပြီး ပျောက်ကွယ်သွားနိုင်သည် ။
သို့သော် သေခြင်းနယ်မြေသည် ပို၍ပင် ထိတ်လန့်ဖွယ်ကောင်း၏။ ထိုနေရာကို တီယန်ကျန်းဟုခေါ်၍ ဝင်ရောက်လျှင် သေချာပေါက် သေလမ်းတစ်တည်းသာရှိသည် ။ဘုရင်မျိုးနွယ်ဝင်များပင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။
အန္တရာယ်များလှသော်လည်း ထိုနေရာသများသို့ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်လာနိုင်သူများမှာ များပြားသောအကျိုးကျေးဇူးများ ရရှိနိုင်သည်။ တားမြစ်ထားနယ်မြေလေးခုသည် ရှားပါးသောဆေးဖက်ဝင်အပင်များနှင့် တန်ဖိုးရှိသောရတနာများဖြင့် ပြည့်နှက်နေသည်။
ရှေးစကားအရဆိုလျှင် တိယန်ကျန်းသေခြင်းနယ်မြေတွင် အထက်ဘုံသို့ တက်ရောက်နိုင်သော မြင့်မြတ်သည့်နေရာရှိပြီး ထိုနေရာကိုသာ ရှာတွေ့လျှင် ဒဏ္ဍာရီလာကောင်းကင်ဘုံသို့ ရောက်ရှိနိုင်သည်ဟုဆိုကြသည်။
ရွှမ်းဟွမ်တားမြစ်နယ်မြေသည် ထိုနယ်မြေများထဲမှတစ်ခုဖြစ်ပြီး နန်းကန်နိုင်ငံ၏ မြို့တော်မှ မိုင်တစ်ထောင်အကွာတွင်တည်ရှိသည်။ ရွှမ်ူဟွမ်သည် တားမြသ်နယ်မြေဟူဆိုသော်လည်း အမှန်တွင် အင်မော်တယ်တစ်ပါး၏ သင်္ချိုင်းဂူဖြစ်သည်ဟု လည်း ကောလာဟလများရှိနေ၏ ။
ရွှမ်းဟွမ်၏အပြင်ဘက်ပတ်ပတ်လည်ကို အကန့်အသတ်မရှိသောတားမြစ်ချက်များဖြင့်ကာရံထားသဖြင့် ဧကရာဇ်အဆင့်ကျွမ်းကျင်သူများပင် ဝင်ရောက်၍မရနိုင်ချေ။
ယခုအခါမှာတော့ ကျိယွမ်က ရွှမ်းဟွမ်တွင်သွားရောက်တိုက်ခိုက်နေခဲ့မှာ ၆ လခန့်ရှိပြီဟုပြောနေ၏။
မည်သို့ဖြစ်နိုင်မည်နည်း ။
ဧကရီကျင်းလင်က ကျိယွမ်သည်သူမအား စနောက်နေသည်ဟုထင်မိသည်။ သို့သော်လည်း စိတ်ဝင်စားဟန်ဖြင့် သတိထားပြီးမေးမြန်းလိုက်သည်။
"ရှင် အမှန်ပြောနေတာလား"
"ကျွန်တော်က ဘာလို့လိမ်ရမှာလဲ။ မင်းနဲ့တွဲပြီးတိုက်ဖို့စောင့်နေတာ။ တစ်ယောက်တည်း တိုက်ရတာ အရမ်းပျင်းစရာကောင်းတယ်"
ကျင်းလီသည် ယုံကြည်ရန် ခက်ခဲနေဆဲပင်။
"ရွှမ်းဟွမ်မှာ ဆန်းကြယ်သားရဲတွေ မကောင်းဆိုးရွားတွေနဲ့ ပြည့်နေတာ ။ အားလုံးကို ရှင်းလင်းဖို့ ခြောက်လကျော်ကြာခဲ့တယ်။ ကျွန်တော် အရမ်းပင်ပန်းနေတာ"
ကျင်းလီ ငေးမောသွားလေသည်။
ရွှမ်းဟွမ်တွင်ရှိသော မကောင်းဆိုးဝါးများသည်အရေအတွက်များရုံသာမက စွမ်းအားလည်းအလွန်ကြီးမားကြသည်။
နှစ်ပေါင်း ၁၀၀၀၀ ကျော်ကာလပတ်လုံး ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင် မည်သူကမျှ တားမြစ်နယ်မြေကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။ ရွှမ်းဟွမ်ကိုရှင်းလင်းရန်ဆိုလျှင် မယုံနိုင်လောက်အင်အားကြီးသော စွမ်းအားများလိုအပ်သည်။ ဧကရာဇ်အဆင့်ကျွမ်းကျင်သူတစ်ဦးတောင်မှ ထိုသို့မလုပ်နိုင်ချေ။
"ရှင့်ရဲ့လေ့ကျင့်မှုအဆင့်က ဘယ်လောက်လဲ။ ဧကရာဇ်လား"
"ဧကရာဇ်လား ဘာလားတော့မသိဘူး ။ ငါအခု အဆင့် ၈၂ တော့ရောက်နေပြီ"
"အဆင့် ၈၂ လား ၊ ဘယ်လိုမျိုးလဲ "
ကျင်းလီ စိတ်ရှုပ်ထွေးသွားခဲ့သည်။
သို့သော် ကျိယွမ်ဆိုသူသည် ထူးဆန်းသောစကားများကို မကြာခဏပြောလေ့ရှိသည် ။ တစ်ချိန်ကဆိုလျှင် သူကကြယ်များဆီသို့ အာကာသယာဉ်နှင့်သွားချင်သော်လည်း အောက်ဆီဂျင်မရှိတော့လျှင် သေဆုံးမှာကိုကြောက်သည်ဟု ပြောဖူးသည်။
ရှေးဟောင်းမှတ်တမ်းများအရ ကမ္ဘာများစွာရှိသည်။ လူ့လောက၊ ကောင်းကင်ဘုံနှင့် အခြားကမ္ဘာများစွာ။ သို့သော်ကမ္ဘာတစ်ခုစီသည် တူညီသောကောင်းကင်ကိုသာ မျှဝေသုံးစွဲကြသည်။
ကြယ်များသည် အစွမ်းထက်ကမ္ဘာကြီးများ၏ပုံရိပ်များဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ ။ ကြယ်များဆီသို့တက်ခြင်းသည် မဖြစ်နိုင်သော အ်မ်မက်တစ်ခုသာဖြစ်၏ ။
ထိုသူက ထူးဆန်းသော စကားများပြောတတ်သည်မှာပုံမှန်ပါပဲဟု သူမတွေးမိသည်။
"ရွှမ်းဟွမ်မှာရှိတဲ့ မကောင်းဆိုးဝါးတွေက ဘယ်လောက်သန်မာလဲ"
"အသန်မာဆုံးကတော့ စိတ္တဇစုတ်တံဆိုတဲ့ မကောင်းဆိုးရွားပဲ။ အရမ်းဟန်ဆောင်တတ်ပြီးတော့ နေ့ဘက်မှာ စုတ်တံအဖြစ်ပြောင်းလဲပြီးပုန်းနေတာ ၊ ညမှ အသွင်ပြောင်းပြီး လှည့်စားတယ် ။ ဒါပေမဲ့ ဒီကောင်က အဆင့် ၇၀ ပဲရှိသေးတယ်"
"စိတ္တဇစုတ်တံလား။ အဆင့် ၇၀ ရှိတယ် "
ကျင်းလီ စဉ်းစားမိသည်။
ကျိယွမ်ပြောသည်မှာ အမှန်ဆိုလျှင် အဆင့် ၇၀ သည် ဧကရာဇ်အဆင့်နှင့်ကိုက်ညီမည်၊ သို့မဟုတ် ဧကရာဇ်ထက်ပင် သာလွန်ကောင်းသာလွန်နိုင်သည်။ နန်းကန်နိုင်ငံတွင် ဧကရာဇ်အဆင့်ကျွမ်းကျင်သူ နည်းပါးလှသည်၊ နှစ်ယောက်၊ သုံးယောက်မျှသာရှိသည်။
"ဧကရာဇ်အဆင့်ကျွမ်းကျင်သူများပင် ရွှမ်းဟွမ်ကို မဖျက်ဆီးနိုင်လို့ ဆိုရိုးရှိတယ်"
"ရွှမ်းဟွမ်ကို ဝင်ဖို့က လွယ်ပါတယ် ၊ ရုပ်ရှင်ရုံသို့သွားသလောက်တောင် မခက်ဘူး။ လှေကားယူလာပြီး ဝင်လိုက်ရုံပဲ။ အထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေက မင်းကိုတိုက်ခိုက်မှာ မဟုတ်ဘူး"
ကျိယွမ်က ဆက် ပြောသည်။
"ငါရွှမ်းဟွမ်တစ်ခုလုံးကို ရှင်းပြီးပြီလေ"
"ကောင်းပြီ၊ ငါသွားရတော့မယ်။အခု ရိကွမ်းတားမြစ်နယ်မြေ ကိုရောက်နေပြီ။ နောက်တစ်ခါမှ ဆက်ပြောမယ်နော် "
ကျိယွမ် က စာပို့ခြင်းကိုရပ်တန့်လိုက်၏။
ကျင်းလီသည် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက် စကားပြောဆိုမှုသည် အချိန်ခဏသာကြာခဲ့ပြီး မြန်ဆန်စွာနှုတ်ဆပ်သွားသဖြင့် အများကြီးပင် မပြောရသေးချေ။
"ရွှမ်းဟွမ်ကနေ ရိကွမ်းအထိဆို သို့ မိုင်တစ်သိန်းလောက်ကွာဝေးတာကို..."
ထိုအကွာအဝေးကို ဤမျှတိုတောင်းသောအချိန်အတွင်း သူက မည်သို့သွားနိုင်မည်နည်း။
ဧကရာဇ်တစ်ပါးတောင်မှ မလုပ်နိုင်ချေ။
ကျင်းလီ၏စိတ်ထဲတွင် ကျိယွမ် သည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာပြီး မရေရာသောတိမ်တိုက်များဖြင့်ဖုံးလွှမ်းထားသော နက်ရှိုင်းလွန်းသည့် လျှို့ဝှက်ချက်တစ်ခုပင်ဖြစ်လာသည်။
"ကျိယွမ် ၊ ရှင်ကတကယ်ပဲ ဘယ်လိုလူမျိုးပါလိမ့် "
ကျိယွမ်သည် ရေတစ်ခွက်ကိုခပ်ယူပြီး သူမ၏ဖြူစင်ဝင်းမွတ်သောပခုံးပေါ်မှ လောင်းချလိုက်ကာ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့လိုက်သည်။
ကျိယွမ်က ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာက အရေးကြီးလို့လား ။ အနည်းဆုံးတော့ ငါတို့က မိတ်ဆွေတွေပဲလေ ၊ တစ်ခါမှ မတွေ့ဖူးတဲ့ မိတ်ဆွေတွေပေါ့ ။
ရေချိုးပြီးနောက် ကျင်းလီသည် သူမကိုယ်တိုင်အဝတ်အစားများကို ဝတ်ဆင်သည်။ နန်းတွင်းအစေခံများကို ခိုင်းရသည်အား သူမ မနှစ်သက်ချေ။ သူမအနီး၌ အမတ်ချုပ် စစ်မာတျန်း ထောင်ချောက်ဆင်ထားသော သူလျှိုများရှိမရှိကို မည်သူမှမသိနိုင်ပေ ။
ဖန်းလွမ်နန်းတော်သို့ ပြန်ရောက်သောအခါ သူမသည် မှန်စီရွှေချထားသောကုတင်ပေါ်၌ သက်သက်သာသာ လဲလျောင်းနေလိုက်၏ ။
သို့သော် အနားယူ၍ မရသေးပါ ။ သူမ၏ရှေ့တွင် ထူထဲသောစာတမ်းများ အပုံလိုက်ရှိနေသည်မဟုတ်ပါလား။
ညနက်သန်းခေါင်အချိန်ထိခဏနားပြီးမှ စတင်စစ်ဆေးခဲ့သည်။
"တောင်ပိုင်းစစ်မြေပြင်သည် အရေးတကြီးဖြစ်နေပြီး ပုန်ကန်သူမျိုးနွယ်စုများ တိုက်ပွဲအတွင်း ပါလာကြပြီ..."
"နန်ဖန်းနိုင်ငံမှ အိမ်ရှေ့မင်းသားသည် သုံးရက်အတွင်း မြို့တော်သို့ရောက်ရှိမည်"
ကျင်းလီသည် သူမ၏နဖူးကိုကိုင်ပြီး ခေါင်းကိုက်လာသည်ဟုပင်ခံစားရသည်။
နန်းကန်နိုင်ငံသည် အသားတစ်တုံးကဲ့သို့ဖြစ်နေပြီး များစွာသောသူများက တပ်မက်နေကြ၏။ ထိုမင်းသား၏ရည်ရွယ်ချက်ကို လည်း သူမအလွန်နားလည်သည်။
စာတမ်းများကိုကြည့်ရှုရင်း သူမ၏ခေါင်းကိုက်မှုသည် ပိုဆိုးလာ၏။ သူမက မဆိုင်သော်လည်း ကျိယွမ်ကို တွေးမိသွားသည်။ သူနှင့်စကားပြောရသည့်အချိန်မျိုး၌သာ သူမ၏အထောက်အထားနှင့်တာဝန်ဝတ္တရားများကို မေ့လျော့နိုင်ခဲ့သည်မဟုတ်ပါလား ။
" စာကြည့်တိုက်ကိုသွားပြီး ရွှမ်းဟွမ်နဲ့ပတ်သက်တဲ့ မှတ်တမ်းအားလုံးကိုယူခဲ့စမ်း "
ကျင်းလီက အစေခံအမျိုးသမီးအားအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
------------
မဟာစစ်သူကြီး၏စံအိမ်သည် ချင်းရီလမ်းပေါ်တွင်တည်ရှိပြီး မဟာစစ်သူကြီးရှင်သန်နေစဉ်က စည်ကားသောနေရာဖြစ်ခဲ့သည်။ ယခုအခါမှာတော့ လူသူကင်းမဲ့နေသည်။
ထိုအချိန်တွင် စံအိမ်သို့ မဖိတ်ကြားထားသောဧည့်သည်တစ်ဦးရောက်ရှိလာသည်။
ဧည့်သည်သည် ပခုံးကျယ်ပြီး အရပ်ခုနစ်ပေခန့်မြင့်၏ ။ ရှည်လျားသော မုတ်ဆိတ်မွေးများအပြင် နဖူးတွင် ကြီးမားသောအမာရွတ်ကြီးရှိနေသည်။
သူကား နန်ကန်းနိုင်ငံ၏ အမတ်ချုပ်ကြီး စစ်မာတျန်းပင် ဖြစ်သည်။
"ချင်ကတော် ၊ မင်းရဲ့ဒဏ်ရာတွေ သက်သာရဲ့လား"
ဒေါ်လေးချင်သည် အမတ်ချုပ်ကြီးစစ်မာကို ကြည့်ကာ သူမ၏မျက်လုံးများ၌ ဒေါသငွေ့များ တရိပ်ရိပ်ထွက်လာသည်။
"စစ်မာတျန်း"
ဒေါ်လေးချင် ဒေါသတကြီး အော်လိုက်မိသည် ။ စိတ်လှုပ်ရှားမှုကြောင့် ဒဏ်ရာကပိုဆိုးသွားကာ မျက်နှာတစ်ခုလုံးဖြူဖျော့သွားသည် ။
သူမအား သတ်ဖြတ်ရန်ခိုင်းစေခဲ့သူက အိမ်အထိပင်လာ၍ လူနာမေးနေ၏ ။ မည်မျှမခန့်လေးစားနိုင်သနည်း ။
အမတ်ချုပ်ကြီး စစ်မာတျန်းကတော့ သူမဟုတ်သလိုပင် အေးဆေးတည်ငြိမ်လှသည်။
"ချင်ကတော် ၊အားလုံးက သတ်မှတ်ပြီးနေပြီ ။ နင်ဘာလို့ ဆက်ကြိုးစားချင်နေရတာလဲ ၊ အဲဒီကောင်မလေးနောက်ကို လိုက်လို့ နင့်မှာဘယ်လိုလုပ် အနာဂတ်ရှိမှာလဲ "
"တော်စမ်း ၊ ဧကရီအပေါ် ရိုင်းစိုင်းဝံ့တယ်ပေါ့ "
ချင်ကတော်၏ ဒေါသထွက်လွန်း၍ အသားများပင်တုန်နေသည် ။ သူမသည် ထိပ်တန်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သည် ။ သူမကိုသာ ယခုလိုအကြီးအကျယ်ဒဏ်ရာရစေရန် ချောင်းမြောင်းလုပ်ကြံထားခြင်းမခံရလျှင် ထိုလူယုတ်မာသည် သူမ၏ရှေ့သို့ပင် လာဝံ့မည်မဟုတ်ချေ ။
စစ်မာတျန်းက သူမကို မထီမဲ့မြင် ကြည့်လိုက်သည်။
"သူက သာမန်မိန်းမတစ်ယောက်ပဲလေ ။ ငါမရှိရင် သူလိုလူက ထီးနန်းတက်ဖို့အခွင့်အရေးရှိမယ် ထင်နေလား ။ သူရဲ့ အုပ်ချုပ်မှုဆယ်နှစ်အတွင်းမှာ နန်းကန်က အတွင်းရန်တွေရော အပြင်ရန်တွေရောရင်ဆိုင်နေရတာ။ ငါသာမရှိရင် တိုင်းပြည်က ပြိုလဲသွားတာကြာပြီ ။ သူမက တိုင်းပြည်ကိုအုပ်ချုပ်ဖို့ မသင့်တော်ဘူး"
ချင်ကတော်သည် ဒေါသထွက်ခြင်းနှင့်အတူဝမ်းနည်းခြင်းကို တပြိုင်တည်းခံစားရသည်။ သူမသည် ကျင်းလီ ကြီးပြင်းလာပုံကို ကြည့်ရှုခဲ့သည်။ ကျင်းလီက အစွမ်းကုန်ကြိုးစားနေသော်လည်း သူမ၏အသက်အရွယ်ကြောင့် အင်ပါယာနိုင်ငံရေးကို ကျွမ်းကျင်နိုင်ခြင်းမရှိ၊ တရားရုံးအရာရှိများကိုလည်း မထိန်းချုပ်နိုင်ချေ။
သူမသည် မြေခွေးအိုများအလယ်၌ ကောက်ကျစ်တတ်သော အုပ်ချုပ်သူမျိုး မဟုတ်ဘဲ ကရုဏာတရားဖြင့် အုပ်ချုပ်တတ်သူဖြစ်နေခြင်းက အခြေအနေကို ပိုဆိုးစေသည် ။
တစ်ခါတစ်ရံတွင် ချင်းကတော်သည် ကျင်းလီကို ဧကရီတစ်ပါးမဟုတ်ဘဲ သာမန်မင်းသမီးတစ်ပါးသာဖြစ်စေချင်မိသည် ။
သို့ရာတွင် အင်ပါယာတံဆိပ်ကိုကိုင်ဆောင်ထားသူသည် နောက်ပြန်ဆုတ်၍မရပါ ၊ တိုက်ပွဲဝင်ရန် ရှောင်တိမ်း၍မရပေ။ မတိုက်ခိုက်ပါက သေဆုံးရမည်သာ ဖြစ်သည်။
---