← Chapters

ကျိယွမ်ပြောတာတွေက ဟုတ်မှဟုတ်ရဲ့လား

Vol. 1 Ch. 10

ကျိယွမ်ပြောတာတွေက ဟုတ်မှဟုတ်ရဲ့လား

Vol. 1 Ch. 10

ဒေါ်လေးချင်သည် ကျင်းလီကို ယခုကဲ့သို့ ခက်ခဲပင်ပန်းသောဘဝမျိုး မဖြစ်စေချင်ပါ ။ သို့သော် ရှောင်လွှဲရန်မဖြစ်နိုင်ကြောင်းကိုလည်း သူမသာ အသိဆုံးဖြစ်၏ ။

"ဝံပုလွေအိုကြီး "

သူမက စစ်မာတျန်းအား ဒေါသမျက်လုံးများဖြင့်ကြည့်ကာ အော်ဟစ်လိုက်သည်။

"မြောက်ဘက်က ဟန်တွေနဲ့ပေါင်းသင်းတာဟာ သေဒဏ်ကွပ်မျက်ခံရမဲ့ အပြစ်ပဲ။"

မြောက်ဘက်မှ ဟန်များနှင့် နန်ကန်းတိုင်းပြည်တို့သည် ခေတ်အဆက်ဆက် ရန်သူများဖြစ်ကြသည်။ ဆောင်းဦးကာလရောက်တိုင်းတွင် မြောက်ဘက်မှ ဟန်တို့၏ သံချပ်ကာမြင်းသည်တပ်များသည် နယ်စပ်ကိုချိုးဖောက်ကာ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ တိုင်းပြည်နှစ်ခုကြားတွင် ချေဖျက်၍မရနိုင်သော အမုန်းရန်ကြွေးများရှိလေသည်။

"နင်တို့လို အသိဉာဏ်နည်းသူတွေက အရမ်းခက်တာပဲ "

စစ်မာတျန်းက မောက်မာစွာဆက်ပြော၏ ။

"တိုင်းပြည်တွေကြားမှာ အကျိုးစီးပွားသာရှိတယ် ၊၊ အငြိုးအတေးတွေက အကျိုးစီးပွားလောက်အရေးမပါဘူး ၊ချင်ကတော် ကိုယ့်အခြေအနေကိုယ်နားလည်တယ်ဆိုရင် ဘဏ္ဍာတိုက်သော့ကို လွှဲအပ်ဖို့ အကြံပေးချင်တယ် ၊ မဟုတ်ရင်တော့..."

သူက အံကြိတ်ကာ ခြိမ်းခြောက်လိုက်သည်။

ကွယ်လွန်သူ မဟာတပ်မှုးချုပ်ကြီး၏ တရားဝင်ဇနီးဖြစ်သူ ချင်ကတော် သည် တော်ဝင်ဘဏ္ဍာတိုက်၏ သော့ကိုကိုင်ထားသည်။ ဘဏ္ဍတိုက်ကိုဖွင့်နိုင်မှသာ အင်ပါယာတံဆိပ်တုံးကို ယူဆောင်နိင်လိမ့်မည် ။တံဆပ်တုံးမရှိလျှင် ထီးနန်းကိုသိမ်းပိုက်နိုင်သည့်တိုင် တရားဝင်မည်မဟုတ်ပေ ။

"မျှော်လင့်မနေနဲ့"

ချင်ကတော်က ပြတ်သားလှ၏ ။

စစ်မာတျန်းက ချင်ကတော်ကို ဒေါသကြီးစွာ ကြည့်လိုက်သော်လည်း နောက်ထပ်မပြောတော့ပါ။

မဟာတပ်ချုပ်ကြီးမရှိတော့သော်လည်း ချင်ကတော်၌ အားကိုးစရာများရှိနေသေးသည် ။ လက်ရှိအချိန်တွင် ရှေ့တန်းတွင်ရောက်နေသော တပ်မှုးကြီးထျန်းချီ သည် မဟာတပ်ချုပ်ကြီးနှင့် ညီအစ်ကိုများကဲ့သို့ ရင်းနှီးသူဖြစ်သည်။ အကယ်၍ သူက ချင်ကတော် အားသတ်မိပါက အခြေအနေများရှုပ်ထွေးသွားနိုင်၏ ။

"ကောင်းပြီလေ "

စစ်မာတျန်းက ဆက်ပြော၏ ။

"အချိန်သုံးရက်အတွင်း နန်ဖန်းတိုင်းပြည်ရဲ့အိမ်ရှေ့စံ ရောက်လာလိမ့်မယ် ။ နောက် ၁၀ ရက်အတွင်းမှာ စီးချင်းထိုးပွဲ ကျင်းပမယ် ။ နင် ဘာတတ်နိုင်သေးလဲကြည့်ရတာပေါ့ "

စကားဆုံးသည်နှင့် အင်္ကျီလက်ကိုယမ်းကာ ထွက်ခွာသွားလေ၏ ။

ချင်ကတော်၏ မျက်လုံးများတွင် ဒေါသမီးတောက်များလွင့်စင်လာမတတ် ပြင်းထန်နေသည် ။ ထို့နောက် ဒေါသမှ ဝမ်းနည်းကြေကွဲမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမက အလွန်ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပြီး ၁၀ ရက်အတွက် ကောင်းမွန်ရန် လုံးဝမဖြစ်နိုင်ပေ ။ စီးချင်းထိုးပွဲက အရှုံးဖြင့် အဆုံးသတ်သွားမည်မှာ သေချာသလောက်ရှိသည်။

------

ထိုအချိန်တွင် ကျင်းလီက အစေခံများယူလာသော ရွှမ်းဟွမ်တားမြစ်နယ်မြေအကြောင်း ဖတ်ရှုနေ၏ ။

ကျိယွမ်ထံမှ ရွှမ်းဟွမ်အကြောင်းပြောဆိုသည်ကိုကြားပြီးနောက် သူမသည် ၎င်းကိုစိတ်ဝင်စားလာခဲ့သည်။

ဒေါလေးချင်က အလွန်ပြင်းထန်သောဒဏ်ရာရရှိထားသည်။ လာမည့် ၁၀ ရက်အတွင်း နန်ဖန်းတိုင်းပြည်၏ အိမ်ရှေ့စံရောက်ရှိလာမည်ဖြစ်ပြီး ၎င်း၏မင်းဆရာသည် ဒေါ်လေးချင်နှင့်တိုက်ခိုက်မည်ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်ပါကသူမ၏ကံကြမ္မာသည် အန္တရာယ်ကျရောက်နိုင်သည်။

လွန်ခဲ့သောဆယ်နှစ်က သူမ၏ဖခင်ကွယ်လွန်ပြီး သူမနန်းတက်စအချိန်တွင် နန်ဖန်းတိုင်းပြည်က နယ်စပ်တွင် စစ်သည် ၂၀၀၀၀၀ ချထားကာ နန်းကန်တိုင်းပြည်ကို ဝင်ရောက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

အမတ်ချုပ်ကြီး စစ်မာတျန်းက နယ်စပ်သို့သွားရောက်ကာ တိုင်းပြည်ကိုယ်စား ထိုနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။

ဤသဘောတူညီချက်သည် ကျင်းလီအတွက် အားနည်းချက်တစ်ခု ဖြစ်လာခဲ့သည်။ အကယ်၍ ပြိုင်ပွဲတွင်ရှုံးနိမ့်ပါက သူမသည် နန်ဖန်းတိုင်းပြည်၏ အိမ်ရှေ့စံနှင့်လက်ထပ်ရမည်ဖြစ်သည်။ ဧကရီတစ်ဦးသည် တိုင်းတစ်ပါးမှ မင်းသားတစ်ဦးနှင့် မည်သို့လက်ထပ်နိုင်မည်နည်း။

ဤသည်မှာ အမတ်ချုပ်ကြီး၏ ကောက်ကျစ်သော ထောင်ချောက်ပင်ဖြစ်သည်။

လက်ရှိတွင် ဒေါ်လေးချင်သည် အကြီးအကျယ်ဒဏ်ရာရရှိထားသည်။ ဤပြိုင်ပွဲကိုအနိုင်ရရန်ဆိုလျှင် သူမ၏ဒဏ်ရာများ ပျောက်ကင်းရန် မဖြစ်မနေလိုအပ်နေသည် ။

တားမြစ်နယ်မြေလေးခုတွင် စိတ်ဝိညာဉ်ရတနာများစွာရှိပြီး အလွန်ရှားပါးသော

ဒဏ်ရာကုသဆေးပင်များလည်း ပေါများ၏ ။သူမဖတ်နေသော မှတ်တမ်းများက ထိုအရာများကို ပြည့်စုံစွာဖော်ပြထားသည် ။

"ကိုးပွင့်နတ်သမီးပိုးချည်ဆေးပင်"

ထိုအပင်အကြောင်းကို ဖတ်မိသွားသည့်အခါ သူမစိတ်လှုပ်ရှားသွားသည်။ ရှေးဟောင်းမှတ်တမ်းများအရ ရွှမ်းဟွမ်တားမြစ်နယ်မြေတွင် ကိုးပွင့်နတ်သမီးပိုးချည်ဟုခေါ်သော စိတ်ဝိညာဉ်ဆေးပင်တစ်မျိုးရှိသည်။ ဤဆေးပင်သည် ကွဲပြားသောရနံ့ကိုးမျိုးထုတ်လုပ်သော ပွင့်ဖတ်ကိုးခုရှိပြီး ဧကရာဇ်အဆင့်ဆေးဘက်ဝင်ပင်ဟုခေါ်ဆိုသည်။

"တကယ်လို့ ဒေါ်လေးချင်သာ ဒီဆေးပင်ရလိုက်ရင် ဒဏ်ရာပျောက်ရုံသာမကဘူး ဧကရာဇ်အဆင့်ကိုတောင် ချိုးဖြတ်နိုင်လိမ့်မယ် "

ကျင်းလီ စဉ်းစားနေသည်။ အကယ်၍ ဧကရာဇ်အဆင့်မကောင်းဆိုးရွားများမရှိပါက ဘုရင်အဆင့်မကောင်းဆိုးရွားများကိုသာ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ပြီး သူတို့သည် လျှို့ဝှက်စွာဝင်ရောက်ကာ ဆေးပင်ကိုသိမ်းဆည်းနိုင်သည်။

ပြဿနာမှာ တားမြစ်နယ်မြေလေးခုစလုံးတွင် မတူညီသောတားမြစ်ချက်များရှိသည်။ ရွှမ်းဟွမ်၏ အခက်ခဲဆုံးတားမြစ်ချက်မှာ ဝင်ရောက်ခွင့်ဖြစ်သည်။

"ရွှမ်းဟွမ်ထဲကို ဝင်ရောက်နည်းက ဘယ်မှတ်တမ်းမှာ ရှာမတွေ့ဘူး ၊ ဘယ်လိုလုပ်ရမလဲ ၊ ကျိယွမ်ပြောသလို လှေကားယူပြီး ဝင်လိုက်ရုံဆို ကောင်းမှာ "

ကျိယွမ်အကြောင်းကို စဉ်းစားမိသောအခါ ကျင်းလီလှပနုထွေးသောနှုတ်ခမ်းပါးလေးတွင် အပြုံးတစ်ခုပေါ်လာသည်။

ကျိယွမ်ပြောခဲ့သောနည်းလမ်းမှာ အလွန်မဖြစ်နိုင်သလောက်ရှိသည် ။ ယုတ္တိလည်း လုံးဝမရှိချေ ။

သို့သော် ကျိယွမ်က သူမအားလှည့်စားရန်လည်း အကြောင်းမရှိဟု တွေးမိပြန်သည် ။ ကျင်းလီက ကျိယွမ်အား ယုံကြည်မိနေ၏ ။ မဟုတ်လျှင် သူမက အဘယ်ကြောင့် အစေခံများအား ရွှမ်းဟွမ်အကြောင်း အချက်အလက်များ စုဆောင်းခိုင်းနေမည်နည်း ။

သူမက ကျန်နေသောစာအုပ်များကို သေချာစွာ ဖတ်ကြည့်ပြန်သည် ။ သို့သော်လည်း ရွှမ်းဟွမ်ထဲသို့ ဝင်ရောက်ရန်နည်းလမ်းကို ဖော်ပြထားခြင်းမရှိပေ ။

ရုတ်တရက်သူမသည် စာပိုဒ်တစ်ခုကိုမြင်တွေ့ပြီး အသံထွက်ဖတ်လိုက်သည်-

"ရွှမ်းဟွမ်တွင် မြေခွေးအမြီးရှိပြီး စုတ်တံနှင့်တူသော အမည်မသိသတ္တဝါတစ်ကောင်ရှိသည်၊ ရူးသွပ်ပြီး စိတ်ရှုပ်ထွေးကာ ညဘက်အချိန်၌ တိုက်ခိုက်ရခြင်းကို နှစ်သက်သည်။"

ကျင်းလီ ငေးငိုင်သွားသည်။

ကျိယွမ်၏ ယခင်စကားများက သူမ၏ စိတ်ထဲပေါ်လာသည်- စိတ္တဇစုတ်တံ ၊ အလွန်လျှို့ဝှက်သည်၊ ညဘက်တွင် အသွင်ပြောင်းပြောင်းလဲကာ လူများကိုတိုက်ခိုက်ရသည်ကို နှစ်သက်သည်။

"ဒီထဲကဟာနဲ့ ကျိယွမ်ပြောတာနဲ့ တူများနေမလား "

သူမ၏ စိတ်ထဲတွင် မရေတွက်နိုင်သော အတွေးများ ဖြတ်သန်းသွားသည်။

ယခုသူမဖတ်နေသော မှတ်တမ်းကို ချန်ထားခဲ့သော အထွတ်အထိပ်ဧကရာဇ်အဆင့်ကျွမ်းကျင်သူသည် နန်းကန်တိုင်းပြည်၏ မြင့်မြတ်သော ကာကွယ်သူတစ်ဦးဖြစ်ခဲ့သည်။ ထို့အပြင် ဤမှတ်တမ်းမှာ တော်ဝင်စာကြည့်တိုက်တွင်အမြဲရှိနေပြီး အပြင်လူများ ဖတ်ခွင့်မရှိပါ ။

ထိုသို့ဆိုလျှင် ကျိယွမ်က မည်သို့သိနေသနည်း။ သူသည်လည်း တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်နေသလား ။

ကျင်းလီ၏ စိတ်များ လှုပ်ခတ်သွားသည်။

"မဟုတ်ဘူး ၊ သူက အဲဒီသတ္တဝါကို စိတ္တဇစုတ်တံလို့ ခေါ်တဲ့အကြောင်းပါ သိနေတာ ၊

ဒါ -- ဒါဆိုရင် သူကတကယ်ပဲ ရွှမ်းဟွမ်ထဲကို ရောက်ဖူးတာလား "

ကျင်းလီသည် သူမ၏အလွန်လှပသောလက်ကလေးများဖြင့် ကျောက်စိမ်းပြားကို ထုတ်ယူကာ မက်ဆေ့ချ်ပို့လိုက်သည်။

"ကျိယွမ် ရှင်တကယ်ပဲ ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကို ဝင်ဖူးတာလား ၊ လှေကားပါရုံနဲ့ ဝင်လို့ရတယ်ဆိုတာလေ အဲဒါ တကယ်လား ၊ ကျွန်မ ရွှမ်းဟွမ်ထဲကို အရေးတကြီးဝင်ဖို့ လိုအပ်နေလို့ပါ "

ကျိယွမ်က တစ်ခါတလေ ပေါ့ပေါ့ပါးပါးပြောဆိုလေ့ရှိသည် ။ ထို့ကြောင့် မေးခွန်းကို လေးနက်စွာဖြေစေရန် သူမအကြောင်းကိုပါ ထည့်ပြောလိုက်ခြင်းဖြစ်သည် ။ သူကသာ အလေးအနက်မထားဘဲ ဖြေလိုက်ပါက သူမ၏ဘဝက ဆုံးရှုံးမှုကြီးမားသွားနိုင်သည် ။

သို့သော် မက်ဆေ့ချ်ပို့ပြီးနောက်အတန်ကြာအထိ ကျိယွမ်ထံမှ ပြန်စာရောက်မလာခဲ့ပါ ။

"ကံဆိုးတာပဲ ၊ ရိကွမ်းတားမြစ်နယ်မြေက အရမ်းဝေးနေလို့ဖြစ်မယ် ၊ မဟုတ်ရင်တော့ --- ထားပါတော့လေ "

ကျင်းလီ သက်ပြင်းချမိသွားသည် ။ သူက၏ လက်ချောင်းဖြူဖြူလေးများဖြင့် ကျောက်စိမ်းပြားကို တဒေါက်ဒေါက်ခေါက်ကာ အတွေးနက်နေ၏ ။

ခဏကြာသောအခါ သူမ၏မျက်လုံးများတွင် ခိုင်မာသောဆုံးဖြတ်ချက်များဖြစ်ပေါ်လာသည်။

"ထွက်ခွာဖို့ ပြင်ထားလိုက် ။ မနက်ဖြန် ငါဧကရီ နန်းတော်က ထွက်ခွာမယ် "

သူမအတွက် အချိန်က သေရေးရှင်းရေးဖြစ်နေသည်။ မနက်ဖြန်နန်းတော်မှထွက်ခွာပြီး ရွမ်းဟွမ်တားမြစ်နယ်မြေသို့ သွားရောက်ရန် ဆုံးဖြတ်ရုံမှလွဲ၍ အခြားနည်းလမ်းမရှိတော့ ။ သူမတွင် အမှန်တကယ်ပင် အခြားရွေးချယ်စရာ မရှိဖြစ်နေလေပြီ ။ မြို့တော်တွင် ဘာမှမလုပ်ဘဲ ထိုင်နေခြင်းသည် သေခြင်းကိုစောင့်စားနေခြင်းနှင့် တူ၏ ။

သူမသည် နောက်ထပ် အမိန့်တစ်ခုထုတ်လိုက်သည်။

"တပ်သားတစ်ဖွဲ့ကို ရိကွမ်းနယ်မြေကို လွှတ်ပြီး အနှောက်အယှက်ရှိမရှိ စစ်ဆေးခိုင်းလိုက် "

ကျိယွမ်က သူသည် ရိကွမ်း သို့သွားမည်ဟုပြောခဲ့သည်။ အကယ်၍ ကျိကွမ်က သူမထင်ထားသလို စွမ်းအားကြီးမားသူဖြစ်ပါက ရီကွမ်းတားမြစ်နယ်မြေတွင် သေချာပေါက် ထူးခြားမှုများရှိမည်မှာ သေချာသည် ။

ထိုအချိန်၌ ကျိယွမ်သည် ရိကွမ်းတားမြစ်နယ်မြေသို့ ရောက်နေ၏ ။ သူ၏ဝင်းလက်သော ဓါးကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လျှက် သူရင်ဆိုင်နေရသော ထူးဆန်းသည့် မကောင်းဆိုးရွားများကို ထိတ်လန့်စွာ ကြည့်နေလေသည် ။

---

All Chapters