← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

ပတ်ပတ်လည်ရှိ သတင်းထောက်များမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။

သူတို့ဟည် ဆီလီကွန်ကို နှစ်စက္ကန့်ကြာ စိုက်ကြည့်နေပြီးနောက် ယဲ့ရှီဝမ်၏ ပြားချပ်နေသည့်ဗိုက်ကို နှစ်စက္ကန့်ကြာ ကြည့်လိုက်ကြသည်။

အမြန်ရိုက်လိုက်၊ ဒါက နောက်ဆုံးသတင်းပဲ၊ ဒါက ကိုယ်စားမွေးခြင်းရဲ့ ခိုင်မာတဲ့ သက်သေပဲ။

ဖလက်ရှ်မီးများက ထပ်ပိတ်သွားသည်။

ယဲ့ရှီဝမ်က လုံးဝရှုပ်ထွေးသွားပြီး ဆီလီကွန်ဗိုက်ကို အလျင်အမြန် ကောက်ယူချင်ခဲ့သည်။

သို့သော် သူမက ဆီလီကွန်ကို ကောက်ယူလိုက်သည့်အခါ သူမ၏ ဗိုက်ထဲသို့ ပြန်ထည့်၍မရပေ။ သူမ၏ လက်ထဲတွင်လည်း ကိုင်ထား၍မရချေ။

သူမ အရမ်းစိုးရိမ်လွန်း၍ ငိုချင်နေခဲ့သည်။

ဤအချိန်မှာ အပေါ်ကုတ်အင်္ကျီတစ်ထည်မှာ အပေါ်မှ ကျလာပြီး ယဲ့ရှီဝမ်၏ ခေါင်းပေါ်၌ တင်လိုက်သည်။

ယဲ့ရှီဝမ်က မော့ကြည့်လိုက်ပြီး ဟန်ကျားလင်း၏ မျက်နှာကို ကြည့်လိုက်သည်။

အမျိုးသားတွင် ပြတ်သားသော မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်လုံးများ ရှိသည်။ ရှုပ်ထွေးမှုထဲမှာ သူက တည်ငြိမ်နေသည့်ပုံ ပေါက်ပြီး လူများကို စိတ်ငြိမ်သက်မှုတစ်ခု ပေးသည်။

"ဝမ်ဝမ်၊ ကိုယ် မင်းကို ခေါ်သွားမယ်"

ဟန်ကျားလင်းက ယဲ့ရှီဝမ်ကို ကာကွယ်ပြီး ပြင်းထန်သော သတင်းထောက်များကြားမှ ဖြတ်သွားသည်။ သတင်းထောက်များက ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်ကို ဝိုင်းထားပြီး သူတို့ကို ထွက်မသွားစေသော်လည်း ဟန်ကျားလင်းက မော့ကြည့်လိုက်ပြီး သူ၏ ပြင်းထန်သည့် မျက်လုံးများက သူ့ပတ်ဝန်းကျင်ရှိ သတင်းထောက်များကို တုန်လှုပ်သွားစေသည်။

ယဲ့ရှီဝမ်က အကျဘက်ရောက်နေပေမယ့် ဟန်ကျားလင်းမူကား ထိပ်တန်းချမ်းသာသည့် သူ၏သားဖြစ်နေဆဲပင်။

အာဏာရှင် ဥက္ကဌနဲ့ မကစားတာက ပိုကောင်းတယ်၊ မကစားတာက ပိုကောင်းတယ်။

သတင်းထောက်များနှင့် ပါပါရာဇီများက ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်အတွက် လမ်းဖွင့်ပေးပြီး သူတို့ ထွက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သိပ်မဝေးသည့်နေရာ၎၌ ရှချန်းချန်းက ဤအရာအားလုံးကို ကြည့်နေခဲ့သည်။

ကော့တန် ဦးဆောင်သော သတင်းထောက်များကို သူမက ဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

သူမက အမြဲတစေ ကြီးမားသောသတင်းများကို ဖော်ထုတ်ခဲ့ပြီး အခြား marketing accountsများကို လမ်းစမရှိအောင် ထားခဲ့သည်။ ရေရှည်တွင်မူ ဤ marketing accounts များက မကျေနပ်ချက်များ ရှိလာမည်ကို ရှောင်လွှဲ၍မရပေ။

တစ်စုံတစ်ယောက်ကို ရိုက်လျှင် သူ့ကို ချိုသောရက်စွဲတစ်ခု ပေးရမည်ပင်။

ရှချန်းချန်က လိမ်ညာသူများကို ဖော်ထုတ်သူ၏ နာမည်ဖြင့် ကော့တန်၏ marketing account ဖြစ်သော Entertainment Myna သို့ မက်ဆေ့ခ်ျ ပို့ရန် စနစ်ကို တောင်းဆိုခဲ့သည်။ ပရဟိတညစာစားပွဲသို့ ခိုးဝင်ပြီး ဓာတ်ပုံရိုက်ခွင့် ပေးခဲ့သည်။

အတူတူ ပိုက်ဆံရှာဖို့ traffic ရှိတယ်၊ traffic ကြီးက traffic ငယ်ကို မောင်းနှင်ပြီး အတူတူ နာမည်ကြီးလာတယ်။

ကံကောင်းစွာနှင့် ကော့တန်နှင့် သူ့အဖွဲ့က ယဲ့ရှီဝမ်နှင့် ဟန်ကျားလင်းတို့၏ လက်ထပ်ခွင့်တောင်းမှု၏ အရှက်ရစရာ မြင်ကွင်းကို ရိုက်ကူးနိုင်ရုံသာမက ယဲ့ရှီဝမ်၏ ဗိုက်ထဲတွင်ရှိသည့် ဆီလီကွန်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့ စပရိုက်လဲ။

စနစက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် ပြောလာသည်။

“Host... မင်းက ယဲ့လျူဖန်းအတွက် သဘာဝမွေးဖွားတာကနေ ခွဲစိတ်မွေးဖွားတာကို ပြောင်းလဲဖို့ ရှယုံဒယ်က လက်မှတ်ထိုးထားတဲ့ ခွဲစိတ်မှုအတည်ပြုချက်ကို တမင်တကာ ထုတ်ပြန်ခဲ့တယ်၊ ယဲ့ရှီဝမ်နဲ့ ရှယုံဒယ်တို့က ဖခင်နဲ့သမီးအရင်းဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူတွေကို လှည့်စားခဲ့တယ်၊ ဒါပေမဲ့ တကယ်တမ်းမှာ သူတို့က မဟုတ်ဘူး"

မှန်သည်။ ရှချန်းချန်း ဤသက်သေကို ထုတ်ပြန်ခဲ့သည့်အခါ သူမက ဘာစာသားမှ မတွဲခဲ့ပေ။ အင်တာနက်အသုံးပြုသူများကို အမျိုးမျိုးတွေးခေါ်ခွင့် ပေးခဲ့သည်။

ဒါက တကယ်တမ်းမှာတော့ လှည့်စားမှုတစ်မျိုးပဲ။

ဤသက်သေအထောက်အထားအရ လက်ရှိ တစ်ခုတည်းသော ဦးတည်ချက်က ရှယုံဒယ်နှင့် ယဲ့လျူဖန်းတို့က အချိန်အတော်ကြာကတည်းက သံယောဇဉ်ရှိခဲ့ပြီး သူက ဖခင်တစ်ယောက်အနေနှင့် ယဲ့ရှီဝမ်၏ မွေးဖွားခြင်းကို သက်သေခံခဲ့သည်ပင်။

သို့သော် ရှယုံဒယ်နှင့် ယဲ့ရှီဝမ်တို့ DNA စစ်ဆေးမှုလုပ်သရွေ့ ဤနှစ်ယောက်ကြားက ဆက်ဆံရေးက အလိုလို ပျက်သွားလိမ့်မည်ပင်။

ရှယုံဒယ်နှင့် ယဲ့ရှီဝမ်က ဖခင်နှင့်မီးအရင်းမဟုတ်ကြောင်း သိပြီးနောက် ရှချန်းချန်းက ဝတ္ထုကို ထပ်ဖတ်ကြည့်လိုက်သောအခါ ဝတ္ထုတွင် ယဲ့လျူဖန်း၌ အစောပိုင်းကာလများတွင် ရည်းစားတစ်ယောက်ရှိခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့လိုက်ရသည်။ နောက်ပိုင်းတွင် သူမ၏ ရည်းစားက အရက်သောက်ခြင်းကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ပြီး ယဲ့လျူဖန်းက ရှယုံဒယ်နှင့် ပေါင်းခဲ့သည်။

ဘာမျှ မမျှော်လင့်ထားသည့်အရာ မဖြစ်ခဲ့လျှင် အရက်သောက်ခြင်းကြောင့် ရုတ်တရက် သေဆုံးသွားသည့် အမျိုးသားက ယဲ့ရှီဝမ်၏ ဖခင်အရင်းဖြစ်သည်။

သို့သော် ရှယုံဒယ်က ဤသည်ကို ဘယ်သောအခါမှ မသိခဲ့ချေ။ ယင်းအစား သူက ယဲ့လျူဖန်းကို သူ၏ လရောင်ဖြူလေးအဖြစ် အလိုလိုက်ခဲ့ပြီး သူတို့၏ "အချစ်သစ်သီး" ကို မွေးဖွားသည့်အခါ သူမနှင့် အတူရှိနေခဲ့သည်။

ဝတ္ထုက ဤအကြောင်းအရာကို ဖော်ပြသည့်အခါ အလွန်နွေးထွေးခဲ့သည်။ အဓိကအားဖြင့် ရှယုံဒယ်နှင့် ယဲ့လျူဖန်းတို့က အချစ်စစ်ဖြစ်သည်ကို ပြသရန်ပင်။

သို့သော် ရှယုံဒယ်က ခွဲစိတ်မှုအတွက် သဘောတူညီချက်ပုံစံကို လက်မှတ်ထိုးခဲ့သည့် အသေးစိတ်အချက်အလက်များက ယဲ့ရှီဝမ်ကို ဖြုတ်ချရန်အတွက် ရှချန်းချန်း၏ အကောင်းဆုံးလက်နက် ဖြစ်လာခဲ့သည်။

ဝတ္ထုကို ဖတ်ပြီးနောက် ရှချန်းချန်းသည် ယဲ့လျူဖန်း မွေးဖွားခဲ့သည့် ပုဂ္ဂလိကဆေးရုံကို ဝယ်ယူရန် စနစ်ကို ချက်ချင်းတောင်းဆိုခဲ့ပြီး ခွဲစိတ်မှုအတည်ပြုချက်ပုံစံကို ရယူခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဟန်ကျားလင်းသည် ယဲ့ရှီဝမ်ကို လက်ထပ်ခွင့်တောင်းပြီးနောက် ဤသက်သေအထောက်အထားကို ဖော်ထုတ်ခဲ့သည်။

"ဒီကမ္ဘာမှာ ရှယုံဒယ်နဲ့ ယဲ့ရှီဝမ်တို့က သားအဖ အရင်းမဟုတ်ဘူးဆိုတာ ယဲ့လျူဖန်းပဲ သိတယ်"

ရှချန်းချန်းက ပြောသည်။

“ယဲ့လျူဖန်းက အမှန်တရားကို ပြောပြလိမ့်မယ်လို့ မင်းထင်လား”

…

ရှမိသားစု၏ ဧည့်ခန်းထဲတွင်။

ယဲ့လျူဖန်းက သတင်းဖတ်ရန်အတွက် ရံဖန်ရံခါ အွန်လိုင်းတက်သည်။ သူမသည် ရှယုံဒယ်က ယဲ့လျူဖန်း၏ ခွဲစိတ်မှုအတွက် သဘောတူညီချက်ပုံစံကို လက်မှတ်ထိုးခဲ့သည်ဆိုသည့် ဘလော့ပို့စ်ကို တွေ့သည့်အခါ ယဲ့လျူဖန်း အံ့အားသင့်သွားသည်။

ယဲ့ရှီဝမ်က မည်သူ့ကလေးလဲဆိုသည်ကို သူမက မည်သူ့ထက်မဆို ကောင်းကောင်း သိသည်။

ရှယုံဒယ်ရဲ့ မတတ်နိုင်မှု မရှိခဲ့ရင် ငါက..။

ဤလျှို့ဝှက်ချက်ကို အနှစ် ၂၀ ကျော် ထိန်းသိမ်းထားခဲ့သည်။ သူမက မည်သူ့ကိုမှ မပြောခဲ့ပေ။ မည်သူ့ကိုမှ ပြောရန် မဝံ့ရဲခဲ့ပေ။

အခုဆိုရင် လိမ်ညာသူများကို ဖော်ထုတ်သူလို့ ခေါ်တဲ့ marketing account က ဒီခွဲစိတ်မှုအတွက် သဘောတူညီချက်ပုံစံကို တကယ်တမ်း ဖော်ထုတ်ခဲ့တယ်၊ လူအများစုကို ဒီနှစ်ဦးက သားအဖအရင်းဖြစ်တယ်လို့ ထင်အောင် လှည့်စားခဲ့တယ်။

ဒါက ရှင်းရှင်းလင်းလင်း မှားယွင်းနေတယ်။

သူက ဝမ်ဝမ်ကို တမင်တကာ စွပ်စွဲဖို့ ကြိုးစားနေတာ။

အခု ရှယုံဒယ်နဲ့ ယဲ့ရှီဝမ်တို့ DNA ကို ထပ်မံစစ်ဆေးသရွေ့တော့ ကောလာဟလတွေ ပျက်ပြယ်သွားလိမ့်မယ်။

ဒါပေမဲ့…

ယဲ့လျူဖန်းက သူမ၏ နှလုံးသားထဲတွင် ရုတ်တရက် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ငါက ယဲ့ရှီဝမ်နှင့် ရှယုံဒယ်တို့က ဖခင်နဲ့သမီးအရင်းမဟုတ်ဘူးဆိုတာ တကယ်တမ်း ထုတ်ဖော်လိုက်ရင် ရှယုံဒယ်က ငါ့ကို လွှတ်ပေးပါ့မလား။

ရှယုံဒယ်က အမျိုးသမီးတွေကို စွဲလန်းတဲ့ အမျိုးသားမဟုတ်ဘူး။ အာဏာကပဲ သူ့နှလုံးသားထဲမှာ ရှိတဲ့ တစ်ခုတည်းသောအရာက အရာပဲ။ မဟုတ်ရင် သူ ရှပိုင်လုကို အဲလိုဆက်ဆံမှာ မဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူက ရှပိုင်လုနဲ့အတူ ကြီးပြင်းခဲ့တာ။ သူက ရှပိုင်လုကို အဲလိုလုပ်နိုင်ခဲ့ရင် ငါ့လို မယားငယ်ကိုဆိုရင်ရော ဘာပြောစရာ ရှိတော့မလဲ။

သူသာ ယဲ့ရှီဝမ်က သူ့ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာ သိခဲ့ရင် ငါ့ကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး၊ ယဲ့ရှီဝမ်ကိုဆိုရင် ပိုပြီးတောင်မှပဲ။

ယဲ့လျူဖန်းက သူမက ဤလျှို့ဝှက်ချက်ကို ဘယ်သောအခါမှ မပြောနိုင်ဘူးဆိုသည်ကို နားလည်ခဲ့သည်။ သူမက ဤလျှို့ဝှက်ချက်ကို ခေါင်းတလားထဲသို့ ရောက်သည်အထိ သူမနှင့်အတူ ဆောင်ထားရမည်ပင်။

လေလံပွဲတွင် ယဲ့ရှီဝမ်ကို ဟန်ကျားလင်းက ခေါ်သွားခဲ့ပြီးပြီပင်။ လုံခြုံရေးအစောင့်များက ဧည့်ခန်းကို ရောက်လာပြီး သတင်းထောက်များနှင့် ပါပါရာဇီများကို ထွက်ခိုင်းရန် စီစဉ်ပေးခဲ့သည်။

ရှချန်းချန်းက ဧည့်သည်နှင့်အတူအတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် သူမက ထွက်ပေါက်ကို ရောက်သည်နှင့် လုယန်ရန်ကို တွေ့လိုက်ရသည်။

လုယန်ရန်၏ မျက်လုံးများက အနည်းငယ်နီနေပြီး ရှချန်းချန်းကို ကြည့်နေပြီး စကားပြောရန် ချီတုံချတုံဖြစ်နေသည်။

ရှချန်းချန်း: ???

မစ္စလု တကယ် ငိုခဲ့တာလား၊ ဘယ်ကောင်ဆိုးက ဒီလောက်ရဲရဲတင်းတင်းနဲ့ မစ္စလုကို အနိုင်ကျင့်ရတာလဲ။

သို့သော် လုယန်ရန်က တစ်ကြိမ်လျှင် နှစ်လှမ်းစာလှမ်းပြီး ရှေ့သို့ လျှောက်လာသည်။ သူမ၏ မျက်လုံးနီနီများနှင့် ရှချန်းချန်းကို စိုက်ကြည့်နေသည်။

ရှချန်းချန်း ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ရှချန်းချန်း တစ်ခါမျှ မမြင်ဖူးသည့် လုယန်ရန်က ရုတ်တရက် လက်ဆန့်ပြီး ရှချန်းချန်းကို ပွေ့ဖက်လိုက်သည်။

ရှချန်းချန်း: !!!

"ဝူး... ရှချန်းချန်း၊ နင်က အရမ်းသနားစရာကောင်းတာပဲ"

လုယန်ရန်က မျက်ရည်များကျလာသည်။

“ရှယုံဒယ်က တကယ်တော့ ပျက်စီးနေတဲ့ သခွားသီးတစ်လုံးဖြစ်တာကို တွေ့လိုက်ရတယ်၊ နင် ရှမိသားစုမှာ တစ်ယောက်တည်းနေရတာ အရင်က အရမ်းစိတ်မသက်မသာဖြစ်ခဲ့မှာ သေချာတယ်၊ ငါက နင်နဲ့ အမြဲပြိုင်ခဲ့တာ၊ ငါ တောင်းပန်ပါတယ်"

ရှချန်းချန်းက တစ်ခဏတာ အံ့အားသင့်သွားသည်။

လုယန်ရန်... သူက ငါ့ကို ဂရုစိုက်နေတာလား။

သူမက သူမ၏နှလုံးသားထဲတွင် ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ရှချန်းချန်းက မူလက ဤသည်များအားလုံးက အတိတ်ကအရာများသာဖြစ်သည်ဟု ဖြေရန် ရည်ရွယ်ခဲ့သည်။

သို့သော် စဉ်းစားကြည့်ပြီးနောက် သူမက ဤအဖြေကို မူရင်းပိုင်ရှင်အတွက် တကယ်မလုပ်ပေးနိုင်ခဲ့ပေ။

ထို့ကြောင့် လုယန်ရန်က သူမ၏ လက်ကို လွှတ်ပေးပြီးနောက် ရှချန်းချန်းက လုယန်ရန်ကို ကြည့်ပြီး အလေးအနက် ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး ငါတို့ကြားက အငြင်းပွားမှုက သေးသေးလေးပဲလေ၊ ပြီးတော့ လုယန်ရန် ကျေးဇူးတင်ပါတယ်"

လုယန်ရန်က ရှချန်းချန်းကို ကြည့်လိုက်သည်။ သူမက အလွန်အလေးအနက်ရှိပြီး သူမ၏ နူးညံ့သည့် ဗာဒံမျက်လုံးများက နွေဦးရေကဲ့သို့ပင် တောက်ပနေသည်။

ဝိုး၊ ရှချန်းချန်းက တကယ်ချစ်စရာကောင်းတာပဲ။

သူက ငါ မြင်ဖူးသမျှ အမျိုးသမီးကြယ်ပွင့်တွေထက်တော် ပိုလှတယ်။

ဒီလူဆိုးနှစ်ယောက်ဖြစ်တဲ့ ရှယုံဒယ်နဲ့ ယဲ့ရှီဝမ်တို့က ဒီလိုလှတဲ့ မိန်းကလေးကို အနိုင်ကျင့်နေခဲ့တာပေါ့။

ဒီလိုလှတဲ့ မိန်းကလေး၊ ငါက သူနဲ့ သူငယ်ချင်းဖြစ်ချင်ရုံပဲ။

လုယန်ရန်၏ မျက်နှာက နီရဲလာသည်။

သူမက နှာကို လျင်မြန်စွာမှုတ်ပြီး သူမ၏ မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်သည်။

“ငါ..ငါ နင့်ကို ဂရုမစိုက်ဘူး၊ ငါ နင့်အပေါ် ကောင်းဖို့ ကြိုးစားနေတာမဟုတ်ဘူး ငါ နင့်ကို အမုန်းဆုံးပဲ၊ ငါက မယားငယ်တွေကို မခံနိုင်ရုံပဲ၊ ဟုတ်တယ် ငါ မယားငယ်တွေကို မကြည့်ချင်ရုံပဲ၊ ရှချန်းချန်း နင်က ယဲ့ရှီဝမ်ကို ဒီလောက် မိုက်ရိုင်းအောင် နေခွင့်မပြုသင့်ဘူး၊ ဒီလိုမကောင်းတဲ့အရာကို ရှက်စရာကောင်းတဲ့တိုင်မှာ တပ်ဆင်ထားသင့်တယ်"

ရှချန်းချန်းက ပြုံးလိုက်သည်။

“ငါ နားလည်ပါတယ်၊ သတိပေးလို့ ကျေးဇူးတင်ပါတယ်"

လုယန်ရန်က အံ့အားသင့်သွားသည်။

သူက ငါ့ကို ပြုံးပြတယ်။

ဒီလိုလှတဲ့ မိန်းကလေးက ငါ့ကို ပြုံးပြနေတယ်။

လုယန်ရန်၏ မျက်နှာက ချက်ချင်း ပိုနီရဲလာသည်။

သူမက သူမ၏ ခေါင်းကို လျင်မြန်စွာ လှည့်လိုက်သည်။

"ငါ..ငါ အိမ်ပြန်တော့မယ်၊ မနက်ဖြန် နောက်ထပ်ကြေညာချက်တစ်ခု ရှိသေးတယ်၊ bye"

ဤသို့ပြောပြီးနောက် လုယန်ရန်က အလျင်အမြန် ထွက်သွားသည်။

သူမ၏ နောက်မှ ရှချန်းချန်းက လုယန်ရန်၏ ကျောကို ကြည့်ပြီး မရယ်ပဲ မနေနိုင်ခဲ့ပေ။

"မစ္စလု၊ နင်က အတော်လေး ချစ်စရာကောင်းတာပဲ"

လုယန်ရန် ပျောက်ကွယ်သွားမှသာ ရှချန်းချန်းက သူမ၏မျက်နှာပေါ်က အပြုံးကို ဖယ်လိုက်ပြီး စနစ်ကို နှိပ်လိုက်သည်။

“ထောင်ဇီ၊ ဟန်ကျားလင်းနဲ့ သူ့သူငယ်ချင်းတွေ ဟန်မိသားစုကို ရောက်ပြီလား"

“ရောက်ခါနီးပြီ"

စနစ်၏ စက်အသံက ထွက်ပေါ်လာသည်။

“ငါ သူတို့ရဲ့ ကားကင်မရာကို ဟက်ခဲ့တယ်၊ သူတို့ ဟန်မိသားစုကို ရောက်ဖို့ ဆယ်မိနစ်အောက်ပဲ လိုတော့တယ်"

ရှချန်းချန်း: "မစ္စဟန်ကို မုန့်ရှင်းရဲ့ လိပ်စာ ပေးခဲ့ပြီးပြီလား”

“သေချာတာပေါ့"

စနစ်၏အသံက အပေါ်အောက် ခုန်နေသည်။

"ကားတိုက်မှုဖြစ်ပြီးနောက် ယဲ့ရှီဝမ်က မုန့်ရှင်းကို ပြောင်းရွှေ့ခဲ့တယ်၊ ဒါပေမဲ့ ငါတို့ ငှားထားတဲ့ ပုဂ္ဂလိကစုံထောက်က သူ့ကို စောင့်ကြည့်နေခဲ့တယ်လေ၊ ကိုယ်စားမွေးခြင်း ဖရဲသီးကို ထုတ်ပြန်လိုက်တာနဲ့ မင်း တောင်းဆိုခဲ့သလို မစ္စဟန်ကို မုန့်ရှင်းရဲ့ လိပ်စာကို အသိပေးခဲ့တယ်"

ရှချန်းချန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဒါဆို ဟန်မိသားစုရဲ့ ကောင်းတဲ့ ပြပွဲ စတော့မယ်၊ ထောင်ဇီ ငါ့အတွက် ဟန်မိသားစုရဲ့ စောင့်ကြည့်ကင်မရာတစ်ခုကို ဖွင့်ပေး ပြီးတော့ ငါတို့ အိမ်ပြန်ပြီး ဖရဲသီးစားကြမယ်"

စနစ်: "ကောင်းပြီ၊ ပြဿနာမရှိဘူး"

ရှဲ့မိသားစု၏ ပရဟိတ ညစာစားပွဲ ပြီးဆုံးပြီး မကြာမီတွင် ကျန်းချန်မြို့တွင် မိုးသည်းထန်စွာ စတင်ရွာသွန်းလာသည်။

မိုးထဲတွင် အရာအားလုံးက ဝေဝါးပြီး လက်တွေ့မကျဖြစ်သွားသည်။

ဟန်မိသားစု၏ နေအိမ်ကြီး၏ ဝင်ပေါက်တွင် သတင်းထောက်များ ပြည့်နှက်နေသည်။

ဤသည်က ဗီလာဧရိယာမဟုတ်ပဲ ယွမ် သန်း ၂၀၀ ကျော်တန်သည့် အနောက်တိုင်းစတိုင် ဗီလာဟောင်းတစ်ခုဖြစ်ပြီး ကျန်းချန်မြို့၏ အလယ်ဗဟို၌ တစ်ယောက်တည်း တည်ရှိသည်။ နေရာတိုင်း၏ မြေတစ်လက်မကပင် အဖိုးတန်သည်။

ဤသည်က ဟန်မိသားစု မစ္စဟန်၏ နေအိမ်ပင်။

သတင်းထောက်များက တံခါး၌ စုရုံးနေကြ၏။ မိုးကာအင်္ကျီများလည်း ဝတ်ထားကြသည်။ သံခြံစည်းရိုး၏ အက်ကွဲကြောင်းများမှ အတွင်းခြံဝင်း၏ အနည်းငယ်ကိုသာ မြင်နိုင်သည်။

မကြာမီ ဟန်ကျားလင်း၏ Cayenne ကားက ဟန်မိသားစုသို့ ပြန်ရောက်လာသည်။ သတင်းထောက်များက ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်ကို ဓာတ်ပုံရိုက်ချင်သောကြောင့် ချက်ချင်းဝိုင်းလိုက်ကြသည်။ သို့သော် Cayenne ကား၏ မှန်က တစ်ဖက်တည်းဖြစ်ပြီး ကား၏ အတွင်းပိုင်းက မှောင်နေပြီး ဘာမျှ မမြင်ရပေ။

Cayenne ကားက နောက်ဆုံးတွင် ဗီလာ၏ တံခါးဝတွင် ရပ်လိုက်သည်။ သို့သော် အတွင်းသို့ မဝင်ခဲ့ပေ။

ကား၏ နောက်ဘက်ထိုင်ခုံတွင် ဟန်ကျားလင်းက ယဲ့ရှီဝမ်ကို ကာကွယ်ပေးနေခဲ့သည်။ ပြီးနောက် ကားက သူ့အိမ်တံခါးတွင် ရပ်ထားသည်ကို တွေ့လိုက်ရပြီး သူ့မျက်ခုံးမွှေးများက ကြုတ်သွား၏။

"ဦးလေးတယ့်၊ ဘာလို့ ကားကို အတွင်းထဲထိ မမောင်းတာလဲ"

ဟန်ကျားလင်းက အပြင်ဘက်က သတင်းထောက်များကို တစ်ချက်ကြည့်လိုက်သည်။

"လုံခြုံရေးအစောင့်တွေကို ဒီလူတွေကို တားခိုင်းတာ ပိုမကောင်းဘူးလား"

ယာဉ်မောင်းဖြစ်သည့် ဦးလေးတယ့်က အနည်းငယ် စိုးရိမ်နေသည်။

"သခင်လေး၊ အဖွားက ကားကို တံခါးမှာ ရပ်ခိုင်းတာပါ..."

အပြင်တွင် လုံခြုံရေးအစောင့်အချို့က လူ့အုတ်တံတိုင်းကို ဖွဲ့စည်းပြီး သတင်းထောက်များနှင့် ပါပါရာဇီများကို တားဆီးလိုက်ကြသည်။

ဦးလေးတယ့်က ထီးတစ်ချောင်းကို ကိုင်ထားပြီး ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်တို့ကို ကားပေါ်မှ ဆင်းရန် လိုက်ပို့ပေးသည်။

သံခြံစည်းရိုး၏ သံတံခါးမှတစ်ဆင့် ဟန်ကျားလင်းက လုရှုယာနှင့် အဖွားဟန်တို့ အတွင်းခြံဝင်းတွင် ရပ်နေတာကို တွေ့လိုက်ရသည်။

အဖွားအိုဟန်က အသက် ၈၀ ကျော်နေပြီဖြစ်ပြီး ငွေရောင်ဆံပင်များက ပိုးသားကဲ့သို့ စီးဆင်းနေသည်။ သူက တရုတ်သမ္မတနိုင်ငံက cheongsam ကို ဝတ်ထားပြီး ကောင်းစွာချုပ်ထားသည်။ အတွင်းခြံဝင်းတွင် ရပ်နေပြီး သူမ၏ ကျောက တည့်မတ်နေပြီး သူမက အလွန်ကို ကျက်သရေရှိသည်။

"အဖွား..."

ဟန်ကျားလင်း၏ အသံက အနည်းငယ်ခြောက်နေသည်။

"ဘာလို့ ကျွန်တော်တို့ကို ဝင်ခွင့်မပြုတာလဲ"

အဖွားက ငါ့ကို အချစ်ဆုံးသူ မဟုတ်ဘူးလား၊ သူ ဘယ်လိုလုပ် ငါ့ကို အပြင်မှာ ပိတ်ထားနိုင်ရတာလဲ။

အပြင်တွင် မိုးသည်းထန်စွာ ရွာနေဆဲပင်။ မိုးက အဖွားဟန်၏ ခေါင်းပေါ်ရှိ ထီးအောက်၌ ပုလဲလုံးများကဲ့သို့ စီးကျနေသည်။

အဖွားဟန်က သူမ၏မျက်လုံးများကို မြှင့်လိုက်ပြီး ဟန်ကျားလင်း၏ လက်ထဲတွင်ရှိသော ယဲ့ရှီဝမ်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း ၎င်းတို့က ယဲ့ရှီဝမ်ကို စိတ်အေးစေသည်။

"ကျားလင်း၊ မင်း အိမ်ပြန်လာနိုင်တယ်"

အဖွားအိုဟန်က ပြောသည်။

"ဒါပေမဲ့ သူကတော့ မရဘူး"

"အဖွား"

ဟန်ကျားလင်းက သဘောမတူပေ။

"ဝမ်ဝမ်က ကျွန်တော်တို့ ဟန်မိသားစုရဲ့ သွေးသားကို ကိုယ်ဝန်ဆောင်ထားတာ”

"ဟန်မိသားစုရဲ့ သွေးသား"

အဖွားဟန်က လှောင်ပြောင်စွာ ရယ်မောလိုက်သည်။ သူမ၏ အသံက ခြောက်သွေ့နေသည်။ သို့သော် သူမက မိသားစုအကြီးအကဲ၏ မေးခွန်းထုတ်စရာမရှိသော ဩဇာအာဏာ ရှိသည်။ သူမက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး မကြာမီ အစေခံတစ်ဦးက မုန့်ရှင်းကို ခြံထဲသို့ ခေါ်လာသည်။

အဖွားအိုဟန်က မိန့်ရှင်း၏ ဗိုက်ကို လက်ညှိုးထိုးပြသည်။

"မင်းပြောနေတဲ့ သွေးသား၊ ဒါက သူလား"

ဤသည်ကိုမြင်သောအခါ ယဲ့ရှီဝမ်၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး သူမ၏ပခုံးများက တုန်ယင်လာသည်။

ငါ မုန့်ရှင်းကို ကောင်းကောင်း ဖွက်ထားတာကို၊ အဖွားဟန်က ဘယ်လိုလုပ် ရှာတွေ့တာလဲ။

ဖြစ်နိုင်တာက... လွန်ခဲ့တဲ့ တစ်ကြိမ်က ငါ့ကို လှည့်စားတာကို ဖော်ထုတ်ခံရလို့လား။

ဟန်ကျားလင်းကလည်း မုန့်ရှင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။

သူ ယဲ့ရှီဝမ်ကို မည်မျှအပင် ယုံကြည်ခဲ့ပါစေ၊ လေလံပွဲတွင် ယဲ့ရှီဝမ်၏ စကတ်အောက်မှ ဆီလီကွန် ထွက်ကျလာသည်ကို မြင်လိုက်ရသည့်အခါ ယဲ့ရှီဝမ်က ကိုယ်ဝန်အကြောင်း သူ့ကို လိမ်ညာခဲ့သည်ကို သူ သိခဲ့သည်။

သူ လက်မခံနိုင်ခဲ့ချေ။

ဝမ်ဝမ်က အပြစ်အကင်းဆုံးသူဖြစ်နေတာ သိသာနေတာပဲလား။ သူ ဘယ်လိုလုပ် ငါ့ကို လိမ်ညာနိုင်တာလဲ။

သူက သူ့ကိုယ်သူ ဤသည်ကို မစဉ်းစားမိအောင် အတင်းအကျပ် လုပ်ခဲ့ရသည်။

မုန့်ရှင်းကို မမြင်ရသေးခင်အထိပေါ့။

ထိုအားကောင်းသော လှည့်ဖြားခံရခြင်း၏ ခံစားချက်က ထပ်မံပေါ်ပေါက်လာသည်။ တစ်ခဏတာတွင် ဟန်ကျားလင်းက သူ့ဘေး၌ရှိသည့် ယဲ့ရှီဝမ်က လွန်ခဲ့သောနှစ်များစွာက သူ့ကို ကယ်ခဲ့သည့် အနီရောင်စကတ်ဝတ်ထားသော မိန်းကလေးနှင့် ဝေးကွာနေသည်ဟု ခံစားခဲ့ရသည်။

ဟန်ကျားလင်းက ခေါင်းငုံ့ပြီး ဘာမှမပြောပေ။

သို့သော် မစ္စဟန်က မုန့်ရှင်းကို လက်ညှိုးထိုးပြီး ဆက်ပြောသည်။

"ယဲ့ရှီဝမ်၊ နင် တကယ်ကိုယ်ဝန်ရှိခဲ့ရင် နင်နဲ့ နင့်ဖခင်ကြားက ဆက်ဆံရေး ပေါ်လာရင်တောင် ငါတို့ ဟန်မိသားစုက နင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ နင်က ကိုယ်စားမွေးတာကို ရွေးချယ်ခဲ့တယ် ဒါက ငါတို့အတွက် အဆင်ပြေရုံပဲ၊ ဒီကလေးကို ငါတို့ ဟန်မိသားစုက ကောင်းကောင်းဂရုစိုက်မယ် ပြီးတော့ နင်က နင်သွားသင့်တဲ့နေရာကို သွား၊ ငါတို့ ဟန်မိသားစုက နင့်ကို ဘယ်တော့မှ လက်မခံဘူး"

ယဲ့ရှီဝမ် ထိတ်လန့်သွားပြီး အသံပင်ပျောက်သွားသည်။

"ဒါပေမဲ့ ဒါက ကျွန်မရဲ့ကလေး၊ ရှင်တို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ"

ဘေးတွင် လုရှုယာက အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။

“ဒီကလေးမှာ ငါတို့ ဟန်မိသားစုရဲ့ သွေးပါနိုင်တယ်၊ ဒါကြောင့် ငါတို့က သူ့ကို ပြုစုပျိုးထောင်ရမှာ သေချာတယ် ပြီးတော့ နင်က မယားငယ်ရဲ့သမီး၊ နင့်ခန္ဓာကိုယ်ထဲမှာ ညစ်ပတ်တဲ့သွေးတွေ စီးဆင်းနေတာ၊ ဒီကလေးနဲ့ ဟန်မိသားစုကို လက်ထပ်ဖို့ ကြိုးစားနေတုန်းပဲလား၊ အိပ်မက်မက်မနေနဲ့”

ယဲ့ရှီဝမ်က မျက်မှောင်ကြုတ်ပြီး အကူအညီမဲ့နေသည့် ပုံပေါက်နေလေသည်။ သူမက သူမ၏ ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ်ကိုသာ အသုံးပြုနိုင်ခဲ့သည်။ သူမဘေးတွင်ရှိသည့် ဟန်ကျားလင်း၏ အင်္ကျီလက်ကို ဆွဲပြီး သူ့ကို သနားစဖွယ် ကြည့်လိုက်သည်။

"ကျားလင်း..."

ဟန်ကျားလင်းက ငါ့ကို ဒီလောက်ကြိုက်တာ သူ ငါ့ကို သေချာပေါက် ကာကွယ်လိမ့်မယ်။ သူ ငါ့ဘက်မှာ သေချာပေါက် ရပ်တည်လိမ့်မယ်။

ဟန်ကျားလင်းက ယင်းသို့လှည့်ဖြားခံရသည့် ဆက်ဆံရေးထဲ၌ နစ်မြုပ်နေဆဲပင်။

သူ၏ အချစ်ဆုံး မိန်းကလေးက အရှက်ရနေသည်ကို သူ သိသည်။ ပြီးနောက် သူမက ယခု ရန်သူများ ဝိုင်းနေပြီး အလွန်အမင်း စိတ်ဆိုးနေသည်။

သို့သော် အတိတ်က လှည့်စားမှုကိုမူ သူ လျစ်လျူရှု၍ မရပေ။

ဟန်ကျားလင်းက ချစ်တတ်သည့် သူတစ်ယောက်သာဖြစ်ပြီး ရူးသွပ်သူမဟုတ်ပေ။

ယဲ့ရှီဝမ် ရှချန်းချန်းကို စွပ်စွဲတာ၊ ပြီးတော့ ယဲ့ရှီဝမ်ရဲ့ အမှန်တကယ် ဘဝအတွေ့အကြုံ၊ ငါ ဒါကို နည်းနည်းတော့ သိထားခဲ့သလိုပဲ။

သို့သော် "အချစ်" ဟု ခေါ်သည့် အရာတစ်ခုက သူ့ကို ယဲ့ရှီဝမ်အား အကြိမ်ကြိမ်အခါခါ ပြန်ယုံကြည်စေခဲ့သည်။ တစ်ခါတစ်ရံ ညသန်းခေါင်ယံ၌ ဟန်ကျားလင်းက ဤသည်က မှားသည်၊ သူ ယဲ့ရှီဝမ်ကို အလိုမလိုက်သင့်ဟု တွေးမိခဲ့သည်။

သို့သော် ယဲ့ရှီဝမ်ကို ပြန်တွေ့သည့်အခါ "အချစ်" ဟု ခေါ်သည့် ခံစားချက်က သူ့ကို ထိန်းချုပ်နေခဲ့ပြီး ဝမ်ဝမ်က မဟုတ်မတရား စွပ်စွဲခံရခြင်း ဖြစ်ရမည်ဟုသာ သူ တွေးခဲ့သည်။

ကိုယ်စားမွေးခြင်းကို ဖော်ထုတ်ခံရသည်အထိ သူ၏ ကလေးကို ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးကို ကိုယ်တိုင်မြင်ရသည့်တိုင်။ သို့သော် ကလေး၏ မိခင် မဟုတ်ပေ။

"အချစ်" ဟု ခေါ်သည့် ခံစားချက်က ဟန်ကျားလင်းကို ထပ်မံထိန်းချုပ်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ဤထိန်းချုပ်မှုက ထိန်းချုပ်၍မရတော့ချေ။

ဤသည်က မည်မျှပင် အားကောင်းပါစေ၊ ဟန်ကျားလင်း၏ စိတ်ထဲမ ယုတ္တိဗေဒအရ ကိုယ်တိုင်ကိုက်ညီသည့် စနစ်တစ်ခုကို ဖွဲ့စည်းနိုင်တော့မည် မဟုတ်ပေ။

ယဲ့ရှီဝမ်က ငါ့ကို လှည့်စားခဲ့တယ်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဟန်ကျားလင်းက နောက်ဆုံးတွင် သူ ရှစ်နှစ်ကြာ ချစ်ခဲ့သည့် ဤလရောင်ဖြူလေးက ကမ္ဘာကြီး၏ စည်းမျဉ် စည်းကမ်းများအရ ကောင်းသည့်လူတစ်ယောက် မဟုတ်သည်ကို သဘောပေါက်သွားခဲ့သည်။

ဟန်ကျားလင်း သက်ပြင်းချလိုက်သည်။

သူက ယဲ့ရှီဝမ်၏ လက်ဖမိုးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"ဝမ်ဝမ်၊ မင်း ရှမိသားစုကို ဘာလို့အရင်မပြန်လဲ၊ ငါ ငါ့မားနဲ့ အဖွားနဲ့၊ လက်ထပ်ပွဲအကြောင်းကို ဆွေးနွေးမယ်"

ယဲ့ရှီဝမ်က ထိတ်လန့်သွားသည်။

ဟန်ကျားလင်းနဲ့ နှစ်ပေါင်းများစွာ ချစ်ကြိုက်ပြီးနောက် သူမက ဟန်ကျားလင်းက ပထမဆုံးအကြိမ် ပယ်ချခံရသကဲ့သို့ပင် ခံစားရသည်။

ဤထိတ်လန့်မှုက သူမ ဖော်ထုတ်ခံရပြီဆိုသည်ကို သိခဲ့ရသည့်အချိန်ထက် မနည်းပါချေ။

သို့သော် သူမက သူမ၏ နှလုံးသားထဲက ကြောက်ရွံ့မှုကို ထိန်းချုပ်ထားပြီး နူးညံ့ပြီး စဉ်းစားဟန်ရှိစွာ ပြုံးလိုက်သည်။

“ကောင်းပြီ၊ ရှင်တို့ သေချာဆွေးနွေးပါ၊ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်"

ယဲ့ရှီဝမက သုံးလှမ်းခန့်လှမ်းကာ နောက်ပြန်လှည့်ပြီး Cayenne ကားထံကို လျှောက်သွားခဲ့သည်။ သူမက ထိုင်လိုက်သည့်အခါ ရေနစ်နေသည့်လူတစ်ယောက်က နောက်ဆုံးကောက်ရိုးတစ်ချောင်းကို ဆုပ်ကိုင်သလိုပင် ဟန်ကျားလင်း၏ လက်ကို ပြန်တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ကျားလင်း၊ ရှင် ကျွန်မကို လက်မလျှော့ပါဘူးနော်"

ဟန်ကျားလင်း၏ တည်ငြိမ်သည့်မျက်နှာတွင် ရှားရှားပါးပါး နူးညံ့မှုအနည်းငယ် ပေါ်လာသည်။

"ဟုတ်တယ်၊ လက်မလျှော့ပါဘူး"

ထို့နောက် Cayenne ကား၏တံခါးကို ဟန်ကျားလင်းက ပိတ်လိုက်သည်။

မိုးရေစက်များနှင့် ကားက မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤသည်က မူလက ဆုံမှတ်ရှိခဲ့သည့် မျဉ်းနှစ်ကြောင်းက ပိုပြီးဝေးဝေးကို စတင်ရွေ့လျားနေသလိုပင်။

ဟန်မိသားစုက ယဲ့ရှီဝမ်ကို ဝင်ခွင့်မပေးသည့် မြင်ကွင်းကို ပတ်ဝန်းကျင်က သတင်းထောက်များ တိုက်ရိုက်မှတ်တမ်းတင်ပြီး အင်တာနက်ပေါ်သို့ တင်လိုက်ကြသည်။

[ဝိုး၊ ဟန်ကျားလင်း ယဲ့ရှီဝမ်ကို မကာကွယ်တာကို ဒါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ]

[မစ္စတာဟန်က နိုးထတော့မှာလား၊ မစ္စတာဟန် မင်းက ချမ်းသာတယ်၊ အာဏာရှိတယ်၊ ရုပ်ချောတယ်၊ မင်းမှာ တောက်ပတဲ့အနာဂတ် ရှိတယ် ]

[ယဲ့ရှီဝမ်က တကယ်ထိုက်တန်တယ်၊ မိသားစုက ဒီလောက်မကောင်းတဲ့အရာတွေ အများကြီး လုပ်ခဲ့တာ၊ ဒါက သူမအတွက် တကယ်လွယ်လွန်းနေသေးတယ် ]

[မစ္စတာဟန်ကို တတ်နိုင်သမျှ အမြန်ဆုံးနိုးထဖို့ တောင်းပန်ပါတယ်၊ ယဲ့ရှီဝမ်က တကယ်မထိုက်တန်ဘူး]

[ယဲ့ရှီဝမ်က ဟန်မိသားစုကနေ အခုပဲ ထွက်သွားရတာလား၊ သူမက ကိုယ်စားမွေးတာလေ၊ ပြစ်ဒဏ်မရှိဘူးလား ]

.…..

ယဲ့ရှီဝမ်က ကိုယ်စားမွေးသူနှင့် မယားငယ်၏သမီးအဖြစ် ဖော်ထုတ်ခံရခြင်း၊ ဟန်မိသားစုက ပယ်ချခံရခြင်းနှင့် ဟန်ကျားလင်း၏ လျစ်လျူရှုခြင်းကို ကြုံတွေ့ရခြင်း၊ ဤသည်များက သူမ၏ ဘဝအနိမ့်ဆုံးကို ရောက်ရှိစေခဲ့ပြီဟု မူလက ထင်ခဲ့သည်။

ငါ့ ဘဝမှာ အဆိုးဆုံးဆိုတာ မရှိဘူး၊ ဆိုးတာပဲရှိတာ။

Cayenne ကား၏ တံခါးပိတ်လိုက်သည်နှင့် မနီးမဝေးကနေ ဥဩသံ ထွက်ပေါ်လာပြီး ရဲကားတစ်စီးက ဟန်မိသားစု၏ တံခါးဝသို့ ရောက်လာသည်။

ရဲအရာရှိနှစ်ဦးက ရဲကားပေါ်က ဆင်းလာပြီး Cayenne ကား၏ တံခါးကို ခေါက်လိုက်သည်။

ယဲ့ရှီဝမ်၏ နှလုံးခုန်သံ မြန်လာသည်။ သူမက အပြင်ဘက်မှ ရဲကို အာရုံမစိုက်ချင်ပေ။ သို့သော် ယာဉ်မောင်းဖြစ်သည့် ဦးလေးတယ့်က တကယ်တမ်းတွင် ဆင်းလာပြီး နောက်ထိုင်ခုံ၏ တံခါးကို ဖွင့်ပေးလိုက်သည်။

ရဲအရာရှိနှစ်ဦးက ယဲ့ရှီဝမ်၏ ရှေ့တွင် ၎င်းတို့၏ မှတ်ပုံတင်ကတ်ပြားများကို ပြသသည်။

"ယဲ့ရှီဝမ်လား၊ တစ်ယောက်ယောက်က မင်းကို တရားမဝင် ကိုယ်စားမွေးတာအတွက် တိုင်ကြားခဲ့တယ်၊ ကျွန်တော်တို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပေးပါ”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သော လမ်းသွားလမ်းလာများက ဤမြင်ကွင်းကို မြင်သောအခါ အားလုံး ပျော်ရွှင်နေကြသည်။

[ဟားဟားဟား၊ အခုနက အဲဒီ ညီမလေးရဲ့ ပါးစပ်က ဖွင့်လိုက်တာမလား၊ ရဲဦးလေးက အချိန်ကိုက်ပဲ ရောက်လာတယ် ]

[ယဲ့ရှီဝမ်က ထိုက်တန်တယ်၊ ကိုယ်စားမွေးတာက ဆင်းရဲတဲ့အမျိုးသမီးတွေကို ဖိနှိပ်တာ၊ သူမ အကျဉ်းထောင်သွားရမှာ]

[ရဲဦးလေး၊ ဒီမကောင်းတဲ့ မိန်းမကို မြန်မြန်ချုပ်လိုက် ]

[ငါတို့နိုင်ငံမှာ ကိုယ်စားမွေးတာကို အကျဉ်းချမှာ မဟုတ်ဘူးဆိုတာ သိပေမယ့် ယဲ့ရှီဝမ်ကို ရဲဦးလေးက ခေါ်သွားတာကို မြင်ရတော့ ငါကတော့ အရမ်းပျော်နေတယ် ဟားဟားဟား~]

.…..

ညသန်းခေါင်ယံတွင် SUV ကားတစ်စီးက ကျန်းချန်ရဲစခန်း အပြင်ဘက်မှာ ရပ်ထားသည်။ ကားပြတင်းပေါက်က မှိန်မှိန်လေး အလင်းရောင်ကို ရောင်ပြန်ဟပ်နေပြီး လူနှစ်ဦးက အတွင်း၌ ထိုင်နေသည်။

ကားထဲတွင် အမျိုးသားတစ်ဦး၏ ပြင်းထန်သည့် ကျိန်ဆဲသံ ထွက်ပေါ်လာသည်။

"ကိုယ်စားမွေးတာလား၊ မင်းတို့တွေ အဲဒါကို တွေးနိုင်တယ် ဒါက မင်းတို့ရဲ့ အကြံလား ဒါမှမဟုတ် ဝမ်ဝမ်ရဲ့ အကြံလား”

ရှယုံဒယ်က ယာဉ်မောင်းထိုင်ခုံ၌ ထိုင်နေသည်။ သူ့မျက်နှာက ပြာနှမ်းနေ၏။

"ကိုယ်စားမွေးတာ မရှိခဲ့ရင် ဝမ်ဝမ်က ဘယ်လောက်ပဲ ကြီးမားတဲ့ပြဿနာတွေ ဖန်တီးခဲ့ပါစေ၊ ဟန်မိသားစုက သူမကို လက်ခံရမှာပဲ၊ အခု ငါတို့ ဘာလုပ်သင့်လဲ"

ယဲ့လျူဖန်းသည် ဆိုးရွားစွာခံစားနေရပြီး သူမ၏အသံကလည်း ငိုသံစွတ်နေသည်။

“ဝမ်ဝမ်... အဲအချိန်က သူ့ရဲ့ အလုပ်အကိုင် တိုးတက်နေတဲ့ ကာလမှာရှိနေတယ် ပြီးတော့ သူ့အတွက် ကိုယ်ဝန်ဆောင်ဖို့က မဖြစ်နိုင်ဘူး၊ ဒါကလည်း နောက်ဆုံးနည်းလမ်းပဲ"

ရှယုံဒယ်က ဆူပူကြိမ်းမောင်းသည်။

"မင်း ဒီလိုမကောင်းတဲ့ အကြံဉာဏ်ကို ထုတ်မပေးသင့်ဘူး၊ ဒါ့အပြင် ဝမ်ဝမ်က ငယ်သေးတာ ဟန်မိသားစုကို ဒီလောက်မြန်မြန် လက်ထပ်ဖို့ လိုအပ်လို့လား"

ယဲ့လျူဖန်းက ပြန်ဖြေရန် မဝံ့ရဲပေ။

ယဲ့ရှီဝမ်၏ ဘဝအတွေ့အကြုံက သူမ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။ သူမက သေဆုံးသွားပြီး မပြောခဲ့လျှင်ပင် ဤလျှို့ဝှက်ချက်က ပေါ်လာနိုင်သည်။ ထို့ကြောင့် သူမက ယဲ့ရှီဝမ်က ရှယုံဒယ်၏ သမီးအရင်းဖြစ်သည်ကို ဘယ်သောအခါမှ မပြောခဲ့ပေ။ ပြီးနောက် ချမ်းသာသည့်မိသားစုကို လက်ထပ်ရန် အတွေးအခေါ်ကို သူမအား ဆက်လက်သွင်းပေးနေခဲ့သည်။

သူမက ချမ်းသာသည့်မိသားစုကို လက်ထပ်ခြင်းဖြင့် သူမအတွက် အခြားလမ်းတစ်ခုကို ရယူရန်သာ မျှော်လင့်ခဲ့သည်။ အနာဂတ်တွင် သူမနှင့် ရှယုံဒယ်တို့၏ ပုံမှန်မဟုတ်သည့် သားအဖ ဆက်ဆံရေး ပေါ်လာခဲ့လျှင် သူတို့နှင့် သူတို့သားက သူတို့၏ အသက်ကို ကယ်နိုင်တော့မည်မဟုတ်ချေ။

သို့သော် သူမက ကိုယ်စားမွေးသည်က ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းနှင့် ပစ်သတ်သကဲ့သို့ပင်။ ဖျော်ဖြေရေးလောကတွင် traffic flower ကို ထိန်းထားနိုင်ပြီး ချမ်းသာသည့် ဟန်မိသားစုကို လက်ထပ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် သူမက ထိုလိမ်ညာသူများကို ဖော်ထုတ်သူကြောင့် အရာအားလုံး ရှုပ်ထွေးသွားပြီး နောက်ဆုံး၌ အရာအားလုံးက အလကားသာ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဘယ်အရာမှ ကောင်းကောင်းအဆုံးမသတ်ခဲ့ဘူး။

ရှယုံဒယ်က ဝမ်ဝမ်က သူ့ရဲ့ သမီးအရင်း လုံးဝမဟုတ်ဘူးဆိုတာ သိခဲ့ရင်...

ယဲ့လျူဖန်းက ဤရလဒ်အကြောင်း တွေးရန် မဝံ့ရဲပေ။

ယဲ့လျူဖန်းက ရှယုံဒယ်၏ လက်ကို လျင်မြန်စွာ ဆွဲကိုင်ပြီး တောင်းပန်သည်။

"ယုံဒယ် ဝမ်ဝမ်က ရှင့်ရဲ့ သွေးသားအရင်းပဲ ဘယ်သူမဆို သူမကို လျစ်လျူရှုနိုင်တယ် ဒါပေမဲ့ ရှင်တော့ လုပ်လို့မရဘူး၊ ပြီးတော့ ဒီလိုကလေး မရှိခဲ့ရင် လုရှုယာက ဘယ်လိုလုပ် ဝမ်ဝမ်ကို ကယ်နိုင်မှာလဲ၊ ဟန်မိသားစုက အစကတည်းက ဝမ်ဝမ်ကို လက်ခံခဲ့ရင် ကျွန်မတို့က ကိုယ်စားမွေးတာကို ရွေးချယ်တဲ့ အန္တရာယ်ကို လုပ်ခဲ့မှာ မဟုတ်ဘူး၊ ယုံဒယ် ရှင့်ကို ကျွန်မ ဝန်ဆောင်မှုပေးခဲ့တဲ့ နှစ်တွေကို ကြည့်ပြီး ဝမ်ဝမ်က ရှင့်ကို နှစ်အများကြီး ရိုသေခဲ့တာကို ကြည့်ပြီး ဒေါသမထွက်ပါနဲ့၊ ဝမ်ဝမ်ကို အရင်ဆုံး ထုတ်လိုက်ပါ"

ရှယုံဒယ်က သက်ပြင်းချလိုက်သည်။

ယဲ့ရှီဝမ်က ငါ့ရဲ့ သွေးသားအရင်း မဟုတ်ခဲ့ရင် ငါ ဘယ်လိုလုပ် ညသန်းခေါင်ယံမှာ ရဲစခန်းတံခါးဝကို ပြေးလာဖို့ ဆန္ဒရှိမှာလဲ၊ ငါ ပြဿနာဖန်တီးတဲ့သူက်ု အိမ်ထဲကနေ မောင်းထုတ်ခဲ့တာ ကြာပြီလေ။

ဒါက ငါ့ရဲ့ကလေးဖြစ်နေလို့သာ ငါ ဒီလောက်အကူအညီမဲ့နေပြီး ဒါကို ဂရုစိုက်ရတာ။

ရှယုံဒယ်က ယဲ့လျူဖန်းကို ကြည့်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ငါ ကုမ္ပဏီရဲ့ ဥပဒေအကြံပေးကို မေးပြီးပြီ ကိုယ်စားမွေးတာက တရားမဝင်ပေမယ့် အကျဉ်းထောင်ကိုတော့ သွားရမှာ မဟုတ်ဘူး၊ ဒဏ်ရိုက်ခံရပြီး ဝေဖန်ခံရရုံပဲ၊ ဝမ်ဝမ်က မကြာခင် လွတ်လာလိမ့်မယ်"

ယဲ့လျူဖန်း ဤသည်ကို ကြားသောအခါ သက်ပြင်းချလိုက်သည်။

"ဒါဆို ကောင်းတာပေါ့... ဒါဆို ကောင်းတာပေါ့..."

"ဒါပေမဲ့..."

ယဲ့လျူဖန်းက ရုတ်တရက် စိုးရိမ်နေသည့်ပုံဟန်ဆောင်ပြီး ရှယုံဒယ်ကို မေးလေသည်။

"အဲလိမ်ညာသူများကို ဖော်ထုတ်တဲ့သူက ဘာလို့ ဝမ်ဝမ်ရဲ့ နောက်ခံအကြောင်းကို သိတာလဲ၊ အား.. ကျွန်မတို့ ဝမ်ဝမ်ကိုတောင် ဒီအကြောင်း မပြောခဲ့ဘူး"

ရှယုံဒယ်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။

သူက ဤကိစ္စကို ယဲ့လျူဖန်းထက် ပို၍ ရှုပ်ထွေးနေသည်။

လိမ်ညာသူများကို ဖော်ထုတ်သူက သူ၏ သမက်အဖြစ် အထူးသဖြင့် ဖော်ထုတ်ခဲ့သည့်အခါ သူက ဤအကောင့်ကို စုံစမ်းရန် သွားခဲ့သည်။ မမျှော်လင့်ပဲ ရှမိသားစုအဖွဲ့၏ IT ကျွမ်းကျင်သူများကို စည်းရုံးပြီးနောက်မှာပင် ဤ marketing account ၏ နောက်ကွယ်က ပိုင်ရှင်က မည်သူတိုသည်ကို ရှာမတွေ့နိုင်သေးပေ။

သို့သော် ဤ marketing account ၏ နောက်ကွယ်တွင် အဖွဲ့တစ်ဖွဲ့ရှိနေသည်မှာ သေချာသည်။ ပြီးနောက် IT စွမ်းရည်က အထင်သေး၍ မရချေ။

ကျန်းချန်မြို့ရှိ ဤသို့ နာမည်ကြီးကြယ်ပွင့်များ၏ လျှို့ဝှက်ချက်များကို ကိုင်ထားသည့် ဤသို့သော marketing account နှင့် မပတ်သက်သည်က ပိုကောင်းသည်။

ရှယုံဒယ် ခေါင်းခါလိုက်သည်။

"ငါ လိမ်ညာသူများကို ဖော်ထုတ်သူကို စစ်ဆေးခဲ့တယ် ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး"

"ဒါဆို... ချန်းချန်း ဖြစ်နိုင်လား"

ယဲ့လျူဖန်းက စမ်းသပ်ဟန်ဖြင့် မေးလိုက်သည်။

"ချန်းချန်းလား"

ရှယုံဒယ်က အေးစက်စက် ရယ်မောလိုက်သည်။

"မဖြစ်နိုင်ဘူး”

ရှချန်းချန်းက ဦးနှောက်မရှိတဲ့ အမှိုက်တစ်ယောက်ပဲ၊ သူက ဘယ်လိုလုပ် ဒီလို အံ့သြစရာကောင်းတဲ့ marketing account တစ်ခုကို လုပ်ကိုင်ဖို့ စိတ်ကူးရှိနိုင်မှာလဲ။

"ဒါပေမဲ့ အဲဒီ လိမ်ညာသူများကို ဖော်ထုတ်သူက ချန်းချန်းကို အကြိမ်ပေါင်းများစွာ ကူညီခဲ့တာလေ"

ယဲ့လျူဖန်းက သူမ၏ မိုဘိုင်းဖုန်းကို ထုတ်ယူပြီး လိမ်ညာသူများကို ဖော်ထုတ်သူ၏ Weibo ပင်မစာမျက်နှာကို ဖွင့်လိုက်သည်။

"ကြည့်၊ လွန်ခဲ့တဲ့ တစ်ကြိမ်က ချန်းချန်းက ဝမ်ဝမ်ရဲ့ "ရှန်းကျွယ်" မှာ ပါတဲ့ ဇာတ်ကောင်နေရာကို အစားထိုးပြီး အင်တာနက်တစ်ခုလုံးကနေ အမည်းစက်စွန်းထင်းခံရတဲ့အချိန် ကူညီရှင်းလင်းပေးခဲ့တာက လိမ်ညာသူများကို ဖော်ထုတ်သူပဲလေ၊ ပြီးတော့ အဲ မွေးနေ့ပွဲမှာပဲ သူက ရှင်နဲ့ ရှမိသားစုရဲ့ ဆက်ဆံရေးကို ဖော်ထုတ်ခဲ့တယ်၊ အဲဒါကလည်း ချန်းချန်းကို သွယ်ဝိုက်ပြီး ကူညီခဲ့တယ်"

ရှယုံဒယ်က မျက်မှောင်ကြုတ်ပြီး လိမ်ညာသူများကို ဖော်ထုတ်သူ၏ Weibo မျက်နှာပြင်ကို ကြည့်လိုက်သည်။

ယဲ့လျူဖန်း ပြောသလိုပဲ၊ လိမ်ညာသူများကို ဖော်ထုတ်သူရဲ့ ဒီအကြိမ်တွေမှာ လုပ်ဆောင်ချက်တွေက ရှချန်းချန်းကို ကူညီနေသလိုပဲ။

ဒါပေမဲ့ သေသေချာချာ ကြည့်လိုက်ရင်တော့ အဲလို မဟုတ်ဘူး။

သူ့ရဲ့ Weibo ပို့စ်တွေအားလုံးမှာ ရှချန်းချန်းကို တစ်ခါမှ ဖော်ပြခဲ့တာမရှိဘူး။

ရှချန်းချန်း၏ နာမည်ဂုဏ်သတင်းက သူမကို ပစ်မှတ်ထားသည့် ပြိုင်ဘက်က ကျဆင်းသွားသည့်အတွက်သာ တိုးတက်လာခဲ့ပြီး ဤသည်က သူမ၏ နာမည်ဂုဏ်သတင်းကို တိုးတက်စေခဲ့သည်။

"ဒါကြောင့်"

ရှယုံဒယ်က နိဂုံးချုပ်လိုက်သည်။

“ချန်းချန်းမှာ ဒီလိုအစွမ်းထက်တဲ့ marketing account တစ်ခုကို ဖန်တီးနိုင်တဲ့ စွမ်းရည်မရှိဘူး၊ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ဝမ်ဝမ်က အရာအားလုံးကို ကောင်းကောင်းမလုပ်ခဲ့တဲ့ ဝမ်ဝမ်ကို အပြစ်တင်”

ထို့နောက် ရှယုံဒယ်က ယဲ့လျူဖန်းကို ထပ်စိုက်ကြည့်သည်။

“မင်း ဝမ်ဝမ်ကို ကောင်းကောင်းသင်ကြားပေးခဲ့ရင် အကြိမ်တိုင်း ဖမ်းမိခံရမှာမဟုတ်ဘူး”

ယဲ့လျူဖန်းက စကားမပြောနိုင်ဖြစ်သွားသည်။

သူမက လိမ်ညာသူများကို ဖော်ထုတ်သူနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဝင်ပြီး ရှချန်းချန်းကို သံသယဝင်ခြင်းက မှားသည်ကို သူမသိသည်။ သို့သော် သူမက လိမ်ညာသူများကို ဖော်ထုတ်သူအပေါ် သူ၏ မကျေနပ်ချက်ကို ရှချန်းချန်းထံ လွှဲပြောင်းပေးရန်အတွက် တမင်တကာ လုပ်ချင်ခဲ့သည်။

ရှယုံဒယ်တွင် သမီးနှစ်ယောက်ရှိသည်။

ယခင်က ယဲ့ရှီဝမ်က အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး ဖျော်ဖြေရေးလောကတွင် ကျယ်ပြန့်စွာ ချီးကျူးခံခဲ့ရသည်။ ဟန်ကျားလင်းကဲ့သို့ ချမ်းသာသည့်မိသားစု၏ ဤသို့ ကောင်းမွန်သည့် သားမက်တစ်ယောက်ဖြစ်သည့် ရှယုံဒယ်က သူမကို သေချာပေါက် ဂုဏ်ယူခဲ့သည်။

သို့သော် ယခု ရှချန်းချန်း၏ ဖျော်ဖြေရေးလောကမှ နာမည်ဂုဏ်သတင်းက တိုးတက်လာခဲ့သည်။ သို့သော် ယဲ့ရှီဝမ်မူကား အင်တာနက်တစ်ခုလုံးက blacklisted လုပ်ခံထားရပြီပင်။ ရှချန်းချန်းနှင့် ရှယုံဒယ်တို့ကြားတွင် ကောင်းသည့်ဆက်ဆံရေး မရှိခဲ့လျှင်ပင် အခြေအနေအပေါ်မူတည်ပြီး စိတ်ပြောင်းတတ်သော လူဆိုးတစ်ယောက်ဖြစ်သည့် ရှယုံဒယ်က ရှချန်းချန်းကို ပြန်ပြီးမျက်နှာသာပေးလာမည်ကို အာမခံနိုင်ရန် ခက်ခဲသည်။

သူမက ရှယုံဒယ်၏ သဲလွန်စကို ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး သူမနှင့် ယဲ့ရှီဝမ်တို့ ချမ်းသာသည့်မိသားစု၌ နေရာရန်အတွက် ရှချန်းချန်းနှင့် ရှယုံဒယ်ကြား သွေးခွဲရမည်ပင်။

မကြာမီ ကားပြတင်းပေါက်အပြင်ဘက် တံခါးခေါက်သံ ကြားလိုက်ရပြီး ရှေ့နေက ယဲ့ရှီဝမ်ကို SUV ကား၏ ဘေးသို့ ခေါ်လာခဲ့သည်။

သူမ ကားပေါ်က ဆင်းလိုက်သည်နှင့် ယဲ့ရှီဝမ်က ယဲ့လျူဖန်း၏ လက်မောင်းထဲသို့ ချက်ချင်းခုန်ဝင်ပြီး ဟန်မိသားစု၏ တံခါးဝတွင် သူမ ခံစားခဲ့ရသည့် အမျက်ဒေါသအားလုံးကို ထုတ်ဖော်ရင်း ကျယ်လောင်စွာ ငိုခဲ့သည်။

"မား... သမီး ထပ်မဝင်ချင်တော့ဘူး၊ သမီး တကယ် ထပ်မဝင်ချင်တော့ဘူး"

ယဲ့လျူဖန်းက ယဲ့ရှီဝမ်၏ ဆံပင်ကို ထိပြီး အလွန်စိတ်ဆင်းရဲမှုကို ခံစားလိုက်ရသည်။

ခဏအကြာတွင် သူမက ယဲ့ရှီဝမ်ကို လွှတ်ပေးလိုက်သည်။

ယဲ့ရှီဝမ်က ရှယုံဒယ်ကို ပြန်လှည့်ကြည့်ပြီး သူမ၏ မျက်လုံးထောင့်က မျက်ရည်များကို သေချာစွာ သုတ်လိုက်သည်။

သူမ ပြန်လည်ဝင်စားခဲ့ပြီး သူမက ရှယုံဒယ်၏ သွေးသားဖြစ်သည်ကို ကြိုသိထားခဲ့သည်။

သို့သော် ဤဘဝ၌ ရှယုံဒယ်နှင့် ယဲ့လျူဖန်းတို့က သူမကို ကြိုမပြောခဲ့ပေ။ ထို့ကြောင့် အင်တာနက်အသုံးပြုသူကဲ့သို့ပင် "မတော်တဆ" လိမ်ညာသူများကို ဖော်ထုတ်သူ၏ ဖော်ထုတ်မှုများမှ သူမ၏ အမှန်တကယ် ဘဝအတွေ့အကြုံကို သိသင့်ခဲ့သည်။

သူမသည် ရှယုံဒယ်ကို ကြည့်လိုက်သည်၊ သူမ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာပြီး မျက်ရည်များက တောက်ပနေသည်။

"ပါးပါးး"

ရှယုံဒယ်၏ မျက်လုံးများတွင်လည်း မျက်ရည်အချို့ရှိသည်။

ဤနှစ်တွေအတွင်း သူမက သူ၏ သမီးအရင်းဖြစ်နေသော်လည်း သူက သူမကို မယားပါသမီးတစ်ယောက်အဖြစ်သာ ဆက်ဆံနိုင်ခဲ့ပြီး သူ့နှလုံးသားထဲတွင်လည်း မှားယွင်းပြီး ဝမ်းနည်းနေခဲ့ရသည်။

လိမ်ညာသူများကို ဖော်ထုတ်သူ၏ ဖော်ထုတ်မှုများက ဟန်မိသားစုတွင် ယဲ့ရှီဝမ်၏ အဆင့်အတန်းကို ကျဆင်းစေခဲ့သော်လည်း ဤသည်ကသာ ခါးသီးသည့် ဖခင်နှင့်သမီးကို တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် သိကျွမ်းခွင့်ရစေခဲ့သည်။

ရှယုံဒယ်သညက ယဲ့ရှီဝမ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

"စိတ်မပူနဲ့၊ အရင်က မင်းနဲ့ မင်းသမီးအတွက် စိတ်မကောင်းဖြစ်ခဲ့တာက ပါးပဲ၊ အနာဂတ်မှာ ပါးက သမီးကို သေချာပေါက် ကောင်းကောင်းဂရုစိုက်ပေးမယ်"

ယဲ့ရှီဝမ်သည် လည်ချောင်းနင်နေသည်။

"ဟုတ်"

အင်တာနက်ပေါ်တွင် ဖရဲသီးစားသုံးသူအများအပြားက လိမ်ညာသူများကို ဖော်ထုတ်သူက ယနေ့မျှဝေခဲ့သည့် ကြီးမားသော ဖရဲသီးနှစ်ခုကို ဆက်လက်ဆွေးနွေးနေကြသည်။ ယခင်က လိင်အရှုပ်တော်ပုံ၏ အနက်ရောင်အကြောင်းအရာကိုလည်း ဆွဲထုတ်ခဲ့သည်။

လိင်အရှုပ်တော်ပုံ၊ ကိုယ်စားမွေးခြင်းနဲ့ မယားငယ်ရဲ့ သမီးဖြစ်တာရဲ့ ကြီးမားတဲ့ ဖရဲသီးသုံးခုနဲ့အတူ ယဲ့ရှီဝမ်က အရင်က သန့်ရှင်းနေခဲ့ပါ့မလား။

#ယဲ့ရှီဝမ်ကို ဖော်ထုတ်ခြင်း# ဆိုသည့် လှိုင်းတစ်ခုကို အင်တာနက်ပေါ်မှာ စတင်ခဲ့သည်။

မကြာမီ ဉာဏ်ကောင်းသည့် ဖရဲသီးစားသုံးသူအများအပြားက သဲလွန်စများကို ရှာတွေ့ခဲ့သည်။

ဥပမာအားဖြင့် Weibo Night ၏ အနီရောင်ကော်ဇောပေါ်တွင် တတိယအဆင့် အနက်နှင့်အနီ အမျိုးသမီးအနုပညာရှင် ရှချန်းချန်း၏ လူကြိုက်များမှုက လူကြိုက်နည်းမှုကြောင့် ကျဆင်းသွားသည်။ ရေပန်းစားသည့် ပန်းလေး ယဲ့ရှီဝမ်က အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ပြီး လူအုပ်ကို လွှမ်းမိုးသွားသည်။ ရှချန်းချန်းကို ဖိနှိပ်ခဲ့သည်။

[??? ]

[ဒီမှတ်ချက်တွေက မျက်ကန်းတွေလား၊ ယဲ့ရှီဝမ်က ရှချန်းချန်းထက် ပိုလှတယ်၊ ဒါက ဒီရာစုနှစ်မှာ ငါမြင်ဖူးသမျှ အကြီးမားဆုံး ဟာသပဲ ]

[မင်းရဲ့ အသိစိတ်နဲ့ ပြောလို့ရမလား၊ မင်းက ယဲ့ရှီဝမ်ရဲ့ ပြင်ဆင်ထားတဲ့ အနီရောင်ကော်ဇောပုံတွေကို ယူရင်တောင် ငါ့ကျဲ ချန်းချန်းရဲ့ မိတ်ကပ်မပါတဲ့ Reuters ထက် တောင် ပိုမကောင်းဘူး၊ သူတို့ နှစ်ယောက်ကြားမှာ အတားအဆီးတစ်ခု ရှိတယ်]

[ယဲ့ရှီဝမ်က ရေတပ် ကို ငှါးတဲ့အချိန် ရှက်စိတ်လေးရော ရှိသေးလား]

.…..

ဥပမာအားဖြင့် ရှချန်းချန်းနှင့် ယဲ့ရှီဝမ်တို့ အတူတူ variety show တစ်ခုတွင် ပါဝင်ခဲ့သည်။ ရှချန်းချန်းက ယဲ့ရှီဝမ်နှင့် အတူတူအဖွဲ့ဖွဲ့ရန် မာနကြီးစွာ ငြင်းဆန်ခဲ့ပြီး ကြင်နာသည့် မယားပါညီမက ရှုပ်ထွေးမှုများကို ကူညီရှင်းလင်းရန် ထွက်လာခဲ့သည်။

[ယဲ့ရှီဝမ်က ချန်းကျဲနဲ့ တမင်တကာ တစ်ဖွဲ့ထဲမှာနေချင်တာက ရှင်းတယ်၊ ချန်းကျဲကို တမင်တကာ မပျော်မရွှင်ဖြစ်စေဖို့၊ marketing နဲ့ traffic အတွက်]

[အိုး၊ ချန်းကျဲ နင် အဲလိုမလုပ်နိုင်ဘူး၊ ယဲ့ရှီဝမ်နဲ့ အတူတူအဖွဲ့ဖွဲ့ဖို့ကိုပဲ ငြင်းဆန်ခဲ့တာလား၊ နင် သူ့ကို နှစ်ချက်လောက် ရိုက်သင့်တယ်]

[ငါသာဆိုရင် သူ့ကို ရိုက်လိုက်မှာ၊ မယားငယ်ရဲ့သမီး၊ ထွက်သွား၊ဆင်းသွား]

.…..

ဥပမာအားဖြင့် ယဲ့ရှီဝမ်က ဟန်ထျန်းဖျော်ဖြေရေး၏ ဇာတ်လမ်းတွဲအသစ်တစ်ခုတွင် ပါဝင်ခဲ့သည်။ တတိယမြောက် အမျိုးသမီး ရှချန်းချန်းက ဇာတ်ကွက်တွင် ဟန်ကျားလင်းကို ချစ်ကြောင်း ဖော်ပြခဲ့သည်။ မယားငယ်က ယဲ့ရှီဝမ်နှင့်အတူ အမျိုးသားတစ်ဦးကို ယှဉ်ပြိုင်ချင်ခဲ့သည်။

[မယားငယ်၊ ရှချန်းချန်းက သူ့ရဲ့ အချစ်ကို ဝန်ခံလိုက်ရုံနဲ့ မယားငယ်ဖြစ်သွားပြီလား]

[အဲဒီအချိန်က ချန်းကျဲက ဟန်ကျားလင်းကို တကယ်ကြိုက်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ သူမှာ ရည်းစားရှိရင်တောင်မှ သူ့ကို ကြိုက်လို့မရဘူးလား၊ ချန်းကျဲက ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တဲ့အရာ ဘာများလုပ်ခဲ့လို့လဲ၊ သူက လူမိုက်တစ်ယောက်ကို ချစ်မိသွားတာပဲလေ၊ ဒါက ဘာများမှားလို့လဲ ]

[ချန်းကျဲက မယားငယ်ဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေမရှိဘူး၊ ဒါပေမဲ့ ယဲ့ရှီဝမ်က မယားငယ်ရဲ့သမီးဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထားကတော့ အရမ်းများနေပြီ]

.….

နက်နက်နဲနဲ ရှာဖွေပြီးနောက် အင်တာနက်အသုံးပြုသူများက ယဲ့ရှီဝမ်က သူမ ထူးခြာသည့် အသွင်အပြင်တစ်ခုကို ပြသသည့်အခါတိုင်းနှင့် ချစ်စရာကောင်းသည့်အချိန်တိုင်း ရှချန်းချန်းကို ဖိနင်းပြီး ထိပ်ဆုံးသို့ ရောက်အောင် အဘယ်ကြောင့် အမြဲကြိုးစားရသည်ကို သိလိုက်ရသည်။

သူမက ရှချန်းချန်းထက် ပိုလှတယ်ဆိုပြီး ရှချန်းချန်းကို ဖိနင်းခဲ့တယ်၊ ရှချန်းချန်းရဲ့ မာနကို ဖိနင်းခဲ့တယ်၊ ရှချန်းချန်းက ဟန်ကျားလင်းနဲ့ သူမရဲ့ ဆက်ဆံရေးထဲကို ဝင်ရောက်စွက်ဖက်တာကို ဖိနင်းခဲ့တယ်။

အသွင်အပြင်သာမန်ဖြစ်သည့် ပန်းဖြူလေး တစ်ယောက်က မမျှော်လင့်ပဲ သုံးနှစ်အတွင်း မည်သည့်အံ့ဩစရာကောင်းသည့် လက်ရာမှ မရှိပဲ ထိပ်တန်း traffic ကြယ်ပွင့် လေးခုထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အင်တာနက်အသုံးပြုသူများက ရှချန်းချန်း တိုက်ခိုက်ခံရတိုင်း ဤသည်က ယဲ့ရှီဝမ်နှင့် ဆက်စပ်နေတယ်ဆိုသည်ကိုလည်း တွေ့လိုက်ရသည်။

စာနာမှုနှင့် သနားကြင်နာမှုက လူအများစုကို လူတစ်ဦးအပေါ် ထပ်တူခံစားရစေမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူမကို ထိခိုက်စေသည့်လူကိုလည်း မုန်းတီးလာစေသည်။

ဒါမှမဟုတ် အပြန်အလှန်လား၊ မင်း တစ်ယောက်ယောက်ကို မုန်းတဲ့အခါ သူ ထိခိုက်စေတဲ့လူကို မစာနာပဲ နေနိုင်မှာမဟုတ်ဘူး။

ယဲ့ရှီဝမ်က "ဤစာနာမှုများ" ၏ အကျိုးခံစားခွင့်ရှိသူဖြစ်သည်။

ယဲ့ရှီဝမ်၏ စရိုက်ကို ထည့်သွင်းစဉ်းစားသည့်အခါ ဤစွပ်စွဲမှုများကို မတော်တဆဖြစ်ရပ်အဖြစ် သတ်မှတ်ရန် ခက်ခဲသည်။

ရှချန်းချန်းရဲ့ အမည်းစက်တွေကို ထည့်သွင်းစဉ်းစားတဲ့အခါ ဒါကို တကယ့် အမည်းစက်တွေလို့ ခေါ်နိုင်ပါ့မလား။

[ ချန်းကျဲအတွက် တကယ်စိတ်မကောင်းစရာပဲ၊ အခု တွေးကြည့်တော့ အစကတည်းက သူ ဘာလို့ အင်တာနက်တစ်ခုလုံးမှာ အမည်းစက်စွန်းထင်းခံရတာလဲဆိုတာကို ငါ နားမလည်ဘူး၊ သူ ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တဲ့ ဘာအရာမှ မလုပ်ခဲ့ဘူးလေ ]

[ဒါက တကယ်ပဲ ရေတပ် ရဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး မျက်စိစုံမှိတ်ပြီးတော့ အမည်းစက်စွန်းအောင် လုပ်နေကြတာလေ၊ ချန်းကျဲရဲ့ black spot က ဘာလဲဆိုတာကို ငါ အခုထိ မသိဘူး]

[ ချန်းကျဲက ဘယ်တော့ ပြန်လာမှာလဲ၊ အား ဝူးဝူးဝူး၊ ဖျော်ဖြေရေးလောကမှာ ဒီလိုသန့်ရှင်းပြီး သဘာဝအလှတရားတွေ လိုအပ်နေတယ်၊ အားလုံးက "လက်ဖက်စိမ်း" တွေပဲ ပြဿနာရှာနေတာ၊ လှပတဲ့ကျဲ ကျေးဇူးပြုပြီး အမြန်ဆုံးပြန်လာပေးပါ]

[လှပတဲ့ကျဲ၊ နင် သရုပ်မဆောင်ရင်တောင်၊ သီချင်းမဆိုရင်တောင် ဒါမှမဟုတ် variety shows တွေမှာ မပေါ်လာရင်တောင် ငါ့အတွက် အနီရောင်ကော်ဇောပေါ် လျှောက်ပေးပါ၊ မဂ္ဂဇင်းတွေ ရိုက်ပေးပါ၊ ငါ ဒါကိုလည်း ကြည့်ပြီး ငါ့ရဲ့ အသက်ကို ရှည်အောင်လုပ်မယ် ]

[ကျေးဇူးပြုပြီး ပြန်လာပါ၊ လှပတဲ့ကျဲ]

…..

Star Entertainment ၏ အကြီးတန်းအုပ်ချုပ်ရေးအဖွဲ့က ထိတ်လန့်သွားပြီး ရှချန်းချန်း၏ အေးဂျင့်ဖြစ်သူ ကျန်းကယ့်ကို တစ်ညလုံး အစည်းအဝေးခေါ်ခဲ့သည်။

မူလက သူတို့သည် အင်တာနက်တစ်ခုလုံးက blacklisted လုပ်ထားသည့် တတိယအဆင့် အမျိုးသမီးအနုပညာရှင်တစ်ယောက်ကို အလေးအနက်ထားနိုင်ခဲ့ခြင်းမရှိပေ။

သို့သော် ယဲ့ရှီဝမ်၍ အရှုပ်တော်ပုံပြီးနောက် ရှချန်းချန်းက ပေါက်ကွဲသွားသည်။

သူမက ရှဲ့၏ ပရဟိတညစာစားပွဲတွင် ပေါ်လာသည်နှင့် ပရိသတ်အများအပြားကို ဆွဲဆောင်ခဲ့ပြီး ယဲ့ရှီဝမ်၏ အရှုပ်တော်ပုံပြီးနောက် သူမ၏ ပရိသတ်အရေအတွက်က ပိုပြီးမြင့်တက်လာခဲ့သည်။

ဒါက ရှင်းပြလို့မရတဲ့ ကိစ္စဖြစ်ပေမယ့် သဘာဝပဲ။

လက်ရှိတွင် သူမ၏ Weibo ပရိသတ်အရေအတွက်က ဆယ်သန်းကျော်နေပြီပင်။

သူမသည် ကုမ္ပဏီက လျစ်လျူရှုခံထားရသည့် အစွန်းရောက်အမျိုးသမီးအနုပညာရှင်မဟုတ်တော့ပဲ ကုမ္ပဏီ၏ အနာဂတ်အတွက် အဓိကအာရုံစိုက်ရမည့်အရာ ဖြစ်လာခဲ့သည်။

သူမတွင် ယခု traffic အများကြီးရှိနေချိန်တွင် ပိုက်ဆံရှာရန်အတွက် TV series နှင့် variety shows များစွာ ပါဝင်ရန် စီစဉ်သင့်သည်။

ကျန်းကယ့်က CEO အားလုံးကို ရင်ဆိုင်ခဲ့ပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။

"ဒါပေမဲ့... ကျွန်တော်၊ ကျွန်တော် ရှချန်းချန်းကို ဆက်သွယ်လို့မရဘူး"

"သူ့ကို ဆက်သွယ်လို့မရဘူး"

ဝူအမည်ရှိ CEO တစ်ဦးက ရှုပ်ထွေးစွာ မေးလိုက်သည်။

"မင်းက သူ့ရဲ့ အေးဂျင့် မဟုတ်ဘူးလား”

ကျန်းကယ့်က ငြင်းခုံသည်။

"ကျီကျင်းဟန်ရဲ့ စပွန်ဆာကိစ္စပြီးတဲ့နောက်မှာ သူ(ရှချန်းချန်းက) ကျွန်တော့်ကို Block လိုက်တာ၊ ကျွန်တော်က စာချုပ်ရပ်စဲမှုအတွက် လျော်ကြေးငွေနဲ့ သူမကို ခြိမ်းခြောက်ချင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်... ဒါပေမဲ့ ကျွန်တော် သူမကို လုံးဝရှာမတွေ့ဘူး"

CEO ဝူ၏ မျက်နှာသည် နစ်မြုပ်သွားသည်။ ခဏတာတွင် သူက ကျန်းကယ့်က ရှချန်းချန်းနှင့် စာချုပ်ရပ်စဲရန် အချိန်မရခဲ့သည့်အတွက် ပျော်ရွှင်ရမည်လား၊ သို့မဟုတ် ရှချန်းချန်းကို ဆက်သွယ်၍မရသည့်အတွက် ဒေါသထွက်ရမည်လားဆိုသည်ကို မသိခဲ့ပေ။

ဒါပေမဲ့ အခု ရှချန်းချန်းက ငါတို့ရဲ့ ငွေဝင်ပေါက်ဖြစ်နေတယ်၊ ဒါက သံသယဖြစ်စရာမရှိဘူး။ ငါတို့မှာ Starry Sky မှာ တိုင်မှ မရှိဘူး၊ ပြီးတော့ ငါတို့ ရှချန်းချန်းနဲ့ စာချုပ်ရပ်စဲလို့မရဘူး။

"ရှချန်းချန်းရဲ့ ဆက်သွယ်ရေးအချက်အလက်အတွက် ကျွန်တော် တာဝန်ယူနိုင်တယ်၊ ကျွန်တော် ရှဲ့မိသားစုနဲ့ ဆက်ဆံရေးအချို့ရှိတယ် ရှဲ့မိသားစုက သူ့ကို ညစာစားပွဲကို တက်ရောက်ဖို့ ဆက်သွယ်နိုင်ခဲ့တယ်ဆိုတော့ သူတို့မှာ သူမရဲ့ ဆက်သွယ်ရေးအချက်အလက်တွေ ရှိမှာ သေချာတယ်"

"မင်းအတွက်တော့..."

မစ္စတာဝူက က ကျန်းကယ့်ကို တစ်ချက်ကြည့်ပြီး အေးစက်သောအသံဖြင့် ပြောသည်။

"မင်း ရှချန်းချန်းကို ဆက်သွယ်ပြီးနောက် မင်း ဒူးထောက်ပြီးတောင်မှ သူမကို ငါ့ဆီ ပြန်ခေါ်လာရမယ်၊ မဟုတ်ရင် မင်း Starry Sky မှာ အလုပ်လုပ်ဖို့အတွက်က မေ့ထားလိုက်တော့"

ကျန်းကယ့်က ကြောက်လန့်သွားသည်။ သူ့ခြေထောက်များပင် တုန်ယင်နေပြီး သူ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေသည်။

"ဟုတ်ကဲ့”

All Chapters