အခန်း (၄၄)
Vol. 5 Ch. 44
ညနက်လာသည်နှင့် ယင်ဟွားပြပွဲခန်းမရှိ ညစာစားပွဲမှ ဧည့်သည်အားလုံး ထွက်သွားကြပြီးနောက် ဝန်ထမ်းအချို့သာ ခန်းမအား သန့်ရှင်းရေးလုပ်ရန် ကျန်ရှိတော့သည်။
အထူးလက်ထောက်ကျိုးသည် လေလံပွဲကျင်းပရာနေရာ၌ ရရှိထားသည့်ငွေများကို ရှင်းလင်းနေခဲ့သည်။
ယနေ့ည လေလံပွဲသည် ဟန်မိသားစုအတွက် ကမောက်ကမ ဖြစ်စေခဲ့သည်။ သို့သော် ယင်းက ရှဲ့မိသားစုကို ချမ်းသာကြွယ်ဝစေခဲ့သည်။ ယွမ် သန်း ၂၀၀ နီးပါးကို ပရဟိတငွေအဖြစ် ရရှိခဲ့ရုံသာမက ရှချန်းချန်းမှ အဆိုပြုခဲ့သည့် ပွဲတစ်ခုလုံးအား တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ညစာစားပွဲအတွက် ရှဲ့မိသားစုအား ကြော်ငြာပြသခ သန်းဆယ်ဂဏန်းများစွာ ဝင်စေခဲ့သည်။
ယဲ့ရှီဝမ်၏ အကျည်းတန်သော အသွင်အပြင်သည် ရှဲ့မိသားစု၏ ငွေရှာခြင်းအား နည်းနည်းမျှ မထိခိုက်ခဲ့ပေ။
သို့သော် အထူးလက်ထောက်ကျိုးသည် ညသန်းခေါင်တွင် ဤနေရာ၌ စာရင်းရှင်းရန် သူ့အတွက် ခဲယဥ်းလှသဖြင့် သက်ပြင်းချလိုက်သည်။
လျှောက်လမ်း၏ မလှမ်းမကမ်းမှ ခြေသံတစ်သံ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာပြီး လေလံပွဲခန်းမထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။ မကြာမီပင် ဝတ်စုံပြည့်နှင့် သားရေဖိနပ် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် အထူးလက်ထောက်ကျိုးထံသို့ ရောက်ရှိလာသည်။
ထိုအမျိုးသား၏ လက်ထဲတွင် စာရွက်စာတမ်းများထည့်နိုင်သည့် သားရေအိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီး ဂုဏ်သရေရှိသော အနက်ရောင်မျက်မှန်ကို တပ်ဆင်ထားသည်။ အထူးလက်ထောက်ကျိုးကို တွေ့သောအခါ သူ၏ လုပ်ငန်းလိပ်စာကဒ်ပြားကို ထုတ်ပေးလာသည်။
“မင်္ဂလာပါ၊ မစ္စတာ ကျုံ ကျွန်တော်က ဟန်အုပ်စု၏ ဥက္ကဌ လူရဲ့ အတွင်းရေးမှူး လင်းပါ”
အထူးလက်ထောက်ကျိုးသည် အတွင်းရေးမှူး လင်း၏ လုပ်ငန်းလိပ်စာကဒ်ပြားကိုယူကာ ကြည့်လိုက်သည်။
အတွင်းရေးမှူး လင်းကို သူ သိခဲ့သည်မှာ ကြာမြင့်ခဲ့လေ၏။ နှစ်ဦးစလုံးသည် စီးပွားရေး ဆွေးနွေးပွဲများစွာတွင် တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ရှဲ့မိသားစုနှင့် ဟန်မိသားစုတို့သည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် နှစ်ဦးစလုံးသည် အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးပြီး တစ်ဦးကိုတစ်ဦး တရင်းတနှီးမရှိခဲ့ချေ။
“မင်္ဂလာပါ၊ အတွင်းရေးမှူး လင်း” ဟုဆိုကာ အထူးလက်ထောက်ကျိုးက အတွင်းရေးမှူး လင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ဒီလောက်ညဉ့်နက်ကြီး ကျွန်တော့်ကို လာတွေ့တာ ဘာကိစ္စများရှိလို့လဲ”
အတွင်းရေးမှူးလင်းသည် သူ့နှာခေါင်းပေါ်ရှိ အနက်ရောင်မျက်မှန်ကို ပင့်တင်လိုက်ပြီး အသေးစိတ်တိကျသော အမူအရာဖြင့်
“ကျွန်တော်တို့ရဲ့ သခင်လေးက ဒီည ရှဲမိသားစုရဲ့ ပရဟိတညစာစားပွဲမှာ ပန်းရောင်စိန်လက်စွပ်တစ်ကွင်း ဝယ်ခဲ့ပါတယ် ဒါပေမဲ့ အဲအချိန်တုန်းက ငွေပေးချေမှုမှာ အဆင်မပြေမှုနည်းနည်း ရှိနေခဲ့တာနဲ့ အရောင်းအဝယ်မချောမွေ့ခဲ့ပါဘူး၊ ငွေပေးချေမှုကိစ္စတွေ ပြီးမြောက်ဖို့အတွက် ကျွန်တော် ဒီကို ရောက်လာတာပါ”
“အိုး”
အထူးလက်ထောက်ကျိုးသည် ဟန်ကျားလင်းနှင့် ရှချန်းချန်းတို့သည် ထိုလက်စွပ်အတွက် လေလံဆွဲခဲ့ကြပြီး နောက်ဆုံး၌ ယွမ်သန်း ၁၀၀ ဖြင့် ဝယ်ယူခဲ့သည်ကို မှတ်မိလေသည်။
အထူးလက်ထောက်ကျိုး ပြုံး၍ ပြန်ပြောသည်မှာ
“ဥက္ကဌဟန်က ယွမ်သန်း ၁၀၀ မတတ်နိုင်တော့လို့ အဲလက်စွပ်တွေကို မလိုချင်တော့ဘူးလို့ ကျွန်တော် ထင်ခဲ့တာ”
အတွင်းရေးမှူးလင်း၏ နှုတ်ခမ်းများ တွန့်သွားပြီး အလွန်ရှက်ရွံ့နေပုံရသည်။ ဟန်မိသားစုသည် သူတို့၏ အကြီးဆုံးသားက ယွမ်သန်း ၁၀၀ တန်လက်စွပ်အား ဝယ်ရန် မတတ်နိုင်ပေဟု လူအများက ပြောမည်ကို စိုးရိမ်ကြသဖြင့် ညလယ်ခေါင်၌ ကိုယ်တိုင်လာ၍ ငွေပေးချေရန် သူ့အား ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
ဟန်ကျားလင်းက ပန်းရောင်စိန်လက်စွပ်ကို ဝယ်ယူခဲ့ပြီးဖြစ်၍ သူတို့ လိမ်လည်ခံရလျှင်ပင် ဟန်မိသားစုက ဝယ်ယူရမည်ဖြစ်သည်။ သူတို့၏ အမွေဆက်ခံသူအား လူအများရှေ့တွင် မျက်နှာပျက်ခံ၍ မရပေ။
သို့သော် သူတို့သည် ထိုအချိန်က ငွေပေးချေနိုင်ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟန်ကျားလင်အား ယဲ့ရှီဝမ်ကို လက်စွပ်တကယ်ပေးခွင့် မပြုနိုင်သောကြောင့် ဖြစ်သည်။
သူသာ ယဲ့ရှီဝမ်ကို လက်စွပ်အား အမှန်တကယ်ပေး၍ လူအများရှေ့၌သာ လက်ထပ်ခွင့်တောင်းခဲ့ပါက ဟန်မိသားစုကား မည်သို့ဖြစ်သွားမည်နည်း။
တစ်ခုတည်းသောနည်းလမ်းမှာ ဟန်ကျားလင်း၏ ရန်ပုံငွေများကို ဦးစွာပိတ်ဆို့ထားရန်ဖြစ်ပြီး ထို့ကြောင့် သူသည် လက်စွပ်ကို မဝယ်နိုင်သဖြင့် လက်ထပ်ခွင့်မတောင်းနိုင်ပေ။ ထို့နောက် အတွင်းရေးမှူးအား လက်စွပ်ကို ပြန်ဝယ်ခိုင်းကာ နောက်တနေ့၌ အကြောင်းကြားစာအချို့ ထုတ်ပြန်၍ ထိုအချိန်က ကုမ္ပဏီ၏ အကောင့်တွင် ပြဿနာရှိခဲ့ပြီး ပန်းရောင်စိန်လက်စွပ်သည် ဟန်မိသားစုပိုင် ဖြစ်သွားကြောင်း ပြောကြားခြင်းဖြင့် ဤကိစ္စရပ်သည်လည်း ပြီးဆုံးသွားမည်ဖြစ်သည်။
အတွင်းရေးမှူးလင်းသည် သူ၏ ကျုံ့နေသောနှုတ်ခမ်းကို ဖြေလျော့လိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့်
“ဒီနေ့ လေလံပွဲမှာ မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်သွားတာကြောင့် သခင်လေးရဲ့ အကောင့်မှာ ပြဿနာတွေ ဖြစ်သွားခဲ့တာပါ၊ ဒါပေမဲ့ သခင်လေးက လေလံဆွဲခဲ့တဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော်တို့ သေချာပေါက် ပေးချေမှာပါ၊ ဒါက ယွမ်သန်း ၁၀၀ လေးပဲ ရှိတာပါ”
ဆိုလိုရင်းမှာ ယွမ်သန်း ၁၀၀ သည် ဘယ်လောက်မှ များပြားသည့် ပမာဏမဟုတ်ကြောင်း သူတို့၏ ဟန်မိသားစုက လုံးဝတတ်နိုင်သည် ဟုဖြစ်သည်။
ထိုသို့ပြောရင်းဖြင့် အတွင်းရေးမှူးလင်းသည် အကန့်အသတ်မရှိသုံးစွဲနိုင်သော Black Card ကို ထုတ်ယူကာ
“မစ္စတာကျိုး ဒီကတ်နဲ့ ဖြတ်လိုက်ပါ”
အထူးလက်ထောက်ကျိုးသည် နောင်တရသောလေသံဖြင့်
“ကံမကောင်းစွာနဲ့ ဒီည ဆယ်နာရီက လေလံပစ္စည်းတွေအတွက် ငွေပေးချေရမယ့် နောက်ဆုံးအချိန်ပါ၊ ဒီအချိန်ကျော်သွားတာနဲ့ ငွေပေးချေမှုက အကျုံးမဝင်တော့ပါဘူး”
အတွင်းရေးမှူးလင်းက မျက်နှာပျက်ပျက်ဖြင့် ပြုံးလိုက်သည်၊
“မစ္စတာ ကျိုး ကျွန်တော်တို့အားလုံးက စီးပွားရေးသမားတွေပါ ဆယ်နာရီဆိုတာက ငွေပေးချေဖို့ တိုက်တွန်းတဲ့ အချိန်တစ်ခုပါပဲ၊ စည်းမျဉ်းတွေက သေနေပေမယ့် လူတွေကတော့ အသက်ရှင်နေတာပဲလေ၊ ဒီပန်းရောင်စိန်လက်စွပ်ကို ဟန်မိသားစုကို မရောင်းဘူးဆိုရင် တခြား ဘယ်သူ့ကို ရောင်းမလဲ”
ဒီကမ္ဘာပေါ်မှာ ဟန်ကျားလင်းလို လိမ်ရလွယ်တဲ့ တခြားလူတစ်ယောက်ကို ရှာရတာ ခက်ခဲလိမ့်မယ်မလား။
အထူးလက်ထောက်ကျိုးသည် သူ၏ နှာခေါင်းကို ကို့ရိုးကားယားနိုင်စွာ ထိလိုက်သည်။
“အဲဒါကြောင့်လည်း ကျွန်တော်တို့က အချိန်ကို ၁၀ နာရီ သတ်မှတ်ထားတာပါ၊ ဘာလို့လဲဆိုတော့ ၁၀ နာရီကျော်လွန်လို့ ငွေမပေးချေသေးရင် ကျွန်တော်တို့က ပစ္စည်းကို ခင်ဗျားတို့အတွက် သိမ်းမထားပေးတော့ဘူး၊ တခြားလူတွေက ငွေရှိရင် ဝယ်နိုင်ပါတယ်”
အတွင်းရေးမှူးလင်းတစ်ယောက် ထိတ်လန့်သွားပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့်
“ခင်ဗျားပြောချင်တာက ဒီပန်းရောင်စိန်လက်စွပ်ကို ဝယ်သွားပြီတဲ့လား”
သူ့ရဲ့ သခင်လေးအပြင် အပို ယွမ်သန်း ၇၀ သုံးခဲ့တဲ့ အရူးတစ်ယောက် ထပ်ရှိသေးတာလား။
“ဟုတ်တယ်”
အထူးလက်ထောက်ကျိုးသည်လည်း စဉ်းစားရခက်နေသောမျက်နှာဖြင့်
“ဘယ်သူက မဝယ်ဘူးလို့ ပြောလို့လဲ၊ တခြား တစ်ယောက်က ဝယ်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ကျွန်တော်လည်း အံ့သြမိနေတာ ပြီးတော့ ခင်ဗျားတို့ သခင်လေးက အပို ယွမ်သန်း ၇၀ ပဲ သုံးခဲ့တာ၊ သူက အပို ယွမ်သန်း ၁၀၀ တောင်သုံးခဲ့တာ”
နောက်ဆုံးတော့ ပန်းရောင်စိန်လက်စွပ်ကို သူက လှူဒါန်းခဲ့တာပဲလေ။
ရိုးလ်စ်-ရွိုက်စ်ကားသည် အမှတ် ၁၈၊ ယွီလန်ယွမ်၏ ဂိတ်ဝတွင် ရပ်လိုက်သည်။
ယာဉ်မောင်းဖြစ်သူ မာသည် ကားပေါ်မှ ဆင်းလာပြီး ရှဲ့ကျစ်ရှင်းအတွက် ကားတံခါးအား လေးစားသမှုဖြင့် ဖွင့်ပေးသည်။
ရှဲ့ကျစ်ရှင်းသည် သူ့ လက်ထဲမှ ပန်းရောင်စိန်လက်စွပ်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးများ နူးညံ့သွားကာ သူ၏ နှုတ်ခမ်းထောင့်များလည်း အနည်းငယ် မြင့်လာခဲ့သည်။ ရှဲ့ကျစ်ရှင်းသည် လက်စွပ်ပါသော လက်ဆောင်ဘူးကို ပိတ်လိုက်ကာ သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
မိုးသည် အဆက်မပြတ် ရွာသွန်းနေခဲ့ပြီး မိုးရေစက်များကား ထီးအနက်ရောင်၏ ပတ်ပတ်လည်တွင် ပုလဲလုံးများပမာ သွန်းဖြိုးနေခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် အင်ပါယာသစ်တောဥယျာဉ်သို့ ပြန်လာခဲ့သည်။
ဧည့်ခန်းသည် အလွန်တိတ်ဆိတ်နေပြီး မီးရောင် မှိန်မှိန်အချို့သာ ထိန်လင်းနေခဲ့သည်။
အဒေါ် လျူသည် ရှဲ့ကျစ်ရှင်း၏ ဘေးနားသို့ လျင်မြန်စွာ ရောက်လာခဲ့သည်။ အဒေါ်လျူသည် လေလံပွဲစသောအခါ သူမ၏ ဘိုးဘွားများကို အင်ပါယာသစ်တောဥယျာဉ်သို့ ခေါ်လာခဲ့သည်။ ဤအချိန်၌ သူမသည် အိမ်ထိန်းတစ်ဦး၏ အဝတ်အစားများကို ပြန်လဲထားပြီး ရှဲ့ကျစ်ရှင်း၏ ရေစက်အနည်းငယ်စိုနေသော ဂျက်ကတ်အင်္ကျီကို လေးလေးစားစား လှမ်းယူလိုက်သည်။
ရှဲ့ကျစ်ရှင်းသည် သူ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီးနောက် လက်စွပ်ဘူးကို သီးသန့်ထုတ်ယူကာ “မဒမ် ဘယ်မှာလဲ” ဟု မေးလိုက်သည်။
အဒေါ် လျူက အပေါ်ထပ်သို့ လက်ညှိုးထိုးပြသည်။
“သခင်မလေးက တတိယထပ်က Audio-visual ခန်းထဲမှာ ရုပ်ရှင်ကြည့်နေတာ ဖြစ်ပါလိမ့်မယ်”
ရှဲ့ကျစ်ရှင်းက ခေါင်းငြိမ့်လိုက်ပြီး လက်စွပ်လက်ဆောင်ဘူးကိုယူကာ တတိယထပ်သို့ တက်သွားသည်။
တတိယထပ်တစ်ထပ်လုံးမှာ အလွန်တိတ်ဆိတ်နေခဲ့ပြီး အပ်ကျသံ တစ်သံကိုပင် ကြားနိုင်သည်။
ရှဲ့ကျစ်ရှင်းသည် Audio visual ခန်း၏ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။ ဖန်သားပြင်ပေါ်၌ ပြသထားသည့် အဓိက အကြောင်းအရာ ပြီးဆုံးသွားပြီးဖြစ်ရာ ယခုတွင် ရှုခင်းဓာတ်ပုံများက အလှည့်ကျပေါ်နေခဲ့သည်။
ရှချန်းချန်းသည် ဆိုဖာပေါ်တွင် ကွေးကွေးလေးနေနေသည်။
ရှချန်းချန်းတစ်ယောက် မလှုပ်မယက် အိပ်ပျော်နေခဲ့ပြီး သူမ၏ မျက်တောင်များသည် ပန်ကာလေးများကဲ့သို့ တဖျပ်ဖျပ်ခတ်နေခဲ့ပြီး အိပ်မက်ထဲ၌ အရသာရှိသော အရာတစ်ခုခု စားနေပုံရပြီး သူမ၏နှုတ်ခမ်းများမှာ ရံဖန်ရံခါ စုပ်နေခဲ့သည်။
သူမ၏ ဘေးတွင် Chateau Lafite ၁၇၈၇ ထုတ် ဝိုင်ပုလင်းတစ်လုံးရှိပြီး အနီရောင် အရည်တစ်ဝက်သာ ကျန်ရှိတော့သည်။ လေထဲ၌ စပျစ်သီး အချဉ်ဖောက်ထားသည့် အနံ့မှာ သင်းပျံ့စွာ ပျံ့လွင့်နေခဲ့သည်။
အဒေါ် လျူသည် “သခင်မလေးက ရုပ်ရှင်ကို သဘောကျလို့ သခင်လေးရဲ့ ဝိုင်ခန်းထဲက ဝိုင်တစ်ပုလင်း ယူခဲ့တာပါ” ဟု တီးတိုး ပြောလိုက်သည်။
ရှဲ့ကျစ်ရှင်းသည် ရယ်မောခြင်းကို မထိန်းချုပ်နိုင်ဘဲ “သူ ဘယ်လိုယူရမလဲဆိုတာ သိနေတာပဲ” ဟု ပြောသည်။ သူ၏ လေသံက ရွဲ့စောင်းပြောနေသည်ဟု ထင်ရသော်လည်း သူ၏ မျက်လုံးများက အလွန်နူးညံ့နေသည်။
ထို့နောက် ရှဲ့ကျစ်ရှင်းက အဒေါ် လျူကို “အဒေါ် သွားနားတော့၊ ကျွန်တော် ကြည့်လုပ်လိုက်မယ်” ဟု ပြောလေသည်။
အဒေါ် လျူက ခေါင်းငြိမ့်ကာ တတိယထပ်မှ ထွက်သွားသည်။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် အဒေါ် လျူတို့ ပြောဆိုနေသည်ကို လုံးဝမကြားရဘဲ သူမသည် လှည့်၍ ဆက်လက် အိပ်မောကျနေသည်။
ခရမ်းရောင်ဝတ်စုံ၏ နောက်ကျောပေါက်နေသည့် အပိုင်းက မြင်သာနေခဲ့ပြီး သူမ၏ ဖြူဖွေးနေသည့် အသားအရေမှာ တောက်ပနေခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် သူမကို ကြည့်လိုက်သည်။ အေးစက်နေသည့်ညတွင် ရုတ်တရက်ဆိုသလို အနည်းငယ်ပူလာသည်ဟု ခံစားရပြီး သူ၏ ရှပ်အင်္ကျီလည်စည်းကို မထိန်းချုပ်နိုင်တော့ဘဲ ဆွဲဖြည်လိုက်သည်။
သူ၏ လည်ချောင်းသည် အနည်းငယ် ယားယံနေဆဲဖြစ်ပြီး ရှင်းလင်း၍ မရနိုင်ခဲ့ပေ။
သူမကို ညင်သာစွာဖြင့် “ဒီမှာ အိပ်ရင် အအေးမမိမှာ မကြောက်ဘူးလား” ဟု ဆူပူလိုက်သည်။
ရှဲ့ကျစ်ရှင်းသည် လက်စွပ်ဘူးအား သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ရှေ့သို့လျှောက်သွား၍ ခါးကိုင်းကာ ရှချန်းချန်းအား မင်းသမီး ပုံစံကဲ့သို့ ပွေ့ချီလိုက်သည်။ ကောင်မလေး၏ ခန္ဓာကိုယ်အပူချိန်သည် အလွန်ကျနေခဲ့ပြီး အေးစက်နေသော ကျောက်စိမ်းကဲ့သို့ ဖြစ်နေသည်။ ရှချန်းချန်းသည် သူမဘေးရှိ ပူနွေးသည့် ခန္ဓာကိုယ်အပူချိန်ကို ခံစားမိပုံရပြီး ရှဲ့ကျစ်ရှင်း၏ ရင်ခွင်ထဲသို့ မတတ်နိုင်ဘဲ တိုးဝင်မိသွားသည်။ ခရမ်းရောင်ဂါဝန်ရှည်သည် ကြမ်းပြင်ပေါ်သို့ တွဲလောင်းကျနေခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် သူ၏ နှလုံးခုန်နှုန်း ရုတ်တရက် ထိန်းမရအောင် ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ နားရွက်များလည်း မထိန်းနိုင်ဘဲ နီရဲသွားသည်။
ဤအချိန်တွင် ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို ဝိုးတိုးဝါးတားဖြင့် ဖွင့်လိုက်သည်။
ရှချန်းချန်း၏ မက်မွန်သီးမျက်လုံးများသည် ဝေဝါးနေခဲ့ပြီး အနည်းငယ် မူးနေပုံရသည်။ သူမ မူးနေသည်မှာ သိသာနေပြီး လက်တွေ့နှင့် အိပ်မက်ကိုပင် ခွဲခြား၍မရပေ။
“လောင်ကုန်း ဘာလို့ ရှင်ဖြစ်နေတာလဲ”
ရှချန်းချန်းက ပြောလိုက်သည်။ ဖန်သားပြင်ကို တစ်ချက် ငဲ့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ အပြစ်ရှိသည့်ပုံစံဖြင့်
“ရှင် ကျွန်မရဲ့ လျှို့ဝှက်ချက်ကို သိလား” ဟူ၍ တိုးတိတ်စွာ မေးလိုက်သည်။
ရှဲ့ကျစ်ရှင်းက အံ့သြသွားသည်။
“လျှို့ဝှက်ချက် ဘာလျှို့ဝှက်ချက်လဲ”
“အဲဒါက”
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ နားနားသို့ ကပ်သွားပြီး နွေးထွေးသော လေစီးကြောင်းသည် နားတစ်ခုလုံးကို ချက်ချင်းဆိုသလို ပြည့်နှက်စေခဲ့သည်။
ရှဲ့ကျစ်ရှင်း၏ ကျောရိုးက တည့်မတ်သွားပြီး သူ၏နှလုံးခုန်နှုန်းက မြန်ဆန်လာခဲ့သည်။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ နားရွက်ဖျားကို ကိုက်လိုက်ပြီး “အဲဒါက ကျွန်မ ရှင့်ကို မပြောပြဘူး” ဟု တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် သူမ၏ နူးညံ့၍ အေးစက်နေသောခန္ဓာကိုယ်သည် ရှဲ့ကျစ်ရှင်း၏ လက်မောင်းထဲသို့ ကလေးတစ်ယောက် စနောက်နေသကဲ့သို့ ပြန်ဝင်သွားသည်။
သူမသည် တစ်ဖန်ပြန်၍ အိပ်ပျော်သွားသည်။
ရှဲ့ကျစ်ရှင်းသည် ခေါင်းကိုငုံ့လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားသည်။
“မင်းရဲ့ လျှို့ဝှက်ချက် သေးသေးလေးကို ကိုယ် မသိဘူးလို့ ထင်လား”
သူသည် ရှချန်းချန်းကို အခန်းထဲသို့ ပွေ့ခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ရင်ခွင်ထဲသို့ အမြဲတစေ တိုးဝင်နေခဲ့ပြီး အသက်သာဆုံး အိပ်စက်သည့် အနေအထားကို ရွေးချယ်ကာ အိပ်နေခဲ့သည်။ ရှဲ့ကျစ်ရှင်းသည် ဤကဲ့သို့ တိုတောင်းသော အကွာအဝေးသည် အလွန်ခဲယဥ်းသည်ဟု ခံစားနေရသည်။
ရှဲ့ကျစ်ရှင်း၏ ရင်ထဲမှ အပူသည် ပိုမိုပြင်းထန်လာပြီး သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် မီးလောက်မြိုက်နေသကဲ့သို့ပင် ဖြစ်နေသည်။
အခန်းထဲသို့ ရောက်လာခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား နောက်ဆုံး၌ အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။
မိန်းကလေး၏ ပင်လယ်ရေမှော်ကဲ့သို့ ရှည်လျားသောဆံပင်များသည် သူ၏ လက်ချောင်းများကြားမှ ဖြတ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ အေးမြပြီး နှစ်သက်ဖွယ်ကောင်းသော သင်းရနံ့များ မွှေးပျံ့နေခဲ့သည်။
ရှချန်းချန်းသည် မည်မျှ ဒုက္ခပေးခဲ့သည်ကို မသိဘဲနှင့် မည်သည့်အရာကိုမှ ဂရုစိုက်ခြင်းမရှိဘဲ အိပ်ပျော်နေခဲ့သည်။ သူမ၏ ပေါ်နေသော ပခုံးဖြူဖြူနှင့် ခြေထောက်သွယ်သွယ်များကိုပင် အလေးမထားပေ။
ရှဲ့ကျစ်ရှင်း၏ လည်စေ့သည် နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။
ဘယ်လောက်တောင် အပြစ်ကျူးလွန်ချင်စရာပါလိမ့်။
သူသည် သူ၏ ရင်ထဲမှ အပူကို ထိန်းချုပ်လိုက်ပြီး စောင်ကိုဆွဲကာ ကောင်မလေး၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးအုပ်ပေးလိုက်သည်။
သို့သော် အပူဒဏ်ကြောင့် နွေးထွေးမှုကို တောင်းဆိုခဲ့သည့် ကောင်မလေးသည် စောင်ကို ပြန်ကန်ချလိုက်သည်။
ပေါ်သင့်သည့်အရာများက ပေါ်နေသည်။
ရှဲ့ကျစ်ရှင်းသည် မပေါ်သင့်သည့်အရာများကိုပင် မြင်လိုက်ရသည်။
ရှဲ့ကျစ်ရှင်း: "..."
သူသည် ရှချန်းချန်းအား စောင်ကို ထပ်မံ၍ ကူဖုံးပေးသည်။
နောက်တစ်စက္ကန့်တွင် ရှချန်းချန်းက ထပ်မံ၍ ကန်ချလိုက်ပြန်သည်။
ထပ်မံ၍ ဖုံးပေးပြန်သည်။
ထပ်မံ၍ ကန်ချပစ်ပြန်သည်။
ထပ်မံ၍ ဖုံးပေးပြန်သည်။
ထပ်မံ၍ ကန်ချပစ်ပြန်သည်။
ရှဲ့ကျစ်ရှင်း: "..."
ရှဲ့ကျစ်ရှင်းသည် သည်းခံနိုင်စွမ်းရှိသူမဟုတ်ပေ။ သူသည် စိတ်မချမ်းမြေ့စွာ အခန်းထဲမှ ထွက်သွားရန် လှည့်လိုက်သည်။
သို့သော် သူ တံခါးဝသို့ လျှောက်သွားပြီးနောက် ရပ်တန့်သွားသည်။ ခေတ္တခဏ တွန့်ဆုတ်သွားပြီး ပြန်၍ လှည့်လာခဲ့သည်။
ရှဲ့ကျစ်ရှင်းက စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးများတွင် ချစ်မြတ်နိုးသည့် အကူအညီမဲ့မှုတို့ ပေါ်လွင်နေခဲ့သည်။ ထို့နောက် သူသည် ရှချန်းချန်းထံသို့ ပြန်သွားပြီး သူမအား စောင်သေချာခြုံပေးလိုက်သည်။
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ အိပ်ပျော်နေသည့် မျက်နှာကို ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလို သူ့ကိုယ်အား မကောင်းဆိုးဝါး ဝင်ပူးနေသကဲ့သို့ ခံစားလိုက်ရသည်။
မကောင်းဆိုးဝါးဝိဉာဉ် ဝင်ပူးနေသကဲ့သို့ ရှဲကျစ်ရှင်းသည် ခါးကိုင်းကာ ရှချန်းချန်း၏ နဖူးလေးအား ညင်သာစွာ နမ်းရှိုက်လိုက်သည်။
မိုးရွာနေသော ညဖြစ်ပြီး ပုလဲလိုက်ကာများသည် လှပသော မျက်နှာဖုံးကဲ့သို့ ဖြစ်နေသည်။
ထိုသို့ နမ်းရှိုက်လိုက်ပြီးနောက် ရှချန်းချန်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူမ၏ စောင်လေးကို ပွေ့ဖက်ပြီး နက်ရှိုင်းစွာ အိပ်ပျော်သွားသည်။
ရှဲ့ကျစ်ရှင်းသည် အိပ်ပျော်နေသော မိန်းကလေးကို ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များ ထပ်မံ မြင့်တက်သွားသည်။
တစ်ညလုံး မိုးရွာခဲ့ပြီးနောက် ကျန်းချန်မြို့ရှိ မြူခိုးများကို ဖယ်ရှားပေးခဲ့သည်။
နောက်တစ်နေ့၌ ကောင်းကင်သည် ကြည်လင်လာခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ကျန်းချန်မြို့ ပြည်သူ့လုံခြုံရေးဌာနသည် အရေးကြီးသည့် သတင်းတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယမန်ညက သတင်းပေးခဲ့သော စိတ်အားထက်သန်သည့် အင်တာနက်အသုံးပြုသူများ၏ သတင်းပေးချက်အရ အငှားကိုယ်ဝန်ဆောင်ပေးခြင်း သံသယရှိသူများအဖြစ် ယဲ့၊ မုန့်တို့နှင့် ဤကိစ္စနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များအပါအဝင် ထိန်းသိမ်းထားပြီး စစ်ဆေးဝေဖန်ခဲ့သည်ဟု ဆိုသည်။
တစ်ချိန်တည်းတွင် ရဲတပ်ဖွဲ့သည် စိတ်အားထက်သန်သော မားကတ်တင်းအကောင့် "လိမ်ညာသူများကို ဖော်ထုတ်သူ" မှ ပေးပို့သော သဲလွန်စများကို အစအန လိုက်၍ အငှားကိုယ်ဝန်ဆောင်ပေးခြင်းနှင့် ဆက်နွယ်နေသည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ်နိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်ပေးရန် အတင်းအဓမ္မ စေခိုင်းစေခံရသော အမျိုးသမီး ဒါဇင်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ခဲ့သည်။
ဤတွင် ကျန်းချန်မြို့ ပြည်သူ့လုံခြုံရေးဌာနက အငှားကိုယ်ဝန်ဆောင်ပေးခြင်းသည် အမျိုးသမီးများကို ဖိနှိပ်ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခြင်းနှင့် အမျိုးသမီးများကို အတင်းအဓမ္မခိုင်းစေခြင်း စသည့် တရားမဝင်လုပ်ရပ်များသို့ ဦးတည်နိုင်ကြောင်း အလေးအနက်ထား၍ ကြေညာခဲ့သည်။ တစ်ချိန်တည်းတွင် အငှားကိုယ်ဝန်ဆောင်ပေးခြင်းသည် သဘာဝနှင့် ကျင့်ဝတ် ဥပဒေများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးငယ်များကို လူသုံးကုန်ပစ္စည်းအဖြစ် သဘောထားခြင်းသည် ဘဝ၏ စီးပွားရေး ဆန်ဆန် ရုပ်ဝတ္ထုအဖြစ် သဘောထားခြင်းဖြစ်ပြီး နောက်ဆုံး၌ လူ့အဖွဲ့အစည်းကို ချမ်းသာကြွယ်ဝသူများအတွက် ကစားကွင်းတစ်ခု ဖြစ်လာစေလိမ့်မည်။
နောက်ဆုံးအနေဖြင့် ရဲတပ်ဖွဲ့အား အလွန် ကြောက်မက်ဖွယ်အခြေအနေများ၌ ရှိနေစေခဲ့သော အမျိုးသမီး ဒါဇင်ပေါင်းများစွာကို ကယ်တင်ရန် ကူညီပေးခဲ့သည့် "လိမ်ညာသူများကို ဖော်ထုတ်သူ" မှ ပေးပို့သော သဲလွန်စများအတွက် ထပ်မံ ကျေးဇူးတင်ရှိခဲ့သည်။
[အိုး! အငှား ကိုယ်ဝန်ဆောင်ပေးတာနဲ့ ပတ်သက်တဲ့ ဂိုဏ်းတစ်ခုကို တိုက်ရိုက်ဖော်ထုတ်လိုက်နိုင်ပြီ၊ ရဲဦးလေးက အရမ်းတော်တာပဲ]
[အငှားကိုယ်ဝန်ဆောင်ပေးတဲ့ အမှုက မနေ့ညကမှ ဖော်ခဲ့တာ၊ လူဆိုးတွေကို ဖမ်းဖို့ တစ်ညလုံး အလုပ်လုပ်ခဲ့ကြတာလား၊ရဲဦးလေး အလုပ်ကြိုးစားလိုက်တာ]
[ပြည်သူ့ရဲတပ်ဖွဲ့အတွက် မလွယ်ဘူး ကြိုက်တယ်]
[ကျီကျီကလည်း ချီးကျူးခံရဖို့ ထွက်လာပြီ ဒါက ကျန်းချန်မြို့ ပြည်သူ့လုံခြုံရေးဌာနက သူ့ကို ချီးကျူးတာ၊ သုံးကြိမ်မြောက်နဲ့ တူတယ်]
[လိမ်ညာသူများကို ဖော်ထုတ်သူ: ရဲစခန်းကို မကြာခဏ လာရောက်သူ]
[ယဲ့ရှီဝမ် ကိုယ်ဝန်ရှိတုန်းက သတင်းမထုတ်ဖော်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး၊ ယဲ့ရှီဝမ်ရဲ့ ကိုယ်ဝန်က အတုဖြစ်နေတာကိုး]
[ဒါ ကျီကျီပါ အရမ်းကောင်းတယ်】
[နောက်ကျ ငါ ကြယ်ပွင့် တစ်ပွင့်ကို ကြိုက်မိရင် ကျီကျီကို သူ့မှာ ဘလက်မက်တီရီရယ် ရှိလားလို့ မေးမယ်၊ မရှိရင် ပရိသတ်တစ်ယောက် ပြန်ဖြစ်ပြီ]
[+၁ ကျီကျီက ငါ့ရဲ့ ကြယ်ပွင့်ကို လိုက်တဲ့ စံနှုန်းပဲ၊ လင်ရှီးချန်နဲ့ ကျင်ရိဖန်ကိုလည်း Follow လုပ်ပြီးပြီ တစ်ယောက်က သရုပ်ဆောင် အရမ်းကောင်းပြီး တစ်ယောက်ကတော့ သီချင်းတွေ အရမ်းကောင်းအောင် ရေးစပ်နိုင်တယ် ပြီးတော့ သူတို့က ရှင်းတယ်၊ အိမ်ပြိုလဲသွားမှာကို စိုးရိမ်စရာ မလိုဘူး တကယ်ကို ရင်းနှီးမြှုပ်နှံရကျိုးနပ်တယ်]
[ကျီကျီရေ၊ အမြန်ဆုံး သတင်းတွေ ရှာပေးပါ ဥဩငှက်က ဖရဲသီးမရှိလို့ ဗိုက်ဆာနေပြီ]
…
တစ်ဖက်တွင် အမှတ် ၁၈၊ ယွီလန်ယွမ်
ရှချန်းချန်းသည် မနေ့ညက ဝိုင်နီပုလင်းတစ်ဝက် သောက်ခဲ့ပြီး နေ့လယ်အထိ အိပ်ပျော်နေခဲ့သည်။
သူမ၏ ခေါင်းသည် အနည်းငယ် မူးနောက်နောက်ဖြစ်နေသော်လည်း နာကျင်ခြင်းမရှိချေ။
တကယ်တော့ ရှချန်းချန်းသည် သောက်ရသည်ကို သိပ်၍ မနှစ်ခြိုက်မပေ။ သူမသည် အသံ-အမြင်ခန်းတွင် ဟန်မိသားစု၏ ဗီဒီယိုကို ကြည့်နေခဲ့ခြင်းဖြစ်သည်။ မစ္စဟန်က ယဲ့ရှီဝမ်အား မောင်းထုတ်လိုက်သည်ကို မြင်လိုက်သဖြင့် ရှချန်းချန်းတစ်ယောက် ပျော်ရွှင်သွားပြီး ဂုဏ်ပြုရန် သောက်ချင်ခဲ့သည်။
သူမသည် ဝိုင်ခန်းသို့ သွားပြီး ၁၇၈၇ ထုတ် Lafite Castle ဝိုင်ပုလင်းကို ရွေးချယ်ခဲ့သည်။
Lafite သည် ဝတ္ထုများနှင့် တီဗီဒရမ်မာများတွင် မကြာခဏပြောလေ့ရှိသကဲ့သို့ အလွန်စျေးကြီးသော ဝိုင်တစ်မျိုးဖြစ်သည်။
၁၉၈၇ ဝိုင်ဖြစ်နေတယ်။ ၁၉၈၂ ဝိုင်လောက် မကောင်းပေမယ့် ကိစ္စမရှိပါဘူး။
ရှချန်းချန်းတစ်ယောက် တစ်ငုံသောက်လိုက်ပြီးနောက် စနစ်သည် သူမအား မူးဝေစွာဖြင့် “မင်းလက်ထဲက ဝိုင်ပုလင်းက ရှဲ့ကျစ်ရှင်းရဲ့ ဝိုင်ခန်းထဲမှာ အစျေးအကြီးဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅၆,၄၀၀ တန်ဖိုးရှိတယ်” ဟု ပြောလိုက်သည်။
ရှချန်းချန်း: ? ? ?
ရှချန်းချန်းမူ အလွန်အံ့သြသွားပြီး သူမသောက်ထားသည့် ဝိုင်အားလုံးကို ချက်ချင်းပြန်လည်ထွေးထုတ်လိုက်သည်။
ဝိုင်မှ အငွေ့များက အနှံ့ ပျံ့နှံ့သွားသည်။
ချက်ချင်းဆိုသလို ရှချန်းချန်းသည် အခြေအနေအား သဘောပေါက်လိုက်သည်။
သူမ ယခုတင် ထွေးထုတ်လိုက်သည့် ဝိုင်တစ်ငုံသည် ယွမ် သောင်းချီတန်ဖိုးရှိနေသည်။
“ဘာလို့ ငါ့ကို စောစောမပြောတာလဲ”
ရှချန်းချန်းက စနစ်အား အပြစ်တင်သည်။
စနစ်က ယင်း၏ လက်ကိုဖြန့်ကာ
“မင်းလည်း စောစောက မမေးခဲ့ဘူးလေ”
ပုလင်းအား ဖွင့်ပြီးပြီ ဖြစ်သဖြင့် ရှချန်းချန်း၏ ပစ္စည်းဖြစ်သွားပြီဖြစ်ပြီး ပြန်ပေးရန် အကြောင်းမရှိတော့ပေ။
ဖြုန်းတီးခြင်းမရှိစေရဟူသော နိယာမကို လိုက်နာကာ ရှချန်းချန်းသည် ပုလင်းတစ်ဝက်လောက် ကုန်အောင် တစ်ကျိုက်ချင်း သောက်ချလိုက်ပြီးနောက် ဗိုက်တကယ် ပြည့်သွားသည်ဆိုကာမှ ရပ်တန့်လိုက်သည်။ သူမ မူးသွားပြီး နောက်တစ်နေ့အထိ အိပ်မောကျနေခဲ့သည်။
ရှချန်းချန်းသည် သူမ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“တုံကျီ၊ မနေ့ညက ငါ Audio visual ခန်းထဲမှာ မဟုတ်ဘူးမလား၊ ဘာလို့ ငါ့အခန်းထဲ ပြန်ရောက်နေတာလဲ”
တစ်ညလုံး ဖိနှိပ်ခံထားရသော စနစ်သည် နောက်ဆုံးတွင် ထွက်လာသည်။
“ငါ ဒီမှာ၊ ငါ ဒီမှာပါ!”
ရှဲ့ကျစ်ရှင်းသည် မနေ့ညက အဖြစ်အပျက်များအား မည်သူမျှ မမြင်ဘူးဟု ထင်ခဲ့သော်လည်း စနစ်ကတော့ အားလုံးမြင်ခဲ့ရသည်။ ပြီးတော့ တစ်ညလုံး မြင်ခဲ့ရတာ။
အထူးသဖြင့် ရှဲ့ကျစ်ရှင်းက ရှချန်းချန်းကို ခိုးနမ်းသည်ကို မြင်လိုက်သည့်ခါ စနစ်သည် Host ၏ စိတ်ထဲတွင် အရူးအမူးခုန်ပေါက်နေခဲ့သည်။
သူ့မှာသာ ရုပ်ခန္ဓာရှိနေခဲ့မယ်ဆို သူ့ရဲ့ပါးစပ်က ကွမ်ကျုံးကိုတောင် မြိုချနိုင်လောက်အောင် ကြီးနေလိမ့်မယ်။
စနစ်က အလွန်စိတ်လှုပ်ရှားနေသည်၊ “မနေ့ညက အားလုံးကို ငါ မြင်ခဲ့ရတယ် အဲဒါ သူပဲ အဲ့ဒါ သူပဲ အဲဒါ သူပဲ!”
ရှချန်းချန်း: ? ? ?
ရှချန်းချန်းတစ်ယောက် ဆွံ့အသွားသည်။
“ငါ နီကျားဖြစ်နေတုန်းဘဲ ငါ့ကို ပြောစမ်းပါ၊ မနေ့ညက ဘာဖြစ်ခဲ့တာလဲ”
စနစ်သည် ချက်ချင်း ပါးစပ်ဟလိုက်သည်။
ရှချန်းချန်းနှင့်အတူ အချိန်ကုန်ဆုံးခဲ့ခြင်းက ဤ Host ကို အလွယ်တကူ လိမ်ညာ၍မရကြောင်းအား သူ့ကို နားလည်စေခဲ့သည်။ မဟုတ်လျှင် နောင်တွင် သူ အလိမ်ခံရမည်မှာ သေချာသည်။ ရိုးရိုးသားသား ဖြေခြင်းက အကောင်းဆုံးပင်။
သို့သော် သူ ပါးစပ်ဖွင့်လိုက်ပြီး တစ်ခုခု ပြောချင်သော်လည်း မပြောနိုင်ပေ။
စနစ်: QAQ…
သူသည် ပင်မစနစ်မှ ထိန်းချုပ်ခြင်းခံထားရသည်။
စနစ်ပြောမည့်အရာက host၏ နောက်ဆက်တွဲ ဇာတ်လမ်းကို အလွန် ထိခိုက်စေနိုင်သည် စနစ်၌ ပြောခွင့်မရှိပေ။
စနစ်အတွက် သူသည် ရှချန်းချန်းအား အခြားလူများ၏ ကွန်ပျူတာများကို ဟက်ခ်လုပ်ရန် ကူညီပေးနိုင်သည်။ ရှချန်းချန်းအား အခြားသူများ၏ စကားပြောဆိုမှုများကို နားထောင်ရန် ကူညီပေးနိုင်သည်။ "လိမ်ညာသူများကို ဖော်ထုတ်သူ" အကောင့်ကိုလည်း ထိန်းချုပ်ရန်လည်း ကူညီပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤဇာတ်လမ်းများသည် နောက်ဆက်တွဲ ဇာတ်လမ်း၏ ဖွံ့ဖြိုးမှုကို မထိခိုက်နိုင်သောကြောင့်ဖြစ်သည်။
ရှချန်းချန်း၏ "လိမ်ညာသူများကို ဖော်ထုတ်သူ" အကောင့်အား အခြားသူများ မတွေ့ရှိနိုင်အောင် ကာကွယ်ပေးသည့် တစ်ခုတည်းသော ခွင့်ပြုချက်ကို ရှချန်းချန်းသည် ဂုဏ်သတင်းအမှတ် ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယင်းသည် ချိုးဖောက်ခြင်း မဟုတ်ပေ။
ယမန်ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာသည် ဤစာအုပ်ရှိ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီး ဇာတ်ပို့နှင့် ရက်စက်ကြမ်းကြုတ်သော ဗီလိန်၏ နောက်ဆက်တွဲ တိုးတက်မှုကို အလွန် ထိခိုက်စေနိုင်သည်။ သူသည် အရန်စနစ်မျှသာဖြစ်ပြီး ထုတ်ပြော၍မရနိုင်ပေ။
စနစ်: အိုး သူကမ္ဘာပေါ်မှာ အကြီးဆုံး ဖရဲသီးကို သိထားပေမယ့် ပြောခွင့်မရှိဘူး။
ဝါး!
စနစ်သည် အချက်အလက်များကို တည့်တိုး ဖော်ပြနိုင်ပြီး သူ၏ စက်ရုပ်လေသံဖြင့် နားရှုပ်စေနိုင်သော အရာများကို တတ်နိုင်သမျှ ဖော်ပြပေးသည်။
“အဲဒါက ရှဲ့ကျစ်ရှင်းက သူ ကိုယ်တိုင် ညင်ညင်သာသာ လက်နဲ့ မင်းကို ပြန်ခေါ်လာခဲ့တာ”
ရှချန်းချန်း: ? ? ?
“သိပါတယ် ဒီလောက် အထူးပြု စကားလုံးတွေ အများကြီး ပြောစရာ မလိုပါဘူး၊ ငါ တရုတ်စာကောင်းကောင်း တတ်တယ် နားလည်တယ်”
ရှချန်းချန်းက ဂရုမစိုက်ပေ။
“ရှဲ့ကျစ်ရှင်းက ငါ့ကို ပြန်ပို့ပေးရုံလေးပဲ မဟုတ်ဘူးမလား၊ အဲဒါလေး ပြောဖို့ကို ဒီလောက် တွန့်ဆုတ်နေစရာ လိုလို့လား”
စနစ်: QAQ
အရေးကြီးဆုံး အချက်ကတော့ ပြန်ခေါ်လာရုံသက်သက် မဟုတ်ဘူး။
ဒါပေမဲ့ သူ မပြောမပြနိုင်ဘူး။
သူ အရမ်းမုန်းတယ်။
စနစ်သည် ခေတ္တခဏ စိတ်ပျက်အားငယ်နေပြီးနောက် အကြောင်းအရာအသစ်တစ်ခုကို စတင်လိုက်သည်။
“Host ယဲ့ရှီဝမ်ရဲ့ ကိစ္စပြီးသွားပြီ ဒီနေ့ ဘာလုပ်ကြမလဲ၊ သတင်းအသစ်တွေ ပြင်ဆင်မလား”
စနစ်က ကောလဟာလအသစ်များအကြောင်း တွေးလိုက်သည့်အခါ ရှချန်းချန်းကို အမျိုးသမီးစတားဖြစ်ရန် တိုက်တွန်းခဲ့သည်ကိုပင် မေ့သွားခဲ့ပြီး စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။
အမျိုးသမီးစတားဖြစ်ရတာက ပါပါရာဇီဖြစ်ရတာလောက် မကောင်းပါဘူး။
“ယဲ့ရှီဝမ်ရဲ့ ကိစ္စပြီးသွားပြီလို့ ဘယ်သူပြောလဲ”
ရှချန်းချန်းသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ပြတင်းပေါက်ကြီးထံသို့ လျှောက်သွားကာ အပြာရောင်ခန်းစီးလိုက်ကာများကို ဖွင့်လိုက်သည်။
အပြင်ဘက်ရှိ တောက်ပသောနေရောင်ခြည်သည် အခန်းထဲသို့ ချက်ချင်းတိုးဝင်လာသည်။ မိုးရွာပြီးနောက် ရာသီဥတုက အလွန်ကောင်းမွန်နေခဲ့ပြီး နေရောင်ကပင် အထူးတောက်ပနောခဲ့သည်။
စနစ်က ခေါင်းရှုပ်သွားသည်။
“အငှားကိုယ်ဝန်ဆောင်ပေးတာနဲ့ ဖောက်ပြန်လို့ရလာတဲ့ သမီးလေးရဲ့ ကိစ္စတွေ ဖော်ခဲ့ပြီးပြီ၊ ဘာတွေ ထပ်ကျန်နေသေးလို့လဲ”
“ဟုတ်တာပေါ့၊ မူလပိုင်ရှင်က ရှယုံဒယ်ဆီမှာ ချန်ထားခဲ့တဲ့ ပစ္စည်းတွေ”
ရှချန်းချန်းသည် လှောင်ပြောင်သော အပြုံးဖြင့် သူမ၏ နှုတ်ခမ်းထောင့်ကို မြှင့်တင်လိုက်သည်။
“သူတို့က ကျီးကန်းရဲ့ အသိုက်ကို ဒီလောက်ကြာကြာ နေရာယူထားတာ အခုတော့ ပစ္စည်းတချို့ကို ပြန်ယူဖို့ အချိန်တန်ပြီ”
ရှအုပ်စု၊ ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေး၌။
ဤသည် အရေးပေါ် အစည်းအဝေးတစ်ခုဖြစ်သည်။
ယမန်နေ့က ရှယုံဒယ်၏ သားမက်ဖြစ်သူသည် သူ့ ဇနီးကို သစ္စာဖောက်ခဲ့ခြင်းကြောင့် ရှအုပ်စု၏ အကြီးတန်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည် အတော်ပင် မကျေမနပ်ဖြစ်နေကြသည်။
ရှအုပ်စုအား ရှပိုင်လု၏ ဖခင်မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း၌ ဒါရိုက်တာများ အားလုံး ဝင်လာခဲ့ခြင်းဖြစ်သည်။ မူလအစ၌ ယခုကဲ့သို့ လုပ်ငန်းအမျိုးအစားသည် အကျိုးစီးပွားနှင့် လုံးလုံး ဆက်နွယ်နေပြီး စည်းလုံးညီညွတ်မှု အားနည်းလေ့ရှိသည်။
သို့သော် ရှမိသားစု၏ ဒါရိုက်တာအများစုသည် ရှပိုင်လု၏ ဖခင် စစ်တပ်ထဲသို့ ဦးဆုံး ဝင်ခဲ့စဉ်က ယင်းတို့အားလုံးသည် သူ့ဖခင်၏ လက်အောက်ငယ်သားများ ဖြစ်ခဲ့ကြသည်။ ထိုခေတ်က စစ်သားများသည် အတူတကွ သေခြင်းနှင့် ရှင်ခြင်းက်ု မခံစားခဲ့ကြရသော်လည်း သူတို့သည် ဒုက္ခများကို ကြုံတွေ့ခဲ့ကြပြီး သူတို့၏ အဖွဲ့အစည်းအပေါ်၌ ပိုင်ဆိုင်မှု အသိစိတ်ကား အထူးသဖြင့် ပြင်းထန်ခဲ့သည်။ နိုင်ငံရေး အကြောင်းပြချက်အချို့ကြောင့် သူတို့သည် စစ်တပ်ထဲ၌ ရာထူးတိုးရန် အခွင့်အရေးများ ဆုံးရှုံးခဲ့ကြပြီး သူတို့၏ ကျေးလက်ဒေသများသို့ ပြန်ကာ ဆက်လက်၍ စိုက်ပျိုးရေး လုပ်ကိုင်ခဲ့ကြရသည်။
ထိုအချိန်က ရှပိုင်လု၏ ဖခင်သည် ထိုသူတို့အား အခွင့်အရေး ပေးခဲ့ခြင်းဖြစ်သည်။
ယခု၌ ယင်းတို့ တစ်ဦး တစ်ယောက်ချင်းစီသည် ဆင်းရဲသည့် သာမန် ယောက်ျားလေးဘဝမှ ကျန်းချန်မြို့၌ နာမည်ကောင်းဖြင့် ဂုဏ်သိက္ခာရှိသော ချမ်းသာကြွယ်ဝသူများ ဖြစ်လာခဲ့ကြသည်။ သူတို့သည် ရှမိသားစု၏ ကရုဏာတရားအား မည်သည့်အခါကမှ မေ့လျော့ခြင်းမရှိခဲ့ပေ။ ရှပိုင်လု၏ သေဆုံးပြီးနောက်ပိုင်း ဤမျှ ကြာသည်အထိ သူတို့သည် ရှမိသားစု၏ အမွေခံ ရှချန်းချန်းအား စောင့်ရှောက်ရန် ကူညီပေးနေကြဆဲပင် ကရုဏာတရားကို တန်ဖိုးထားကြဆဲဖြစ်သည်။
ဟုတ်ပေသည်။ စစ်သားများ ဖြစ်ခဲ့ကြသည့် အနေဖြင့် သူတို့၌ မြင့်မားသည့် ဥပဒေရေးရာ စံနှုန်းများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ရှိကြပေသည်။ ရှချန်းချန်းသာ တရားမဝင်သည့် အရာတစ်ခုခု လုပ်ခဲ့မိလျှင် သူတို့သည်လည်း သူမအား ရှမိသားစုကို ဆက်လက်ကာကွယ်သည့်နေရာ၌ ကူညီမည် မဟုတ်ပေ။ သို့သော် ရှချန်းချန်းဘက်မှ မည်သည့် အမှားတစ်စုံတစ်ရာမျှ လုပ်ခဲ့ခြင်းမရှိလျှင် ဤဒါရိုက်တာများသည်လည်း ရှချန်းချန်း ဘက်မှ ဆက်လက်ရပ်တည်နေမြဲဖြစ်လိမ့်မည်။
“ဒါရိုက်တာ ရှ၊ ကျွန်တော်တို့ ခင်ဗျားကို ဥက္ကဌအဖြစ် ရွေးချယ်ခဲ့တာက ခင်ဗျားရဲ့ စွမ်းရည်ကြောင့် မဟုတ်ဘဲ ခင်ဗျားက ဒါရိုက်တာဟောင်း ရှရဲ့ မွေးစားသားနဲ့ ချန်းချန်းရဲ့ ဖခင် ဖြစ်နေလို့ပါ”
မျက်နှာ၌ အရေးအကြောင်းများရှိသော ဒါရိုက်တာဟောင်းတစ်ဦးက အပြစ်တင်ပြောဆိုလိုက်သည်။
“ခင်ဗျားက အခု ကိုယ်ကျင့်တရား ပျက်ပြားတဲ့ အရာမျိုးကို လုပ်နေတယ်၊ လုလုကို သစ္စာဖောက်ရုံတင်မဟုတ်ဘဲ ဒါရိုက်တာဟောင်း ရှကိုလည်း သစ္စာဖောက်လိုက်တာပဲ၊ ခင်ဗျားက ရှအုပ်စုရဲ့ ဥက္ကဌဖြစ်ဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ”
“ဟုတ်တယ်”
ထိုလူ၏ ဘေးနားရှိ ဒါရိုက်တာအချို့ကလည်း သံယောင်လိုက်သည်။
“ချန်းချန်းက ကျွန်တော်တို့ရဲ့ မျက်စိရှေ့မှာ ကြီးပြင်းလာတာ၊ သူက ခင်ဗျားရဲ့ သမီးလည်း ဟုတ်တယ်၊ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလို ဆက်ဆံနိုင်ရတာလဲ”
“သတိရှိစမ်းပါ၊ ကိုယ့်အသိတရားနဲ့ကိုယ် ရာထူးကနေ နုတ်ထွက်သင့်ပြီ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”
“ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်လိုက်”
“အဲတုန်းက လုလုက ခင်ဗျားကို ချစ်မိတာက အမြင်မှားတာပဲ ခင်ဗျားက ချန်းချန်းရဲ့ အဖေဖြစ်ဖို့ မထိုက်တန်ဘူး၊ ချန်းချန်းရဲ့ ရှယ်ယာတွေကို စီမံခန့်ခွဲဖို့လည်း မထိုက်တန်ဘူး၊ ခင်ဗျား ကိုယ့်သဘောနဲ့ကိုယ် မြန်မြန် နုတ်ထွက်လိုက်သင့်ပြီ”
…
ရှယုံဒယ်၏ မျက်နှာသည် မည်းမှောင်နေခဲ့သည်။
သူ၏ မျက်လုံးထဲ၌ ဤဒါရိုက်တာဟောင်းများသည် သစ္စာရှိသည့် ငတုံးများဖြစ်သည်။ ရှချန်းချန်းကို ကာကွယ်ပေးခြင်းက မည်သည့် အကျိုးရှိသနည်း။ အသုံးအဖြုန်းကြမ်းပြီး ဖျက်ဆီးတတ်သည့် သူမ၏ ပုံစံနှင့် ရှအုပ်စုတစ်ခုလုံးကို စီမံခန့်ခွဲနိုင်မည်လား။
“ဒါရိုက်တာတွေရဲ့ ခံစားချက်တွေကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့လည်း ပြောခဲ့တယ် ရှမိသားစုက မိသားစုလုပ်ငန်းပဲ ချန်းချန်းက အသက်ငယ်သေးပြီး ရှအုပ်စုကို စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်က ဥက္ကဌနေရာကို မယူရင် ခင်ဗျားတို့ ယူမှာလား”
ရှယုံဒယ်၏ လေသံသည် ပိုမိုပြတ်သားလာပြီး သူ၏မျက်လုံးများသည် ဒါရိုက်တာများ တစ်ယောက်ချင်းစီကို လှည့်ပတ်ကြည့်လိုက်သည်။
“ကျုပ်က ဒါရိုက်တာဟောင်း ရှရဲ့ မွေးစားသား ဖြစ်နေတုန်းပဲ၊ ခင်ဗျားတို့ထဲက ဘယ်သူမှ ရှဆိုတဲ့မျိုးရိုးနာမည် မပါဘူး”
ဒါရိုက်တာများသည် အံ့သြစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ရှယုံဒယ်၏ စကားတစ်ခွန်းက မှန်ကန်သည်။ ရှမိသားစုသည် မိသားစုလုပ်ငန်းဖြစ်သည်။ ဒါရိုက်တာဟောင်းရှက သူ့အား မွေးစားစဉ်ကလည်း ရှအုပ်စုကို စီမံခန့်ခွဲစေခဲ့ခြင်း ဖြစ်သည်။ ရှယုံဒယ်က ဂရုမစိုက်လျှင်တောင် သူတို့ကဲ့သို့ အခြားမျိုးရိုးနာမည်ရှိသည့် ဒါရိုက်တာများ တာဝန်ယူရမည့် ကိစ္စမဟုတ်ပေ။
“ဦးလေး ရှ၊ ဒီဒါရိုက်တာဘုတ်အဖွဲ့မှာ ရှီမျိုးရိုးနာမည်ပါတဲ့ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး ကျွန်တော့်မျိုးရိုးနာမည်လည်း ရှပဲ”
ထိုအချိန်၌ လူတိုင်းသည် အစည်းအဝေးပွဲစားပွဲ၏ ထောင့်တစ်နေရာမှ အမျိုးသားတစ်ဦးကို သတိထားမိလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။
သူသည် အသက်သုံးဆယ်သာ ရှိသေးသော်လည်း ရင့်ကျက်တည်ငြိမ်သော ခံစားမှုကို ပေးသည်။ ထိုသူသည် ကောင်းမွန်စွာချုပ်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လင်းယုန်ကဲ့သို့ ထက်မြက်သော သူ၏မျက်လုံးများသည် ရှယုံဒယ်အား တည့်တည့်စိုက်ကြည့်နေခဲ့သည်။
ရှထျန်ဟွာ၊ ရှချန်းချန်း၏ အစ်ကိုဝမ်းကွဲ။
ရှယုံဒယ်က အံ့သြသွားသည်၊ “ထျန်ဟွာ မင်းက ရှရဲ့ ပြည်ပစျေးကွက်တွေကို တာဝန်ယူထားတာ မဟုတ်ဘူးလား၊ ပြည်တွင်းစျေးကွက်ထဲကို ဘာလို့ ဝင်လာတာလဲ”
ရှထျန်ဟွာသည် သူ ခုနက ကစားနေခဲ့သော ဘောပင်ကို သူ၏ ဝတ်စုံအိတ်ကပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။
“ဦးလေး၊ ဘာတွေပြောနေတာလဲ ကျွန်တော့်အဘိုးနဲ့ ဦးလေးက ရှအုပ်စုကို စတင်တည်ထောင်တုန်းက ပြည်တွင်းနဲ့ ပြည်ပ ကွဲပြားမှု မရှိပါဘူး၊ အဘွားက လင်းယုန်ရဲ့ ရာသီဥတုကို ပိုကြိုက်တာနဲ့ ကျွန်တော်တို့ မိသားစုက ပြည်ပစျေးကွက်ကို တာဝန်ယူဖို့ ရွေးချယ်ခဲ့ပြီး ကျွန်တော့် ဦးလေးက ပြည်တွင်းစျေးကွက်ကို တာဝန်ယူဖို့ နိုင်ငံထဲမှာ နေခဲ့တာ”
“ရှအုပ်စုရဲ့ ပြည်ပနဲ့ ပြည်တွင်းလုပ်ငန်းတွေက ခွဲခြားလို့ မရပါဘူး၊ အခု ပြည်ပစျေးကွက်က တည်ငြိမ်သွားပြီဖြစ်ပြီး ပြည်တွင်းစီမံခန့်ခွဲမှုမှာ ပြဿနာတွေ ရှိနေတော့ ကျွန်တော် ပြန်လာသင့်တယ်ထင်တာ၊ တိတိကျကျ ပြောရရင် ကျွန်တော်လည်း ရှအုပ်စုရဲ့ လုပ်ငန်းတွေကို တာဝန်ယူနိုင်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်”
ရှယုံဒယ်က မျက်မှောင်ကြုတ်လိုက်သည်။
ရှထျန်ဟွာ၏ စကားများက မမှားနေပေ။ သူသည် ရှအုပ်စု၏ လုပ်ငန်းများကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ပြီး ရှချန်းချန်းထံမှ ရှမိသားစုကို ပထုတ်သွားရန် ကြိုးစားခဲ့သည်။ သို့သော် သူသည် ပြည်ပတွင် ရှိနေသော ရှထျန်ဟွာသည်လည်း ရှမိသားစုအတွက် ယှဉ်ပြိုင်ရန် အကောင်းဆုံးသော ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်သည်ကို အမှတ်မေ့နေခဲ့သည်။
သို့သော် ရှယုံဒယ်သည် ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားပြီး ပြုံးလိုက်သည်။
“ထျန်ဟွာ၊ မင်းက ပြည်ပစျေးကွက်ကို တာဝန်ယူနေခဲ့တာဆိုတော့ ပြည်တွင်း ဥက္ကဌ ရွေးချယ်မှု စည်းမျဉ်းတွေကို နားမလည်တာ ဖြစ်နိုင်တယ်”
ရှယုံဒယ်၏ မျက်လုံးများတွင် ကောက်ကျစ်မှု အနည်းငယ် ပေါ်လွင်နေခဲ့သည်။
“ဥက္ကဌဟောင်းရှ ကွယ်လွန်သွားတုန်းက ရှအုပ်စုရဲ့ ဥက္ကဌက ရှအုပ်စုရဲ့ ရှယ်ယာတွေထဲက အနည်းဆုံး ၁၀% ပိုင်ဆိုင်ရမယ်လို့ သတ်မှတ်ခဲ့တယ်”
ဤသည် မူလ၌ ရှချန်းချန်း၏ ရှယ်ယာများကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူမ ၂၅ နှစ်အရွယ်မှာ ရှအုပ်စု၏ ဥက္ကဌ ဖြစ်လာစေရန် စည်းမျဉ်းတစ်ခု ဖြစ်သည်။
မထင်မှတ်ထားဘဲ ရှထျန်ဟွာအား ထောင်ချောက်ဆင်ရန် ရှယုံဒယ်၏ အကောင်းဆုံးနည်းလမ်း ဖြစ်သွားခဲ့သည်။
ဤနှစ်များအတွင်း ရှယုံဒယ်သည် ဟိုဟို၊ ဒီဒီ ပြန့်ကျဲနေခဲ့သည့် ရှယ်ယာများကို ဝယ်ယူနေခဲ့သည်။ ယခု၌ သူသည် ရှအုပ်စု၏ ရှယ်ယာ ၁၀% ကျော်ကို ပိုင်ဆိုင်နေပြီဖြစ်လေသည်။
ရှထျန်ဟွာ၏ မိသားစုသည် တစ်နှစ်ပတ်လုံး ပြည်ပစျေးကွက်အား တာဝန်ယူထားပြီး ရှအုပ်စု၏ ရှယ်ယာများကို သူတို့သည် ၉% သာပိုင်ဆိုင်ထားသည်။
ရှထျန်ဟွာ၏ မျက်နှာက မှောင်မိုက်သွားသည်။
သူသည် ဤစည်းမျဉ်းကို သိသော်လည်း ရှယုံဒယ်နှင့် ယဲ့ရှီဝမ်တို့၏ ဆက်ဆံရေးကို ရုတ်တရက် ထုတ်ဖော်ခံရမှုသည် သူ့အား အံ့အားသင့်စေခဲ့ပြီး ချန်းချန်းကို ကူညီရန်အတွက် လင်းယုန်နိုင်ငံမှ လျင်မြန်စွာ ပြန်လာခဲ့သည်။
ဤနှစ်နှစ်အတွင်းတွင်ပင် သူ၏ မိသားစုသည် ရှယုံဒယ်၏ နောက်ကွယ်၌ အကြံအစည်များရှိနေခဲ့ပြီး ရှအုပ်စု၏ ရှယ်ယာများကို ဝါးမြိုချချင်နေခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။ သို့သော် သူတို့မှ ရှအုပ်စု၏ ပြန့်ကျဲနေသည့် ရှယ်ယာများကို ဝယ်ချင်သည့်အခါ စျေးကွက်ထဲ၌ ဝယ်ယူနိုင်သည့် ပြန့်ကျဲနေသော ရှယ်ယာများ သိပ်၍ မကျန်တော့ပေ။
ဒါပေမဲ့ နည်းနည်းလေးပဲ လိုတာပါ။
ရှယုံဒယ်က အလွန်မောက်မာသည်။ ရှထျန်ဟွာသည် ရှမိသားစုတွင် ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူကြားသိခဲ့သော်လည်း ဘာအရေးနည်း။ နည်းနည်း လိုနေသေးတာပဲ။
“ထျန်ဟွာ၊ မင်းက ရှမိသားစုဝင်ဖြစ်နေတော့လည်း ဘာဖြစ်လဲ”
ရှယုံဒယ်က ကျေနပ်နေခဲ့သည်။
“အခု ရှအုပ်စုရဲ့ ဥက္ကဌဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့သူက ငါတစ်ယောက်တည်းပဲ”
ရှထျန်ဟွာသည် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ ချောမောသော မျက်နှာတွင် အနည်းငယ် ဒေါသထွက်နေသည့်ဟန် ပေါ်လာသည်။
“ဥက္ကဌဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့သူက ခင်ဗျားတစ်ယောက်တည်းတဲ့လား၊ ကျွန်မတော့ အဲလို မထင်ဘူး”
လူကို မတွေ့ရသေးခင် ထိုသူ၏ အသံကို ဦးစွာ ကြားလိုက်ရသည်။
ဒါရိုက်တာဘုတ်အဖွဲ့ခန်း၏ တံခါးသည် ရုတ်တရက် ပွင့်သွားပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ဉာဏ်ရည်ထက်မြက်သည့် အမျိုးသမီးပုံစံ အဖြူရောင်ကော်လာ ဝတ်စုံအား ဝတ်ဆင်ထားသည့် ရှချန်းချန်းသည် လူတိုင်း၏ရှေ့၌ ပေါ်ထွက်လာသည်။
ရှချန်းချန်းသည် သူမ၏ ပင်လယ်ရေမှော်ကဲ့သို့ ဆံပင်များကို စည်းထားပြီး အလုပ်ခွင်မှ သန်မာသော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေစေသော စံနှုန်းအတိုင်း လုပ်ငန်းရှင် အမျိုးသမီး အဝတ်အစားများကို ဝတ်ဆင်ထားသည်။
“ချန်းချန်း”
ရှယုံဒယ်၏ မျက်လုံးများက အနည်းငယ် မှောင်မိုက်သွားသည်။
“ဒီကို ဘာလာလုပ်တာလဲ”
ဘာလို့ ဒီကို ထပ်ရောက်လာပြန်တာလဲ။ သူ ရောက်လာတိုင်း ဘာမှကောင်းတာမရှိဘူး။
ရှချန်းချန်းသည် ရှယုံဒယ်ကို လုံးလုံး လစ်လျူရှုပြီး မျက်ခုံးများ ကွေးညွတ်ကာ ရှထျန်ဟွာထံသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။
“အစ်ကို၊ မတွေ့တာကြာပြီနော်”
ရှထျန်ဟွာ၏ မူလက အေးဆေးပြီး ရင့်ကျက်တည်ငြိမ်သော မျက်နှာသည် ရှချန်းချန်းအား တွေ့ပြီးနောက် အကြောင်းတစ်ခုခုကြောင့် အနည်းငယ် နီမြန်းသွားသည်။
“ချန်းချန်း၊ မတွေ့တာကြာပြီ”
ရှချန်ချန်သည် သူမ၏ လက်များကို ဆန့်ထုတ်လိုက်ပြီး အလွန်ရင်းနှီးသော ပုံစံဖြင့် ရှထျန်ဟွာကို ဖက်လိုက်သည်။
ရှထျန်ဟွာ၏ မျက်နှာသည် ချက်ချင်းပင် ပို၍ နီမြန်းသွားသည်။
ရှချန်းချန်း: ???
သူမက စနစ်ကို မေးမြန်းလိုက်သည်။
“တုန်ကျီ ရှထျန်ဟွာက ဝတ္ထုထဲမှာ အမြှောက်စာ တစ်ယောက်ဖြစ်ခဲ့တာကို ငါမှတ်မိတယ်၊ သူ့ဇာတ်ကောင်က ရှချန်းချန်းရဲ့ အစ်ကိုဝမ်းကွဲ၊ စီးပွားရေးစွမ်းရည် ကောင်းတယ် ဒါပေမဲ့ ဘာလို့ သူနီရဲနေတာလဲ”
စနစ်က ခဏတာ တိတ်ဆိတ်သွားသည်။
“ရှထျန်ဟွာရဲ့ အတွေးတွေကို နားထောင်ချင်လား ငါ မင်းကို နည်းနည်း ဖတ်ပြနိုင်တယ် အဲဒါဆို မင်းသိသွားလိမ့်မယ်”
ရှချန်းချန်းက အံ့အားသင့်သွားသည်။
“နင့်မှာ အဲလိုလုပ်ဆောင်ချက်တောင် ရှိသေးတာလား”
စနစ်: "..."
အမြဲတမ်း ရှိနေခဲ့ပါတယ်၊ ဒါပေမဲ့ Host ကို ထုတ်ပြဖို့က စည်းမျဉ်းတွေကို ဆန့်ကျင်နေတယ်လို့ ယူဆရလို့
ဒါပေမဲ့လည်း စနစ်က လျှို့ဝှက်ချက်ကို တစ်ညလုံး ထိန်းထားခဲ့ရတယ်၊ အခုတော့ ဒီအန္တရာယ်မရှိတဲ့အရာကို နောက်ဆုံးတော့ ပြောနိုင်ပြီ၊ သူ ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။
“နည်းနည်းပဲ ပြောပြနိုင်တယ်၊ နည်းနည်းပဲနော်”
စနစ်က သိက္ခာရှိစွာ ပြောသည်။
ရှချန်းချန်း၏ မျက်လုံးများသည် ကြယ်များဖြင့် အရောင်တောက်နေပြီး ကြိုးစားချင်စိတ် ပြင်းပြနေသည်။
“ဖတ်ပြ နားထောင်ချင်တယ်”
စနစ်က ချောင်းနှစ်ကြိမ် ဟန့်လိုက်သည်။ သူသည် မူလက တည်ငြိမ်နေသော်လည်း နောက်တစ်စက္ကန့်တွင် ရှထျန်ဟွာ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
“အား ဒါ ငါ့ညီမလေးပဲ၊ ငါ့ညီမလေးက ဘယ်လိုလုပ်ပြီး ဒီလောက် ချစ်စရာကောင်းနေရတာလဲ”
“အိုး ငါ့မှာလည်း ညီမလေး ရှိတယ်၊ ငါ့ညီမလေးက အရမ်းနူးညံ့တယ် သူ့ဆံပင်က အရမ်းမွှေးတာဘဲ”
“ငါ ပွတ်သပ်ချင်တယ်၊ ငါ နမ်းချင်တယ်၊ ငါ သူ့အနားကို ကပ်ချင်တယ်”
“အိုး၊ ငါ့ညီမလေးကို ငါက သူ့ကို သဘောကျနေတယ်ဆိုတာ မသိစေရဘူး၊ မဟုတ်ရင် သူ့ကို ထူးဆန်းတဲ့အစ်ကိုလို့ သဘောထားလိမ့်မယ်၊ ငါ စိတ်ငြိမ်အောင် လုပ်ရမယ်… တည်ငြိမ်အောင်လုပ်ရမယ်၊ အိုး ဒါပေမဲ့ ညီမလေးက တကယ်ကို နူးညံ့ပြီး ချစ်စရာကောင်းတာပဲ၊ ရုံးဝန်းထမ်း အဝတ်အစားနဲ့တောင် ချစ်စရာကောင်းနေတုန်းပဲ”
“သူမက ငါ့ညီမလေးဖြစ်ရတာ ထိုက်တန်တယ်”
ရှချန်းချန်း: "??”
ရှချန်းချန်းသည် အံ့သြတုန်လှုပ်နေပြီခဲ့း အချိန်အတော်ကြာမှ သတိပြန်လည်လာသည်။
လုံလောက်ပြီ
ဒါ့အပြင် သူမပင် မျက်နှာနီရဲ လာတော့မည်ဖြစ်သည်။
စနစ်သည် ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာအရပါ ပျော်ရွှင်နေသည်။ နောက်ဆုံး၌ သူသည် ထိန်းချုပ်ထားစရာ မလိုတော့ပေ။ ကမ္ဘာပေါ်၌ ဤလျှို့ဝှက်ချက်အား သူတစ်ယောက်တည်း သိထားရခြင်းက အင်မတန် ခက်ခဲလွန်းသည်။
ရှချန်းချန်းက ရှထျန်ဟွာဟာ ညီမကို ထိန်းချုပ်တဲ့သူဖြစ်တယ်ဆိုတာ သိဖို့ လိုအပ်တယ်။
သူ၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသော်လည်း တကယ်တမ်း၌ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်သာ ကြာမြင့်ခြင်းဖြစ်သည်။
ရှချန်းချန်းသည် ရှထျန်ဟွာကို ဖက်ထားသည့် သူမ၏ လက်ကို ဖြေလျှော့လိုက်သည်။
ရှထျန်ဟွာ၏ မျက်နှာသည် နီရဲမနေတော့ပေ။
သို့သော် ရှချန်းချန်းသည် သူ့အား မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။
ညီမအပေါ် ထိန်းချုပ်ထားရသည့် အစ်ကိုသည် နားရွက်ဖျား နီရဲနေဆဲပင်။ သွေးများပင် ထွက်နိုင်လောက်သည်အထိ နီရဲနေခဲ့သည်။
သူ၏ ဘေးနားရှိ ရှယုံဒယ်သည် အချိန်အတော်ကြာ လစ်လျူရှုခြင်း ခံထားရပြီး သူ၏ မျက်နှာမှာ နီမြန်းနေခဲ့သည်။ ရှချန်းချန်းသည် ယခင်အကြိမ်အနည်းငယ်က ရှယုံဒယ်အား ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။ သို့သော် ယင်းက လင်းယွီရှု သို့မဟုတ် ရှမိသားစု၏ အိမ်မှာ ဖြစ်ခဲ့ခြင်းဖြစ်ကာ၊ အပြင်လူများ မရှိခဲ့ပေ။
သို့သော် ဒီတစ်ခါက ရှအုပ်စုရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှာ ဖြစ်နေတာ
ဒီလောက် အပြင်လူတွေအများကြီးရှေ့မှာ၊ ဒါက သူ့ရဲ့ အာဏာကို စိန်ခေါ်လိုက်တာပဲ။
“ချန်းချန်း၊ မင်း ဒီကို ဘာလာလုပ်နေတာလဲ”
ရှယုံဒယ်၏ လေသံသည် အေးစက်နေခဲ့ပြီး သတ်ဖြတ်ချင်စိတ်ပါနေသည်။
“မင်းလို ကောင်မလေးတစ်ယောက်က ဒီနေရာကို ဘယ်လိုလုပ် လာရဲတာလဲ”
ရှချန်းချန်းသည် သူမ၏ ဖခင် ထံသို့ နောက်ဆုံး၌ သူမ၏ အာရုံကို ပြောင်းလိုက်ပြီး စိတ်မဝင်စားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မလည်း ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးလေ၊ ကျွန်မ ဘုတ်အဖွဲ့ အစည်းအဝေးကို လာတက်တာက ထူးဆန်းလို့လား”
“မင်းက အဖွဲ့ဝင် မဟုတ်သေးဘူး”
ရှယုံဒယ်က သွားများကို ကြိတ်လိုက်သည်၊
“ပိုင်လုရဲ့ သေတမ်းစာမှာ မင်း ၂၅ နှစ်ပြည့်တဲ့အထိ အရာအားလုံးကို အမွေဆက်ခံဖို့ စောင့်ရမယ်လို့ ပြောထားတယ်၊ နှစ်နှစ် လိုသေးတယ်”
“တစ်နှစ်ပဲ လိုတာပါ”
ရှထျန်ဟွာက ပေါ့ပါးစွာပင် ပြောသည်။
“ဦးလေး၊ ဒီနေ့က ချန်းချန်းရဲ့ မွေးနေ့၊ ညီမလေး ဒီနေ့ ၂၄ နှစ်ပြည့်ပြီ”
ရှယုံဒယ်တစ်ယောက် အံ့အားသင့်သွားသည်။ ရှချန်းချန်းက ၂၄ နှစ်ပြည့်သွားပြီလား ဒီလောက်ဆို သူ့အတွက် အချိန်သိပ်မကျန်တော့ဘူး။
ရှချန်းချန်းသည် ရှယုံဒယ်ကို အေးစက်စွာ ကြည့်လိုက်သည်။
သူမသိထားသည်မှာ မူလပိုင်ရှင်နှင့် ရှထျန်ဟွာတို့သည် အချင်းချင်း သိပ်မရင်းနှီးခဲ့ကြပေ။ ငယ်ရွယ်စဉ်က ပွဲတော်များတွင် အကြိမ်အနည်းငယ်သာ တွေ့ဆုံပြီး အတူတကွ ကစားခဲ့ကြသည်။
ရှပိုင်လု သေဆုံးပြီးနောက် မိသားစုနှစ်စုသည် တွေ့ဆုံမှု နည်းပါးလာခဲ့သည်။
မမျှော်လင့်ထားဘဲ ဆယ်စုနှစ်တစ်ခုကျော်ကြာ မတွေ့ခဲ့ရသော သူမ၏ အစ်ကိုသည် မူလပိုင်ရှင်၏ မွေးနေ့ကို ပြန်တွေ့သည့်အခါ၌ မှတ်မိနေသေးသည်။ ရှယုံဒယ်ကတော့ မူလပိုင်ရှင်၏ နာမည်ခံဖခင်ဖြစ်သော်လည်း လုံးဝ မှတ်မိခြင်းမရှိပေ။
ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ။
“အဲလိုဆိုရင်တောင် ကုမ္ပဏီဒါရိုက်တာဖြစ်ဖို့ နောက်ထပ်တစ်နှစ် အနည်းဆုံးလိုသေးတယ်”
ရှယုံဒယ်က အခိုင်အမာ ပြောဆိုသည်။
“နောက်ထပ်တစ်နှစ် မလိုပါဘူး”
အမျိုးသမီးတစ်ဦး၏ အသံနောက်တစ်သံ ထွက်ပေါ်လာသည်။
လူတိုင်းသည် ထိုအသံလာရာသို့ ကြည့်လိုက်ကြပြီး ရှချန်းချန်း၏ နောက်၌ အမျိုးသမီးတစ်ဦးဖြစ်သည့် ချန်းချင်းသည်လည်း ဝန်ထမ်းအမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သူမသည် ရှအုပ်စု၏ ဥပဒေရေးရာ အကြံပေးအဖွဲ့၏ အကြီးအကဲဖြစ်ပြီး ကျန်းချန်မြို့၏ ရှေ့နေအဆင့်တွင် အနည်းဆုံး ထိပ်ဆုံး ၁၀ ယောက်တွင် နှစ်စဉ် ပါဝင်သော အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။
“ကျွန်မက မစ္စ ရှချန်းချန်းရဲ့ ရှေ့နေပါ၊ ဒီနေ့ ကျွန်မက မစ္စ ရှချန်းချန်းကို ကိုယ်စားပြုပြီး မစ္စတာ ရှယုံဒယ်နဲ့ ဆွေးနွေးမှာပါ”
ချန်းချင်းသည် အပိုစကားများ မပြောဆိုဘဲ မည်သည့်နှုတ်ဆက်စကားမှ မပါသည့်အပြင် ရှပိုင်လု၏ သေတမ်းစာကို တိုက်ရိုက်ထုတ်ယူလိုက်သည်။
“မစ္စ ရှပိုင်လုရဲ့ သေတမ်းစာအရ မစ္စတာ ရှယုံဒယ်က မစ္စ ရှချန်းချန်းရဲ့ ဖခင်ဖြစ်တာကြောင့် ရှချန်းချန်းကို ရှမိသားစုနဲ့ မစ္စ ရှပိုင်လု ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်းအချို့ကို ယာယီကူညီ စီမံခန့်ခွဲပေးခဲ့ပါတယ်၊ ကျွန်မတို့က ကိုယ်ပိုင်ပစ္စည်းကိစ္စကို ရှင့်ရဲ့သမီး မစ္စ ယဲ့ရှီဝမ်ကို လင်ယွီရှုရှေ့မှာ ပြောခဲ့ပြီးပါပြီ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လင်ယွီရှုကလွဲပြီး ကျန်တဲ့ ပစ္စည်းတွေကို မစ္စ ရှချန်းချန်းကို ရှင်တို့ ပြန်မပေးရသေးပါဘူး။”
ရှယုံဒယ်တစ်ယောက် တုန်လှုပ်သွားပြီး နောက်တစ်စက္ကန့်၌ ရှထျန်ဟွာ ဦးဆောင်သော ဒါရိုက်တာအားလုံးက သူ့အား လောဘကြီးစွာ စိုက်ကြည့်နေသည်ကို သူမြင်လိုက်သည်။ ထိုမျက်လုံးများသည်သာ ဓားသွားများဖြစ်ခဲ့ပါက ရှယုံဒယ်သည် ယခုအချိန်တွင် ဖြူးကောင်တစ်ကောင် ဖြစ်နေပြီဖြစ်သည်။
“ဒါပေါ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေအကြောင်း ဆွေးနွေးဖို့ ကျွန်မတို့မှာ အချိန်ရှိပါသေးတယ်၊ အခုတော့ ရှအုပ်စုရဲ့ ရှယ်ယာတွေအကြောင်း ပြောဖို့လိုပါတယ်”
ချန်းချင်းသည် စာချုပ်အား ရှယ်ယာများ အမွေဆက်ခံခြင်းဆိုင်ရာ စာမျက်နှာသို့ လှန်လိုက်သည်။ ရှချန်းချန်းသည် ၂၅ နှစ်ပြည့်မှသာလျှင် ရှယ်ယာများကို အမွေဆက်ခံနိုင်သည်ဟု ထိုစာမျက်နှာတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
“အဲလို ရေးထားတာ မဟုတ်ဘူးလား၊ ဘာကို ထပ်ဆွေးနွေးစရာ ရှိသေးလို့လဲ”
ရှယုံဒယ်က စိတ်မရှည်နိုင်ဖြစ်နေသည်။ ရှယ်ယာများကို ၂၅ နှစ်ပြည့်မှ အမွေဆက်ခံမည်ဖြစ်ကြောင်း အတည်ပြုရန် ရှအုပ်စု၏ ဥပဒေရေးရာ အကြံပေးကို အကြိမ်ကြိမ် မေးခဲ့ပြီးပြီဖြစ်၍ ပြဿနာရှိစရာ အကြောင်းမရှိပေ။
“အဲအပိုင်းကတော့ မှန်ပါတယ်”
ချန်းချင်းက သူမ၏ ရွှေရောင်မျက်မှန်ကို ပင့်တင်လိုက်သည်၊
“ဒါပေမဲ့ သေတမ်းစာမှာ မစ္စတာ ရှယုံဒယ်သည် ကြီးမားသော ကိုယ်ကျင့်တရားနဲ့ ဥပဒေရေးရာ ချို့ယွင်းချက်များရှိပြီး မစ္စ ရှချန်းချန်းရဲ့ အုပ်ထိန်းသူတစ်ယောက်အနေဖြင့် လိုအပ်ချက်များနှင့် မကိုက်ညီတော့ရင် မစ္စ ရှချန်းချန်းဟာ အရွယ်ရောက်ပြီးနောက် သူ့ရဲ့ ရှယ်ယာတွေကို ကြိုတင်ပြန် ယူဖို့ အရည်အချင်းပြည့်မီမယ်လို့လည်း ဖော်ပြထားပါတယ်”
ရှယုံဒယ်တစ်ယောက် ထိတ်လန့်သွားသည်။
ကြီးမားသော ကိုယ်ကျင့်တရားဆိုင်ရာ ချို့ယွင်းချက်များ။
မနေ့ညက ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် ရှယုံဒယ်၏ မျက်စိရှေ့၌ လည်နေသည့် မီးပုံးကဲ့သို့ ဖြတ်သန်းသွားသည်။ ထိုအချိန်၌ ရှယုံဒယ်သည် မတ်တပ်ပင် မရပ်နိုင်တော့ပေ။
“ဟုတ်တယ်”
ရှချန်းချန်းသည် ချန်းချင်း၏ စကားကို ဆက်ပြောပြီး အသံကျယ်ကျယ်ဖြင့်
“ရှင်က ကျွန်မရဲ့ အမေနဲ့ လက်ထပ်ထားတုန်း ရဲ့လျူဖန်းနဲ့ ဖောက်ပြန်ပြီး ယဲ့ရှီဝမ်ကို မွေးခဲ့တယ်၊ ဒါက ရှင့်ရဲ့ ကြီးမားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ချို့ယွင်းချက်ပဲ၊ ဒီသေတမ်းစာရဲ့ လိုအပ်ချက်တွေအရ ကျွန်မမှာ ကျွန်မရဲ့ ၃၀% ရှယ်ယာတွေကို ကြိုတင်ပြန်ယူဖို့ အခွင့်အရေးရှိတယ်”
ရှချန်းချန်း ယာယီစီမံခန့်ခွဲနေခဒ့သော ရှယ်ယာ ၃၀% နှင့် ရှယုံဒယ် ဆယ်နှစ်အတွင်း ကိုယ်တိုင်ဝယ်ယူခဲ့သော ၁၃% ရှယ်ယာများ ပေါင်း၍ ရှအုပ်စုတွင် လျှောက်လှမ်းနိုင်ရန်အတွက် သူ့အတွက် ကြီးမားသော ယုံကြည်မှုကို ဖြစ်စေခဲ့သည်။
သို့သော် ယခုအခါ ရှယ်ယာ၏ ၃၀% သည် သူ၏ ပိုင်ဆိုင်မှု မဟုတ်တော့ပေ။
“မင်းကို ရှယ်ယာရဲ့ ၃၀% ပေးပြီး ရှကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်ရင်တောင် ဘာဖြစ်လဲ”
ရှယုံဒယ်က လက်မခံနိုင်ဖြစ်နေသည်။
“ပိုင်လုက ဒီသေတမ်းစာကို ရေးခဲ့တာက မင်း ကောလိပ်ကနေ ဘွဲ့ရပြီး ကုမ္ပဏီထဲ ဝင်၊ သုံးနှစ်လောက် အလုပ်လုပ်ပြီးမှ ကုမ္ပဏီရဲ့ ဥက္ကဌအနေနဲ့ ဆက်ခံမယ်လို့ မျှော်လင့်ထားလို့ ဒါပေမဲ့ ဒီနှစ်နှစ်အတွင်း မင်း ဘာလုပ်နေခဲ့လဲ ဖျော်ဖြေရေးလုပ်ငန်းထဲကို ပြေးဝင်ပြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တာ၊ ဘာမှလည်း မအောင်မြင်ခဲ့ဘူး ဒါနဲ့များ ရှကုမ္ပဏီကို စီမံခန့်ခွဲနိုင်မှာတဲ့လား”
ရှယ်ယာ ၃၀% မရှိရင်တောင် ကိစ္စမရှိပါဘူး ရှယ်ယာ ၁၀% သာ ပိုင်ဆိုင်ရင်တောင် ဥက္ကဌ နေရာအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးရှိသေးတယ်။ ရှယုံဒယ်သာ ဒီမှာ ရှိနေတဲ့ ဒါရိုက်တာတွေကို ဆွဲဆောင်နိုင်ရင် သူ့မှာ အခွင့်အရေးရှိနေတုန်းပဲ။
သူသည် ဤနှစ်များအတွင်း ရှကုမ္ပဏီအား စီမံခန့်ခွဲနိုင်ခဲ့သည်။ ကောင်းမွန်သည့် ဂုဏ်ပုဒ်များ မရှိခဲ့သော်ငြားလည်း ကြိုးပမ်းခဲ့သည်။ ရှကုမ္ပဏီအား ကျန်းချန်မြို့ရှိ ထိပ်တန်းချမ်းသာသည့် မိသားစုအဖြစ် အနည်းဆုံး ထိန်းထားနိုင်ခဲ့သည်။
ပြီးတော့ စကောကောကျီကပ်သေးတဲ့ ရှချန်းချန်းလို ကောင်မလေးတစ်ယောက်ကို ရှကုမ္ပဏီကို စီမံခန့်ခွဲခိုင်းတာက ရှမိသားစုရဲ့ ဒါရိုက်တာများ ဘာရမှာမလို့လဲ။
ဒါရိုက်တာဟောင်းရှနဲ့ သူ့ရဲ့သွေးသားကို သူတို့ ကာကွယ်ပေးနေတာဆိုရင်တောင်မှ ကုမ္ပဏီကို မလွှဲပြောင်းပေးခင် ရှချန်းချန်းကို အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာ စောင့်ကြည့်သင့်တယ်လေ။
ရှယုံဒယ်၏ စကားများသည် ဒါရိုက်တာများအကြား စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်။ သူတို့အားလုံးသည် ရှကုမ္ပဏီ၏ ကောင်းကျိုးအတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ သို့သော် ယခု၌ ရှချန်းချန်းသည် ရှမိသားစု၏ စွမ်းရည်ကို ဆက်ခံထားပုံမရချေ။
ရှချန်းချန်းက ရယ်မောလိုက်သည်။ သူမ၏ ရယ်သံသည် ငွေလုံးလေးကဲ့သို့ ချိုသာနေသည်။
“ကျွန်မက ဥက္ကဌနေရာအတွက် ယှဉ်ပြိုင်မယ်လို့ ဘယ်သူပြောလို့လဲ”
ရှယုံဒယ်ကား အံ့အားသင့်သွားသည်။
“မင်း ဘာကိုဆိုလိုတာလဲ”
နောက်တစ်စက္ကန့်တွင် ရှချန်းချန်းသည် ရှထျန်ဟွာဘက်သို့ လှည့်ကာ
“အစ်ကို၊ ရှင်လည်း ရှရဲ့ ရှယ်ယာတချို့ကို ယူဖို့ စိတ်ဝင်စားတယ်လို့ ကျွန်မကြားတယ်၊ ဒါဆို ကျွန်မ ရှင့်ကို ၁% ရောင်းလိုက်ရင် ဘယ်လိုလဲ”
ရှယ်ယာ ၁% လေးက ရှထျန်ဟွာလက်ထဲက ၉% လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပြီး သူ့ကို ဥက္ကဌ နေရာအတွက် ရွေးချယ်ခံရနိုင်သူ ဖြစ်စေနိုင်တယ်။
ရှယုံဒယ်သည် ရှထျန်ဟွာနှင့် ရှချန်းချန်းတို့ ရှယ်ယာလွှဲပြောင်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးနေသည်ကို မြင်လိုက်ရသည့်အခါ လျှပ်စီးလက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏ လက်ထဲ၌ ဥက္ကဋ္ဌရာထူးကို ဆက်၍ မထိန်းထားနိုင်တော့ကြောင်း သိသွားသည်။
ရှအုပ်စု၏ အကြီးတန်း စီမံခန့်ခွဲသူများသည် ဥက္ကဌရွေးကောက်ပွဲအား အစီအစဉ်အတိုင်း ကျင်းပခဲ့ကြပြီး ရှထျန်ဟွာသည် မဲအပြည့်ဖြင့် အပြတ်အသတ် အောင်နိုင်ခဲ့သည်။
အစည်းအဝေး ပြီးသွားသည့်အခါ ရှယုံဒယ်သည် ရှချန်းချန်းအနားမှ ဖြတ်သွားသည်။ သူ၏ မျက်နှာမှာ နီရဲနေခဲ့ပြီး ဒေါသကြောင့် နှာခေါင်းမှ လေ ထွက်နေသည်။
“ရှချန်းချန်း၊ ငါ ဘာလို့ မင်းလို သမီးတစ်ယောက်ကို မွေးခဲ့တာလဲ”
သူမသည် အမြဲလိုလို အပြင်ဘက်သို့ ထွက်နေသော တံတောင်ဆစ် ရှိခဲ့ပြီး သူမ၏ ကိုယ်ပိုင်ဖခင်ကိုပင် စိတ်ပျက်စေခဲ့သည်။
ရှချန်းချန်းသည် သူမ၏ မေးစေ့ကို မော့ထားပြီး ရှယုံဒယ်ကို အန္တရာယ်မရှိသကဲ့သို့ ကြည့်လိုက်သည်။
“ကျွန်မလည်း ထူးဆန်းတယ်လို့ ထင်တယ်၊ ရှင့်ရဲ့ ပုံစံနဲ့ ကျွန်မလို ရင်သပ်ရှုမောရအောင် လှပတဲ့ သမီးတစ်ယောက်ကို ဘယ်လိုလုပ် မွေးနိုင်တာလဲ၊ မျိုးရိုးဗီဇအရဆိုရင် ဒါက အဓိပ္ပာယ်မရှိဘူးလေ"
“မင်း…!”
ရှယုံဒယ်သည် ထပ်မံ၍ ဒေါသထွက်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူသည် ရှချန်းချန်းအား ပြန်မပြောတော့ဘဲ သူ၏ မျက်လုံးထဲ၌ အပြစ်ရှိကြောင်း အစအနတစ်ခု လက်သွားသည်။
သူ၏ ပတ်ဝန်းကျင်၌ ရှယုံဒယ်အား လှောင်ပြောင်သည့် အသံများလည်း ရှိနေသေးသည်။ သူသည် ရှချန်းချန်းနှင့် ထပ်မံ အငြင်းပွားခြင်းမရှိတော့ဘဲ ဒေါသတကြီးဖြင့် လှည့်၍ ထွက်ခွာသွားသည်။
ရှယုံဒယ် ထွက်ခွာသွားပြီးနောက် ရှထျန်ဟွာသည် ရှချန်းချန်းထံသို့ လျှောက်လာသည်။
သူသည် နှလုံးသားထဲမှ သူ၏ ညီမကို ထိန်းချုပ်လိုသည့် ဆန္ဒကို ငြိမ်သက်စေပြီး အေးဆေးဖြင့်
“မင်းက ငါ့ကို ဥက္ကဌဖြစ်စေချင်လို့ တကယ်ပြန်ခေါ်ခဲ့တာလို့ ငါမထင်ခဲ့ဘူး၊ ငြိမ်းချမ်းနေတဲ့အချိန်မှာ အန္တရာယ်အတွက် အမြဲတမ်း ပြင်ဆင်ထားတာက ကောင်းပါတယ်၊ ငါ့ အာဏာက တစ်နေ့ထက်တစ်နေ့ ကြီးလာပြီး နောက်ပိုင်းကျ ရှကုမ္ပဏီကို လုံးဝ ထိန်းချုပ်နိုင်သွားတဲ့အခါ မင်း ဒီဘဝမှာ ဥက္ကဌဖြစ်လာဖို့ ဘယ်တော့မှ အခွင့်အရေးမရတော့မှာကို မကြောက်ဘူးလား”
ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို ပြူးကျယ်လိုက်သည်။
“အစ်ကို၊ ရှင့်မှာ ဒီ အတွေး ရှိနေသေးတာပဲ”
ရှထျန်ဟွာက စိတ်ထိခိုက်သွားသည်။
“ဒါကြောင့် ငါက မင်းကို သတိထားဖို့ ပြောခဲ့တာ၊ စီးပွားရေးလောကက စစ်မြေပြင်နဲ့ တူတယ်၊ တခြားသူတွေကို လွယ်လွယ်နဲ့ မယုံရဘူး၊ ကိုယ့်ဆွေမျိုးတွေကိုတောင်မှပေါ့"
ရှချန်းချန်းတစ်ယောက် ထိုစကားကို ကြားသည့်အခါ မျက်နှာတည်တံ့သွားသည်။
“အစ်ကို၊ ရှင်မှန်တယ် ကျွန်မတို့က မောင်နှမဝမ်းကွဲတွေ ဖြစ်နေပေမယ့် ပြိုင်ဖက်တွေလည်း ဖြစ်တယ်၊ တစ်နေ့မှာ ရှကုမ္ပဏီကို ကျွန်မ ပြန်ယူနိုင်တယ် ဒါကြောင့် အစ်ကို ရှကုမ္ပဏီကို ကောင်းကောင်း စီမံခန့်ခွဲရမယ်၊ ငွေတွေ အများကြီး ရှာရမယ်၊ ဒါမှ ဒီက ဒါရိုက်တာတွေက ရှင်မရှိရင် မဖြစ်ဘူးလို့ ခံစားရလိမ့်မယ်၊ ရှကုမ္ပဏီကို ကျွန်မ ပြန်ယူနိုင်ဖို့ အခွင့်အရေး ဘယ်တော့မှ မရစေနဲ့”
ရှထျန်ဟွာ:???
ရှထျန်ဟွာသည် အနည်းငယ် ရှုပ်ထွေးသွားသည်။
“မင်းက ငါ့ကို ဘာလို့ ဒီလိုလုပ်စေချင်တာလဲ”
ရှချန်းချန်းသည် အပြစ်ကင်းစင်သော မျက်နှာဖြင့်
“ဒီလိုဆိုရင် အစ်ကိုက ပိုက်ဆံရှာဖို့ တာဝန်ယူရမယ်၊ ကျွန်မကတော့ အနားယူပြီး အမြတ်ဝေစုတွေ စုဆောင်းဖို့ တာဝန်ယူနိုင်တယ်”
သူမပြောသည့်အတိုင်း သူမသည် ရှထျန်ဟွာ၏ ပခုံးကို အရေးကြီးသော တာဝန်တစ်ခုကို လွှဲအပ်လိုက်သကဲ့သို့ ပြင်းထန်စွာ ပုတ်လိုက်သည်။
“အစ်ကို၊ ကျွန်မ ဘဝရဲ့ နောက်ဆုံးတစ်ဝက်မှာ ဇိမ်ခံဘဝနဲ့ အမြတ်ဝေစုတွေ စုဆောင်းတဲ့ ဒုတိယမျိုးဆက် သူဌေးတစ်ယောက် ဖြစ်နိုင်မလားဆိုတာ အစ်ကို့အပေါ်မှာပဲ လုံးဝ မူတည်တယ်၊ ကြိုးစားစမ်းပါ၊ လုပ်စမ်းပါ”
ရှထျန်ဟွာ: ???
ရုတ်တရက် ငါ ဥက္ကဌဖြစ်ဖို့ ဒီကိုလာတာ မဟုတ်ဘူးလို့ ခံစားမိတယ်။
ငါက… ဝန်ထမ်းတစ်ယောက်ပဲလား။
ဒါပေမဲ့ ငါ့ညီမလေးက အရမ်းချစ်စရာကောင်းတာ၊ သူမပြောတာ မှန်တယ်။
လုပ်စမ်းပါ ဥက္ကဌကောင်း တစ်ယောက် ဖြစ်ပြီး ငါ့ညီမလေးကို ထောက်ပံ့ဖို့ ငွေရှာဖို့ အလုပ်လုပ်ရမယ်။
အိုး ဟုတ်ပြီ။
စနစ်: "..."
ဒီညီမကို ထိန်းချုပ်ချင်တဲ့ရောဂါက တကယ်ပဲ မျှော်လင့်ချက်မဲ့နေပြီ ကုလို့မရနိုင်တော့ဘူး။