← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

ရှမိသားစု၏ ဧည့်ခန်းထဲတွင် ကြွေထည်ပစ္စည်းများ ကျကွဲသည့်အသံများထွက်ပေါ်လာခဲ့ပြီး ရှယုံဒယ်၏ အော်ဟစ်သံမှာလည်း အတူတူထွက်ပေါ်လာခဲ့သည်။

“ရှချန်းချန်းက ဘာဖြစ်ချင်နေတာလဲ၊ ဒီလောက် ဒါရိုက်တာတွေအများကြီးရှေ့မှာ ငါ့ကို အရှက်ရအောင် လုပ်နေတာလား၊ သူက ငါ့ကို အဖေတစ်ယောက်လို့ရော သဘောထားသေးရဲ့လား”

ရဲ့လျူဖန်းနှင့် ယဲ့ရှီဝမ်တို့သည် ဧည့်ခန်းထဲသို့ အလောတကြီးဖြင့် ဝင်လာခဲ့ကြပြီး ကြမ်းပြင်ပေါ်တွင် ရှေးဟောင်း ချင်မင်းဆက် ကြွေထည်ပစ္စည်းများ ကွဲ၍ကျိူးပဲ့နေပြီး ထိုကြွေထည် အစများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသည်ကို မြင်လိုက်ရသည်။

ရဲ့လျူဖန်းသည် အနည်းငယ် ဝမ်းနည်းခံစားသွားရသော်လည်း ရှယုံဒယ်မှ ထပ်မံ၍ ဒေါသထွက်ကာ ချခွဲပစ်မည်ကို စိုးရိမ်၍ သူမသည် အလျင်အမြန်ပင် ရှယုံဒယ်နားသို့ သွားကာ သူ့ပုခုံးကို ပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်သည်။

“ရှင် ဘုတ်အဖွဲ့ အစည်းအဝေးတစ်ခုတက်စရာရှိသေးတယ် မဟုတ်လား၊ ဘာလို့အဲလောက် ဒေါသထွက်နေရတာလဲ”

“ဒါတွေအကုန်လုံး ရှချန်းချန်းကြောင့်ပဲလေ”

ရှယုံဒယ်သည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

“တကယ်လို့ ရှချန်းချန်းသာ မရှုပ်ခဲ့ဘူးဆိုရင် အဲလူယုတ်မာကောင် ရှထျန်ဟွာက ငါ့ရဲ့ ဥက္ကဌနေရာကို ဘယ်လိုလုပ် လုသွားနိုင်မှာလဲ”

ရဲ့လျူဖန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

“ရှချန်းချန်းက သူ့ရဲ့ရှယ်ယာတွေကို ပြန်ယူသွားတာလား”

ရှယုံဒယ်သည် ဘုတ်အဖွဲ့အစည်းအဝေးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအစုံကို ပြန်ပြောပြခဲ့သည်။ ထိုစကားများကို နားထောင်ပြီးနောက် ရဲ့လျူဖန်း နှင့် ယဲ့ရှီဝမ်တို့၏ မျက်နှာများမှာ မဲမှောင်သွားခဲ့သည်။

မည်သူပင်ဖြစ်စေကာမူ ရှယ်ယာ 30% အား အကြောင်းအရင်းမရှိ ပြန်ထုတ်ယူခြင်းခံရပါက အဆင်မပြေဖြစ်ကြမည်မှာ အသေအချာပင်။

“ယုံဒယ် ကျွန်မရှင့်ကို အစောကတည်း ပြောပါတယ်၊ ချန်းချန်းက ပြောရ ဆိုရခက်တဲ့ ကလေးပါဆို”

ရဲ့လျူဖန်းသည် သူဘက်ပါလာစေရန် စကားစလာခဲ့သည်။

“ကျွန်မနဲ့ ဝမ်ဝမ်ကသာ ရှင့်ရဲ့ မိသားစုဝင်တွေပါ ပြီးတော့ ကျွန်မတို့က ရှင်နဲ့အတူ အမြဲရှိနေမှာပါ၊ ရှချန်းချန်းကို ကြည့်လိုက်ပါဦး သူက ရှင့်အတွက် ပြသာနာတွေပဲ အမြဲယူလာပေးနေတာလေ”

ရဲ့လျူဖန်းသည် ယဲ့ရှီဝမ်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ ယဲ့ရှီဝမ်သည် အခြေအနေကို နားလည်သွားကာ စကားဝင်ပြောလာခဲ့သည်။

“အဲဒါကတော့ ဟုတ်တယ်ပါးပါး သူက သူ့အမေလိုပဲဖြစ်မယ်ထင်တယ်၊ သူက ပါးပါးကို ပထွေးတစ်ယောက်လို သဘောထားပေမဲ့ ကျွန်မနဲ့ မားမားကတော့ ပါးပါးကို မိသားစုဝင်တစ်ယောက်လို သဘောထား ဆက်ဆံတာပါ”

ရှယုံဒယ်သည် ထိုစကားကိုကြားပြီးနောက် အနည်းငယ် မျက်ရည်ဝဲသွားခဲ့သည်။

ထိုစကားမှာ မှန်ပေ၏။ ရှချန်းချန်းသည် ရှပိုင်လု၏သမီးဖြစ်ပြီး အမေတူသမီးလည်း ဖြစ်သည်။

ရဲ့လျုဖန်းနဲ့ ယဲ့ရှီဝမ်တို့သာ သူ့ကို အားကိုးပြီး အမြင့်ကို တင်ပေးနေကြတာ သူတို့ကသာ သူ့ရဲ့ မိသားစုဝင်တွေပဲ။

ရှယုံဒယ်သည် စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့ပြီး သူ၏စိတ်ထဲမှ ခါးသီးသောခံစားချက်များလည်း လျော့ကျသွားခဲ့သည်။ သူသည် ယဲ့ရှီဝမ်နှင့် ရဲ့လျူဖန်းတို့အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

မိသားစုဝင်သုံးယောက်လုံးသည် မိသားစုချစ်ခြင်းမေတ္တာနွေးထွေးမှုများနှင့် နှစ်မြုပ်နေခဲ့ကြသည်။

ရုတ်တရက်ပင် တံခါးတစ်ဝိုက်၌ လက်ခုပ်သံ ထွက်ပေါ်လာခဲ့သည်။

“အရမ်းချစ်ကြတဲ့ လင်မယားတွေပါ့လား၊ အရမ်းချစ်တက်တဲ့အဖေနဲ့ သိတက်လိမ္မာတဲ့ သမီးလေးတို့ရဲ့ မြင်ကွင်းလေးပဲ”

ရှချန်းချန်းသည် တံခါးပေါက်ကို မှီ၍ ပြောလာခဲ့၏။

“ကျွန်မ အချိန်ကိုက် ရောက်လာမိတာလား”

ရှယုံဒယ်သည် ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး ရှချန်းချန်းကို စိုက်ကြည့်လိုက်သည်။

“ရှချန်းချန်း ဥက္ကဌရွေးပွဲက ပြီးသွားပြီလေ နင် ဘာလို့ပြန်လာတာလဲ၊ နင်က ငါအရူးတစ်ပိုင်းဖြစ်နေတာကို မြင်ချင်တာလား၊ နင် မဝန်ခံချင်ဘူးဆိုရင်တောင်မှ ဘာပဲဖြစ်ဖြစ် ငါက နင့်အဖေဆိုတာ မမေ့နဲ့ဦး”

“ပါးပါး ကျွန်မ ပါးပါးကို လာတွေ့တာပါ ဘာလို့ အဲလိုပြောရက်ရတာလဲ”

ရှချန်းချန်းသည် အနည်းငယ် မကျေနပ်သည့်ပုံစံဖြင့် ပြောလာခဲ့သည်။

“ကျွန်မ ပြန်လာပြီး ပါးပါးကို အထူးလက်ဆောင်လာပေးတာပါ၊ အဲလက်ဆောင်ရပြီးသွားရင် ပါးပါး ကျွန်မကိုတောင် ကျေးဇူးတင်နေမှာပါ”

“လက်ဆောင်လား”

ရှယုံဒယ်သည် မျက်မှောင်ကြုတ်လိုက်သည်။

ယခုအတောအတွင်းတွင် များပြားလှသည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းကြောင့် ရှချန်းချန်းသည် ထိုမျှကြင်နာမည်မဟုတ်သည်ကို ရှယုံဒယ်မှ သိနေ၏။

သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။

“ပါးပါးကျွန်မကို ကြောက်နေတာလား၊ ကျွန်မက လူဆိုးမကြီး မဟုတ်ပါဘူး”

ရှယုံဒယ် : “နင် ဘာတွေလုပ်ဖို့ ကြံနေတာလဲ”

ရှချန်းချန်းပြန်မဖြေခင်မှာပင် ယဲ့ရှီဝမ်သည် ကြားဖြတ်၍ ဦးစွာ ပြောလာခဲ့သည်။

“ချန််းချန်း နင်အရင်တစ်ခေါက်ပြန်လာမယ်လို့ ကတိပေးတုန်းက တကယ်တော့ ငါနဲ့ ပါးပါးရဲ့ DNA ကို လိုချင်လို့ မဟုတ်ဘူးလား”

ယဲ့ရှီဝမ်သည် မျက်မှောင်ကြုတ်၍ အပြစ်တင်ပြောဆိုလေ၏။

“ဒီအချိန်မှာ နင်က ငါနဲ့ ပါးပါးရဲ့ဆက်ဆံရေးကို တမင်တကာ ရှုပ်ထွေးအောင်ဖော်ထုတ်ချင်နေတာလား ပြီးတော့ ငါနဲ့ကျားလင်းကိုလည်း လမ်းခွဲစေချင်နေတာမလား၊ နင်ဘာလို့ အဲလောက်ယုတ်မာရတာလဲ”

ရှချန်းချန်း : “ဒါပေမဲ့ နင်က အမြဲ ရှမိသားစုရဲ့ တရားဝင်သမီး ဖြစ်ချင်နေတာမလား”

သူမသည် ထိခိုက်နစ်နာမှုမရှိသည့်ပုံစံနှင့်အတူ သူမမျက်လုံးများမှာလည်း ညို့ယူထားကာ အပြစ်ကင်းသည့် ယုန်လေးတစ်ကောင်လိုပင် ဖြစ်နေခဲ့သည်။

“လိမ်ညာသူများကို ဖော်ထုတ်သူက နင်တို့ရဲ့ဆက်ဆံရေးကို ဖော်ထုတ်လိုက်ပြီလေ၊ အနာဂတ်မှာ နင်က ရှအိမ်ရဲ့ တရားဝင်သမီးလို့ ပြောလို့မရတော့ဘူး၊ ဒါက နင့်ရဲ့ ဘဝသက်တမ်း အနှစ် ၂၀မှာ အကြီးမားဆုံးအိမ်မက်တစ်ခု ဖြစ်နေမှာပဲ”

ယဲ့ရှီဝမ်သည် ဒေါသထွက်သွားလေသည်။

“ငါ အဲလိုမျိုး မဟုတ်ဘူး”

သူမသည် ရှယုံဒယ်၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။

“ငါနဲ့ ပါးပါးက သားအဖအရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ငါက ပါးပါးအပေါ်မှာ သိတက်တဲ့သမီးပဲလေ”

ရှယုံဒယ်သည် သူ့သမီးလေး၏ သိတက်နားလည်မှုများကြောင့် ထပ်၍ ခံစားသွားရကာ သူမ၏ ဆံပင်များကို သပ်၍ “ သမီးလိမ္မာလေး” ဟု ပြောလိုက်သည်။

“နားထောင်ရတာတော့ ကောင်းသားပဲ” ဟု ရှချန်းချန်းမှ တခစ်ခစ်ရယ်၍ ပြောလာခဲ့၏။

“တကယ်လို့ နင်တို့က သားအဖ အရင်းတွေမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ် ချစ်ခြင်းမေတ္တာတွေ သိတက်မှုတွေ ရှိနေနိုင်မှာလဲ”

ယဲ့ရှီဝမ်သည် အခိုင်အမာဖြင့် ပြောလိုက်သည်။

“သိပ်ရှိတာပေါ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ပါးပါးကို ငါ့ရဲ့အဖေအရင်းမှန်း မသိခင်ကတည်းက ငါ ပါးပါးကို အရမ်းလေးစားပြီးချစ်ခဲ့တာ”

ရှချန်းချန်းသည် လှောင်၍ ရယ်မောလိုက်သည်။

“တကယ်လို့ ပါးပါးက နင်သာ သမီးအရင်းမဟုတ်ဘူးဆိုတာသိခဲ့ရင် ဒီလိုဆက်ချစ်နေနိုင်ဦးမလား ဆိုတာ ငါသိချင်မိတယ်”

ထိုသို့ ပြောပြီးနောက် သူမနှင့်အတူ ယူလာသည့် DNA စစ်ဆေးချက် ကို ဖွင့်ပြလိုက်သည်။

“ငါနင့်ရဲ့ DNA ကိုယူပြီး ဆေးရုံမှာ သွားစစ်ပြီးသွားပြီး နင်တို့က တကယ် သားအဖအရင်းတွေမဟုတ်ဘူးဆိုတာကို ငါတကယ် မထင်ထားခဲ့ဘူး၊ အင်တာနက်ပေါ်က လူတွေက နင့်ကို အထင်လွဲနေကြတဲ့ပုံပေါ်တယ်”

ယဲ့ရှီဝမ်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ၌ ခေါင်းပေါ်သို့ မိုးကြိုးတစ်ခု ပစ်ချခံလိုက်ရသလိုပင် ဖြစ်သွားခဲ့ပြီး သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မှင်သက်သွားခဲ့သည်။

ရှယုံဒယ်သည်လည်း အံ့ဩသွားခဲ့ပြီး ခဏတာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် သူ၏မျက်နှာမှာ ရုတ်တရက်ပင် မဲမှောင်သွားခဲ့ပြီး ရှေ့သို့ ခြေလှမ်း နှစ်လှမ်းတိုးလာကာ ရှချန်းချန်းထံမှ DNA စစ်ဆေးချက်ကို အလျင်အမြန်ဆွဲယူလိုက်၏။

‘နှစ်ဦးလုံးသည် သွေးသားတော်စပ်မှုမရှိကြောင်း ဆုံးဖြတ်ထားသည်’ ဟူသော စာကြောင်းကို ရှင်းရှင်းလင်းလင်း ရေးထားလေသည်။

ရှယုံဒယ်၏ မျက်လုံးများမှာ နီရဲသွားခဲ့သည်။

“ဒီ DNA စစ်ဆေးချက်က ငါနဲ့ယဲ့ရှီဝမ်ရဲ့ဟာလား၊ နင် ငါ့ကိုလိမ်နေတာတော့ မဟုတ်ဘူးမလား”

“တကယ်လို့ ပါးပါး မယုံဘူးဆိုရင် ယဲ့ရှီဝမ်ကိုခေါ်ပြီး အခုချက်ချင်း သွားစစ်ပြီး အတည်ပြုလို့ရတယ်”

“ကျွန်မက လိမ်စရာ ဘာအကြောင်းမှမရှိဘူး” ဟု ရှချန်းချန်းမှ ပုခုံးတွန့်၍ ပြောလိုက်သည်။

ယဲ့ရှီဝမ်သည် ရှယုံဒယ်၏ သမီးမဟုတ်ကြောင်း ကြားလိုက်ရသည့်အချိန်၌ လုံးလုံးမှင်သက်နေခဲ့ပြီး မည်သည့်စကားမျှ ထွက်မလာခဲ့တော့ပေ။

ရဲ့လျူဖန်းသည် ရှေ့သို့ တိုးလာခဲ့ပြီး ရှယုံဒယ်ကို တားဆီးလိုက်သည်။

“ယုံဒယ် သူက ရှင့်ကို လိမ်နေတာ အသေအချာပဲ၊ ကျွန်မ ဝမ်ဝမ်ကို ခွဲစိတ်ခန်းထဲမှာ မွေးနေတုန်းက ရှင်မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာပဲလေ ပြီးတော့ ရှင်ကိုယ်တိုင် ချက်ကြိုးကို ဖြတ်ပေးခဲ့တာပဲ၊ ဘယ်လိုလုပ် ဝမ်ဝမ်က ကျွန်မတို့နဲ့ သွေးသားမတော်စပ်ရမှာလဲ၊ ရှချန်းချန်းက ရှင့်ကိုလိမ်နေတာ အသိသာကြီးပဲ သူက ကျွန်မတို့မိသားစုကို ပြိုလဲအောင်လုပ်နေတာ”

“အန်တီ အဲလိုတော့ မပြောပါနဲ့၊ ကျွန်မက ဒီကမ္ဘာမှာ ရှင်တို့မိသားစုကို ပြန်ပြီးပေါင်းစည်းစေချင်တဲ့သူတစ်ယောက်ပါ၊ ကျွန်မပြောပါတယ် ရှင်တို့ တကယ်လို့ မယုံဘူးဆိုရင် ဆေးရုံသွားပြီး ပြန်စစ်လိုက်၊ ငွေလေးနည်းနည်းပိုသုံးလိုက်ရင် အဖြေက မြန်မြန်ဆန်ဆန်နဲ့ နှစ်နာရီအတွင်းရလာလိမ့်မယ်”

ရှယုံဒယ်၏ ဒေါသထွက်နေသော မျက်လုံများထဲ၌ အေးစက်သည့် အလင်းရောင်တစ်ခုပေါ်လာခဲ့ကာ ရှေ့သို့တိုးလာခဲ့ပြီး ယဲ့ရှီဝမ်ကို ဆွဲခေါ်လိုက်သည်။

“လာ သွားစို့၊ ငါတို့ သွေးသားရင်းဟုတ်မဟုတ် သွားစစ်မယ်”

ယဲ့ရှီဝမ်သည် နောက်ဆုံးတွင် ထိုထိတ်လန့်မှုမှာ သူမ၏ စိတ်ထဲ၌ ပြန်ပေါ်လာခဲ့သည်။သူမသည် ရဲ့လျူဖန်း၏ အမူအရာကိုကြည့်လိုက်သည့်အခါ၌ ရှချန်းချန်းယူဆောင်လာခဲ့သည့် သွေးသားတော်စပ်မှုမရှိကြောင်း စစ်ဆေးချက်မှာ အမှန်ဖြစ်နိုင်ကြောင်းကို ရုတ်တရက်ပင် နားလည်လိုက်သည်။

သို့သော် ယခုအချိန်၌ အင်တာနက်ပေါ်တွင် သူမအား မယားငယ်၏သမီးဟူသော မှတ်ချက်များမှာ ခိုင်မာနေခဲ့သည်။ အကယ်၍ သူတို့သည် သားအဖအရင်း မဟုတ်ကြောင်း ရှင်းလင်းနိုင်သော်လည်း ရဲ့လျူဖန်း၏ မယားငယ် ဟူသော အကြောင်းအရာမှ လွတ်မြောက်ရန် ခက်ခဲလှ၏။ ထိုအရာကို ကာကွယ်ခြင်းများ ပြုလုပ်လျှင်လည်း မသုံးမဝင်ပေ။

ဤသည်မှာ ယဲ့ရှီဝမ်နှင့်ရှယုံဒယ်အကြား သွေးသားဆက်နွယ်မှုမရှိပါပဲ ရှမိသားစု၏ကာကွယ်စောင့်ရှောက်ပေးမှုအား ဆုံးရှုံးသွားမည်ဆိုလျှင် ယဲ့ရှီဝမ်အနာဂတ်တွင် ကျန်းချန်၌ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

“ပါးပါး သမီးကတကယ်ပါးပါးရဲ့သမီးပါ ရှချန်းချန်းပြောတာတွေကို မယုံပါနဲ့နော်၊ သူကပါးပါးကိုလိမ်နေတာပဲဖြစ်ရမယ်”

ယဲ့ရှီဝမ်သည် ရှယုံဒယ်အား ချက်ချင်းပင်ဖျောင်းဖျနေကာ မျက်ရည်များသည် သူမမျက်နှာပေါ်မှတစ်ဆင့်စီးကျလာခဲ့ပြီး ရှယုံဒယ်အား ဆယ်နှစ်ကျော်သံယောဇဥ်အားသုံး၍ လွှမ်းမိုးရန်ကြိုးစားနေလေသည်။

သူမဘေးရှိ ရဲ့လျူဖန်းသည်လည်း ပံ့ပိုးပေးနေလေသည်။

သို့ပေမဲ့ သူတို့ငြင်းဆိုလေလေ ရှယုံဒယ်သည် ပို၍ထိတ်လန့်လာလေလေဖြစ်သည်။

အထူးသဖြင့် ရှချန်းချန်း၏ မဲ့ပြုံးပြုံးလိုက်သည့်မျက်နှာအား မြင်လိုက်ချိန်တွင် သူ၏သံသယများသည် ပို၍ပင်လေးလံလာခဲ့သည်။

သူ ထို DNAထပ်မံစစ်ဆေးမှရမည်ဖြစ်သည်။

နောက်ဆုံးတွင်တော့ ရှယုံဒယ်သည် အိမ်ရှိ ဒရိုက်ဘာနှင့်အိမ်ထိန်းအားခေါ်ကာ ယဲ့ရှီဝမ်မှာ ထိတ်လန့်နေသော်ညား ရှယုံဒယ်နှင့်အတူ ကားထဲသို့လိုက်သွားဆဲဖြစ်သည်။

ရဲ့လျူဖန်း သည် တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်၍ သူမသည် သူနောက်လိုက်သွားခဲ့သည်။

သူတို့သုံးဦးထွက်သွားပြီးနောက် နဂိုဆူညံနေသည့်ဧည့်ခန်းထဲတွင် ရုတ်တရုတ်တိတ်ဆိတ်သွားကာ ရှချန်းချန်းတစ်ဦးတည်း သာကျန်ခဲ့လေသည်။

စနစ်သည် ပေါ်လာကာမေးလိုက်သည်။

“Host host ရှယုံဒယ်ကို သူတို့ကသွေးရင်းသားအဖတွေ မဟုတ်ဘူးဆိုတာကို ပြောပြလိုက်မယ်ဆိုရင် ယဲ့ရှီဝမ်က ဟန်မိသားစုထဲကို နောက်တစ်ကြိမ် ချောချောမွေ့မွေ့နဲ့ လက်ထပ်ဝင်နိုင်သွားမယ်မဟုတ်ဘူးလား”

ရှချန်းချန်းဂရုမစိုက်ပေ။

“ရှယုံဒယ်က ရဲ့လျူဖန်းကသူ့အပေါ် ဖောက်ပြန်ခဲ့တာကိုသိပြီးတဲ့နောက်မှာ ယဲ့ရှီဝမ်ကို ကူညီဦးမယ်လို့ထင်လို့လား၊ သူကအတော်ကို သစ္စာဖောက်ခံလိုက်ရတယ်လို့ ခံစားနေရမှာ ပြီးတော့ သူအဲအချိန်မှာဆိုရင် ယဲ့ရှီဝမ်နဲ့ယဲ့လျူဖန်းကိုပါ သတ်ချင်နေမှာပဲ၊ သူမကိုကူညီဖို့ဆိုတာကတော့မဖြစ်နိုင်ဘူး”

ရှချန်းချန်းသည် မျက်လုံးပင့်လိုက်ကာ ရှမိသားစု၏ခမ်းညားထည်ဝါလှသည့် ဗီလာအားတစ်ချက်ကြည့်လိုက်သည်။

ထိုနေရာတွင် မူလပိုင်ရှင်၏အမှတ်တရများရှိသော်ညား ထိုအမှတ်တရများအား ယဲ့ရှီဝမ်၏မိသားစုမှာ တစ်ဖြည်းဖြည်းဖုံးလွှမ်းသွားခဲ့သည်။

သို့ပေမဲ့ ယခု ထိုမိသားစုသည် ယဲ့ရှီဝမ်၏အရိပ်ကိုပင်ထပ်တွေ့ရတော့မည်မဟုတ်ပေ။

“ယဲ့ရှီဝမ်ရဲ့ ရှမိသားစုကလည်း အခုအချိန်မှာအဆုံးသတ်သင့်နေပြီ”

ရှချန်းချန်းနူညံ့စွာပြောလိုက်သည်။

“တုန်ကျီ ယဲ့ရှီဝမ်နဲ့ ရှယုံဒယ်ကိုပေးဖို့အတွက် ငါ နင့်ကို ပြင်ခိုင်းထားတဲ့လက်ဆောင်တွေအသင့်ပြင်ပြီးပြီလား”

စနစ်:”စိတ်မပူနဲ့ အဲဒါကိုအရင်ကတည်းကပြင်ထားပြီးသား၊ သူတို့တွေဆေးရုံကိုသွားပြီ သွေးသားမတော်စပ်တာကို သိသွားတာနဲ့တစ်ပြိုင်နက် အဲလက်ဆောင်က သူတို့ဆီချက်ချင်းရောက်သွားမှာ”

“ကောင်းပြီ”

ရှချန်းချန်းသည် ဒီအန်အေစစ်ဆေးချက်အားဧည့်ခန်းထဲရှိ စားပွဲပေါ်တင်လိုက်ကာ ရှမိသားစုထံမှ ပြန်ထွက်ဖို့ရာပြင်လိုက်လေသည်။

ပန်းရောင် Ferrari ထံသို့ပြန်လာကာ ကားရက်နှိုးလိုက်လေသည်။

ထိုအချိန်မှာပင် ခရီးသည်ထိုင်ခုံတွင်မူ နောက်ထပ်DNAစစ်ဆေးချက်တစ်ခုရှိနေလေသည်။

ရှချန်းချန်းသည် ယဲ့ရှီဝမ်နှင့် ရှယုံဒယ်၏ DNAအား ဆေးရုံသို့ပို့ချိန်တွင် သူမ၏DNAကိုလည်း တွဲပေးလိုက်လေသည်။

ပါပါရာဇီတစ်ယောက်၏ အလိုလိုသိစိတ် သို့မဟုတ် မူလပိုင်ရှင်နှင့် ရှယုံဒယ်ကြားမှ သားအဖဆက်ဆံရေးနှင့်ပတ်သက်ပြီး ကွဲလွဲနေသော ခံစားချက်မျိုးခံစားနေရသောကြောင့် သူမ၏ DNAအားလည်း နေ့ချင်းပြန်ပို့ဆောင်မှုနှင့်အတူ ပို့ပေးလိုက်လေသည်။

အဆုံးသတ်ရလာဒ်မှာမူ လုံးဝမမျှော်လင့်ထားသည့်အရာပင်ဖြစ်သည်။

စစ်ဆေးချက်ပေါ်ရှိ စာကြောင့်တစ်ကြောင်းသည် အတော်ပင်ပေါ်လွင်နေလေသည်။

“အဲဒါက ရှယုံဒယ်နဲ့ ရှချန်းချန်းက မိဘနဲ့သားသမီးဆက်စပ်မှုမျိုးမရှိဘူးပြီးတော့ သူတို့နှစ်ယောက်က သွေးသားတော်စပ်တဲ့ အဖေနဲ့သမီးမဟုတ်ဘူးပေါ့”

ရှချန်းချန်းသည် ဘာမှမတတ်နိုင်စွာ ရယ်မောနေမိသည်။

ဒီဝတ္ထုမှာဝှက်ထားတဲ့ဇာတ်ကွက်က တဖြေးဖြေးပိုစိတ်ဝင်စားစရာကောင်းလာပြီပဲ မဟုတ်ဘူးလား။

အမှတ်18ရှိ ယွီလန်ယွမ်သည် ယနေ့အတော်ပင်အသက်ဝင်နေလေသည်။

ရှချန်းချန်းသည် ရှလုပ်ငန်းစုသို့ ဥက္ကဋ္ဌအသစ်ရွေးချယ်ပွဲအတွက် ပါဝင်ရန်သွားခဲ့လေသည်။ သိပ်မကြာခင်ပင်လျှင် အထူးလက်ထောက်ကျိုးသည် ယ်ီလန်ယွမ်အားပြင်ဆင်ရန်အတွက် မွေးနေ့ပွဲပြင်ဆင်ရေးအသင်းအား ခေါ်လာခဲ့သည်။

ယနေ့သည် ရှချန်းချန်း၏မွေးနေ့ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် ပုံမှန်တွင်မွေးနေ့များအား ဂရုမစိုက်သော်ညား နှစ်တိုင်းသူ၏မွေးနေ့များတွင် ရှဲ့ရှင်းယောင်နှင့် ကျင်းရိဖန်သည်သူနှင့် အတူပျော်ရွှင်စွာ ကျင်းပပေးမည်ဖြစ်သည်။ အကယ်၍ မွေးနေ့ပွဲတွင် လူလေးယောက်သာရှိလျှင်ပင် ရှဲ့ရှင်းယောင်သည် သည် အိမ်အားအလှဆင်မည်ဖြစ်ပြီး ရှဲ့ကျစ်ရှင်းအတွက် လက်ဆောင်များ ပြင်ဆင်ပေးမည်ဖြစ်သည်။

အဲဒါကြောင့် သူသာရှချန်းချန်းကို မွေးနေ့ပွဲကျင်းပဖို့လုပ်ပေးမယ်ဆိုရင် ရှချန်းချန်းလည်း အများကြီးပျော်သင့်တာပေါ့ ဟုတ်တယ်မလား။

ရှဲ့ကျစ်ရှင်းသည် သူ၏လက်အားဆုပ်လိုက်ကာ လက်စွပ်ဗူးလေးအားယူလိုက်ပြီး

ငါသူ့ကိုဒါလေးပေးလို့ရတယ်မလား။

သူတို့နှစ်ဦးသည် စာချုပ်အရလက်ထပ်ထားကြသည်ဖြစ်၍ ချိန်းတွေ့ခြင်း၊ ချိုမြိန်မှုများ၊ ဖွင့်ပြောမှုများ၊ လက်ထပ်ပွဲများ သည် မင်္ဂလာပွဲမတိုင်ခင်အထိမရှိခဲ့ပေ။

သို့သော်ညား ဆက်သွားရန် လမ်းအရှည်ကြီးရှိနေသေးကာ သူရှချန်းချန်းထံသို့ တစ်ဖြေးဖြေးလှမ်းသွားလို့ရလေသည်။

ထိုသို့တွေးလိုက်မိချိန်တွင် ရှဲ့ကျစ်ရှင်းသည် မတတ်နိုင်စွာနှင့် သူ၏နှုတ်ခမ်းထောင့်စွန်းများသည် ပင့်တက်သွားလေသည်။

အဒေါ်လျူသည်လည်း ယနေ့သည် ရှချန်းချန်း၏မွေးနေ့ဖြစ်သည်ကိုသိပြီး သူမသည် ရှဲ့ကျစ်ရှင်း ရှချန်းချန်းအတွက်သေချာ အလှဆင်နေသည်ကိုမြင်၍ ပျော်ရွှင်နေလေသည်။

သူမ စွဲလန်းနေသည့် CP သည် ပို၍ပို၍ပင်ချိုမြိန်လာနေလေသည်။

ရှဲ့ကျစ်ရှင်း သူမအားပေးမည့်လက်ဆောင်များထဲကတစ်ခုမှာ ပန်းရောင်စိန်လက်စွပ် ဖြစ်သည်ကိုသူမမြင်လိုက်ချိန်တွင် သူမ၏မျက်လုံးထဲတွင် ကြယ်များနှင့်ပြည့်နှက်သွားခဲ့သည်။

ဒါက မွေးနေ့ပွဲဆင်နွဲဖို့မဟုတ်ဘူး ဒါကသေချာပေါက် ဖွင့်ပြောမဲ့ပွဲအစီအစဥ်ပဲ။

လက်စွပ်ပေးတဲ့အဓိပ္ပါယ်ကဘာလဲ။ ရှဲ့ကျစ်ရှင်းကဘယ်လောက်ပဲ ရိုးရှင်းတဲ့သူဖြစ်ပါစေ သူအဲဒါကဘာအဓိပ္ပါယ်လဲ ဆိုတာကို မသိပဲမနေဘူး။ မစ္စတာက မွေးနေ့ပွဲမှာ ရှချန်းချန်းကိုဖွင့်ပြောဖို့အတွက်လုပ်နေတာပဲ။

ငါနားလည်သွားပြီ နားလည်သွားပြီ။

“ဆရာ အခုကနောက်ကျနေပါပြီ”

အဒေါ်လျူ သည် ရှဲ့ကျစ်ရှင်းအားစိတ်လှုပ်ရှားစွာဖြင့် သတိပေးလိုက်သည်။

“မဒမ်ကို သူမဘယ်အချိန်ပြန်ရောက်မလဲဆိုတာကို ဘာလို့်မမေးတာလဲ၊ ကျွန်မ အထူးလက်ထောက်ကျိုးကို စောစောပြင်ထားဖို့ပြောလို့ရတာပေါ့”

ရှဲ့ကျစ်ရှင်းသည် ခေါင်းငြိမ့်လိုက်ကာ ရှချန်းချန်းအားဖုန်းခေါ်လိုက်သည်။

တစ်ခြားတစ်ဖက်ရှိ ရှချန်းချန်းမှာမူ ရှယုံဒယ်နှင့်တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ကာ Ferrari အားမောင်းနှင်၍ ပြန်လာနေပြီဖြစ်သည်။

“လမ်းမှာရောက်နေပြီ ဘာကိစ္စရှိလို့လဲ၊ လောင်ကုန်း ကျွန်မကိုလွမ်းလို့လား”

ရှဲ့ကျစ်ရှင်း၏ နားရွက်များသည်ချက်ချင်းပင် နီရဲသွားခဲ့သည်။

သူ နှလုံးသားထဲတွင်မူ ဟုတ်တယ် ကိုယ်လွမ်းနေတာ ဟုပြောလိုက်သော်ညား သူ၏ပါးစပ်မှာမူ

“စောစောပြန်လာခဲ့ ဒီနေ့ကမင်းမွေးနေ့မလား၊ အဒေါ်လျူကမင်းအတွက် မွေးနေ့ပွဲပြင်ဆင်ထားပေးတယ်”

“အဒေါ်လျူပြင်ထားပေးတာပေါ့”

ရှချန်းချန်း၏အသံမှာ နူးညံ့နေကာ သူမ၏အသံအားတမင်ဆွဲငင်စွာပြောလိုက်လေသည်။

“အဲဒါဆို ရှင်ရော ကျွန်မအတွက် မွေးနေ့လက်ဆောင် ပြင်ထားသေးလား ဟင် လောင်ကုန်း”

ရှဲ့ကျစ်ရှင်း၏နားရွက်များနီရဲသွားပြီး သူ၏စိတ်နှလုံးမှာ ပျော်ရွှင်ကြည်နူးသွားကာ ရပ်တန့်သွားခဲ့သည်။

“မင်းပြန်လာတဲ့အခါကျရင် သိမှာပေါ့”

ထိုသို့ပြောပြီးနောက် သူသည်ဖုန်းအားအလျင်အမြန်ချလိုက်ကာ သူ၏နှုတ်ခမ်းမှုပြုံးနေဆဲဖြစ်သည်။

Ferrari အားမောင်းနှင်နေဆဲဖြစ်သည့် ရှချန်းချန်းမှာမူ ယွီလန်ယွမ်တွင်ဖြစ်ပျက်နေသည့်အရာများအား မသိပေ။ သူမသည် Bluetooth နားကြပ်အားဖြုတ်ပြီး စိတ်မကျေနပ်စွာ ဆူပုတ်လိုက်ကာ

“ရှင်အရမ်းတွန့်တို့တာပဲ၊ အဲဒါက လျို့ဝှက်ချက်ကြီးကြီးမားမားကြီးမှမဟုတ်တာ ဘာလို့မပြောပြနိုင်ရမှာလဲ”

ချက်ချင်းပင် ရှချန်းချန်းသည် သူမ၏မျက်လုံးအားလှိမ့်လိုက်ကာ စနစ်အားခေါ်လိုက်သည်။

“တုန်ဇီ ရှဲ့ကျစ်ရှင်းငါ့ကိုပေးမဲ့လက်ဆောင်ကဘာလဲ၊ ငါ့ကိုကူရှာပေးပါဦး”

စနစ်သည်ပြောစရာစကားများပင်ပျောက်ရှသွားခဲ့သည်။

“hostအိမ်ရောက်တော့မှာပဲ အိမ်ရောက်ရင်သိမှာပေါ့”

“ငါကြိုသိချင်လို့လေ”

ရှချန်းချန်းအား မငြင်းပယ်နိုင်သည့်စနစ်မှာမူ ရှဲ့ကျစ်ရှင်း၏ဖုန်းထဲခိုးဝင်ကာ သူရှချန်းချန်းအားပေးမည့် လက်ဆောင်အားရှာဖွေလိုက်လေသည်။

စနစ်ပြန်လည်ဖြေကြားလိုက်သည်။

“ပထမဆုံးလက်ဆောင်က လင်ယွီဗီလာ”

ရှချန်းချန်း၏မျက်လုံးများလင်းလက်လာကာ

“ဝိုး သန်းတစ်ရာတောင်တန်တဲ့ ဗီလာပေါ့ ကောင်းတယ်”

စနစ်သည်ဆူပုတ်နေကာ ဆက်လက်ဖတ်နေလေသည်။

“ဒုတိယလက်ဆောင်က ကိုယ်ပိုင်လေယာဥ်နဲ့ရွက်လှေ”

ရှချန်းချန်း : “!!!” ဘော့စ်ရှဲ့ကတော်တော်ရက်ရောတာပဲ။

“တတိယလက်ဆောင်တစ်ခုရှိသေးတယ်”

စနစ်သည် နောက်ဆုံးလက်ဆောင်တွင်အနည်းငယ်အချိန်ဆွဲနေကာ

“အဲတတိယလက်ဆောင်က နောက်ဆုံးလက်ဆောင်က”

ထိုအရာအား ခဏလျို့ဝှက်ထားပြီးနောက် စနစ်သည်အကြောင်းအရာအားပြောင်းပြောလိုက်ကာ

“ကျွန်တော်ပြောပြလို့မရဘူး”

ရှချန်းချန်း: ???

“ငါတို့ရဲ့ ဆက်ဆံရေးကဘာမလို့လဲ၊ ဘာကိစ္စ ငါ့ကို ဆက်ပြီး ဝေခွဲရခက်အောင် လုပ်နေရတာလဲ”

ရှချန်းချန်းတစ်ယောက် ဒေါသထွက်နေခဲ့သည်။

“ဘယ်လို လက်ဆောင်မျိုးလဲလို့ နင်ငါ့ကို ပြောပြလို့မရဘူးလား ထားပါတော့၊ မိနစ်အနည်းငယ်ဆို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရမှာဘဲ”

“ဒါဆို ကိုယ်တိုင်သွားကြည့်လိုက်လေ”

စနစ်က စိတ်မကြည်မလင်ဖြစ်နေခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ မင်းကို မပြောပြဘူး”

ရှချန်းချန်း: "..."

တစ်ဖက်၌ အင်ပါယာသစ်တောဥယျာဉ်အား အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။

အပြင်ဘက်၌ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြီး ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းဖြစ်မည်ဟု ထင်လိုက်မိသည်။ ထိုသို့ တွေးလိုက်ပြီးနောက် သူသည် လျင်မြန်စွာ တံခါးဖွင့်လိုက်သည်။

တံခါးဖွင့်လိုက်သည့်အခါ ရောက်လာသူကား ကျန်းချင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။

ရှဲ့ကျစ်ရှင်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။

ကျန်းချင်းက အပြုံးဖြင့် ရှင်းပြသည်။

“ချန်းချန်းက ရှင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း ကျွန်မကို ပြောပြထားပါတယ်၊ အင်ပါယာသစ်တောဥယျာဉ် အမှတ် ၁၈ မှာ သူ နေနေတယ်လို့လည်း ပြောတယ်၊ ကံကောင်းချင်တော့ ကျွန်မလည်း သိပ်မကြာသေးခင်ကမှ အင်ပါယာသစ်တောဥယျာဉ် အမှတ် ၂၃ ကို ပြောင်းလာတာ”

ရှဲ့ကျစ်ရှင်းသည် သူနားလည်ပြီ ဖြစ်ကြောင်းကို ခေါင်းငြိမ့်ပြလိုက်သည်။

ယွီလန်ယွမ်သည် ရှဲ့မိသားစုမှ တည်ဆောက်ခဲ့သော အိမ်ခြံမြေဖြစ်သည်။ ယွီလန်ယွမ် ဗီလာများကို ဝယ်ယူနိုင်သူများသည် ချမ်းသာသူ သို့မဟုတ် ဂုဏ်သရေရှိသူများ ဖြစ်ကြ၏။ ကျန်းချင်းမှ အိမ်ခြံမြေအား ဝယ်ယူလိုက်ကြောင်းကို အထူးလက်ထောက်ကျိုးက ရှဲ့ကျစ်ရှင်းအား ပြောပြထားသည်။

ရှဲ့ကျစ်ရှင်းတစ်ယောက် အနည်းငယ်သာ အံ့အားသင့်သွားသည်။ ကျန်းချင်းနှင့် ရှချန်းချန်းတို့၌ ဤမျှ ကောင်းမွန်သည့် ဆက်ဆံရေးမျိုးရှိကာ ကျန်းချင်းက သူ့ထံသို့ ဦးစွာ ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ချေ။

“ရှင် မေ့သွားပြီလား”

ကျန်းချင်းက ပြုံး၍

“ကျွန်မတို့ မိန်ဟွေ့နဲ့ ကွမ်ကျုံးတို့ကို တစ်လအတွင်း သားပေါက်စေရမယ်လို့ ဆွေးနွေးခဲ့ကြတယ်လေ၊ ကျွန်မ ခုနက ချန်းချန်းကို ဖုန်းဆက်လိုက်တော့ ကွမ်ကျုံးကို ဒီည ကျွန်မရဲ့ ဗီလာကို ပို့ပေးလို့ရတယ်လို့ ပြောတယ်၊ ဒါမှ ဒီကလေးလေးနှစ်ကောင် အတူ ကောင်းကောင်းနေနိုင်မှာလေ”

ရှဲ့ကျစ်ရှင်း: !!!

သူ တကယ်မေ့သွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ရှဲ့ကျစ်ရှင်း၏ စိတ်အာရုံသည် ရှချန်းချန်းအပေါ်၌တွင်သာ လုံးလုံး ရှိနေခဲ့ခြင်းဖြစ်လေသည်။ ရံဖန်ရံခါမှသာ အမွေးပွလုံးလေး ကွမ်ကျုံးကြောင့် အာရုံပျံ့လွင့်ခဲ့ခြင်းဖြစ်သည်။ ကွမ်ကျုံး၏ ယောက္ခမအား သူမည်သို့ သတိထားမိမည်နည်း။

“အထဲကို အရင်ဝင်ပါ”

ရှဲ့ကျစ်ရှင်းက ကျန်းချန်းအား အိမ်ထဲသို့ ကြွရန် လမ်းဖယ်ပေးသည်။

“ချန်းချန်းက မကြာခင် ပြန်လာတော့မှာပါ”

“ရပါတယ်၊ ကျွန်မလည်း ကွမ်ကျုံးကို လာကြည့်တာပါ”

ကျန်းချင်းသည်

“တစ်လလောက်ရှိပြီ သူ ဝလာ၊မလာတော့ မသိဘူး၊ ဒါပေမဲ့ အရမ်းတော့ မစားစေနဲ့နော်၊ မဟုတ်ရင် ကျွန်မတို့ မန်‌ဟွေ့က သူ့ကို မကြိုက်တော့မှာစိုးလို့လေ”

ခြံဝင်းထဲသို့ ဝင်လာသော ကျန်းချင်းသည် ပန်းရောင်ပူဖောင်းများ၊ အဖြူရောင် ပွင့်ဖတ်များဖြင့် အိပ်မက်ကမ္ဘာထဲ ရောက်နေသကဲ့သို့ လှပစွာ အလှဆင်ထားသည့် မွေးနေ့ပါတီ မြင်ကွင်းကို သူမ မြင်လိုက်ရသည်။

ကျန်ချင်းတစ်‌ယောက် အံ့သြမှင်သက်သွားသည်။

“ဒီနေ့က ချန်းချန်း မွေးနေ့လား”

ရှဲ့ကျစ်ရှင်းက ပြုံးရွှင်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

ကျန်းချင်းကမူ သက်ပြင်းမချဘဲ မနေနိုင်ပေ။

“ရှင်တို့မှာ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးရှိလိမ့်မယ်လို့ ကျွန်မ အရင်က သတိမထားမိခဲ့ဘူး၊ အခုတော့ ရှင်က ချန်းချန်းကို တော်တော် ဂရုစိုက်ပုံရတယ်”

“ကျွန်မ ရည်းစားကတော့ ဒီလို အတွေးမျိုးမရှိဘူး”

ကျန်းချင်းက ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။

“ကျွန်မ ရည်းစားကတော့ သူ့ကို လက်ဆောင်တစ်ခုလောက် ပေး ကိတ်မုန့်တစ်လုံးလောက် ဝယ်ပေးပြီး ဖယ်ပစ်ဖို့ပဲ လုပ်ခဲ့တာ၊ မသိရင် ပါပီလေးက ဝံပုလွေလောက် မကောင်းဘူးလို့တောင် ထင်ရတယ်”

ရှဲ့ကျစ်ရှင်း: "..."

ကျန်းချင်းသည် သူ့အား အဘယ်ကြောင့် ဝံပုလွေဟု ပြောရသနည်း။ ဖြစ်နိုင်သည်မှာ ဤသည် ရှချန်းချန်း သူမနှင့် စကားပြောစဉ်က သူမအား ခေါ်ခဲ့သည့် အမည်များဖြစ်နေသည်လား။

ဘယ်လို ပြန်ဖြေရမယ် မသိပေမဲ့ ငါ့မျက်နှာကတော့ တော်တော် နီနေပြီး ပူထူနေပြီ။

သေချာပေါက် ရှဲ့ကျစ်ရှင်းသည် ဤ အကြောင်းအား သိရှိထားခြင်းမရှိပေ။ ချမ်းသာကြွယ်ဝသူများ၏ အသိုင်းအဝိုင်းမှ တစ်စုံတစ်ယောက်သည် သူ၏ ရှဲ့မိသားစုအား ပြန်လည်ရယူခဲ့သည့် လုပ်ရပ်ကို ကြမ်းတမ်း၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်က ၎င်း၏ သားကောင်ကို ပြန်လည်သိမ်းယူခြင်းနှင့် တူသည်ဟု တစ်ချိန်က နှိုင်းယှဉ်ခဲ့ဖူးသည်။ ထို့ကြောင့် ကျန်းချင်းသည် ရိုးရိုးရှင်းရှင်းပင် ဥပမာတစ်ခုပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူမနှင့် ရှချန်းချန်းသည် ကွမ်ကျုံး၊ မိန်ဟွေ့ တို့အကြောင်းကိုသာ ပြောခဲ့ကြခြင်းဖြစ်သည်။

သို့သော် အမှန်တရားကို သိရှိထားခြင်းမရှိသည့်

ရှဲ့ကျစ်ရှင်းသည် ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီမြန်းနေဆဲပင်။

ခေတ္တအကြာတွင် အဒေါ်လျူတစ်ယောက် အလျင်အမြန် ရောက်ချလာပြီး တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက် လေသည်။

“ဆရာ၊ မဒမ် ကျန်း၊ မကောင်းတော့ဘူး သခင်လေး ကွမ်ကျုံးကို ရှာမတွေ့ဘူး”

“ရှာမတွေ့ဘူးလား”

ရှဲ့ကျစ်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ယင်းက အန်တီလျူ၏ အမှားမဟုတ်ချေ။ အမှတ် ၁၈ ယွီလန်ယွမ်က အလွန် ကြီးမားသည်။ ကွမ်ကျုံးကဲ့သို့ ကြောင်လေးတစ်ကောင်သည် ဟိုဟိုဒီဒီ ပြေးလွှားနေခြင်းက အံ့သြစရာ မဟုတ်ပေ။

“အရင်ဆုံး အိမ်အကူ တစ်ယောက်နှစ်ယောက်ကို ပတ်ပတ်လည် လိုက်ရှာခိုင်းလိုက်ပါ”

ရှဲ့ကျစ်ရှင်းက အမိန့်ပေးလိုက်ပြီး ကျန်းချင်းအား တောင်းပန်လိုက်သည်၊။

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ကွမ်ကျုံးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး”

ကျန်းချင်းက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ကြီးကြီးမားမားကိစ္စမှ မဟုတ်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ကြောင်လေးက ဗီလာထဲမှာ ရှိနေတော့ ကျွန်မတို့ သေချာပေါက် ရှာတွေ့မှာပါ၊ အခု ချန်းချန်းကလည်း ပြန်မလာသေးတော့ အတူတူ လိုက်ရှာကြရအောင်”

အမှတ် ၁၈ ယွီလန်ယွမ်ရှိ လူတိုင်းသည် အုပ်စုများ ခွဲ၍ ရှာဖွေကြပြီး “ကွမ်ကျုံး~ကွမ်ကျုံး~” ဟု အော်‌‌ခေါ်သံများသည် ခြံဝင်းထဲ၌ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် နေရာများစွာတွင် ရှာဖွေခဲ့သော်လည်း ကွမ်ကျုံး၏ အရိပ်အယောင်ကို တစ်စက်လေးမျှ မတွေ့ရသေးပေ။

ရုတ်တရက် သူ့၏ နားများ အနည်းငယ် လှုပ်ရှားသွားပြီး ကားဂိုဒေါင်မှ ထွက်လာသည့် ကြောင်တစ်ကောင်၏ အသံကို ကြားလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် ချက်ချင်းဆိုသလို ကားဂိုဒေါင်သို့ သွား၍ ပတ်ပတ်လည်အား ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ ကံကောင်းစွာဖြင့် Beetle ကား၏ ရှေ့ဖုံးပေါ်တွင် ကွမ်ကျုံးကို တွေ့လိုက်ရသည်။

ကွမ်ကျုံးသည် ယင်း၏ အမြီးလေးကို နံ့၍ Beetle ကားအတွင်းရှိ အားကစားအိတ်ကို အပြစ်ကင်းစင်ကြယ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ အားကစားအိတ်အား ဇစ်ကောင်းစွာပိတ်ထားခြင်းမရှိသဖြင့် အမွှေးအနည်းငယ် ထွက်နေခဲ့သည်။ ယင်းက သူ၏ ကြောင်ကစားစရာနှင့် အလွန်တူနေခဲ့သည်။

ဤအရာကို မြင်သည့်အခါ ရှဲ့ကျစ်ရှင်းက ရယ်မိပြီး အဒေါ်လျူအား Beetle ကား၏ ကားသော့ကို ယူခိုင်းကာ ကားတံခါးကို ဖွင့်ခိုင်းသည်။ တံခါးဖွင့်လိုက်သည်နှင့် ကွမ်ကျုံးသည် ထိုအမွှေးထံသို့ အလောတကြီး ခုန်တက်လိုက်လေသည်။

အဒေါ်လျူက ပြုံး၍ “နောက်ဆုံးတော့ သူက ကြောင်ပဲလေ ဒီလိုအမွေးပွလေး မြင်တော့လည်း မျက်လုံးက မခွာနိုင်ရှာဘူး”

ရှဲ့ကျစ်ရှင်းက သက်ပြင်းချလိုက်သည်။

“တခြား အိမ်အကူတွေကို ကွမ်ကျုံးကို ရှာတွေ့ပြီလို့ သွားပြောပြီး ဆက် မရှာကြတော့ဖို့ ပြောလိုက်ပါ”

အဒေါ်လျူသည် ကားဂိုဒေါင်မှ ထွက်သွားသည်။

ရှဲ့ကျစ်ရှင်းသည် ခါးကုန်း၍ ကွမ်ကျုံးကို ကောက်ချီလိုက်သည်။

ကွမ်ကျုံး၏ ခြေတိုလေးများသည် လေထဲတွင် လှုပ်ယမ်းနေခဲ့ပြီး ၎င်း၏ ဝိုင်းစက်နေသည့် မျက်လုံးလေးများက အားကစားအိတ်ပေါ်ရှိ အမွှေးကို တွန့်ဆုတ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှဲ့ကျစ်ရှင်းက အတော်ပင် ကူရာမဲ့သွားသည်။

“ငါ မင်းကို ယူပေးမယ်”

ထိုသို့ ပြောရင်းဖြင့် ရှဲ့ကျစ်ရှင်းသည် ထိုအမွှေးအား ယူရန် လက်လှမ်းလိုက်သည်။

သို့သော် ပြင်းပြင်းထန်ထန် ဆွဲလိုက်သည့်အခါမှသာ ယင်းသည် ကြောင်ကစားစရာ မဟုတ်နေဘဲ အမျိုးသားအိုင်ဒေါတစ်ဦး၏ စင်မြင့်ဝတ်စုံမှ အမွှေးတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ကျစ်ရှင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

အင်ပါယာသစ်တောထဲ၌ အဘယ်ကြောင့် အမျိုးသားအိုင်ဒေါ၏ စင်မြင့်ဝတ်စုံ ရှိနေရသနည်း။ သူတို့မိသားစု၌ အိုင်ဒေါ တစ်ဦးမျှမရှိချေ။

ရှဲ့ကျစ်ရှင်းသည် ပို၍ပို၍ သံသယဝင်လာလေသည်။ သူသည် ကွမ်ကျုံးအား ဘေးသို့ချထားကာ အားကစားအိတ်ကို ဖွင့်လိုက်သည်။

အားကစားအိတ်ထဲတွင် အမျိုးသားအိုင်ဒေါ၏ စင်မြင့်ဝတ်စုံအပြင် အနက်ရောင်မျက်မှန်၊ စားပွဲထိုးဝတ်စုံ၊ အမျိုးမျိုးသော ဆံပင်တုများ၊ အလှကုန်ပစ္စည်းများနှင့် မျိုးစုံသော ထူးဆန်းသည့်အရာများ ရှိနေခဲ့သည်။

ရှဲ့ကျစ်ရှင်းတစ်ယောက် အံ့သြသွားသည်။

အထူးသဖြင့် သူသည် သိုင်းကြိုးနှင့် ယောကျ်ားလေးဝတ်စုံ၊ အနက်ရောင်မျက်မှန်နှင့် ပန်းကန်လုံးပုံစံ ဆံပင်တုကို မြင်သည့်အခါ မည်သို့ပင် ကြည့်စေ ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

ဒါက “သာယာရိုးရှင်းသော ဘဝ” ထဲက လက်ထောက်ဒါရိုက်တာရဲ့ ဝတ်စုံနဲ့တူတယ်။

ရှဲ့ကျစ်ရှင်း၏ မျက်နှာသည် တည်ကြည်လေးနက်နေခဲ့ပြီး သူ၏ စိတ်ထဲမှ တစ်စစီ ပြန့်ကျဲနေခဲ့သော ပုံရိပ်များနှင့် သဲလွန်စများသည် ရုတ်ချည်းဆိုသလို မျဉ်းဖြောင့်တစ်ကြောင်းအဖြစ် ဆက်သွယ်မိသွားပြီး မယုံကြည်နိုင်ဖွယ်ကောင်းသော ရလဒ်တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။

အားကစားအိတ်ထဲ၌ ရှချန်းချန်း၏ လက်ပ်တော့လည်း ရှိနေသည်။

အတွင်းတွင် စကားဝှက်တစ်ခုကို သတ်မှတ်ထားသည်။ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၊ ရှပိုင်လုနှင့် သူ၏ မွေးနေ့ကို စမ်း၍ ရိုက်ထည့်ကြည့်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။

ရုတ်တရက်ဆိုသလို ရှဲ့ကျစ်ချင်းသည် တစ်ခုခုအား တွေးလိုက်မိပြီး သူ၏ လက်ချောင်းများက အနည်းငယ် တုန်ယင်နေခဲ့သည်။ သူသည် ဂဏန်းအစီအစဉ်တစ်ခုကို ထည့်လိုက်သည်။

တစ်ချိန်ထဲတွင် ကွန်ပျူတာအား အောင်မြင်စွာ ဖွင့်နိုင်သည့်အချိန်၌ ရှဲ့ကျစ်ရှင်းသည် သူ၏ စိတ်ထဲ၌ “ဘုန်း” ဟူသည့် အသံကို ကြားလိုက်ရသည်။

ကွန်ပျူတာ၏ ဒက်စတော့ပေါ်၌ ဖိုင်ငါးခု ရှိနေသည်။ ၎င်းတို့၏ နာမည်များမှာ ကျိကျင်းဟန်၊ ချန်မင်ကျယ်၊ ချီပိုင်၊ ယဲ့ရှီဝမ်… နှင့် နောက်ဆုံးတစ်ခု၊ ရှဲ့ကျစ်ရှင်း ဟူ၍ဖြစ်ကြသည်။

ပထမဖိုင်အချို့အား ဖွင့်လိုက်သောအခါ ယင်းတို့ထဲတွင် ကျိကျင်းဟန်၏ အငယ်အနှောင်း၊ ချန်မင်ကျယ်၏ ပြည့်တန်ဆာလုပ်ငန်း၊ ချီပိုင်၏ စာအရေးအသားခိုးယူမှုနှင့် ယဲ့ရှီဝမ်၏ အငှား ကိုယ်ဝန်ဆောင်ပေးခြင်းနှင့် ပတ်သက်သည့် သက်သေအထောက်အထားများစွာ ပါဝင်နေခဲ့သည်။

“ရှဲ့ကျစ်ရှင်း” ဟူသည့် အမည်ပါရှိသော နောက်ဆုံးဖိုင်တွင် ရှဲ့ကျစ်ရှင်း၏ လျှို့ဝှက်လက်ထပ်ခြင်း၊ ကြောင်ချစ်ခြင်းနှင့် စကပ်ဝတ်ဆင်ခြင်း အစရှိသည့် အတင်းအဖျင်းမျိုးစုံ ပါဝင်နေခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ လည်စေ့မှာ လှုပ်ရှားသွားပြီး တံတွေးမြိုချလိုက်သည်။

သူ၏လက်ချောင်းများသည် touchpad ၌သာ ရှိနေသည်။ သူ၏စိတ်ထဲတွင် တွန့်ဆုတ်နေသော်လည်း စိတ်ထဲရှိ ယုတ္တိရှိရှိခွဲခြမ်းစိတ်ဖြာမှုသည် ဖြစ်နိုင်ခြေတစ်ခုသာရှိ‌ကြောင်း သတိပေးနေသည်။

၎င်းသည် ယခင်က ဖြစ်နိုင်ခြေအများဆုံးဟု သူထင်မြင်ခဲ့သော်လည်း ယခုတွင် သူ လက်မခံချင်ဆုံး အရာဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် နောက်ဆုံးတွင် Bowser ကို ထပ်မံဖွင့်ပြီး Weibo ပင်မစာမျက်နှာ၏ URLထဲသို့ ဝင်ရောက်ခဲ့သည်။

Weibo စာမျက်နှာအား ဖွင့်လိုက်သည်နှင့် အကောင့်သည် အလိုအလျောက် ဝင်သွားခဲ့သည်။ အကောင့်အမည်မှာ ‘လိမ်ညာသူများကို ဖော်ထုတ်သူ' ဖြစ်သည်။

Touchpad အား ထိန်းချုပ်နေသည့် ရှဲ့ကျစ်ရှင်း၏ လက်ချောင်းများသည် ချက်ချင်း အေးစက်သွားသည်။ ထိုအချိန်တွင် ရေခဲတောင်ကဲ့သို့ အေးစက်သော အရိပ်အမြွတ်များသည် သူ၏မျက်နှာပေါ်တွင် ထင်ပေါ်လာခဲ့သည်။

သူယခုရိုက်ထည့်လိုက်သည့် ကွန်ပျူတာ စကားဝှက်မှာလည်း လိမ်ညာသူများကိုဖော်ထုတ်သူ ပင်ဖြစ်သည်။

၎င်းသည် လိမ်ညာသူများကို ဖော်ထုတ်သူ အကောင့်ကို ဖန်တီးခဲ့သည့် နေ့စွဲဖြစ်သည်။

ဆယ်မိနစ်အကြာတွင် ရှချန်းချန်းသည် သူမ၏ ပန်းရောင် Ferrari ကားလေးကို ကားဂိုဒေါင်သို့ ပျော်ရွှင်စွာ မောင်းနှင်သွားခဲ့သည်။

တစ်စုံတစ်ဦးသည် သူမ၏ မွေးနေ့ပွဲအား ကျင်းပရန် ကူညီပေးခဲ့ပြီး မွေးနေ့လက်ဆောင်များလည်း အများအပြားရရှိခဲ့သည်။ထို့ကြောင့် သူမ အရမ်းပျော်သည်။

Ferrariကားသည် Beetle ဘေးတွင် ရပ်လိုက်သည်။

ရှချန်းချန်းသည် ကားပေါ်မှ ဆင်း၍ ထွက်ခွာခါနီးတွင် သူမ၏မျက်လုံးထောင့်သည် Beetleထံသို့ ကြည့်မိသွားသည်။

ရှဲ့ကျစ်ရှင်းသည် Beetle ၏ ဧည့်သည်ထိုင်ခုံတွင်ထိုင်နေပြီး အားကစားအိတ်ကို သူ၏ခြေရင်း၌ ပစ်ချထားသည်။ ရှဲ့ကျစ်ရှင်း၏ပေါင်ပေါ်၌ ရှချန်းချန်း၏လက်ပ်တော့သည် သူ့ပေါင်ပေါ်တွင်ရှိနေဆဲဖြစ်သည်။

ရှချန်းချန်း: "..."

ရှချန်းချန်း: "!!!"

ရှချန်းချန်း: "Fuck!"

ထိုအချိန်တွင် ရှချန်းချန်းသည် သူမ၏အပေါ်သို့ တစ်စုံတစ်ယောက်မှ ရေအေးဇလုံကို လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းမှ ခြေဖျားအထိ အေးသွားသည်ဟု ခံစားလိုက်ရသည်။ မရဏနတ်ဘုရား၏လက်သည် သူမ အနားသို့ ရောက်ရှိလာပြီး သူမ၏နှလုံးသားအား ညင်သာစွာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရသည်။

သူမ၏ ခါးမတ်သွားပြီး အသက်ရှုရပ်သွားတော့မည့်အလား ဖြစ်နေသည်။

ရှဲ့ကျစ်ရှင်းသည် လက်တစ်ဖက်တွင် လက်ပ်တော့ကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် သူအမြဲတမ်း သိမ်းဆည်းထားသည့် လက်စွပ်ဘူးကို ကိုင်ဆောင်ထားသည်။ ရှချန်းချန်းပြန်လာတာကိုမြင်သည့်အခါ သူသည် လက်တော့ပ်ကို ဘေးသို့ချပြီး Beetle ထဲမှ တစ်လှမ်းချင်းထွက်လာခဲ့သည်။

သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိနေချေ။

သူသည် အမြဲတမ်း လျစ်လျူရှု၊ အေးစက်ပြီး မဖော်ရွေပေ။

သူသည် Beetle ကို လက်ဖြင့် ပုတ်လိုက်သည်။ သူ၏မျက်ခုံးများသည် ‌အဝေးမှတောင် ထိစပ်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ စူးရှသည့် မျက်လုံးများဖြင့် ရှချန်းချန်းအား တည့်တည့်စိုက်ကြည့်နေသည်။

"မင်းကိုယ့်ကိုလမ်းမခွဲတာ ဒါ့ကြောင့်လား"

သူသည် ရယ်နေပုံ‌ပေါ်သော်လည်း သူ၏လေသံသည် ရေခဲကဲ့သို့ အေးစက်နေသည်။ သူစကားပြောနေစဉ် လက်စွပ်ဘူးအား ဖျစ်ညစ်၍ကိုင်ဆောင်ထားပြီး ချက်ချင်းဆိုသလိုပင် လက်ထဲရှိ လက်စွပ်ဘူးသည် အမှိုက်စက္ကူတစ်ဆုပ်အဖြစ်သို့ ကြေမွသွားခဲ့သည်။

ရှချန်းချန်းသည် လန့်ဖျပ်သွားပြီး သူမ၏ နှလုံးခုန်သံသည် ဒရမ်တီးနေသကဲ့သို့ ဖြစ်နေသည်။

ရှဲ့ကျစ်ရှင်း၏ လက်ထဲရှိ အမှိုက်စက္ကူတစ်စသည် ရှချန်းချန်းအတွက် အလွန်‌အရေးပါသည့်အရာဖြစ်သည်။

သူချေမှုန်းချင်သည့်အရာသည် လက်ဆောင်သေတ္တာမဟုတ် သူမ၏နှလုံးသားဖြစ်သည်။

ဝတ္ထုထဲတွင် ရှဲ့ကျစ်ရှင်းသည် ဘာမှမထူးခြားသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် သူသည် လက်စားချေတက်သူဖြစ်သည်။ သူ့အား သစ္စာဖောက်ပြီး လှည့်စားသွားသည့် သူများအားလုံးသည် ဆိုးရွားစွာ အဆုံးသတ်ကြရလေသည်။

ဥပမာ ရှဲ့၏ပိုင်ဆိုင်မှုကို လုယူသွားခဲ့သော ရှဲ့ချန်းရယ်သည် နောက်ဆုံးတွင် အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရသည်။

ဥပမာ ကျင်ရိဖန်ကိုသတ်ခဲ့သော ယဲ့ရှီဝမ်သည် ဝတ္ထု နောက်ပိုင်းတွင် ကွန်ရက်တစ်ခုလုံး၏ ခြိမ်းခြောက်မှုအားခံခဲ့ရပြီး စိတ်ဓာတ်ကျကာ သတ်သေချင်စိတ်များဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ သူမသည် သူရဲကောင်း၏ကယ်တင်ခြင်းနှင့် စာရေးဆရာကြောင့်သာ မဟုတ်ပါက သူမသည် ယခင်ကတည်းက သေဆုံးနေလောက်ပြီဖြစ်သည်။

နောက်ဥပမာတစ်ခုမှာ ရှဲ့ကျစ်ရှင်း၏ကျော်ကြားမှုကို အသုံးချချင်သည့် အမျိုးသမီးအိုင်‌ဒေါလ်တစ်‌ယောက်သည် နောက်နေ့တွင် ဝတ္ထုလောကထဲ၌ ဆက်၍ မတည်ရှိတော့ပေ။

ရှချန်းချန်းသည် သူမသည် ပါပါရာဇီဖြစ်သည်ကို ရှဲ့ကျစ်ရှင်းအား မပြောပြဝံ့ပေ။

အကယ်၍ ရှဲ့ကျစ်ရှင်းသည် သူ့အား အသွားအလာရရန် အကြိမ်ပေါင်းများစွာ အသုံးချခဲ့သည်ကို သိပြီး နောင်တွင် သူမ၏ လျှို့ဝှက်အိမ်ထောင်ရေးကို ဖော်ထုတ်ရန် သူ့ကို အသုံးချခဲ့သည်ကို သိလျှင် သူမအားလွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ဤအချိန်တွင် ရှချန်းချန်း၏ ဒူးခေါင်းများသည် လုံးဝအားနည်းနေပြီး လေးလံနေသည်။

သူမသည် မဖြေခဲ့သည့်တိုင် မည်သို့ဖြေရမည်ကိုလည်း မသိချေ။

ရှဲ့ကျစ်ရှင်းသည် သူမထံသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကိုသာ မြင်နေရသည်။

ကားဂိုဒေါင်အလွတ်ထဲတွင် သူ့ဆီမှ ခြေလှမ်းသံသည် “ဒေါက်ဒေါက်ဒေါက်”ဟူ၍ ရှင်းလင်းစွာ လှမ်းလာခဲ့ပြီး ခြေလှမ်းတိုင်းသည် ရှချန်းချန်း၏ နှလုံးသားကို နင်းချေနေသည့်အလား အသက်ရှုပင်ကြပ်လာသကဲ့သို့ ခံစားရသည်။

"မဒမ် ၊ ဘာဖြစ်လို့လဲ"

သူသည် “မဒမ်” ဟူသော စကားလုံးကို တမင်တကာ အလေးပေး‌ ပြောဆိုခဲ့သည်။

“ကိုယ်ပြောတာမ‌ကြားဘူးလား"

သူသည် ရှချန်းချန်း၏အနားသို့ တိုးလာပြီး နွေးထွေးသော လေသံသည် ရှချန်းချန်း၏ နားထဲကို အပြည့်ဝင်လာပြီး

"ဒါမှမဟုတ် မင်းကို ကိုယ်ထပ်မေးရမလား"

ဤအရာသည် သေချာပေါက် မရေရာသော မြင်ကွင်းတစ်ခုဖြစ်သော်လည်း ရှချန်းချန်းသည် သူမ၏နှလုံးရပ်သွားတော့မည်ဟု ခံစားမိသည်။ ရှဲ့ကျစ်ရှင်း၏လေသံသည် အလွန်နူးညံ့သိမ်မွေ့သော်လည်း နူးညံ့သိမ်မွေ့မှုသည် မမြင်နိုင်သောဓားများနှင့် အရိပ်များဖြင့် သိုဝုက်နေပြီး ရှချန်းချန်း၏နှလုံးသားထဲသို့ တည့်တည့်ထိုးစိုက်နေသည်။

ဗီလိန်များ ဒေါသထွက်လျှင် ၎င်းသည် သေစေနိုင်သည်။

ရှချန်းချန်းသည် ငိုချင်နေသော်လည်း မျက်ရည်မကျလာပေ။ သူမ၏ဦးနှောက်ထဲတွင် လွတ်မြောက်ရန် နည်းလမ်းပေါင်း ထောင်နှင့်ချီ၍ စဥ်းစားနေသည်။ သို့သော် ရှဲ့ကျစ်ရှင်းနှင့် အလွန်နီးစပ်သောကြောင့် ထိုနည်းလမ်းများသည် အလုပ်မဖြစ်ပေ။

ကျန်းချင်း၏ အသံသည် ရုတ်တရက် အနောက်မှ ထွက်ပေါ်လာသည်။

"ချန်းချန်း ပြန်လာပြီလား"

ကြားထဲရှိ တင်းမာမှုများ လျော့သွားခဲ့သည်။ ရှချန်းချန်းသည် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ကိုင်ဆောင်မိလိုက်သကဲ့သို့ ဝမ်းသာသွားသည်။ သူမသည် ချက်‌ချင်း ပြေးသွားပြီး ကျန်းချင်း၏နောက်သို့ ဝင်သွားလိုက်သည်။

ကျန်းချင်း: ? ? ?

ကျန်းချင်း: ငါတို့က မြင်မြင်ချင်း ထိမိကြတယ်ဆိုပေမယ့် မင်းငါ့ကိုတွေ့တာနဲ့ ချက်ချင်းကြီးလာရောတာက နည်းနည်းများမနေဘူးလား။

သို့သော် ရှချန်းချန်းသည် ဂရုမစိုက်‌ပေ။အနည်းဆုံးတော့ ကွမ်ကျုံးတွင် ချမ်းသာသည့် မိသားစုမှ သမီးတစ်ယောက်ရှိ‌သေးသည်။ ဗီလိန်သည် လူတယောက်အား ထိုမျှလောက် ပြောင်ပြောင်တင်းတင်း သတ်ပြီး အလောင်းအား မြေမမြှုပ်လောက်ချေ။ ရှချန်းချန်းသည် မကူညီနိုင်သော်လည်း မသိသောနေရာတွင် မြှုပ်နှံခံခဲ့ရသည့် ရှဲ့ကျစ်ရှင်းနှင့် သူ၏ဦးလေး ရှဲ့ချန်းရယ်တို့ကို ဂရုဏာသက်မိသည်။

သူတို့နှစ်ယောက်သည် အနာဂတ်တွင် အိမ်နီးနားချင်းများ ဖြစ်လာကြမည်လော။

ထိုအချိန်တွင် ကွမ်ကျုံးသည် နာခံမှုရှိစွာ ပေါ်လာပြီး ရှချန်းချန်း၏ခြေရင်းတွင် လာကပ်နေသည်။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းကြားတွင် တစ်ခုခု မှားနေသည်ကို ကျန်းချန်းသည် သတိပြုမိပြီး ကွမ်ကျုံးအား ကောက်ချီကာ ပြောသည်။

"ကွမ်ကျုံးကို ဒီည မိန်ဟွေ့နဲ့ သားဖောက်ရအောင် ငါ့အိမ်မှာ လာအိပ်ဖို့ သဘောတူထားတာ မဟုတ်လား၊ သွားကြရအောင်"

"သွားရအောင်၊ သွားရအောင်"

ရှချန်းချန်းသည် စကားဆက်ကို အလျင်အမြန်ဖြတ်လိုက်သည်။ သွားကြစို့၊ သွားကြရအောင်။

"ဒါဆို ချန်းချန်းနဲ့ ကျွန်မ အရင်သွားလိုက်ပါဦးမယ်"

ကျန်းချင်းသည် ရှဲ့ကျစ်ရှင်းကို ယဉ်ကျေးစွာပြောပြီး

"ကွမ်ကျုံးကို ခေါ်သွားပြီးရင် ရှင်တို့နှစ်ယောက် ညကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ချန်းချန်းကို ရှင့်ဆီပို့ပေးပါ့မယ်"

ပြန်လာဖို့ရာ မဖြစ်နိုင်ပေ။ ဆွယ်တာပြဲသွားသောကြောင့် မည်သူသည် မပြန်ချင်ဘဲနေမည်နည်း။

တက်နိုင်သမျှ မြန်မြန်သွားကြရ‌အောင်။

ရွာအစွန်ကျော်လျှင် မည်သည့်ဆိုင်မှ မရှိ‌တော့ချေ။

နှစ်ယောက်သားသည် လက်ချင်းချိတ်ကာ သွားနေကြပြီး ရှုပ်ထွေးနေသော ကြောင်ကလေးကို ပိုက်ကာ ကားဂိုဒေါင်မှ အမြန်ထွက်ခွာလာခဲ့ကြသည်။

ကျန်းချင်းသည် သူမသည် အစာရေစာ ငတ်ပြီး လူဝင်စားသည့် တစ္ဆေတစ်ကောင်ကဲ့သို့ ဤမျှ လျင်မြန်စွာ လျှောက်လှမ်းနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

သို့သော် သူမ တံခါးနားကို ရောက်သည့်အချိန် အနောက်မှ ရှဲ့ကျစ်ရှင်း၏ အေးစက်စက်အသံအား ကြားလိုက်ရသည်။

ရှချန်းချန်း၏ ခြေထောက်များ တောင့်တင်းသွားပြီး သူမ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ကျန်းချင်းသည် ရှချန်းချန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အနည်းငယ် စိတ်ပူနေသော်လည်း သူမအား သတိပေးလိုက်သည်

"မစ္စတာ ရှဲ့က မင်းကို ခေါ်နေတယ်"

ရှချန်းချန်းသည် အင်တင်တင်ဖြင့် နောက်သို့ လှည့်လိုက်ပြီး အတင်းဖျစ်ညစ်ပြုံးလိုက်သည်။ သို့သော် သူမ၏ အသံသည် အနည်းငယ် တင်းမာနေပြီး

"လောင်ကုန်း~ ဘာပြောစရာရှိသေးလို့လဲ ဟင်"

ရှဲ့ကျစ်ရှင်းသည် သူ၏မျက်နှာကို ရုတ်တရက် ပြုံးပြလိုက်ပြီး

"ကွမ်ကျုံးက ကိုယ့်သားလို့ မင်းပြောတယ်မဟုတ်လား၊ ဒါဆို သူ့အတွက် အရေးကြီးတဲ့ အခိုက်အတန့်မှာ ကိုယ် သူနဲ့လိုက်ခဲ့မယ်"

‘ပေါက်ကွဲသံနှင့်အတူ’ ရှချန်းချန်းသည် သူမ၏ခေါင်းပေါက်ကွဲသွားသည်ကို ခံစားလိုက်ရပြီး အရာအားလုံး ဗလာဖြစ်သွားခဲ့သည်။

All Chapters