← Chapters

အခန်း (၄၆)

Vol. 5 Ch. 46

အခန်း (၄၆)

Vol. 5 Ch. 46

ယွီလန်ယွမ်၏ နံပါတ် 18 နှင့် နံပါတ် 23 မှာ သိပ်မဝေးပေ။

လူသုံးယောက်နှင့် ကြောင်တစ်ကောင်သည် ရှေ့သို့ လျှောက်လာခဲ့၏။

အမှန်ပင် လူသုံးယောက်လမ်းလျှောက်လာခဲ့ပြီး ကွမ်ကျုံးသည် ရှဲ့ကျစ်ရှင်း၏ လက်မောင်းပေါ်တွင် လှဲအိပ်နေသည်။

လမ်းတစ်လျှောက်လုံးတွင် ရှချန်းချန်းသည် ကျန်းချင်း ၏ လက်မောင်းကို တင်းကြပ်စွာ ကိုင်ထားခဲ့ပြီး အနောက်တွင်ရှိသော ရှဲ့ကျစ်ရှင်း၏ “ နူးညံ့သည့်” အကြည့်များကို ခံစားနိုင်လေ၏။

ကျန်းချင်းသည် စဉ်းစားမရဖြစ်နေရသည့် အကြောင်းအရင်းမှာ ရှချန်းချန်းသည် သူမ၏လက်မောင်းများကို ဖက်ထားသည့်အချိန်၌ အနည်းငယ် တုန်ရီနေခြင်းကြောင့် ဖြစ်သည်။

သို့သော် ရှဲ့ကျစ်ရှင်း၏ မျက်နှာအမူအရာသည် ရှင်းရှင်းလင်းလင်းပင် ဖော်ရွေနေခဲ့ပြီး ယခင်တစ်ခေါက်၌ ကွမ်ကျုံးနှင့် မိန်ဟွေ့ တို့ blind date လုပ်သည့်အချိန်ထက်ပင် ပို၍ နူးညံ့နေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် တစ်သီးတစ်ခြားနေတက်သူဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရာတွင် ခက်ခဲမည်ဟု သူမထင်ခဲ့သည်။ ထိုအရာများသည် ယခုခေတ်လူငယ််များ လက်ထပ်ပြီးနောက် ဖြစ်ပေါ်လာသည့် စိတ်ဝင်စားမှုမျိူးဖြစ်နေသည်လား။

ထိုအရာကို နားမလည်နိုင်တော့ပေ။

လမ်းတစ်လျှောက်လုံးတွင် ရှချန်းချန်းသည် သူမ၏စိတ်ထဲ၌ စနစ်ကို ကမန်းကတန်းခေါ်နေခဲ့သည်။

“တုန်ကျီ ထွက်ခဲ့စမ်း နင် mall ထဲမှာ မရှိဘူးလား၊ ငါ့ကို ရှဲ့ကျစ်ရှင်းရှေ့ကနေ ချက်ချင်းလက်ငင်းပျောက်သွားအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးဘာလေး မရှိဘူးလား”

စနစ်: "..."

စနစ်: " မရှိဘူး”

ရှချန်းချန်း : “ဒါမှမဟုတ် ရှဲ့ကျစ်ရှင်းကို သတိမေ့သွားအောင် လုပ်မလား၊ မသန်မစွမ်းဖြစ်သွားအောင်လုပ်မလား၊ အာဖရိကကို ပို့လိုက်ကြမလား ဒါမှမဟုတ် သူ့ကို မတူတဲ့ကမ္ဘာတစ်ခုထဲ ပို့လိုက်ကြမလား၊ အကုန်လုံးက အဆင်ပြေပါတယ် နင် ငါ့အတွက် တစ်ခုတော့ လုပ်ပေးပါ”

စနစ်: “ Host ရေ ငါ့နောက်က လိုက်ပြောပါ

ကြွယ်ဝချမ်းသာခြင်း ၊ သန်မာခြင်း ၊ ဒီမိုကရေစီဝါဒ ခံယူထားခြင်း ၊ လိုက်လျောညီထွေးဖြစ်ခြင်း ၊ လွတ်လပ်မှုရှိခြင်း၊ ညီညီမျှမျှဆက်ဆံခြင်း ၊ တရားဥပဒေများကိုလိုက်နာခြင်း ၊ မျိုးချစ်စိတ်ဓာတ်ရှိခြင်း ၊ တရားမျှတခြင်း ရိုးသားခြင်းနဲ့ ဖော်ရွေမှုရှိခြင်းတို့နဲ့ပြည်စုံပြီး ငါတို့က ဥပဒေကိုလိုက်နာတဲ့ စနစ်တွေပဲလေ”

ရှချန်းချန်း: "..."

ရှချန်းချန်း: “ နင် အချိန်တိုင်း သူများရဲ့ ဖုန်းတွေကို hack တာတွေ ခိုးကြည့်တာတွေလုပ်နေပြီးတော့ ဘာကို အခုကျမှ ဥပဒေလိုက်နာတာတွေဘာတွေလုပ်နေတာလဲ”

စနစ်သည် သူ၏လက်များကို ခါပြလိုက်သည်။

“ငါတကယ် မလုပ်နိုင်ဘူး၊ ငါမင်းကိုအရင်ကတည်းကပြောထားပါတယ် ငါက အကူစနစ်တစ်ခုသာသာပဲလို့၊ ငါက ဇာတ်ညွှန်းတစ်ခုလုံးကို မပြောင်းလဲနိုင်ဘူး ငါလုပ်နေနိုင်တဲ့ အရာအများစုက ဇာတ်ညွှန်းကို အရှိန်မြန်လာစေရုံလောက်ပဲ”

ရှချန်းချန်း: "..."

အသုံးမကျတဲ့ စနစ်ပဲ။

ရှချန်းချန်းသည် ကြံရာမရပင် ဖြစ်နေသည်။ ထိုအရာသည် အဆုံးသတ်ဖြစ်သည်လား။ ယခုတစ်ခါတွင် သူမသည် ဘာဘီကျူ လုံးလုံး ဖြစ်တော့မည်။

15 မိနစ်ကြာပြီးနောက် လူသုံးယောက်နှင့် ကြောင်တစ်ကောင်သည် နံပါတ်23 ယွီလန်ယွမ်သို့ ရောက်ရှိလာခဲ့သည်။

သူသည် ဧည့်ခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် ကွမ်ကျုံးသည် ယခင် ပျင်းရိနေသည့်အနေအထားမှ ချက်ချင်းပင် တက်ကြွလာခဲ့သည်။

ရှဲ့ကျစ်ရှင်းမှ သူ့အား အောက်သို့ချပေးမည်ကို ဂရုမစိုက်တော့ဘဲ သူ၏ ခြေထောက်တိုတိုလေးများဖြင့် ရှေ့သို့ ခုန်ဆင်းသွားခဲ့သည်။

မူလ၌ ထမင်းစားပွဲပေါ်တွင် အိန္ဒြေရှိရှိထိုင်၍ အစားစားနေသော မိန်ဟွေ့သည် လေထဲမှတစ်ဆင့် ထူးဆန်း၍ နွေးထွေသည့်အကြည့်တစ်ခုကို ခံစားလိုက်ရပြီးနောက် သူမ၏အမွှေးများမှာ ထောင်လာတော့သည်။

ကွမ်ကျုံးသည် လေးဖြင့်မြှားတစ်စင်းကို ပစ်လိုက်သည့်အတိုင်းပင် သူ၏ခြေထောက်တိုတိုလေးများဖြင့် မိန်ဟွေ့ထံသို့ အပြေးအလွှား ခုန်အုပ်လိုက်သည်။ သူသည် မိန်ဟွေ့ပေါ်သို့ ခုန်အုပ်ပြီးချိန်တွင် ကြောင်သဘာဝအရ မိတ်လိုက်ရန် လုပ်နေခဲ့သည်။

စက္ကန့်အနည်းငယ်အကြာ၌ မိန်ဟွေ့သည် သူမ၏ လက်သည်းများဖြင့် ခုန်အုပ်လိုက်ချိန်၌ ကွမ်ကျုံး၏ ရှေ့ခြေထောက်များမှာ ချော်သွားခဲ့ပြီး ထမင်းစားပွဲပေါ်မှ ပြုတ်ကျသွားခဲ့သည်။

ကွမ်ကျုံးက ဇွဲကောင်းကောင်းနှင့် မိန်ဟွေ့ပေါ်ကို ထပ်ပြီး ခုန်အုပ်လိုက်သည်။

မိန်ဟွေ့သည် သူမ၏ခြေထောက်နှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်ပြီး သူမ၏ အရှေ့လက်ဖဝါးများဖြင့် ထပ်၍ ကန်ထုတ်လိုက်သည်။

ကွမ်ကျုံးက ထပ်ပြီး ထမင်းစားပွဲပေါ်ကနေ ပြုတ်ကျသွားပြီ။

ကျန်းချင်းသည် ပြုံး၍ပြောလာခဲ့သည်။

“သေချာတာကတော့ ကျွန်မတို့ အရင်တစ်ခေါက်တွေ့တုန်းက သိပ်မရင်းနှီးကြလို့ဖြစ်မယ်၊ အခု သူတို့က ပိုပြီး ရင်းနှီးအောင် အတူတူကစားနေကြတာကို ခွင့်ပြုပေးလိုက်ပါ”

ရှချန်းချန်း: ? ? ?

ကျဲ ကျန်းရေ သူတို့ကစားနေတယ်ဆိုတာ ဘယ်လိုသိတာလဲ။ ဒီလောက် ရှင်းရှင်းလင်းလင်းကြီး ကျဲရဲ့ ကြောင်မက ကျွန်မရဲ့ကြောင်ထီးကို တမင်သက်သက်လိုက်သတ်နေတာလေ။

အို ဒါက လိင်ပြောင်းပြန်ဖြစ်နေတဲ့ သူနဲ့ ရှဲ့ကျစ်ရှင်းတို့ အတိုင်းပဲယ

“ဒါဆို အရင်တစ်ခေါက်က ကျူရှန်း ပလာဇာမှာ တွေ့တဲ့အချိန်တုန်းက မင်း ကွမ်ကျုံးအတွက် အဖော်ကြောင်မလေးတစ်ကောင်ကို တကယ်လိုချင်နေခဲ့တာပဲ”

ရှချန်းချန်း: "???"

ရှချန်းချန်း၏ စိတ်ထဲတွင် ?? များဖြင့် ပြည့်သွားသည်။

သူမသည် ကွမ်ကျုံး၏ အဖော်ရှာမည့် ကိစ္စနှင့်ပတ်သတ်၍ ရှဲ့ကျစ်ရှင်းအား မလိမ်ခဲ့ပေ။ ရှဲ့ကျစ်ရှင်းသည် ဤသို့ ထစ်ငေါ့ပြောဆိုရန် လိုအပ်ပါသလား။

စနစ်: “ငါ ယွီလန်ယွမ် ပန်းခြံရဲ့ စောင့်ကြပ်မှုတွေကို hack ပြီး ကြည့်ခဲ့ပြီးပြီ အဲနေ့က မင်း ရှဲ့ကျစ်ရှင်းနဲ့ blind date လုပ်ချင်ခဲ့တာက ကွမ်ကျုံးအတွက် ဆိုပေမယ့် မင်းက သူနဲ့ dateချင်တယ်ဆိုပြီး အဒေါ်လျူက ရှန့်ကျစ်ရှင်းကို ပြောလိုက်တာ, အဲတာကြောင့်…”

ရှချန်းချန်း: "..."

ငါအမှားကြီးလုပ်မိတာပဲ သုံ့အယ်တောင် ငါ့လောက် အမှားလုပ်မိမှာမဟုတ်ဘူး။

(T/N - Dou E (သုံ့အယ်) က ငယ်ငယ်လေးနဲ့ မုဆိုးမ ဖြစ်ခဲ့ပြီးတော့ သူ့ယောက္ခမကို ပြန်သတ်တဲ့သူလို့ စွပ်စွဲခံခဲ့ရတယ် ၊ စွပ်စွဲတဲ့သူက ကျန်းလူအာ ဖြစ်ပြီး သုံ့အယ်ကို ချစ်ရေးဆိုခဲ့တဲ့အချိန်မှာ အငြင်းခံရလို့ မကျေနပ်ချက်နဲ့ မတရားစွပ်စွဲခဲ့တာပါ)

ရှချန်းချန်းသည် အလျင်အမြန်ပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အို အရင်က အကြောင်းတွေမပြောပဲနေရအောင်၊ ကွမ်ကျုံးနဲ့ မိန်ဟွေ့ ကို ကြည့်လိုက်ပါဦး သူတို့က အရမ်းလိုက်ဖက်တာပဲ၊ ယောင်ကျူကြီးလာတဲ့ အချိန်ကျရင် ကျွန်မတို့ သူနဲ့သင့်တော်မယ့် ခွေးထီးတစ်ကောင်ရှာပြီး မျိုးစပ်ပေးလိုက်ရအောင်၊ သူမွေးလာတဲ့ corgiခွေးလေးတွေက အရမ်းချစ်ဖို့ကောင်းမှာပဲ”

( T/N - corgi ခွေးဆိုတာက ခွေးပုပုလေးတွေကိုပြောတာပါ)

ရှဲ့ကျစ်ရှင်းမှ စကားဆက်၍ပြောလာခဲ့သည်။

“ပြီးရင် မင်းသား ရှဲ့ရဲ့ မင်းသမီးလေး မွေးလာပြီဆိုပြီး Weibo မှာ post တင်လိုက်လေ၊ အဲအတိုင်းဆိုရင် လူတွေ အတင်းပြောစရာ နောက်ထပ်အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မယ်”

ရှဲ့ကျစ်ရှင်းသည် စိတ်အားငယ်သည့်အသံအနေအထားဖြင့်ပြောလာခဲ့သည်။

“အရင်တစ်ခေါက်က ငါ ကွမ်ကျုံးနဲ့ ယောင်ကျူကို မွေးထားတယ်ဆိုပြီး ဖော်လိုက်သလိုမျိုးပဲလေ”

ရှချန်းချန်း: "..."

“အို ပြီးတော့ အရင်တစ်ခေါက်က”

ရှဲ့ကျစ်ရှင်းသည် တစ်စုံတစ်ခုကိုသတိရသွားကာ ဆက်ပြောလာသည်။

“မင်း အရင်တစ်ခေါက်ကပဲ ယောကျာ်းလေးတွေ စကပ်ဝတ်ထားတဲ့အချိန်ဆို ကြည့်လို့ကောင်းတယ်လို့ပြောတယ်လေ၊ အဲတာက ကိုယ့်ကိုပြောတာမဟုတ်ဘဲ ကွမ်ကျုံးကိုပြောနေခဲ့တာပဲ”

ရှချန်းချန်း: "..."

ရှချန်းချန်းသည် မယုံကြည်နိုင်လောက်အောင်အံ့ဩသွားသည့်ပုံ ပေါ်နေခဲ့သည်။

“ခဏနေပါဦး ဒါဆို အရင်တစ်ခေါက်က ရှင် စကပ်ဝတ်ခဲ့တာက ကျွန်မ ပြောတာကြောင့်လား”

ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။

“မင်း ဘယ်လိုထင်လဲ”

ရှချန်းချန်း: ???

ရှချန်းချန်းသည် မခံမရပ်ဖြစ်ကာ စိတ်တိုသွားခဲ့သည်။ ထိုအရာသည် ရှဲ့ကျစ်ရှင်း နားကြားမှားခဲ့သည်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။ ထိုအရာသည် သူမနှင့် မည်သို့ ပတ်သတ်မည်နည်း။ အဘယ့်ကြောင့် သူမအား အပြစ်တင်ပြောဆိုရသနည်း။

သို့သော် ရှဲ့ကျစ်ရှင်း၏ ဟန်ဆောင်အပြုံးကို မြင်လိုက်ရသည့်အခါ၌ ရှချန်းချန်းသည် အချိန်တစ်ခဏအတွင်း ရိုသေစွာဖြင့် ပြောလာသည်။

“ဟုတ်ပါတယ် ကျွန်မအပြစ်တွေပါ”

လောင်ကုန်း ၊ ရှင် မှန်ပါတယ် အကုန် ကျွန်မ အမှားတွေပါ။

ထိုနေရာတွင် ကြာကြာနေရန် မသင့်တော်ပေ။

အကယ်၍ သူတို့သည် ကားဂိုထောင်ထဲတွင် ဖမ်းမိသွားခဲ့ပါက ရှဲ့ကျစ်ရှင်း၏ မကျေနပ်မှုများသည် 90 လောက်ထိ တိုးလာမည်ဖြစ်သည်ဟု ရှချန်းချန်းမှ တွက်ချက်လိုက်သည်။

အခု စကားပြောပြီးရင်တော့ 100မှာ 80% လောက်ဖြစ်နေလောက်ပြီ။

သူမသည် ကျန်ချင်းနှင့်အတူတူ ဆက်ရှိနေသေးပါက ရှဲ့ကျစ်ရှင်းသည် သူမအား သိသိသာသာတိုက်ခိုက်မည်မဟုတ်ပေ။

သူ လွတ်မြောက်မှရမယ်။

ရှဲ့ကျစ်ရှင်းသည် ဧည့်ခန်းထဲမှ နာရီကိုလှမ်းကြည့်လိုက်သည်။

“နောက်ကျနေပြီပဲ မဒမ် ပြန်ကြရအောင်”

“ကောင်းပြီ ကွမ်ကျုံးကို ကျွန်မနဲ့အတူထားခဲ့ပြီး မိန်ဟွေ့နဲ့အတူတူနေခိုင်းလိုက်ပါ၊ ကျွန်မခန့်မှန်းရသလောက်တော့ သူ ဒီမှာ တစ်ပတ်လောက်နေပြီးရင် တိရစ္ဆာန်သဘာဝအတိုင်း ကိုယ်ဝန်ရလာမှာပါ”

ရှချန်းချန်း၏နှလုံးသားများသည် ဒရမ်တီးနေသလိုပင် ခုန်နေခဲ့သော်လည်း သူမသည် လိုက်နာသည့်ပုံစံဖြင့် ခေါင်းငြိမ့်လိုက်သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား သူ၏လက်မောင်းကို တွဲရန်အတွက် လက်ထုတ်ပေးလေသည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနားသို့ တစ်ဆင့်ချင်း ချဉ်းကပ်လာခဲ့သည်။

သူ ရှဲ့ကျစ်ရှင်းနားသို့ သွားနေသည့်အချိန်မှာ ရုတ်တရက် ခြေလှမ်းမှားပြီး လဲကျသွားခဲ့၏။

ရှဲ့ကျစ်ရှင်းသည် အလန့်တကြား ဖြစ်သွားခဲ့ပြီး သူ၏မျက်နှာပေါ်မှ အေးစက်မှုများနှင့် နူးညံ့မှုမရှိသည့်အမူအရာများမှာ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ရှချန်းချန်းထံသို့ ချက်ချင်းပင် အလျင်အမြန်ပြေး၍ ထူပေးလိုက်သည်။

ကျန်းချင်းသည်လည်း စိတ်ပူသွားကာ ရှေ့သို့ အလျင်အမြန်ပင် ရောက်လာခဲ့သည်။

ရှချန်းချန်းသည် သူမ၏မျက်လုံးများကိုပင့်၍ ရှဲ့ကျစ်ရှင်းအား ကြည့်လိုက်သည့် အခါ၌ သူမ၏ မျက်လုံးများထဲတွင် သနားစရာကောင်းသည့်ပုံပေါ်နေသည့်အပြင် မျက်ရည်များလည်း ဝဲနေသည်။

“လောင်ကုန်း ကျွန်မ မတော်တဆ ခြေကျင်းဝတ်လိမ်သွားတာပါ”

ရှဲ့ကျစ်ရှင်း၏ ရင်ဘတ်တစ်နေရာမှာ ချက်ချင်းပင် နူးညံ့သွားခဲ့သည်။

ကျန်းချင်း : “အိမ်မှာ ဆေးသေတ္တာတစ်ခုရှိတယ် ကျွန်မသွားယူလိုက်မယ်၊ အရိုးကျိုးတာဆိုရင်တောင် ရက် ၁၀၀လောက် ဂရုစိုက်ပြီးနေမှသက်သာတာ အဲဒါကြောင့် သေချာဂရုစိုက်ပြီး နေဖို့လိုတယ်နော်”

ကျန်းချင်းသည် ထိုနေရာမှ ထွက်သွားလေသည်။

ရှချန်းချန်းသည် နူးညံ့သည့် ကြောင်ပေါက်လေးတစ်ကောင်လိုပင် ရှဲ့ကျစ်ရှင်းရင်ခွင်ထဲ၌ ကွေးနေခဲ့သည်။

“လောင်ကုန်း ကျွန်မခြေထောက်အရမ်းနာနေလို့ လမ်းမလျှောက်နိုင်တော့ဘူး၊ ကျန်းချင်းဆီက ကားတစ်စီးလောက်ငှါးပြီး အိမ်ပြန်လိုက်ရင် မကောင်းဘူးလား”

“ကောင်းပြီ”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား ဆိုဖာပေါ်သို့ တင်ပေးလိုက်ပြီး ကျန်းချင်းအားရှာရန် လှည့်ထွက်သွားခဲ့သည်။

ခြေလှမ်း နှစ်လှမ်း လှမ်းပြီးနောက် သူသည် ရှချန်းချန်းအား ကားဂိုထောင်ထံသို့ ချီ၍ ခေါ်သွားခြင်းသည် ပို၍ အဆင်ပြေမည်ဟု တွေးလိုက်သည်။

“ချန်းချန်း ကိုယ် မင်းကို ကားရှိတဲ့နေရာဆီ ချီပြီး ခေါ်သွားရင် ရော “

သူ စကားမဆုံးခင်မှာပင် ရှချန်းချန်းသည့် သူ၏နောက်တွင် မည်သည့်နာကျင်မှုမျှ မရှိသည့် ပုံစံဖြင့် မတ်တပ်ရပ်နေခဲ့ပြီး သူမ ခန္ဓာကိုယ််ကိုအနည်းငယ်ကုန်းထားပြီး ထိုအိမ်ထဲမှ လွတ်မြောက်ရန်လှည့်စားနေသည့်ပုံပေါ်နေသည်။

နှစ်ယောက်သား အကြည့်ချင်းဆုံသွားကာ တစ်ယောက်နှင့် တစ်ယောက်ကြည့်နေခဲ့ကြသည်။

ရှဲ့ကျစ်ရှင်း: "..."

ရှချန်းချန်း: "..."

လေထုတစ်ခုလုံးသည် ကိုးရို့ကားရားအခြေအနေဖြစ်နေခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ အကြည့်များသည် အေးစက်လာခဲ့ပြီး ပတ်ဝန်းကျင်၏ အပူချိန်များ ကျဆင်းသွားတော့သည်။

သူသည် မျက်နှာမှာ မဲမှောင်နေပြီး စကားတစ်လုံးချင်းစီ ပြောလာခဲ့သည်။

“မင်းခြေထောက်နာနေတာလို့ ပြောခဲ့တာမဟုတ်ဘူးလား”

ရှချန်းချန်းက သူ့ကို ထပ်လိမ်ပြန်ပြီ။

ရှချန်းချန်းသည် အလွန်ပင် ကြောက်ရွံ့ကာ စိတ်လှုပ်ရှားသွားပြီး တံတွေးမြိုချလိုက်သည်။

ဒီလိုနဲ့ ပြီးသွားတော့မှာလား ၊ ဒီလိုနဲ့ အဆုံးသတ်တော့မှာလား ၊ ဘဝ ဆုံးပြီလား သူက ဒီလို ဗီလိန်လက်ထဲမှာ ဖမ်းမိခံရတော့မှာပဲ။

ထို့နောက် သူမသည် တစ်ခုခုအား တွေးမိသွားခဲ့ပြီး သူမ၏ မျက်လုံးများမှာ ပြောင်းလဲသွားသည့်အပြင် မျက်နှာသည်လည်း အပြစ်ကင်းစင်သည့် ပုံစံ ဖြစ်သွားခဲ့သည်။

“ကျွန်မ… သန့်စင်ခန်းသွားချင်လို့ပါ ဒါပေမဲ့ ရှင့်ကို အဲနေရာမှာကူညီခိုင်းတာက သိပ်မကောင်းဘူးထင်လို့”

ရှဲ့ကျစ်ရှင်းသည် ထိုနေရာတွင်ရပ်ကာ အချိန်အနည်းငယ် မှင်သက်နေခဲ့သည်။

သူတကယ်ပဲ နားလည်မှုလွဲသွားခဲ့တာလား။

သူက အရှေ့နှစ်လှမ်းတိုးလာပြီး ဘာမှမပြောဘဲ ရှချန်းချန်းကို ပွေ့ချီလိုက်သည်။

ထို ရုတ်တရက်အဖြစ်များကြောင့် ရှချန်းချန်းသည် အံ့ဩသွားကာ ချက်ချင်းပင် ရှဲ့ကျစ်ရှင်း၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် လှမ်းဖက်လိုက်သည်။

ရှဲ့ကျစ်ရှင်း:“ ဘယ်ဟာက ရှက်စရာကောင်းနေလို့လဲ”

“ကိုယ်က မင်းရဲ့ လောင်ကုန်းပဲလေ၊ ကိုယ် မင်းကို ပွေ့ချီတာက ပုံမှန်ပဲဟာ”

ထိုသို့ပြောပြီးနောက် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား ပထမထပ်တွင်ရှိသော သန့်စင်ခန်းသို့ ပွေ့ချီကာ ခေါ်သွားခဲ့ပြီး ရှချန်းချန်း သန့်စင်ခန်းထဲသို့ဝင်သွားသည်အထိ သေချာကြည့်နေခဲ့သည်။

သူသည် လူကိုယ်တိုင် ရှချန်းချန်းအား စောင့်ကြည့်နေခြင်းဖြစ်ပြီး သန့်စင်ခန်းထဲ၌ ပုံမှန်မြင့်လွန်းသည့် ပြတင်းပေါက်များ မရှိနိုင်ပေ။

သူမသည် ပြေးနိုင်သေးပါသလော။

ထိုအချက်မှာ သူမ တကယ်ပင် လုပ်နိုင်သည်။

သူမသည် သန့်စင်ခန်း သွားချင်သည်ဟု မပြောခင်အချိန်ကပင် ရှချန်းချန်းသည် စနစ်အား နံပါတ် 23 ယွီလန်ယွမ်၏ ပထမအထပ်တွင် လူဖြတ်သွားလို့ရသည့် ပြတင်းပေါက် တစ်ခု ရှိမရှိကို သေသေချာချာ မေးခဲ့သည်။

စနစ်သည် ကောင်းမွန်သည့် အဖြေတစ်ခုအား ပေးခဲ့သည်။

နံပါတ် 23 ယွီလန်ယွမ်၏ သန့်စင်ခန်းထဲတွင် သေးငယ်သည့် skylight တစ်ခုရှိနေသည်။

( T/N skylight ဆိုတာက ကောင်းကင်ကိုလှမ်းမြင်ရတဲ့ မှန်ပြတင်းပေါက်ပါ)

ရှချန်းချန်းသည် သန့်စင်ခန်းသို့ ဝင်ပြီးသည်နှင့် တစ်ပြိုက်နက် သူမသည် အခန်းတံခါးကို လော့ချကာ စတင်၍ အပေါ်သို့တက်ရန် လုပ်တော့သည်။

ဟမ့် သူက ဇာတ်ညွှန်းထဲက ဗီလိန်တစ်ယောက်သာသာပါပဲ ငါ သူ့ကို အဲလောက် ကြောက်ဖို့ လိုလို့လား။

ရှချန်းချန်းဆိုတဲ့ ငါ့ကို ဖမ်းနိုင်တဲ့သူ မွေးတောင် မမွေးသေးဘူး။

ရှချန်းချန်းသည် မြန်မြန်ဆန်ဆန်ပင်လှုပ်ရှားပြီး skylight ပေါ်သို့ အလျင်အမြန် တက်သွားခဲ့သည်။

သူမ၏ သေးသွယ်လှသည့် ခန္ဓာကိုယ်ကြောင့် သိပ်၍ အားထုတ်စရာမလိုဘဲ အပြင်သို့ မြန်မြန်ထွက်နိုင်ခဲ့သည်။

အပြင်မှာရှိတဲ့လေက အရမ်းလတ်ဆတ်ပြီး သာယာလှပနေတာပဲ။

နေရောင်က အဝေးတစ်နေရာကနေ တောက်ပနေတာပဲ ပြီးတော့ နေမင်းကြီးက သူလွတ်မြောက်ပြီးအောင်မြင်လာတာကို လက်ပြပြီး ကြိုဆိုနေသလိုပဲ။

ထို့နောက် ရှချန်းချန်းသည် သူမ၏အရှေ့တွင် မျက်နှာမည်းကြီးနှင့် ရပ်နေသည့် ရှဲ့ကျစ်ရှင်းကို မြင်လိုက်၍ စိုက်ကြည့်မိခဲ့သည်။

ရှချန်းချန်း: "..."

ရှဲ့ကျစ်ရှင်း:: "..."

လေထုကြီးသည် ထပ်၍ ငြိမ်သက်သွားခဲ့ပြန်သည်။

သူမ အကြောက်ဆုံးအရာသည် လေထုကြီး ငြိမ်သက်နေခြင်းပင် ဖြစ်သည်။

ရှဲ့ကျစ်ရှင်း၏ ခန့်ညား၍ ကျက်သရေရှိသည့် မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အရိပ်ယောင်တစ်ခု ပြသနေခဲ့သည်။

“မဒမ် ဒီနေရာကို ဘယ်လိုရောက်လာတာလဲ၊ ခြေကျင်းဝတ်က သက်သာသွားပြီလား”

ရှချန်းချန်း: "..."

ကယ်ကြပါဦး ဒီသေနာကောင်ကြီးက ဘာလို့ အဲလောက်တောင် ဒုက္ခလိုက်ပေးနေရတာလဲ။

နှစ်ဦးလုံးသည် နံပါတ် 23 ယွီလန်ယွမ်၏ ဧည့်ခန်းထဲသို့ ပြန်လာခဲ့ကြသည်။

ရှချန်းချန်း၏ တောက်ပ၍ ဝင့်ကြွားတက်သော မျက်နှာလေးသည် ယနေ့တွင် ပုပ်နေသည့် ခရမ်းသီးတစ်ခုလိုပင် ရှုံ့မဲ့နေပြီး ယခင်လို တောက်ပခြင်းများလည်း မရှိတော့ပေ။

ကျန်းချင်းသည် ဆေးသေတ္တာကိုယူလာခဲ့သည်။ သူမသည် မည်သည့်အရာများ ဖြစ်သွားသည်ကို မသိလိုက်သော်လည်း ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့ကြားတွင် ထူးဆန်းသည့် လေထုတစ်ခုရှိနေသည်ကို ခံစားမိခဲ့သည်။

အိမ်တော်ထိန်းဘွားဘွားသည် ကျန်းချင်းနားသို့ တိုးတိုးလေးကပ်ပြောလာသည်။

“အခုလေးတင် မစ္စရှက တိတ်တိတ်လေး ထွက်ပြေးဖို့လုပ်တာကို မစ္စတာရှဲ့က ဖမ်းမိသွားတာလေ”

ဖမ်းမိသွားတာလား။

ထိုအခါမှ ကျန်းချင်းသည် ကားဂိုထောင်အကြောင်းကို တွေးမိသွားခဲ့သည်။ ရှချန်းချန်းသည် သူမနှင့်အတူတူ ထွက်သွားရန် စိတ်လောနေခဲ့သည်မှာ ရှဲ့ကျစ်ရှင်းထံမှ ရှောင်ချင်နေခဲ့ခြင်း ဖြစ်သလော။

ရှဲ့ကျစ်ရှင်းသည် ကျန်းချင်း၏လက်ထဲမှ ဆေးသေတ္တာကိုစိုက်ကြည့်ပြီးနောက် တောင်းပန်သည့်ပုံစံဖြင့် ပြောလာခဲ့သည်။

“မစ္စကျန်းကို အနှောက်အယှက်ပေးမိပြီ ကျွန်တော် ချန်းချန်းကို အရင်ပြန်ခေါ်သွားလိုက်ပါတော့မယ်၊ ချန်းချန်းရဲ့ ခြေထောက်ဒဏ်ရာအတွက်ကတော့ ကျွန်တော်တို့အိမ်ပြန်ရောက်ရင် ဆေးလိမ်းပေးလိုက်ပါ့မယ်”

ရှချန်းချန်း: "..."

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် ကျန်းချင်းတို့အား စိတ်အားထက်သန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်းချင်းသည် သူမ၏ခြေထောက်နာကျင််မှူမှာ ပြင်းထန်လှသည်ဟု တွေး၍ စိတ်ပူသွားကာ အလျင်အမြန်ပြောလာခဲ့သည်။

“ကျွန်မတို့က တစ်လမ်းထဲ နေတာဆိုပေမယ့်လည်း လမ်းလျှောက်ပြန်ဖို့က ဝေးလွန်းတယ်လေ၊ ကျွန်မ ကားတစ်စီး ငှါးပေးရမလား”

ရှဲ့ကျစ်ရှင်း: “ မလိုတော့ပါဘူး”

“မိနစ်အနည်းငယ်လောက်ပဲ ကြာမှာပါ ကျွန်တော် သူ့ကို ပွေ့ချီသွားလိုက်ပါ့မယ်”

ရှချန်းချန်း: "..."

သူ ငြင်းလို့ရနိုင်မလား။

သူမသည် ရှဲ့ကျစ်ရှင်း၏ အပြုံးများဖြင့်ပြည့်နေသည့် မျက်နှာကို စိုက်ကြည့်လိုက်သည်။

အို သူ မလုပ်နိုင်ဘူး။

ကျန်းချင်းသည် သူတို့နှစ်ယောက်ကြားတွင် တစ်ခုခုမှားယွင်းနေသည်ဟု ပို၍ ခံစားလာရသည်။

အပေါ်ယံတွင် သူတို့သည် အချင်းချင်း ချစ်ခင်ကြင်နာသည့် အတွဲပုံစံ ပေါ်နေသေးသော်လည်း သူတို့ကြားထဲရှိ လေထုသည် အဘယ့်ကြောင့် ထူးဆန်းနေသည်ဟု ခံစားနေရသနည်း။

“မဒမ် စောစောပြန်ကြရအောင်”

ရှဲ့ကျစ်ရှင်းမှ နူးနူးညံ့ညံ့ဖြင့် ပြောလာခဲ့သည်။

“ဒီနေ့က မင်းရဲ့ မွေးနေ့လေ ကိုယ် မင်းအတွက် surprise တွေ ပြင်ပေးထားတယ်”

ရှချန်းချန်း: "..."

ဘယ်လို အံ့ဩစရာကောင်းတဲ့အရာတွေများလဲ။

“ကောင်းပြီ”

ရှချန်းချန်းသည် အလွန်ပင် စိတ်ညစ်သွား၍ စကားနှစ်လုံးသာ ပြန်ပြောလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် ရှေ့သို့တိုးလား၍ ရှချန်းချန်းအား ပွေ့ချီရန် လုပ်မည့်အချိန်၌ ကျန်းချင်းသည် ရုတ်တရက်ပင် ပြောလာခဲ့သည်။

“ဒီနေ့က ချန်းချန်းရဲ့မွေးနေ့ပဲ ကျွန်မ သူ့အတွက် မွေးနေ့လက်ဆောင်တောင် မပြင်ဆင်ရသေးဘူး ဘယ်လိုလုပ်ရပါ့မလဲ”

သူမသည် ရှေ့သို့တိုးလာကာ ပြုံး၍ ရှချန်းချန်း၏ လက်မောင်းကို ကိုင်လိုက်သည်။

“ချန်းချန်းက ချုံဆမ်နဲ့မှ အရမ်းကြည့်ကောင်းနေမှာ ကျွန်မရဲ့ အဝတ်ဗီဒီုထဲမှာ brand နှစ်ခုကထုတ်ထားတဲ့ အကျီအသစ်တွေရှိတယ်၊ အိမ်ပေါ်တက်ပြီး လိုက်ကြည့်ပါ့လား”

ရှဲ့ကျစ်ရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏ ကျက်သရေရှိလှသည့် ရုပ်ရည်အသွင်အပြင်ကို ဆက်လက် ထိန်းထားဆဲ ဖြစ်သည်။

“ချုံဆမ်တွေက ကိုယ်တိုင်းနဲ့ချုပ်ဖို့ လိုတယ်လေ တကယ်လို့ ဝတ်တာကြည့်ကောင်းတယ်ဆိုပေမယ့်လည်း ကိုယ်နဲ့ကွက်တိမကျနိုင်ဘူးလေ”

“အဲဒါက ပြသာနာမရှိပါဘူး၊ ရှောင်ဟွေ့က စက်ချုပ်တဲ့နေရာမှာ အရမ်းတော်တယ်လေ သူက ကျွန်မကို ခဏခဏ အကျီတွေကို ကူပြီး ပြင်ပေးတယ်လေ”

ကျန်းချင်းသည် ဂရုမစိုက်သည့်ပုံစံဖြင့် ရှချန်းချန်းဘက်သို့ လှည့်လာခဲ့သည်။

“ အပေါ်မှာ သွားပြီး စမ်းဝတ်ကြည့်လိုက်ပါ ပြီးရင် ကျွန်မ ရှောင်ဟွေ့ကို ညီမလေးရဲ့ ကိုယ်တိုင်းနဲ့ ပြန်ပြီး ပြင်ခိုင်းလိုက်မယ်၊ မြန်မြန်လုပ်နော် ဒီည အဲဝတ်စုံလေး ဝတ်လို့ရအောင်”

ယခင်က ရှချန်းချန်း၏ မျက်လုံးများသည် မျှော်လင့်ချက်မဲ့ကာ သေလူလိုပင် ဖြစ်နေခဲ့သော်လည်း ယခုတွင် ချက်ချင်းတောက်ပလာကာ အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်မ တစ်ခါမှ ချုံဆမ်ကို မဝတ်ဖူးဘူး”

ထို့နောက် သူမသည် အလိုလိုက်ခံထားရသည့် ကလေးပုံစံဖြင့် ရှဲ့ကျစ်ရှင်းအား ကြည့်လိုက်သည်။

“လောင်ကုန်း ကျွန်မတကယ် ချုံဆမ်ကို ဝတ်ချင်တာပါ၊ ဒီနေ့က ကျွန်မ မွေးနေ့ဆိုတော့ ရှင် ကျွန်မကို မဝတ်ခိုင်းဘဲ တားမှာတော့ မဟုတ်ဘူးမလား”

သူမသည် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ သနားစရာကောင်းသည့် အကြည့်ဖြင့် ရှဲ့ကျစ်ရှင်းအား ကြည့်လိုက်သည်။

ရှဲ့ကျစ်ရှင်းသည် သူမ၏ ဉာဏ်နီဉာဏ်နက်များအား အစောပိုင်းကတည်းမှ သိနေသော်လည်း ကျန်းချင်း၏ အရှေ့တွင် ငြင်းပယ်ရန် ခက်ခဲနေခဲ့သည်။

သူ၏ မျက်နှာမှာ ပြုံးလိုက်ပြီး စိတ်ထဲမှမပါသည့် စကားလုံးများသည် သူ၏ ပါးစပ်ထဲမှ တစ်လုံးခြင်း ထွက်လာခဲ့သည်။

“ဒါပေါ့ ဘယ်လိုလုပ် တားရက်ပါ့မလဲ”

ရှချန်းချန်းသည် စိတ်လှုပ်ရှားသွားခဲ့သည်။

အို ဒါပဲလေ နောက်ဆုံးတော့ ဗီလိန်လက်ထဲကနေ သူ လွတ်မြောက်နိုင်သွားပြီ။

သို့သော် သူမသည် ခြေအဆစ်လွဲနေသည့် ပုံစံအား ဆက် သရုပ်ဆောင်၍ ကျန်ချင်း၏နောက်သ်ို့ ထော့နဲ့ထော့နဲ့ဖြင့် ဒုတိယအထပ်ထိ လိုက်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် အတူတူလိုက်သွားချင်ပါသော်လည်း လှေကားနားသို့ ရောက်သည့်အခါ၌ ကျန်းချင်းမှ တားလိုက်သည်။

ကျန်းချင်း : “မစ္စတာရှဲ့ အင်္ကျီလဲတာက မိနစ်အနည်းငယ်ပဲ ကြာမှာပါ ရှင်ဘာလို့ အဲလောက် လောနေရတာလဲ၊ ချန်းချန်းအင်္ကျီလဲပြီးတဲ့အထိ စောင့်လိုက် ကျွန်မ ရှင့်ကို surprise ဖြစ်အောင် လုပ်ပေးပါ့မယ်”

ရှဲ့ကျစ်ရှင်းသည် လှေကား၏ အလယ်တွင် ရပ်နေသော ရှချန်းချန်းအား အနည်းငယ် မျက်မှောင်ကြုတ်၍ အေးစက်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်များထဲတွင် အနည်းငယ် ခြိမ်းခြောက်မှုများ ပါနေခဲ့သည်။

သူ၏ မျက်လုံးများနှင့် ရှချန်းချန်း၏ မျက်လုံးများမှာ အကြည့်ချင်း ဆုံသွားခဲ့ပြီး ရှဲ့ကျစ်ရှင်းမှ “ ကောင်းပြီ” ဟု မပြောခင်အချိန်ထိ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။

ကျန်းချင်းသည် ရှချန်းချန်းအား ကူ၍ တွဲပေးလိုက်ပြီး နှစ်ယောက်လုံး၏ ပုံရိပ်များမှ လှေကားမှ အလျင်အမြန်ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် ရှဲ့ကျစ်ရှင်းသည် ချက်ချင်းပင် ယွီလန်ယွမ်၏ အိမ်များကိုစံမံသည့် အဖွဲ့ကို ဖုန်းဆက်လိုက်သည်။

“နံပါတ် 23 ယွီလန်ယွမ်ရဲ့ လုံခြုံရေး ဝန်ထမ်းတွေကို ပြောလိုက်ပါ ယင်တစ်ကောင်တောင် အပြင်မထွက်စေနဲ့လို့”

“ကောင်းပါပြီ”

လုံခြုံရေအဖွဲ့သည် နံပါတ် 23 ယွီလန်ယွမ်ပန်းခြံကို အလျင်အမြန်ပင် ဝိုင်းထားကြသည်။

ရှဲ့ကျစ်ရှင်းသည် ဧည့်ခန်းတွင်ရှိသော ဆိုဖာပေါ်တွင် ထိုင်နေခဲ့ပြီး အိမ်တော်ထိန်းဖွားဖွား ချပေးသည့် တာဟုန်ပေါင် လက်ဖက်ရည် အား ကျကျနန သောက်နေခဲ့သည်။

အချိန်မှာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။

ချုံဆမ်အား စမ်းဝတ်ကြည့်ရုံသာဖြစ်သော်လည်း ရှဲ့ကျစ်ရှင်းသည် နာရီဝက်ကျော်ကြာ စောင့်နေရခြင်းကြောင့် အနည်းငယ် စိတ်မရှည်တော့ပေ။

ရှဲ့ကျစ်ရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ရှချန်းချန်းသည် နောက်တစ်ကြိမ် ထပ်၍ ထွက်ပြေးပြန်ပြီလား။

ရုတ်တရက်ပင် လုံခြုံရေးခေါင်းဆောင်သည် ရှဲ့ကျစ်ရှင်းထံသို့ အလောတကြီးရောက်လာခဲ့သည်။

“မစ္စတာရဲ့ မကောင်းတော့ဘူး အခုပဲ ချုံဆမ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဒုတိထပ်မှာရှိတဲ့ဝရံတာကနေ ခုန်ချလာတယ်”

ရှဲ့ကျစ်ရှင်းသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

ရှချန်းချန်းသည် သူ့အား အရူးလုပ်နေခြင်းဖြစ်သလော။ သူသည် ဒုတိယထပ်မှ ဝရံတာမှ အောက်သို့ ခုန်ချသွားခြင်းဖြစ်သည်။ သူမသည် တကယ်သေချင်နေခဲ့ပြီလား။

ရှဲ့ကျစ်ရှင်းသည် ဧည့်ခန်းထဲမှ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

သူသည် အနားတွင်ရှိနေသာ အခြားအရာများအား မမြင်နိုင်တော့သည့်အပြင် မည်သည့်အသံများကိုမှလည်း မကြားနိုင်တော့ပေ။

ဧည့်ခန်းနှင့် ပန်းခြံသည် စက္ကန့်အနည်းငယ်သာ ကြာသော်လည်း ရှဲ့ကျစ်ရှင်း၏ စိတ်ထဲတွင် ရာစုနှစ် တစ်စုလောက် ကြာနေသည်ဟု ခံစားနေခဲ့ရသည်။

သူ ပန်းခြံထဲသို့ ရောက်သည့်အခါ၌ ရေကူးကန်တစ်ခုကို မြင်လိုက်ရသည်။ ရေကူးကန်ထဲရှိ ရေများအားလုံးသည် နီရဲနေသောကြောင့် အံ့ဩသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းမှာ မှင်သက်သွားခဲ့သည်။

လုံခြုံရေးဝန်ထမ်းအများအပြားသည် ဒုတိယထပ်မှ ပြုတ်ကျလာသည့် အမျိုးသမီးကို ကယ်ဆယ်နေခဲ့ကြသည်။

သူမ၏ ဆံပင်များသည် ရှုပ်ပွနေခဲ့ပြီး သူမ၏မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမသည် အလွန်ပင် အားနည်းနေ၍ သေလုမြောပါးပင် ဖြစ်နေခဲ့သည်။

ထိုအချိန်၌ ရှဲ့ကျစ်ရှင်း၏ နှလုံးသားမှာ မွန်းကြပ်လာခဲ့သည်။ သူ၏ နှလုံးသားအား တစ်စုံတစ်ယောက်မှ ညှစ်ထား၍ ကိုက်ထားသည်သလိုပင် ဖြစ်နေခဲ့သည်။

သူသည် မည်သည့်အရာကိုမျှ မစဉ်းစားတော့ဘဲ ထိုသေလုမြောပါးဖြစ်နေသည့်မိန်းကလေးကို ဖက်လိုက်၏။

“ရှချန်းချန်း မင်းတကယ် ရူးနေပြီပဲ”

သူသည် အသံကိုနိမ့်၍ ဆူလိုက်သည်။

ထိုအရာသည် အပြစ်တင်ဆူဟောက်နေခြင်း ဖြစ်သော်လည်း သူ၏အသံတွင် အပြစ်တင်ချင်သည့် ပုံစံမရှိပေ။

သူ၏လက်ချောင်းများသည် အနည်းငယ် တုန်ရီနေခဲ့ပြီး ထိုမိန်းကလေး၏ ဆံပင်များကို ညင်ညင်သာသာဖြင့် ဖယ်ပေးလိုက်သည်။ သူ၏ရင်ခွင်ထဲတွင်ရှိသော ထိုမိန်းကလေး၏မျက်နှာမှာ ပေါ်လာခဲ့သည်။

ထိုမျက်နှာသည် သူလုံးဝ မရင်းနှီးသော မျက်နှာဖြစ်သည်။ ထိုမိန်းကလေးသည် ကျန်းမိသားစု၏ အိမ်အကူဖြစ်သည့် ရှောင်ဟွေ့ပင် ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် မှင်သက်သွားခဲ့ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ရှောင်ဟွေ့အား တွန်းထုတ်လိုက်သည်။

သူ၏လက်တွင်ပေနေသော အနီရောင်များကို ကြည့်လိုက်သည့်အခါ၌ သံချေးနံ့မရှိသည့်အပြင် ထိုအရာသည် အနီရောင် ဆေးများဖြစ်သည်။

“ဒါက ဘယ်လိုဖြစ်တာလဲ”

ရှဲ့ကျစ်ရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

လုံခြုံရေးဝန်ထမ်းများသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခဲ့ကြသည်။

ထိုအချိန်၌ ကျန်းချင်း၏ အသံသည် ဒုတိယထပ် ဝရံတာမှ ထွက်ပေါ်လာခဲ့သည်။

“အို အခုလေးတင် ကျွန်မရဲ့ အိမ်အကူတွေထဲမှာ သူခိုးတစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရတာ၊ ကျွန်မ သူ့ကို ဖမ်းမလို့ပါပဲ ဒါပေမဲ့ မထင်မှတ်ဘဲ မစ္စတာရှဲ့က ဖမ်းမိသွားတာပဲ”

ကျန်းချင်းသည် အားနာသည့်မျက်နှာအနေအထားဖြင့် ဒုတိယအထပ် ဝရံတာတွင် ရပ်နေခဲ့သည်။

“မစ္စတာရှဲ့ကို အလုပ်ရှုပ်စေမိပြီ ပြီးတော့ ကျွန်မလည်း ကိုယ့်ကိုကိုယ် အရှက်ရမိပါတယ်”

“သူခိုးလား”

မြေကြီးပေါ်တွင် ဒူးထောက်နေ၍ တစ်ကိုယ်လုံး အနီရောင် ဆေးအရောင်များနှင့်ပြည့်နေသည့် ကောင်မလေးကို ရှဲ့ကျစ်ရှင်းမှ စိုက်ကြည့်လိုက်သည်။

နံပါတ် 23 ယွီလန်ယွမ်၏ အဆောက်အဦးပုံစံသည် ဒုတိယထပ်တွင်ရှိသော ဝရံတာ၏ အောက်တွင် ရေကူးကန်ဆောက်ထားခြင်း ဖြစ်သည်။

ရေသည် အရမ်းမနက်ပေ။ ရေကူးတက်သည့်သူများသည် ရေကူးကန်ထဲသို့ ခုန်ချ၍ ရေကူးမည်ဆိုပါက မည်သည့်အခက်အခဲမှ ရှိမည်မဟုတ်ပေ။ ထိုနည်းလမ်းသည် သူခိုးများ ထွက်ပြေးရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ဒါပေမဲ့ သူခိုးတစ်ယောက် ထွက်ပြေးတာဆိုရင် ဒီအနီရောင် ဆေးတွေက ဘာအတွက်လဲ။

ရှဲ့ကျစ်ရှင်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ရုတ်တရက်ပင် တစ်ခုခုကို နားလည်သွားခဲ့သည်။

အနီးအနားတွင် ရှိသော ကားဂိုထောင်ထဲမှ မော်တော်ကားတစ်စီး၏ အသံတစ်ခုမြည်လာခဲ့ပြီး နံပါတ် 23 ယွီလန်ယွမ်တစ်ခုလုံး ဆူညံ့သွားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ခြံအရှေ့သို့ အမြန်ပြေးသွားပြီးနောက် အမိုးဖွင့်လို့ရသည့် အနက်ရောင် Maybachကားတစ်စီးကို မြင်လိုက်ရသည်။

Maybach ကားရဲ့ ကားမောင်းတဲ့ထိုင်ခုံမှာ ထိုင်နေတဲ့သူက သူရဲ့ ပါပါရာဇီ ဇနီး ရှချန်းချန်းပဲ။

ရှချန်းချန်းသည် ကားမောင်းသည့် ထိုင်ခုံနေရာမှ မတ်တပ်ရပ်လိုက်ပြီး သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်သည် ချုံဆမ်ဝတ်စုံနှင့် အချိုးကျကျပေါင်းစပ်ထားကာ ပို၍ပင် လှပနေခဲ့သည်။

သူမသည် ပျော်ရွှင်စွာဖြင့် လက်ပြနေလေသည်။

“လောင်ကုန်းရေ ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ”

ယခုမျက်နှာအနေအထားသည် ယခင်က ပါပါရာဇီပုံစံနှင့် ကွဲပြားနေပြီး ပြုံးရွှင်ကာ တောက်ပနေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား မြင်လိုက်သည့်အချိန်၌ သူ၏ မျက်လုံးများမှာ နီရဲလာခဲ့ပြီး အရှေ့တွင် မြူခိုးငွေ့များနှင့်ပြည့်နေသည့် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသလိုပင်ဖြစ်ကာ မှုန်ဝါးသွားခဲ့သည်။

ယခင်က ရှချန်းချန်းသည် သူ့အား ထပ်၍ လှည့်စားခဲ့သည်ဟု ထင်ခဲ့သည်။ သူမသည် ရှဲ့ကျစ်ရှင်းအား အကြိမ်များစွာ လှည့်စားနေခဲ့ခြင်းကြောင့် သူသည် အလွန်ပင် စိတ်ဆိုးသင့်သည်။

သို့သော် ရှဲ့ကျစ်ရှင်းသည် သူမ ခုန်ချ၍ သတ်သေရန်ကြိုးစားသည့်အခါ၌ မအောင်မြင်ခဲ့သည်အချိန်တွင် အလွန်ပင် ပျော်ရွှင်သွားသည်ဟု ခံစားခဲ့ရသည်။

ကံကောင်းစွာဖြင့်ပင် သူ အဆင်ပြေနေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် တမင်တကာပင် သူ၏ မျက်နှာအား အေးတိအေးစက်ပုံစံပြုလုပ်ထားခဲ့ပြီး သူ၏အသံမှာ နှစ်ပိုင်းကွဲနေကာ တစ်ပိုင်းသည်လျစ်လျူရှုသည့်အသံဖြစ်ပြီး ကျန်တစ်ပိုင်းမှာ စနောက်သည့်ပုံစံပင်ဖြစ်သည်။

“ရှချန်းချန်း မင်းကိုယ့်ကို ထပ်ပြီး လှည့်စားပြန်ပြီနော်”

ထိုသို့လှည့်စားခြင်းမှာ အကြိမ်မည်မျှရှိမည်ကိုပင် မပြောနိုင်တော့ပေ။

“အို”

ရှချန်းချန်းသည် သူမ၏မျက်နှာအား မျက်နှာချိုသွေးကာ ပြောလာသည်။

“ကျွန်မတို့ လင်မယားကြားမှာ ပြသာနာတွေကို အဲလောက်ကြီး ရှင်းလင်းနေဖို့ မလိုဘူးလေ”

“ဆင်းလာခဲ့”

ရှဲ့ကျစ်ရှင်းမှ အေးအေးဆေးဆေးဖြင့် ပြောလာခဲ့သည်။

“ဆင်းလာခဲ့လို့ ကိုယ် အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေကို ဗွေမယူဘူး”

ဒါက လာနောက်နေတာပဲ

ရှချန်းချန်းက အဲဒါကို ယုံမှာမဟုတ်ဘူး။

သူ့ထံသို့ ပြန်လာရန် မဖြစ်နိုင်ပေ။ ကျန်းချင်းသည် သူမအတွက် အခွင့်အရေးများကို ဖန်တီးပေးထားခြင်း ဖြစ်သည်။

ထွက်ပြေးဖို့က ပိုအရေးကြီးတယ်။

ရှချန်းချန်းသည် သူမ၍လက်အား ထပ်၍ ယမ်းပြလိုက်သည်။

“လောင်ကုန်းရေ ဒီအနုပညာလောကက ကျဉ်းကျဉ်းလေးပါ ကျွန်မတို့တွေ ရှိုးတစ်ခုခုမှာ ပြန်ဆုံနိုင်ပါသေးတယ်၊ ကျွန်မ အခု ဝေးရာကို ထွက်ပြေးတော့မယ်နော် ရှင့်မှာ သတ္တိရှိရင် ကျွန်မကို လာဖမ်းလိုက်”

ရှဲ့ကျစ်ရှင်း အဖြေကို မစောင့်တော့ဘဲ ရှချန်းချန်းက မောင်းနှင်သည့်ထိုင်ခုံနေရာမှာ ထိုင်လိုက်ပြီး Maybach ကား၏ လီဗာကို နင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကားက ရှဲ့ကျစ်ရှင်း ရှေ့သို့ ချက်ချင်းရောက်သွားသည်။

ရှဲ့ကျစ်ရှင်းသည် ထိုခြံထဲတွင် ငြိမ်သက်စွာရပ်နေခဲ့ပြီး ရှောင်တိမ်းလိုက်ခြင်းမရှိပေ။

Maybach ကားဖြင့် ရှဲ့ကျစ်ရှင်းအား တိုက်မိမလိုပင် ဖြစ်သည်ကို မြင်လိုက်သည့်အခါ၌ ရှချန်းချန်းသည် အလျင်အမြန်ပင် စီယာတိုင်ကို လှည့်ကာ ရှဲ့ကျစ်ရှင်း၏ ဘေးမှ တစ်ပေခွဲအကွာလောက်သာခွာ၍ ကပ်မောင်းသွားခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ နှာခေါင်းနားတွင် ရှချန်းချန်း၏ ဆံပင်မှ သာယာမွေးပျံ့သောအနံ့များသည် နွေရာသီတွင် တောင်တန်းများမှ ကျလာသည့်ရေများကဲ့သို့ပင် အေးချမ်းလှသည်။

Maybach ကားသည် အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားကာ ချက်ချင်းပင် ပေ ၁၀၀လောက်ရောက်ရှိသွားခဲ့ပြီးနောက် ရှဲ့ကျစ်ရှင်း၏ အရှေ့တွင် ဖုန်မှုန့်များသာ ကျန်နေခဲ့သည်။

နောက်ဆုံးတွင် ထိုအရာသည် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းထွက်သွားသည် လမ်းဘက်ကို ကြည့်နေခဲ့သည်၊၊ သူသည် ပျော်ရွှင်နေခြင်းလည်းမဟုတ်သလို စိတ်အနှောက်အယှက်ဖြစ်နေခြင်းလည်း မဟုတ်ပေ။

သို့သော် သူ၏ အကြည့်များမှာ နက်ရှိုင်းနေခဲ့ပြီး နှုတ်ခမ်းထောင့်အားကွေးလိုက်သည့်အခါ၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ရှချန်းချန်း မင်း ဝေးဝေး မပြေးနိုင်ပါဘူး”

အင်ပါယာ သစ်တောဥယျာဉ်တွင်လည်း ဖရိုဖရဲအခြေအနေဖြစ်နေ၏ ရှယုံဒယ်သည်လည်း ခံစားချက် သိပ်မကောင်းနေပေ။

၂နာရီအကြာ စစ်ဆေးပြုလုပ်ပြီးနောက် DNAစစ်ဆေးမှု အဖြေမှာ အလျင်အမြန်ပင် ထွက်လာခဲ့သည်။

ထိုအဖြေများကို မြင်လိုက်ရသည့်အခါ၌ ယဲ့ရှီဝမ်နှင့် ရဲ့လျူဖန်း၏ မျက်နှာများမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားတော့သည်။

ယဲ့ရှီဝမ်၏ မျက်လုံးများမှာ ပြာသွားခဲ့ပြီး မတ်တပ်တောင် မရပ်နိုင်တော့ပေ။ ရဲ့လျူဖန်းသည် သူမအား ကူတွဲပေးလိုက်သည်။

သူက မဟုတ်ဘူး။ သူက ရှယုံဒယ်ရဲ့ သမီးအရင်းမဟုတ်ဘူး။

ရှယုံဒယ်သည် ရဲ့လျူဖန်းအား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။

“ရဲ့လျူဖန်း မင်း ငါ့ကို သစ္စာဖောက်တယ် မင်း ငါ့အပေါ်ကို သစ္စာဖောက်ရဲတယ်”

သူ အရမ်းဒေါသထွက်ပြီး ရဲ့လျူဖန်း၏ လည်ပင်းကို ညှစ်လိုက်သည်။

ယဲ့ရှီဝမ်သည် ကြောက်လန့်တကြားဖြင့် အလျင်အမြန် ရဲ့လျူဖန်းအား ကူညီရန် အရှေ့သို့ တိုးလာသော်လည်း သူမသည် အလွန် အားနည်းသောကြောင့် ရှယုံဒယ် တစ်ချက်ရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အောက်သို့ လဲကျသွားခဲ့သည်။

ရဲ့လျူဖန်း၏ အသက်ရှူနှုန်းများမှာ အေးစက်နေခဲ့ပြီး သူမ၏မျက်နှာမှာ ခရမ်းရောင် ပြောင်းသွားတော့သည်။

“ဘာလို့ ကျွန်မကို ဒီလိုမျိုး အပြစ်တင်နေရတာလဲ အဲဒါက ရှင့်ကြောင့်ပဲလေ၊ ရှင်မှ ကိုယ်တိုင် မစွမ်းဆောင်နိုင်တာ”

“ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ၊ ဒါတွေအကုန် မင်းအမှားတွေပဲ ခွေးမရဲ့၊ မင်း ငါ့ကို သစ္စာဖောက်တာလေ ဒါတွေအကုန် မင်းအပြစ်တွေပဲ”

ရှယုံဒယ်၏ မျက်လုံးများထဲတွင် သွေးကြောများနီရဲနေခဲ့ပြီး သူ၏မျက်လုံးထဲမှ မြင်သမျှအရာအားလုံးမှာ စိတ်တိုစရာဖြစ်နေခဲ့သည်။

ရုတ်တရက်ပင် ပြင်းထန်လှသည့် လက်သီးတစ်ချက်သည် ရှယုံဒယ်၏ မျက်နှာပေါ်သို့ ကျလာခဲ့သည်။

ရှယုံဒယ်၏ အမြင်များမှာ ဝေဝါးသွားခဲ့ပြီး နောက်သို့ နှစ်လှမ်းဆုတ်သွားခဲ့သည်။

သူသည် သွေးများဖြင့်ပြည့်နေသော သူ၏နှာခေါင်းကို သုတ်လိုက်သည်။

ဟန်ကျားလင်းသည် အလွန်ပင် စိုးရိမ်သွားခဲ့ပြီး ရဲ့လျူဖန်းကို ကူတွဲပေးလိုက်သည်။

“ အန်တီ ရဲ့ နဲ့ ဝမ်ဝမ် အဆင်ပြေကြရဲ့လား”

သူသည် ရှယုံဒယ် ဘက်သို့ ထပ်၍ လှည့်လာခဲ့သည်။

“ဥက္ကဌ ရှ ခင်ဗျားရူးနေတာလား သူတို့က ခင်ဗျားရဲ့ မိန်းမနဲ့ သမီးလေ”

ရှယုံဒယ်သည် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး လှောင်ပြောင်သည့်ပုံစံဖြင့် ပြောလာသည်။

“သူတို့က မဟုတ်ဘူး သူတို့က ငါနဲ့ဘာမှမပတ်သတ်ဘူး”

သူသည် သူ၍လက်ထဲမှ DNA စစ်ဆေးချက်ရလဒ်များကို ပစ်လိုက်သည့်အခါ၌ စာရွက်များသည် အောက်သို့ ပြန့်ကျဲ၍ ကျသွားခဲ့သည်။

ဟန်ကျားလင်းသည် စာရွက်များကို ကောက်ယူ၍ အဖြေရလဒ်များကို မြင်သွားခဲ့သည်။ သူသည် ပြောစကားပင် ပျောက်သွားခဲ့သည်။

“ဝမ်ဝမ် ဒါက…”

ယဲ့ရှီဝမ်သည် ဟန်ကျားလင်း၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

“ကျားလင်း မားမားက သစ္စာမဖောက်ခဲ့ပါဘူး လိမ်ညာသူကို ဖော်ထုတ်တဲ့သူက ကျွန်မတို့ကို အသေရေဖျက်နေကြတာပါ၊ အခုဆို တစ်ကမ္ဘာလုံးက လူတွေက ကျွန်မကို မယုံကြည်ကြတော့ဘူး ရှင်ပါ ကျွန်မကို မယုံတော့ဘူးလား”

“တောင်းပန်ပါတယ်”

ဟန်ကျားလင်းသည် အလွန်ပင် ကြေကွဲခံစားနေခဲ့ပြီး သူ၏နှလုံးသားထဲမှ အယူအဆကွဲလွဲမှုများသည် သူ့အားပြန်၍ဆွဲခေါ်နေခဲ့သည်။

သူသည် ယဲ့ရှီဝမ်အား မေးခွန်းများ မေးချင်ခဲ့သော်လည်း သူ မလုပ်နိုင်ခဲ့ပေ။

“ကျားလင်း ကျွန်မ နားလည်ပါတယ်၊ ကျွန်မ ရှင့်ရဲ့ အခက်အခဲတွေကို နားလည်ပါတယ်”

ယဲ့ရှီဝမ်သည် ဟန်ကျားလင်းမှ စိတ်နူးညံ့သွားသည်ကို သတိထားမိ၍ သူမ၏ ပုံမှန်နည်းလမ်းအတိုင်း လှည့်ကွက်တွေကို ထုတ်သုံး၍ သူမ၏သနားစရာမျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်သည်။

“ကျားလင်း ကျွန်မက ရှင်နဲ့ပဲ အတူတူနေချင်တဲ့ဆန္ဒပဲရှိတာ၊ ရှင့်ဆီက အကျိုးအမြတ်တွေ ယူဖို့မဟုတ်ဘူး အဲဒါကြောင့် ရှင်တို့ ဟန်မိသားစုက ကျွန်မကို လက်မခံချင်ဘူးဆိုရင် ကျွန်မ ထွက်သွားပေးမှာပါ”

“ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်မကလေးကို ကျွန်မဆီ ပြန်ပေးလို့ရမလား၊ ကျွန်မ အငှါးကိုယ်ဝန်ဆောင်ခိုင်းဖို့ ရွေးချယ်ခဲ့တဲ့ဆိုပေမဲ့ ကျွန်မလည်း မိခင်တစ်ယောက်ပါ၊ ကျွန်မကလေးကို ကျွန်မချစ်တယ် ရှင့်ရဲ့မိသားစုက ကျွန်မနဲ့ကလေးကို မခွဲပါနဲ့”

“ကျွန်မမှာ အခု ဘာမှမရှိတော့ဘူး ကလေးတစ်ယောက်ပဲရှိတာပါ၊ ကျားလင်း ကျေးဇူးပြုပြီး ကျွန်မ ကလေးကို ပြန်ပေးပါ”

ယဲ့ရှီဝမ်၏ အလေးအနက်ထားသည့် အမူအရာများသည် ဟန်ကျားလင်းအား ပို၍ ကြေကွဲခံစားသွားစေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် မုန့်ရှင်းရဲ့ ဗိုက်ထဲမှာ ရှိတဲ့ ကလေးက သူနဲ့ ယဲ့ရှီဝမ်တို့ရဲ့ သွေးသားအရင်းပဲလေ။

“ဝမ်ဝမ် မင်းမှာ ကိုယ်တစ်ယောက်လုံး ရှိပါသေးတယ်၊ ဘယ်လိုလုပ် ကိုယ်မင်းကို ပစ်ထားရက်မှာလဲ”

ဟန်ကျားလင်းသည် ယဲ့ရှီဝမ်အား တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။

“ပြီးတော့ မင်းက ကိုယ့်ကို အဆိုးဆုံးအခြေအနေတွေထဲကနေ ဆွဲတင်ပေးခဲ့တာလေ၊ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိုယ်မင်းနဲ့အတူ ရှိသွားပေးမယ်”

“ကျားလင်း”

ယဲ့ရှီဝမ်သည် စိတ်ထဲခံစားသွားရသည့် ပုံစံဖြင့် ဟန်ကျားလင်းအား ကြင်ကြင်နာနာဖြင့် ဖက်ထားလိုက်သည်။

“ရှင် ကျွန်မကို ချစ်နေသေးတယ်ဆိုတာ သိပါတယ်”

“ဒါပေါ့ ကိုယ် မင်းကို အမြဲချစ်နေမှာ”

သနားစရာကောင်းသည့် ချစ်သူရည်းစား နှစ်ယောက်လုံးသည် အချင်းချင်း ချစ်ကြည်နူးစွာဖြင့် တင်းကြပ်စွာ ဖက်ထားနေကြသည်။

သို့သော်လည်း ဟန်ကျားလင်း၏ ရင်ခွင်ထဲ၌ ရှိနေသော သူမ၏ မျက်နှာပေါ်တွင် အောင်မြင်မှု ရရှိ၍ ကျေနပ်ကာ အပြုံးတစ်ပွင့်ပေါ်လာသည်ကို မည်သူမျှ မမြင်ခဲ့ပေ။

ရှဲ့မိသားစုသို့ ပြန်ရောက်သည့်အခါ၌ ရှယုံဒယ်သည် ရှစီးပွားရေးအဖွဲ့၏ ဥပဒေဆိုင်ရာအကြံပေးအား ချက်ချင်းပင် ခေါ်လိုက်သည်။

“ငါ လိမ်ညာသူတွေကို ဖော်ထုတ်တဲ့သူကို တရားစွဲချင်တယ်”

ရှယုံဒယ်၏ မျက်နှာမှာ မဲမှောင်နေလေသည်။

“ယဲ့ရှီဝမ်နဲ့ ငါနဲ့က ဘာမှသွေးသားတော်စပ်မှု မရှိဘူး ဒါပေမဲ့ သူက ငါနဲ့ သူ့ကို သားအဖလို့ စွပ်စွဲခဲ့တယ်”

အကယ်လို့ လိမ်ညာသူများကို ဖော်ထုတ်တဲ့သူ မရှိရင် သူက ရှချန်းချန်းရဲ့ ရှယ်ယာ 30% ကို ဆုံးရှုံရမှာမဟုတ်သလို ရှဲ့စီးပွားရေအဖွဲ့ရဲ့ ဥက္ကဌနေရာကိုလည်း ဆုံးရှူံးရမှာ မဟုတ်ဘူး။

ဥပဒေဆိုင်းရာအကြံပေးသည့် သူမှာ အချိန်ခဏတာ ငြိမ်သက်နေခဲ့သည်။

“ဒါကတော့ ခက်ခဲတယ်”

ရှယုံဒယ်က မှင်သက်သွားခဲ့သည်။

“ဘာကိုဆိုလိုတာလဲ”

ဥပေဒေဆိုင်ရာအကြံပေးသူ : “လိမ်ညာသူတွေကို ဖော်ထုတ်တဲ့သူက အင်တာနက်သုံးစွဲတဲ့သူတွေကို တမင်တကာ အထင်မှားအောင် post ရေးတင်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အားလုံးသိပါတယ်၊ ဒါပေမဲ့ သူက ‘ ရှယုံဒယ်နဲ့ ယဲ့ရှီဝမ်က သားအဖေတွေပါ’ လို့ မပြောထားသလို ‘ သူတို့ သားအဖက သံသယဖြစ်စရာကောင်းတယ်’ လို့လည်း မပြောထားပါဘူး၊ ပြီးတော့ သူက ခင်ဗျားနဲ့ ရဲ့လျူဖန်တို့ရဲ့ ဆက်ဆံရေးကိုလည်း ဘာမှမမေးထားပါဘူး”

“သူက ခင်ဗျား ခွဲစိတ်ကြောင်း အတည်ပြုထားတဲ့စာချုပ်မှာလက်မှတ်ထိုးနေတဲ့ ပုံတစ်ပုံတည်းသာ တင်ထားတာပါ၊ ကျန်တာကတော့ ဘာတွေတွေးကြမလဲ ဘယ်လိုတွေဖြစ်ကြမလဲဆိုတာက အင်တာနက်သုံးစွဲသူတွေရဲ့ ကိစ္စဖြစ်သွားပါပြီ”

“လိမ်ညာသူတွေကို ဖော်ထုတ်သူရဲ့ Weibo postအောက်မှာ like အများဆုံးရထားတဲ့မှတ်ချက်ပိုင်ရှင်တွေဖြစ်တဲ့ အင်တာနက်သုံးစွဲသူတွေက လူတွေအမြင်ကို ပြောင်းလဲစေတာဖြစ်တာမလို့ သူတို့ကိုတော့ တရားစွဲလို့ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ လိမ်ညာသူများ ဖော်ထုတ်သူကိုတော့ တရားစွဲလို့မရပါဘူး၊ ဘာကြောင့်မို့လဲဆိုတော့ သူက အချက်အလက်တိတိကျကျတင်ထားလို့ပါ”

ရှယုံဒယ်သည် သူ၏လက်ဖြင့် DNA စစ်ဆေးချက်ရလဒ်အား ဆုပ်ကိုင်ထားခဲ့ပြီး သူ၏လက်မှ သွေးကြောများမှာ ထောင်နေခဲ့သည်။

ဥပဒေဆိုင်ရာ အကြံပေးသူ၏ ရှင်းပြမှုများကြောင့် သူသည် အနည်းငယ် တည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့သည်။

ထိုခွဲစိတ်မှုအား အတည်ပြုနေသည့်ပုံသည် သူနှင့် ယဲ့ရှီဝမ်တို့၏ သားအဖဆက်ဆံရေးအား နားလည်မှုလွဲသွားစေခဲ့သည်။ ထို့အပြင် အင်တာနက်သုံးစွဲသူများသည် သူနှင့် ရဲ့လျူဖန်းတို့၏ အချိန်အတော်ကြာရှိနေသည့် အချစ်ဇာတ်လမ်းများကိုလည်း သိသွားခဲ့ကြသည်။

အကယ်၍ သူသည် လိမ်ညာသူများကို ဖော်ထုတ်သူအား တရားစွဲမည့်အပြင် ယဲ့ရှီဝမ်နှင့် သွေးသားမတော်စပ်ကြောင်း ကို ရှင်းပြလိုက်ပါက သူ၏ မကောင်းသည့်အရာများကို သွယ်ဝိုက်၍ သက်သေပြလိုက်သလိုပင် ဖြစ်သွားမည်ပင်။

ဥပေဒေဆိုင်ရာ အကြံပေးသူသည် ရှယုံဒယ်၏ မျက်နှာ အမူအရာကို ကြည့်၍ သူ၏ စိတ်ထဲက အတွေးများကို ခန့်မှန်းမိကာ ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ပြောလာခဲ့သည်။

“မစ္စတာရှ လိမ်ညာသူများကိုဖော်ထုတ်သူကို တရားစွဲဦးမှာလား”

ရှယုံဒယ်သည် အံကြိတ်၍ ပြောလာခဲ့သည်။

“မဆွဲတော့ဘူး ထွက်သွားလိုက်တော့”

ထိုအချိန်မှာပင် ဟန်ကျားလင်း၏ မြို့ပြင်တွင်ရှိသော သီးသန့် အိမ်တစ်လုံး၌ လိမ်ညာသူများကို ဖော်ထုတ်သူအား တရားစွဲချင်နေသည့် ယဲ့ရှီဝမ်အား ဟန်ကျားလင်းမှ ဖျောင်းဖျပေးနေခဲ့သည်။

ဟန်ကျားလင်း၏ မျက်နှာမှာ အနည်းငယ် မဲမှောင်နေလေသည်

“ဝမ်ဝမ် မင်းနဲ့ အန်ကယ်ရှက သားအဖမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ပေမဲ့ အန်ကယ်ရှနဲ့ အန်တီရဲ့တို့က ဘာဆက်ဆံရေးမှမရှိဘူးဆိုတာကတော့ သက်သေမပြနိုင်ဘူးလေ”

ယဲ့ရှီဝမ်သည် ချက်ချင်းပင် မှင်သက်သွားခဲ့ပြီး သူမ၏ ပုခုံးများမှာ တုန်ရီနေခဲ့သည်။

ဟုတ်ပါတယ် သူက ရှယုံဒယ်ရဲ့ သမီးမဟုတ်ကြောင်း ရှင်းလင်းလိုက်ရင်တောင် သူမအတွက် ဘာအသုံးဝင်မလဲ။

သူ့ဘဝမှာ အကြီးမားဆုံး အစွန်းအထင်းက ရှယုံဒယ်ရဲ့ သမီးအရင်းမဟုတ်ရုံသာမက သူမရဲ့မားမားကလည်း မယားငယ် တစ်​ယောက်ဖြစ်နေတာပဲ။

ထို့အပြင် ယခင်က အင်တာနက်သုံးစွဲသူများသည် သူမအား မယားငယ်၏သမီးဟု သိကြသော်လည်း အနည်းဆုံးမှာ သူမ၏ မားမားသည် ရှယုံဒယ်အား သစ္စာရှိကြောင်း ပြောပြနိုင်ခဲ့သေးသည်။

ဒါပေမဲ့ ယဲ့ရှီဝမ်က ရှယုံဒယ်နဲ့ သွေးသားမတော်စပ်ကြောင်း ဖော်ပြလိုက်ရင် သူ့ရဲ့နာမည်က ရှင်းလင်းသွားမှာဖြစ်ပေမဲ့လည်း ရဲ့လျူဖန်းက ဖောက်ပြန်တက်တဲ့ မယားငယ်တစ်ယောက်ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သွားမှာပဲ။

သူက ရှပိုင်လုကိုသာ မက ရှယုံဒယ်ကိုလည်း သစ္စာဖောက်ခဲ့တာပဲ။

ယဲ့ရှီဝမ်သည် ဤကဲ့သို့လူမျိူး၏ သမီးဖြစ်နေခြင်းကြောင့် သူသည် အမည်ကို မည်သို့ ရှင်းနိုင်တော့မည်နည်း။

ယဲ့ရှီဝမ်က ထိုအကြောင်းများကို ပိုတွေးမိလေလေ ပို၍ စိတ်ပျက်အားငယ်လာခဲ့သည်။

သူမသည် ဟန်ကျားလင်း၏လက်အား သနားစရာကောင်းသည့် ပုံစံဖြင့် ကိုင်ထားခဲ့သည်။

ယခုတွင် သူမသည် အရာအားလုံးအား ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ အရင်အချိန်များမှ စွဲမက်စရာကောင်းလှသည့် အမည်များဖြစ်သော အနုပညာလောက၏ အကျော်ကြားဆုံး အမျိုးသမီးအနုပညာရှင် ၊ ရှဲ့မိသားစု၏ သမီးပျိုလေး နှင့် ချမ်းသာကြွယ်ဝသောဟန်မိသားစု၏ သခင်မလေးပင် ဖြစ်သည်။

ယခုတွင် ထိုအရာများအား သူမ မပိုင်ဆိုင်တော့ပေ။

သူသည် ဟန်ကျားလင်း တစ်ယောက်တည်းကိုသာ ပိုင်ဆိုင်တော့လေသည်။

သို့သော် ဟန်ကျားလင်းသည် ပြသာနာအားလုံးကိုနားလည်သွားပြီးနောက် ယဲ့ရှီဝမ်အား ကြည့်သည့် အကြည့်များသည် အနည်းငယ် အကြည့်လွဲရန် ကြိုးစားနေခဲ့ပြီး ထူးဆန်းနေခဲ့သည်။ တစ်ချက်တစ်ချက်တွင် သူ၏ မျက်လုံးထဲ၌ ရွံရှာသည့် ခံစားချက်များ ပေါ်လာခဲ့သည်။

ထိုပုံစံအရ သူသည် သူမအား ယခင်လောက်ပင် မချစ်မနှစ်သက်တော့သည့်ပုံပေါ်နေခဲ့သည်။

ဟန်ကျားလင်းသည် သူ၏လက်အား ယဲ့ရှီဝမ်၏ လက်ထဲမှ အေးအေးဆေးဆေးဆွဲထုတ်လိုက်သည်။

“ဝမ်ဝမ် မင်း ဒီမှာ နေခဲ့ဦးနော်၊ ကိုယ် ဟိန်းတျန့်ကို သွားဖို့လိုအပ်နေလို့ပါ ကိုယ်အားတဲ့အချိန်တိုင်း မင်းကို ပြန်လာကြည့်ပါ့မယ်”

သူအားရင် ပြန်လာကြည့်မယ်လို့ပြောတာဆိုရင် သူမအားခဲ့ရင်ရော။

အရင်တုန်းက ဟန်ကျားလင်းမှာ ဘယ်လောက် အလုပ်တွေများများ အချိန်ကို ရှာကျန်ပြီး သူ့အတွက် အမြဲထားပေးထားတာ။

ယဲ့ရှီဝမ်သည် အလွန်ပင် အံ့ဩမှင်သက်သွားခဲ့ပြီး သူ၏လက်အား အဝေးသို့ တွန်းထုတ်ခံရခြင်းကြောင့် စိတ်မသက်မသာဖြစ်ကာ လက်ကို ဘယ်နားထားရမည်တောင် မသိတော့ပေ။

သို့သော် သူမသည် အပြုံးချိုချိုလေးဖြင့် ဆက်လက်ထိန်းထားခဲ့သည်။

“ကျားလင်း ရှင် ဘာမှစိတ်မပူဘဲ အလုပ်ကိုသာ သေချာဂရုစိုက်ပြီးသွားပါ၊ ကျွန်မ စောင့်နေပါ့မယ်”

ယခုတွင် သူမတွင် မည်သည့်အရာမှမရှိတော့ပေ။ ဟန်ကျားလင်းနှင့် မုန့်ရှင်း၏ဗိုက်ထဲတွင်ရှိသော ရင်သွေးလေးသာ ရှိတော့သည်။

သူ သဘောထားကြီးတဲ့ပုံစံဟန်ဆောင်ပြီး ဟန်ကျားလင်းရဲ့နှလုံးသားကို ပြန်ပြီး အရယူရမယ်။

သူ ဟန်ကျားလင်းနဲ့ ဟန်မိသားစုကို ခြယ်လှယ်နိုင်သရွေ့ အရင်လိုနေ့ရက်တွေ သေချာပေါက် ပြန်ရောက်လာမှာပဲ။

All Chapters